အခန်း (၁၁၃၇)
Vol. 77 Ch. 1137
ရုတ်တရက် ဘယ်ကမှန်းမသိဘဲ ပေါ်လာသော ကတုံးပြောင်ပြောင်နှင့်လူအတွက် ဖော်ညွှန်းစရာ စကားလုံးမှာ တစ်ခုတည်းသာဖြစ်သည်။ အလွန်တရာ ရုပ်ဆိုးခြင်းပင်ဖြစ်သည်။
မည်မျှရုပ်ဆိုးလိုက်သနည်းဆိုသော် ၎င်းအား တွေ့ရှိလိုက်သည့် ကျွင်းချောင်ရှောင်းနှင့် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်တို့သည် တပြိုင်နက်တည်း အန်၍ပင် ထွက်ခဲ့တော့၏။
တိုက်ခိုက်ပွဲများတွင် ထူးဆန်းသည့် စွမ်းအင်မျိုးကို ပိုင်ဆိုင်သည့်လူမျိုးကို ပြပါ ဆိုပါက ထိုကဲ့သို့သော စွမ်းအင်မျိုးသည်လည်း ထည့်သွင်းတွက်ချက်၍ ရရှိနိုင်သည့်အရာပင် ဖြစ်ပေလိမ့်မည်။ ရင်ဆိုင်ရမည့်ရန်သူ သည် ၎င်းအား တွေ့ရှိသည်ဆိုသည်နှင့် အန်ရလွန်းသောကြောင့် အားပြတ်သွားမှာ သေချာသည်။
“ခင်ဗျားတို့ ခုန ဘာပြောလိုက်တယ်”
ကတုံးပြောင်နှင့်လူသည် ၎င်း၏ မျဉ်းကြောင်းတစ်ခုတည်းကဲ့သို့ ဖြစ်လုနီးပါးဖြစ်နေသည့် သေးငယ်လှသည့် မျက်လုံးလေးများကို ကျဉ်းမြောင်းကာဖြင့် ပြောလိုက်တော့၏။ သူ့အား ရုပ်ဆိုးသူတစ်ယောက်ဟု သူ့ကိုယ်သူ မထင်မှတ်ခဲ့ချေ။ တခြားတစ်ဖက်ကကြည့်လျှင် သူ့ကိုယ်သူ အလွန်တရာ ချောမောလွန်းသူတစ်ယောက်ဟု တွေးထင်ထားခဲ့၏။ ထို့ကြောင့် သူ့အား ရုပ်ဆိုးသည်ဟု ပြောဆိုသည့်လူတိုင်း အတွက် အခြေအနေတစ်ခုဆီသို့ ပို့ဆောင်ပေးတတ်သည်။ ထိုအရာမှာ သေခြင်းတရားသာဖြစ်၏။
ဝှစ် ….။
နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ပျို့အန်လျက်ပင် ရှိသေး၏။ သူသည် စောနတုန်းက စားသောက် ခဲ့သည့် အစားအသောက်နှင့် ဝိုင်များအားလုံးကို ပြန်လည်အန်ထုတ်နေခြင်းပင် ဖြစ်သည်။
ကံကောင်းစွာဖြင့် ကျွင်းချောင်ရှောင်းသည် မည့်သည်အရာကိုမှ မယ်မယ်ရရ မစားခဲ့ချေ။ ပျို့အန်ပြီးသည့်နောက် သူသည် ကျောကို မတ်မတ်ထားတာဖြင့် စိတ်ဓာတ်တကျဖြင့် ပြောလိုက်မိ၏။
“ရုပ်ဆိုးတာက အပြစ်တစ်ခု မဟုတ်ဘူး။ ဒါပေမဲ့ လူတွေ ကြောက်လန့်တဲ့အထိ ရုပ်ဆိုးတာကတော့ အပြစ် ဖြစ်သွားပြီ”
ဆွစ်
ရုတ်တရက် ထိုကတုံးပြောင်နှင့်လူသည် ကျွင်းချောင်ရှောင်း၏ အရှေ့၌ ပေါ်ပေါက်လာ၏။ ပြီးသည့်နောက်မှာတော့ သူ၏ ညာခြေထောက်ကို ပြင်းထန်စွာဖြင့် လွှဲယမ်းလိုက်တော့သည်။
ဖြောင်း ဖြောင်း ဖြောင်း
တည်နေရာကြီး တစ်ခုလုံးသည် ရုတ်တရက် ပြိုလဲသွားခဲ့၏။
ဝုန်း
ကျွင်းချောင်ရှောင်းသည် အဝေးတစ်နေရာတွင် ရှိနေသော ကျောက်နံရံကြီးနှင့် တိုက်မိကာ အောက်သို့ ပြုတ်ကျသွားခဲ့သည်။
ထိုအချင်းအရာကို မြင်သည့်အချိန်မှာတော့ ပျို့အန်လျက်ရှိနေသော နတ်ဆိုးအင်ပါယာဂိတ် ဂိုဏ်းချုပ်သည် မျက်စိသူငယ်အိမ်ထဲမှာ မျက်လုံးများ ပြုတ်ထွက်သွားတော့မတတ် ဖြစ်သွားရ၏။
ကျွင်းချောင်ရှောင်း၊ ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ် - ထိုသူသည် ဤရုပ်ဆိုးသည့် မွန်းစတားသတ္တဝါ၏ ကန်ချက် ကြောင့် အမှန်တကယ်ပင် အဝေးဆီသို့ လွှင့်ထွက်သွားခဲ့သည်။
ရွှီး ….။
ခေါင်းတုံးပြောင်နှင့်လူသည် လေထုထဲမှ ပျောက်ကွယ်သွားပြီးသည့်နောက် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်ရှေ့၌ ပေါ်လာ၏။ ထို့သူသည် သူ၏ ခြေထောက်ကို အသာမြှောက်ကာဖြင့် ခပ်တည်တည် ပြောလိုက်တော့သည်။ “ခင်ဗျား ဆက်ပြီးတော့ အန်အုံးမှာလား”
ဝုန်း
ပြောပြီးပြီးခြင်းမှာပဲ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ကျွင်းချောင်ရှောင်း၏ အနီးအနားတွင် ရှိနေသော သီးခြားတောင်တစ်ခု၏ နံရံနှင့် သွားရောက်တိုက်မိကာ သွေးများ အန်ထွက်လာခဲ့၏။
အလွန်တရာ အားကောင်းလှပါသည်ဆိုသောလူများသည် ထိုကတုံးပြောင်၏ ကန်ချက်ကို ထိမှန်ပြီးသည့်နောက် မှာတော့ ဒဏ်ရာများ ရရှိထားခဲ့ကြသည်။
“အစ်ကိုကြီး”
ထူးဆန်းလှသည့် အသံများ ထွက်ပေါ်နေသော သံလိုက်အိမ်မြှောင်ကဲ့သို့ အရာကို ကိုင်ဆောင်ထား သည့် ၎င်း၏ နောက်လိုက်များထဲမှ တစ်ယောက်သည် ပြုံးကာ ပြောလိုက်သည်။ “ဒီအချက်ပြမှုအရဆိုရင် ဒီနှစ်ယောက်က ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ ထိပ်တန်းကျွမ်းကျင်သူတွေလို့ သုံးသပ်လို့ရတယ်”
“ထိပ်တန်းကျွမ်းကျင်သူတွေထဲက တစ်ယောက်ဟုတ်လား”
ခေါင်းတုံးပြောင်နှင့်လူသည် သူ၏ခြေထောက်ကို အသာပြန်ချရင်း ခေါင်းကိုခါယမ်းလိုက်သည်။ “တကယ်ကို အားနည်းလွန်းတာပဲ”
ဟား ဟား ဟား
ပြောင်စပ်စပ် မျက်နှာနှင့် သိုင်းကျင့်ကြံသူတစ်ယောက်သည် ဘေးတစ်ဖက်ဆီမှ မြှောက်ပင့်ကာ ပြောဆို လိုက်၏။ “သူတို့က အားနည်းတာ မဟုတ်ဘူး။ အစ်ကိုကြီးက အရမ်းအားကောင်းနေတာ”
“ဟုတ်တယ်။”
“ဟုတ်တယ်။”
“ဟုတ်တယ်” အားလုံးကလည်း သဘောတူညီလိုက်ကြသည်။
ခေါင်းတုံးပြောင်နှင့်လူသည် ပခုံးကို တွန့်ကာဖြင့် ဂုဏ်ယူစွာ ပြောလိုက်တော့သည်။ “သခင်ကြီးက လူအများကြီး မစေလွှတ်ခဲ့တာကိုပဲ ကြည့်လေ။ ကျုပ် ယွမ်ရှင်း တစ်ယောက်တည်းကိူပဲ စေလွှတ်လိုက်တယ်ဆိုမှတော့ ဒီဂြိုဟ်က ဘယ်လောက်အားနည်းလဲ သိသာတာပေါ့”
သံလိုက်အိမ်မြှောင်ကို ကိုင်ဆောင်ထားသောသူက လေးနက်စွာ ပြောလိုက်သည်။ “အစ်ကိုကြီး... ရန်သူကို အထင်သေးလို့တော့ မဖြစ်ဘူး။ ဒီသံလိုက်အိမ်မြှောင်ရဲ့ အချက်ပြမှုအရဆိုရင် လေဟာနယ်ကို ချိုးဖြတ်နိုင်တဲ့ သိုင်းကျင့်ကြံသူ ကိုးယောက်တိတိ ရှိနေသေးတယ်”
“ကိုးယောက်တည်းလား”
ကတုံးပြောင်နှင့်လူသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “သာမန်ဂြိုဟ်တစ်ခုမှာ တောင် ဒါဇင်နဲ့ချီပြီးရှိတယ်။ ဒီမှာတော့ ကိုးယောက်ပဲရှိပါလား။ ပြီးတော့ ထိပ်တန်းကျွမ်းကျင်သူတွေလို့သတ်မှတ် နိုင်တဲ့လူက ဒီမှာ နှစ်ယောက်ပဲ ရှိသေးတယ်လေ။ သခင်ကြီးက ငါ့ကို ဒီဂြိုဟ်ကြီးတစ်ခုလုံးကို အပိုင်သိမ်းဖို့ပြောတာ အံ့အားသင့်စရာတော့ မရှိတော့ဘူး”
သံလိုက်အိမ်မြှောင်ကို ကိုင်ဆောင်ထားသည့် သိုင်းကျင့်ကြံသူက ပြောလိုက်တော့သည်။ “လေဟာနယ်ကို ချိုးဖြတ် နိုင်တဲ့ သိုင်းကျင့်ကြံသူတွေရဲ့အလင်းက ခပ်ဖျော့ဖျော့လေးပဲ ရှိတယ်။ ကြည့်ရတာ … ”
.............
သူသည် ပြောဆိုခြင်းကို ရပ်တန့်လိုက်မိ၏။ အဘယ်ကြောင့်ဆိုသော် အဝေးတစ်နေရာရှိ ဖုန်များတထောင်းထောင်း ထလျက်ရှိနေသော တောင်၏ အောက်ခြေ၌ ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်လာခဲ့တော့သည်။ ၎င်းသည် ပခုံးပေါ်တွင်ရှိနေသော ဖုန်များကို အသာပွတ်သပ်ကာ ပြောလိုက်တော့၏။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးအကြောင်းကို ပြောနေကြတာလား။ မင်းတို့ကို ဘယ်သူ လွှတ်လိုက်တာလဲ”
“အမ်”
ခေါင်းတုံးပြောင်နှင့်လူသည် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “မင်း လှုပ်ရှားနိုင်သေးတယ်ပေါ့”
သူ့အား ရုပ်ဆိုးသည်ဟု ခေါ်ဆိုခဲ့ခြင်းကြောင့် သူသည် အလွန်တရာ ဒေါသထွက်ခဲ့၏။ ထို့ကြောင့် အားအင်အဆင့် ကိုးဆယ် ရာခိုင်နှုန်းကို အသုံးပြုကာ ကန်ကျောက်ခဲ့ခြင်းပင် ဖြစ်၏။
“ဟဲ ဟဲ ဟဲ ဟဲ”
ကတုံးပြောင်နှင့်လူသည် အစစ်အမှန် ဗီလိန်တစ်ယောက်ကဲ့သို့ အားရပါးရ ရယ်မောလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “ဒီကောင်က နည်းနည်းတော့ စိတ်ဝင်စားစရာ ကောင်းလာပြီ”
ဝှစ်
ရုတ်တရက်ပဲ ကျွင်းချောင်ရှောင်းသည် သူ၏အရှေ့ ပေအနည်းဆီသို့ ရောက်ရှိလာခဲ့တော့သည်။ ပြီးနောက် အေးစက်စက် ပြောလိုက်သည်။ “ငါ မေးတာကို ဖြေစမ်း”
ရောက်ရှိလာပြီဆိုမှတော့ တိုက်ခိုက်ရမှာ ဖြစ်၏။ လေထုထဲတွင် ဖုန်များ တထောင်းထောင်းနှင့် ဖြစ်တည်လာခဲ့ သည်။
ဘုန်း …။
ကြမ်းတမ်းလှသော တိုက်ခိုက်မှုကြီးတစ်ခုသည် မြေပြင်ပေါ်တွင် ဖြစ်တည်လာပြီးသည့်နောက်မှာတော့ စွမ်းအင် လှိုင်းများသည် တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွားခဲ့သည်။ မြေပြင်တစ်ခုလုံးသည် ကျုံ့ဝင်သွားပြီးသည့်နောက် မှာတော့ ကြီးမားသည် ချိုင့်ကြီးတစ်ခု ဖြစ်ပေါ်လာ၏။
ဘုန်း ဘုန်း ဘုန်း ဘုန်း ….
အမြှောက်ဆန်ကဲ့သို့ လွှင့်စင်သွားခဲ့သော ထိုသူသည် ကြီးမားလှသော တောင်ကြီးများနှင့် တစ်ခုပြီး တစ်ခု ရိုက်နှက်မိကာ အဝေးဆီသို့ လွင့်စင်လျက်ရှိနေ၏။ ဖြစ်ပျက်သွားမှုသည် အလွန်တရာ မြန်ဆန်လွန်းလှသောကြောင့် တည်နေရာထဲမှ ထွက်ပေါ်လာခဲ့ကြသော သိုင်းကျင့်ကြံသူ တစ်ထောင်ကျော်တို့ အားလုံးသည် ဘာဖြစ်မှန်းပင် သေသေချာချာ မသိရှိလိုက်ကြချေ။ ၎င်းတို့ သတိပြုမိသည့်အချိန်မှာတော့ ၎င်းတို့၏ အစ်ကိုကြီးသည် အဝေး တစ်နေရာဆီသို့ လွင့်စင်သွားနေပြီ ဖြစ်သည်။
ဝေါ့
ခေါင်းတုံးပြောင်နှင့်လူသည် တောင်နံရံတစ်ခုနှင့် ရိုက်မိကာ အောက်သို့ ပြုတ်ကျပြီးသည့်နောက် ဗိုက်ကို လက်ဖြင့်ဖိကာဖြင့် သွေးများအန်ထွက်လျက် ရှိနေတော့သည်။ သူသည် ဒေါသတကြီးဖြင့် ကြည့်ကာ ပြောလိုက်၏။ “ကျုပ်... ကျုပ် သတိလွတ်သွားတာပဲ”
သူ၏မျက်လုံးသူငယ်အိမ်များသည် ရုတ်တရက် ကျုံ့ဝင်သွားသည်။
ဝုန်း
ရုတ်တရက်ဆိုသလိုပဲ ကျွင်းချောင်ရှောင်းသည် ၎င်း၏အရှေ့ဆီ၌ ပေါ်လာပြန်သည်။ ညာဘက်လက်တွင် စက်အတောင်ပံ၏ သံမဏိလိုအရာများ ဖုံးကွယ်သွားပြီးသည့်နောက်မှာတော့ ခေါင်းတုံးပြောင်လူ၏ မျက်နှာအား ပယ်ပယ်နယ်နယ်ဖြင့် ထိုးနှက်တော့သည်။ ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် တစ်ဖက်လူ၏ ခန္ဓာကိုယ်အား အသာမြှောက်ကိုင်ကာဖြင့် ဦးခေါင်းတစ်ခုလုံးအား မြေကြီးထဲသို့ စိုက်ထားလိုက်၏။
ထိုအချင်းအရာကို မြင်သည့်အချိန်မှာတော့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ယောက်သည် ပြောလိုက်မိ၏။ “ဒီကောင်က တကယ့်ကို ကြောက်ဖို့ကောင်းတာပဲ”
ခေါင်းတုံးပြောင်လူ၏ ကန်ချက်ကို ခံရပြီးသည့်နောက်မှာတော့ ဤခေါင်းတုံးပြောင်လူ၏ အားအင်အဆင့်သည် ကျိန်းသေပေါက် သူ့ထက်အားကောင်းကြောင်း နားလည်ပြီးဖြစ်သည်။ သို့ပေမဲ့ ထိုသို့သော အားကောင်းလှ သည့်သူသည်ပင်လျှင် ကျွင်းချောင်ရှောင်း၏ တိုက်ခိုက်ချက်ကြောင့် ခေါင်းတစ်ခုလုံး မြေကြီး၌ စိုက်ဝင် လျက်ရှိသည်။
သံလိုက်အိမ်မြှောင်ကို ကိုင်ဆောင်ထားသော သိုင်းကျင့်ကြံသူနှင့် ၎င်း၏ အဖော်များ အားလုံးသည်လည်း ဆွံ့အလျက် ရှိနေသည်။ အစ်ကိုကြီး ယွမ်ရှင်းသည် သခင်ကြီး၏ ဗိုလ်ချုပ်များထဲမှ တစ်ယောက် ဖြစ်ပြီး သေမင်းကတ်ကြေးကိုက်ကန်ချက်ဟု နာမည်ကျော်ကြားလှသည်။ ထိုကဲ့သို့သော လူမျိုးသည် လက်ရှိ ဆိုးဆိုးရွားရွား အခြေအနေသို့ ရောက်ရှိနေလေ၏။
ဝှစ်
ကျွင်းချောင်ရှောင်းသည် ခေါင်းတုံးနှင့်လူ၏ အရှေ့၌ ပေါ်လာပြီးသည့်နောက်မှာတော့ ၎င်းအား မြေကြီးထဲမှ ဆောင့်၍ ဆွဲထုတ်လိုက်သည်။ ပြီးနောက် ဒေါသတကြီး ပြောလိုက်သည်။ “ငါမေးတာကို ဖြေစမ်း။ မင်းတို့ကို ဘယ်သူက လွှတ်လိုက်တာလဲ”
ဘုန်း ဘုန်း ဘုန်း
ပြင်းထန်လှသော တိုက်ခိုက်မှုအောက်တွင် မြေပြင်တစ်ခုလုံးသည် မည်သို့မှ မခံနိုင်တော့ဘဲ ပင့်ကူမျှင်များ ကဲ့သို့ပင် အက်ကွဲကြောင်းကြီးများ ဖြစ်တည်လာခဲ့တော့၏။
“အစ်ကိုကြီး”
“သွား... သွား... သွား... သွား”
သိုင်းကျင့်ကြံသူတစ်ထောင်ကျော်တို့သည် မည်သို့မျှ မနေနိုင်ကြတော့ချေ။ အလောတကြီးဖြင့် အရှေ့သို့ တိုးကာဖြင့် အော်ရာများကို ထုတ်လွှတ်လိုက်ကြ၏။ အားလုံးသော သူများ၏ ကျင့်ကြံခြင်းအဆင့်များသည် အနည်းဆုံးအားဖြင့် သိုင်းအုပ်စိုးသူအဆင့်တွင် ရှိနေကြ၏။ ထိုအထဲတွင် သိုင်းနယ်မြေတစ်ပိုင်းနှင့် သိုင်းနယ်မြေ ကျင့်ကြံခြင်းအဆင့်များပင် ပါဝင်လျက် ရှိနေသည်။
ဟူး....
နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် သက်ပြင်းရှည်ကြီး ချမိနေသည်။ သူ့အနေနှင့် သိုင်းအုပ်စိုးသူများ၊ သိုင်းနယ်မြေနှင့် သိုင်းသူတော်စင်များကို မမြင်ဘူးသူ မဟုတ်ချေ။ သို့ပေမဲ့ ဤလောက်များပြားသည့် အရေအတွက်များကိုတော့ တစ်ခါမှ မမြင်ဘူးခဲ့ချေ။
ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲသို့ ရောက်ရှိသည့်လူတစ်ယောက်သာ ဆိုပါက ဤအရာကို သာမန်ဟု တွက်ချက်မိပေလိမ့်မည်။ ထို့အပြင် ကျွင်းချောင်ရှောင်းသည် ထိုကဲ့သို့ လူများကို မဆိုနှင့် သိုင်းကျင့်ကြံသူ နှစ်သောင်းကိုပင် တစ်ခါတည်း သတ်ဖြတ်ခဲ့သူ ဖြစ်၏။
ဝှစ် ဝှစ် …..
ဘယ်ကမှန်းမသိဘဲ ရောက်ရှိလာခဲ့ကြသည့် သိုင်းကျင့်ကြံသူတစ်ထောင်ကျော်တို့သည် ၎င်းတို့၏ ကျင့်ကြံခြင်း အဆင့်များကို ထုတ်လွှတ်လိုက်သည့်နောက် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့်အော်ရာများသည် တည်နေရာ တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ကျွင်းချောင်ရှောင်းသည် ထိုအရာများကို ဂရုပင် မစိုက်ချေ။ ၎င်း၏ တိုက်ခိုက်မှုကို ခေါင်းတုံးပြောင်နှင့် လူဆီသာ အာရုံစိုက်ထားလျက်ရှိသည်။ ဘယ်၊ ညာလက်သီးများဖြင့် ကြမ်းကြမ်းတမ်းတမ်း ထိုးနှက်လျက် ရှိနေသည်။ ခေါင်းတုံးပြောင်နှင့်လူ၏ မျက်နှာတစ်ခုလုံးတွင် ဒဏ်ရာများ ဗရပွနှင့် ဖြစ်တည်လာခဲ့တော့၏။
ဘုန်း ဘုန်း ဘုန်း …။
စွမ်းအင်လှိုင်းများ ဖြစ်တည်လာပြီးသည့်နောက်မှာတော့ အနားပတ်ဝန်းကျင်တွင် ရှိနေသော တောင်ကြီးများ ပင်လျှင် ပြိုကျလျက် ရှိနေတော့သည်။
ဘုန်း ဘုန်း ဘုန်း
ဝှစ်
တစ်ချိန်တည်းမှာပဲ အလင်းတန်းတစ်ခုသည် ဖြစ်တည်လာပြီးသည့်နောက်မှာတော့ တောင်နံရံကြီးတစ်ခုနှင့် တိုက်မိကာ အောက်သို့ ပြုတ်ကျသွားတော့သည်။ ထိုသူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ရွှေရောင်အဆင်းဖြင့် ဖြစ်တည်လျက်ရှိနေပြီး နောက်ကျောဘက်တွင် ကြီးမားလှသည့် အိုးကြီးတစ်ခု တည်ရှိနေသည်။ ရှောင်ကျီသည် သူ၏နတ်ဘုရားလက်နက်၏ အဆုံးမဲ့တိုက်ကွက်ကို တစ်ခါတည်း အသက်သွင်းလာခဲ့သည်။
ရွှီး ရွှီး
အဝေးတစ်နေရာဆီမှ များပြားလှသည့် အလင်းတန်းများ ထွက်ပေါ်လာပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ အနားပတ်လည်တွင် ရပ်လျက် ရှိနေ၏။ ၎င်းတို့သည် လုချင်းချင်း၊ လီချင်းယန်၊ စုရှောင်မိုနှင့် ဟယ်ဝူတီတို့ပင် ဖြစ်တော့၏။
ဝှစ်
ထိုအချိန်မှာတော့ ဝိုင်ဂျားတစ်ခုသည် အဝေးဆီမှ ရောက်ရှိလာပြီးသည့်နောက် ထိုဝိုင်ဂျားကြီး၏အပေါ်တွင် မတ်မတ်ရပ်ကာ လိုက်ပါလာသူမှာတော့ ရီရှင်းချန် ဖြစ်လေသည်။ ၎င်း၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်နေသည့် အော်ရာများမှာတော့ သိုင်းအင်ပါယာတစ်ယောက်၏အော်ရာများနှင့်ပင်။