← Chapters

အခန်း (၁၁၃၂)

Vol. 76 Ch. 1132

အခန်း (၁၁၃၂)

Vol. 76 Ch. 1132

အချိန်နှင့်တည်နေရာ လှိုဏ်ခေါင်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် မြန်မြန်ဆန်ဆန်ဖြင့် လမ်းလျှောက်လျက် ရှိနေ၏။ သူသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးသို့ အမြန်ဆုံးပြန်ရောက်ချင်မိ၏။ အဘယ့်ကြောင့်ဆိုသော် ထွက်ခွာ လာခဲ့တာ ကြာမြင့်ပြီဖြစ်သောကြောင့် တပည့်များအား အလွန်တရာ လွမ်းဆွတ်နေ၏။

နှင်းဆီဧကရီနှင့် သူ၏ လက်ထပ်မှုကိစ္စကတော့ လေထုထဲမှာပင် ပျောက်ကွယ်သွားသည်ဟု သတ်မှတ်နိုင်စွမ်း ရှိသည်။

“ငါ သူ့ကို နန်းပလ္လင်ပြန်ရအောင် ကူညီပေးခဲ့တယ်လေ။ ဒီတော့ ရတနာသိုက်ထဲမှာ ရှိတဲ့ ရတနာတွေကို ဆုလာဘ် အဖြစ် ယူခဲ့တာမမှားဘူးမဟုတ်လား။” ကျွင်းချောင်ရှောင်းသည် တီးတိုး ပြောလိုက်၏။

စနစ်က ပြောလိုက်သည်။ “လက်ခံသူ …ဒီစကားကို ပြောနေတာ ၃၆၅ ကြိမ် ရှိနေပြီ။”

“အဲလောက်တောင် များနေပြီလား။”

“မှန်တာပေါ့။”

“ဘာလို့ လိုက်မှတ်ထားတာလဲ”

“ဘာမှမဟုတ်ဘူးလေ။ လူတွေကြားထဲမှာ ရှိနေတဲ့ ခံစားမှုရသရဲ့ သန္ဓေပြောင်းလဲခြင်းကို သေသေချာချာ လေ့လာနေတာ။”

အစ်ကိုကြီး … မင်းကစနစ်တစ်ခုလေ။ ဘယ်လိုဖြစ်ပြီးတော့ ပေါက်တက်ကရတွေလျှောက်ပြီး လေ့လာနေရတာလဲ။

“တကယ်လို့ နှင်းဆီဧကရီက မင်းရဲ့စိတ်ထဲမှာ တည်ရှိနေတာ ဆိုရင်ရော။”

“တော်လိုက်စမ်း။” ကျွင်းချောင်ရှောင်းသည် အော်ဟစ်လိုက်၏။

စနစ်က ပြောလိုက်သည်။ “မင်းရဲ့ အမူအကျင့်အရဆိုလို့ရှိရင် ရတနာသိုက်ထဲမှာရှိတဲ့ ရတနာတွေ အကုန်လုံးကို ယူသွားရမှာမဟုတ်လား။ ဘာလို့တစ်ဝက်ချန်ထားတာလဲ။”

“ဘာလို့လဲဆိုတော့ ငါလုပ်ချင်လို့ပေါ့။”

“ဘာလို့ ရတနာတွေအမျိုးမျိုးကို ယူဆောင်ပြီးတဲ့အချိန်မှာ အရမ်းကောင်းတဲ့ အထူးပြန်လည်ကောင်းမွန်ခြင်း ဆေးလုံး တစ်ခုကို ထားခဲ့ရတာလဲ။”

“ဘာလို့လဲဆိုတော့ ငါလုပ်ချင်လို့ပေါ့။”

“မင်း မရှင်းပြနိုင်တော့ဘူးမဟုတ်လား။”

စနစ်က ပြောလိုက်သည်။ “အနှစ်ချုပ်ရမယ်ဆိုရင်”

စနစ်သည် ခဏရပ်တန့်ကာဖြင့် စကားလမ်းကြောင်းလွှဲလိုက်၏။ “အင်း …. မင်းပျော်ရင်ပြီးတာပါပဲ။”

“မင်းစကားတွေအရမ်းများတယ်။”

ကျွင်းချောင်ရှောင်းသည် လစ်လျူရှုပြီးသည့်နောက်မှာတော့ အချိန်နှင့်တည်နေရာလမ်းကြောင်းအတိုင်း မြန်မြန် ဆန်ဆန် လျှောက်သွားတော့သည်။ အချက်အလက်အားဖြင့် သူသည် ရတနာသိုက်ထဲတွင် ရှိသော ရတနာတစ်ဝက်ကို ချန်ထားခဲ့သည်ဆိုခြင်းမှာ နှင်းဆီဧကရီအနေနှင့် လုပ်စရာရှိသည်များကို ထပ်မံကာ ပြုလုပ်နိုင်စေရန် စေတနာဖြင့် ဖြစ်တော့၏။ တစ်ခြားရည်ရွယ်ချက်လည်းမရှိချေ။

အထူးပြန်လည်ကောင်းမွန်ခြင်းဆေးလုံးအတွက်မှာတော့ များပြားလှသော တာဝန်များကို ပြည့်စုံအောင် ပြုလုပ်ပြီး သည့်နောက်မှာတော့ အဆင့် ၃ ဆီမှ အဆင့် ၅ ဓားနှင့် သိုင်းဘုရင်အဆင့်သို့ ရောက်ရှိလာခဲ့၏။ ထို့ကြောင့် သူမအား ဆုလာဘ်အဖြစ် ဆုချခဲ့ခြင်းသာ ဖြစ်တော့၏။

“ဟားဟား ဟားဟား ဟား”

စနစ်ကပြောလိုက်သည်။ “ဒါက မသေချာ မရေရာတဲ့ ရှင်းပြမှုတစ်ခုပဲ။”

…..

ဧကရီနန်းတော်အတွင်းမှာတော့ များပြားလှသည့် မှတ်တမ်းမှတ်ရာများအားလုံးသည် မြေပေါ်တွင် ပြန့်ကျဲလျက်ရှိနေ သည်။ နှင်းဆီဧကရီသည် ဆံပင်များ ပွစာကျဲကာဖြင့် တည်နေရာထဲတွင် မတ်မတ်ရပ်လျက်ရှိ၏။ သူမလက်ထဲတွင် တော့ စာတစ်စောင် တည်ရှိလို့နေသည်။

“ကျွင်းချောင်ရှောင်း … ရှင် ကျွန်မ အနားမှာ မနေနိုင်ဘူးဆိုတာသိတယ်။ ရှင်ထွက်သွားမယ်ဆိုတာလည်းသိတယ်။ ဒါပေမဲ့”

သူမသည် ခေါင်းကိုငုံ့လိုက်၏။ သူမ၏ မျက်နှာပေါ်တွင်တော့ မျက်ရည်များသည် တသွင်သွင်စီးကျလျက်ရှိနေသည်။ “ဘာကြောင့် ကျွန်မကို ကွာရှင်းခဲ့ရတာလဲ။”

“ကြယ်ကြွေကုန်းမြေတိုက်ကြီးက လူတွေဆီမှာ ဓလေ့ထုံးတမ်းစဉ်လာရှိတယ်ဆိုရင်တောင် ကျွန်မတို့ ဝိညာဉ်မျိုးနွယ် တွေဆီမှာလည်း ရှိတယ်လေ။ ကျွန်မရဲ့ သဘောတူညီမှုမရရင် ရှင်က ဒီနှင်းဆီဧကရီ၏ တစ်သက်တာလုံး အတွက် ယောကျ်ားပဲ။”

သူမသည် ကျွင်းချောင်ရှောင်းပေးထားခဲ့သော ဆေးလုံးအား ပါးစပ်ထဲသို့ ပစ်ချကာ တစ်ချက်ကလေးမှ နှောင့်နှေးခြင်းမရှိဘဲ မြိုချလိုက်၏။

ဟူး ဟူး ဟူး

အထူးအဆင့်ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးသည် သူမ၏ ခန္ဓာကိုယ်ထဲတွင် အသက်ဝင်သွားခဲ့တော့၏။ သူမ၏ မွေးညှင်းတစ်ခုချင်းစီနှင့် မရီဒန်များအားလုံးသည် ပြန်လည်ပြင်ဆင်ပြီးဖြစ်တော့သည်။ အားအင်အဆင့်အခြေအနေ သည် ထိပ်ဆုံးအဆင့်ဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

အသဲကွဲလျက်ရှိနေသော နှင်းဆီဧကရီသည် ဤကဲ့သို့ ဆန်းပြားလှသော ဆေးလုံးကြောင့် အရာအားလုံးကို မေ့လျော့ သွားခဲ့သည်။ သူမသည် နီရဲသည့် မျက်လုံးအစုံဖြင့် ခေါင်းကို မော့ကာ ပြောလိုက်၏။ “ကျွင်းချောင်ရှောင်း …. ကျွန်မသေသွားမယ်ဆိုရင်တောင် ရှင်နဲ့ကျွန်မရဲ့ လင်မယားအခြေအနေက ပယ်ဖျက်လို့ရမှာ မဟုတ်ဘူး။”

အပြင်ဘက်မှာတော့ …..

ကောင်းကင်ယံအထက်တွင် တိမ်မဲများဖြစ်တည်လာခဲ့တော့သည်။ မကြာမီမှာပဲ မိုးများသည် သည်းထန်စွာ ရွာဆင်းတော့သည်။

“ရာသီဥတုက ထပ်ပြီး ပြောင်းလဲနေပြန်ပြီ။”

မြို့၏ အပြင်ဘက်တွင် ရပ်လျက်ရှိနေသော အဘိုးအိုတစ်ယောက်သည် ခေါင်းကို ခါယမ်းကာဖြင့် ပြောလိုက်၏။ “ငါ အခု ပြန်ပြီးတော့ သခင့်ကို သတင်းပို့ရမယ့်အချိန်ပဲ။ ဒီအချိန် ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီးကို တိုက်ခိုက် သိမ်းပိုက်ဖို့ဆိုတာက ပြဿနာမဟုတ်လောက်တော့ဘူး။”

ဆွစ်

အလင်းတန်းတစ်ခုသည် ဧကရီမြို့ဆီမှ ငြိမ်ငြိမ်သက်သက်ပင် ပျံသန်းထွက်ခွာသွားခဲ့တော့သည်။ ထိုသူသည် နက်ရှိုင်းလှသည့် လေထုထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားခဲ့တော့သည်။

…

ဖြောက် ဖြောက် ဖြောက် ဖြောက်

အချိန်နှင့်တည်နေရာလမ်းကြောင်းသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးနှင့် ချိတ်ဆက်မိသွားခဲ့တော့၏။ ပြည့်စုံသည့် အသွင်သဏ္ဍာန်ရှိသော စွေ့ဟွာသည် တည်နေရာလမ်းကြောင်းကို ဝါးမြိုစားသောက်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် အဝါရောင်သဲမြေများရှိသည့်တည်နေရာဆီသို့ ဆင်းသက်လာနိုင်ခဲ့တော့၏။

“ဂိုဏ်းချုပ်ပြန်လာပြီ။”

“ဂိုဏ်းချုပ်ပြန်လာပြီပဲ။”

အသင်္ချေမြို့သည် ရုတ်တရက်ဆိုသလိုပဲ စည်ကားသိုက်မြိုက်သွားခဲ့၏။ ရွှဲရမ်ကွေ့နှင့် တောက်ယွမ်တို့သည် မြို့တော်ဝန်အိမ်ရာဆီမှ လှမ်းလာပြီးသည့်နောက်မှာတော့ သူတို့လွမ်းဆွတ်လျက်ရှိနေသော ဂိုဏ်းချုပ်ကျွင်းကို မြင်လိုက်ရ၏။ အလောတကြီးဖြင့် လက်သီးကို ဆုပ်ကာ ပြောလိုက်ကြ၏။ “ဂိုဏ်းချုပ်။”

“ခင်ဗျားတို့နှစ်ယောက်။”

ကျွင်းချောင်ရှောင်းက ပြုံးကာ ပြောလိုက်၏။ “သေသေချာချာ အလုပ်ကြိုးစားထားကြတာပဲ။”

“မဟုတ်ပါဘူး။”

“မဟုတ်ပါဘူး။”

“အမိန့်ချလိုက်တော့ …. သားရဲစီးဟောခန်းက လူတွေအကုန်လုံး ဂိုဏ်းကို ပြန်ကြမယ်။ အသင်္ချေမြို့ကြီးကို စီးပွားရေးကိစ္စလုပ်ဖို့အတွက်ပဲ ချန်ထားခဲ့လိုက်တော့။”

ထိုနှစ်ယောက်သည် အံ့အားသင့်သွား၏။

“ဂိုဏ်းချုပ်”

ရွှဲရမ်ကွေ့က ပြောလိုက်သည်။ “ဝိညာဉ်မျိုးနွယ်တွေ ကျူးကျော်လာတာကို ရင်ဆိုင်ဖို့ အစောင့်အကြပ်ထားမှာ မဟုတ်ဘူးလား။”

“မလိုတော့ဘူး။”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဂြိုဟ်နှစ်ခုကို ချိတ်ဆက်ထားတဲ့လမ်းကြောင်းက လုံးဝစည်းခတ်လိုက်ပြီလေ။ သူတို့လာပြီး တိုက်ခိုက်လို့မရဘူး။”

ဤတစ်ကြိမ်မှာတော့ သူသည် ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီးဆီသို့ ရောက်ရှိပြီး ရတနာများကိုလည်း ရရှိခဲ့၏။ ထို့ကြောင့် ပြည့်စုံသည့်တာဝန်တစ်ခုကို ထမ်းဆောင်ခဲ့သည်ဟုဆိုရမည်။

ပြန်လည်ရောက်ရှိပြီးသည့်နောက်မှာတော့ သူသည် စွေ့ဟွာအား တည်နေရာလမ်းကြောင်းကြီးအား စည်းပြန်ပိတ် ခိုင်းခဲ့၏။ ဆိုလိုသည်မှာ ဤဂြိုဟ်နှစ်ခုသည် ပတ်သက်ဆက်နွယ်မှု လုံးဝမရှိတော့ချေ။

“ကောင်းပါပြီ။”

တစ်ရက်တည်းမှာပဲ သားရဲစီးဟောခန်းမှ လူများနှင့် သားရဲပေါင်းတစ်သိန်းကျော်တို့သည် အသင်္ချေမြို့တွင် တည်ရှိနေရာမှ ဂိုဏ်းဆီသို့ ပြန်သွားခဲ့ကြတော့၏။

မြို့၏ မျှော်စင်တစ်ခုပေါ်တွင် ရပ်တန့်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် ဝိညာဉ်မျိုးနွယ်များ ဝင်ရောက်လာနိုင် သည့် စည်းတည်နေရာကြီးကို လှမ်းကြည့်ပြီးသည့်နောက်မှာတော့ လက်နှစ်ဖက်ကို နောက်သို့ပစ်ကာပြောလိုက်သည်။ “အရာအားလုံးက ပြီးဆုံးသွားပြီ။”

စနစ်က ပြောလိုက်သည်။ “နှင်းဆီဧကရီရဲ့ အမူအကျင့်အရဆိုရင် သူ့ရဲ့ကျင့်ကြံခြင်းအဆင့်တွေ ပြန်ရောက်ပြီဆိုတာနဲ့ ကျိန်းသေပေါက် ကြယ်ကြွေကုန်းမြေတိုက်ကြီးကို လာပြီး မင်းကို ရှာမှာပဲလေ။”

ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာပြောလိုက်၏။ “သူမ လာမယ်ဆိုရင်တောင်မှ နောက်နှစ်ပေါင်းတစ်သောင်းလောက်မှ ဖြစ်လိမ့်မယ်။ ပြီးတော့ ဝိညာဉ်မျိုးနွယ်တွေကို မဖျက်ဆီးခဲ့တာတစ်ခုကပင် သက်ညှာမှုလို့ သုံးသပ်လို့ရပြီ။ တကယ်လို့ ဒီအမျိုးသမီးက လာပြီး လက်စားချေချင် တယ်ဆိုရင် ငါသူမကို လွယ်လွယ်ကူကူနဲ့ လက်လွှတ်ပေးမှာမဟုတ်ဘူး။”

ကျွင်းချောင်ရှောင်းသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ လူတစ်ယောက်ဖြစ်သည်ဟု မိမိကိုယ်ကိုယ် သုံးသပ်ထားပြီး သားဖြစ်၏။ ထို့ကြောင့် ဝိညာဉ်မျိုးနွယ်များ၏ ပတ်သက်ဆက်နွယ်မှုအရဆိုလျှင် ရန်သူဟု သတ်မှတ်နိုင်၏။

စနစ်သည် တီးတိုးရေရွတ်လိုက်သည်။ “သူမက လက်စားချေဖို့ လာမှာမဟုတ်ဘူး။ သူ့ယောကျ်ားကို လာရှာမှာ။”

“ချီးတဲ့မှ။”

ကျွင်းချောင်ရှောင်းက ကြုံးဝါးလိုက်၏။ “ဘာပဲဖြစ်ဖြစ် အနာဂတ်မှာ ဒီကိစ္စမပြောနဲ့တော့။”

……

ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ဆီသို့ သွားသည့်တာဝန်သည် ပြီးဆုံးသွားခဲ့ပြီဖြစ်၏။ ကျွင်းချောင်ရှောင်းအနေနှင့် နှင်းဆီဧကရီကို အညံ့ခံအောင် မပြုလုပ်နိုင်ခဲ့သည်ဆိုသော်လည်း များပြားလှသည့် အရင်းအမြစ်များကို လည်း ရရှိခဲ့သလို သူ၏ အဆင့်သည်လည်း တိုးတက်ခဲ့ရ၏။ ထို့ကြောင့် ဆုလာဘ်များရရှိခဲ့သည့် အိမ်ပြန်ခရီးပင် ဖြစ်တော့သည်။

သူသည် တည်နေရာရွှေ့ပြောင်းမှုအစီအရင်ထဲသို့ ဝင်ရောက်ပြီးသည့်နောက် ပြိုင်စံရှားဂိုဏ်းဆီသို့ ပြန်လာခဲ့သည်။ သို့ပေမဲ့ တည်နေရာရွှေ့ပြောင်းမှုကို ပြုလုပ်နေသည့် အတောအတွင်းမှာပဲ စားပွဲပေါ်တွင် မှတ်တမ်းမှတ်ရာများကို ရေးသားလျက်ရှိနေသော မိန်းကလေးတစ်ယောက်၏ ပုံရိပ်သည် သူ၏ မျက်လုံးထဲ၌ ပေါ်လာ၏။

သူသည် ခေါင်းကို ခါယမ်းကာ နာနာကျင်ကျင် ပြောလိုက်မိသည်။ “ငါသူမကို နန်းပလ္လင်ပြန်ရအောင် ကူညီခဲ့ပြီးပြီ။ ပြီးတော့ ဆုလာဘ်အဖြစ် ရတနာသိုက်ထဲက ရတနာတွေကို ယူခဲ့ပြီးပြီလေ။”

“၅၆၂ ကြိမ်မြောက်ရှိပြီ။” စနစ်သည် သူ့အား သတိပေးလိုက်တော့၏။

……

ဘုတ်

ပြိုင်စံရှားဂိုဏ်း၏ တောင်အနောက်ဘက်မှာတော့ ကျွင်းချောင်ရှောင်းသည် တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ထဲမှ လှမ်းလျှောက်ထွက်လာခဲ့သည်။

လီချင်းယန်၊ ရှောင်ကျီနှင့် တစ်ခြားသော အတွင်းစည်းတပည့်များအားလုံးသည် တစ်ဖက်တစ်ချက်ဆီတွင် ရပ်ကာဖြင့် ပြိုင်တူအော်ဟစ်လိုက်ကြ၏။ “ကြိုဆိုပါတယ်။ ဂိုဏ်းချုပ်”

ရွှဲရမ်ကွေ့နှင့်တောက်ယွမ်တို့သည် ဂိုဏ်းဆီသို့ အရင်ဆုံးပြန်လာခဲ့ပြီဖြစ်သောကြောင့် ဂိုဏ်းချုပ်တစ်ယောက် ပြန်လည် ရောက်ရှိနေပြီဆိုသည့်သတင်းသည် ဂိုဏ်းတစ်ခုလုံးသို့ ပျံ့နှံ့လျက်ရှိနေသည်။

လူမွေးလူရောင်တောက်ပြောင်၍ အဆင့်များတိုးတက်လျက်ရှိနေသော တပည့်များကို ကြည့်ရှုပြီး သည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ပြုံးလိုက်မိ၏။

အိမ်သို့ ပြန်လာရသည့် ခံစားချက်သည် အလွန်တရာပြည့်စုံလွန်းလှသည်။

ကျွင်းချောင်ရှောင်း၏ အသံသည် တောင်၏ အနောက်ဘက်မှ ပေါ်ပေါက်လာခဲ့၏။ “မြန်မြန်။ ဒီညအတွက် စားပွဲပြုလုပ်ကြမယ်။”

“ဂိုဏ်းချုပ်အသက်ရှင်ရက်ပြန်လာတာအတွက် ဂုဏ်ပြုဖို့ စားပွဲအစီအစဉ်ကို ကြိုပြီးပြင်ဆင်ပြီးပါပြီ။ လျှိုဝမ်ရှစ်သည် အပြစ်ကင်းစင်လှသည့် အပြုံးဖြင့် ပြောလိုက်သည်။

“…….” ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားခဲ့၏။

သို့ပေမဲ့ ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီး ထဲတွင် သေမလိုဖြစ်ခဲ့သည့်အကြောင်းအရာများကို ပြန်လည်စဉ်းစားပြီးသည့်နောက်မှာတော့ ဤမိန်းကလေး၏ အသက်ရှင်နိုင်သည့်အတွက် ဂုဏ်ပြုပွဲဆိုသည့် စကားသည် သင့်လျော်လှသည့်အရာဖြစ်ကြောင်းကို နားလည်လိုက်မိသည်။

ဂီး

ထိုအချိန်မှာပဲ ပုံမှန်မဟုတ်သည့် သားရဲတစ်ကောင်၏ အော်သံသည် တောင်အနောက်ဘက်မှ ထွက်ပေါ်လာ၏။ ကျွင်းချောင်ရှောင်းသည် ထိုနေရာကို လှမ်းကြည့်ကာဖြင့် အံ့အားတသင့် မေးလိုက်သည်။ “ဒီသိန်းငှက်က ဘယ်တုန်းက ရောက်လာတာလဲ။”

“ဂိုဏ်းချုပ်”

လီချင်းယန်သည် အလောတကြီး ပြောလိုက်၏။ “ဒါ ဂျူနီယာ ညီလေးရီရဲ့ သိမ်းငှက်ပါ။”

“သူက ဘယ်တုန်းက သိမ်းငှက်ရှိသွားတာလဲ။”

“ဒါ … ဒါကတော့ သေချာမသိပါဘူး။”

“သူ ဘယ်သွားလဲ။”

“ဂျူနီယာညီလေးရီနဲ့ ဂျူနီယာညီလေးရှောင်တို့က လွန်ခဲ့တဲ့ ၃ ရက်က သူရဲကောင်းစာရင်းထဲမှာ ပါဝင်ဖို့ဆိုပြီး သွားပြီး ယှဉ်ပြိုင်တိုက်ခိုက်ကြတယ်လေ။”

ကျွင်းချောင်ရှောင်းသည် မည်သည့်စကားမှ ဆက်၍ မမေးတော့ချေ။ စားသောက်ခန်းဆီသို့ အလျင်အမြန် သွားလိုက်ခဲ့သည်။ အရသာရှိလှသော အစားအစာများကို စားသုံးရန် စောင့်စားပြီးသည့်နောက်မှာတော့ အားရပါးရ လွေးတော့သည်။

လျှိုဝမ်ရှစ်သည် သူ၏ ဘေးတွင် ထိုင်ကာဖြင့် နာကျင်နေသည့်မျက်နှာနှင့် ပြောလိုက်တော့သည်။

“ဂိုဏ်းချုပ်”

“ဖြည်းဖြည်းစားပါအုံး။ ဝိုင်တွေလည်း သောက်အုံး။ မနင်စေနဲ့။”

“အင်း။ ဟုတ်ပြီ … ဟုတ်ပြီ။”

ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် ဝိုင်ခွက်ကို လှမ်း၍ ကိုင်လိုက်သည်။ သို့ပေမဲ့ ဝိုင်ခွက်ကို မြင်လိုက်သည့် အချိန်မှာတော့ နန်းတော်ထဲ၌ နှင်းဆီဧကရီနှင့် လက်ထပ်ခဲ့သော မြင်ကွင်းသည် သူ၏စိတ်ထဲတွင် ပြန်လည်၍ ထင်ပေါ်လာသည်။

ဘုန်း

သူသည် လက်ကို ယမ်းခါလိုက်သည်။ ဝိုင်ခွက်သည် ဘေးတစ်ဖက်ဆီသို့ လွင့်ထွက်သွားခဲ့၏။

ပြီးနောက် တင်းမာခက်ထန်စွာဖြင့် ပြောလိုက်သည်။ “ရိုးရိုးရေပဲ ပြောင်းပေးတော့။”

“အင်း”

လျှိုဝမ်ရှစ်သည် အားဟိုင် ရှိရာဘက်ဆီ တစ်ချက်လှမ်းကြည့်၍ ရေခပ်ခဲ့ရန် အချက်ပြပြီးသည့်နောက်မှာတော့ ဇဝေဇဝါဖြင့် တွေးလိုက်မိ၏။ “ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီးထပြီး စိတ်ဆိုးရတာပါလိမ့်။”

All Chapters