← Chapters

အခန်း (၁၁၃၄)

Vol. 77 Ch. 1134

အခန်း (၁၁၃၄)

Vol. 77 Ch. 1134

နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဒုတိယတည်နေရာအား လာရောက်လုယက်သွားခြင်းနှင့်အတူ ဂြိုဟ်တိုက်ပွဲတည် နေရာကြီးထဲသို့ စေလွှတ်ခံခဲ့ရသည့် စွမ်းအားမြင့် ကျွမ်းကျင်သူများ သည် ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီသို့ ပြန်ရောက်လာခဲ့သောကြောင့် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းသည် အစွမ်းပြ၍ မရတော့ချေ။ သိုသိုသိပ်သိပ်ဖြင့် လေထုထဲမှာပင် ပျောက်ကွယ်သွားခဲ့ရ၏။

၎င်းတို့အနေနှင့် အဘယ့်ကြောင့် ထွက်ပေါ်မလာရခြင်းဆိုသော် ထွက်ပေါ်မလာရဲသောကြောင့်ပဲဖြစ်တော့၏။ အထူး သဖြင့် ၎င်းတို့၏ ဂိုဏ်းချုပ်သည် လောကလက်ချောင်း၏ သင်ကြားပြသမှုကို ခံယူခဲ့ရ၏။ ထို့ကြောင့် အချိန်အတော် ကြာသည်အထိ ပြန်လည်ကောင်းမွန်ရန် အားမွေးခဲ့ရ၏။ လမ်းလျှောက်ရန်ပင် ဒုက္ခရောက်ခဲ့ရသေးသည်။

အပြင်ဘက်လောကတွင် ထွက်ပေါ်မလာပါက လူအားလုံးသည် သူတို့အား မေ့ပျောက်သွားလိမ့် မည်ဟု နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းက ထင်မှတ်ခဲ့၏။ သို့ပေမဲ့ မိုးဆွေဖြေန့်ကျက်ထားပြီးပြီဖြစ်ကြောင်း သူတို့မသိခဲ့ချေ။

အတွင်းတွင် ဖြစ်ပျက်နေသော လှုပ်ရှားမှုအားလုံးတို့သည် ပြိုင်စံရှားဂိုဏ်းဆီသို့ ချက်ချင်းပဲ သတင်းရောက်ရှိလျက်ရှိနေ၏။ ထိုမှမကသေးချေ။ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ဝိညာဉ်တောင်ကြားထဲမှထွက်ခွာသွားခဲ့သည်။

သူ့အနေနှင့် မည်မျှရုပ်ဖျက်ထားခဲ့သည်ဆိုဆို မိုးဆွေဟောခန်းမှ သတင်းအချက်အလက်ပေးပို့သူများ၏ ကြည့်ရှုမှု မျက်စိအောက်တွင်တော့ လယ်ပြင်မှာဆင်သွားသလို ထင်းထင်းကြီးရှိနေတော့၏။

အရိုးသားဆုံးပြောရမည်ဆိုလျှင် ယခုနှစ်ပိုင်းအတွင်း တိုးတက်ပြောင်းလဲလာမှုနှင့်အတူ ပြိုင်စံရှားဂိုဏ်းသည် ထိပ်တန်း ဂိုဏ်းများနှင့် နှိုင်းယှဉ်၍ရနိုင်သည့် တိုက်ခိုက်စွမ်းရည်ကို ပိုင်ဆိုင်သည်သာမက ၎င်းတို့၏ သတင်းအချက်အလက် ကွန်ယက်သည်လည်း တစ်ခြားသော အဓိကဂိုဏ်းများနှင့် ဂိုဏ်းများအားလုံး၏ ရှေ့ဆီသို့ ရောက်လျက်ရှိနေသည်။

“ယွမ်ကြီး”

ကျွင်းချောင်ရှောင်းက မေးလိုက်၏။ “နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းရဲ့ ဌာနခွဲတွေက အနောက်ပင်လယ်ဘက်မှာ ရှိနေသေးလား။”

ယွမ်သခင်လေးသည် နာနာကျင်ကျင်ဖြင့် ပြောလိုက်သည်။ “ကျုပ် ဂိုဏ်းချုပ်ကို ဘာတစ်ခုမှ မထိမ်ချန်ထားပါဘူး။ ကျုပ်က နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းရဲ့ ဒုတိယဂိုဏ်းချုပ် တစ်ယောက်ဖြစ်တယ်ဆိုပေမဲ့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းနှင့်ပတ်သက်တဲ့ အတွင်းရေးကိစ္စတွေမှာတော့ သိထားနိုင်မှုက အကန့်အသတ် ရှိနေတယ်လေ။ ကိစ္စတော်တော်များများက ဂိုဏ်းချုပ်တွေသာလျှင် သိတဲ့ကိစ္စမျိုးရှိတယ်။”

သူသည် အဘယ့်ကြောင့် ဂိုဏ်းချုပ်နှင့် ပြိုင်စံရှားဂိုဏ်းအား အသိအမှတ်ပြုခဲ့သနည်း။ အဘယ့်ကြောင့်ဆိုသော် ဒုဂိုဏ်းချုပ်တစ်ယောက် ဖြစ်လာပြီးသည့်နောက်မှာတော့ ဂိုဏ်းချုပ်ကျွင်းသည် သူ့အား အခွင့်အာဏာနှင့် ဂိုဏ်းတစ်ခုလုံး၏ သတင်းအချက်အလက်များကို ယုံယုံကြည်ကြည်နှင့် ပေးအပ်ခဲ့၏။ ဤကဲ့သို့ ယုံကြည်မှုသည် ယွမ်ဖန်အား မိမိ၏ အစစ်အမှန်အိမ်တစ်ခုမှာ နေထိုင်ရသကဲ့သို့ ခံစားရစေသည်။

သူ့အနေနှင့် အကောင်းမွန်ဆုံးသော စွမ်းဆောင်ရည်ကို ပြသပြီး ကြီးမားသောအရာများကို ရယူနိုင်လိမ့်မည်ဟု ထင်မှတ်ခံစားမိစေတော့၏။

“ဒါဆိုရင် သူဘာလို့ အနောက်ဘက်ပင်လယ်ထဲကို သွားရတာလဲ။”

ကျွင်းချောင်ရှောင်းက စတင်ကာ တွေးတောလိုက်သည်။ အချိန်အတော်ကြာ ပုံးကွယ်နေပြီးသည့်နောက် ရုတ်တရက် အပြင်ဘက်သို့ ထွက်လာသည်ဆိုခြင်းမှာ အကြောင်းအရာမရှိဘဲ မဖြစ်နိုင်ချေ။

အဘိုးကြီးတင်းက ပြောလိုက်သည်။ “ကျုပ်သိသလောက်ဆိုရင် အနောက်ဘက်ပင်လယ်က မိစ္ဆာကျင့်ကြံသူတွေချည်းပဲ ရှိတာလေ။ နတ်ဆိုးအင်ပါယာ ဂိတ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က အဲကိုသွားတာ အကူအညီသွားတောင်းတာလား။”

“သူက အကူအညီတောင်းခံရုံလောက်နဲ့ ကျုပ်ကို နိုင်မယ်ထင်နေတာလား။”

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ “အကြီးအကဲကျန့် ဘယ်ရောက်သွားလဲ။”

“သူအပြင်ထွက်သွားပါတယ်။” အဘိုးကြီးတင်းက ပြန်ဖြေလိုက်၏။

တစ်ဖက်လူသည် ၎င်း၏ ညီမလေးကို သွားရောက်ရှာဖွေနေကြောင်းကို ကျွင်းချောင်ရှောင်းသိလိုက်၏။ ထို့ကြောင့် အမိန့်ပေးလိုက်သည်။ “သူ့ကို မြန်မြန်ပြန်ခေါ်လာခဲ့။ အနောက်ပင်လယ်ကို သွားတဲ့အချိန် လိုက်ခဲ့လို့။”

မူလအားဖြင့် သူသည် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းကို သတိမေ့လျက်ပင် ရှိနေတော့သည်။ အဆုံးသတ်မှာတော့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ငြိမ်ငြိမ်မနေဘဲ အပြင်ဘက်သို့ ခုန်ထွက်လာခဲ့၏။ ထို့ကြောင့် သူ့အနေနှင့် သွားရောက်ကာ ကြည့်ရှုမှဖြစ်ပေလိမ့်မည်။

တစ်ချိန်တည်းမှာပဲ အကြီးအကဲကျန့်အား ခေါ်သွားပြီးသည့်နောက် သူ၏ညီမလေးကို ရှာဖွေရန် အခွင့်အလမ်းကို လည်း ပေးအပ်ချင်နေသေး၏။

ပြိုင်စံရှားဂိုဏ်း၏ သတင်းကွန်ယက်ဖြန့်ကျက်မှုသည် တစ်နေ့ထက်တစ်နေ့ ပိုမိုကာ အားကောင်းလာခဲ့တော့၏။ ထို့ကြောင့် ကျန့်ရာ၏ ညီမလေးသည်သာ အသက်ရှင်လျက်ရှိနေသေးမည်ဆိုလျှင် ကုန်းမြေတိုက်ကြီးတွင် မရှိလျှင်တောင်မှ ပင်လယ်သုံးခုဒေသဘက်တွင်တော့ ရှိရပေလိမ့်မည်။

အရှေ့ဘက်ပင်လယ်ကို သူတို့ ရှာဖွေပြီးသားဖြစ်၏။ ထို့ကြောင့် အနောက်ဘက်ပင်လယ်နှင့် မြောက်ပိုင်းပင်လယ်သာ ကျန်ရှိတော့၏။

………….

တောင်ပိုင်းသဲကန္တာရနယ်မြေသည် သီးခြားဆန်သော ရွာလေးတစ်ခုထဲမှတော့ ကျန့်ရာသည် လှမ်းလျှောက်လျက်ရှိ၏။ သူသည် ရှည်လျားလှသည့် ခရီးရှည်ကြီးကို ဖြတ်သန်းသွားလာခဲ့သည်မို့ ခန္ဓာကိုယ်တစ်ခုလုံး ဖုန်များဖြင့် ဖုံးလွှမ်းလျက် ရှိ၏။

ကျွင်းချောင်ရှောင်းသည် ဝိညာဉ်ကုန်းမြေတိုက်ကြီးကို ထွက်ခွာသွားသည့်အချိန်တွင် သူသည်လည်း အပြင်ဘက်သို့ ထွက်ခွာလာခဲ့တော့၏။ လက်ရှိအခြေအနေမှာတော့ လဝက်လောက်ကြာမြင့်ပြီးသည့်နောက် သူ၏ မျက်နှာတစ်ခုလုံး သည် အိုမင်းရင့်ရော်လျက်ရှိနေ၏။ အသက် ၁၀ နှစ်ခန့်ပင် ပို၍ ကြီးသွားပုံပေါ်တော့သည်။

ရိုးရှင်းလှတဲ့ ရွာလေးတစ်ခုထဲကို လှမ်းလျှောက်ပြီးသည့်နောက်မှာတော့ ကျန့်ရာသည် ကလးငယ်များကို ပုံပြင်ပြောပြ လျက်ရှိနေသော ကျက်သရေရှိလှသည့် မိန်းကလေးတစ်ယောက်၏ အသွင်အပြင်ကို မြင်လိုက်ရ၏။ သူသည် ကြောင်အအဖြင့် တည်နေရာတွင် ခြေစုံရပ်လိုက်မိသည်။

“ညီမလေး။”

သူသည် အလောတကြီးဖြင့် လှမ်း၍ အော်လိုက်သည်။ သို့ပေမဲ့ မိန်းကလေးသည် အသာလှည့်၍ ကြည့်လိုက်ချိန်မှာတော့ သူ မရင်းနှီးသည့် မျက်နှာတစ်ခုဖြစ်နေကြောင်းကို မြင်လိုက်ရ၏။

သူမက ဇဝေဇဝါဖြင့် ပြန်၍ မေးလိုက်သည်။ “ရှင်ဘယ်သူလဲ။”

“တောင်းပန်ပါတယ်။”

ကျန့်ရာက တောင်းပန်လိုက်တော့သည်။ “ကျုပ် လူမှားသွားတာပါ။”

သူ့အနေနှင့် ယွမ်စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီး မိုင်တစ်ထောင်ပတ်အတွင်း အရာအားလုံးကို မြင်နိုင်စွမ်းရှိသည် ဆိုသော်လည်း ခေါင်းမာလွန်းသူတစ်ယောက် ဖြစ်လေသည်မို့ သူ၏ ညီမလေးနှင့် တစ်ခြားသော မိန်းကလေးများကို မှားယွင်းစွာခေါ်ဆိုတတ်သည့် အလေ့အကျင့်တစ်ခုပင် ဖြစ်လို့နေခဲ့၏။

“အကြီးအကဲကျန့်”

မိုးဆွေဟောခန်းမှ အဖွဲ့ဝင်တစ်ယောက်၏ အသံသည် သူ၏ နားထဲသို့ ဝင်လာခဲ့သည်။ “ဂိုဏ်းချုပ်က ဂိုဏ်းကို အမြန်ပြန်လာခဲ့တဲ့။”

“ဂိုဏ်းချုပ် ပြန်ရောက်နေပြီလား။” ကျန့်ရာ တွေဝေသွားသည်။

သူ့အနေနှင့် သာမန်ရွာလေးတစ်ခုထဲတွင် ရှိနေပြီဖြစ်သောကြောင့် ဂရုမစိုက်ဘဲ နေချင် သလိုနေထိုင်ခဲ့ရ၏။ ယခု လက်ရှိအခြေအနေမှာတော့ အလင်းတန်းတစ်ခုအဖြစ်သို့ ချက်ချင်းပြောင်းလဲကာ ပျံသန်းထွက်ခွာလိုက်၏။

“ဟာ ….. ဒီလူက ပျံနိုင်တာပဲ။”

“အစ်မကြီး လင်းလင်း ….. ဒါက အစ်မကြီးပြောပြတဲ့ ကောင်းကင်မှာ ပျံသန်းနိုင်တဲ့ အင်မော်တယ်တွေ ဆိုတာလား။”

ကလေးငယ်များသည် မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

တစ်နေ့တည်းမှာပဲ ကျန့်ရာသည် ပြိုင်စံရှားဂိုဏ်းဆီသို့ ပြန်ရောက်ခဲ့၏။

ကျွင်းချောင်ရှောင်းသည် ရှေးရွက်လှေကြီးကို ဆင့်ခေါ်ကာ ပြောလိုက်သည်။ “အဘိုးကြီး လော် …. ကျေးဇူးပြုပြီး တက်ပါအုံး။”

လော်ကျစ်လုံသည် လေးလေးနက်နက်ဖြင့် ပြောလိုက်၏။ “ဂိုဏ်းချုပ်ရဲ့ ယုံကြည်မှုကို ကျေးဇူးတင်ပါတယ်။ ကျုပ် အနောက်ဘက်ပင်လယ်ထဲကို သွားနိုင်မယ့်လမ်းကို ကျိန်းသေပေါက် ရှာပါမယ်။”

အရှေ့ပင်လယ်ဆီမှ ပြန်လည်ရောက်ရှိပြီးသည့်နောက်မှာတော့ သူ၏ ညီအစ်ကိုရောင်းရင်းများအား မြေမြှုပ်သြင်္ဂိုလ် ခြင်းကို ပြုလုပ်ခဲ့၏။ ပြီးသည့်နောက်မှာတော့ အဘိုးကြီးလော်ကျစ်လုံသည် ပြိုင်စံရှားဂိုဏ်း၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်လို့ လာခဲ့တော့သည်။

“သွားကြရအောင်။”

ဝှစ်

ရှေးရွက်သင်္ဘောကြီးသည် အသက်ဝင်သွား၏။ ပြီးနောက် အလင်းတန်းတစ်ခုကဲ့သို့ပင် ပြောင်းလဲကာ အဆုံးအစမဲ့သည့် ကောင်းကင်ယံ၌ ပျောက်ကွယ်သွားခဲ့၏။

ဤတစ်ကြိမ်မှာတော့ လီချင်းယန်တင်သာမက လုချင်းချင်းနှင့် စုရှောင်မိုတို့လည်း လိုက်ပါလာအြနောက်ပိုင်းပင်လယ်ဆီသို့ သွားရောက်ရာ လမ်းတစ်လျှောက်တွင် သဘာဝဘေးအန္တရာယ်များရှိသည်ဆိုလျှင် ထိုတပည့်တို့သည် ရင်ဆိုင်ဖြေရှင်းရမှာဖြစ်၏။

တကယ်တမ်းမှာတော့ အခွင့်အရေးသာပေးမည်ဆိုလျှင် ကုန်းရှန့်သည် သူ၏တပည့်ခုနှစ်သောင်းလုံးကို ခေါ်ဆောင်၍ ဤနေရာတွင် လာရောက်ကာ ဟန်ရေးပြ ကြွားဝါချင်နေမိသည်။

….

အနောက်ပိုင်းပင်လယ်ဒေသ

ဤအရာသည် အနောက်ပိုင်းကုန်းပြင်မြင့်ဒေသ၏ ရှေ့တည့်တည့်တွင် တည်ရှိသော အနောက်ဘက်ပင်လယ်ဒေသပင် ဖြစ်သည်။ သို့ပေမဲ့ နေရာနှစ်ခုသည် အလွန်တရာ အလှမ်းဝေးကွာလွန်းလှ၏။ တည်နေရာအကျယ်အဝန်းကို တွက်ချက် ရမည်ဆိုလျှင် အရှေ့ပင်လယ်ထက်ပိုမိုကာ ကျယ်ဝန်းလွန်းလှ၏။ သို့ပေမဲ့ နိုင်ငံဟူ၍ သတ်သတ်မှတ်မှတ်မရှိချေ။ နေရာအနှံ့တွင် ဂိုဏ်းများနှင့် ပျံ့နှံ့လျက်ရှိနေ၏။

နတ်ဆိုးအင်ပါယာပေါ်ပေါက်လာသည့် အချိန်တုန်းက များပြားလှသည့် လမ်းမှန်ဂိုဏ်းသားများအားလုံးသည် နတ်ဆိုး သတ်ဖြတ်ခြင်းအမိန့်တော်ကို ထုတ်ပြန်ခဲ့၏။ ထို့ကြောင့် များပြားလှသည့် မိစ္ဆာဂိုဏ်းများကိုပါ သက်ရောက်ခဲ့တော့သည်။

၎င်းတို့အနေနှင့် မည်သို့မျှ ရွေးချယ်ခွင့် မရှိဘဲ အနောက်ပိုင်းပင်လယ်ဒေသဆီသို့ ရွှေ့ပြောင်းခဲ့ရတော့၏။ ထို့ကြောင့် ဤနေရာသည် မိစ္ဆာဂိုဏ်းများအခြေချရာနေရာတစ်ခုအဖြစ် ဖြစ်တည်ခဲ့ရ၏။

ယနေ့မှာတော့ ရှေးရွက်သင်္ဘောကြီးတစ်ခုသည် ကျယ်ပြောလှသည့်ပင်လယ်ကြီးကို ဖြတ်သန်းကာဖြင့် မြူများ ဖုံးလွှမ်း လျက်ရှိနေသော ကမ်းခြေတစ်ခုဆီသို့ ရောက်ရှိရပ်တန့်သွားတော့သည်။ လော်ကျစ်လုံသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏ “ဂိုဏ်းချုပ် … အနောက်ဘက်ပင်လယ်ဒေသထဲကို ရောက်ပါပြီ။”

“အင်း … လမ်းတစ်လျှောက်မှာ လုံလုံခြုံခြုံ နဲ့ ဖြတ်သန်းခဲ့ရတာပဲ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

“……”

ကုန်းပတ်ပေါ်တွင် လဲလျောင်းလျက်ရှိနေသော လီချင်းယန်၊ ရှောင်ကျီနှင့် တစ်ခြားသူများအားလုံးတို့၏ နှုတ်ခမ်းများ သည် တဆတ်ဆတ် နှင့် တုန်ယင်သွားသည်။ ဘေးအန္တရာယ်တွေ့ကြုံရတိုင်း သူတို့အား အပြင်ဘက်သို့ထွက်၍ တိုက်ခိုက်ဖြေရှင်းရန် ဂိုဏ်းချုပ်သည် အစဉ်အမြဲစေခိုင်းခဲ့၏။ ထို့ကြောင့်ပင် လုံခြုံသည့် ခရီးစဉ်တစ်ခု ဖြစ်သွားခဲ့ခြင်းပင်။ မသိသောသူများကြားလျှင် ဘာတစ်ခုမှ အန္တရာယ်မတွေ့ဘဲ လွယ်လွယ်ကူကူ ရောက်လာခဲ့သလို အဘယ့်ကြောင့် ရေရွတ်နေရသနည်း။

“ဒီမြူတွေက အဆိပ်တွေပဲ။” လုချင်းချင်းက ပြောလိုက်သည်။

ကျန့်ရာကပြောလိုက်၏။ “ဒီနေရာက အဓိကဂိုဏ်းတွေရဲ့ တိုက်ခိုက်မှုကို ခံရမှာကို စိုးရိမ်တာကြောင့် လာပြီး ခိုလှုံကြတဲ့ မိစ္ဆာဂိုဏ်းတွေ အများကြီးရှိတယ်လို့ ကြားဖူးတယ်လေ။ ဒီတော့ အနောက်ဘက်ပင်လယ်ထဲမှာ သူတို့က အဆိပ်မြူတွေကို ချမှတ်ထားကြတာ။”

“ဒါကအရမ်းကြီးလည်း အဆိပ်မပြင်းလောက်ပါဘူး။”

ကျွင်းချောင်ရှောင်းသည် သူ၏ စိတ်ဝိညာဉ်အာရုံကို ဖြန့်ကျက်ထားရာမှ ပြန်လည်ရုပ်သိမ်းပြီး ပြောလိုက်တော့၏။ “အချိန်ကာလတစ်ခုကြာရင် ပျောက်ကွယ်သွားလိမ့်မယ်။”

ဆွစ် ဆွစ် …။

သူသည် လက်ကို အသာမြှောက်လိုက်၏။ အလွန်ပူပြင်းလှသော မီးတောက်များ ဖြစ်တည်လာပြီး သည့်နောက်မှာတော့ သူ၏ရှေ့တွင်ရှိနေသော ထူထဲလှသည့် မြူများကို ဝါးမြိုသွားတော့သည်။ ပြီးသည့်နောက်မှာတော့ ၎င်းတို့သည် ရှေးရွက်လှေကြီးကို အသာမောင်းနှင်ကာဖြင့် ကမ်းခြေ၏ ထိပ်တည့်တည့်တွင် ရပ်တန့်လိုက်၏။

အနောက်ဘက်ပင်လယ်၏ စိတ်ဝိညာဉ်ချီများသည် အရှေ့ဘက်ပင်လယ်ထက်ပိုမို၍ အားကောင်းလွန်းလှ၏။ သို့ပေမဲ့ လေထုထဲတွင် မိစ္ဆာအော်ရာများရှိလို့နေသည်။

“ဂိုဏ်းချုပ်”

ကျန့်ရာက မေးလိုက်၏။ “ဘာဆက်လုပ်ကြမှာလဲ။”

“နတ်ဆိုးအင်ပါယာဂိတ် ဂိုဏ်းချုပ်ကို ရှာရမှာပေါ့။”

“ကောင်းပါပြီ။”

ကျန့်ရာသည် ရွက်သင်္ဘောကြီး၏ ပဲ့ကိုင်းတွင် သွား၍ မတ်တပ်ရပ်လိုက်ပြီးသည့်နောက် မျက်စိကို စုံမှိတ်လိုက်၏။

သူ၏ ယွမ်စိတ်ဝိညာဉ်ကို အသက်သွင်းလိုက်ပြီးသည့်နောက်မှာတော့ စိတ်ဝိညာဉ်အာရုံများသည် အလွန်တရာမြန်ဆန်သည့်နှုန်းထားဖြင့် တည်နေရာတစ်ခုလုံးကို ဖြန့်ကျက်လျက်ရှိနေတော့သည်။ ခနလောက်ကြာပြီးသည့်နောက် သူသည် မျက်လုံးကို ဖွင့်လိုက်သည်။

“ဂိုဏ်းချုပ် အနောက်ဘက်ပင်လယ်ရဲ့ မိုင်တစ်သောင်းအတွင်းထဲမှာ အတားအဆီးအစီအရင်နဲ့တူတဲ့ အရာတွေ အများကြီး ရှိနေတယ်။ ကျုပ်ရဲ့ ယွမ်စိတ်ဝိညာဉ်ခန္ဓာကိုယ်တောင်မှ ဝင်ရောက်ကြည့်ရှုလို့မရနိုင်ဘူးဖြစ်နေတယ်။”

ကျွင်းချောင်ရှောင်းက စိတ်ဝင်တစားနှင့် ပြောလိုက်သည်။ “ဒါကနည်းနည်းဆန်းကြယ်တာပဲ။ သွားကြရအောင်။ အဲကို သွားကြည့်ရအောင်။”

ရှေးရွက်သင်္ဘောကြီးသည် ကောင်းကင်ယံအထက်ဆီမှ ပျံသန်းထွက်ခွာသွားခဲ့တော့သည်။

……….

မည်းနက်နေသည့် လျှို့ဝှက်ခန်းလေးထဲမှာတော့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် စားပွဲတစ်ခု၏ ထိပ်ပိုင်းတွင် ထိုင်ကာဖြင့် လေးလေးနက်နက်ဖြင့် ပြောလိုက်၏။ “မဟာမိတ်ခေါင်းဆောင်ဟန် … ကျုပ်ကို တကယ် ကူညီချင်တာလား။”

ပိန်ညောင်ညောင်နှင့် သက်လတ်ပိုင်းလူသည် အေးစက်သည့် အော်ရာများကို ထုတ်ဖော်လျက်ရှိ၏။ ထိုသူသည် ခြောက်ကပ်ကပ်ဖြင့် ရယ်ကာ ပြောလိုက်တော့၏။ “ဂိုဏ်းချုပ်ရှောင် …. ခင်ဗျားကို ကျုပ် အလကားတော့ မကူညီနိုင်ဘူး။”

“မဟုတ်တာ။”

နတ်ဆိုးအင်ပါယာဂိတ် ဂိုဏ်းချုပ်သည် လက်သီးကို ဆုပ်ကာပြောလိုက်၏။ “တကယ်လို့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းကို ကူညီပြီးတော့ အဓိကဂိုဏ်းတွေအကုန်လုံးကို ဖျက်ဆီးပစ်နိုင်မယ်ဆိုရင် ကျုပ်က ခင်ဗျားလိုချင်တာ အားလုံးကို ပေးပါမယ်။ မဟာမိတ်ခေါင်းဆောင်ဟန်”

မဟာမိတ်ခေါင်းဆောင်ဟန်သည် မြေပုံပေါ်ရှိ ပင်မကုန်းမြေတိုက်ကြီး၏ တည်နေရာကိုးခုကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။ “အနောက်ဘက်က ကျုပ်ဟာပဲ။ အရှေ့ပိုင်းက ခင်ဗျားဟာ။”

“……”

နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။ “မဟာမိတ်ခေါင်းဆောင်ဟန် ကျုပ်ကိုကူညီပြီး အဓိကဂိုဏ်းတွေအကုန်လုံးကို ဖျက်ဆီးပစ်နိုင်ဖို့အတွက် ယုံကြည်ချက် ရှိလား။”

“ကျုပ် ယုံကြည်ချက်မရှိတဲ့အရာမျိုးကို ဘယ်တော့မှလုပ်မှာမဟုတ်ဘူး။” မဟာမိတ်ခေါင်းဆောင်ဟန်သည် ဂုဏ်ယူ ဝင့်ကြွားစွာ ပြောလိုက်၏။

နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်က ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းက ကုန်းမြေတိုက်ကြီးထဲမှာ လတ်တလောမှာ ပေါ်ပေါက်လာခဲ့တာ။ ဒါပေမဲ့ ဂိုဏ်းချုပ် ကျွင်းချောင်ရှောင်းရဲ့ အားအင်အဆင့်က ခန့်မှန်းလို့မရနိုင်ဘူး။”

“ဒါက အဆင်ပြေတယ်။”

မဟာမိတ်ခေါင်းဆောင်ဟန်က ပြောလိုက်၏။ “ကျုပ်တို့ သူတို့ကို ဖျက်ဆီးပစ်လိုက်ရုံပဲလေ။”

“……….”

နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ် နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့၏။ အနောက်ပင်လယ်ထဲတွင်ရှိနေသော အင်အားစုများအားလုံးကို ထိန်းချုပ်ထားနိုင်သည့် ဤဆရာကြီးသည် အလွန်တရာ မောက်မာလွန်းလှ၏။ တကယ့် အစစ်အမှန်စွမ်းရည်ရှိပြီး ပါးစပ်မှ လေကျယ်နေခြင်းမဟုတ်စေရန် သူမျှော်လင့်နေမိသည်။

“ကောင်းပြီ။”

နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် လက်သီးကို ဆုပ်ကာပြောလိုက်၏။ “ဒါဆိုလည်း အခုချိန်ကစပြီး ကျုပ် မဟာမိတ်ခေါင်းဆောင်ဟန်ကိုပဲ အားကိုးရတော့မှာပေါ့။”

………….

၎င်းတို့နှစ်ယောက်လျှို့ဝှက်ခန်းထဲတွင် ပြောဆိုနေတုန်းမှာပဲ ကျွင်းချောင်ရှောင်း၏ ရွက်သင်္ဘောကြီးမှာတော့ ကမ်းခြေနှင့် မနီးမဝေးနေရာဆီသို့ ရောက်ရှိလာခဲ့တော့သည်။

ဘုတ်

အမဲရောင်ဝတ်စုံနှင့် လူတစ်ယောက်သည် မြေပေါ်သို့ ပြုတ်ကျသွားခဲ့၏။ သူ၏ မျက်လုံးထဲတွင် ထိတ်လန့်ခြောက်ခြား မှုများနှင့် ပြည့်နှက်နေ၏။ သူ၏အမြင်အရဆိုလျှင် များပြားလှသော သူ၏အဖော်များအားလုံးသည် မြေပြင်ပေါ်တွင် လဲကျသေဆုံးနေခဲ့ကြပြီးဖြစ်သည်။

အဝေးတစ်နေရာတွင် တူညီသည့် ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် သိုင်းကျင့်ကြံသူ ငါးယောက်တို့ တည်ရှိနေသည်။ ထိုသူတို့အားလုံးသည် ဆောင့်ကြောင့်ထိုင်သူကထိုင်၊ ဘေးတစ်ဖက် ဆီသို့ လှဲသူကလှဲ၊ ဓားကို အသာထုတ်လျက်ရှိသူကထုတ်ဖြင့် ရှိလို့နေသည်။ အားလုံးသောသူများ သည် ငရဲပြည်မှ လမ်းလျှောက် ထွက်လာခဲ့ကြသော နတ်ဆိုးများနှင့်ပင် ဆင်တူလျက်ရှိ၏။

ဆွစ်

ကျွင်းချောင်ရှောင်းသည် လက်ကို အသာမြှောက်ပြီးသည့်နောက်မှာတော့ ထိတ်လန့်ကြောက်ရွံ့လျက်ရှိနေသော အမဲရောင်ဝတ်စုံနှင့်လူအား အသာဆွဲယူလိုက်၏။ ပြီးနောက် အေးစက်သည့်အသံနှင့်မေးလိုက်တော့သည်။ “ဒီနေရာကို စောင့်ကြပ်ဖို့အတွက် မင်းကို ဘယ်သူခိုင်းထားတာလဲ။”

“ဒါ …. ဒါက မဟာမိတ်ခေါင်းဆောင်ဟန်ပါ။”

All Chapters