← Chapters

အခန်း (၁၁၂၆)

Vol. 76 Ch. 1126

အခန်း (၁၁၂၆)

Vol. 76 Ch. 1126

ရှေးနန်းတော်ကြီး၏ အတွင်းမှာတော့ အထူးသန့်ရှင်းနေခဲ့သည်။ အစီအရင်များချမှတ်ထားသောကြောင့်ပင် ဖြစ်ပေလိမ့်မည်။ အဓိက ဟောခန်း၏ အတွင်းဖက်မှာတော့ အထူးစီရင်ပြုလုပ်ထားသော ထိုင်ခုံကိုးခုကို စီထား၏။ နံရံပေါ်တွင်လည်း ဟောခန်းသခင်ကိုးယောက်တို့၏ ပုံတူကိုချိတ်ဆွဲထားသည်။

ယခုမှာတော့ ထိုကိုးယောက်ထဲမှ သုံးယောက်သည် သွေးမျိုးဆက် ရေကန်ထဲသို့ ဝင်ရောက်ကာ ပြန်လည် အားဖြည့်လျက်ရှိ၏။

ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ်တွင် ထိုင်လိုက်ပြီးနောက် ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်း စေတီထဲသို့ ဝင်လိုက်သည်။ "သူတို့တွေအကုန်ပြန်ကောင်းပြီးရင် ငါတို့ထိန်းချုပ်လို့ရသေးတာသေချာလား"

အားရာသည်သူ့အား ပြန်ပြောလိုက်၏။ "သူတို့က အထက်နယ်မြေကို တက်လှမ်းသွားနိုင်တဲ့အထိ အားကောင်းသွားတယ် ဆိုရင်တောင်မှ သခင်နဲ့ ကျွန်မရဲ့စကားကို နားထောင်ရမှာပဲ"

ကျွင်းချောင်ရှောင်းသည် အနည်းငယ် စိတ်သက်သာရာရသွား၏။ ဤသုံးယောက်သာ အလုံးစုံ ပြန်ကောင်းသွားပါက သက်တော်စောင့် သုံးယောက် ရသွားသည် နှင့်ပင် တူညီပေလိမ့်မည်။

စနစ်သည် အကြံပေးလိုက်၏။ "လက်ခံသူအနေနဲ့ ဒါကို အစောကြီးကတည်းက လုပ်သင့်တယ်၊ မဟုတ်ရင် စည်းဖွင့်ခြင်း အဆောင်တွေမကုန်တော့ဘူးပေါ့"

တိုက်ခိုက်ရေးစွမ်းရည် မြင့်မားသော ဤသုံးယောက်သာ သူ့ဖက်တွင် ရှိပါက နှင်းဆီဧကရီကို လွယ်လွယ်ကူကူပင် အနိုင်ယူနိုင်ပေလိမ့်မည်။

ကျွင်းချောင်ရှောင်းသည် ရင်ဘက်ကို လက်ဖြင့်အသာဖိကာ ပြောလိုက်၏။ "ငါ ရင်တွေနာလိုက်တာ"

စနစ်သည် သူ့အား နှစ်သိမ့်ပေးလိုက်၏။ "လက်ခံသူအနေနဲ့ ရောက်ရောက်ချင်း နှင်းဆီဧကရီနဲ့ တွေ့တာကောင်းတယ်။ မဟုတ်ရင် အချိန်တွေကြာနေမှာ"

ဟောခန်းသခင်သုံးယောက်တို့သည် အားပြန်လည်ဖြည့်ရာတွင် အချိန်ခဏတော့ ပေးရမည်ဖြစ်၏။ ကျွင်းချောင်ရှောင်းသည် အလျင်မလိုချေ။ အဘယ်ကြောင့်ဆိုသော် သူ၏ သီးခြားတာဝန်များသည် ရက်အကန့်အသတ်မရှိချေ။ သူသည် ရှေးနန်းတော်ထဲတွင် နေရင်း အနည်းငယ်တော့ပျင်းနေ၏။

သူသည် နှင်းဆီဧကရီအား စနောက်သည့်အလုပ်နှင့် ရှေးနန်းတော်၏ ရှုခင်းများကို ကြည့်ရှုသည့် အလုပ်များကို သာ လုပ်နေရသည်။

ရက်အနည်းငယ် ကြာပြီးသည့် အခါမှာတော့ သွေးမျိုးစက်ရေကန်ကို ပိတ်ထားသော တံခါးများသည် ပွင့်လာခဲ့၏။

"ကျွီ"

အထဲမှ အလွန်အားကောင်းလှသော လေထုသည် တိုက်ခတ်လာတော့၏။ သစ်ရွက်များသည်ပင် လေထုထဲ၌ လွင့်မျောလျက် ရှိနေကြသည်။

ဟောခန်းသခင်သုံးယောက်တို့သည် အထဲမှ ဟိတ်ဟန်အပြည့်ဖြင့် လျှောက်လှမ်းလာကြ၏။ သူတို့သည် နှင်းဆီဧကရီပင် တိုက်ခိုက်၍ မနိုင်လောက်သော အားအင်အဆင့်ကို ပြန်လည်ပိုင်ဆိုင်သွားကြပြီ ဖြစ်၏။

ရွှီး .. ရွှီး …..။

ရှေးနန်းတော်ကြီသည် အနည်းငယ်တုန်ခါသွား၏။ ဤသည်မှာ သူ၏ သခင်များပြန်လာသည်ကို အသိအမှတ်ပြု သြဘာပေးခြင်းပင် ဖြစ်ပေလိမ့်မည်။

နှင်းဆီဧကရီသည် မျက်မှောင်ကုတ်လိုက်ပြီး အာရုံခံကြည့်လိုက်၏။ ပြီးနောက်ပြောလိုက်တော့၏။ "ဝိညာဉ်မျိုးနွယ်တွေရဲ့ အားအကောင်းဆုံးတိုက်ခိုက်သူတွေပြန်လာပြီပဲ"

"သူတို့ကိုကြည့်ရတာ ခင်ဗျားလောက် အားမကောင်းပုံပဲ"

"သူတို့က ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ကျူးကျော်နေရလို့လေ၊ သေသေချာချာသာ လေ့ကျင့်ခွင့် ရနေမယ်ဆိုရင် မူလဖြစ်တည်ခြင်း နယ်မြေကိုတောင်ရောက်ရှိနိုင်တယ်"

ဤဟောခန်းသခင် သုံးယောက်တို့သည် ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ကျူးကျော်နိုင်ခဲ့သည် ဆိုသော်လည်း အားကောင်းလှသည့် သိုင်းကျမ်းများကို မလေ့ကျင့်နိုင်ခဲ့ချေ။ မဟုတ်ပါက သူတို့သည် အထက်နယ်မြေသို့ပင် ရောက်ရှိနိုင်၏။

သို့ပေမဲ့ သူတို့သည် ရှေးယခင်ကတည်းက ကြယ်ကြွေကုန်းမြေတိုက်ကြီးရှိ အားအကောင်းဆုံးသော အင်ပါယာများနှင့်တိုက်ခိုက်ခဲ့သည် ဆိုသော်လည်း ကျွင်းချောင်ရှောင်းလို ဘယ်ကရောက်လာမှန်းမသိသည့် လူ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီ ဖြစ်သည်။

တတိယဟောခန်းသခင်သည် ရှေ့မှ အရင်ဆုံးရပ်လိုက်ပြီး ကျန်နှစ်ယောက်သည်လည်း စီတန်းကာရပ်လိုက်၏။ သူတို့သည် အလွန်အားကောင်းလှသော အော်ရာများကို ထုတ်ဖော်နေသည်ဆိုသော်လည်း ကျွင်းချောင်ရှောင်း၏ ရှေ့မှာတော့ အမိန့်နာခံတတ်သူများ ဖြစ်လို့နေ၏။

"ဂိုဏ်းချုပ်ကျွင်း … ကျုပ်တို့ရဲ့ကျင့်ကြံခြင်းတွေ ပြန်ရပါပြီ "

ကျွင်းချောင်ရှောင်းသည် လှေကားထိပ်တွင် ထိုင်နေပြီး ပေါင်ပေါ်သို့ လက်တင်ကာပြောလိုက်၏။ "ဒူးထောက် …. ပြီးရင် ကျုပ်ကို သခင်လို့ခေါ်"

ဘုတ် ဘုတ် ဘုတ် ………။

ဟောခန်းသခင်သုံးယောက်တို့သည် သူတို့၏ မြင့်မြတ်လှသော ဒူးများကိုထောက်လျက်ပြောလိုက်သည်။ "သခင် …. ကျုပ်တို့ရဲ့ ကျင့်ကြံခြင်းတွေ ပြန်ရပါပြီ..."

နှင်းဆီဧကရီသည် တိတ်ဆိတ်ငြိမ်သတ်သွားမိ၏။ ကုန်းမြေတိုက်ကြီး၏ ဧကရီ အပြောင်းအလဲကိုပင် ပြုလုပ်နိုင်သော သူများသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ လူသားတစ်ယောက်ကို ဒူးထောက်နေကြ၏။

ကျွင်းချောင်ရှောင်းသည် နောက်သို့မှီပြီးနောက် ကောင်းကင်ကို မော့ကြည့်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ "ရှေးတုန်းက ဘိုးဘေးတွေ အသက်ရှိနေသေးရင် ကျုပ်အတွက် ဂုဏ်ယူပေးကြပါ"

ကောင်းကင်တွင်ရှိသော တိမ်များမှာတော့ လူသားပုံရိပ်များကဲ့သို့ပင် ဖြစ်တည်လာသလို အားလုံးက ခံစားလိုက်မိကြသည်။ ။ ဘိုးဘေးများသာ ဤနေရာတွင် အစစ်အမှန် ရှိနေသည် ဆိုပါက ကျွင်းချောင်ရှောင်း အတွက် ဂုဏ်ယူနေမှာ သေချာသည်။

ရှေးနှစ်ပေါင်းများစွာ ဖြစ်တည်ခဲ့သော အရှက်ကွဲမှုကို လက်စားချေနိုင်ခဲ့ပြီ ဖြစ်၏။ ကျွင်းချောင်ရှောင်းသည် မတ်တပ် ထရပ်လိုက်၏။

သူ၏ ခန္တာကိုယ်သည် ကျန်းယန်ဝတ်စုံကို ဝတ်ဆင်ပြီးသားဖြစ်နေတော့၏။ သူသည် ပြောလိုက်သည်။ "ဧကရီမြို့ကိုသွားကြမယ်"

အထူးသက်တော်စောင့် သုံးယောက်ခြံရံပြီးနောက် ကျွင်းချောင်ရှောင်းသည် ဟိတ်ဟန်အပြည့်နှင့် ထွက်ခွာလာခဲ့သည်။ နောက်တွင် ကျန်ခဲ့သည့် နှင်းဆီဧကရီမှာတော့ တီးတိုးရွတ်ဆိုနေမိ၏။ "တစ်ခါတစ်လေကျ ဒီလူက ယောက်ျားသိပ်ဆန်တာပဲ…"

………….

ဧကရီမြို့တွင်တော့ နန်းဆက်ခံပွဲသည် ပြီးဆုံးသွားခဲ့ပြီဖြစ်၏။ သို့သော် ရောင်စုံမီးများသည်တော့ ထွန်းထားဆဲ ဖြစ်သည်။

မြို့သူမြို့သားများအတွက်တော့ ဧကရီသည် မည်သူဖြစ်ေ"ဒီရီရှန်းချန်ဆိုတဲ့လူက အရမ်းကို ရဲတင်းတာပဲ၊ ငါတို့ဧကရီကိုတောင် ခိုးယူရဲတယ်"

ပြိုင်စံရှားဂိုဏ်းတွင် ကျင့်ကြံနေသော ရီရှင်းချန်မှာမူ အခြားကုန်းမြေတိုက်တစ်ခု၏ ဧကရီမအား ခိုးပြေးရလိမ့်မည်ဟု စိတ်တောင်မကူးမိခဲ့ချေ။

နန်းတော်တွင်တော့ အကြီးအကဲ လေူတွေကိုစုစည်းပြီးတော့ ရီရှင်းချန်နဲ့ အရင်ဧကရီကို ဖမ်းခိုင်ထားပါတယ်။ မကြာခင် သတင်းကောင်း ကြားရပါလိမ့်မယ်"

"ကောင်းပြီ"

ဧကရီမလင်းပင်သည် ဆက်ကာပြောလိုက်၏။ "ဒီတော့ သူတည်ဆောက်ခဲ့တဲ့ မြို့ကြီးဆယ်မြို့ကို ဖျက်စီးဖို့ အချိန်ကြပြီထင်တယ်"

အကြီးအကဲတော့လင် သည် အကြံပေးလိုက်၏။ "အရှင်မ နှစ်ပေါင်းတစ်ထောင်ကျော်ကြာပြီးတဲ့နောက် ဤမြို့တွေက အဓိက အင်အားစုတွေဖြစ်နေပါပြီ၊ ဖျက်စီးဖို့ဆိုတာမသင့်တော်ဘူး ထင်တယ်"

"ဘာမှ မသင့်တော်စရာ အကြောင်းမရှိဘူး"

"ကောင်းပါပြီ"

ဧကရီလင်းပင်သည် ပေါ့ပေါ့တန်တန်ပင် ပြောလိုက်၏။ "ကြယ်ကြွေကုန်းမြေကို သွားမယ့် အစီအစဉ်ကရော … ဘယ်လိုလဲ"

ဝိညာဉ်မျိုးနွယ် ကျွမ်းကျင်သူတစ်ယောက်က ပြောလိုက်သည်။ "အရှင်မ … အချိန်နဲ့တည်နေရာ လှိုဏ်ခေါင်းက ဟိုဖက်ကနေ စည်းခတ်ခြင်းခံလိုက်ရပါတယ်"

"အချိန်နဲ့တည်နေရာပိုးကောင် ဖောက်ပေးခဲ့တဲ့ တည်နေရာလှိုဏ်ခေါင်းက စည်းခတ်ခံလိုက်ရတာလား"

"အရှင်မ"

ေမေးလိုက်၏။ "အရင်ကအသုံးပြုခဲ့တဲ့ တည်နေရာပိုးကောင် ရှိနေသေးလား"

"ရှိတာပေါ့"

လင်းပင်သည် လက်ကိုယမ်းခါပြီး ကင်ခြေများနှင့်တူလှသော အကောင်လေးအား ထုတ်လိုက်၏။ ကံဆိုးစွာပင် ထိုအကောင်လေးသည် အရင်တစ်ခါတည်နေရာ လမ်းကြောင်းကို ဖွင့်ပေးပြီးတည်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျလို့နေ၏။

ဆွစ် …..

ထိုအချိန်မှာပဲ သူတို့တည်ရှိနေရာ အခန်းတံခါး၏ ရှေ့ဆီမှ အသံတစ်သံထွက်ပေါ်လာသည်။

ကျွင်းချောင်ရှောင်းသည် ကျန်းယန်ဝတ်စုံကို ဝတ်ဆင်ကာ ပေါ်ထွက်လာပြီး ပြောလိုက်တော့၏။ "သစ္စာဖောက်တွေ ၊ နန်းလုတဲ့ လူယုတ်မာတွေ … ခင်ဗျားတို့လို လူ့အနတ္တတွေကို ရှင်းပစ်ဖို့ ကျုပ် ရီရှင်းချန် ရောက်လာပြီ"

All Chapters