အခန်း (၁၁၄၄)
Vol. 77 Ch. 1144
သတိပြန်လည်ရရှိလာခဲ့ပြီဖြစ်သော ကျွင်းချောင်ရှောင်းသည် အားနည်းလျက်ရှိနေတော့၏။ သူ့အနေနှင့် တစ်ဖက်လူ ကောက်ချီလိုက်သည်ကိုပင် ပြန်လည်ခုခံနိုင်စရာ အားအင်မျိုးပင် မရှိတော့ချေ။ အဓိကအားဖြင့် သူသည် ကြမ်းတမ်းလှသော စွမ်းအင်များ၏ လွှမ်းမိုးမှုကို ခံရပြီးသည့်နောက်မှာတော့ သုံးရက်တိုင်တိုင် စည်းအတားအဆီး အစီအရင်ကြီးကို ရူးရူးမူးမူးထိုးနှက်နေခဲ့တော့၏။
အဖြူရောင်နှင့်အမဲရောင်နတ်ဆိုးတို့သည်မှာ ပို၍ပင် ဆိုးလို့နေ၏။ ပြင်းထန်စွာ ရိုက်နှက်နှိပ်စက်ခြင်းကို ခံရပြီးသည့် နောက်မှာတော့ သုံးရက်တိတိ အစီအရင်ကြီးကို တည်ငြိမ်အောင် ထိန်းချုပ်ခဲ့ရသေး၏။ လက်ရှိအခြေအနေမှာတော့ ၎င်းတို့၏ မျက်နှာတစ်ခုလုံးသည် ဖြူရော်လျက်ရှိနေပြီး အလွန်အမင်းလည်း အားနည်းလျက်ရှိနေတော့၏။ ပုံမှန်လမ်းလျှောက်နိုင်သည်ကပင်လျှင် အံ့အားသင့်စရာဖြစ်လို့နေသည်။
ဤအရာသည် နားလည်မှုလွဲမှားခြင်းပင် ဖြစ်နေသည်လား။ ၎င်း၏ ရှင်းပြချက်ကို သေသေချာချာ နားထောင်ရမည် လား။
“နားမထောင်နဲ့။ နားမထောင်နဲ့။”
အဖြူရောင်နတ်ဆိုးအနေနှင့် အတွေးတစ်ခုထဲသာ တည်ရှိနေ၏။ ဖြစ်နိုင်သမျှ ၎င်းခံစားရသည့် ခံစားချက်များအားလုံး ကို ပြန်လည်၍ ကလဲ့စားချေနိုင်ရန်အတွက် တစ်ဖက်လူအား ပြန်လည်နှိပ်စက်ရန်ပင် ဖြစ်တော့၏။ လက်ရှိ သူ၏အခြေအနေသည် အလွန်တရာ ဆိုးဝါးလွန်းလှသည်ဆိုသော်လည်း သူ့ထက် အားနည်းနေပြီဖြစ်မေဖြစ်နိုင်တော့ပေ။
သူမအနေနှင့် ကျိန်းသေပေါက် သဘောမတူရုံတင်မက အဖြူရောင်နတ်ဆိုး၏ လည်ပင်းပေါ်ကိုပင် ဓားသွားကြီး တင်ထားသေး၏။ သူမ၏ အေးစက်သည့်မျက်လုံးများမှာ ဖော်ပြနေသည်မှာ သူ့ကို ထိလျှင် သတ်ပစ်မည်ဆိုသည့် အကြောင်းအရာပင် ဖြစ်ပေ၏။
…..
အဖြူရောင်နတ်ဆိုး၏ မျက်နှာတစ်ခုလုံးသည် ဇဝေဇဝါအမူအရာများနှင့် ဖြစ်တည်သွားခဲ့သည်။ သိုင်းကျမ်းစာအကြွင်း အကျန်တစ်ခုအတွက် သူသည် ကောင်းကင်နယ်မြေကြီးပြောင်းပြန်လည်ခြင်းနည်းစနစ်ကို အသုံးပြုကာ သေမျိုးလောက ဆီသို့ ရောက်ရှိလာခဲ့သည်။
ပြီးသည့်နောက်မှာတော့ ရောက်ရောက်လာချင်းမှာပဲ ကျွင်းချောင်ရှောင်း အနက်ကောင်၏ ကြမ်းကြမ်းတမ်းတမ်း ရိုက်နှက်ခြင်းကို ခံခဲ့ရသည့်အပြင် လက်ရှိအခြေအနေမှာတော့ မိန်းမတစ်ယောက်၏ ချိန်းခြောက်ခြင်းကိုလည်း ခံနေရသေး၏။ သောက်ကျိုးနည်းလေစွ။
ရွှီ
သူသည် လက်ကိုအသာလွှတ်ပေးပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း၏ ပခုံးပေါ်တွင်ရှိသော ဖုန်များကို အသာပုတ်ကာ သုတ်ပေးလိုက်၏။ ပြီးနောက် ပြောလိုက်တော့သည်။ “ဒီလိုချောမောလှတဲ့လူငယ်လေးတစ်ယောက်ကို ငါက ဘယ်လိုလုပ် နှိပ်စက်ရိုက်နှက်နိုင်မှာလဲ။”
သူ့အနေနှင့် ဤကဲ့သို့ ပြောဆိုရသည်မှာ အကြောင်းအရင်းရှိလှပေသည်။ သူ့အနေနှင့် ကျွမ်းကျင်သူတစ်ယောက်ဖြစ် သည်မို့ အခြေအနေနှင့်အချိန်အခါကိုလည်း နားလည်ရပေလိမ့်မည်။
ကျွင်းချောင်ရှောင်းသည် အလွန်တရာ အားနည်း လွန်းလှသည်။ သို့ပေမဲ့ ထို့ကြောင့် ၎င်းအား လွှတ်ပေးလိုက်ပြီးသည့်နောက်မှာတော့ ခန္ဓာကိုယ်သည် မည်သို့မျှ မထိန်းသိမ်းနိုင်ဘဲ ပြုတ်ကျသွားခဲ့တော့သည်။
နှင်းဆီဧကရီမှာ အချိန်မီလှမ်း၍ ဖမ်းကာဖြင့် ကြင်နာစွာ ပြောလိုက်တော့၏။ “အနာဂတ်မှာ ရှင် ဒုက္ခိတဖြစ်သွားမယ်ဆိုရင်တောင်မှ ကျွန်မက ဘဝတစ်ခုလုံး ဂရုစိုက်ပေးထားမှာ။”
“…..”
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ထကာ အော်ချင်စိတ်ပေါက်သွား၏။ သို့ပေမဲ့ သူ၏ခန္ဓာကိုယ်အခြေအနေသည် ထိုသို့ ပြုလုပ်ရန် အခွင့်အရေးမရှိချေ။
အလွန်ပြင်းထန်လွန်းလှသော ပင်ပန်းနွမ်းနယ်မှုများအားလုံးသည် နှလုံးသားထဲတွင် ဖြစ်တည်လာပြီးသည့်နောက်မှာ တော့ ဘေးတစ်ဖက်ဆီသို့ ဦးခေါင်းကြီးစောင်းကာဖြင့် သတိလစ်မေ့မျောသွားခဲ့တော့သည်။
…..
တည်နေရာကြီးတစ်ခုလုံး ကွဲကြေပြီး အစိတ်စိတ်အပိုင်းပိုင်းဖြစ်စေခဲ့သည့် တိုက်ပွဲကြီးတစ်ခုသည် အလုံးစုံ ပြီးမြောက် သွားခဲ့ပြီဖြစ်သည်။ ဤကဲ့သို့သော တိုက်ပွဲကြောင့် ဖြစ်ပေါ်ခဲ့ရသည့် ထိခိုက်မှုများသည်လည်း အလွန်တရာပြင်းထန်လွန်းလှ၏။
ဥပမာအားဖြင့် မူလအားဖြင့် ပြည့်စုံလျက်ရှိနေသော ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီးတစ်ခုလုံးသည် အစိတ်စိတ် အပိုင်းပိုင်းဖြစ်လို့နေခဲ့ပြီး ပင်လယ်၏ အခြားတစ်ဖက်ဆီသို့ မိခင်၏ ခန္ဓာကိုယ်ဆီမှ ခွဲထွက်ကာ အစိတ်အပိုင်း အများကြီးအဖြစ် ကွဲထွက်သွားခဲ့တော့သည်။
အဆိုးဆုံးမှာ ကျွင်းချောင်ရှောင်းနှင့် ချောမောလှသည့်လူတို့ တိုက်ခိုက်ခဲ့သည့်တည်နေရာပင်ဖြစ်တော့၏။ တည်နေရာ ကြီးတစ်ခုလုံးသည် အလွန်တရာ ပျက်ဆီးလျက်ရှိနေပြီး မြေပြင်ပေါ်တွင် တွင်းပေါင်းများစွာနှင့် ပြည့်လို့နေ၏။ အချိန်အတော်ကြာသည်အထိ ဤနေရာကြီးသည် မူလအခြေအနေအတိုင်း ပြန်လည်ကောင်းမွန်ရန်ဆိုသည်မှာ အလွန်တရာခက်ခဲပေလိမ့်မည်။
ကောင်းမွန်သည့်အရာသည် တစ်ခုသာရှိတော့၏။ ဒီထက်ပို၍ ဆိုးရွားသည့်အရာမျိုး ဖြစ်ပေါ်မလာသည်ကို ကြိတ်၍ ကျေနပ်မိနေခြင်းပင်။
သို့ပေမဲ့ တိုက်ပွဲပြီးသွားပြီးသည့်နောက်မှာတော့ ကုန်းမြေတိုက်ကြီးတွင်ရှိသော စိတ်ဝိညာဉ်စွမ်းအင်များ အားလုံးသည် ပြင်းပြင်းထန်ထန်နှင့် ထိခိုက်သွားခဲ့တော့၏။ ထို့ကြောင့် အသက်ရှင် နေထိုင်ဖို့ ပတ်ဝန်းကျင်သည် ယခင်ကထက်ပင် ပိုမို၍ ဆိုးရွားသွားခဲ့တော့သည်။
နန်းတော်ဆီသို့ ပြန်လည်ရောက်ရှိပြီးသည့်နောက်မှာတော့ နှင်းဆီဧကရီသည် တစ်လောကလုံးတွင်ရှိနေသော သတင်း ပို့ချက်များကို နားထောင်ခဲ့၏။
သူမသည် အိပ်ခန်းထဲတွင် အသာထိုင်လိုက်ပြီးသည့်နောက်မှာတော့ မျက်မှောင်ကုတ် ကာ သက်ပြင်း ချလိုက်မိသည်။ ကျွင်းချောင်ရှောင်းနှင့်အတူ ပေါင်းစပ်ပြီး တိုက်ခိုက်ကာဖြင့် ချောမောလှသည့်လူအား ထွက်ပြေးအောင်ပြုလုပ်ခဲ့သည် ဆိုသော်လည်း သူမတို့ ကုန်းမြေတိုက်ကြီး၏ ကပ်ဘေးကြီးကို မရှောင်လွှဲနိုင်ခဲ့ချေ။
ဤလောကကြီးတစ်ခုလုံး၏ အုပ်စိုးသူ ဧကရီတစ်ပါးဖြစ်သည်မို့ သူမအနေနှင့် ဤလောကကြီးတစ်ခုလုံး ဆုတ်ယုတ် သည့်အခြေအနေမျိုးကို ဖြစ်သွားသည်ကို မည်ကဲ့သို့ စိတ်မပူဘဲ နေမည်နည်း။
လက်ထဲတွင် ရှိသော သတင်းပို့သည့် အချက်အလက်များကို အသာချပြီးသည့်နောက်မှာတော့ အသာလှည့်ကာ ကျွင်းချောင်ရှောင်းကို ကြည့်လိုက်၏။
ကျွင်းချောင်ရှောင်းသည် အိပ်ရာပေါ်တွင် နှစ်ရက်တိတိ သတိလစ်မေ့မျောလျက်ရှိနေသည်။ သူမသည် သတိလစ်လျက် ရှိနေသော ကျွင်းချောင်ရှောင်း၏ ရင်ဘတ်ပေါ်တွင် မျက်နှာလေးစောင်းငဲ့တင်ကာဖြင့် တီးတိုးပြောလိုက်သည်။ “ယောက်ျား … ဘာဆက်လုပ်ရမလဲ။”
ကံကောင်းစွာဖြင့် ကုန်းရှန့်သည် သတိလစ်မေ့မျောနေသည်။ မဟုတ်ပါက ကျိန်းသေပေါက် သူမအား တွန်းဖယ်ကာ ပြောပေလိမ့်မည်။ “ကျုပ်တို့က သန့်သန့်ရှင်းရှင်းလူတွေလေ။ တစ်ယောက်နဲ့တစ်ယောက်နဲ့ မထိတွေ့ဘဲ နေကြရအောင်။”
…..
ကျောက်ရုပ်ထု၏ စွမ်းအားများသည် ဘေးထွက်ဆိုးကျိုးမှာ ယခင်ကထက် ပိုမိုကာ ပြင်းထန်လွန်းလှ၏။ ကျွင်းချောင်ရှောင်းသည် ငါးရက်တိတိသတိလစ်မေ့မျောပြီးသည့်နောက်မှာမှ ပြန်လည်နိုးထလာခဲ့တော့၏။
နှင်းဆီဧကရီသည် သူမအား အိပ်ရာပေါ်တွင် သေသေချာချာ ဂရုစိုက်ပြုစုထားခဲ့တော့၏။ မနက်ခင်းအစည်းအဝေး များကိုပင် မတက်ရောက်ခဲ့ချေ။
“ဘာတွေရယ်နေတာလဲ။”
“ရှင်ပြန်လာနိုင်လို့ ရယ်နေတာပေါ့။”
“ငါက မင်းကို ကူညီဖို့အတွက် ပြန်လာတယ်လို့ထင်မနေနဲ့။ ငါ့ကိုယ်ငါ ကူညီဖို့အတွက် ပြန်လာတာလေ။”
“ဘာအကြောင်းအရာပဲ ဖြစ်ဖြစ် ကျေးဇူးတင်ရမှာပဲလေ။ ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီးကို ကူညီတဲ့အတွက် ကျေးဇူးပါပဲ။”
…..
ဤအမျိုးသမီးနှင့် အနည်းငယ်လှမ်းသည့်နေရာတစ်ခုတွင် ထိုင်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည်မှာတော့ သူ၏ အားနည်းလှသည့်ခန္ဓာကိုယ်ကို ထိန်းချုပ်ကာဖြင့် အိပ်ခန်းထဲမှ အသာလျှောက်ထွက်လိုက်တော့၏။ ပြီးသည့် နောက် အပြင်ဘက်တွင်ရှိနေသော သေးငယ်လှသည့် ခန်းမဆောင်လေးထဲတွင် ထိုင်ချလိုက်၏။
နှင်းဆီဧကရီသည် အိပ်ခန်း၏ ပြတင်းပေါက်တွင် မတ်တပ်ရပ်ပြီးသည့်နောက်မှာတော့ လူငယ်အား ပြုံးကာ ကြည့်ရှုလျက်ရှိနေသည်။ “ငါယောက်ျားက တော်တော်ချောတာပဲ။”
သွားပြီ။
ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်၏ ဘုရင်မသည် အချစ်၌ ကျရှုံးသွားခဲ့ပြီဖြစ်သည်။ သူမ၏ အစစ်အမှန်ခံစားမှုသည် ကျွင်းချောင်ရှောင်းတစ်ယောက် ရုတ်တရက် ရောက်ရှိလာပြီး သူမကိုကာကွယ်ပေးခြင်းကြောင့် မဟုတ်ချေ။ ၎င်းတို့ နှစ်ယောက်သည် အစကတည်းက တွေ့ဆုံခဲ့ပြီးကတည်းက တဖြည်းဖြည်းချင်း ဤခံစားချက်များကို တည်ဆောက်ခဲ့ရသောကြောင့်ပင်။
“ငါ့ရဲ့လက်ရှိအခြေအနေကနေ ပြန်ကောင်းဖို့အတွက် ဘယ်လောက်ကြာလိမ့်မလဲ။”
သေးငယ်လှသည့် ခန်းမဆောင်လေးထဲတွင် ထိုင်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် စိတ်ပျက်လက်ပျက်ဖြင့် မေးလိုက်မိ၏။
စနစ်က ပြောလိုက်သည်။ “တစ်နှစ် ၊ တစ်နှစ်ခွဲလောက် ကြာလိမ့်မယ်။”
“….…..”
ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်ကာဖြင့် ပြောလိုက်သည်။ “မျက်နှာပေါ်မှာ ချောမောသူ ဆိုပြီး ရေးထားတဲ့ လူရဲ့ လူက ထပ်ပြီးလာနိုင်သေးတယ်။ ငါကြယ်ကြွေကုန်းမြေ တိုက်ကြီးကို မြန်မြန်ပြန်မှဖြစ်မယ်။”
စနစ်က ပြောလိုက်သည်။ “လက်ရှိ လက်ခံသူရဲ့ ခန္ဓာကိုယ်အနေအထားကို ကြည့်ရတာ ပြန်လည်ကောင်းမွန်လာဖို့အတွက် အချိန်တော်တော် ကြာကြာယူရလိမ့်မယ်။”
“တကယ်လား။”
“မင်းဘာမင်း စဉ်းစားလေ။ ငါက မင်းကို လိမ်နေတယ်လို့ ထင်နေလို့လား။”
စနစ်သည် အမြဲတမ်း ကျွင်းချောင်ရှောင်းအား နှိမ့်နှိမ့်ချချ ပြောဆိုဆက်ဆံတတ်သည်ဆိုသော်လည်း အကူအညီတော့ တော်တော်ပေးခဲ့သည်။ ထို့အပြင် နေ့စဉ်နေ့တိုင်း ရင်နာရသည့် အခြေအနေကိုလည်း သည်းခံရသေး၏။ ဤကဲ့သို့သော စနစ်မျိုးသည် ကောင်းမွန်လှသည့်စနစ်ပင် ဖြစ်ပေလိမ့်မည်။ တစ်ခါတစ်ရံ စောဒကတက်သည့် ကိစ္စမျိုးကိုတော့ ခွင့်လွှတ်ပေးရပေလိမ့်မည်။
“အဲလူ မလာဘူးဆိုရင်တောင်မှ ငါ့အနေနဲ့ ဖြစ်နိုင်သမျှ အမြန်ဆုံး ဒဏ်ရာတွေကို ပြန်ပြီးကောင်းအောင် လုပ်မှဖြစ်မယ်။”
ကျွင်းချောင်ရှောင်းသည် အချိန်နှင့်တည်နေရာလျှို့ဝှက်နယ်မြေကို အသုံးပြု၍ သူ၏ အားနည်းနေသည့်အခြေအနေကို ကုန်ဆုံးသွားရန် စဉ်းစားထားခဲ့၏။ သို့ပေမဲ့ တစ်လကုန်ဆုံးရန်အတွက် ရက်အနည်းငယ် လိုအပ်နေသေးသည်။ ထို့ကြောင့် အချိန်နှင့်တည်နေရာလျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်ရန်အတွက် သူသည် ခနတာ စောင့်ရပေလိမ့်မည်။
“ကောင်းပြီ။ ငါရိုက်နှက်ခဲ့တဲ့ လူနှစ်ယောက်က ဘယ်သူတွေလဲ။”
“သူတို့က ဖြတ်သွားဖြတ်လာလူတွေပဲလေ။”
တိတိကျကျ ပြောရမယ်ဆိုရင် အမဲရောင်နှင့်အဖြူရောင်နတ်ဆိုးတို့သည် တိုက်ခိုက်ပွဲကို လာရောက်ကြည့်ရှုကြခြင်းပင် ဖြစ်သည်။ သို့ပေမဲ့ ကြည့်ရှုရန်လာပြီးသည့်နောက်မှာတော့ ဝမ်းနည်းဖွယ်ရာ ဖြစ်ပေါ်ခဲ့ရသည်။ ၎င်းတို့သည် အရိုက်အနှက် ခံခဲ့ရ၏။
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာပြောလိုက်သည်။ “ငါ စိတ်ဖောက်ပြန်နေတဲ့အချိန်မှာ နှစ်နာရီတိတိ သူတို့ကို ရိုက်ခဲ့တယ်ဆို။ ဒါပေမဲ့ အဲ့လိုရိုက်နှက်ခံရတာကိုမှ သူတို့က အစီအရင်တစ်ခုကို ဖန်တီးပြီးတော့ ငါ့ကို ထိန်းချုပ်ထားခဲ့တယ်ဆိုတော့ သူတို့ရဲ့ အားအင်အဆင့်က မရိုးရှင်းဘူးပဲ။”
“မရိုးရှင်းတာထက်တောင် ပိုသေးတယ်။”
စနစ်က ပြောလိုက်သည်။ “ကြောက်ဖို့ကောင်းတယ်လို့တောင် ငါတွေးမိတယ်။”
ကျွင်းချောင်ရှောင်းသည် ဘာတွေဖြစ်ပျက်ခဲ့သည်ဆိုသည်ကို မမှတ်မိချေ။ သို့ပေမဲ့ ဤလူနှစ်ယောက်တို့သည် သူ၏ ပက်ပက်စက်စက် ရိုက်နှက်ခြင်းကို အချိန်အတော်ကြာခံယူပြီးသည့်နောက်မှာတော့ မည်သည့်အရာမှ မဖြစ်ပေါ်ခဲ့ချေ။ ကျိန်းသေပေါက် မွန်းစတားများသာ ဖြစ်ပေလိမ့်မည်။
“သူတို့နှစ်ယောက်က ဘယ်နေရာမှာလဲ။”
“နှင်းဆီဧကရီက ထောင်ထဲမှာ ဖမ်းချုပ်ထားတယ်။”
ကျွင်းချောင်ရှောင်းသည် အကျဉ်းထောင်ဆီသို့ သွားလိုက်၏။
အထဲသို့ လျှောက်ဝင်ဝင်ချင်းမှာပဲ အဆင့်အတန်းမြင့်မားလှသော အကျဉ်းထောင်ထဲတွင် ခြေချိတ်ကာထိုင်လျက်ရှိနေသော အဖြူရောင်နှင့်အမဲရောင် နတ်ဆိုးတို့ကို မြင်လိုက်ရသည်။
၎င်းတို့၏ ခန္ဓာကိုယ်တစ်ခုလုံးကို ကြီးမားလှသည့် ချိန်းကြိုးကြီးများဖြင့် ချည်နှောင် ထားခဲ့သည်။ ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်သည် ဖိနှိပ်ခံထားရသည်ဆိုလျှင်တောင်မှ အားအင်အဆင့်နှင့် ဤနေရာကို လွယ်လွယ်ကူကူ ချိုးဖြတ်ထွက်နိုင်၏။ သို့ပေမဲ့ စည်းအစီအရင်ကို အချိန်အတော်ကြာ တည်ငြိမ်အောင် ထိန်းချုပ် ရသည် ဖြစ်သောကြောင့် အလွန်တရာ အားနည်းသည့်အခြေအနေမျိုးကို သက်ရောက်နေခဲ့တော့သည်။ ထို့ကြောင့် အကျဉ်းသားတစ်ယောက်အဖြစ် ငြိမ်ငြိမ်သက်သက် နေထိုင်နေခြင်းသာဖြစ်၏။
“ဆိုးလိုက်တာ။”
ကျွင်းချောင်ရှောင်းက တွေးလိုက်သည်။ “သူတို့က ပြိုင်စံရှားဂိုဏ်းရဲ့ အကျဉ်းထောင်ထဲမှာ ချုပ်ထားလိုက်ရမှာ။ ဒါမှ ကျိုးဒူဒူတစ်ယောက် အခန်းဖော်အသစ် တွေရမှာလေ။”
“ခင်ဗျားတို့နှစ်ယောက်”
သူသည် အသာထိုင်ကာဖြင့် ပြောလိုက်၏။ “ကျုပ် တကယ်တောင်းပန်ပါတယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့တာမျိုးမဟုတ်ပါဘူး။”
ဤနှစ်ယောက်သည် အလွန်တရာအားကောင်းလွန်းလှ၏။ ထို့ကြောင့် ပါရမီရှင်များအားလုံးကို နှစ်သက်သဘောကျ တတ်သော သူသည် ၎င်းတို့နှင့် ကောင်းမွန်သည့် ရင်းနှီးပတ်သက်မှုမျိုးရှိအောင် ဖန်တီးထားနိုင်မှာ ဖြစ်ပေလိမ့်မည်။ ဖြစ်နိုင်မည်ဆိုလျှင် သူ၏ ဂိုဏ်းထဲသို့ လှည့်စားကာ ဝင်ရောက်စေရန် စဉ်းစားထားမိသည်။
“ဟမ့်” အမဲရောင်နတ်ဆိုးသည် နှာခေါင်းရှုံ့လိုက်မိ၏။
အဖြူရောင်နတ်ဆိုးသည် ဒေါသတကြီးပြောလိုက်သည်။ “အမှိုက်လေး …. ဘာမှန်းမသိတဲ့အကြောင်းအရာကြောင့် ငါတို့နှစ်ယောက်က မင်းကို ခွင့်လွှတ်ထားခဲ့တာပဲ။ မဟုတ်ရင် ပုရွက်ဆိတ် လေးတစ်ကောင်လို လွယ်လွယ်ကူကူ ဖိနင်းပစ်မယ်။”
“တစ်ချက်ကြည့်လိုက်တာနဲ့ ခင်ဗျားတို့နှစ်ယောက်က အရမ်းကို အဆင့်အတန်းမြင့်မားပြီး ကျွမ်းကျင်လှတဲ့ လူတွေ ဖြစ်မှန်း သိသာပါတယ်။”
ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ကာ ပြောလိုက်သည်။ “သဘာဝအားဖြင့် ဒီလိုလူတွေက ကျုပ်လို နိမ့်ကျလှတဲ့အဆင့်အတန်းနဲ့ လိုက်ပြီးတော့ နှိုင်းယှဉ်မနေပါနဲ့တော့။”
အမဲရောင်နှင့်အဖြူရောင်လူတို့သည် သွေးအန်လုမတတ်ပင် ဖြစ်သွားခဲ့၏။
မင်း အနက်ကောင်အဖြစ် ပြောင်းသွားတုန်းက ငါတို့ကို သေမတတ် ရိုက်နှက်ခဲ့သေးတယ်လေ။
အချက်အလက်အားဖြင့် ၎င်းတို့သည် အထက်နယ်မြေဆီမှ မဟုတ်ဘဲ သာမန်အားကောင်းလှသည့် ခန္ဓာကိုယ်မျိုးသာ ပိုင်ဆိုင်သည်ဆိုပါက အကြိမ်ပေါင်းတစ်ထောင်ကျော် သေဆုံးနှင့်ပြီးဖြစ်နေလိမ့်မည်။
“ခင်ဗျားတို့နှစ်ယောက်”
ကျွင်းချောင်ရှောင်းက မေးလိုက်မိသည်။ “ဘယ်ကနေရောက်လာတာလဲ။”
“အမှိုက်လေး။”
အဖြူရောင်နတ်ဆိုးက အေးစက်စက်ပြောလိုက်၏။ “ငါတို့ဘယ်ကလဲဆိုတာကို မေးမနေနဲ့။ ဘာလို့လည်းဆိုတော့ ငါတို့ပြောလိုက်ရင် မင်းကျိန်းသေပေါက် ကြောက်ပြီး သေသွားလိမ့်မယ်။”
“ကြောက်ပြီးသေသွားမယ်ဟုတ်လား။”
ကျွင်းချောင်ရှောင်းသည် သူ၏ ဦးခေါင်းကို ကုတ်ကာဖြင့် ပြုံးကာ ပြောလိုက်တော့၏။ “အရိုးသားဆုံး ပြောရရင် ဒီကျွင်းက ငယ်စဉ်ကတည်းက ကြောက်တတ်တာလေ။ ဒါပေမဲ့ ခင်ဗျားတို့ အထက်နယ်မြေ က လာတာကလွဲရင် ဘာတစ်ခုကိုမှ ကြောက်နေမှာမဟုတ်ဘူး။”
“ဒါက အမှန်ပဲ။”
အဖြူရောင်နတ်ဆိုးသည် ဂုဏ်ယူစွာ ပြောလိုက်၏။ “ငါတို့က အထက်နယ်မြေကပဲလေ။”
“ဟမ်”
အခြေအနေတစ်ခုလုံးသည် ရုတ်တရက် အေးခဲသွား၏။ ကျွင်းချောင်ရှောင်း၏ အမူအရာသည်လည်း တည်ငြိမ် အေးဆေးသွားတော့သည်။ ပြီးသည့်နောက်မှာတော့ အားရပါးရထ၍ ရယ်လိုက်သည်။
“ဟားဟားဟား ….”
သူသည် သူ့ကိုယ်သူ မည်သို့မျှ မထိန်းချုပ်နိုင်တော့ဘဲ အားရပါးရ ရယ်မောလျက်ရှိနေတော့သည်။ မျက်ရည်များပင် ထွက်လျက်ရှိ၏။
“အထက်နယ်မြေဟုတ်လား။ ဟားဟားဟား …”