အခန်း (၁၁၂၂)
Vol. 76 Ch. 1122
နှင်းဆီဧကရီသည် အတွေးနက်သွားခဲ့တော့၏။
“ပြီးတော့”
ကျွင်းချောင်ရှောင်းက ထပ်ပြောလိုက်သည်။ “ခင်ဗျားရဲ့ လက်ရှိ ဒဏ်ရာတွေအရဆိုရင် ကျော်ကြား လှတဲ့ သမားတော် တစ်ယောက်ယောက်သာ လာရောက်ပြီး မကုသပေးဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် ပြန်ကောင်းအောင် အနည်းဆုံးနှစ်အနည်းငယ် ဒါမှမဟုတ် ဆယ်စုနှစ်တစ်ခုလောက် ကြာနိုင်တယ်လေ။ ဒီအတော အတွင်း ဧကရီလင်းပင်ရဲ့ ရှာဖွေမှုကို ခင်ဗျား ရှောင်ရှားနိုင်ပါ့မလား”
“........”
နှင်းဆီဧကရီ၏ မျက်လုံးများထဲတွင် တွန့်ဆုတ်သည့်အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့သည်။ အဘိုးကြီးတော့လင် သည် လူအများနှင့်အတူ နန်းတော်တွင်းသို့ ဝင်ရောက်လာသည့်နောက် သူမသည် တစ်စုံတစ်ခု မှားယွင်းခဲ့သည် ဖြစ်ကြောင်းကို နားလည်ခဲ့ရ၏။
သို့ပေမဲ့ ဤမုန်းစရာကောင်းသည့်လူသည် သူမကို ကယ်တင်ရမည့်အစား ဧကရီ လင်းပင်ကို ကူညီကာဖြင့် သူမအား နန်းပုလ္လင်မှချရန် ကြိုးစားနေသည်ဖြစ်ကြောင်းကို သိရှိလိုက်သည့်အချိန် မှာတော့ အလွန်တရာ အံ့အားသင့်မိခဲ့၏။
“ပြော”
ခက်ခက်ခဲခဲ စဉ်းစားပြီးသည့်နောက်မှာတော့ နှင်းဆီဧကရီသည် ကျွင်းချောင်ရှောင်းအား ကြည့်ကာ ပြောလိုက်တော့၏။ “ရှင် ကျွန်မကို ကူညီတာ ဘာကြောင့်လဲ”
ကျွင်းချောင်ရှောင်းသည် အရှေ့သို့လှမ်းတက်ကာဖြင့် ပြောလိုက်မိ၏။ “ကျုပ်ရဲ့ အစေခံအဖြစ် ဖြစ်စေဖို့”
“အိမ်မက်ထဲမှာပဲရမယ်” နှင်းဆီဧကရီသည် အားနည်းလွန်းလှသောသူတစ်ယောက် ဖြစ်လို့နေ၏။ ထိုသို့ဆိုလျှင် တောင်မှ သူမ၏ ပါးစပ်ထဲမှ တံတွေးများသည် ကျွင်းချောင်ရှောင်း၏ မျက်နှာသို့ပင် သွားရောက်ကာ စင်လေသည်။
“ခင်ဗျားအနေနဲ့ အစေခံ မဖြစ်ချင်ဘူးဆိုရင် ကျေးကျွန်လောက်လည်း ရပါတယ်” ကျွင်းချောင်ရှောင်းသည် ပခုံး တွန့်ကာ ပြောလိုက်သည်။
နှင်းဆီဧကရီသည် အံကိုကြိတ်ကာဖြင့် ပြောလိုက်မိ၏။ “ကျွန်မ သေသွားမယ်ဆိုရင်တောင်မှ အစေခံ လုပ်မှာ မဟုတ်ဘူး”
ဆွစ်
ကျွင်းချောင်ရှောင်းသည် ရှေ့သို့လှမ်းတက်လာပြီးသည့်နောက် အေးစက်စက် ပြောလိုက်သည်။ “ကျုပ်တို့ လောင်းကစားလုပ်ထားတယ်လေ။ ခင်ဗျားအနေနဲ့ ရှံးနိမ့်မှုကို သေသေချာချာ လက်ခံရမှာပေါ့”
“ဘာကို ရှုံးတာလဲ။ ကျွန်မ ရှုံးခဲ့တာလား” နှင်းဆီဧကရီသည် သူ့အား စူးစိုက်ကြည့်ကာ ပြောလိုက်၏။
“ခင်ဗျား မရှုံးဘူးဆိုရင် ဘယ်လိုလုပ် ကျုပ်လက်ထဲကို ရောက်နေမှာလဲ”
သူတို့သည် ယခင်က အလောင်းအစား ပြုလုပ်ခဲ့၏။ အနိုင်ယူနိုင်သောသူသည် သခင်ဖြစ်မည်ဖြစ်ပြီး ရှုံးနိမ့်သောသူ သည် အစေခံဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ လက်ရှိ အခြေအနေမှာတော့ မည်သို့သော ရလဒ်မျိုးကို ဖြစ်နေသည်မဆို တစ်ဖက်လူသည် ကတိကို ချိုးဖောက်တော့၏။
“ဘယ်သူက သက်သေရှိလို့လဲ။ သက်သေမရှိလို့ရှိရင် ထည့်မတွက်ဘူးလေ”
“ခင်ဗျား”
“ကျွန်မ ပြန်ကောင်းပြီးသွားရင် ထပ်ပြီးတော့ တိုက်ခိုက်ကြတာပေါ့”
“ခင်ဗျား” ကျွင်းချောင်ရှောင်းသည် သူမအား လက်ညှိုးဖြင့် ထိုးထားမိ၏။ ဒေါသတွေ ထွက်လွန်းသောကြောင့် တစ်ကိုယ်လုံးပင် တုန်ယင်လျက်ရှိ၏။ ဤလောကကြီးတွင် သူ့ထက်ပို၍ အရှက်မဲ့လှသောလူတစ်ယောက် ရှိနေသည်ဆိုခြင်းမှာ အံ့အားသင့်စရာ ဖြစ်လို့နေတော့၏။
“ကောင်းပြီ... ခင်ဗျားက စကားမတည်တဲ့ ဧကရီတစ်ယောက် ဖြစ်နေမှတော့ သေတဲ့အထိ ရိုက်သတ်ရမှာပေါ့”
ကျွင်းချောင်ရှောင်းသည် အသက်ကို ပြင်းပြင်းရှူပြီးသည့်နောက်မှာတော့ သူ၏ ဒေါသတရားများကို ဖိနှိပ်လိုက်၏။ ပြီးနောက် ပြောလိုက်တော့သည်။ “ခင်ဗျားကို နန်းပုလ္လင်ရအောင် ကြိုးစားပေးမယ်။ ခင်ဗျားက ရက်ရောလှတဲ့ ဆုလာဘ်တွေ ပြန်ပြီး ပေးရမယ်”
“ကောင်းပြီ”
နှင်းဆီဧကရီက ပြောလိုက်သည်။ “ဒါပေမဲ့…”
သူမက ထပ်ပြီး ပြောလိုက်သည်။ “ကျွန်မဆီမှာ အခြေအနေတစ်ခု ရှိသေးတယ်”
ချီးတဲ့မှ။ ဤအမျိုးသမီးသည် သက်သက် သူ့အား အခွင့်အရေးယူနေသလိုပင် ထင်မှတ်ရ၏။
နှင်းဆီဧကရီက ပြောလိုက်သည်။ “ကျွန်မကို အရင်ဆုံး ပြန်ပြီးကောင်းသွားအောင် ကုပေးအုံး”
“တောင်းပန်ပါတယ်”
ကျွင်းချောင်ရှောင်းက ပခုံးတွန့်လိုက်၏။ “ကျုပ် ဆေးပညာအကြောင်း ဘာမှ မသိဘူး”
နှင်းဆီဧကရီသည် ခပ်ပျော့ပျော့ ပြောလိုက်၏။ “ရှင် ဆေးပညာအကြောင်း ဘာမှမသိရင် နန်းတော်ထဲကို ဘယ်လိုလုပ် ဝင်လာလို့ ရမှာလဲ”
ကျွင်းချောင်ရှောင်းသည် ဆေးပညာအကြောင်းကို အမှန်ပင် ဘာမှမသိချေ။ သူ့တွင် ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးသာရှိ၏။ သို့ပေမဲ့ သူမကဲ့သို့ အဆင့်မြင့် ကျွမ်းကျင်သူတစ်ယောက်အတွက် ထိုဆေးလုံးသည် အသုံးဝင် လိမ့်မည် မဟုတ်ချေ။
ထို့အပြင် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးက အသုံးဝင်သည်ဆိုလျှင်တောင်မှ သူမအား ပေးလိမ့်မည် မဟုတ်ချေ။ ဤအမျိုးသမီးသည် ကတိသစ္စာကို ဖောက်ဖျက်ပြီးနောက် ရှုံးနိမ့်မှုကိုလည်း ဝန်ခံတတ်သူ တစ်ယောက် မဟုတ်ချေ။ ထို့ကြောင့် အဘယ်ကြောင့် သူမအား ကုသပေးရမည်နည်း။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ် ခင်ဗျားကို ကူညီပြီး ကုသပေးနိုင်တယ်။ ဒါပေမဲ့ တစ်ခုကိုတော့ ကတိပေးရမယ်။ မဟုတ်ရင် ဒီကိစ္စကို ဆက်မပြောဘူး”
“ခင်ဗျားရဲ့ ဝိညာဉ်အရင်းအမြစ်ကို လွှဲပေး” ကျွင်းချောင်ရှောင်းက ခပ်တည်တည်ဖြင့် ပြောလိုက်သည်။
“မဖြစ်နိုင်ဘူး”
ကျွင်းချောင်ရှောင်းသည် သူမကို လက်ညှိုးဖြင့် ထိုးကာ ပြောလိုက်သည်။ “ခင်ဗျားက အခု အမှိုက်စတစ်စလိုပဲလေ။ ကျုပ်က ခင်ဗျားကို အသက် ဆက်ရှင်စေချင်ရင် ရှင်ရမယ်။ သေစေချင်ရင် သေရမယ်။ ဒီတော့ ပေါက်ကရတွေ မပြောဘဲ ခင်ဗျားရဲ့ ဝိညာဉ်အရင်းအမြစ်ကို လွှဲပေးလိုက်တော့”
စနစ်သည် အနည်းငယ် အံ့အားသင့်လို့ နေခဲ့သည်။ လက်ခံသူသည် တခြားသူများ အညံ့ခံရန် နည်းလမ်း အမျိုးမျိုးနှင့် ပြောဆိုစည်းရုံးသိမ်းသွင်းတတ်သူ တစ်ယောက်ဖြစ်၏။ သို့ပေမဲ့ နှင်းဆီဧကရီနှင့် ပတ်သက်လျှင်တော့ ဒေါသတရားများကို မထိန်းချုပ်နိုင်သလိုပင် ဖြစ်နေတော့၏။
“မရဘူး” နှင်းဆီဧကရီကလည်း ခေါင်းမာလွန်းလှချေသည်။
“ကောင်းပြီ။ ကောင်းပြီ”
ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်ပြီးသည့်နောက်မှာတော့ သူ၏လက်ကို ယမ်းခါ လိုက်သည်။ မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော ဖုန်စုပ်စက်ကြီးသည် သူ၏လက်ထဲ၌ ပေါ်လာ၏။ သူသည် အေးစက်စက်ကြည့်ကာ ပြောလိုက်တော့သည်။ “ဒါဆိုရင်လည်း ကျုပ်ကို အပြစ်မတင်နဲ့တော့”
ဒွီး
တစ်ဖက်လူသည် သူ့အား သူမ၏ ဝိညာဉ်အရင်းအမြစ်ကို မပေးဘူးဆိုသည်အား သိရှိပြီးသည့်နောက်မှာတော့ သူ့အနေနှင့် အဆုံးစွန်သော လုပ်ရပ်များကို ပြုလုပ်ရပေလိမ့်မည်။
ဖြောက်
နှင်းဆီဧကရီသည် ဒဏ်ရာရရှိထားသူဖြစ်သောကြောင့် ကျွင်းချောင်ရှောင်းအနေဖြင့် အထူးစွမ်းအားများကို မထုတ်ဖော်ခဲ့ပေ။ ထိုအစား ဖုန်စုပ်စက်ကြီး၏ တတိယအဆင့်ကိုသာ ဖွင့်လှစ်လိုက်တော့၏။ သို့ပေမဲ့ အလွန် အားကောင်းလှသော စုပ်ယူခြင်း စွမ်းအင်အောက်မှာတော့ နှင်းဆီဧကရီသည် သက်ရောက်မှု မရှိခဲ့ပေ။
ထိုအစား သူမသည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “ရှင် ဘာတွေ လာလုပ်နေတာလဲ”
“ထူးဆန်းလိုက်တာ”
ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်၏။ “ဘာလို့ အလုပ်မဖြစ်ရတာလဲ”
ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင်ဖြစ်ဖြစ်၊ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးတွင်ဖြစ်ဖြစ် ဤအရာသည် မသန့်ရှင်းသော အရာများအားလုံးကို စုပ်ယူနိုင်စွမ်း ရှိနေတော့၏။ သို့ပေမဲ့ ဤအမျိုးသမီးအား နှစ်ကြိမ်တိုင်တိုင် အသုံးပြုခဲ့ပြီး သည့်နောက်မှာတော့ အဘယ်ကြောင့် အလုပ်မဖြစ်ရသနည်း။
“ဖြစ်နိုင်တာ တစ်ခုပဲရှိတယ်”
စနစ်က ပြောလိုက်သည်။ “သူမရဲ့ ခန္ဓာကိုယ်က သန့်ရှင်းနေလို့လေ”
“မဖြစ်နိုင်တာ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သူမက ဝိညာဉ်မျိုးနွယ်လေ။ ဝိညာဉ်မျိုးနွယ်တစ်ခုလုံးရဲ့ ခေါင်းဆောင်လည်း ဟုတ်တယ်။ ဘယ်လိုဖြစ်ပြီး သန့်ရှင်းနေမှာလဲ”
စနစ်က ပြောလိုက်သည်။ “လက်ခံသူ.... ဒီဂြိုဟ်ကြီးအကြောင်းကို သတိပြုမိရဲ့လား။ ဝိညာဉ်မျိုးနွယ် သိုင်းကျင့်ကြံသူနဲ့ လူသားတွေအကုန်လုံးက ဘာခြားနားနေလို့လဲ”
မည်သည့်ခြားနားမှုမှ မရှိသလို လူသားများနှင့်လည်း အလုံးစုံ ဆင်တူလျက် ရှိနေ၏။ ကျွင်းချောင်ရှောင်း အနေနှင့် ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီး ဖြစ်ကြောင်းကို ထပ်တလဲလဲ အတည်ပြုခြင်းကြောင်းသာလျှင် သူသည် ဝိညာဉ် မျိုးနွယ်ကုန်းမြေတိုက်ကြီးဆီသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း သတိပြုမိခဲ့ခြင်းဖြစ်သည်။ မဟုတ်ပါက လူသားများ နေသော တခြားဂြိုလ်တစ်ခုခုကိုပင် ရောက်ရှိနေသလို ထင်မှတ်မှားရပေမည်။
စနစ်က ပြောလိုက်၏။ “ငါ့ရဲ့သုံးသပ်ချက်အရဆိုရင် ဝိညာဉ်မျိုးနွယ်တွေက တခြားဂြိုဟ်တွေကို ကျူးကျော် ဝင်ရောက်တဲ့အခါမျိုးမှာပဲ သူတို့ရဲ့ဝိညာဉ်ကို အသုံးပြုတာလေ။ ပုံမှန်အတိုင်းပဲဆိုရင်တော့ သူတို့ရဲ့ ခန္ဓာကိုယ် အတိုင်းပဲ ဒီမှာနေတယ်။ ဒါက ဝိညာဉ်မျိုးနွယ်တွေရဲ့ အထူးစွမ်းရည်တစ်ခု ဖြစ်လိမ့်မယ်”
“မင်းဆိုလိုတာက ဒီအမျိုးသမီးက ခန္ဓာကိုယ်အနေနဲ့ ရှိနေတယ်လေ။ ဒီတော့ သူမရဲ့ ခန္ဓာကိုယ်က အရမ်းကို သန့်ရှင်းတယ်။ တခြားဂြိုဟ်ထဲကို သွားပြီးတော့ ဝိညာဉ်အဖြစ် ဖြစ်တည်နေတယ်ဆိုရင်တော့ မသန့်ရှင်းတဲ့အရာ ဖြစ်သွားလိမ့်မယ်။ အဲလိုလား” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
စနစ်က ပြောလိုက်၏။ “အမှန်ပဲ”
……………………
ကျွင်းချောင်ရှောင်းသည် ဖုန်စုပ်စက်ကြီးကို အသာပြန်ရုတ်ကာ ပြောလိုက်၏။ “ဒီအရာက သိပ်ပြီးတော့ အလုပ် မဖြစ်ဘူး”
ဖောက်
သူတို့သည် အလုံးစုံ နီးကပ်နေသောကြောင့် စက်ဖွင့်ထားခဲ့သော ဖုန်စုပ်စက်ကြီးသည့် ယိမ်းယိုင်သွားပြီး သူ၏ ခေါင်းဆီသို့ ရောက်ရှိလာခဲ့တော့သည်။
“အိုး… မဟုတ်ဘူး” ကျွင်းချောင်ရှောင်းသည် လက်ကို ဘေးတစ်ဖက်ဆီသို့ ရွေ့လိုက်၏။ သို့ပေမဲ့ မည်မျှ မြန်ဆန်စွာ ကြိုးစားလိုက်သည် ဆိုဆို သူ၏ခေါင်းတစ်ခုလုံးသည် ပြောင်ရှင်းသွားခဲ့တော့၏။
ဟား ဟား ဟား
ဟား ဟား ဟား
စနစ်သည် မနေနိုင်ဘဲ ထ၍ ရယ်လိုက်တော့သည်။ အမှတ်တမဲ့ လုပ်ရပ်ကြောင့် ကျွင်းချောင်ရှောင်းသည် မိမိ ကိုယ်ကို ကတုံးဖြစ်အောင် ပြုလုပ်ခဲ့ပြီးပြီ ဖြစ်တော့သည်။
အနာကျက်ဆေးကိုလိမ်းပြီး ဆံပင်ပြန်လည်ကောင်းမွန် စေသည့်ဆေးကို သေသေချာချာ ပွတ်သပ်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ခြေချိတ်ကာ ထိုင်လျက်ရှိ၏။ ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ဒေါသတကြီးဖြင့် ပြောလိုက်မိသည်။ “ခင်ဗျား ဘာလို့ လာပြီး ကြည့်နေရတာလဲ။ အရင်တုန်းက ကတုံးကို မမြင်ဖူးဘူးလား”
ပြောနေစရာပင် မလိုအပ်ချေ။ ဂိုဏ်းချုပ်ကျွင်း၏ အမူအရာသည် ကတုံးတစ်ယောက်ဆိုလျှင်တောင်မှ အလွန်တရာ ပြည့်စုံပြီး ချောမောလွန်းနေသေး၏။
…………..
နှင်းဆီဧကရီသည် သူမ၏အကြည့်ကို ပြန်လည်ရုတ်သိမ်းလိုက်၏။ သူမ၏ ဖြူလျော်နေသော မျက်နှာပေါ်တွင်တော့ ရှက်သွေးရောင်များ သန်းလျက်ရှိသည်။ သူမသည် တီးတိုး ရေရွတ်လိုက်မိ၏။ “သူက တကယ့်ကို ကြည့်လို့ ကောင်းတာပဲ”
“ဒီလို လုပ်ရအောင်”
ကျွင်းချောင်ရှောင်းသည် စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ပြီးနောက် ပြောလိုက်တော့၏။ “ကျုပ်တို့ တစ်ယောက် နဲ့ တစ်ယောက် အနောက်ကို ဆုတ်ပြီးတော့ ပြန်လည်ညှိနှိုင်းရအောင်”
ရုတ်တရက် သူသည် စကားပြောနေရာမှ ရပ်တန့်လိုက်၏။ အဘယ်ကြောင့်ဆိုသော် နှင်းဆီဧကရီသည် သူ၏ရင်ခွင် ထဲသို့ တိုးဝင်လာသောကြောင့် ဖြစ်၏။
သူသည် အလန့်တကြားဖြင့် တစ်ဖက်သို့ ကြည့်လိုက်သည့်အချိန်တွင် လှိုဏ်ဂူတွင် အဝတွင် လက်နက်အပြည့် တပ်ဆင်ထားသော စစ်သည်များ ရောက်ရှိလာခဲ့ကြသည်။ ၎င်းတို့သည် ငြိမ်းသက်တော့မည် မီးနှင့် စုံတွဲတစ်တွဲကို မြင်ရသည့်အချိန်မှာတေ့ အလျင်အမြန်ပဲ ပြန်လည်ထွက်ခွာသွားခဲ့ တော့သည်။
“ဒီအမျိုးသမီးက နန်းပုလ္လင်ကို မရသေးဘူး။ ခင်ဗျားကို ဖမ်းဖို့ စပြီးတော့ ကြိုးစားနေပြီလေ” အမှောင်ထဲတွင် ရှိနေသော ကျွင်းချောင်ရှောင်းက ပြောလိုက်မိ၏။
ဖောက်
သူသည် အမျိုးသမီး၏ လက်ကို ရိုက်ဖယ်ကာ ပြောလိုက်တော့သည်။ “ဘာလို့ ခေါင်းကို လာပွတ်နေတာလဲ”
“ပွတ်လို့ကောင်းလို့” နှင်းဆီဧကရီက ရယ်မောလိုက်သည်။
“……”
ကျွင်းချောင်ရှောင်းသည် ဒေါသတကြီးဖြင့် သူမအား ကိုင်ပေါက်ချင်စိတ်ပင် ပေါက်မိသွား၏။
“ကျွန်မ တခြားဂြိုဟ်တွေကို သွားတုန်းက ဗုဒ္ဓကျင့်ကြံသူ အများအပြားကို တွေ့ခဲ့တယ်။ သူတို့ အားလုံးက ကတုံးတွေ၊ တချို့ဆိုရင် ခေါင်းပေါ်မှာ အမာရွတ်တွေလို အစက်တွေတောင်ရှိတယ်။ ရှင်ရဲ့ခေါင်းပေါ်မှာ ဘာလို့ အဲလို မရှိရတာလဲ” နှင်းဆီဧကရီက စိတ်ဝင်တစားဖြင့် မေးလိုက်သည်။
“ကျုပ်က ဘုန်းကြီး မဟုတ်လို့ပေါ့” ကျွင်းချောင်ရှောင်းသည် စိတ်တိုစွာ ပြောလိုက်မိ၏။
နှင်းဆီဧကရီက ပြောလိုက်သည်။ “ရှင်က ချောသားပဲ။ သင်္ကန်းနဲ့ဆိုရင် တော်တော်လိုက်မယ်နဲ့တူတယ်”
“………..”
ကျွင်းချောင်ရှောင်းသည် သူမအား လျစ်လျှူရှုကာဖြင့် လုံခြံရာတည်နေရာရှိရာ ခပ်လှမ်းလှမ်းဆီသို့ သွားလိုက် တော့သည်။ သို့ပေမဲ့ လမ်းတလျှောက်မှာတော့ နှင်းဆီဧကရီသည် သူ၏တောက်ပြောင်လျက်ရှိသော ကတုံးကို စူးစိုက်ကြည့်လျက်ရှိ၏။
ထို့ကြောင့် သူသည် အော်ဟစ်လိုက်မိ၏။ “အစ်မကြီး… ခင်ဗျားက အခု ကျုပ်ရဲ့ ပြန်ပေးဆွဲမှုကို ခံလာရတာလေ။ အခု စဉ်းစားရမှာက အသက်ရှင်မှာလား၊ မရှင်ဘူးလား။ ဒီကိစ္စကို ခင်ဗျား စိုးရိမ်ပူပန်ရမှာ။ ဘယ်လိုဖြစ်ပြီး ကျုပ်ရဲ့ ကတုံးကို လာပြီး စိုက်ကြည့်နေရတာလဲ”
“ဘာလို့လဲဆိုတော့ ကြည့်ကောင်းလို့လေ”