← Chapters

အခန်း (၁၁၂၄)

Vol. 76 Ch. 1124

အခန်း (၁၁၂၄)

Vol. 76 Ch. 1124

“ဒင်... သီးခြားတာဝန်ပြည့်စုံ၊ လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ငါးသောင်းအား ရရှိခဲ့သည်”

“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၉၈၈၀၀ / ၇၀၀၀၀”

“ဒင်... ဂိုဏ်းစုဆောင်းမှတ်များသည် ပိုလျှံနေသောကြောင့်..”

“ဒင်... လက်ခံသူသည် သီးခြားတာဝန်ကို ပြည့်စုံအောင် ပြုလုပ်နိုင်သည့်အတွက် ဂုဏ်ယူပါသည်။ ဖုံးကွယ်ထား သည့်တာဝန်ကို ပြည့်စုံသွားခဲ့သည်။ ထို့ကြောင့် စည်းဖွင့်ခြင်းအဆောင်သစ် တစ်ခု၊ အတွေ့အကြုံအဆောင် ဆယ်ခု တို့အား ရရှိသည်”

ကျွင်းချောင်ရှောင်းသည် သာယာငြိမ့်ညောင်းလှသော သတိပေးသံကို ကြားရသည့်အချိန်မှာတော့ ဆွံ့အသွား မိသည်။ သူသည် နှင်းဆီဧကရီအား အနိုင်ယူနိုင်ရန်အတွက် ရှိရှိနေသမျှသော ဝှက်ဖဲများအားလုံးကို အသုံးပြုခဲ့ရသည်။ သို့ပေမဲ့ လိုအပ်ချက်ကို မကိုက်ညီခဲ့ချေ။ ယခု အဘယ်ကြောင့် တာဝန်သည် ပြည့်စုံသွားခဲ့ရ သနည်း။

ဟား ဟား ဟား ဟား

ခဏလောက် ဇဝေဇဝါ ဖြစ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် သူ၏ မျက်နှာအား ဖုံးကာကာ ရယ်မောလျက် ရှိသည်။ အထူးအထူးသော တာဝန်ဆီမှ ရရှိခဲ့သော ဆုလာဘ်သည် အမှန်ပင် ရက်ရောလွန်းလှ၏။ ဂိုဏ်းစုဆောင်း မှတ် တစ်ခုတည်းနှင့်တင် ငါးသောင်း ရရှိနေ၏။ ထို့အပြင် စည်းဖွင့်ခြင်းအဆောင်သစ် တစ်ခုအပြင် အတွေ့အကြုံ အဆောင် ဆယ်ခုကိုလည်း ရရှိသေး၏။

“အံ့အားသင့်စရာပဲ၊ တကယ့်ကို အံ့အားသင့်စရာ ကောင်းလွန်းတယ်”

တာဝန်မပြည့်စုံသောကြောင့် စိတ်ဓာတ်ကျ လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် လက်ရှိအခြေအနေမှာတော့ အလွန်ပင် စိတ်ချမ်းသာလျက် ရှိနေ၏။ သူသည် ရှိသမျှသော ဝှက်ဖဲများကို ထုတ်ဖော် အသုံးပြုပြီးသည့်နောက် ထိုက်တန်လွန်းလှသည်ဟု တွေးတောလျက် ရှိနေသည်။

“သူ ရူးများနေတာလား” နှင်းဆီဧကရီ၏ မျက်လုံးထဲတွင်တော့ အံ့အားသင့်မှုများနှင့် ပြည့်နှက်လျက် ရှိ၏။

ဟူး ဟူး

ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ဆီမှ အဆင့်တက်သည့် အားကောင်းလှသော အော်ရာများ ထွက်ပေါ်လာခဲ့သည်။ ပြီးသည့်နောက်မှာတော့ သူသည် သိုင်းသူတော်စင် အဆင့်နှစ်ဆီမှ အဆင့်သုံးဆီသို့ တိုးတက် ရောက်ရှိသွားခဲ့၏။

နှင်းဆီဧကရီသည် ဤကဲ့သို့ ရုတ်တရက် အဆင့်တက်မှုကို မြင်ရသည့်နောက်မှာတော့ ပိုမိုကာ အံ့အားသင့်သွား၏။

“ကျုပ်နားလည်ပြီ”

သူ၏ အားအင်အဆင့် တိုးတက်လာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းက တွေးတောလိုက်မိသည်။ “ငါ့ရဲ့ လက်ရှိအားအင်အရဆိုရင် အဆင့်တက်ဖို့ အတွေ့အကြုံအဆောင်ဆယ်ခုတောင် လိုအပ်တာပေါ့”

အနှစ်ချုပ်ရမည်ဆိုလျှင် သူသည် အတွေ့အကြုံအဆောင် ခြောက်ခုကို ချိုးချေခဲ့ပြီးပြီ ဖြစ်၏။ ထို့ကြောင့် အရင်တုန်းက လေးခုနှင့် ပေါင်းစပ်မည်ဆိုလျှင် အတွေ့အကြုံအဆောင်ဆယ်ခု အသုံးပြုရသည်ဟု ဆိုနိုင်၏။

စနစ်က ပြောလိုက်သည်။ “ပြောရမယ်ဆိုရင် လက်ခံသူ အနေနဲ့ အထူး အထူးသော တာဝန်ကို ပြည့်စုံအောင် ပြုလုပ်တဲ့အတွက် အတွေ့အကြုံအဆောင် ဆယ်ခု ရရှိတယ် ဆိုတာက အဆင့်တစ်ခုတက်အောင် လုပ်ပေးလိုက်တာနဲ့ တူတူပဲလေ”

“ဒါဆိုရင် ဒီလိုတာဝန်မျိုး ခြောက်ခုလောက် ငါ့ကို ထပ်ပေးစမ်းပါအုံး” ကျွင်းချောင်ရှောင်းသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်မိသည်။

သူ့အနေနှင့် အားအင် အဆင့်တစ်ခုတည်းနှင့် သိုင်းနယ်မြေကျင့်ကြံသူတစ်ယောက်ကို အနိုင်ယူနိုင်လိမ့်မည်ဟု မထင်ချေ။ သို့ပေမဲ့ အဆင့်သာ တက်မည် ဆိုပါက ပို၍ ကောင်းမွန်ပေလိမ့်မည်။

“လက်ခံသူရဲ့ အတွေးက အရမ်းကို လှပတယ်”

စနစ်က ပြောလိုက်တော့၏။ “ဒါပေမဲ့ အိမ်မက်ထဲမှာပဲ ရမယ်”

“ဒင်... သီးခြားတာဝန် အသက်ဝင်”

“ဒင်... သီးခြားတာဝန် အသက်ဝင်”

တာဝန်နှစ်ခု၏ အသိပေးသံ ကြားလိုက်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ချက်ချင်း ပျော်ရွှင်သွားမိ၏။

စနစ်သည် စိတ်ဓာတ်တကျဖြင့် အော်ဟစ်လိုက်တော့သည်။ “ငါ အပြောမစောခဲ့သင့်ဘူး”

ဆွစ်

ကျွင်းချောင်ရှောင်းသည် သီးခြားတာဝန်အား အသာဆွဲဖွင့် ပြီးသည့်နောက် တာဝန်နှစ်ခုအား အစဉ်လိုက် ရေးသားထားသည်ကို မြင်လိုက်ရ၏။

“သီးခြားတာဝန်တစ် - လူကြီးလူကောင်းတို့သည် စကားကို ပြန်လည်မရုတ်သိမ်းဟူသော ဆိုရိုးစကားရှိသည့်အတိုင်း လက်ခံသူအနေနှင့် နှင်းဆီဧကရီအား သူမ ပျောက်ဆုံးခဲ့သော နန်းပုလ္လင်ပြန်လည်ရရှိရန် ကူညီပေးရမည်။ အထူး အထူးတာဝန်”

“သီးခြားတာဝန်နှစ် - ဤတာဝန်သည် သီးခြားတာဝန်နံပါတ်တစ်နှင့် ဆက်စပ်နေသည့်တာဝန် ဖြစ်သည်။ လက်ခံသူသည်သာ နှင်းဆီဧကရီအား နန်းပုလ္လင် ရရှိအောင် ကူညီပြီးသွားခဲ့ပြီဆိုပါက နှင်းဆီဧကရီနှင့် ထပ်တူညီသော ဂုဏ်ပုဒ်ကို ရရှိသင့်သည်။ ထို့အပြင် နိုင်ငံ၏ အုပ်စိုးသူတစ်ယောက်အဖြစ်လည်း ဖြစ်လာအောင် လုပ်ရမည်။ လက်ခံသူအနေနှင့် သီးခြားတာဝန်နံပါတ်တစ်ကို ပြည့်စုံအောင် မပြုလုပ်နိုင်ပါက ဤတာဝန်သည် ကျရှုံးမှုဟု သတ်မှတ်နိုင်သည်။ အထူး အထူးသောတာဝန်”

“ချီးတဲ့မှ၊ ချီးတဲ့မှ၊ ချီးတဲ့မှ”

ဒုတိယတာဝန်ကို မြင်ရသည့် နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ ကျိတ်ကာ အော်ဟစ်လိုက်မိသည်။ “သူမကိုယူဖို့ အတင်း ဖိအားပေးနေတာလား။ ဘာလဲ၊ ဘာလဲ”

စနစ်က စောဒက တက်လိုက်သည်။ “ဒုတိယတာဝန်က လက်ခံသူကို ငရဲကိုသွားဖို့ ဖိအားပေးနေတာမှ မဟုတ်တာ”

..............

ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ ပြီးသည့်နောက်မှာတော့ အသာခေါင်းလှည့်ကာ နှင်းဆီဧကရီအား ပြုံး၍ ကြည့်လိုက်၏။ အထူး အထူးသော တာဝန်နှစ်ခုသည် သူမနှင့်ဆက်စပ်နေသောကြောင့် ကျိန်းသေပေါက် ပြုလုပ်နိုင်မည်ဆိုပါက ရက်ရောလွန်းလှသော ဆုလာဘ်များကိုလည်း ရရှိမှာ ဖြစ်၏။ ထို့အပြင် သူမသည် သူ့အား ဆုလာဘ်များ ထပ်မံကာ ပေးစွမ်းပေဦးမည်။

ဤကဲ့သို့ ကြောင်တောင်တောင်နိုင်လှသည့် အပြုံးကို မြင်ရသည့်အချိန်မှာတော့ နှင်းဆီဧကရီသည် ထိတ်လန့် ကြောက်ရွံ့သွားတော့၏။ “ရှင် ရှင်ဘာလုပ်ချင်တာလဲ”

ရွှီး

ကျွင်းချောင်ရှောင်းသည် တစ်လှမ်းချင်း ရှေ့သို့လျှောက်လှမ်း လာခဲ့၏။ ပြီးသည့်နောက် နှင်းဆီဧကရီ၏ ရှေ့တည့်တည့်တွင် မတ်မတ်ရပ်လိုက်သည်။ ခေါင်းပေါ်တွင် ရှိနေသော မြက်ဦးထုပ်ကို အသာဖယ်ရှားပြီးသည့်နောက် လေးနက်စွာဖြင့် ပြောလိုက်တော့သည်။ “ခင်ဗျား ဆုံးရှုံးခဲ့တဲ့ အရာအားလုံးကို ပြန်ယူနိုင်ဖို့ ကျုပ်ကူညီမယ်”

စနစ်က ရုတ်တရက် ထအော်လိုက်မိသည်။ “ဒီမြက်ဦးထုပ်က ဘယ်ကရောက်လာတာလဲ”

နှင်းဆီဧကရီ၏ အမူအရာသည် ချက်ချင်းပဲ နဝေတိမ်တောင်နှင့် ဖြစ်လို့နေခဲ့သည်။ သူမသည် မနည်းကြိုးစားကာ ခေါင်းကို မော့၍ ကြည့်ရှုလိုက်သည့်နောက်မှာတော့ သူမ၏ နှလုံးသားထဲတွင် လှိုင်းကြက်ခွပ်လေးများ ဖြစ်တည်လာခဲ့တော့၏။

ဝိညာဉ်မျိုးနွယ် ကုန်းမြေတိုက်ကြီးကို နှစ်ပေါင်းတစ်သောင်းကျော်ကြာ တာဝန်ယူခဲ့သော သူမသည် အလုံးစုံသော အခွင့်အာဏာကို ပိုင်ဆိုင်သည့်လူတစ်ယောက်လည်း ဖြစ်လို့နေခဲ့၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း၏ အရှေ့မှာတော့ အားနည်းလွန်းလှသော မိန်းကလေးငယ်လေး တစ်ယောက်ကဲ့သို့ပင် ခံစားနေရသည်။

.............

ညသို့ ရောက်ရှိလာခဲ့တော့၏။ လှိုဏ်ဂူထဲတွင် မီးတောက်များ ကျွမ်းလောင်နေခဲ့ပြီး အေးစက်မှုများကို ဖယ်ရှားကာဖြင့် နွေးထွေးမှုများ ယူဆောင်လာခဲ့သည်။ နှင်းဆီဧကရီမှာတော့ ကျောက်နံရံကြီးကို အသာမှီကာဖြင့် ကျွင်းချောင်ရှောင်းကိုကြည့်ကာ တွေးတောလျက် ရှိနေ၏။

ကျွင်းချောင်ရှောင်းသည် မီးပုံရှေ့တွင် ခြေချိတ်ကာ ထိုင်လျက် ရှိ၏။ သူမသည် ကျွင်းချောင်ရှောင်းကို ကြည့်ရှုလေ ပိုမိုကာ ယောက်ျားဆန်လေဟု ထင်မှတ်လာခဲ့သည်။ “ဒါပေမဲ့ ကတုံးနဲ့ဆိုရင် ပိုပြီးယောက်ျားဆန်သလိုပဲ”

အား....

ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကို ဆုပ်ကိုင်ကာဖြင့် အော်ဟစ်လျက်ရှိသည်။ သူသည် ဂိုဏ်းစုဆောင်းမှတ်များ ပိုလျှံနေသောကြောင့် အလယ်အလတ်စတိုးဆီသို့ သွားရောက်ကာ သုံးဖြုန်းခဲ့တော့၏။ သို့ပေမဲ့ ဂိုဏ်းစုဆောင်းမှတ် နှစ်သောင်းသာ ကုန်ဆုံးသွားခဲ့သည်။ မည်သည့်အရာကိုမှ ထူးထူးခြားခြား မရရှိခဲ့ချေ။

စနစ်ကပြောလိုက်သည်။ “အဆင့်မြင့်စတိုးဆီ သွားပြီးတော့ ဝယ်တာမှ ဟုတ်အုံးမယ်”

“အင်း”

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းပြီးနောက် နှင်းဆီဧကရီကို ကြည့်ကာ ပြောလိုက်တော့သည်။ “ခင်ဗျား နေထိုင်ခဲ့တဲ့ နန်းတော်ထဲမှာ စွမ်းအားမြင့်ကျင့်ကြံသူ ဘယ်နှစ်ယောက် ရှိလဲဆိုတာ ကျုပ်သိဖို့လိုတယ်။ အင်း ပြီးတော့ ဧကရီလင်းပင်ရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်လဲ”

နှင်းဆီဧကရီအား နန်းပုလ္လင်ရရှိအောင် အရိုးရှင်းဆုံး ကူညီနိုင်သည့်နည်းလမ်းသည် အကြမ်းပတမ်း ဝင်ရောက်ကာဖြင့် တိုက်ခိုက်ဖြေရှင်းခြင်းပင် ဖြစ်တော့သည်။

“လေဟာနယ်ချိုးဖြတ်ခြင်းအဆင့် ခြောက်ဆယ့်ကိုးယောက်၊ လင်းဟယ်အဆင့် တစ်ယောက်”

နှင်းဆီဧကရီသည် နန်းတော် အတွင်းတွင် ရှိနေသာ စွမ်းအားမြင့်ကျင့်ကြံသူများ၏ အလုံးစုံသော အဆင့်ကို ပြောပြခဲ့၏။ “အဲအမျိုးသမီးကတော့ လေဟာနယ်ချိုးဖြတ်ခြင်းအဆင့်မှာပဲ ရှိနေသးတယ်လေ”

ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အဆင့်နှင့် ပြောရမည်ဆိုလျှင် လေဟာနယ်ချိုးဖြတ်ခြင်းအဆင့် ဆိုသည်မှာ သိုင်းနယ်မြေအဆင့်ဖြစ်ပြီး လင်းဟယ်အဆင့် ဆိုသည်မှာ သိုင်းနယ်မြေ ပြည့်စုံသည့်အဆင့်နှင့် တူညီသည်။ ထိုအထက်တွင်တော့ မူလနယ်မြေ အဆင့်နှင့် မူလဖြစ်တည်ခြင်းအဆင့်တို့ တည်ရှိနေခဲ့သည်။

“ကျုပ်ကို ရိုက်လိုက်တဲ့ အဘိုးကြီးက လင်းဟယ်အဆင့်လား” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။

“ဟုတ်တယ်”

ကျွင်းချောင်ရှောင်းသည် အတွေးနက်သွားမိ၏။ “ဒါဆိုလို့ရှိရင် ဧကရီလင်းပင်ကို ရှင်းပစ်ရမှာပေါ့။ ဒါပေမဲ့ ဒီအဘိုးကြီးကို အရင်ဆုံး ရှင်းပစ်နိုင်မယ်ဆိုရင် ခင်ဗျားအနေနဲ့ နန်းပုလ္လင်ကို ရပြီပဲ”

“သိပ်မှန်တယ်”

သူက မေးလိုက်သည်။ “ခင်ဗျားပြောခဲ့တဲ့ ဟောခန်းသခင် ကိုးယောက်တို့ရဲ့ဂုဏ်က ဘာလဲ”

“သူတို့က အရာအားလုံးရဲ့ အထက်မှာ ရှိတယ်လေ။ သူတို့အနေနဲ့ ဒီနန်းပုလ္လင်ရဲ့ ပိုင်ရှင်က ဘယ်သူဖြစ်တယ် ဆိုတာတောင်မှ စဉ်းစားဆုံးဖြတ်ပိုင်ခွင့်ရှိတယ်”

“အဲလောက်ကြီး အားကောင်းတာလား” ကျွင်းချောင်ရှောင်းက အံ့အားသင့်မိသွားသည်။

နှင်းဆီဧကရီက ပြောလိုက်သည်။ “ဒီဟောခန်းသခင် ကိုးယောက်ဆီမှာ တူညီတဲ့သဘောထားတွေအတိုင်း ရွေးချယ်ပြီး ဆုံးဖြတ်ခွင့် ရှိကြတယ်လေ။ သူတို့ရဲ့ ဆုံးဖြတ်မှုက ဧကရီမတစ်ယောက်ရဲ့ နန်းတက်မှုကိုတောင်မှ ထောက်ပံ့ပေးနိုင်တယ်၊ ဖယ်ရှားပစ်နိုင်တယ်”

“ဒီလိုဆိုရင်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်သာ ဒီကိုးယောက်ကို ရှာဖွေနိုင်မယ်ဆိုရင် ဘာအားအင်မှ သုံးစရာမလိုဘဲ နန်းပုလ္လင်ကို ပြန်ရနိုင်ပြီပေါ့”

“မဟုတ်ဘူး” နှင်းဆီဧကရီက နာနာကျင်ကျင် ပြောလိုက်သည်။ “ဟောခန်းသခင်ကိုးယောက် ဝိညာဉ်ကုန်းမြေတိုက်ကြီးက ထွက်ခွာသွားချိန်မှာ ဧကရီလင်းပင်ကို အခွင့်အာဏာတွေ ပေးအပ်ခဲ့တာ။ သူမ က အဲကိုးယောက်ရဲ့ ထောက်ပံ့ပေးမှုနဲ့အတူ တတိယမြောက်ဧကရီ ဖြစ်လာခဲ့တာ။ ဒီတော့ သူတို့ ပြန်လာမယ်ဆိုရင်တောင် ကျွန်မကို ကူညီပေးကြမှာ မဟုတ်ဘူး”

အရိုးသားဆုံးပြောရမည်ဆိုလျှင် ဧကရီလင်းပင်သည် ဤဟောခန်းသခင်ကိုးယောက်၏ ထောက်ပံ့မှုကို ရရှိထားသူ တစ်ယောက်ဖြစ်၏။ ထို့ကြောင့် သူမအနေနှင့် ဧကရီလင်းပင်ကို အနိုင်ယူတိုက်ခိုက်နိုင်သည်ဆိုလျှင်တောင်မှ ဟောခန်းသခင် ကိုးယောက်တို့သည် သူမအား အသိအမှတ်ပြုလိမ့်မည် မဟုတ်ချေ။

“ဟေး”

နှင်းဆီးဧကရီက ပြောလိုက်သည်။ “ဘာလို့ စကားမပြောတော့တာလဲ”

ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီထဲတွင် ရောက်ရှိလျက် ရှိနေသည်။ သူသည်ဝိညာဉ်ဖိနှိပ်ခြင်း ကြာပွတ်ကို ကိုင်ကာဖြင့် နံပါတ်တစ်ဟွိုင်နှင့် နံပါတ်နှစ်ဟွိုင်တို့အား အားရပါးရ ရိုက်နှက်လျက် ရှိနေ၏။ ပြီးနောက် ဆဲဆိုလျက် ရှိနေသေးသည်။ “ခင်ဗျားတို့နှစ်ယောက် ကျုပ်ကို ဆိုးဆိုးဝါးဝါး လိမ်ခဲ့တာပဲ”

ဖြောင်း ဖြောင်း

အား အား အား

“ဂိုဏ်းချုပ်ကျွင်း... ကျုပ်တို့က ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ နေတာ နှစ်ပေါင်းများစွာ ကြာနေပြီလေ။ ဒီတော့ ဧကရီလင်းပင်တစ်ယောက် နန်းပုလ္လင်ကနေ ဆင်းသက်သွားတာ ဘယ်လိုလုပ် သိမှာလဲ”

အား အား အား

နံပါတ်တစ်နှင့် နံပါတ်နှစ်ဟွိုင်တို့သည် အရိုက်နှက်ခံရသော ခွေးပေါက်လေးများကဲ့သို့ အော်ဟစ်လျက်ရှိနေကြ၏။ နံပါတ်သုံးဟွိုင်မှာတော့ အဝေးတစ်နေရာရှိ ထောင့်တွင် ခိုအောင်းပြီး ကြောက်လန့်တကြားဖြင့် တုန်ယင်လျက် ရှိနေသည်။

နှင်းဆီဧကရီသည် ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီး၏ အားအကောင်းဆုံးသော တိုက်ခိုက်ရေးစွမ်းအင်ကို ပိုင်ဆိုင်သော ဟောခန်းသခင်သုံးယောက်တို့သည် ဤကဲ့သိ့ ထိတ်လန့်ကြောက်ရွံ့စွာဖြင့် ထောင့်တစ်ခုတွင် ခိုကပ်နေလိမ့်မည်ဟု ထင်မှတ်လိမ့်မည် မဟုတ်ချေ။

“အားရာ”

ခဏလောက် ကြာပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ဒေါသတကြီး ကြည့်ရှု့ကာဖြင့် ပြောလိုက်၏။ “ဒီနှစ်ကောင်ကို လေ့ကျင့်ပေးတာ ဘယ်လို အခြေအနေရှိလဲ”

“သခင်.... သူတို့ကို လေ့ကျင့်ပြီးသွားပါပြီ။ သူတို့ ဘာတစ်ခုမှ အခွင့်မရှိဘဲ မလုပ်ရဲပါဘူး” အားရာက ပြောလိုက်သည်။

“ဒါဆိုရင် နံပါတ်သုံးဟွိုင်ကရော”

“ဒါက”

“ဂိုဏ်းချုပ်ကျွင်း... ကျုပ် ခင်ဗျားစကားကို သေသေချာချာ နားထောင်ပါ့မယ်” ပဉ္စမြောက်ဟောခန်းသခင်သည် အချိန်ကိုက် ရောက်ရှိလာခဲ့၏။ သူသည် အားရာ၏ လေ့ကျင့်မှုကို အချိန်အနည်းငယ်ကြာ ခံစားပြီးသည့်နောက်မှာတော့ တတိယမြောက် ဟောခန်းသခင်နှင့် စတုတ္ထမြောက် ဟောခန်းသခင်တို့ အဘယ်ကြောင့် သတ္တိကြောင်ရသည်ဆိုခြင်းကို နားလည် သွားခဲ့ပြီဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် ကြာပွတ်ကြီးကို ကိုင်ကာ အေးစက်စက် အကြည့်ဖြင့် ပြောလိုက်သည်။ “ဒီနေ့ ခင်ဗျားတို့ အားလုံးကို ပြန်လည်မွေးဖွားစေဖို့ အခွင့်အရေး တစ်ခုပေးမယ်။ ဒါပေမဲ့ ကောင်းမွန်စွာ လုပ်ဆောင်နိုင်တဲ့လူကသာလျှင် အခွင့်အရေးကို ရရှိမယ်။ မဟုတ်ရင် ထပ်ပြီး ရိုက်ခံရမှာပဲ”

ဘုတ်

ပဉ္စမမြောက် ဟောခန်းသခင်သည် ပြေးလွှားလာပြီးသည့်နောက် မြေပေါ်တွင် ဒူးထောက် ထိုင်ချ လိုက်၏။ ပြီးနောက် ကျယ်လောင်စွာ ပြောလိုက်တော့သည်။ “ဂိုဏ်းချုပ်ကျွင်းအတွက် ကျုပ်က မီးပင်လယ်ကိုပဲ ဖြတ်ဖြတ်၊ ဓားတောင်ကိုပဲကျော်ကျော် ကျိန်းသေပေါက် သွားပါ့မယ်”

တတိယဟောခန်းသခင်နှင့် စတုတ္ထဟောခန်းသခင်တို့သည် သွေးအန်လုမတတ် ဖြစ်နေတာ့သည်။ သူတို့အား ပထမအကြိမ်တုန်းက သတ္တိကြောင် ကြောက်လန့်တတ်သူများ အဖြစ် ပဉ္စမမြောက် ဟောခန်းသခင်က ပြောဆိုခဲ့ဖူးသည် မဟုတ်ပါလား။

“ခင်ဗျားတို့သုံးယောက်”

ကျွင်းချောင်ရှောင်းသည် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “ကျုပ်နဲ့အတူ အပြင်ကို ထွက်မယ်”

“ကောင်းပါပြီ”

All Chapters