← Chapters

အခန်း (၁၁၃၈)

Vol. 77 Ch. 1138

အခန်း (၁၁၃၈)

Vol. 77 Ch. 1138

လီချင်းယန်နှင့် တခြားသောသူများ၏ အားအင်အဆင့်သည် ဘယ်ကမှန်းမသိ ရောက်ရှိလာခဲ့သော သိုင်းကျင့်ကြံသူ တစ်ထောင်ကျော်တို့၏ ရှေ့တွင်တော့ ဘာမှ မဟုတ်ချေ။ ထိုသို့ဆိုလျှင်တောင်မှ ၎င်းတို့သည် အမူအရာမပျက် ခပ်တည်တည်နှင့် ရှိနေခဲ့၏။

သေချာပေသည်။ ဂိုဏ်းချုပ်သည် ဤကဲ့သို့ အကြောက်အလန့်ကင်းမဲ့သော တပည့် များကို မွေးထုတ်နိုင်ခဲ့သည်။ သို့ပေမဲ့ ရီရှင်းချန်သည် ဝိုင်ဂျားပေါ်သို့ ခြေတင်ကာဖြင့် ရောက်ရှိလာ၏။ ၎င်းအား ကြည့်ရှုရသည်မှာ သိုင်းအင်ပါယာတစ်ယောက်၏ ဟန်ပန်အမူအရာမျိုးဖြစ်နေသည်ဆိုသော်လည်း လီချင်းယန်၊ စုရှောင်မိုတို့မှာတော့ ရယ်ချင်စိတ်ကို မနည်းအောင့်၍ ထားရတော့သည်။ ဂျူနီယာညီလေးရီသည် ဟိတ်ကြီးဟန်ကြီးနှင့် ရောက်ရှိလာခဲ့ခြင်းပင်။

ဟူး ဟူး

သိုင်းကျင့်ကြံသူ ထောင်ကျော်တို့ဘက်ဆီမှာတော့ အလွန်အားကောင်းလှသော စွမ်းအင်လှိုင်းတစ်ခု ဖြစ်တည်လာ ခဲ့တော့သည်။ ကျွင်းချောင်ရှောင်းသည် ခေါင်းတုံးနှင့်လူကို ဆက်တိုက် ထိုးနှက်တိုက်ခိုက်နေသည် ဖြစ်သောကြောင့် ကြီးမားလှသော စွမ်းအင်လှိုင်းများ ဖြစ်တည်နေခြင်းပင် ဖြစ်တော့သည်။

“တက်ကြ” လုချင်းချင်းက လှမ်း၍ ပြောလိုက်၏။

ရွှီး ရွှီး

ချက်ချင်းပဲ လီချင်းယန်နှင့် တခြားသူများ အားလုံးသည် ကျွင်းချောင်ရှောင်း၏နောက်၌ ပေါ်လာပြီး စီတန်း ရပ်လျက် ရှိနေကြသည်။

ဘုန်း

ကျွင်းချောင်ရှောင်းသည် ခေါင်းတုံးပြောင်နှင့်လူ၏ မျက်နှာကို ကြမ်းတမ်းစွာ ကန်ကျောက်လိုက်ပြီးသည့်နောက် သူ၏ တပည့်များ ရှေ့ဆီသို့ ပို့လွှတ်လိုက်၏။ ပြီးနောက် အသာခေါင်းလှည့်ကာ ၎င်း၏ သိမ်းငှက်ကဲ့သို့ စူးရှလှသည့် မျက်လုံးများနှင့် ကြည့်ရှုလိုက်သည်။ ၎င်း၏ စူးရှပြီး ထက်မြလွန်းလှသော အကြည့်သည် တစ်ဖက်မှ သိုင်းကျင့်ကြံသူများ အားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။ ၎င်းတို့သည် လှုပ်ရှားရာမှ အမှတ်မထင် ရပ်တန့်သွားပြီး သည့်နောက်မှာတော့ နှလုံးသားထဲတွင် အလွန်တရာ စိုးရွံ့လှသည့် ခံစားချက်များ ဝင်ရောက်လာခဲ့သည်။

“သွား... သွား”

သိုင်းနယ်မြေ ကျင့်ကြံသူနှင့် နှိုင်းယှဉ်၍ရသောသူသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ ကျွင်းချောင်ရှောင်း၏ အကြည့်သည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည် ဖြစ်သော်လည်း သူတစ်ယောက်တည်း သာဖြစ်၏။ အားလုံးသောသူများသည် ဝင်ရောက်တိုက်ခိုက်မည်ဆိုပါက တစ်ဖက်လူအနေနှင့် ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ချေ။

ဘယ်ကမှန်းမသိဘဲ ရောက်လာကြသော သိုင်းကျင့်ကြံသူတစ်ထောင်ကျော်တို့သည် စိတ်ပိုင်းဆိုင်ရာ အရ အလွန်တရာ အားကောင်းလှ၏။ ခဏကြာ ပြင်ဆင်ပြီးသည့်နောက်မှာတော့ ၎င်းတို့အားလုံးသည် ခွေးရိုင်းများ ကဲ့သို့ပင် ရှေ့ဆီသို့ လှမ်းတက်ကာ တိုက်ခိုက်တော့၏။

ရွှီး

ကျွင်းချောင်ရှောင်းသည် ရှေ့သို့ လှမ်းတက်လိုက်၏။ သူ၏ ညာဘက်လက်သည် လေဟာနယ်ထဲသို့ ဆွဲယူလိုက်၏။ လေထုထဲမှာတော့ ကောင်းကင်စတေးခြင်းလှံသည် ဖြစ်တည်လာခဲ့သည်။ ထိုလှံကြီးဆီမှ ကြောက်မက်ဖွယ်ရာ ကောင်းလှသော အရှိန်အဟုန်များ ထွက်ပေါ်လျက်ရှိနေသည်။

ဘုန်း ဘုန်း

စွမ်းအင်မျိုးစုံတို့သည် ဤလှံကြီး၏ တိုက်ခိုက်မှုအောက်၌ ပျောက်ကွယ်သွားရသည်။ ကျွင်းချောင်ရှောင်း သည် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်တည်နေသည်။ သူသည် လှံကြီးကို ကိုင်ဆောင်ပြီးသည့်နောက် သိုင်းကျင့်ကြံသူတစ်ထောင်ကျော်တို့ဆီ ပြေးဝင်တိုက်ခိုက်တော့၏။

..............

နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ကြောင်အလျက် ရှိနေတော့၏။ သိုင်းအုပ်စိုးသူ တစ်ထောင်ကျော် ဆိုလျှင် သူ့အနေနှင့် အေးအေးဆေးဆေး တိုက်ခိုက်နိုင်စွမ်းရှိ၏။ သို့ပေမဲ့ ဤမျှ များပြားလှသော သိုင်းနယ်မြေနှင့် သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူများ ပါဝင်လျက်ရှိနေသည့်သူများကို ဂိုဏ်းချုပ်ကျွင်းသည် ဝင်ရောက် တိုက်ခိုက်လျက် ရှိနေ၏။ တိုက်ပွဲသည် အလွန်တရာ ကြီးကျယ်ခမ်းနားလွန်းလှပြီး သူသည် ကြည့်ရှုရင်း စိတ်နှင့်ကိုယ်ပင် မောဟိုက်လာသည်။

လီချင်းယန်နှင့် တခြားသူများမှာတော့ တည်ငြိမ်အေးဆေးစွာ ရှိနေကြ၏။ ဂိုဏ်းချုပ်တစ်ယောက် လူပေါင်း တစ်ထောင်ကျော်လောက်နှင့် တိုက်ခိုက်သည်ဆိုခြင်းမှာ သူတို့အတွက် သာမန်ပင် ဖြစ်တော့သည်။ လူပေါင်း နှစ်သောင်းကျော်ကိုပင် တိုက်ခိုက်သတ်ဖြတ်ခဲ့သည်ကို မြင်ဖူးကြသူများဖြစ်သည်မို့ သူတို့သည် စိတ်အေးသက်သာ စွာဖြင့် တိုက်ပွဲကို ကြည့်ရှုလျက်ရှိနေ၏။

ဘုန်း ဘုန်း ဘုန်း ဘုန်း

လှံ၏ အလင်းတန်းများသည် ကောင်းကင်နှင့် မြေကြီးတစ်ခွင်လုံးကို ထိုးနှက်ပြီး လေဟာနယ်တစ်ခုလုံးကိုပင် ထိုးခွင်းလျက် ရှိနေ၏။ ခေါင်းတုံးပြောင်၏ ဘက်ဆီမှ သိုင်းကျင့်ကြံသူ တစ်ထောင်ကျော်တို့သည် မကြာခင်မှာပဲ မြေပေါ်သို့ လဲကျကုန်ကြတော့သည်။

ဝေါ့ ဝေါ့ …။

သိုင်းကျင့်ကြံသူတစ်ထောင်ကျော်တို့သည် မြေပေါ်တွင် လဲလျောင်းလျက် ရှိနေသည်။ တချို့သည် ချက်ချင်း သေဆုံးသွားခဲ့ကြသည်ဖြစ်ပြီး တချို့မှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိနေ၏။ တချို့မှာတော့ သွေးများ အန်ထွက်လျက် ရှိနေတော့သည်။ ၎င်းတို့သည် ဆက်လက်တိုက်ခိုက်ရန် အားအင်လည်း မရှိကြတော့ချေ။

နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းချုပ်၏ မျက်လုံးထဲတွင်တော့ စိုးရိမ်ထိတ်လန့်မှုများ ပြည့်နှက်လာခဲ့သည်။ ဤမျှ များပြားလှသောကျွမ်းကျင်သူများ ဝိုင်းဝန်းတိုက်ခိုက်သည် ဆိုလျှင်တောင်မှ ကျွင်းချောင်ရှောင်းသည် တစ်ယောက်တည်း အရာအားလုံးကို ဖြေရှင်းခဲ့၏။ သူ့အနေနှင့် အနာဂတ်တွင် မည်ကဲ့သို့ အနိုင်ယူနိုင်တော့မည်နည်း။

...............

အားလုံးထဲတွင် စိတ်ဓာတ်အကျဆုံးသောသူမှာ ရှောင်ကျီပင်ဖြစ်သည်။ သူသည် နတ်ဘုရားလက်နက်၏ အဆုံးမဲ့ တိုက်ကွက်ကိုပင် အသက်သွင်းကာ ရောက်ရှိလာခဲ့သူဖြစ်သည်။ သို့ပေမဲ့ ဂိုဏ်းချုပ်သည် သူ့အား တိုက်ခိုက်ရန် အခွင့်အရေး တစ်ချက်ကလေးတောင် မပေးခဲ့ချေ။ အားလုံးကို တစ်ယောက်တည်း တိုက်ခိုက် သွားခဲ့သည်။

ကျွင်းချောင်ရှောင်း အနေနှင့် အဘယ်ကြောင့် ဤကဲ့သို့ ပြုလုပ်ရသနည်းဆိုသော် စိတ်တိုနေသောကြောင့် ဖြစ်သည်။ သူသည် ဘယ်ကပေါ်လာမှန်း မသိသည့် သိုင်းကျင့်ကြံသူများကို လက်ဝှေ့အိတ်များကဲ့သို့ သဘောထားကာ ကြီးကြီးကျယ်ကျယ် ထိုးနှက်တိုက်ခိုက်ခြင်းကို ပြုလုပ်နေ၏။

လီချင်းယန်က ပြောလိုက်သည်။ “နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း ဂိုဏ်းချုပ်က ထပ်ပြီးတော့ ထွက်ပြေးသွားပြန်ပြီ”

“ဟမ်”

တစ်ဖက်လူ ထွက်ပြေးသွားသည်ကို သိရှိပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ “ဘုန်းကြီးက ပြေးလို့ရတယ်။ ဘုန်းကြီးကျောင်းကတော့ ပြေးလို့မရဘူး”

သူ့အနေနှင့် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်အား ငွေညှစ်မည့်အကြံသည် ခဏတာ ရပ်တန့်လိုက်၏။ ပြီးသည့်နောက် မှာတော့ ရိုက်နှက်ခံထားရသော ခေါင်းတုံးပြောင်နှင့်လူဆီသို့ လျှောက်လှမ်းသွားတော့သည်။

ထိုလူသည် ရောက်ရှိလာခဲ့စဉ်က သူ့ကိုသူ ယွမ်ရှင်းဟု ဆိုခဲ့သည်။ ယခုအခြေအနေမှာတော့ ၎င်း၏ အခြေအနေသည် ဖုန်စုပ်စက်ကြီးနှင့် စုပ်ယူခံရသော ဝိညာဉ်မျိုးနွယ် ဟောခန်းသခင်များနှင့် ဘာမှမခြားနားတော့ချေ။ အလွန်တရာ ဆိုးရွားသည့် အခြေအနေဆီသို့ ရောက်ရှိသွားခဲ့၏။

ကျွင်းချောင်ရှောင်းသည် ရှောင်ကျီတစ်ယောက် ပြင်ဆင်ပေးထားသော ထိုင်ခုံပေါ်တွင် အသာထိုင်ကာဖြင့် ၎င်း၏ လက်ထဲတွင် ထူးဆန်းလှသည့် သံလိုက်အိမ်မြှောင်ကို ဆော့ကစားရင်း မေးလိုက်တော့သည်။ “ခင်ဗျား ဘယ်ကလဲ။ ဒါမှမဟုတ် ဘယ်နေရာကနေ ရောက်လာတာလဲ။ ဘယ်သူလဲ”

တည်နေရာကြီးတစ်ခုလုံးသည် ရုတ်တရက် ပြိုလဲသွားခဲ့တော့၏။ ပြီးနောက် ထူးဆန်းသည့် အဝတ်အစားများကို ဝတ်ဆင်ထားသော သိုင်းကျင့်ကြံသူများသည် ထွက်ပေါ်လာခဲ့သည်။

ထို့အပြင် ကြယ်ကြွေကုန်းမြေတိုက်သို့ ရောက်ရှိနေကြောင်း ပြောဆိုခဲ့ပြီး အရာအားလုံးကို နင်းချေပစ်မည်ဟုလည်း ကြုံးဝါးခဲ့၏။ ထို့ကြောင့် တခြားသောဂြိုဟ်ဆီမှ ရောက်ရှိလာခဲ့သည့် သူများပင် ဖြစ်ရမည်။

“ချီး.. ချီးတဲ့မှ...”

ခေါင်းတုံးနှင့်လူသည် အလွန်တရာပင် ဇွဲကောင်းလွန်းလှ၏။ ဤမျှဆိုးရွားစွာ ရိုက်နှက်ခံလိုက်ရသည် ဆိုလျှင်တောင်မှ သူသည် အားရပါးရ ဆဲဆိုလျက် ရှိနေသေး၏။ “ကျုပ်.. ကျုပ် ဘာမှပြောမှာ မဟုတ်ဘူး”

“ဘာမှမပြောဘူး ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် လက်များကို အသာယှက်ကာဖြင့် ပြောလိုက်တော့၏။ “ဒါဆိုရင် နောင်တမရနဲ့နော်”

ခေါင်းတုံးနှင့်လူသည် ဆိုးရွားသည့်အရာတစ်ခုဖြစ်မည်ဟု ခံစားလိုက်မိတော့သည်။ ရုတ်တရက်ပဲ သူ၏ အပေါ်ရှိ ကောင်းကင်ယံတစ်ခုလုံး မဲမှောင်သွားသည်ကို ခံစားလိုက်မိ၏။ နားထဲတွင် မိုးခြိမ်းသံကဲ့သို့ အသံများ ထွက်ပေါ် လာခဲ့တော့သည်။ သူသည် ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်း စေတီထဲသို့ ရောက်ရှိလျက် ရှိနေတော့သည်။

“အားရာ”

ကျွင်းချောင်ရှောင်းသည် အေးစက်စက်နှင့် အမိန့်ပေးလိုက်သည်။ “သူ့ကို သင်ခန်းစာ ကောင်းကောင်း ပေးလိုက်စမ်း”

အားရာသည် ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “သခင်... ဒီလူက လူပဲလေ”

သူမ၏ ဝိညာဉ်ဖိနှိပ်ခြင်းကြာပွတ်သည် သန့်စင်ရန်နှင့် မသန့်ရှင်းသည့်အရာများကို လမ်းညွှန်ရန်သာ အသုံးပြုရသည့်အရာဖြစ်သည်။ ဤကဲ့သို့ လူအတွက် မည်ကဲ့သို့ အသုံးပြုရမည်နည်း။

“စမ်းကြည့်လိုက်လေ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဝိညာဉ်ဖိနှိပ်ခြင်းကြာပွတ်က တစ်ခုခုတော့ အသုံးဝင်မှာပါ”

“အင်း.... ကောင်းပြီ” အားရာသည် လက်ကို မြှောက်ပြီးသည့်နောက်မှာတော့ ဝိညာဉ်ဖိနှိပ်ခြင်းကြာပွတ်သည် သူမ၏ လက်ထဲသို့ ရုတ်တရက် ရောက်ရှိလာခဲ့၏။

ကျွတ်

ခေါင်းတုံးနှင့်လူသည် နှာခေါင်းရှုံ့လိုက်မိသည်။ သူကဲ့သို့သောအဆင့် ကျွမ်းကျင်သူတစ်ယောက်အနေနှင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားသည် ဆိုလျှင်တောင်မှ ကြာပွတ်ရိုက်ချက် လောက်ကတော့ သက်တောင့်သက်သာ ခံယူနိုင်စွမ်းရှိ …...

ဖောင်း

ရုတ်တရက် ဝိညာဉ်ဖိနှိပ်ခြင်း ကြာပွတ်သည် သူ၏ ကျောပေါ်သို့ ရောက်ရှိလာခဲ့သည်။ ကြီးမားပြင်းထန်လွန်း လှသော နာကျင်မှုသည် ခေါင်းတုံးပြောင်၏ သိစိတ်ထဲသို့ ဝင်ရောက်လာတော့သည်။ သူသည် ဆိုးရွားစွာဖြင့် အော်ဟစ်လိုက်တော့သည်။

“အား …..”

“သခင်”

အားရာသည် အံ့အားသင့်စွာဖြင့် ပြောလိုက်တော့သည်။ “ဒါက အသုံးဝင်တာပဲ”

“ဒါဆိုရင် သင်ခန်းစာ ပေးလိုက်တော့” ကျွင်းချောင်ရှောင်းသည် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

“ကောင်းပြီ”

ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း

ကြာပွတ်ရိုက်နှက်သံသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့တော့သည်။ အလွန်တရာ လှပသည့် စည်းချက်ကဲ့သို့ပင် ဖြစ်တည်နေခဲ့တော့သည်။

ကြာပွတ်ရိုက်နှက်သံနှင့်အတူ ကျွင်းချောင်ရှောင်းသည် ခေါင်းကိုပင် လိုက်၍ ညိတ်လျက် ရှိနေတော့၏။ မိနစ်အနည်းငယ်ကြာ ရိုက်နှက်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အားရာအား ရပ်တန့်ရန် အမူအရာပြလိုက်၏။ “စကားပြောမှာလား”

“ပြောမယ်။ ပြောမယ်။ ကျုပ်ပြောမယ်” ခွေးသေတစ်ကောင်ကဲ့သို့ မြေပေါ်တွင် လဲလျက်ရှိနေသော ကတုံးပြောင်နှင့် လူသည် အားပျော့စွာ ပြောလိုက်မိသည်။

အချက်အလက်အားဖြင့် အားရာသည် ထွက်ပေါ်လာသည်ဆိုသည်နှင့် တစ်ဖက်လူအား ပျော့ခွေသွားအောင် ပြုလုပ်နိုင်သည့်အစွမ်းကို ပိုင်ဆိုင်သူတစ်ယောက်ပင် ဖြစ်တော့၏။ ဝိညာဉ်ဖိနှိပ်ခြင်း ကြာပွတ်သည် ဝိညာဉ်ကို ရိုက်နှက်ရာတွင် အသုံးပြုနိုင်၏။ ထို့ကြောင့် ထိုကြာပွတ်နှင့် ရိုက်နှက်ခံရသူသည် ဝိညာဉ်ကို ရိုက်နှက်ခံရသလို ခံစားခဲ့ရခြင်းဖြစ်၏။ မိစ္ဆာဖြစ်ဖြစ်၊ လူသားဖြစ်ဖြစ် မည်သူမှသည် ထိုအရာကို ခုခံနိုင်လိမ့်မည် မဟုတ်ချေ။

................

“နာမည်”

“ယွမ်ရှင်း”

“ဘယ်သူလဲ”

“ကြယ်နှင်ဘုရင်ရဲ့ လက်အောက်မှာရှိတဲ့ စစ်ချုပ်ကြီး ခြောက်ယောက်ထဲက တစ်ယောက်”

“ကြယ်နှင်ဘုရင်ဟုတ်လား”

ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “ဘာလုပ်တာလဲ”

ခေါင်းတုံးပြောင်နှင့်လူသည် ခဏလောက် ငြိမ်သက်ပြီးသည့်နောက်မှာတော့ အရိုးရှင်းဆုံး ရှင်းပြချက်ဖြင့် ရှင်းပြ လိုက်သည်။ “စကြဝဠာတစ်ခုလုံးကို လှည့်လည်သွားလာပြီးတော့ လုယက်တာ၊ ခိုးယူတာပေါ့”

“ဒါဆိုရင် မင်းတို့က ဓားပြေခေါင်းတုံးပြောင်နှင့် တခြားသောနောက်လိုက်များအားလုံးကို စုစည်းကာဖြင့် တခြားသော ဂြိုဟ်များဆီသို့ သွားရောက်ကာ လုယူတတ်သည့်လူများပင် ဖြစ်တော့သည်။ ၎င်းအား တခြားသောသူများသည် ကြယ်ဓားမြဘုရင်ဟုပင် ခေါ်ဆို၏။

“အခု ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ရောက်လာတာက လုယက်ဖို့လား” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။

ခေါင်းတုံးပြောင်က ပြောလိုက်သည်။ “ဟုတ်ပါတယ်။ ကျုပ်တို့က ဒီနေရာကို ခဏတာ ရွေ့ပြောင်းရာ တည်နေရာ တစ်ခုအဖြစ် အသုံးပြုထားတာလေ။ လမ်းတလျှောက်မှာရှိတဲ့ နေရာမှန်သမျှကို အကုန် လုယက်မှာပဲ”

“ဒါဆိုရင် မင်းတို့ခေါင်းဆောင်က ဘယ်မှာလဲ”

“သူ တခြားဂြိုဟ်ကို သွားပါတယ်”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွားတော့သည်။ ဤကြယ်နှင်ဘုရင်ဆိုသူသည် တခြားသော သူများကို သွားရောက်လုယက်ရသည်ကို နှစ်သက်၏။ ထို့ကြောင့် ၎င်းတို့၏ လက်ထဲတွင် သိုင်းကျင့်ကြံခြင်း အရင်းအမြစ်များ အလွန်တရာ များပြားလှမှာ သေချာ၏။ သူသည်သာ ထိုသူ့ဆီမှ ပြန်လည်လုယက်နိုင်မည်ဆိုလျှင် ချက်ချင်းပင် ချမ်းသာသွားနိုင်သည် မဟုတ်ပါလား။

“မင်းရဲ့ ခေါင်းဆောင်က ဘယ်လောက်အားကောင်းလဲ”

“ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ အဆင့်အမြင့်ဆုံး ကျင့်ကြံခြင်းအဆင့်နဲ့ နှိုင်းယှဉ်လို့ရတယ်”

“သိုင်းအင်ပါယာလား” ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ ဤအဆင့် စွမ်းအားမြင့် ကျင့်ကြံသူများနှင့် ရင်ဆိုင်တွေ့ရမည်ဆိုလျှင် သူ့အနေနှင့် အနိုင်ရရှိရန် အခွင့်အလမ်းဆိုသည်မှာ မမြင့်မားချေ။

စနစ်က ပြောလိုက်သည်။ “လက်ခံသူရဲ့ လက်ရှိကျင့်ကြံခြင်းအဆင့်အရဆိုရင် သိုင်းအင်ပါယာနဲ့ ရင်ဆိုင်တွေ့မယ် ဆိုရင် အနိုင်ရရှိဖို့ အခွင့်အရေး လုံးဝမရှိဘူး”

...........

ဤစကားလုံးသည် ကျွင်းချောင်ရှောင်း၏ နှလုံးသားအား နာကျင်စေခဲ့၏။ သို့ပေမဲ့ တစ်ဖက်လူသည် ဤမျှ အားကောင်းလှသည်ဆိုမှတော့ သူ့အနေနှင့် ဂရုစိုက်မှ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူက မေးလိုက်၏။ “မင်းရဲ့ ဆရာက ဘယ်ဂြိုလ်ကို သွားပြီးတော့ လုယက်နေတာလဲ။ သူ ကြယ်ကြွေကုန်းမြေတိုက်ကြီးကို လာမှာလား”

“ဆရာက အခု ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီးမှာ ရှိတယ်လေ။ ကျုပ် ဒီလိုမျိုး အခြေအနေ ဖြစ်သွားတယ်ဆိုတာ သာသိရင် သူက ချက်ချင်း ....”

ခေါင်းတုံးပြောင်နှင့်လူသည် ဘာတစ်ခုကိုမှ ဆုံးအောင် ဆက်၍ မပြောနိုင်ချေ။ ကျွင်းချောင်ရှောင်းသည် ထိုသူ့အား လေထုထဲသို့ ဆွဲမကာဖြင့် မေးလိုက်မိ၏။ “ခုနက ဘာကုန်းမြေတိုက်ကြီးလို့ ပြောလိုက်တယ်”

“ဝိ … ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီးပါ”

All Chapters