← Chapters

အခန်း (၁၁၂၅)

Vol. 76 Ch. 1125

အခန်း (၁၁၂၅)

Vol. 76 Ch. 1125

အပြင်ဖက် လောကတွင်တော့ ….

ကျွင်းချောင်ရှောင်း တစ်ယောက် ပထမနှင့်ဒုတိယဟွိုင်တို့အား လေ့ကျင့်ပေးနေသည့် အချိန်၌ မလှုပ်ရှားဘဲ ငြိမ်သက်နေသည်ကို သိရှိသွားပြီးနောက် နှင်းဆီဧကရီသည် အနားသို့ တိုးကပ်လာပြီး ဦးခေါင်းကို အသာပွတ်သပ်လျှက်ရှိ၏။

ဘုတ် …

ကျွင်းချောင်ရှောင်းသည် သတိဝင်လာပြီးနောက် လက်ကို အသာပုတ်ချကာ မေးလိုက်သည် "ခင်ဗျား ဘာလုပ်ချင်တာလဲ"

“အား …”

နှင်းဆီဧကရီသည် နာကျင်နေသော အမူအရာဖြင့် ပြောလိုက်၏။ "ရှင် ကျွန်မကို နာကျင်အောင်လုပ်နေတာပဲ"

ကျွင်းချောင်ရှောင်းသည် ဇဝေဇဝါဖြစ်သွားပြီး ဖမ်းဆုပ်ထားသည့်လက်အား လွတ်ပေးလိုက်၏။

နှင်းဆီဧကရီသည် မူလ နေရာသို့ ပြန်သွားပြီး နာကျင်သွားသည့် လက်ကို အသာပွတ်သပ်ကာ ပြောလိုက်သည်။ "ရှင် ဆံပင်တု တပ်ထားတာလားလို့ စမ်းကြည့်တာ"

“…….”

ကျွင်းချောင်ရှောင်းသည် ဆံပင်များကို ဆွဲပြကာပြောလိုက်သည် "ဒါကအစစ်တွေ"

“တကယ်လား” နှင်းဆီဧကရီသည် စိတ်ပျက်သွားမိ၏။

ကျွင်းချောင်ရှောင်းသည် ဆက်ကာ ပြောလိုက်သည်။ "ကျုပ် ခင်ဗျားရဲ့ မျိုးနွယ်သုံးယောက်ကိုခေါ်ပေးမယ်"

“ကျွန်မတို့ မျိုးနွယ်ဟုတ်လား”

နှင်းဆီဧကရီသည် ဇဝေဇဝါဖြစ်မိသွား၏။

ဆွစ် …

"လေထုထဲတွင်တော့ အစိမ်းရောင် အလုံးကြီး သုံးခုဖြစ်တည်လာပြီးနောက် လူပုံစံပေါ်လာတော့၏။ ၎င်းတို့မှာ တတိယ ၊ စတုတ္ထ နှင့် ပဋ္ဌမဟွိုင် တို့ပင်ဖြစ်၏။ ၎င်းတို့သည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ကပ်ပါးအဖြစ် နေသော်လဲ ဤကုန်းမြေသို့ ပြန်ရောက်လာချိန်မှာတော့ မူလပုံစံကို ပြန်လည်ဖွဲ့စည်းနိုင်သွား၏။

၎င်းတို့သည် သက်လယ်ပိုင်းအရွယ်များဖြစ်ကြပြီး တစ်ချက်ကြည့်လိုက်ရုံနှင့် အလွန်အားကောင်းလှသော အော်ရာများ ပိုင်ဆိုင်ထားသူများ မှန်းသိသာကြသည်။

"ရှင်တို့ …."

ဟောခန်းသခင်များ ကြယ်ကြွေကုန်းမြေတိုက်ဆီသို့ စေလွှတ်ခံရချိန်တွင် သူမသည် မွေးတောင်မမွေးသေးချေ။ သို့သော် ဧကရီဖြစ်ပြီးသည့်နောက်မှာတော့ ရှေးနန်းတော်ဆီသို့သွားကြည့်သည့်အချိန်က အဓိက ဟောခန်းထဲတွင် ချိတ်ဆွဲထားသော ဟောခန်းသခင် ကိုးယောက်တို့၏ ပုံကို မြင်ဖူးခဲ့၏။

"ကောင်မလေး နင်ဘယ်သူလဲ" တတိယဟောခန်းသခင်သည် မေးမြန်းလိုက်သည်။

ကျန်ဟောခန်းသခင်တို့မှာလည်းဤမိန်းကလေးည် သူတို့၏ မျိုးနွယ်ဝင်ဖြစ်ကြောင်းသိရှိပြီးဖြစ်၏။ သူမ၏ ခန္တာကိုယ်မှ ပေါ်ထွက်လျက်ရှိသော တော်ဝင်အော်ရာတို့မှာ အလွန်အားကောင်းလျက်ရှိ၏။

"သူက နှင်းဆီဧကရီလေ"

ကျွင်းချောင်ရှောင်းသည် ပြောလိုက်သည်။ "သူက ခင်ဗျားတို့ရဲ့ စတုတ္ထမြောက်ဧကရီပဲ"

“ဟမ်”

ပဋ္ဌမမြောက် ဟောခန်းသခင် သည် နှာခေါင်းရှုံ့ကာ ပြောလိုက်၏ "ဘေယ်လိုလုပ် ဧကရီဖြစ်သွားတာလဲ"

“အဲတော့ …..”

ကျွင်းချောင်းရှောင်းသည် ပဋ္ဌမမြောက် ဟောခန်းသခင်အား မြေပေါ်ဆွဲလှဲပြီး ကုပ်ကို ဆွဲဖိကာ ပြောလိုက်သည် "ဒီနေ့ ခင်ဗျားတို့ကို လွှတ်ပေးတယ်ဆိုတာ သူ့ကို သဘောတူဖို့လေ ။ သဘောမတူရင် ပိုပြီး ရက်စက်တဲ့ နည်းလမ်းတွေနဲ့ နှိပ်စက်ပြမယ်"

ဘုန်း ….

ဘုန်း ….

ဘုန်း……

ဟောခန်းသခင်အများ၏ ဦးခေါင်းများသည် မြေပြင်နှင့်ရိုက်မိကုန်ပြီး မြေပြင်၌ တွင်းကြီးတစ်ခုပင် ပေါ်လာခဲ့သည်။

"သဘောတူပါတယ်"

"သဘောတူပါတယ်"

ပဋ္ဌမမြောက် ဟောခန်းသခင်သည် အလျင်အမြန် သဘောတူလိုက်၏။ ကျန်နှစ်ယောက်မှာလည်း မြန်မြန်ပဲ သူတို့၏ ဆန္ဒကို ထုတ်ဖော်ကာ ပြောဆိုလိုက်ကြ၏။ ၎င်းတို့သည် အလုံးစုံ သန့်စင်ခံထားရခြင်းဖြစ်၏။ ၎င်းတို့သည် လူအဖြစ်သို့ ပြောင်းလဲနိုင်ခဲ့သည် ဆိုသော်လည်း အားရာ၏ ထိန်းချုပ်မှုမှ မလွတ်မြောက်နိုင်ခဲ့ပေ။

“…..” နှင်းဆီဧကရီသည် ပါးစပ်အဟောင်းသားဖြစ်လို့နေ၏။

ထိုသူတို့သည် ရှေးနန်းတော်ကြီး၏ ဟောခန်းသခင်များဖြစ်၏။ ဧကရီလင်းပင် အာဏာကြီးမားခဲ့စဉ်က ပင်လျှင် ထိုသူတို့အား ယဉ်ယဉ်ကျေးကျေးဆက်ဆံရ၏။ သို့သော် ကျွင်းချောင်ရှောင်း၏ ရှေ့မှာတော့ အမိန့်နာခံတတ်သည့် အစေခံလေးများ ကဲ့သို့ ဖြစ်လို့နေသည်။

"ပြီးပြီ"

ကျွင်းချောင်ရှောင်းသည် ပြောလိုက်၏။ "ခင်ဗျားတို့က ဧကရီမြို့ကိုသွားပြီး လေးယောက်မြောက် ဧကရီ တရားဝင် ဖြစ်စေဖို့ သဘောတူညီမှု လုပ်ပေးရမယ်"

“…..”

နှင်းဆီဧကရီသည် ပြောလိုက်မိ၏။ ဒီဟောခန်းသခင်တွေက ရုပ်တူပေမဲ့ အားကောင်းတဲ့ ကျင့်ကြံခြင်းအဆင့်တွေ မရှိကြဘူး။ ဒီတော့ အတူတွေ ခေါ်လာတယ်လို့ သတ်မှတ်ကြလိမ့်မယ်။"

“အမှန်ပဲ”

ကျွင်းချောင်ရှောင်းသည် ဟွိုင်သုံးယောက်ကို လှမ်းကြည့်ပြီးနောက် ပြောလိုက်သည် "ခင်ဗျားတို့သဘောအတိုင်းပြန်ရောက်ပြီ။ ကျင့်ကြံခြင်းတွေ အမြန်ဆုံးရအောင် ဘယ်လိုလုပ်မလဲ"

"ရှေးဟောင်းနန်းတော်မှာရှိတဲ့ သွေးမျိုးဆက်ရေကန်ရှိတဲ့ ရှေးနန်းတော်ကို သွားရမယ်"

ဟောခန်းသခင်သုံးယောက်တို့သည် သူတို့၏ လက်ခံသူများကို ရှာဖွေတွေ့ရှိခဲ့သည် ဆိုသော်လည်း အပြည့်အဝ မကောင်းမွန်ခဲ့ချေ။ အားအကောင်းဆုံးအခြေအနေကို ပြန်ရချင်သည် ဆိုပါက နန်းတော်ထဲရှိ သွေးမျိုးဆက်ကန်ထဲ သွားရောက်မှ ဖြစ်ပေလိမ့်မည်။

ကျွင်းချောင်ရှောင်းသည် ပြောလိုက်၏။ "ရှေးဟောင်းနန်းတော်ဆီသွားရအောင်"

“ဒါက …..”

နှင်းဆီဧကရီသည် ကြောင်အအဖြင့်ပြောလိုက်၏။ "ရှေးဟောင်းနန်းတော်ဆိုတာ အားကောင်းလွန်းလှတဲ့တဲ့ အစီအရင်တွေနဲ့ကာရံထားတဲ့နေရာလေ"

သူမသည် ဧကရီဖြစ်ပြီးနောက် ဟောခန်းသခင်တို့သည် ရုတ်တရက်ပြန်ရောက်လာပြီး ပုန်ကန်မည်ကို စိုးရိမ်သောကြောင့် စည်းခတ်ခဲ့သည်။

ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီသို့ သွားရောက်ချင်ရသည့် သူမ၏ အဓိက ရည်ရွယ်ချက်မှာ အိပ်မောကြနေသော ဟောခန်းသခင်ကိုးယောက်တို့အား အနာဂတ်တွင် သူမအား ဒုက္ခမပေးနိုင်အောင် သွားရောက် သတ်ဖြတ်ချင်သောကြောင့် ဖြစ်၏။

ကျွင်းချောင်ရှောင်းကပြောလိုက်သည် "ဒါဆိုကျုပ်တို့ဝင်လို့မရဖူးပေါ့"

နှင်းဆီဧကရီသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ "အထဲမှာ အရမ်းကို တင်းကြပ်တဲ့ အစီအရင်တွေရှိတယ်၊ အမှားလုပ်မိသွားရင် လင်းပင်တို့ တခါတည်း သိသွားလိမ့်မယ်"

ဟောခန်းသခင်သုံးယောက်တို့သည် ပြောလိုက်၏။ "သွေးမျိုးစက်ရေကန်မရှိဘဲနဲ့ ကျုပ်တို့ အရင်လို အားအင်မျိုး ပြန်မရနိုင်ဘူး"

“အဆင်ပြေပါတယ်”

ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်သည် “အစီအရင်လေးပဲလေ။ ဘယ်လောက်များများ ကျုပ် ချိုးဖျက်နိုင်ပါတယ်”

"နှင်းဆီဧကရီသည် ပြောလိုက်၏။ "အထဲမှာ အစီအရင်ပေါင်း တစ်ရာကျော်ကို သေသေချာချာ အနုစိပ်လုပ်ထားတာ၊ အမှားသေးသေးလေး ဖြစ်သွားရင်တောင် သူတို့သိသွားနိုင်တယ်"

နှင်းဆီဧကရီသည် ထိုသို့ ပြောနေစဉ်မှာပဲ ကျွင်းချောင်ရှောင်းသည် သူမအား ပွေ့ချီပြီးသားဖြစ်တော့၏။ ပြီးနောက်ပြောလိုက်သည်။ "ရုပ်ဆိုးမ …. ကျုပ်တို့က ပူးပေါင်းပြီးသွားပြီ။ ဒီတော့ ကျုပ်ကို အချိန်တိုင်း ယုံကြည်နေမှ ဖြစ်မယ်"

နှင်းဆီဧကရီသည် အံကိုကြိတ်ကာ ပြောလိုက်သည်။ "ကျွန်မ ရုပ်ဆိုးမ မဟုတ်ဘူး"

"ရုပ်ဆိုးမ ….. ရုပ်ဆိုးမ"

ကျွင်းချောင်ရှောင်သည် သူမကို ပွေ့ချီပြီးနောက် ရှေးနန်းတော်ဆီသို့ ဦးတည်ပျံသန်းလိုက်သည်။ ဟောခန်းသခင်သုံးယောက်တို့သည်လည်း သူတို့နောက်မှပါလာခဲ့၏။

"အားယာယာ …. ရုပ်ဆိုးမ"

ကျွင်းချောင်ရှောင်းသည် လမ်းတစ်လျှောက်လုံး ရုပ်ဆိုးမသီချင်းကို ဆိုလျက်ရှိသည်။

နှင်းဆီဧကရီသည် သည်းမခံနိုင်တော့ပဲ ဒေါသများထွက်လာကာ ကျွင်းချောင်ရှောင်း၏ ပုခုံးကို ကိုက်လိုက်တော့၏။

“အား …”

ဧကရီမြို့အပြင်ဘက် တောအုပ်ထဲတွင်တော့ ရှေးအဆောက်အအုံ တစ်ခုရှိ၏။ အချိန်အတော်ကြာအောင် ပြုပြင်ခြင်းမရှိသောကြောင့် ရေညှိများတက်ကာ ယိုယွင်းပျက်စီးနေသော အဆောက်အဦ တစ်ခုပင်ဖြစ်သည်။

ဆွစ် …

ကျွင်းချောင်ရှောင်းသည် ရှေးနန်းတော်၏ အပြင်ဖက်သို့ ဆင်းသက်လိုက်၏။ "ဒီမှာ အစီအရင်တွေများကြီးရှိတာပဲ ၊ ကျုပ်ချိုးဖျက်ပစ်လိုက်မယ်"

နှင်းဆီဧကရီသည် သူ့အား လှမ်းသတိပေးလိုက်သည်။ "ဒါတွေက ဧကရီမြို့နဲ့ချိတ်ဆက်ထားတာနော်၊ တခုခုဆိုတာနဲ့ ဧကရီလင်းပင်က လူတွေစေလွှတ်ပြီး တိုက်ခိုက်လိမ့်မယ်"

"ဒီလို မဖြစ်စေရဘူး"

နှင်းဆီဧကရီသည် နောက်သို့ အနည်းငယ်ဆုတ်လိုက်မိ၏။ ကျွင်းချောင်ရှောင်းသည် ခြေချိတ်ကာ ထိုင်လိုက်ပြီး စိတ်ဝိညာဉ်များကို ဖြန့်ကျက်ကာ အစီအရင်ကို စတင်ကြည့်ရှုတော့၏။

"ဒီလူ တစ်ဆင့်ချင်းလုပ်လို့မရဘူးလား" နှင်းဆီဧကရီ က ဘေးမှ လှမ်းကာ သတိပေးလိုက်သည်။

ကျွင်းချောင်ရှောင်းသည် ပြောလိုက်၏။ "တစ်ခုချင်းလုပ်ရင် အချိန်ကုန်တာပေါ့"

အချိန်အနည်းငယ်အတွင်းမှာပဲ ကျွင်းချောင်ရှောင်းသည် အစီအရင်တစ်ခုလုံးကို လေ့လာပြီးဖြစ်သည်။ "ဒီလူ အစီအရင် အကြောင်းကိုလည်း သိနေတာလား"

ရှေ့တွင် ကွယ်ပျောက်နေသော အစီအရင်များသည် ရုတ်တရက် အလင်းများ ထွန်းတောက်ကာ ပေါ်ပေါက်လာ၏။ နှင်းဆီဧကရီသည် စိုးရိမ်တကြီးပြောလိုက်၏။ "ဒုက္ခပဲ … ကျွန်မတို့ကိုတော့ သိသွားတော့မယ်ထင်တယ်"

သူမ ပြောနေတုန်းမှာပဲ အစီအရင်၏ အလင်းတန်းများသည် ပြန်လည်ပျောက်ကွယ် သွားခဲ့သည်။

"လွယ်လွန်းလိုက်တာ"

နှင်းဆီဧကရီသည် အံ့ဩမိနေ၏။ တစ်နာရီခန့်ကြာပြီးသည့်နောက်မှာတော့ ရှေးနန်းတော်၏ အပြင်ဖက်တွင် ရှိနေသော အစီအရင် ငါးဆယ်ကျော်တို့မှာ ကျိုးပျက်သွားခဲ့တော့၏။

ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်ကာ ပြောလိုက်သည်။ "ခင်ဗျားတို့သုံးယောက် ဝင်လို့ရပြီ"

ဟောခန်းသခင်သုံးယောက် "..."

နှင်းဆီဧကရီ "..."

ဒီလူက အစီအရင်သဘောတရားတွေကို နားလည်နေရုံတင်မက အရမ်းနက်နဲတဲ့ အခြေအနေထိပါ ရောက်နေတာကိုး။

All Chapters