← Chapters

အခန်း (၁၁၄၁)

Vol. 77 Ch. 1141

အခန်း (၁၁၄၁)

Vol. 77 Ch. 1141

ရွှမ်ဟွမ် နတ်ဘုရားချပ်ဝတ်ကို ဝတ်ဆင်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် သေမျိုးလောကထဲသို့ ဆင်းသက်လာခဲ့သည့် နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်လို့နေတော့သည်။ ပတ်ဝန်းကျင်တည်နေရာတစ်ခုလုံး သည်လည်း အလွန်တရာ လေးနက်သွားခဲ့တော့သည်။ ကျွင်းချောင်ရှောင်းသည် အားကြိုးမာန်တက်ဖြင့် ကြုံးဝါးကာ တိုက်ခိုက်ရန် ပြင်ဆင်လျက် ရှိနေတော့သည်။

“ကောင်လေး”

ခပ်ချောချောလူသည် အနည်းငယ် အံ့အားသင့်သွားမိ၏။ “မင်းက မဆိုးဘူးပဲ”

သက်တန့်ရောင်အလင်းတန်းများ ထွန်းလင်းတောက်ပလျက် ရှိနေသော လှံရှည်ကြီးသည် ပစ္စည်းကြီးသက်သက် ဆိုလျှင်ပင် အလွန်တရာ အားကောင်းလှသည့် အရာမျိုးပင် ဖြစ်တော့သည်။ လက်ရှိ အခြေအနေမှာတော့ ထူးခြားလွန်းလှသည့် ချပ်ဝတ်ကိုလည်း ဝတ်ဆင်လျက် ရှိနေသည်။ ထို့ကြောင့် သူသည် ရုတ်တရက် စိတ်ဝင်စားသွားမိသည်။

တစ်နှစ်ပတ်လုံး စကြဝဠာကို လှည့်လည်ကာ လုယက်တတ်သည့် လူမျိုးဖြစ်သည်မို့ ဤကဲ့သို့သော ပစ္စည်းကောင်း များကို သူစိတ်ဝင်စားခဲ့သည်။ သဘောကျ နှစ်ခြိုက်သည်ဆိုသည်နှင့် ကျိန်းသေပေါက် လုယက်တတ်သည့် လူတစ်ယောက်အတွက် ဤပစ္စည်းသည် လက်လွှတ်မခံသင့်သော ပစ္စည်းပင် ဖြစ်တော့၏။

ခပ်ချောချောလူသည် လက်ကို မြှောက်လိုက်သည့်အချိန်မှာတော့ သူ၏လက်ချောင်းထိပ်တွင် အလင်းတန်းများ စုဝေးလာသည်။ သူသည် ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။ “မင်း ဘာကိုပဲ ဝတ်ထား ဝတ်ထား၊ ဘာကိုပဲ ကိုင်ထား ကိုင်ထား ဒီနေ့မှာ အဲအရာတွေ အကုန်လုံးက ငါ့ဟာပဲ”

ဆွစ်

အလင်းတန်းများသည် ဖြစ်တည်လာပြီးသည့်နောက်မှာတော့ တည်နေရာတစ်ခုလုံးကို ပင် ဆွဲခွဲသွား၏။

ဖောင်း ….။

ကျွင်းချောင်ရှောင်းသည် မြေပေါ်သို့ ခြေဆောင့်လိုက်ပြီးသည့်နောက် ကောင်းကင်ပေါ်သို့ ပျံတက်လိုက်သည်။ ကောင်းကင်စတေးခြင်းလှံ၏ ထိပ်ဖူးသည် ထိုတောက်ပနေသော အလင်းတန်းများဆီသို့ ရောက်ရှိသွားသည်။ ရွှမ်ဟွမ် နတ်ဘုရားချပ်ဝတ်ကို ဝတ်ဆင် ပြီးသည့်နောက်မှာတော့ သူ၏ကြွက်သား၊ မရီဒန်နှင့် ဝိညာဉ်သည်ပင် အလွန်တရာ ပိုမိုအားကောင်းသွားသည်ဟု ခံစားမိတော့သည်။ သူသည် ကောင်းကင်တွင် ရှိနေသော ယင်ယန်ဓာတ်သဘာဝများ၏ စုဝေးရာကဲ့သို့ပင် ခံစားနေမိ၏။

“ဒါက လူသားမျိုးနွယ် ဘိုးဘေးကြီးရဲ့ စွမ်းအားတွေပဲ”

စနစ်က ပြောလိုက်သည်။ “ဒါက တကယ့်ကို ယင်ယန်ဓာတ် သဘာဝတွေ”

လှံကြီးကို ကိုင်ဆောင်ကာ ရှေ့သို့ တိုးလာခဲ့သော ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်၏။ “ဒီလိုဆိုမှတော့ ငါတစ်ယောက်တည်း တိုက်ခိုက်နေတာ မဟုတ်တော့ဘူးပေါ့”

ဝှစ် ဝှစ် ဝှစ်

ဆန်းကြယ်လွန်းသော လေလှိုင်းများသည် ၎င်းအား ရစ်ပတ်လျက် ရှိနေ၏။ အဝေးတစ်နေရာတွင် မတ်တပ်ရပ်လျက်ရှိနေသော နှင်းဆီဧကရီသည် အံ့အားသင့်လျက် ရှိနေသည်။ ထိုလေလှိုင်းများဆီမှ ထွက်ပေါ်လာသော အရာများသည် အလွန်တရာ ခမ်းနားကြီးကျယ်လွန်းလှပြီး ကြည့်ရှု့နေသည့်သူများကို အံ့ချီးနပမ်းပင် ဖြစ်ပေါ်စေသည်။

ကျွင်းချောင်ရှောင်းသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ “ခင်ဗျားရဲ့ ခေါင်းကိုပေးစမ်း”

ဝှစ်

ဘုန်း

လှံ၏အလင်းတန်းများသည် ပေါက်ကွဲထွက်သွားတော့သည်။ ကောင်းကင်နှင့်မြေကြီး တစ်ခုလုံးသည် ကြမ်းတမ်းစွာ တုန်ခါသွားပြီး တည်နေရာ တစ်ခုလုံးသည် ရုတ်တရက် ကွဲအက်ကာ အဓိက ကုန်းမြေပြင်နှင့် ကွဲထွက်သွားခဲ့သည်။

ဆွစ်

ကျွင်းချောင်ရှောင်းသည် အလွန်တရာ မြန်ဆန်လှသော အမြန်နှုန်းကို ထုတ်ဖော်ကာဖြင့် ပျံသန်း တိုက်ခိုက်လျက် ရှိနေ၏။ သူ၏ လက်ထဲတွင် ရှိနေသော ကောင်းကင်စတေးခြင်းလှံသည် တောက်ပလွန်းလှသော အလင်းများကို ထုတ်ဖော်ကာဖြင့် လူးလွန့်လှုပ်ရှားကာ တိုက်ခိုက်လျက်ရှိနေ၏။

ဘုန်း

ခပ်ချောချောလူသည် သူ၏လက်ချောင်းများကို အသာတောက်လိုက်ပြီးသည့်နောက်မှာတော့ သူ့ဆီသို့ရောက်ရှိ လာသော လှံ၏အလင်းတန်းများကို ဖယ်ရှားလိုက်သည်။ ထိုလူသည် ပြုံးကာ ပြောလိုက်သည်။ “စိတ်ဝင်စားစရာပဲ”

နတ်ဘုရားချပ်ဝတ်ကို မဝတ်ခင်က ကျွင်းချောင်ရှောင်းဆိုသည်မှာ သူ၏မျက်စိထဲတွင် ပုရွက်ဆိတ်လေးတစ်ကောင်ထက် မပိုချေ။ လက်ရှိအခြေအနေမှာတော့ သူသည် အနည်းငယ် လေးနက်လာခဲ့ပြီဖြစ်၏။

လှံ၏အလင်းတန်းသည် ထပ်မံကာ ဖြစ်တည်လာခဲ့၏။ ခပ်ချောချောလူသည် ဘေးတစ်ဖက်ဆီသို့ အသာယိမ်းကာ ရှောင်လိုက်ပြီးသည့်နောက် လက်စည်းသင်္ကေတတစ်ခုကို ပြုလုပ်လိုက်သည်။ “အစစ်အမှန်စွမ်းအင်ဆိုတာ ဘာလဲ မင်းမသိပါဘူး”

ဒွီ …

ကောင်းကင်ပေါ်တွင်တော့ ကြီးမားလှသည့်လက်ကြီးတစ်ဖက် ရုတ်တရက် ပေါ်ပေါက်လာပြီး ကျွင်းချောင်ရှောင်း အား ဖိနှိပ်တော့၏။

ဘုန်း

ကျွင်းချောင်ရှောင်းသည် တိုက်ရိုက်ဆိုသလိုပဲ မြေပြင်ပေါ်သို့ ဖိနှိပ်ခြင်းကို ခံလိုက်ရ၏။ မြေပြင်ပေါ်တွင် ကြီးမား လှသည့် လက်ငါးချောင်းရာကြီး ထင်းကနဲပေါ်နေသည်။

ခပ်ချောချောလူသည် မြန်မြန်ဆန်ဆန်ပဲ လက်စည်း သင်္ကေတ၏ မန္တာန်များကို ထပ်မံကာ ပြုလုပ်၏။ များပြားလှသည့် လက်ဝါးရိုက်ချက်များသည် လေထုထဲတွင် စုစည်းလာပြီးသည့်နောက် ကြောက်မက်ဖွယ်ရာကောင်းလှသော အားအင်အရှိန်အဟုန်နှင့်အတူ ကျွင်းချောင်ရှောင်း လဲကျနေရာဆီသို့ ဆက်တိုက် ရိုက်နှက်ခြင်းကို ပြုမူ၏။

လက်ရှိအခြေအနေမှာတော့ ဖုန်များ တထောင်းထောင်းနှင့် ထလျက်ရှိနေပြီး တည်နေရာကြီး တစ်ခုလုံးသည်လည်း တဝုန်းဝုန်းနှင့် တုန်ခါနေသည်။

နှင်းဆီဧကရီ၏ မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်လာခဲ့သည်။ ပြီးနောက် ချက်ချင်းပဲ သူမသည် ပျော်ရွှင်သွားမိ၏။

အဘယ်ကြောင့်ဆိုသော် ဖုန်များကြားထဲမှာတော့ ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်သည် ပေါ်လာခဲ့သည်။ ချပ်ဝတ်သည် ခန္ဓာကိုယ်ပေါ်တွင် ရှိပြီး တောက်ပလျက်ပင် ရှိနေသေးသောကြောင့်ပင်။

“ဒါက ခင်ဗျားရဲ့ အစစ်အမှန် စွမ်းအင်တွေဆိုရင်”

ကုန်းရှန့်သည် ခေါင်းကိုမော့ကာဖြင့် မထီပြုံး ပြုံးလိုက်၏။ “သိပ်ပြီးတော့ အားကောင်းပုံ မပေါ်ဘူး”

ခပ်ချောချောလူ၏ မျက်နှာပေါ်တွင် ဒေါသအရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။ သူသည် ပြုံးကာပြောလိုက်၏။ “အဆင့်နိမ့်ဂြိုဟ်တစ်ခုက နည်းနည်းမောက်မာနေတာပဲ”

ဆွစ်

သူသည် ရုတ်တရက် ကျွင်းချောင်ရှောင်း၏ ရှေ့တည့်တည့်၌ ပေါ်ပေါက်လာခဲ့၏။ ညာဘက်လက်သီးကို မြှောက်ပြီး သည့်နောက်မှာတော့ ချပ်ဝတ်ဆီသို့ ထိုးနှက်လိုက်တော့သည်။ သူ၏ တိုက်ခိုက်မှုသည် အလုံးစုံ တည်ငြိမ်လျက် ရှိနေပြီး အစမှ အဆုံးထိ ပြစ်ချက်ကင်းမဲ့လွန်းလှ၏။ တိုက်ခိုက်မှု၏ အရှိန်အဟုန်သည် မြန်ဆန်လွန်းသည်။ သို့ပေမဲ့ ထွက်ပေါ်နေသည့် အော်ရာများမှာတော့ အားကောင်းလှပါသည်ဆိုသော လူများအားလုံးကို ဒူးပျော့ခွေစေလောက် သည်အထိ စွမ်းအင်မျိုး ပါဝင်နေတော့သည်။

ဘုန်း

အလင်းတန်းများ ပေါက်ကွဲသွားပြီးသည့်နောက်မှာတော့ ကြီးမားလှသည့် တွင်းကြီးတစ်ခု ဖြစ်တည်လာခဲ့သည်။ ကျွင်းချောင်ရှောင်းသည် ရှောင်ရှားရန် အချိန်မရှိခဲ့ချေ။ သူ၏ရင်ဘတ်တစ်ခုလုံးသည် ဆယ်ပေါင်တူကြီးနှင့် ထုနှက် ခံလိုက်ရသလို ခံစားလိုက်ရ၏။ ခန္ဓာကိုယ်တစ်ခုလုံးသည် အမြှောက်ဆန်တစ်ခုကဲ့သို့ လွင့်စင်သွားပြီးသည့်နောက် မှာတော့ များပြားလှသည့် တောင်ထွတ်များနှင့် ရိုက်မိကာ အောက်သို့ ပြုတ်ကျသွား၏။

“ချီးတဲ့မှ... ဒီစွမ်းအင်တွေက ….”

ဝေါ့ ..

ရွှမ်ဟွမ် နတ်ဘုရားချပ်ဝတ်၏ ကာကွယ်ခြင်းကို ခံထားရသောကြောင့် ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်သည် ဒဏ်ရာမရရှိခဲ့ချေ။ သို့ပေမဲ့ ခန္ဓာကိုယ်ထဲတွင်ရှိသော သွေးများမှာတော့ ပြောင်းပြန် စီးဆင်းလျက်ရှိ၏။ သူသည် မနေနိုင်တော့ဘဲ သွေးများ အန်ထွက်လာတော့သည်။

စနစ်က ပြောလိုက်၏။ “အဆင့်ကွာခြားချက်က ကြီးမားလွန်းတယ်။ လက်ခံသူအနေနဲ့ နတ်ဘုရားချပ်ဝတ်ရှိနေ တယ်ဆိုရင်တောင်မှ သူ့အတွက်တော့ ရွေ့လျားနေတဲ့ သဲအိတ်ကြီးတစ်ခုထက် မပိုဘူး”

“........”

ကျွင်းချောင်ရှောင်းသည် ပြိုလဲသွားမိ၏။ “ဘာလို့ ငါရင်ဆိုင်တွေ့နေရတဲ့ ရန်သူတွေက တဖြည်းဖြည်းနဲ့ ပိုပိုပြီးတော့ အန္တရာယ်များလာတာလဲ”

အင်မော်တယ်တစ်သောင်း မဟာမိတ်အဖွဲ့အစည်းရဲ့ခေါင်းဆောင်၊ ပြီးတော့ ခေါင်းတုံး၊ ထို့ပြင် လက်ရှိ သိုင်းအင်ပါယာ အဆင့်ကိုပင် တက်၍ တိုက်ခိုက်နေရတော့သည်။

စနစ်က ပြောလိုက်သည်။ “လက်ခံသူအနေနဲ့ ပိုပြီးအားကောင်းလာတယ်ဆိုတဲ့အဓိပ္ပာယ်ပဲပေါ့။ အားကောင်းတဲ့ လူတွေက အားကောင်းတဲ့လူတွေနဲ့ပဲ ထိပ်တိုက်တွေ့ကြတာလေ”

“ဒီတော့.... ငါ ရှန်ပိန်တွေဘာတွေ ဖွင့်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ပြုရမှာလား”

“ဒါက တိုက်ခိုက်ပွဲလေ။ လက်ခံသူအနေနဲ့ လေးလေးနက်နက် တိုက်ခိုက်သင့်တယ်”

ဆွစ်

ကျွင်းချောင်ရှောင်းသည် ပြိုပျက်လျက်ရှိနေသော တောင်ပုံများကြားထဲမှ လျှောက်ထွက်လာခဲ့တော့သည်။ ၎င်း၏ မျက်လုံးများသည် ကောင်းကင်စတေးခြင်းလှံကဲ့သို့ပင် တောက်ပလျက်ရှိနေ၏။

ဘုန်း

နောက်တစ်စက္ကန့်အတွင်းမှာပဲ ကုန်းရှန့်သည် အနောက်ဘက်ဆီသို့ ပြန်လည်ရောက်ရှိသွားတော့သည်။ သူသည် တောင်များကြားထဲတွင် နစ်ဝင်လျက်ရှိနေတော့သည်။

“ချီးတဲ့မှ.. ငါက လှုပ်ရှားနေတဲ့သဲအိတ်တစ်ခု ဖြစ်တယ် ဆိုရင်တောင်မှ ရိုက်တဲ့သူ မောအောင်လုပ်မယ်ကွာ”

ဆွစ် …။

ကျွင်းချောင်ရှောင်းသည် ထပ်မံကာ ပျံတက်လိုက်၏။ ပြီးသည့်နောက် တိုက်ကွက်နှစ်ကွက်အတွင်းမှာပဲ သူသည် အနောက်ဘက်သို့ ပြန်လည်ကာ လွင့်စင်သွားသည်။

ဤမြင်ကွင်းသည် အလွန်ကြောင်တောင်တောင် နိုင်လွန်းလှ၏။ သို့ပေမဲ့ ကံကောင်းစွာဖြင့် ရွှမ်ဟွမ် နတ်ဘုရားချပ်ဝတ်၏ အကာအကွယ်သည် အလွန်တရာ အားကောင်းလွန်း၏။

များပြားလှသောတိုက်ခိုက်ချက်များကို ခံယူပြီးသည့်နောက်မှာတော့ ၎င်းသည် ချီနှင့် သွေးများပင် ပြောင်းပြန်လည်ပတ်ခြင်းမှလွဲ၍ တခြားကြီးမားသည့်ဒဏ်ရာ မရရှိခဲ့ချေ။

“ဒါ ပိုးဟပ်လို အကောင်လား”

ခပ်ချောချောလူသည် ကျွင်းချောင်ရှောင်း တစ်ယောက် သူ၏ မြင်ကွင်းထဲတွင် ထပ်တလဲလဲ ပေါ်ပေါက်လာသည်ကို မြင်ရသည့်အချိန်မှာတော့ မနှစ်မျို့ဟန်ဖြင့် မျက်မှောင်ကုတ်လိုက်မိတော့သည်။ ဤကဲ့သို့ အဆင့်နိမ့်သတ္တဝါမျိုးအား အတိတ်တုန်းကသာဆိုလျှင် အကြိမ်ပေါင်းများစွာ ဖျက်ဆီးသတ်ဖြတ်ခဲ့ပြီးပြီ ဖြစ်၏။

ဘုန်း ဘုန်း ဘုန်း ….

ကျွင်းချောင်ရှောင်းသည် သတ်ဖြတ်၍ မရနိုင်သော သတ္တဝါကြီးတစ်ကောင်ကဲ့သို့ ထပ်တလဲလဲ ထပ်မံကာ လေပေါ်သို့ ခုန်တက်လာ၏။ ပြီးသည့်နောက်မှာတော့ ရိုက်နှက်ခံရသောကြောင့် အောက်ဆီသို့ တဘုတ်ဘုတ်ဖြင့် ပြုတ်ကျနေသည်။

စနစ်က ပြောလိုက်၏။ “လက်ခံသူရဲ့ စွမ်းအင်တွေက အကန့်အသတ်ရှိတယ်လေ။ သူ့ကို မောအောင် မလုပ်နိုင်ခင်မှာ ကိုယ်အရင်မောပြီး သေသွားအုံးမယ်။ စည်းဓားမော့ကြီးကို စည်းဖွင့်လိုက်တော့”

ကျွင်းချောင်ရှောင်းသည်လည်း ထိုသို့ ပြုလုပ်ချင်၏။ သို့ပေမဲ့ တစ်ဖက်လူအား စည်းဓားမော့ကြီးနှင့် အနိုင်ယူနိုင် လိမ့်မည် မဟုတ်ချေ။ ထို့အပြင် စည်းဓားမော့ကြီးကို ထုတ်ဖော်အသုံးပြုခြင်းအားဖြင့် သူကိုယ်တိုင်သည်လည်း ဘေးထွက်ဆိုးကျိုးအဖြစ် အားနည်းသွားမှာ သေချာသည်။ ထိုသို့ဆိုလျှင် မြန်မြန်ဆန်ဆန် သေဆုံးသွားမှာ မဟုတ်ပါလား။

“ဆိုးတာက စည်းဖွင့်ခြင်းအဆောင်သစ် မရှိသေးတာပဲ။ မဟုတ်ရင် ငါ စည်းဓားမော့ကြီးကို တတိယအသွင်ပြောင်း ပုံစံအဖြစ် ပြောင်းလဲပစ်တယ်။ ဟုတ်ပြီ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငါ့ဆီမှာ ကျောက်ရုပ်ကြီး ရှိသေးတာပဲ”

“မြန်မြန် အဲ့အဓိပ္ပာယ်မရှိတဲ့ အတွေးတွေ အကုန်လုံးကို ရပ်ပစ်လိုက်စမ်း” စနစ်သည် လက်ခံသူ၏ အသိစိတ်တစ်ခု လုံးကို အမှောင်ထု ဖုံးလွှမ်းသွားစေသည့် ပစ္စည်းနှင့်ပတ်သက်၍ သဘောမတွေ့သလို ဖြစ်နေမိ၏။

ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်သည်။ “ဒါဆိုလည်း ပြောလေ။ ငါ သူ့ကို ဘယ်လို အနိုင်ယူ ရမလဲ”

“စတိုးထဲကို သွားပြီးတော့ ရတနာသေတ္တာကို ဖွင့်ကွာ”

“အဲတာကို ဖွင့်ဖို့အတွက် ဂိုဏ်းစုဆောင်းမှတ် ဘယ်လောက်ကုန်လဲ”

“လေးသောင်း”

“ဒါဆိုရင် မင်းမှာရှိတဲ့ ဂိုဏ်းစုဆောင်းမှတ်တွေ ခဏပြန်ပေး”

“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၄၀၀၀၀ / ၇၀၀၀၀”

ကျွင်းချောင်ရှောင်းသည် စတိုးအား ဖွင့်ရန်ပြင်လိုက်သည့်အချိန်မှာပဲ နှင်းဆီဧကရီသည် အဝေးတစ်နေရာဆီမှ ရုတ်တရက်ပျံသန်းလာ၏။ ပြီးသည့်နောက်မှာတော့ သူ၏ရှေ့တွင် ရပ်ကာ ပြောလိုက်သည်။ “အတူတူ တိုက်ခိုက်ရအောင်”

“လင်မယားနှစ်ယောက် အတူတူ တိုက်ခိုက်တယ်ဆိုတာ တကယ်ကို ကောင်းတဲ့အရာလို့ ငါထင်တယ်” စနစ်က ပြောလိုက်သည်။

“တော်စမ်း”

ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှ ကြိတ်ကာ ကျိန်ဆဲလိုက်၏။ ပြီးနောက် အေးစက်စက် အမူအရာနှင့် ပြောလိုက်သည်။ “ယောက်ျားတွေရဲ့ တိုက်ပွဲကို ယောက်ျားတွေအချင်းချင်းပဲ ဖြေရှင်းမယ်။ မိန်းမတွေကတော့ ဒီနေရာကနေ မြန်မြန်ထွက်သွားတော့”

နှင်းဆီဧကရီသည် ထွက်ခွာမသွားချေ။ အနောက်ဘက်တွင် မတ်တပ်ရပ်လျက်ရှိ၏။ သူမသည် လက်နှစ်ဖက်ကို အနောက်သို့ပစ်ကာ ပြောလိုက်၏။ “ကျွန်မတို့ဝိညာဉ်မျိုးနွယ်တွေက ခန္ဓာကိုယ်ကို ဝါးမြိုတတ်တဲ့အကျင့် ရှိတယ်လေ။ ရှင်သာ စိတ်သက်တောင့်သက်သာထားပြီး မငြင်းပယ်ဘူးဆိုရင် ကျွန်မက ရှင့်ရဲ့ခန္ဓာကိုယ်ထဲကို ဝင်ပြီး ပေါင်းစပ်နိုင်တယ်”

ကျွင်းချောင်ရှောင်းသည် အနောက်သို့ ခြေနှစ်လှမ်းဆုတ်ကာ ပြောလိုက်၏။ “ငါ့ကို အရူးလို့ ထင်နေတာလား”

သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ရန် ခွင့်ပြုခြင်းဆိုသည်မှာ သူ၏ ခန္ဓာကိုယ်အား သူမကို အလုံးစုံ ထိန်းချုပ်ခွင့် ပေးလိုက်ခြင်းနှင့်ပင် ဆင်တူ၏။ ထိုသို့ဆိုလျှင် ကျောက်ရုပ်ထုကြီးကို အသုံးပြုလိုက်သည်နှင့် ဘာထူးခြားနေ မည်နည်း။

ဝှစ် ဝှစ်

ထိုအချိန်မှာပဲ ခပ်ချောချောလူသည် သူ၏လက်ချောင်းများကို မြှောက်လိုက်၏။ အလင်းတန်းတစ်ခုသည် ဖြစ်တည် လာပြီး ရောက်ရှိလာခဲ့တော့သည်။

ဘုန်း

ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် ကာကာဖြင့် အနောက်ဘက်သို့ လွင့်စင်သွားခဲ့၏။

တည်နေရာတွင် ရပ်တန့်လျက်ရှိနေသော နှင်းဆီဧကရီသည် ကြောင်အသွားခဲ့၏။ အလင်းတန်းသည် သူမအား ပစ်မှတ်ထားခဲ့သည်ဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း သိရှိနေ၏။ သို့ပေမဲ့ သူမ၏ ယောက်ျားသည် သူ၏ရှေ့သို့ ကြားဝင် ခုခံကာကွယ်ပေးခဲ့သည်။

ဖြစ်နိုင်သည်မှာ …….

နှင်းဆီဧကရီသည် မနေနိုင်ဘဲ ပြုံးလိုက်မိတော့၏။ သူမ၏ အရှေ့ဆီသို့ ဝင်ရောက်ပြီး ကာကွယ်ပေးခဲ့သည့်သူ သည် သူမ၏ ယောက်ျားပင် ဖြစ်တော့၏။ ထို့ကြောင့် အနားသို့ တိုးကာ နောက်ကျောမှဖက်ပြီး တီးတိုးပြောလိုက်၏။ “ရှင့်ရဲ့နှလုံးသားထဲမှာ ဘာရှိလဲဆိုတာကို မြင်ချင်လို့ ရှင့်ခန္ဓာကိုယ်ထဲကို ဝင်ချင်တယ်”

ဒွီး

ရုတ်တရက် သူတို့၏ ခြေထောက်အောက်တွင် စက်ဝိုင်းပုံသဏ္ဍာန်ပုံရိပ်ယောင်များ ဖြစ်တည်လာပြီး ထူးဆန်းသည့် ပုံရိပ်ယောင်များနှင့် ပြည့်နှက်လာခဲ့သည်။

“ဒီမိန်းမ”

ကျွင်းချောင်ရှောင်းသည် နှင်းဆီဧကရီအား တွန်းထုတ်ရန် ပြင်လိုက်၏။ သို့ပေမဲ့ သူမ၏ ခန္ဓာကိုယ်သည် ရုတ်တရက် ပုံရိပ်ယောင်အဖြစ်သို့ ပြောင်းလဲပြီးသည့်နောက်မှာတော့ အလင်းတန်းများသည် သူ့အားဖုံးလွှမ်းသွားခဲ့တော့၏။

“နှစ်ပေါင်းတစ်ထောင်ကျော်လောက် တခြားဂြိုဟ်တွေကိုသွားပြီး တိုက်ခိုက်အနိုင်ယူခဲ့တယ်။ ဒါပေမဲ့ ယောက်ျားတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို ဝင်နေဖူးတာ ဒါ ပထမဦးဆုံးအကြိမ်ပဲ။ အဲဒီယောက်ျားကလည်း ကျွန်မရဲ့ ယောက်ျား ဖြစ်နေတာကိုး”

“ဟေး ဟေး ဟေး …. ဘာတွေလုပ်နေတာလဲ”

ဝှစ် ဝှစ် ဝှစ်

အလင်းတန်းများသည် သူမအား လွှမ်းခြုံသွားခဲ့တော့သည်။ ရွှမ်ဟွမ် နတ်ဘုရားချပ်ဝတ်သည် သူမ၏ တည်ရှိမှုကို လျစ်လျှူရှုကာဖြင့် သူမ၏ခန္ဓာကိုယ်ကို ကျွင်းချောင်ရှောင်းနှင့် ပေါင်းစပ်စေခဲ့တော့သည်။ ထူးဆန်းလှသည့် အစိမ်းရောင်အော်ရာများသည် တည်နေရာကြီး၏ ပုံရိပ်ယောင်ဆီမှ ထွက်ပေါ်လာပြီး သူတို့အား အလုံးစုံ ဖုံးလွှမ်းသွားတော့သည်။

“ဒါ.. ဝိညာဉ်မျိုးနွယ်တွေရဲ့ နတ်ဘုရားစွမ်းရည်လား”

ခပ်ချောချောလူသည် လေထုထဲတွင် မတ်မတ်ရပ်ရင်းမှ မေးစေ့ကို ပွတ်သပ်ကာ စိတ်ဝင်တစား ကြည့်ရှုနေသည်။ ဤတစ်ကြိမ် သူသည် ဝိညာဉ်မျိုးနွယ် ကုန်းမြေတိုက်ကြီး သို့ရောက်ရှိလာရခြင်းမှာ ဤနတ်ဘုရားစွမ်းရည်ကို စိတ်ဝင်စားသောကြောင့်ပင်ဖြစ်၏။ လက်ရှိအခြေအနေ မှာတော့ မည်မျှ ထူးဆန်းလှသည်ဆိုခြင်းကို သူတကယ်သိချင်နေမိတော့၏။

ဝှစ်

ရုတ်တရက် အစိမ်းရောင်အလင်းတန်းတစ်ခုသည် ဖြစ်တည်လာပြီးသည့်နောက်မှာတော့ အစိမ်းရောင်အလင်းလုံး တစ်ခုအသွင် ပြောင်းလဲသွား၏။ မျက်စိတမှိတ်အတွင်းမှာပဲ ထိုအလင်းလုံးသည် ခပ်ချောချောလူ၏ရှေ့၌ ပေါ်ပေါက်လာခဲ့သည်။

ဘုန်း

ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း

ပတ်ဝန်းကျင်တည်နေရာတစ်ခုလုံးသည် ပေါက်ကွဲသွားပြီးသည့်နောက် ပြိုလဲသွားခဲ့၏။

ဘန်း

ခပ်ချောချောလူသည် ဆိုးရွားလှသည့်ပုံပန်းသွင်ပြင်ဖြင့် မြေပေါ်သို့ ပြုတ်ကျသွား၏။ သူသည် အံ့အားတသင့်ဖြင့် မော့ကြည့်လိုက်သည်။ ထိုလွင့်မျောနေသည့်နေရာမှာတော့ ငွေဖြူရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသောလူသည် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ရပ်လျက်ရှိ၏။ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးသည် အစိမ်းရောင်ဓာတ်သဘာဝများနှင့် ပြည့်နှက် လျက်ရှိနေပြီး ၎င်း၏ ဆံပင်များသည်တောင်မှ အစိမ်းရောင်ဖြစ်နေတော့သည်။

အစိမ်းရောင် - ကျွင်းချောင်ရှောင်း သည် အစိမ်းကောင်ကြီးဖြစ်လို့နေ၏။

ဘုန်း

လက်ရှိအခြေအနေမှာတော့ ချောမောလှသည်လူ၏ရှေ့တွင် ကျွင်းချောင်ရှောင်းသည် ပေါ်ပေါက်လာခဲ့တော့သည်။ သူသည် အလွန်တရာ ပြင်းထန်လှသော အားအင်များနှင့် ခပ်ချောချောလူ၏ မျက်နှာအား တံတောင်ဖြင့် ရိုက်လျက်ရှိနေတော့သည်။

“ငါ့ရဲ့စွမ်းအင်တွေ”

ကျွင်းချောင်ရှောင်းသည် လက်ကိုမြှောက်ကာ မယုံကြည်နိုင်စွာဖြင့် ပြောလိုက်တော့သည်။ “တကယ့်ကို အားကောင်းနေတာပဲ”

စနစ်က ထ၍ပြောလိုက်သည်။ “လက်ခံသူရဲ့ဆံပင်က စိမ်းရုံတင်မဟုတ်ဘူး။ အသံကလည်း မိန်းမသံဖြစ်နေပြီဟ။ သောက်ကျိုးနည်း”

ဤအရာသည် မိန်းမအသံ မဟုတ်ချေ။ ကျွင်းချောင်ရှောင်း၏ အသံသည် ယောက်ျားနှင့်မိန်းမ၏အသံ နှစ်မျိုးလုံး ထွက်ပေါ်လျက်ရှိသည်။ တစ်ခုသည် သူ၏အသံဖြစ်ပြီး တခြားတစ်ခုမှာတော့ နှင်းဆီဧကရီ၏ အသံပင် ဖြစ်တော့ သည်။

All Chapters