အခန်း (၁၁၄၇)
Vol. 77 Ch. 1147
ကြယ်နှင်ဘုရင်သည် အခြားသူများကို လုယက်ကာ နေထိုင်ရသည် ဖြစ်သောကြောင့် ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီသို့ လာပေလိမ့်သည်။ ကျွင်းချောင်ရှောင်းသည် ထိုအခြေအနေကို သိရှိပြီးနောက် သူ၏ အမူအကျင့်အရ သေဆုံးရမည့် အချိန်ကို ထိုင်၍ မစောင့်နေချေ။ ထိုအစား သွား၍တိုက်ခိုက်ပေလိမ့်မည်။
ခေါင်းတုံးနှင့် သူ၏ လူများကို အကျဉ်းထောင်ထဲတွင် ဖမ်းဆီးထား၏ ထို့ကြောင့် သူ၏ တည်နေရာကို သိရန်မှာ လွယ်ကူလွန်းလှ၏။ သို့လေည်းဖြစ်ကြ၏။ ထို့ကြောင့် ကြယ်နှင်ဘုရင်သည် သူ့လက်မှ ပြေးမလွတ်တော့ချေ။
စနစ်က သတိပေးလိုက်သည်။ "လက်ခံသူအတွက် ဒုတိယ တာဝန်က ကြယ်နှင်ဘုရင်ကို ကိုယ်တိုင်သတ်ဖြတ်ဖို့လေ၊ တစ်ခြားလူတွေကို အကူအညီတောင်းနေရင် အသုံးမဝင်ဘူး"
ကျွင်းချောင်ရှောင်းအနေဖြင့် ရှင်းရှင်းလင်းလင်း အနိုင်ရန်လိုအပ်နေ၏။ မဟုတ်ပါက တာဝန်သည် ပြည့်စုံလိမ့်မည်မဟုတ်ချေ။ နှင်းဆီဧကရီကဲ့သို့ဘေးမှ ကူညီသည်ကိုတော့ အကျုံးဝင်သည်ဟု သတ်မှတ်၍ရ၏။
"ကိစ္စမရှိဘူး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သူတို့ကို သေမလိုအထိရိုက်ခိုက်ပြီး အစာပိတ်လေး ဝင်တွယ်လိုက်မယ်လေ"
ဉာဏ်ကောင်းလှသည့် လူတစ်ယောက် ဖြစ်သည့်အပြင် သူသည် အစာပိတ် ဝင်တွယ်ရသည်ကိုလည်း ကျွမ်းကျင်လို့နေ၏။
“………” စနစ်သည်ဆွံ့အလို့နေသည်။
“ညီငယ်လေး…”
အဖြူရောင် နတ်ဆိုးသည် အတော်ပင်မူးလို့နေပြီ ဖြစ်၏။ “အဲကောင်ဘယ်မှာလဲ။ အခုပဲသွားပြီး တွယ်လိုက်မယ်"
အမဲရောင်နတ်ဆိုးသည် ဆွံ့အလျက်ရှိနေ၏။ အဖြူကောင်သည် အရက်မူပြီးနောက် စွမ်းအင်များ ယုတ်လျော့ကာ သာမာန်လူတစ်ယောက်နီးနီး ဖြစ်နေသည်ကို မေ့လျော့လို့နေလေသည်။
“အလျှင်လိုစရာမလိုဘူး”
ကျွင်းချောင်ရှောင်းသည် ခွက်ကို မြောက်ကာ ပြောလိုက်၏။ “ကျုပ်တို့ ညီအစ်ကိုသုံးယောက် တူတူသောက်လိုက်ကြရအောင်”
“လာခဲ့ .. လာခဲ့”
တညလုံး သောက်စားပြီးနောက် ကျွင်းချောင်ရှောင်းသည် အခန်းတစ်ခုအတွင်းသို့ ဝင်ကာ အိပ်ပျော်သွားလေ၏။ မနက်မိုးလင်းသည့်အချိန်တွင်တော့ ကျွင်းချောင်ရှောင်းသည် စဉ်းစားမိလိုက်သည်၊ သူအိပ်နေသည်မှာ သူ၏ အခန်းမဟုတ်ပေ။
နှင်းဆီဧကရီ၏ အိပ်ခန်းထဲ ဝင်အိပ်နေသည် ဖြစ်ကြောင်းကို သိရှိလိုက်ရ၏။
"ချီးတဲ့မှ"
ကျွင်းချောင်ရှောင်းသည် ကိုယ့်နဖူးကိုယ် ရိုက်ကာ ပြောလိုက်သည် “ငါက ဘယ်လိုဖြစ်ပြီး ကိုယ့်အိပ်ရာကိုယ် ပြန်မအိပ်ရတာလဲ၊ ငါတော့ ရီရှင်းချန်လို ဖြစ်နေပြီ "
ရီရှင်းချန်သည် အလွန်တရာ ဆိုးဝါးသည့် အခြေအနေသို့ ရောက်ရှိနေသည်။ လျှိုဝမ်ရှစ်နှင့် ကျန်းတယ်ကျွင်းတို့သည် ဦးနောက်ကို အကြီးအကျယ် အလုပ်ပေးကာဖြင့် မွေးမြူရေးခြံကို အစီအရင်များဖြင့် ပိတ်ထားသော်လည်း ရီရှင်းချန်သည် ထိုအရာများကို ဖျက်ဆီးကာ ဝင်အိပ်တတ်၏။
နှင်းဆီဧကရီမှာ နိုင်ငံရေးကိစ္စများဖြင့် တစ်ညလုံး မအိပ်ခဲ့ရချေ။ သူမသည် ကျွင်းချောင်ရှောင်းကို အသာလှည့်ကြည့်ကာ ပြောလိုက်သည် "ရှင် အရက်မူးတတ်ရင်လည်း နည်းနည်းပါးပါးလျော့သောက်ပေါ့"
ဤအရာသည် မိန်းမတစ်ယောက်ပီသစွာ ပြောလိုက်သော စကားပင် ဖြစ်တော့၏။ သူမ၏ ယောက်ျားအတွက် စိုးရိမ်ပေးခြင်းသည် မိန်းမတစ်ယောက်၏ တာဝန်ပင် ဖြစ်နေသည် မဟုတ်ပါလား။
ကျွင်းချောင်ရှောင်းသည် နောက်သို့ လှည့်မကြည့်ဘဲ မြန်မြန်ပင် ထိုနေရာမှ ထွက်ခွာခဲ့၏။ ရေအေးအေးနှင့် မျက်နှာသစ်လိုက်ရသည့် အခါမှသာ လန်းဆန်းသွားတော့၏။
နောက်ရက်တွေမှာတော့ သူသည် ကိုယ်ပိုင်နန်းတော်တွင် နေထိုင်ကာ လျို့ဝှက်နယ်မြေ တံခါးပွင့်မည့်အချိန်ကို စောင့်နေလိုက်သည်။
အမဲရောင်နှင့် အဖြူရောင်နတ်ဆိုးတို့သည်လည်း အားမွေးလျက် ရှိနေကြ၏။ ၎င်းတို့သည် ဆယ်ရက်သို့မဟုတ် လဝက်အတွင်း အင်ပါယာစွမ်းအားများကို ပြန်ရရန် မျှော်မှန်းထားကြ၏။
ပြီးခဲ့သည့် တိုက်ပွဲအတွင်း ဝိညာဉ်ကုန်းမြေတိုက်ကြီးသည် အစိတ်စိတ်ကွဲကြေသွားခဲ့၏။ နှင်းဆီဧကရီသည် ထိုကိစ္စများကို အာရုံစိုက်ရင်း ကျွင်းချောင်ရှောင်းကို စနောက်ရန်ပင် အချိန်မရှိခဲ့ချေ။ ထို့ပြင် သူမသည် ရည်မှန်းချက်နှင့် အိမ်မက်ရှိသောသူဖြစ်၏။ အချစ်ကို အလွန်အမင်း စွဲလမ်းတတ်သည့် ဆယ်ကျော်သက် မိန်းကထေို့ပြင် ကျွင်းချောင်ရှောင်းဆိုသည်မှာလည်း သံမဏိလိုမာကြောသော စိတ်ဓာတ်ရှိသူဖြစ်၏။ ထို့ကြောင့် ၎င်းတို့၏ ဆက်နွယ်မှုသည် တည့်တိုးဆန်လှ၏။ ဤအတောအတွင်း တိုးတက်မှုဟူ၍ မရှိချေ။
ငါးရက်ကြာပြီးနောက်မှာတော့ …….
ကျွင်းချောင်ရှောင်းသည် လျို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်ကာ အားမွေးတော့၏။ ပြန်လည်အားမွေးရသည့် လုပ်ငန်းစဉ်မှာ ပျင်းစရာကောင်းလှ၏။ ထို့ကြောင့် သူသည် ထျန်းကျွင်း ဝိညာဉ်သန့်စင်ခြင်း နည်းစနစ်ကို ကျင့်ကြံတော့၏။
ဤကျင့်စဉ်သည် လေဟာနယ်ထဲတွင် သေဆုံးနေသော သိုင်းအင်ပါယာတစ်ယောက် ထံမှ ရရှိထားခြင်း ဖြစ်၏။ သူ့အနေဖြင့် ခက်ခက်ခဲခဲလေ့လာနေရသော အရာလည်း ဖြစ်သည်။
စနစ်က ပြောလိုက်သည် “လက်ခံသူအနေနဲ့ သေချာ ကျင့်ကြံမယ်ဆိုရင် ဝိညာဉ်၊ စိတ်ဝိညာဉ်စွမ်းအင်ဖြန့်ကျက်မှုက တမဟုတ်ချင်း တိုးတက်သွားလိမ့်မယ်”
ကျွင်းချောင်ရှောင်း က ေ"ဒါဆို ငါ ကျောက်ရုပ်ထုကြီး သုံးတဲ့ အချိန်ကြရင် သတိမလွတ်သွားတော့ ဘူးပေါ့။ ငါ့ရဲ့သိစိတ်အတိုင်း ထိန်းသိမ်းထားနိုင်မှာလား"
“ဒါက …”
လက်ခံသူ၏ အတွေးသည် သာမာန်မဟုတ်ချေ။
စနစ်က သေိစိတ်ပင်လယ်ထဲကို ဝင်ပြီး ထိန်းချုပ်သွားတာ။ ပြီးမှ ခန္တာကိုယ်တစ်ခုလုံးကို ထိန်းချုပ်သွားတာ။ ဒီတော့ ဝိညာဉ်နဲ့ ခန္တာကိုယ်ကို သေချာ လေ့ကျင့်ထားမယ်ဆိုရင် ကျောက်ရုပ်ထု စွမ်းအင်ရဲ့ ထိန်းချုပ်ခံရတာကနေ လွတ်မယ်လို့ထင်တယ်"
ကျွင်းချောင်ရှောင်း၏ မျက်လုံးမျာသည် လင်းလက်သွားခဲ့၏။ သူ့အနေဖြင့် အားကောင်းလှသော ရန်သူများနှင့် ရင်ဆိုင်ရသည့် အချိန်တွင် ကျောက်ရုပ်ထုကြီးမှာ သူ၏ အကောင်းဆုံး ဝှက်ဖဲပင် ဖြစ်တော့၏။ ကျောက်ရုပ်ထု၏ လွှမ်းမိုးမှုကိုသာ ခုခံနိုင်ပါ အလွန်ကောင်းသည့် ကိစ္စပင် ဖြစ်ပေလိမ့်မည်။
ဆွစ် ….
ကျွင်းချောင်ရှောင်းသည် အဆောင်ခန်းမကို ဖွင့်လှစ်ပြီး အဆင့်မြင့် အသိအမြင်အဆောင်အား ထုတ်ယူလိုက်၏။ ဤအရာ၏ ဖြည့်စွက်ပစ္စည်းမှာ အဆင့်မြင့် ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးများ ဖြစ်၏။ သို့ပေမဲ့ အဆင့်မြင့် သလင်းအမြူတေ အနည်းငယ်လည်း လိုသေး၏။
"ဒီမိန်းမဆီမှာ ပစ္စည်းကောင်းတွေရှိနိုင်တယ်"
သူသည်ရတနာသိုက်အထဲသို့ ခိုးဝင်ခဲ့စဉ်က စိတ်ဝိညာဉ်ကျောက်တုံး ၊ကျောက်ရိုင်းနှင့် သလင်းအမြူတေများကို ရရှိခဲ့၏။ ထိုအရာများမှာ မများသော်လည်း မနည်းလှချေ။
…….
ကျွင်းချောင်ရှောင်းသည် တစ်နှစ်နီးပါး အားဖြည့်ပြီးနောက် အင်ပြည့်အားပြည့်နှင့် သူ၏ အိပ်ခန်းဆီမှ ထွက်လာခဲ့၏ ။ သူသည် နှင်းဆီဧကရီတွင် အဆင့်မြင့် သလင်းကျောက်များ ရှိ၊ မရှိမေးမြန်းရန် ထွက်လာခဲ့ခြင်း ဖြစ်၏။
အခန်းတွင်တော့ သဲမြေပုံငယ်လေးတစ်ခုရှေ့တွင် ရပ်လျက်ရှိနေသော နှင်းဆီဧကရီကို မြင်လိုက်ရသည်။
"ဒါက ဘာလဲ"
"ဒါက ဝိညာဉ်ကုန်းမြေတိုက်ကြီးရဲ့ မြေပုံလေ"
ကျွင်းချောင်ရှောင်းသည် လှမ်းလျောက်လာပြီး အံ့အားတသင့်နှင့် ပြောလိုက်သည် "အဲလောက်ကြီး ဖြစ်သွားတာလား"
နှင်းဆီဧကရီ၏ မျက်လုံးများ ချာချာလည်သွားတော့၏။ "ရှင့်ရဲ့ သွေးသောက်ညီအစ်ကို နှစ်ယောက်ကသာ ရှင့်ကို မထိန်းထားဘူး ဆိုရင် ဒီထက်ပိုပြီး ပျက်စီးနေလောက်တယ်”
“…….”
ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွားသည်။
နှင်းဆီဧကရီ က ပြောလိုက်သည် “အရင်တုန်းက ကျွန်မတို့ဝိညာဉ်ကုန်းမြေတိုက်ကြီးက ရှင်တို့ ကြယ်ကြွေကုန်းမြေတိုက်ကြီးကို တစ်ခါ ကျူးကျော်ဖူးတယ်။ အခုတော့ ရှင့်ကြောင့် ဒီလို ပျက်ဆီးသွားခဲ့ရပြီ ဆိုတော့ ကျေပြီနော်"
"ချီးတဲ့မှ …. ဘာကိုကျေရမှာလဲ"
ကျွင်းချောင်ရှောင်းသည် ပြန်ကာပြောလိုက်၏။ "ခင်ဗျားတို့က ကျူးကျော်တာ၊ ကျုပ်က ကူညီဖို့လာတာ မတူဘူး"
"ဒါဆို ကျမရဲ့ ရတနာသိုက်ထဲက ရတနာ တစ်ဝက်ကို ယူသွားတာကကော" နှင်းဆီဧကရီသည် ပြန်လည်ကာ မေးမြန်းလိုက်သည်။
ကျွင်းချောင်ရှောင်းသည် ထိုကိစ္စနှင့်ပတ်သက်ပြီး သူမနှင့် ပြိုင်မငြင်းလိုပေ။ ထို့ကြောင့် အကြောင်းအရာကို ပြောင်း၍ ပြောလိုက်၏။ "ခင်ဗျားဆီမှာ အဆင့်မြင့် သလင်းကျောက်တွေရှိလား"
"ရှိတယ်"
"ရှိရင် ကျုပ်ကို ပေးပါလား" ကျွင်းချောင်ရှောင်းသည် ပြောလိုက်သည်။
နှင်းဆီဧကရီသည် သူ့အား စူးစိုက်ကြည့်လိုက်၏။ ပြီးနောက် ပြောလိုက်၏ ။ "ကျွန်မက ဘာလို့ပေးရမှာလဲ"
“ဘာလို့လဲဆိုတော့ ….”
ကျွင်းချောင်ရှောင်းသည် ခဏလောက် စဉ်းစားပြီး ပြောလိုက်သည် "ကျုပ်က ဝိညာဉ်ကုန်းမြေတိုက်ကြီးကို ကယ်တင်ခဲ့လို့ပဲ။ ပြီးရင် ဟို ချောမောလှတဲ့လူ နောက် လိုက်မလို့"
စနစ်သည် ဆွံ့အသွား၏။ "သူမရဲ့အကူအညီမပါရင် မင်းကျောက်ရုပ်ထုကို အသက်သွင်းရင်တောင် နိုင်မှာမဟုတ်ဘူး။ ဒီကုန်းမြေတိုက်ကြီးကို လူနှစ်ယောက်က ကယ်တာကွ၊ မင်းတစ်ယောက်ထဲ မဟုတ်ဘူး"
နှင်းဆီဧကရီသည် ပြုံးလိုက်၏။ "အင်း …. ရှင် ဘယ်လောက်လိုအပ်တာလဲ"
စနစ်သည် ကိုယ့်ပါးကိုပင် ရိုက်ချင်စိတ်ပေါက်သွား၏။ နှင်းဆီဧကရီသည်လည်း ကျွင်းချောင်ရှောင်း ကဲ့သို့ မတူညီသည့် အတွေးအခေါ်မျိုး ရှိလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။ ထို့ကြောင့် ဆိုရိုးစကားပင် ရှိခဲ့၏ ။ `သူများလင်မယားကြား ဝင်မပါနဲ့´ဟူ၍ပင်ဖြစ်သည်။
"ခင်ဗျားဆီမှာ ရှိသလောက်ယူမယ်လေ"
မြင်ကွင်းသည် ရုတ်တရက် ပြောင်းလဲသွားခဲ့၏။ ကျွင်းချောင်ရှောင်းသည် ကြက်သေ ေ"လုံလောက်ပြီလား"
စနစ်သည် သက်ပြင်းချလိုက်၏။ "ဒီလောက်ကောင်းတဲ့ မိန်းမရှိနေတာကို မင်းက ဘာလို့ကလန်ကဆန် လုပ်နေရတာလဲ"
ကျွင်းချောင်ရှောင်းသည် သလင်းအမြူတေများကို သိုလှောင်လက်စွပ်ထဲသို့ထည့်ပြီး အသိအမြင်အဆောင်ကို သန့်စင်တော့၏။ ပြီးနောက်သူသည် ပြောလိုက်သည်။ "ကျုပ်အနေနဲ့ ဒီအခွင့်အရေးကို အလကား မယူပါဘူး။ ခင်ဗျား အနေနဲ့ ဘာအကူအညီလိုလဲဆိုတာ ကျုပ်သိချင်တယ်"
"သွေးချင်းပတ်သက်နေတဲ့ ညီအစ်ကို ဆိုရင်တောင်မှ ယူစရှိတာယူပြီးရင် ပေးစရာရှိတာ ပြန်ပေးရတယ်။ ကိုယ်လက်ထပ်ထားတဲ့ မိန်းမဆိုတော့ ပိုဆိုးတာပေါ့" စနစ်သည် ဝင်ပြောလိုက်၏။
ကျွင်းချောင်ရှောင်းသည် ပေါက်ကွဲကာ ထအော်လိုက်သည်။ "မင်း ဝင်မပြောရရင် သေသွားမှာ မို့လို့လား"
"ဟုတ်တယ် သေသွားမှာပေါ့..."
စနစ်သည် သူ့အား အမြဲ နားပူနားစာ လုပ်နေသည်။ ကုန်းရှန့်သည် စိတ်ပိုင်းဆိုင်ရာ အလွန်ပေါက်ကွဲနေမိ၏။
နှင်းဆီဧကရီသည် မြေပုံကို ကြည့်ပြီး ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ "ကျွန်မရဲ့ဝိညာဉ်ကုန်းမြေတိုက်ကြီးကို အရင်အတိုင်း ပြန်ဖြစ်စေချင်တာ၊ ကူညီပေးနိုင်မလား"
"ကူညီပေးနိုင်တာပေါ့" ကျွင်းချောင်ရှောင်းသည် ဂုဏ်ယူစွာနှင့်ပြောလိုက်သည်။
နှင်းဆီဧကရီသည် သူအား ကြောင်တောင်နှင့် ကြည့်လိုက်၏။
ကျွင်းချောင်ရှောင်းသည် မြေပုံဆီသို့လျှောက်သွားပြီး နေရာအချို့ကို လက်ညိုးညွှန်ကာ ပြောလိုက်သည်။ "ဒီနေရာတွေက ပြန်ပြီးပြင်ဆင်ဖို့ခက်တယ်လေ တစ်နေရာနဲ့တစ်နေရာ ချိတ်ဆက်ဖို့ကတော့ ကျုပ်ကူညီပေးမယ်။ ဒါဆိုရင် အနည်းဆုံးတော့ ပြန်ပြီး ဆက်စပ်မိသွားမှာပဲ"