← Chapters

အခန်း (၁၁၄၂)

Vol. 77 Ch. 1142

အခန်း (၁၁၄၂)

Vol. 77 Ch. 1142

ခန္ဓာကိုယ်တစ်ခုလုံး အစိမ်းရောင်ဓာတ်သဘာဝများ ဖုံးလွှမ်းသွားသော ကျွင်းချောင်ရှောင်းသည် ဆံပင်များပင်လျှင် စိမ်းလျက်ရှိနေသည်။

ကျွင်းချောင်ရှောင်းသည်လည်း သူ၏ခန္ဓာကိုယ်တစ်ခုလုံး စိမ်းသွားသလား။ နီသွားသလား။ ပြာသွားသလား။ နက်သွားသလား ဆိုသည်ကို ဂရုမစိုက်ချေ။ သူပို၍ စိတ်ဝင်စားသည်မှာ သူ၏ အားအင်အဆင့်များ တိုးတက်လာခဲ့ခြင်းပင်ဖြစ်သည်။ သူသည် လောကအဆောင်ကို ထုတ်ဖော်အသုံးပြုလိုက်သကဲ့သို့ပင် အားကောင်းလာခဲ့သည်။

ဤခံစားချက် …

ဤခံစားချက်သည် အလွန်တရာ ကောင်းမွန်လွန်းလှ၏။

“ယောက်ျား”

ရုတ်တရက် နှင်းဆီဧကရီ၏အသံသည် သူ၏နားထဲတွင် ပေါ်လာ၏။ “ရှင့်မှာ အခု ကျွန်မရဲ့အားအင် တွေအကုန်လုံး ရှိသွားပြီ။ ရှင့်ရဲ့ကိုယ်ပိုင်အားအင်နဲ့ ကျွန်မရဲ့ကိုယ်ပိုင်အားအင်ကို ပေါင်းစပ်လိုက်ပြီးတဲ့နောက်မှာ ဒီလူထက် ဘယ်လိုမှ အားမနည်းတော့ဘူး”

ဝိညာဉ်မျိုးနွယ်၏ သဘာဝလွန် စွမ်းအားများသည် သက်ရှိသတ္တဝါများကို မှီခိုကာ ကပ်၍နေထိုင်နိုင်ခြင်းပင်ဖြစ်၏။ ထို့အပြင် ၎င်းတို့၏ ကိုယ်ပိုင်စွမ်းအင်နှင့်ပေါင်းစပ်ကာ တစ်ဖက်လူအား အလွန်တရာ အားကောင်းလှသည့် အခြေအနေမျိုးအထိ ဖြစ်အောင်လည်းထောက်ပံ့ပေးသွားနိုင်ခဲ့၏။ လက်ရှိအခြေအနေမှာတော့ သူမသည် သူမ၏ ယောက်ျားအတွက် အကောင်းမွန်ဆုံးသော ကူညီမှုကို ပြုလုပ်ရပေလိမ့်မည်။

နှင်းဆီဧကရီအား ပို၍ အံ့အားသင့်စေသည်မှာ ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော မရီဒန်များ၊ ခန္ဓာကိုယ်မွှေးညှင်းပေါက်များ အားလုံးတို့သည် အကြိမ်ပေါင်းထောင်ကျော် သန့်စင်ခံထားရသလို အလွန်တရာ မာကျောလျက်ရှိနေသည်။ ပြည့်စုံလွန်းသည့် ခန္ဓာကိုယ်တစ်ခု ဖြစ်နေခြင်းပင်ဖြစ်သည်။

ဝိညာဉ်မျိုးနွယ်များသည် သက်ရှိတစ်ယောက်ယောက်ကို တွယ်ကပ်ရခြင်းဆိုသည်မှာ လွယ်ကူလှသည့် အရာတော့ မဟုတ်ချေ။ အမှတ်တမဲ့ဖြင့် ပြုလုပ်၍ရသည့်အရာလည်း မဟုတ်ပေ။

သေသေချာချာ နှိုင်းယှဉ်ချိန်ထိုး၍ တွက်ချက် ပေါင်းစပ်မည်ဆိုလျှင်တောင်မှ စွမ်းအင်အရည်အသွေး ပြည့်ဝနိုင်မှုနှုန်းသည် ခြောက်ဆယ်ရာခိုင်နှုန်းလောက်သာ ရှိ၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ကျွင်းချောင်ရှောင်းနှင့် နှင်းဆီဧကရီတို့၏ ခန္ဓာကိုယ်ပေါင်းစပ်မှု သည် တစ်ရာရာခိုင်နှုန်းအထိပင် ရောက်ရှိနေသည်။ တိတိကျကျ ပြောရမည်ဆိုလျှင် ၎င်းတို့နှစ်ယောက်၏ ပေါင်းစပ်မှုသည် တစ် အပေါင်း တစ် ညီမျှခြင်း နှစ် မဟုတ်ပေ။ ထိုထက်ပိုလွန်သည့် အားအင်တစ်ခုကို ပေါင်းစပ် ဖော်ထုတ်နိုင်နေသည်။

“ကျုပ်သိပြီ”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် ကော့တတ်သွားခဲ့တော့၏။ သူ၏ မျက်လုံးထဲတွင် တော့ တိုက်ခိုက်လိုခြင်းဆန္ဒများနှင့် ပြည့်နှက်သွားခဲ့တော့သည်။ လက်ရှိအချိန်မှာတော့ သူသည် နှင်းဆီဧကရီ၏ အကူအညီကို ငြင်းဆန်ရန် အစီအစဉ်မရှိတော့ချေ။ အလွန်တရာ အားကောင်းလှသော အားအင်များကို ခံစားမိပြီး သည့်နောက်မှာတော့ အားရပါးရ သီချင်းအော်ဆို၍ တိုက်ခိုက်ချင်စိတ်ပင် ပေါက်မိနေတော့သည်။

ရွှီး

ကျွင်းချောင်ရှောင်းသည် လက်ကိုအသာမြှောက်လိုက်ချိန်မှာတော့ အဝေးတစ်နေရာဆီမှ ကောင်းကင် စတေးခြင်းလှံသည် သူ၏လက်ထဲသို့ ရောက်ရှိလာသည်။ သူ၏ မျက်လုံးများအားလုံးသည် အေးစက်လျက် ရှိနေ၏။ “မှတ်ထား။ ငါ့ကို ယောက်ျားလို့ ထပ်မခေါ်နဲ့တော့”

နှင်းဆီဧကရီ၏ အသံသည် သူ၏နားထဲ၌ ပေါ်လာ၏။ “ကောင်းပါပြီ … ယောက်ျား”

ဝှစ်

ဖုန်များတလိပ်လိပ် တက်လာပြီး မြေပြင်တစ်ခုလုံးသည်လည်း ပေါက်ကွဲထွက်သွားသည်။

ကျွင်းချောင်ရှောင်းသည် ချောမောလှသည့်လူ၏ရှေ့ဆီသို့ ရောက်ရှိသွားခဲ့သည်။ အေးစက်သည့် အလင်းတန်းများသည် အရင်ဆုံး ရောက်ရှိသွားပြီးသည့်နောက်မှာတော့ လှံထိပ်ကြီးသည့် နဂါးတစ်ကောင်ကဲ့သို့ပင် ထိုသူ့အား တိုက်ခိုက်ခြင်းကို ပြုမူတော့၏။

ဝှစ် ဝှစ်

လှံ၏အလင်းတန်းများသည် သက်တန့်ရောင်ကဲ့သို့ပင် တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းနေ၏။ အစိမ်းရောင် ဆံနွယ်များနှင့် ဖြစ်တည်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် လေထုထဲတွင်တော့ ကခုန်နေသကဲ့သို့ပင် လှပသည့် တိုက်ခိုက်မှုနှင့်အတူ ပြင်းထန်သည့် စွမ်းအင်လှိုင်းများအား ထုတ်ဖော်နေသည်။ ၎င်းသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ “ကျား …”

ဆွစ် …

လှံ၏ထိပ်ဖူးသည် ရှေ့ဆီသို့ ပြေးတက်လာပြီးသည့်နောက်မှာတော့ အလင်းတန်းများသည် တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့တော့၏။ မိုင်ပေါင်းတစ်ဒါဇင်အဝေးဆီသို့ပင် အလင်းတန်းများသည် ပျံ့နှံ့သွားသည်။

ကျွင်းချောင်ရှောင်းသည် ဓားနှင့် သိုင်းသူတော်စင်အဆင့်ငါး ကျင့်ကြံသူတစ်ယောက်ဖြစ်၏။ နှင်းဆီဧကရီ၏ ကူညီ ပေါင်းစပ်မှုနှင့်အတူ သူသည် လက်ရှိအချိန်မှာတော့ သိုင်းအင်ပါယာတစ်ယောက်နီးနီး အခြေအနေဆီသို့ တိုက်ခိုက်ရေးစွမ်းအင်များကို ထုတ်ဖော်နိုင်နေပြီ ဖြစ်၏။

သို့ပေမဲ့ ဤချောမောလှသောလူသည် လေထုထဲတွင် မတ်မတ်ရပ်ရင်း ကြိုတင်ကာ ရှောင်ရှားပြီးသား ဖြစ်နေ တော့၏။ ထိုသူသည် သွားကိုဖြီးကာ ပြောလိုက်သည်။ “ဒါက စိတ်ဝင်စားစရာပဲ”

ရွှီး ….။

ကျွင်းချောင်ရှောင်းသည် လေထုထဲ၌ ပေါ်ပေါက်လာခဲ့တော့၏။ သူ၏လှံထိပ်သည် ကြမ်းတမ်းလှသော အော်ရာများ ကို ထုတ်ဖော်ကာဖြင့် တိုက်ခိုက်နေ၏။

ဘုန်း ဘုန်း …။

ချက်ချင်းပဲ နှစ်ဖက်လုံးသည် အနီးကပ်တိုက်ခိုက်ချက်များကို ထုတ်ဖော်ခဲ့၏။ တချို့သောသူများ၏ သာမန်မျက်စိဖြင့် မမြင်နိုင်သော တိုက်ခိုက်ရေးလှုပ်ရှားမှုများကို ထုတ်ဖော်အသုံးပြုနေခြင်းပင် ဖြစ်သည်။

ပတ်ဝန်းကျင် တည်နေရာကြီးတစ်ခုလုံးသည် မည်သို့မှ မဟန် နိုင်တော့ဘဲ ပြိုလဲလာခဲ့၏။

ဘုန်း ဘုန်း ….။

တိုက်ခိုက်ချက်တစ်ဒါဇင်ကျော် တိုက်ခိုက်ပြီးသည့်နောက် ခပ်ချောချောလူသည် ကောင်းကင်ယံထက်မှ ပြုတ်ကျ သွားသည်။ သူသည် မြေပြင်သို့ ပြုတ်ကျခါနီးမှာပဲ ရုတ်တရက် ခန္ဓာကိုယ်တစ်ခုလုံးသည် ဟန်ချက်ကို ထိန်းသိမ်း လိုက်၏။ ကျောက်တုံးတစ်ခုကို အသာခြေထိပ်နှင့် ပုတ်ပြီးသည့်နောက် ကောင်းကင်ယံပေါ်သို့ ပျံတက်လိုက်သည်။

စွမ်းအင်လှိုင်းများသည် တည်နေရာတစ်ခုလုံးသို့ ပျံ့နှံ့လာပြန်၏။ ခပ်ချောချော လူတစ်ယောက် ရပ်တန့်နေသည် ကျောက်တုံးတစ်ခုမှလွဲ၍ ၎င်းအား ဗဟိုပြုသည့် မိုင်ပေါင်းဒါဇင်ကျော်တို့သည် လှိုင်းကဲ့သို့သောအရာများ ဖြစ်တည်လာပြီး လွှမ်းခြုံတော့၏။

ဤကဲ့သို့သော တိုက်ပွဲအခြေအနေတစ်ခုသည် တစ်ဖက်ရန်သူ၏ အားအင် ယုတ်လျော့သွားသည်နှင့်တပြိုင်နက် တစ်ခါတည်း သေဆုံးသွားနိုင်သည့် အခြေအနေမျိုးပင် ဖြစ်တော့သည်။

“သက်တန့်ရောင်စဉ်ကျမ်း” ကောင်းကင်ယံထက်မှာတော့ ကျွင်းချောင်ရှောင်းသည် သုံးရောင်ခြယ် အလင်းတန်း များကို ထုတ်ဖော်ကာဖြင့် တိုက်ခိုက်တော့သည်။ အနီရောင်၊ လိမ္မော်ရောင်နှင့် အဝါရောင်များ စုဝေးလျက် ရှိနေသော လှံ၏ ခန္ဓာကိုယ်သည် ကောင်းကင်ယံထက်တွင် လူးလွန့်ပြီးသည့်နောက် နှိုင်းယှဉ်၍မရအောင် အားကောင်းသော အလင်းတန်းများအဖြစ် ခပ်ချောချောလူအား တိုက်ခိုက်တော့၏။

“မကောင်းတော့ဘူး”

ခပ်ချောချောလူ၏ မျက်နှာသည် ပျက်ယွင်းသွားသည်။ သူသည် ဘေးတစ်ဖက်ဆီသို့ အလောတကြီးဖြင့် ခုန်၍ ရှောင်လိုက်ရသည်။

ဘုန်း ………။

မြေပြင်တစ်ခုလုံးသည် ကြီးမားသည့် တိုက်ခိုက်ခံရမှုကြောင့် တွင်းကြီးများ ဖြစ်တည်ပြီး ချိုင့်ဝှမ်းကြီး များပင် ပေါ်ပေါက်လာခဲ့ရ၏။

ကြိုတင်ရှောင်ရှားခဲ့ပြီးဖြစ်သော ခပ်ချောချောလူသည် အလွန်တရာ လေးနက်သွားခဲ့တော့သည်။ တစ်ဖက်လူ အသုံးပြုလိုက်တော့ သက်တန့်ရောင်စဉ်ကျမ်းသည် တစ်ချက်ကြည့်ရှုလိုက်သည် ဆိုသည်နှင့် အလွန်တရာ အားကောင်းလှကြောင်း သိသာလွန်းလှ၏။ တစ်ဖက်လူသည် စွမ်းအားမြင့်ချပ်ဝတ် ဝတ်ဆင်ထားသလို စွမ်းအားမြင့် သိုင်းကျင့်ကြံခြင်းနည်းစနစ်ကို ပိုင်ဆိုင်လို့နေ၏။ ဤအကောင်သည် မည်သည့်နေရာက ရောက်ရှိလာရသနည်း။

ဟူး ဟူး

ခပ်ချောချောလူသည် အချိန်ခဏလောက် စဉ်းစားနေတုန်းမှာပဲ ကျွင်းချောင်ရှောင်းသည် သက်တန့်ရောင်စဉ်ကျမ်း နှင့် ထပ်မံကာ တိုက်ခိုက်ပြန်သည်။

ပြောနေစရာပင် မလိုချေ။ အားအင်အဆင့် ပိုမိုတိုးတက်လာခဲ့သည့် ကျွင်းချောင်ရှောင်းသည် ဤသိုင်းနည်းစနစ်ကို ထုတ်ဖော်အသုံးပြုသည့်အချိန်မှာတော့ ယခင်ကထက် ပိုမိုကာ အားကောင်းလာခဲ့သည်။ သူ့အနေနှင့် ကျမ်းစာ၏ အစိတ်အပိုင်းသုံးခုကိုသာ လေ့လာနိုင်ခဲ့သေး၏။ တခြားသော အစိတ်အပိုင်းများကို ရှာဖွေတွေ့ရှိပြီး ပြည့်စုံသည့် သက်တန့်ရောင်စဉ်ကျမ်းကိုသာ လေ့ကျင့်နိုင်မည်ဆိုပါက ၎င်း၏ အားအင်အဆင့်သည် ကောင်းကင်ယံတစ်ခုလုံးကိုပင် ချိုးဖောက်ရောက်ရှိသွားစေနိုင်ပေလိမ့်မည်။

သို့ပေမဲ့ သိုင်းနည်းစနစ်၏ ကျမ်းစာအစိတ်အပိုင်းများသည် စနစ်ဆီမှ ရရှိခဲ့ခြင်းမဟုတ်ပေ။ စနစ်သည် တခြားသော ဂြိုဟ် အသီးသီးမှ သွားရောက်ခိုးယူလာခဲ့ခြင်းပင်ဖြစ်သည်။ ဆိုလိုသည်မှာ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် အစစ်အမှန် ဤအရာကိုပိုင်ဆိုင်သည့်လူများနှင့် ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံရမည် ဆိုပါက သူသည် သောက်ပြဿနာ တက်မှာတော့ သေချာ၏။

ဥပမာအားဖြင့် …..

အဝေးတစ်နေရာရှိ အဆုံးအစမဲ့သည့် စကြဝဠာတစ်ခုအထဲမှာတော့ အဖြူရောင်နှင့် အမဲရောင် အရိပ်နှစ်ခုတို့သည် လျင်လျင်မြန်မြန်ဖြင့် လှုပ်ရှားသွားလာနေကြ၏။ ၎င်းတို့သည် ၎င်းတို့ တည်ရှိနေရာ စကြဝဠာကြီးတစ်ခုလုံး ပြိုလဲလုမတတ် အချင်းချင်း တိုက်ခိုက်နေတော့သည်။

“အမဲရောင်သောက်ရူး”

အဖြူရောင်အလင်းတန်းဆီမှ အသံထွက်ပေါ်လာသည်။ “ပျောက်ဆုံးသွားတဲ့ အစိတ်အပိုင်း က သေမျိုးလောကဆီမှာ ရောက်သွားတယ်ဆိုတာ မင်းသေချာလား”

အမဲရောင်အလင်းဆီမှ မပျော်ရွှင်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။ “ငါ့နောက်မလိုက်နဲ့။ မင်း မယုံဘူးဆိုရင် မင်းဘာမင်း သွားရှာလေ”

“..........”

အဖြူရောင်အလင်းတန်းသည် ခဏလောက် တိတ်ဆိတ်ငြိမ်သက်သွားသည်။ ပြီးသည့်နောက်မှာတော့ ပြောလိုက်သည်။ “ငါ မင်းကို ဒီတစ်ကြိမ် ယုံလိုက်မယ်”

“ဒါပေမဲ့ ငါတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေနဲ့ သေမျိုးလောကထဲ ဝင်ရောက်မယ်ဆိုရင် ကျင့်ကြံခြင်းအဆင့်တွေ လုံးဝကျဆင်းသွားလိမ့်မယ်။ တကယ်လို့ မင်းနဲ့ငါက ကောင်းကင်နဲ့ မြေကြီး ပြောင်းပြန်နည်းစနစ်ကို အတူတူ အသုံးပြုလိုက်မယ်ဆိုရင်တော့ ကျင့်ကြံခြင်းအဆင့်က အများကြီး ကျမသွားနိုင်ဘူးလေ။ ဒီတော့ အစိတ်အပိုင်းကို ရှာဖွေတွေ့ရှိပြီး မြန်မြန် ပြန်လာလို့ရတယ်”

“ဟား ဟား ဟား”

အဖြူရောင်အလင်းတန်းက ရယ်လိုက်သည်။ “ဘာကြောင့် မင်းငါ့ကို လာပြီးရှာတယ်ဆိုတာ အခုမှ သိတော့တယ်။ မင်းမှာ ဒီလိုအကြံအစည် ရှိနေတာကိုး”

ကောင်းကင်နှင့် မြေကြီး ပြောင်းပြန်လည်ခြင်း နည်းစနစ်ဆိုသည်မှာ ၎င်းတို့နှစ်ယောက် တပြိုင်နက်တည်း အသုံးပြုရသည့်အရာမျိုးဖြစ်၏။

“ဟမ့်” အမဲရောင်နှင့်လူက အေးစက်စက် ပြောလိုက်သည်။ “အစိတ်အပိုင်းတွေ ရှာတွေ့တဲ့အချိန်မှာ မင်းနဲ့ငါက ဘယ်သူအနိုင်ရရှိလဲဆိုတာကို ပြန်ပြီးတော့ ဆုံးဖြတ်မယ်”

“ကောင်းပြီ”

အမဲရောင်နှင့် အဖြူရောင်အလင်းတန်းများသည် သဘောတူညီမှုကို ရရှိပြီးသည့်နောက်မှာတော့ အဆုံးအစမဲ့သည့် ကောင်းကင်ယံကြီးထဲတွင် ဦးတည်ပျံသန်းလာခဲ့တော့၏။ ၎င်းတို့သည် လမ်းတလျှောက် ပျံသန်းလာခဲ့ပြီးသည့် နောက်မှာတော့ ဝိညာဉ်ကုန်းမြေတိုက်ကြီး တည်ရှိရာ နေရာ၏ တည်နေရာအကန့်အသတ် အတားအဆီးဆီသို့ ရောက်ရှိလာခဲ့၏။

ဘုန်း ဘုန်း ဘုန်း ….။

ကောင်းကင်ယံထက်မှာတော့ ကျွင်းချောင်ရှောင်းနှင့် ခပ်ချောချောလူတို့သည် ထပ်မံကာ တိုက်ခိုက်လျက် ရှိနေ၏။ မိုင်တစ်ထောင်အကွာအဝေး တည်နေရာတစ်ခုလုံးသည် စုတ်ပြတ်သတ်လျက်ရှိသည်။ မြေပြင်တစ်ခုလုံးသည်လည်း ကွဲအက်လျက်ရှိနေတော့သည်။

ဤမြင်ကွင်းသည် လောကကြီးတစ်ခုလုံး အဆုံးသတ်တော့မည့် ပုံပန်းသွင်ပြင်မျိုး ဖြစ်တော့၏။ ဤနေရာတွင် သိုင်းအင်ပါယာကျင့်ကြံသူနှစ်ယောက် တိုက်ခိုက်လျက် ရှိနေခြင်းပင်ဖြစ်၏။ အကြိမ် အနည်းငယ်ကြာ တိုက်ခိုက်ပြီးသည့်နောက်မှာတော့ ဝိညာဉ်မျိုးနွယ် ကုန်းမြေတိုက်ကြီး တစ်ခုလုံးသည် လွန်ခဲ့သည့်နှစ်ပေါင်းတစ်သောင်းတုန်းက ကြယ်ကြွေကုန်းမြေတိုက်ကြီးကဲ့သို့ပင် အစိတ်စိတ် အပိုင်းပိုင်း ဖြစ်သွားတော့မှာ သေချာ၏။

ဖြောက် ဖြောက် ဖြောက် ဖြောက်

ကျွင်းချောင်ရှောင်းနှင့် ခပ်ချောချောလူတို့သည် တိုက်ကွက်တစ်ရာကျော်လောက် ထပ်မံကာ တိုက်ခိုက်မိလိုက် သည်။ အောက်တွင် ရှိနေသော မြေပြင်တစ်ခုလုံးသည် မည်သို့မှ မခံစားနိုင်တော့ဘဲ ကုန်းမြေတိုက်ကြီးတစ်ခုအဖြစ် ပဲ့ကာ မြေအောက်ရေတွေနှင့်အတူ အဝေးဆီသို့ လွင့်မြောသွားခဲ့ပြန်သည်။

ဘုန်း ဘုန်း ဘုန်း ဘုန်း

တိုက်ပွဲသည် ဆက်လက်ကာ ဖြစ်တည်လျက် ရှိနေသည်။ အားကောင်းလွန်းလှသော စွမ်းအင်များ အားလုံးသည် တလိမ့်လိမ့်နှင့် ဖြစ်တည်လျက်ရှိနေပြီး တည်နေရာကြီး တစ်ခုလုံးကိုပင် တဝုန်းဝုန်းနှင့် တုန်ခါနေစေ၏။

ကျွင်းချောင်ရှောင်းနှင့် ခပ်ချောချောလူတို့သည် အဝေးတစ်နေရာဆီသို့ လွင့်စင်သွားခဲ့ကြ၏။ ၎င်းတို့၏ ကြားတွင် ကြီးမားလှသည့် ချောက်ကမ်းပါးကြီးတစ်ခု ပေါ်လာသည်။

ကျွင်းချောင်ရှောင်းအား ခန္ဓာကိုယ်ထဲမှာ ကူညီလျက်ရှိနေသော နှင်းဆီဧကရီသည် ၎င်းပိုင်ဆိုင်သည့် ကုန်းမြေ တိုက်ကြီးသည် ဤသို့ အစိတ်အပိုင်းများအဖြစ် ကွဲအက်သွားသည်ကို မြင်ရသည့်အချိန်မှာတော့ ရင်တစ်ခုလုံး ဓားနှင့်ထိုးခံရသလို နာကျင်ခံစားနေမိ၏။

“ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာရှိတဲ့ ကျုပ်ရဲ့ဘိုးဘေးတွေကလည်း ခင်ဗျား အခုနာကျင်သလိုမျိုး ခံစားခဲ့ရတယ်လေ” ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်သည်။

သူတို့သည် နှစ်ယောက်တစ်ယောက်အဖြစ် ပေါင်းစပ် ထားသည် ဖြစ်သောကြောင့် ၎င်းတို့၏ စိတ်များသည်လည်း ချိတ်ဆက်လျက်ရှိ၏။

ဟုတ်ပေသည်။ နှင်းဆီဧကရီသည် စနစ်၏ တည်ရှိမှုကိုတော့ ခံစား၍ မရခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် စနစ်သည် အနှိုင်းမဲ့တည်ရှိမှုတစ်ခု ဖြစ်သောကြောင့် ခန္ဓာကိုယ်နှစ်ခု ပေါင်းစပ်ပြီး တူညီသည့်စိတ်ချင်း ခံစား၍ ရသည် ဆိုလျှင်တောင်မှ ကျွင်းချောင်ရှောင်းတွင် စနစ်ရှိနေသည်ဆိုသည်ကို သူမ သိရှိနိုင်လိမ့်မည် မဟုတ်ချေ။

“ရှင် ကျွန်မကို ကွာရှင်းဖို့ ဆုံးဖြတ်ခဲ့တာက ကျွန်မတို့ ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီးက ရှင်တို့ ကြယ်ကြွေ ကုန်းမြေတိုက်ကြီးကို ကျူးကျော်ဝင်ရောက်ခဲ့လို့လား”

“ဟုတ်တယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်တို့ကြားမှာ မကြေနိုင်တဲ့ အငြိုးအတေးတွေ ရှိတယ်လေ”

“ဒါက ဧကရီလင်းပင် ပေးခဲ့တဲ့ အမိန့်ပဲလေ။ ကျွန်မနဲ့ ဘာမှ မဆိုင်တာ” နှင်းဆီဧကရီက ခွန်းတုံ့ပြန်လိုက်၏။

“ခင်ဗျားသာဆိုရင်ကော ခင်ဗျားတို့ဂြိုဟ်ကို ကျူးကျော်ဝင်ရောက်လာတဲ့လူတွေကို သဘာဝရန်သူတွေအဖြစ် သတ်မှတ်မှာပဲ မဟုတ်လား။”

“ရှင်တို့ ကုန်းမြေတိုက်ကြီးထဲကို ကျူးကျော်ဝင်ရောက်ခဲ့တဲ့လူက ဧကရီလင်းပင်ပဲ ကျွန်မ မဟုတ်ဘူး” နှင်းဆီဧကရီ သည် ထိုစကားကို ပြောသည့်အချိန်မှာတော့ သူမ၏ လေသံကို ပိုမြှင့်ကာ အော်သလို ပြောဆိုလိုက်၏။

ကျွင်းချောင်ရှောင်း၏ နားစည်များသည် တုန်ခါသွားသည်။

စနစ်သည် ဤနေရာတွင် တတိယလူတစ်ယောက်အဖြစ် ဆက်လက်ကာ မနေချင်တော့ပေ။ ထို့ကြောင့် ဖြတ်ကာ ပြောလိုက်မိ၏။ “မင်းတို့နှစ်ယောက် ရန်ဖြစ်နေတာကို ရပ်တော့။ သေသေချာချာလေး တိုက်ခိုက်ကြရအောင်”

“ငါ သူနဲ့ဆက်ပြီး စကားမပြောချင်တော့ဘူး”

ကျွင်းချောင်ရှောင်းသည် ကောင်းကင်စတေးခြင်းလှံကို ဝှေ့ယမ်း ကာဖြင့် ခပ်ချောချောလူကို ထပ်မံတိုက်ခိုက်တော့သည်။ ကြမ်းတမ်းလှသော တိုက်ပွဲကြီးတစ်ခုသည် ထပ်မံကာ ဖြစ်တည်လာပြန်၏။

ဝိညာဉ်မျိုးနွယ် ကုန်းမြေတိုက်ကြီးတစ်ခုလုံးသည် ပြိုလဲလျက်ရှိနေသည်။ ဤကုန်းမြေတိုက်ကြီးတွင် တည်ရှိလျက် ရှနေသော အဓိက မြို့ကြီးများသည် အစိတ်စိတ် အမွှာမွှာ ကွဲကြေပြီးသည့်နောက် တစ်ခုတစ်နေရာဆီသို့ လွင့်မျောလျက် ရှိနေတော့၏။ ထိုနေရာတွင် နေထိုင်ကြသည့်လူများအားလုံးသည် ၎င်းတို့၏ ဧကရီအနေဖြင့် ကျုးကျော်ဝင်ရောက်လာသော ရန်သူများကို အနိုင်ယူတိုက်ခိုက်နိုင်ပါစေဟုသာ ဆုတောင်းနေရသည့် အခြေအနေသို့ ရောက်ရှိသွားတော့သည်။

...............

တစ်ရက်ခန့်ကြာမြင့်ပြီးသည့်နောက်မှာတော့ မူလအားဖြင့် ပြည့်စုံလျက်ရှိနေသော ဝိညာဉ်မျိုးနွယ် ကုန်းမြေတိုက် ကြီးသည် မတူညီသည့် အရွယ်အစားအမျိုးမျိုးဖြင့် ပင်မကုန်းမြေကြီးမှ ကွဲကွာကာ ကုန်းမြေတိုက်ငယ်များ အဖြစ်သို့ ပဲ့ထွက်သွားခဲ့တော့သည်။ ဤချောက်နက်ကြီးနှင့် အက်ကွဲကြောင်းများကြားတွင် ပင်လယ်ရေများ ဝင်ရောက်လာ ပြီးသည့်နောက်မှာတော့ တစ်မြို့တစ်နေရာအဖြစ်သို့ ပြောင်းလဲကုန်ကြ၏။

ဤအခြေအနေနှင့် ဤကဲ့သို့သော ပြောင်းလဲမှုမျိုးသည် မပြီးဆုံးသေးချေ။ အဘယ်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်းနှင့် ခပ်ချောချောလူသည် ဆက်လက်ကာ တိုက်ခိုက်နေရတုန်းပင်ဖြစ်၏။ ၎င်းတို့သည် သေသည် အထိ တိုက်ခိုက်လျက်ရှိနေသည်။

ဘုန်း

ကောင်းကင်ယံထက်တွင်တော့ တခြားသော ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်တည်လာခဲ့၏။ ခပ်ချောချောလူသည် မြေပေါ်သို့ ဆင်းသက်လိုက်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းအား လှမ်း၍ ကြည့်ရှုလိုက်သည်။ ပြီးနောက် သူကပြောလိုက်တော့၏။ “ဝိညာဉ်မျိုးနွယ်တွေရဲ့ သာမန်ထက်ပိုတဲ့ အထူးစွမ်းအင်တွေက အံ့အားသင့် စရာပဲ။ ငါ့ကို တွယ်ကပ်ပြီးရင် ငါ့ရဲ့အားအင်အဆင့်တွေက ပိုပြီး တိုးလာမှာပေါ့”

ကျွင်းချောင်ရှောင်းနှင့် တစ်နေ့နှင့် တစ်ည တိုက်ခိုက်ပြီးသည့်နောက်မှာတော့ သူသည် အသာစီးမှ မရရှိနိုင်ခဲ့ချေ။ သို့ပေမဲ့ သူသည် ပြုံးနေနိုင်သေး၏။ အဘယ်ကြောင့်ဆိုသော် သူ၏ အစစ်အမှန်အားအင်ကို ထုတ်ဖော် အသုံးမပြုရ သေးသောကြောင့်ပင် ဖြစ်သည်။

“ကောင်လေး”

ခပ်ချောချောလူသည် သူ၏ လက်ကိုမြှောက်ကာဖြင့် ဝင့်ကြွားစွာ ပြောလိုက်၏။ “မင်းနဲ့ငါ့ရဲ့ ကြားမှာရှိတဲ့ တိုက်ပွဲက အခုအဆုံးသတ်ရမယ့်အချိန်ကို ရောက်ပြီ”

ဝမ် …။

သုံးပေခန့်ရှိသော ဓားရှည်တစ်ခုသည် လေထုထဲမှ ပေါ်ပေါက်လာခဲ့တော့သည်။ ပြီးသည့်နောက်မှာတော့ နှိုင်းယှဉ်၍ မရနိုင်အောင် အားကောင်းသော ဖိအားဓာတ်များသည် ဖြစ်တည်လာ၏။

ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်လိုက်မိ၏။ ဤဓားဆီမှ ထွက်ပေါ်လာသော အော်ရာများကို ကြည့်ရှုမည်ဆိုလျှင် ကောင်းကင် စတေးခြင်းလှံနှင့်ပင် နှိုင်းယှဉ်၍ ရနိုင်လောက်သည့် အရာပင်ဖြစ်သည်။

တစ်ဖက်လူသည် ပိုမိုကာ အားကောင်းလာသည့်အပြင် လက်နက်များမှာလည်း ပိုမိုကာ အားကောင်းလာခဲ့သည်။ ဤလူသည် ကြယ်ဓားပြဘုရင်ဟု နာမည်ကျော်ကြားလှသည့်အတိုင်း တခြားသော ဂြိုဟ်အသီးသီးဆီသို့ သွားရောက်လုယက်ကာ နေထိုင်အသက်မွေးသည့် လူတစ်ယောက်ပင်ဖြစ်၏။

ကျွင်းချောင်ရှောင်းသည်လည်း ဓားပြတစ်ယောက်ဟု အမည်တပ်ခံရခြင်း မရှိသော်လည်း တစ်နှစ်ပတ်လုံး တခြားသောလူများဆီမှ လုယက်ငွေညှစ်ခြင်းကို ပြုလုပ်ခဲ့သူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် တစ်ခြားသူများ၏ ပစ္စည်းကို မည်ကဲ့သို့ လုယူရမည်ဆိုသည်နှင့် ပတ်သက်၍ များပြားလှသော အတွေ့အကြုံများကို ပိုင်ဆိုင်ပြီးသား ဖြစ်တော့သည်။

ငါ့ရဲ့ပစ္စည်းတွေကို စိတ်ဝင်စားတာလား။ ငါလည်း မင်းရဲ့ပစ္စည်းတွေကို စိတ်ဝင်စားတယ်။

နှစ်ဖက်သောသူတို့သည် လိုချင်တပ်မက်စိတ်များ ရှိနေသည် ဖြစ်သောကြောင့် မည်သူက ရတနာကို ပိုင်ဆိုင်နိုင်မည် ဆိုခြင်းမှာ အစစ်အမှန်စွမ်းအင် မည်မျှရှိသနည်း ဆိုသည့်အပေါ် မူတည်နေ၏။

ချလွမ်

ထိုအချိန်မှာတော့ ဓားသည် ဓားအိမ်ထဲမှ ထွက်ပေါ်လာသည်။

ဝှစ်

နှိုင်းယှဉ်၍ မရနိုင်လောက်အောင် အားကောင်းလွန်းသော စွမ်းအင်လှိုင်းများသည် တည်နေရာထဲမှာ ဖြစ်တည် လာပြီးသည့်နောက်မှာတော့ တည်နေရာတစ်ခုလုံးသည် လေးနက်လွန်းလှသော ဓားရာကြီးတစ်ခု ဖြစ်တည်လာ၏။ လေထုထဲတွင်တော့ ဓားအော်သံများပင် ထွက်ပေါ်လာခဲ့၏။

ဘန်း

ကျွင်းချောင်ရှောင်းသည် အရှေ့ဆီသို့ လှမ်းတက်လိုက်ပြီးသည့်နောက်မှာတော့ ထိုဓားအလင်းတန်းများအား ကောင်းကင်စတေးခြင်းလှံနှင့် ထိပ်တိုက်ရင်ဆိုင်တော့သည်။ ပြီးသည့်နောက်မှာတော့ သက်တန့်ရောင်စဉ်ကျမ်း နှင့်အတူ ယှဉ်တွဲကာ တိုက်ခိုက်ခြင်းကို ပြုမူ၏။ သူနှင့် ခပ်ချောချောလူတို့သည် အကောင်းမွန်ဆုံးသော လက်နက် များကို ထုတ်ဖော်ပြီး လေးလေးနက်နက် တိုက်ခိုက်နေသည့်အခြေအနေကို ရောက်ရှိလာခဲ့ကြသည်။

သို့ပေမဲ့ တိုက်ကွက်အနည်းငယ် တိုက်ခိုက်ပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ အမြန်နှုန်းနှင့် တိုက်ခိုက်နိုင်မှု စွမ်းအားသည် တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။ ၎င်းတို့ လူချင်းခွဲလိုက်သည့် အချိန်မာှတော့ ကျွင်းချောင်ရှောင်းသည် လေထုထဲတွင် ရပ်တန့်လျက်ရှိနေသည်ဆိုသော်လည်း ၎င်း၏ အသက်ရှုနှုန်းမှာတော့ ပိုမိုကာ မြန်ဆန်လာခဲ့၏။

ခပ်ချောချောလူက ပြုံးကာပြောလိုက်၏။ “ဒီတော့ မင်းက ဝိညာဉ်မျိုးနွယ်တွေရဲ့ စွမ်းအင်ကို အသုံးပြုပြီးတော့ မင်းရဲ့ အားအင်အဆင့်ကို တိုးတက်အောင် ပြုလုပ်ထားတာလေ။ မင်းက ငါနဲ့ယှဉ်ပြိုင်တိုက်ခိုက်နိုင်တဲ့ အားအင် ရှိနေတယ်ဆိုရင်တောင်မှာ ငါ့နဲ့အတူ ယှဉ်ပြိုင်နိုင်တဲ့ စွမ်းအင်မျိုး ပိုင်ဆိုင်နေတာမှ မဟုတ်တာ”

“.........”

ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွားသည်။ ရွှမ်ဟွမ် နတ်ဘုရားချပ်ဝတ်နှင့် နှင်းဆီဧကရီတို့၏ ထောက်ပံ့မှုနှင့်အတူ သူသည် ခပ်ချောချောလူနှင့် ယှဉ်ပါက အားအင်အဆင့်အရာ၌ မည်သို့မှ မနိမ့်ပါးချေ။ သို့ပေမဲ့ စိတ်ဝိညာဉ်အမြူတေထဲတွင် ရှိနေသော စိတ်ဝိညာဉ်စွမ်းအင်များမှာတော့ နှိုင်းတု၍ မရအောင် ကွာခြားလွန်းလှ၏။ ထို့ကြောင့် တကယ်တမ်း အစစ်အမှန်တိုက်ခိုက်သည့်အချိန်တွင် အဆင့်ကြီးတစ်ခု ကွာခြားနေသည်နှင့် ဆင်တူလျက် ရှိနေသေး၏။

“ငါ စကြဝဠာထဲမှာ နှစ်ပေါင်းရာချီ လှည့်လည်လျှောက်သွားနေခဲ့တာ။ ဒါပေမဲ့ ဒီလိုမျိုး ပြိုင်ဘက်တစ်ယောက်ကို မတွေ့တာ တော်တော်ကြာနေခဲ့ပြီ။ ဒီနေ့မှာတော့ ငါမင်းနဲ့ ကောင်းကောင်းကစားမယ်” ခပ်ချောချောလူသည် ရှေ့ဆီသို့ လှမ်းတက်လိုက်၏။ သူ၏ လက်ထဲတွင်ရှိနေသော သုံးပေခန့်ရှည်သည့် ဓားသည် အလင်းတန်းများ ဖြတ်သန်းသွားသည်။

ဘုန်း

ကျွင်းချောင်ရှောင်းသည် သူ၏လှံကြီးကို အသုံးပြုကာ ချိုးဖြတ်လိုက်၏။ ၎င်း၏ ခန္ဓာကိုယ်ထဲတွင်ရှိနေသော စိတ်ဝိညာဉ်စွမ်းအင်များသည်လည်း ပိုမိုကာ ကုန်ခမ်းလာခဲ့သည်။

နှင်းဆီဧကရီက ပြောလိုက်သည်။ “စွမ်းအင်တွေက ကုန်ဆုံးတော့မယ့် အကန့်အသတ်ကို ရောက်လာပြီ။ ဒီတော့ ရှင်နဲ့ ကျွန်မနဲ့က အဲအချိန်ရောက်လို့ရှိရင် တစ်ခါတည်း လူချင်းကွဲသွားလိမ့်မယ်။ အချိန်သိပ်မကျန်တော့ဘူး။ မြန်မြန် သူ့ကိုရင်ဆိုင်ရမယ့် နည်းလမ်းကို စဉ်းစားတော့”

ဤကဲ့သို့ပေါင်းစပ်မှုသည် အထောက်အပံ့ပုံစံမျိုး ဖြစ်သည်ဆိုသောကြောင့် သူမသည် ကျွင်းချောင်ရှောင်းအား အားအင်အဆင့်အရာတွင် ထောက်ပံ့ပေးနိုင်စွမ်းရှိသည် ဆိုသော်လည်း ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်၍ ရှေ့မှ ဦးဆောင်ကာ တိုက်ခိုက်နိုင်ခြင်း မရှိပေ။

“ငါလည်း သူ့ကို အနိုင်တိုက်ခိုက်ချင်တယ်လေ။ ဒါပေမဲ့ ငါ့ရဲ့အားအင်အဆင့်က ခွင့်မပြုဘူး”

“ဒါဆိုရင် ရှင်အရင်တုန်းက အသုံးပြုခဲ့တဲ့ အသွင်ပြောင်းတဲ့နည်းစနစ်ကို သုံးကြည့်ပါလား” နှင်းဆီဧကရီက အကြံပြုလိုက်၏။

စနစ်က အော်ဟစ်လိုက်သည်။ “သူပြောတာကို နားမထောင်နဲ့”

ဖောင်း

ကောင်းကင်စတေးခြင်းလှံသည် မြေပြင်ပေါ်သို့ ထိုးစိုက်သွား၏။ ကျွင်းချောင်ရှောင်းသည် လက်များကို ပွတ်သပ် ကာဖြင့် ခပ်ချောချောလူအား ခပ်ရိရိပြုံးကာ ကြည့်လိုက်၏။ “ငါ တာဝန်ကျေပွန်ချင်တယ်။ ပြီးတော့ ငါ ဒီကောင့်ကို သတ်ချင်တယ်”

စနစ်သည် ပြိုလဲသွားမိ၏။ “မင်းစိတ်တွေ အကုန်လုံး ပျောက်သွားပြီးတော့ နတ်ဆိုးတစ်ကောင်လိုမျိုး ဖြစ်သွား လိမ့်မယ်လေ”

“မင်းရှိနေမှတော့ ငါ ဘာကြောက်ရမှာလဲ”

“.........”

စနစ်သည် မနေနိုင်တော့ချေ။ အပြင်သို့ထွက်၍ ပြေးကန်ချင်စိတ်ပင် ပေါက်မိနေခဲ့၏။

ရွှီး

ကျွင်းချောင်ရှောင်းသည် လက်ကိုယမ်းခါလိုက်၏။ အလွန်တရာ အားကောင်းလှသော မိစ္ဆာစွမ်းအင်များကို စည်းခတ်ခြင်းခံထားရသည့် ကျောက်ရုပ်ထုကြီးတစ်ခုသည် လေထုထဲတွင် ပေါ်ပေါက်လာခဲ့တော့သည်။

ထိုရုပ်ထု ကြီးသည် သူ၏ လက်များနှင့် ထိတွေ့မိသွား၏။

ဟူး ဟူး ဟူး

လေတိုးသံများ ကျယ်လောင်စွာ ထွက်ပေါ်လာပြီးသည့်နောက် သူ၏ အစိမ်းရောင်ဆံနွယ်များသည် လေထုထဲ၌ ရမ်းခါနေ၏။ ကျွင်းချောင်ရှောင်းသည် တီးတိုးပြောလိုက်မိ၏။

“ငါက ဗုဒ္ဓဖြစ်လာမယ်ဆိုရင် လောကကြီးမှာ နတ်ဆိုး ဆိုတာမရှိဘူး။ အေး တကယ်လို့ ငါက နတ်ဆိုးဖြစ်လာပြီဆိုရင်တော့ ဗုဒ္ဓတောင် ငါ့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး”

“မဟုတ်ဘူး ….. မလုပ်နဲ့”

ဟူး ဟူး ….။

ကျောက်ရုပ်ထုကြီးဆီမှ စွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်မိသွား၏။

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုမော့ကာ အလွန်တရာ တင်းမာခက်ထန်သည့် အမူအရာမျိုးဖြင့် အော်ဟစ်လိုက်၏။ သူ၏ လည်ပင်းဆီတွင် ထူးဆန်းလှသည့် အရေးအကြောင်းများ ပေါ်ပေါက်လာ၏။ တဖြည်းဖြည်းဖြင့် လက်နှင့်နောက်ကျောဘက်ဆီသို့ ပြည့်နှက်သွားခဲ့သည်။

“အမ်”

ခပ်ချောချောလူသည် မျက်မှောင်ကုတ်မိသွားသည်။ “ဒါက …”

ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကျောက်ရုပ်ထုနှင့် တူညီစွာ ပြောင်းလဲသွားပြီး အားအင်အဆင့်များ တိုးတက်လာသည်ကို မြင်ရသည့် အချိန်မှာတော့ မျက်နှာတစ်ခုလုံးသည် ပြောင်းလဲသွားတော့၏။ သူသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်မိသည်။ “ဒါက ကျောက်ရုပ်ထုရဲ့ စွမ်းရည်ပါလား”

ရွှီး ရွှီး

အနည်းငယ် တုန်လှုပ်ပြီးသည့်နောက်မှာတော့ ခပ်ချောချောလူသည် ရှုပ်ထွေးလှသည် လက်နည်းစနစ်မျိုးစုံကို အသုံးပြုကာဖြင့် အသွင်ပြောင်းလျက်ရှိနေသော ကျွင်းချောင်ရှောင်းကို ဟန့်တားတော့၏။ တောက်ပသည့် အလင်းတန်းများသည် လေထုထဲတွင်ပေါ်လာပြီးသည့်နောက်မှာတော့ စွမ်းအင်လှိုင်းများအဖြစ် ကျွင်းချောင်ရှောင်း ကို တိုက်ခိုက်တော့သည်။ ဤတိုက်ခိုက်ချက်သည် အားပြည့်အင်ပြည့်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သို့ပေမဲ့ ကြမ်းတမ်းလှသော စွမ်းအင်လှိုင်းများ၏ အောက်မှာတော့ ၎င်း၏ အသွင်ပြောင်းမှုကို ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူသည် ညာဘက်လက်ကို မြှောက်ကိုင်ကာဖြင့် စွမ်းအင်များကို တားဆီးထားခဲ့ပြီး ဘယ်ဘက်လက် တွင်တော့ မြေပေါ်တွင် စိုက်၍ ထားခဲ့သော ကောင်းကင်စတေးခြင်းလှံအား အသာလှမ်း၍ ဆွဲလိုက်၏။

ဘုန်း ဘုန်း ဘုန်း

ချက်ချင်းပဲ တည်နေရာအနှံ့ဆီမှ ကျဆင်းလာခဲ့သော စွမ်းအင်မျိုးစုံတို့သည် ပျောက်ကွယ်သွားခဲ့သည်။

ဖြောက် ဖြောက် ဖြောက် ဖြောက်

ခပ်ချောချောလူသည် အနောက်သို့ ခြေလှမ်းလှမ်းလိုက်ရ၏။ ၎င်း၏ ခန္ဓာကိုယ်ထဲတွင်ရှိသော သွေးများသည် ဆူဝေ သွားခဲ့၏။ သူ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ ပြည့်နှက်သွားခဲ့တော့သည်။ “ဒီကောင်က ဘယ်လိုဖြစ်ပြီး အထက်နယ်မြေမှာရှိတဲ့ ကျောက်ရုပ်ထုကလန်ရဲ့ စွမ်းအင်ကို ပိုင်ဆိုင်နေတာလဲ”

“သေစမ်း”

ထိုအချိန်မှတော့ ကြီးမားလှသော ကျွင်းချောင်ရှောင်း၏ ပုံရိပ်ကြီးသည် ခပ်ချောချောလူ၏ရှေ့၌ ရောက်ရှိလာ၏။ သူ၏ ကြီးမားလှသော လက်ဝါးရိုက်ချက်ကြီးသည် အလွန်အားကောင်းလှသော အရှိန်အဟုန်နှင့် အတူ ခပ်ချောချောလူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာခဲ့သည်။ ထိုလက်ဝါးရိုက်ချက်ကြီးသည် တောင်တန်းပေါင်း တစ်ထောင်ကျော်ခန့် လေးလံလွန်းလှသော အရှိန်အဟုန်များ ပါဝင်နေ၏။

ဘုန်း

မြေပြင်တစ်ခုလုံးသည် ကြီးမားလှသည့် အစိတ်အပိုင်းကြီးတစ်ခု အဖြစ်သို့ ကွဲထွက်သွားခဲ့တော့သည်။

……….

စကြဝဠာ၏ အနက်ပိုင်း ကောင်းကင်ယံထက်တွင်တော့ အမဲရောင်နှင့် အဖြူရောင်အလင်းတန်းများသည် ရုတ်တရက် ရပ်တန့်သွားသည်။ ယင်နှင့်ယန် ပုံသဏ္ဍာန် အသွင်အပြင်တစ်ခုသည် ကောင်းကင်ယံထက်တွင် ပေါ်ပေါက်လာတော့သည်။ ပြီးနောက် ထိုအရာကြီးသည် အဆက်မပြတ် လည်ပတ်လျက် ရှိနေ၏။

“ဟမ်”

ရုတ်တရက်ဆိုသလိုပဲ အမဲရောင်အလင်းစက်သည် မျက်လုံးကိုဖွင့်ကာ အံ့အားတသင့် ပြောလိုက်၏။ “သေမျိုးလောကထဲကို ချိုးဖြတ်ဝင်ရောက်တယ်ဆိုပေမယ့် ငါတို့က အခွင့်အရေး ရယူပြီး ချိုးဖြတ်ဝင်ရောက်နိုင်ခဲ့ တာပဲ။ ဒီတော့ ငါတို့ရဲ့ စွမ်းအင်အဆင့်တွေကို အရင်အတိုင်း တည်ရှိနိုင်မယ့် အခွင့်အရေး တည်ရှိနေသေးတာပဲ”

“ဒါဆို ဘာကို စောင့်နေတာလဲ။ အခုပေါ်လာတဲ့ အက်ကွဲကြောင်းအတိုင်း ငါတို့ လိုက်ဝင်သွားကြရအောင်”

အမဲရောင်နှင့် အဖြူရောင်လူတို့သည် ကောင်းကင်နှင့်မြေကြီး ပြောင်းပြန်လည်ခြင်း နည်းစနစ်ကို အသုံးပြု၍ ထိုဖြစ်တည်နေသော အက်ကွဲကြောင်းထဲမှ အလျင်အမြန်ပဲ တိုးဝင်တော့သည်။ ခဏလောက်ကြာသည့်နောက် မှာတော့ သူတိုသည့် သံပြိုင်ဆိုသလို ပြောလိုက်ကြ၏။ “ယင်ယန်ပြောင်းပြန်လည်ခြင်း”

ဝှစ် ဝှစ်

၎င်းတို့နှစ်ယောက်သည် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲလိုက်ပြီးသည့်နောက်မှာတော့ တည်နေရာ အက်ကွဲကြောင်းထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားခဲ့တော့သည်။

...........

ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီး၏ အပြင်ဘက် စကြာဝဋ္ဌာ စည်းအတားအဆီးအစီအရင် ဆီမှာတော့ ကောင်းကင်တစ်ခုလုံးသည် မဲမှောင်လျက် ရှိနေတော့၏။

ဝှစ် ဝှစ် …။

တည်နေရာသည် ရုတ်တရက် ကွဲထွက်သွားပြီးသည့်နောက် အမဲရောင်နှင့် အဖြူရောင် အရိပ်နှစ်ခုသည် ရုတ်တရက် ပေါ်ပေါက်လာသည်။

တစ်ယောက်သည် အသားရောင်ဖြူဖွေးလျက်ရှိပြီး တခြားတစ်ယောက် မှာတော့ မဲတူးလျက်ရှိ၏။ နှစ်ယောက်လုံးသည် မြက်ဦးထုပ်ကို ဆောင်းထားကြပြီး မျက်လုံးများမှာ စူးရှလွန်းလှ၏။ ၎င်းတို့၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကြွက်သားများအလိပ်လိပ်နှင့်ဖြစ်ကာ ကြည့်ရှုလိုက်သည်နှင့် တပြိုင်နက် သိုင်းကျင့်ကြံသူများ ဖြစ်ကြောင်း သိရှိနိုင်၏။

“ချီးတဲ့မှ...”

အမဲရောင်ဝတ်စုံနှင့်လူသည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “တည်နေရာ အက်ကွဲကြောင်းထဲက ဝင်လာတယ်ဆိုရင်တောင်မှာ ငါတို့ရဲ့အဆင့်တွေက လျော့ကျသွားခဲ့သေးတာပဲ”

“ဒီလောက်လောက်ဆိုရင်တောင် မဆိုးပါဘူး”

အဖြူရောင်နှင့်လူက ထူးမခြားနားသလို ပြောလိုက်သည်။ “သိုင်းအင်ပါယာအဆင့်ကို ဖိနှိပ်ခံလိုက်ရတယ်ဆိုပေမယ့် ငါတို့ရဲ့ တိုက်ခိုက်ရေး အတွေ့အကြုံနဲ့ဆိုရင် ဒီလို သေမျိုး လောကကြီးထဲမှာ လုပ်ချင်ရာကို လုပ်နိုင်စွမ်း ရှိလိမ့်မယ်”

“ဟုတ်တယ်” အမဲရောင်နှင့်လူကလည်း ထိုအချက်ကို တွေးမိပြီးသည့်နောက် ချက်ချင်း စိတ်သက်သာရာ ရသွား၏။

“ဒီနေရာမှာ ရပ်မနေနဲ့လေ”

အဖြူရောင်နှင့်လူက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “မြန်မြန်.... အကြွင်အကျန်ကျမ်း ဘယ်နားမှာရှိလည်းဆိုတာ ရှာကြရအောင်”

အမဲရောင်နှင့်လူသည် မျက်လုံးကို ပိတ်ကာဖြင့် အထူးစွမ်းရည်ကို ထုတ်ဖော်ကာ ကြည့်ရှုလိုက်၏။ ၎င်းတို့နှင့် အနီးအနား ဂြိုဟ်တစ်ခုတွင် စွမ်းအင်လှိုင်းများ လှုပ်ခတ်လျက်ရှိနေသည်ကို သိရှိလိုက်ရသည်။

“သွားကြရအောင်”

နှစ်ယောက်သား သံပြိုင်ပြောလိုက်ကြ၏။ “ပွဲသွားကြည့်ရအောင်”

ဤဂြိုဟ်အတွင်း လူများ တိုက်ခိုက်လျက်ရှိသည်ကို သူတို့သိရှိလိုက်သည်။ ထို့ကြောင့်ပင်လျှင် အက်ကွဲကြောင်းများ ဖြစ်တည်ပြီး ဤသေမျိုး လောကထဲသို့ လွယ်လွယ်ကူကူဖြင့် ချိုးဖြတ် ရောက်ရှိလာနိုင်ခဲ့ခြင်းပင် ဖြစ်သည်။

ဝှစ် ဝှစ် ….

အမဲရောင်နှင့် အဖြူရောင်လူတို့သည် ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီး၏ တည်နေရာအတားအဆီးကို ချိုးဖြတ် ကာဖြင့် ကုန်းမြေတိုက်ထဲသို့ လွယ်လွက်ကူကူ ဝင်ရောက်လိုက်ကြ၏။ ၎င်းတို့၏ မြင်ကွင်းထဲတွင် ပထမဦးဆုံး ပေါ်လာသည့်အရာမှာ ကုန်းမြေတိုက်ကြီးတစ်ခုလုံး စုတ်ပြတ်သတ်လျက်ရှိနေပြီး အစိတ်စိတ်အပိုင်းပိုင်း ဖြစ်နေခြင်းပင်။

“ကျွတ် ကျွတ် ကျွတ်... ဘယ်လောက် ပြင်းထန်လိုက်တဲ့ တိုက်ပွဲလဲ”

“ဟမ်”

၎င်းတို့နှစ်ယောက်သည် အဝေးတစ်နေရာဆီသို့ တပြိုင်နက်တည်း ကြည့်ရှုလိုက်ကြ၏။ မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက်ရှိသည့် သတ္တဝါတစ်ကောင်အား သူတို့မြင်လိုက်ရ၏။ “ဒါဘာလဲ”

အဖြူရောင်နှင့်လူသည် မျက်လုံးကို သေချာပွတ်သပ်ကာဖြင့် အံ့အားတသင့် ပြောလိုက်မိသည်။ “ကျောက်ရုပ်ထု မျိုးနွယ်ရဲ့ ကလန်သားတစ်ယောက်က ဘယ်လိုဖြစ်ပြီး သေမျိုးလောကထဲမှာ ပေါ်လာရတာလဲ”

အမဲရောင်နှင့်လူကလည်း ဇဝေဇဝါ ဖြစ်မိနေ၏။

“ဟမ်” ထိုအချိန်မှာတော့ မြေပြင်ပေါ်တွင် စောင့်ကြောင့်ထိုင် လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် သူ၏ခေါင်းကို အသာမော့ကြည့်လိုက်၏။ သူ၏ နီရဲလျက်ရှိနေသော မျက်လုံးများသည် မဖိတ်ခေါ်ဘဲ ရောက်ရှိလာသည့် ကောင်းကင်ပေါ်မှ ဧည့်သည်များဆီသို့ ရောက်ရှိသွား၏။ သူသည် တီးတိုးပြောလိုက်တော့သည်။ “ဒါက အပေါင်းအဖော်တွေလား”

ဆွစ်

သူသည် ကြောက်မက်ဖွယ်ရာကောင်းလှသည့် အရှိန်အဟုန်ဖြင့် ရှေ့သို့ ရောက်ရှိလာသည်။ အမဲရောင်ဝတ်စုံနှင့် လူက ပြောလိုက်သည်။ “သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက မဲမှောင်နေပြီ။ သူ့စိတ်တွေ အကုန်လုံးကလည်း အမှောင်ဘက် ရောက်သွားပြီ။ ဒီတော့ မြင်မြင်သမျှ အကုန်လုံးကို ရိုက်နှက်တော့မယ်”

အဖြူရောင်ဝတ်စုံနှင့်လူသည် နှာခေါင်းကို ပွတ်သပ်ကာဖြင့် ပြုံးလိုက်မိ၏။ “မင်း ဒီအထဲကို လွယ်လွယ်ကူကူ ဝင်လာနိုင်တယ်ဆိုတာ သူ့ကို ကျေးဇူးတင်ရမယ်။ ဒါပေမဲ့ သူက ရိုင်းပျနေပြီ ဆိုမှတော့ ….”

ဘုန်း

ရုတ်တရက် ကျွင်းချောင်ရှောင်းသည် သူ၏ရှေ့ဆီသို့ ရောက်ရှိလာသည်။ ပြင်းထန်လွန်းလှသော ၎င်း၏ ညာဒူးတိုက်ချက်သည် ဝမ်းဗိုက်ဆီသို့ ရောက်ရှိလာခဲ့တော့သည်။

အနှေးပြကွက်အနေဖြင့် ပြန်လည်ကြည့်ရှုမည် ဆိုပါက ဝမ်းဗိုက်ကို ဒူးနှင့်တိုက်ခိုက်ခံလိုက်ရသော အဖြူရောင်ဝတ်စုံနှင့်လူ၏ မျက်နှာတစ်ခုလုံးသည် ရှုံ့မဲ့သွားခဲ့သည်။ ၎င်း၏ မျက်လုံးများသည် မျက်စိသူငယ်အိမ်ထဲမှ ပြုတ်ထွက်လုမတတ်ပင် ဖြစ်သွား၏။ ပြီးသည့်နောက်မှာတော့ အမြှောက်ဆံတစ်ခုကဲ့သို့ ကောင်းကင်ယံထက်မှ လွင့်စင်ပြီး ပြုတ်ကျသွားခဲ့တော့၏။

ဘေးတစ်ဖက်တွင် ရှိနေသော အမဲရောင်ဝတ်စုံနှင့်လူသည် ကြောင်အလျက် ရှိနေသည်။ ကျောက်ရုပ်တုမျိုးနွယ် များသည် ဤမျှ အားကောင်းနေလေသည်လား။ အဖြူရောင်နတ်ဆိုး၏ ကျင့်ကြံခြင်းအဆင့်သည် သိုင်းအင်ပါယာ အဆင့်ထိ ရောက်သွားခဲ့သည် ဆိုလျှင်တောင်မှ တိုက်ခိုက်ချက်တစ်ခုတည်းနှင့် လွင့်စင်သွားစေခဲ့သည်။

ဆွစ်

ကျွင်းချောင်ရှောင်းသည် အသာလှည့်ကြည့်ပြီးသည့်နောက်မှာတော့ ရိုးရှင်းလွန်းလှသော ညာတံတောင်ဖြင့် တိုက်ခိုက်လိုက်သည်။ အမဲရောင်ဝတ်စုံနှင့်လူသည် ထိုတံတောင် ရိုက်ချက်ကို ဖမ်းဆီးနိုင်၏။ သို့ပေမဲ့ တစ်ဖက်လူ၏ တိုက်ခိုက်ချက်သည် မြန်ဆန်လွန်းသည့်အပြင် သူ၏ ကျင့်ကြံခြင်းအဆင့် ဖိနှိပ်ခံထားရသည့် အချိန်၌ ခန္ဓာကိုယ် နှင့် အားအင်အဆင့်သည် လှုပ်ရှားရာတွင် လိုက်ဖက်မညီလှချေ။ ထို့ကြောင့် ဘက်ဘက်ပါးကို တည့်တည့် ထိမှန်စေခဲ့၏။

ဘုန်း ဘုန်း

ကြောက်မက်ဖွယ်ရာကောင်းလှသည့် အရှိန်အဟုန်နှင့်အတူ ၎င်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။

အဖြူရောင် ဝတ်စုံနှင့်လူ လဲလျောင်းနေရာ၏ ဘေးတစ်ဖက်ဆီသို့ ကျဆင်းသွားခဲ့သည်။ သေမျိုးလောကထဲသို့ ရောက်ရှိပြီး သည့်နောက် မိမိလုပ်ချင်ရာကို ရဲရဲဝံ့ဝံ့လုပ်နိုင်မည်ဟု တွက်ချက်လျက်ရှိနေသော စွမ်းအားမြင့် ကျင့်ကြံသူ နှစ်ယောက်တို့သည် လက်ရှိအခြေအနေမှာတော့ ဘေးချင်းယှဉ်ကာ လဲလျောင်းလျက်ရှိနေ၏။ တစ်ယောက်သည် မျက်လုံးများ ချာချာလည်လျက်ရှိပြီး တခြားတစ်ယောက်မှာတော့ ပါးစပ်မှ အမြုပ်များပင် ထွက်လျက်ရှိသည်။

“ချီးတဲ့မှ... ချီးတဲ့မှ”

တွင်းနက်ကြီးထဲမှ ခုန်တက်လာခဲ့သော ခပ်ချောချောလူ၏ မျက်နှာတစ်ခုလုံးသည် ဖူးယောင် လျက်ရှိနေသည်။

ကျွင်းချောင်ရှောင်းသည် အသာမတ်တပ်ထရပ်လိုက်ပြီးသည့်နောက်မှတော့ ဒေါသတကြီးဖြင့် ပြောလိုက်တော့ သည်။ “ကျိန်းသေပေါက် မင်းကို ငါသတ်မယ်”

“မရဘူး။ ငါပြန်တော့မယ်”

ဆွစ်

ရွက်လှေတစ်စင်းသည် လေထုထဲတွင် ပေါ်ပေါက်လာတော့သည်။ ခပ်ချောချောလူသည် ထိုရွက်လှေပေါ် တက်ပြီးသည့်နောက်မှာတော့ လေထုထဲတွင် ပျောက်ကွယ်သွားတော့သည်။

“လိုက်... ဒီလူ့ကို မလွတ်စေနဲ့”

နှင်းဆီဧကရီ၏ အသံသည် ကျွင်းချောင်ရှောင်း၏ နားထဲတွင် ပေါ်ပေါက်လာခဲ့၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် သူမအား လျစ်လျှူရှုထားသည်။ သူသည် တခြားသောသူများအားလုံးကို ဂရုမစိုက်ဘဲ အမဲရောင်နှင့် အဖြူရောင်လူနှစ်ယောက်ဆီသို့ သွားလိုက်သည်။ ၎င်းတို့၏ ဦးခေါင်းများကို လက်နှစ်ဖက် ဆုပ်ကိုင်ကာဖြင့် မြေပြင်နှင့် တဒိုင်းဒိုင်း ရိုက်နှက်လျက် ရှိနေ၏။

ဘုန်း ဘုန်း ဘုန်း ဘုန်း …..။

အသည်းငယ်လူများမကြည့်ရဲလောက်သည်အထိ ကြမ်းတမ်းလှသည့် ရိုက်နှက်မှုကြီးသည် တည်နေရာထဲတွင် အဆက်မပြတ် ဖြစ်ပေါ်လျက်ရှိပြီး တဘုန်းဘုန်း အသံကြီးသည် ကုန်းမြေတိုက်ကြီးတစ်ခုလုံးဆီသို့ပင် ပျံ့နှံ့လျက်ရှိလေသည်။

All Chapters