← Chapters

အခန်း (၁၁၄၅)

Vol. 77 Ch. 1145

အခန်း (၁၁၄၅)

Vol. 77 Ch. 1145

“ငါဘယ်လိုမှ မနေနိုင်တော့ဘူး။ ရယ်ရလွန်းလို့ သေတောင်သေချင်တယ်။ ဟားဟား ဟား ဟားဟား ဟား”

ကျွင်းချောင်ရှောင်းသည် သူ၏ ဝမ်းဗိုက်ကို ဖိနှိပ်ကာဖြင့် အားရပါးရ ရယ်လျက်ရှိနေ၏။ သူ၏ မျက်နှာတစ်ခုလုံးရှိ ကြွက်သားများအားလုံးသည် တောင့်တင်းပြီး ခဲသွားတော့မလိုပင် ဖြစ်လို့နေ၏။

“အထက်နယ်မြေဆီမှ ဟုတ်လား။”

ဤအရာသည် သူကြားဖူးသမျှအထဲတွင် အရယ်ရဆုံးသော ဟာသပင်ဖြစ်တော့၏။ အကြောင်းအရာမှာ ၎င်းတို့သည်သာ အထက်နယ်မြေဆီမှ လာကြသည်ဖြစ်ပါက လောကကြီးတစ်ခုလုံးကိုပင် ဖျက်ဆီးနိုင်သည့် စွမ်းအားမြင့်ကျင့်ကြံသူများ ကျိန်းသေပေါက်ဖြစ်ပေလိမ့်မည်။

အဘယ့်ကြောင့် သူ၏ သေမလိုရိုက်နှက်ခြင်းကို ခံစားနေရကြရသနည်း။ ထို့အပြင် အကျဉ်းထောင်ထဲသို့ပင် ရောက်လျက် ရှိနေသည်။

ဟယ်ဝူတီ၏ အတိတ်ကိုသာ သေသေချာချာနားလည်မည်ဆိုပါက အထက်နယ်မြေမှ သိုင်းကျင့်ကြံသူများသည် သေမျိုးလောက၌ အဘယ့်ကြောင့် အားနည်းသည်ဆိုခြင်းကို သူနားလည်ပေးနိုင်ပေလိမ့်မည်။

ကျွင်းချောင်ရှောင်း၏ အားရပါးရ ရယ်လျက်ရှိနေသည်ကို ကြည့်ရှုပြီးသည့်နောက်မှာတော့ အဖြူရောင်နှင့်အမဲရောင် နတ်ဆိုးတို့သည် မျက်နှာများ ပြာနှမ်းနေသည်အထိ ဒေါသထွက်လျက်ရှိနေကြ၏။ သူတို့အနေနှင့် သေမျိုး လောကထဲသို့ ရောက်ရှိပြီးသည့်အချိန်တွင် နှိပ်စက်ရိုက်နှက်ခြင်းကို ခံခဲ့ရသေး၏။ ထို့အပြင် သေမျိုးလောကရှိ သိုင်းကျင့်ကြံသူတစ်ယောက်ဆီမှ လှောင်ပြောင်ရယ်မောခြင်းကိုလည်း ခံနေရသေးသည်။

“လက်ခံသူ ထပ်ပြီးမရယ်နဲ့တော့။”

စနစ်သည် လေးလေးနက်နက် ပြောလိုက်၏။ “ဒီနှစ်ယောက်က ကျိန်းသေပေါက် အထက်နယ်မြေကပဲ။”

ကျွင်းချောင်ရှောင်းသည် ရယ်မောရာမှ ရပ်တန့်လိုက်ပြီးသည့်နောက်မှာတော့ ပြောလိုက်သည်။ “မင်းဘာကို ဆိုလိုတာလဲ။”

စနစ်က ပြောလိုက်သည်။ “သေမျိုးလောကရဲ့ သိုင်းကျင့်ကြံသူရဲ့ အားအင်အဆင့်အရဆိုလျှင် လက်ခံသူရဲ့ အသွင်ပြောင်းလဲသွားတဲ့အခြေအနေ နဲ့ ရိုက်နှက်တာကို ခုခံနိုင်တဲ့သူဆိုလို့ မရှိဘူးလေ။”

“ဟမ်”

“နဖူးပေါ်မှ ချောမောသူဆိုပြီး ရေးထားတဲ့သူဆိုရင် ထွက်ပါပြေးသွားရသေးတယ်။ အခု ဒီနှစ်ယောက်ကတော့ ဘာအကာအကွယ်ပစ္စည်းကိုမှ အသုံးမပြုဘဲနဲ့ အရိုက်အနှက်ခံခဲ့ရတာတောင်မှ ဘာမှမဖြစ်သေးဘူး။”

“သူတို့က ကောင်းမွန်တဲ့အခြေခံကို ပိုင်ဆိုင်လို့လည်း ဖြစ်နိုင်တယ်လေ။ သူတို့ရဲ့ ခန္ဓာကိုယ်က အရမ်းကို အားကောင်း တာမျိုးပေါ့။” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

စနစ်က ဒေါသတကြီးပြောလိုက်၏။ “သူတို့ကို လက်ခံသူနဲ့တပည့်တွေလိုမျိုး အစကတည်းကနေပြီး ကြောက်မက်ဖွယ်ရာ ကောင်းတဲ့ အခြေအနေအထိ ခန္ဓာကိုယ် ကြံ့ခိုင်အောင် လေ့ကျင့်ခဲ့တဲ့လူတွေလို့ ထင်နေတာလား။”

စနစ်၏ စတိုးထဲတွင်ရှိနေသော များပြားလှသည့်ပစ္စည်းများကို အမှီအခိုပြုပြီးသည့်နောက် ကျွင်းချောင်ရှောင်းနှင့် ပြိုင်စံရှားဂိုဏ်းတပည့်များအားလုံး၏ ခန္ဓာကိုယ်သည် အဆင့်တူသိုင်းကျင့်ကြံသူများထက် အလွန်တရာ အားကောင်း လွန်းနေ၏။

ထိုအရာသည် မိမိထက် အဆင့်မြင့်သည့်လူများနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် အခွင့်အရေးကိုပင် ပေးစွမ်းနေ၏။ ပြန်လည်မွေးဖွားလာသော ညအင်ပါယာဆိုသည်တောင်မှ သူ၏ ကျင့်ကြံခြင်းအဆင့်ကို စတင်ကာ အာရုံစိုက်သည့် အချိန်တွင် ခန္ဓာကိုယ်ကို ပိုမိုအားကောင်းအောင် ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ရသေးသည်မဟုတ်လား။

“ဒီတော့ ဖြစ်နိုင်စရာတစ်ခုပဲ ရှိတော့တာပေါ့။” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

စနစ်က ပြောလိုက်၏။ “ဟုတ်တယ်။ ပြီးတော့ လက်ခံသူကို ထိန်းချုပ်ထားတဲ့ သူတို့အသုံးပြုလိုက်တဲ့အစီအရင်က အရမ်းကိုအားကောင်း လွန်းတယ်လေ။ နက်နဲလွန်းတဲ့ သိုင်းတာအိုတွေ ပါဝင်နေတယ်။”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “သူတို့က အထက်နယ်မြေကဆိုရင် ဘာလို့ ငါ့ရဲ့ရိုက်နှက်ခြင်းကို ခံနေရတာလဲ။”

“ဒါက ….”

စနစ်သည် နားမလည်နိုင်တော့ချေ။ ထို့ကြောင့် ပြုံး၍သာ ပြောလိုက်၏။ “ဒီထက်ပိုတဲ့ အကြောင်းအရာတွေလဲ ရှိရင်ရှိမှာပေါ့။”

ကျွင်းချောင်ရှောင်းသည် သူ၏ တုန်ယင်လျက်ရှိနေသော မျက်နှာကို အသာပွတ်သပ်ပြီးသည့်နောက်မှာတော့ အမဲရောင်နှင့်အဖြူရောင်လူတို့အား လှမ်းကြည့်ကာ မေးလိုက်သည်။ “အထက်နယ်မြေက လူတွေ ဒီကို ရောက်လာပြီးတော့ စိတ်လှုပ်ရှားမှုကို ရှာဖွေချင်လို့ ဒီမှာလာရိုက်နှက်ခံတာလား။”

သူ့အနေနှင့် စနစ်ကို ယုံကြည်ရန်သာ ရွေးချယ်လိုက်မိ၏။ ထို့ကြောင့် ဤနှစ်ယောက်ကို အထက်နယ်မြေမှ လူများဖြစ်သည်ဟု ခဏတာ သတ်မှတ်လိုက်တော့သည်။

အဖြူရောင်လူသည် ဒေါသတကြီးဖြင့်ပြောလိုက်၏။ “တစ်စုံတစ်ယောက်က ငါတို့ရဲ့ ကျမ်းစာကို ခိုးယူသွားခဲ့တာသာ မဟုတ်ရင် ဘာလို့ ငါတို့က ဒီနေရာကို လာပြီးတော့ ဒုက္ခခံရမှာလဲ။”

“အကြွင်းအကျန်ကျမ်းစာဟုတ်လား။”

ကျွင်းချောင်ရှောင်းသည် မျက်နှာပြင်ပေါ်တွင် တည်ငြိမ်လျက်ရှိနေ၏။ သို့ပေမဲ့ စိတ်ထဲမှာတော့ ကြိတ်ကာ တုန်လှုပ်လျက်ရှိနေ၏။ သက်တန့်ရောင်စဉ်ကျမ်းများဖြစ်နေမလားမသိဘူး။

စနစ်ကပြောလိုက်သည်။ “အဲလောက်ကြီးတော့ မတိုက်ဆိုင်နိုင်ပါဘူး။”

ကျွင်းချောင်ရှောင်းက စိတ်ဓာတ်တကျဖြင့် ပြောလိုက်မိ၏။ “ဒုတိယကျမ်းစာကို နှင်းဆီဧကရီဆီကနေ ခိုးလာတယ်လေ။ ဒီတော့ ပထမ ဒါမှမဟုတ် တတိယကျမ်းစာတစ်ခုခုထဲက မူလပိုင်ရှင်ထဲက ဒီညီအစ်ကိုနှစ်ယောက်ဖြစ်နိုင်တယ်။”

“……”

စနစ်သည် ဆွံ့အသွားမိ၏။ “စကြာဝဠကြီးက အရမ်းကိုကြီးမားတယ်လေ။ လက်ခံသူအနေနဲ့ ဒါမျိုးဆိုရင်တော့ တော်တော်ကို ကံဆိုးလို့ပဲ။”

“အဖြူရောင်နတ်ဆိုး”

အမဲရောင်နတ်ဆိုးသည် မျက်နှာတစ်ခုလုံးမဲမှောင်စွာဖြင့် မာန်မဲလိုက်သည်။ “မင်းပြောတာတွေများနေပြီ။”

မူလအားဖြင့် ဤနေရာသို့ ရောက်ရှိလာပြီးသည့်နောက်မှာတော့ သူတို့သည် လှောင်ပြောင်ခံခဲ့ရပြီးပြီဖြစ်၏။ အဘယ့်ကြောင့် အထက်နယ်မြေမှ လူများဖြစ်သည်ကို ပြောဆိုနေရသနည်း။ ထိုတင်သာ မကသေး အကြွင်းအကျန် ကျမ်းစာအကြောင်းကိုပါ ဆက်၍ ပြောနေသေးသည်။ ၎င်း၏ လျှာသည် အလွန်တရာ ရှည်လွန်းလှ၏။

“ဟမ့်”

အဖြူရောင်လူသည် ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။ “ဒီနေရာကို ရောက်နေပြီဆိုမှတော့ ဘာကို ကြောက်ရမှာလဲ။”

…..

အမဲရောင်လူသည် ကျွင်းချောင်ရှောင်းကို လှမ်းကြည့်ကာ အေးစက်စက် ပြောလိုက်၏။ “ငါတို့ဘယ်ကလာလဲဆိုတာကို သိပြီဆိုမှတော့ နားလည်မှုရှိရှိနဲ့ ကြိုးဖြေပေးတော့။ မဟုတ်ရင် …”

“ခင်ဗျားတို့နှစ်ယောက်။”

ကျွင်းချောင်ရှောင်းသည် အနားကိုလျှောက်လာပြီးသည့်နောက်မှာ ၎င်းတို့၏ ပခုံးပေါ်သို့ လက်တင်ကာ ညင်ညင် သာသာဖြင့် ပြောလိုက်မိ၏။ “ဘယ်လောက်တိုက်ဆိုင်လိုက်လဲ။ ကျုပ်ကလည်း အထက်နယ်မြေကပဲလေ။”

အဖြူရောင်နှင့်အမဲရောင်လူတို့သည် အံ့အားသင့်သွားကြ၏။

ထားလိုက်တော့။ ထားလိုက်တော့။

ဤလူသည် ကျောက်ရုပ်ထုမျိုးနွယ်များ၏ အထူးစွမ်းအင်ကို ထုတ်ဖော်အသုံးပြုနေသည်ကို မြင်ခဲ့ရ၏။ ထို့ကြောင့် အထက်နယ်မြေမှပင် ဖြစ်ပေလိမ့်မည်။ ကျွင်းချောင်ရှောင်းမှာတော့ ၎င်းတို့နှစ်ယောက် ယုံကြည်သည်၊ မယုံကြည် သည်ကို စိတ်မဝင်စားချေ။ ဆက်လက်ကာ ပေါက်ကရများပြောဆိုရန် စီစဉ်ထားမိတော့သည်။

“သက်တန့်ရောင်စဉ်ကျမ်းကို လာရှာတာလား။” ကျွင်းချောင်ရှောင်း၏ အသံသည် အလွန်တရာ တိုးညှင်းသွား၏။

အဖြူရောင်လူသည် ထိတ်လန့်တုန်လှုပ်သွားသည်။ “မင်းဘယ်လိုသိလဲ။”

ပိုမိုဉာဏ်ကောင်းပုံပေါ်သော အမဲရောင်လူသည် ၎င်း၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများဖြင့် ဖြစ်တည်လာခဲ့ တော့၏။ ထို့ပြင် ဤလျှို့ဝှက်ကျမ်းစာ၏ အကြောင်းအရာသည် သာမန်လူများသိရှိနိုင်သည့်အရာမျိုးမဟုတ်ချေ။

“ဘာလို့လဲဆိုတော့”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါက ကျုပ်တို့ဂိုဏ်းရဲ့ ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ သိုင်းနည်းစနစ်တစ်ခုမို့လို့လေ။”

ဤစကားစုသည် အဖြူရောင်နှင့်လူအား ထိတ်လန့်တုန်လှုပ်သွားစေသည်။ သူက မေးလိုက်၏။ “မင်းတို့ ဂိုဏ်းက ဘယ်ဂိုဏ်းလဲ။”

“ပြိုင်စံရှားဂိုဏ်းပေါ့။”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းဟုတ်လား။”

အမဲရောင်နှင့်အဖြူရောင်လူတို့သည် တစ်ယောက်ကိုတစ်ယောက် တွေတွေဝေဝေဖြင့် ကြည့်လျက်ရှိသည်။ ၎င်းတို့ နှစ်ယောက်သားသည် အထက်နယ်မြေရှိ အဓိကဂိုဏ်းများကို ပြန်လည်ကာ စဉ်းစားလိုက်မိ၏။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းဆိုသည့်အကြောင်းကို မကြားဖူးချေ။

ကျွင်းချောင်ရှောင်းက ရှင်းပြလိုက်၏။ ပြိုင်စံရှားဂိုဏ်းဆိုတာ အထက်နယ်မြေမှာ အခြေတည်ထားတာမဟုတ်ဘူး။ ကြယ်ကြွေကုန်းမြေတိုက်ကြီးကပဲလေ။ ကျုပ်တို့ဘိုးဘေးတွေက အထက်နယ်မြေကို မတက်သွားခင်မှာ သက်တန့်ရောင်စဉ်ကျမ်းနည်းစနစ်ကို ချန်ထားခဲ့တယ်။ ဒါက ဂိုဏ်းရဲ့ အဓိက အမှတ်သညာ သိုင်းနည်းစနစ် တစ်ခုဖြစ်လာခဲ့တာပေါ့။”

အများကြီးထဲမှ အမှတ်သညာ နည်းစနစ်တစ်ခုကို ပြောဆိုခဲ့ခြင်းဆိုသည်မှာ အဖြူရောင်နှင့်အမဲရောင်လူတို့အား ဂိုဏ်းထဲတွင် များပြားလှသည့် သိုင်းနည်းစနစ်များရှိပြီး သက်တန့်ရောင်စဉ်ကျမ်းနဲ့ နှိုင်းယှဉ်၍ ရသည့် တစ်ခြား နည်းစနစ်များကိုလည်း ပိုင်ဆိုင်သေးကြောင်း ပြောဆိုခဲ့ခြင်းပင်ဖြစ်သည်။

“မဖြစ်နိုင်တာ။”

အမဲရောင်လူက ပြောလိုက်သည်။ “သက်တန့်ရောင်စဉ်ကျမ်းဆိုတာ အထက်နယ်မြေက တကယ့်ကို စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက် ဖန်တီးခဲ့တာ လေ။ ဘယ်လိုဖြစ်ပြီးတော့ အဆင့်နိမ့်နယ်မြေက သူတစ်ယောက် ဖန်တီးတဲ့ သိုင်းနည်းစနစ် ဖြစ်မှာလဲ။”

“ဒီကိစ္စကို နောက်မှထပ်ပြောကြမယ်။”

အဖြူရောင်နှင့်လူက ထပ်ပြောလိုက်၏။ “သက်တန့်ရောင်သူတော်စဉ်က ကြယ်ကြွေကုန်းမြေတိုက်ကြီးကနေ တက်လာတယ်ဆိုတဲ့ သမိုင်းမှတ်တမ်းတွေ မရှိဘူးလေ။”

၎င်းတို့နှစ်ယောက်သည် တတိယမြောက်ကျမ်းစာကို ရယူပိုင်ဆိုင်ခဲ့ကြ၏။ သေသေချာချာ လေ့လာသုံးသပ်ပြီးသည့် နောက်မှာတော့ ဤသိုင်းနည်းစနစ်ကို ဖန်တီးခဲ့သည့်လူသည် အလွန်တရာဆန်းကြယ်ပြီး အားကောင်းလွန်းလှသူ တစ်ယောက်ဖြစ်မည်ဖြစ်ကြောင်းကိုတော့ သူတို့နားလည်မိ၏။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “တစ်ချို့အရာတွေက မှတ်တမ်းမှတ်ရာလည်းမရှိဘူးဆိုရင်တောင်မှ မဟုတ်နိုင်ဘူးလို့ ငြင်းမရဘူး။ ခင်ဗျားတို့နှစ်ယောက် ….. ဒါကို သေသေချာချာကြည့်။”

ကျွင်းချောင်ရှောင်းသည် သူ၏နောက်ဆုံးတိုက်ကွက်ဖြစ်သော သက်တန့်ရောင်စဉ်ကျမ်း၏ ပထမ၊ ဒုတိယနှင့် တတိယကျမ်းစာများကို ထုတ်ယူပြသလိုက်၏။

ဟုတ်ပေသည်။ ဤအရာများသည် စနစ်ဆီမှ မိတ္တူဆွဲထားသည့်အကြောင်းအရာများဖြစ်၏။ ပြိုင်စံရှားဂိုဏ်း အတွင်းတွင် ဤကဲ့သို့သော အရာမျိုးသည် များပြားလှစွာ တည်ရှိနေခဲ့သည်။

အဖြူရောင်နှင့်အမဲရောင်လူတို့သည် မျက်လုံးပြူးသွားမိကြ၏။

မြေပေါ်တွင် ကျမ်းစာ သုံးခုရှိနေပြီး တတိယမြောက်တစ်ခုသည် ၎င်းတို့ ပိုင်ဆိုင်ခဲ့ဖူးသော အရာနှင့် ထပ်တူထပ်မျှ တူညီလျက် ရှိနေသည်။ ထူးဆန်းလွန်းလှသော အော်ရာများထွက်ပေါ်မနေသည်ကလွဲလျှင် ကျန်တာအားလုံးသည် တူတူပင် ဖြစ်တော့သည်။

အမဲရောင်လူသည် တုန်လှုပ်သွားမိ၏။ “ဒါက လက်ရေးမူတွေလား။”

“အင်း”

ကျွင်းချောင်ရှောင်းသည် နာကျင်စရာအမူအရာဖြင့် ပြောလိုက်၏။ “ပြိုင်စံရှားဂိုဏ်းက သေသေချာချာ သိမ်းဆည်းမထားနိုင်ခဲ့ဘူးလေ။ ဒါကြောင့် မူရင်းကျမ်းစာကို အခိုးခံလိုက်ရတယ်။ အခု ကျုပ်တို့ဆီမှာ လက်ရေမူတွေပဲ ရှိတော့တယ်။”

…..

အဖြူရောင်နှင့်အမဲရောင်လူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုလိုက်ကြ၏။ ကျွင်းချောင်ရှောင်းသည် ကျမ်းစာ သုံးခု၏ လက်ရေးမူသုံးခုအား တစ်ခါတည်းထုတ်ယူပြသခဲ့ပြီးနောက် ၎င်းတို့၏ စိတ်ထဲတွင်ရှိနေသော သံသယစိတ်များ သည် အလုံးစုံပျောက်ကွယ်သွားခဲ့ကြသည်။ ၎င်းတို့၏ စိတ်ထဲရှိ အတွေးများမှာတော့ ပြင်းပြင်းထန်ထန်ပဲ အလုပ်လုပ်လျက်ရှိနေ၏။

ဤကျမ်းစာအကြွင်းအကျန်သည် သေမျိုးကုန်းမြေတိုက်ကြီးထဲတွင် အမှန်တကယ်ပင် တည်ရှိလို့နေ၏။ သို့ပေမဲ့ တစ်ခြားသောသူများ၏ ခိုးယူခြင်းကို ခံခဲ့ရသည်။ ထိုကျမ်းစာသည် လောကထဲတွင် လှည့်လည်သွားလာပြီးသည့် နောက်မှာတော့ သူတို့အမှတ်မထင် ရရှိခဲ့၏။ သို့ပေမဲ့ သူတို့သည်လည်း ထပ်မံကာခိုးယူခံခဲ့ရပေသည်။

“ခင်ဗျားတို့နှစ်ယောက်။”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အထက်နယ်မြေဆီက ရောက်ရှိလာတဲ့လူတွေဖြစ်ပြီး အကြွင်းအကျန်ကျမ်းစာကို လိုက်ရှာနေတယ်ဆိုတော့ ကျုပ်တို့ ဘိုးဘေးအပေါ်ကို မတက်ခင်မှာ ချန်ထားခဲ့တဲ့ အရာတွေဖြစ်ကြောင်း အတည်ပြုလို့ရပြီလား။ ပြီးတော့ ဘိုးဘေးချန်ထားခဲ့တဲ့ မှတ်ချက်တစ်ခုလည်း ရှိသေးတယ်။”

အမဲရောင်နှင့်အဖြူရောင်လူတို့သည် အလောတကြီးဖြင့် မေးလိုက်၏။ ကျွင်းချောင်ရှောင်းသည် ဘိုးဘေးဟူသည့် စကားကို ထပ်ခါတလဲလဲ အသုံးပြုလျက်ရှိနေသည်။ ထိုဘိုးဘေးဆိုသည်မှာ သက်တန့်ရောင်သူတော်စင်ဟုတော့ တစ်ခါမှ ထုတ်မပြောသေး။ သို့ပေမဲ့ တစ်ဖက်လူနှစ်ယောက်မှာတော့ ထိုအရာကို သူ့ဘာသာ ကွက်လပ်ဖြည့်၍ သက်တန့်ရောင်သူတော်စင်ဟု သတ်မှတ်လျက်ရှိနေတော့၏။

“အဲမှတ်ချက်က”

ကျွင်းချောင်ရှောင်းသည် အလွန်တရာလေးနက်သော အမူအရာဖြင့် ပြောလိုက်တော့၏။ “ရွှေရောင်မြင်းပျံဆိုတာက ရေကန်ထဲက ငါးတစ်ကောင်မဟုတ်ဘူး။ ဒါပေမဲ့ ယင်နဲ့ယန် ထိပ်တိုက်တွေ့ဆုံပြီဆိုရင်တော့ နဂါးတစ်ကောင်အဖြစ်ကို အသွင်ပြောင်းနိုင်တယ်။”

“……..”

အမဲရောင်နှင့်အဖြူရောင်လူတို့သည် အတွေးနက်သွားကြတော့သည်။ ၎င်းတို့နှစ်ယောက်သည် ဤမှတ်ချက်ဆီမှ အဓိပ္ပာယ်အား ဖြည့်စွက်ကာ တွေးတောလျက်ရှိနေ၏။

ကျွင်းချောင်ရှောင်းက ရှင်းပြလိုက်တော့သည်။ “ရွှေရောင်မြင်းပျံဆိုတာက ပြိုင်စံရှားဂိုဏ်းကို ဆိုလိုတာလေ။ ယင် နဲ့ ယန် ဆိုတာက ခင်ဗျားတို့နှစ်ယောက်ကို ဆိုလိုတာ။ ဘာလို့လည်းဆိုတော့ ယင်နဲ့ ယန် ဆိုတာက အဖြူနဲ့အမဲ မဟုတ်လား။”

“ဒါက”

အမဲရောင်နှင့်အဖြူရောင်နတ်ဆိုးတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး အတွေးပေါက်သွားကြ၏။

သက်တန့်ရောင်သူတော်စင်ချန်ထားခဲ့သော မှတ်ချက်အရဆိုလျှင် ပြိုင်စံရှားဂိုဏ်းတွင် ၎င်းတို့နှစ်ယောက်၏ အကူအညီသာရှိသည်ဆိုပါက နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲပြီး ကောင်းကင်တစ်ခုလုံးဆီသို့ ပျံတက်နိုင်ပေ လိမ့်မည်။

“အမဲရောင်”

အဖြူရောင်လူသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ “ဒါ ကောင်းကင်ရဲ့ အလိုဆန္ဒများလား။”

ကြည့်ရသည်မှာ ၎င်းတို့ကို အရူးလုပ်ရလွယ်ကူပုံပေါ်သည်။ သို့ပေမဲ့ အမဲရောင်နှင့်လူသည် ဉာဏ်ကောင်းလွန်းလှ၏။ ကျွင်းချောင်ရှောင်းကို သံသယဖြင့် ကြည့်ကာ ပြောလိုက်တော့သည်။ “ငါတို့ကို ဂိုဏ်းထဲကို ခေါ်ချင်တာလား။”

ကျွင်းချောင်ရှောင်းသည် လက်ကျန်ကျမ်းစာ သုံးခုအား အသာပစ်ပေးပြီးသည့်နောက် လေးလေးနက်နက် ပြောလိုက်သည်။

“ကျွင်းက ခင်ဗျားတို့နဲ့ကြားထဲမှာရှိတဲ့ နားလည်မှုကို ဖြေရှင်းပြီးတော့ ခင်ဗျားတို့နဲ့ သူငယ်ချင်းရောင်းရင်းအဖြစ် ဖြစ်ချင်တာပါ။”

အမဲရောင်လူသည် ခဏလောက် တွန့်ဆုတ်ကာဖြင့် ပြောလိုက်၏။ “တတိယကျမ်းစာက အစစ်အမှန်လားဆိုတာ ငါကြည့်ချင်တယ်။”

“ကောင်းပြီ။ ရတာပေါ့။”

ကျွင်းချောင်ရှောင်းသည် တတိယကျမ်းစာကို အသာဖွင့်ကာဖြင့် ပြလိုက်၏။ ၎င်းတို့နှစ်ယောက်သည် သေသေချာချာ ဖတ်ရှုပြီးသည့်နောက်မှာတော့ အထဲတွင် ထားထားခဲ့သော မန္တန်များ အားလုံးသည် သူတို့တွင်ရှိခဲ့သည့် မူလအရာနှင့် တူညီနေသည်ဆိုသည်ကို မြင်ရ၏။ ထိုအရာသည် အတုပြုလုပ်ရန် မဖြစ်နိုင်ချေ။

“မင်းကျင့်ကြံပြီးပြီလား။” အမဲရောင်နှင့်လူက မေးလိုက်သည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။

“ဒီကျွင်းက ကျင့်ကြံရုံတင် မကဘူးလေ။ ဂိုဏ်းထဲမှာရှိတဲ့ တပည့်ပေါင်းသောင်းကျော်အကုန်လုံးက ကျင့်ကြံပြီးသားပဲ။”

“……”

အမဲရောင်လူသည် မြေပေါ်လဲကျလုမတတ်ပင် ဖြစ်သွား၏။ သက်တန့်ရောင်စဉ်ကျမ်းကို ကျင့်ကြံရန်အလို့ငှာ အကြွင်းအကျန်ကျမ်းစာများအား အစဉ်အတိုင်း ကျင့်ကြံရန် လိုခဲ့၏။ ထို့ကြောင့် သူနှင့်အဖြူရောင်လူတို့သည် ထိုအရာကို နားမလည်နိုင်ချေ။

လက်ရှိအခြေအနေမှာတော့ ပြိုင်စံရှားဂိုဏ်းဆိုသော ဂိုဏ်းတစ်ခု၏ တပည့်ပေါင်းတစ်သောင်းကျော်တို့သည် ထိုအရာကို လေ့ကျင့်ထားသည်ဟု ပြောဆိုလျက်ရှိနေ၏။

“ခင်ဗျားတို့နှစ်ယောက်”

ကျွင်းချောင်ရှောင်းက တီးတိုးပြောလိုက်သည်။ “ကျုပ်တို့က သေမျိုးလောကမှာ တွေ့ဆုံခဲ့တယ်လေ။ ဘာကြောင့်လဲဆိုတော့ ဒီအကြွင်းအကျန်ကျမ်းစာကြောင့်ပေါ့။ ဒါ ကောင်းကင်ကြီးက ချန်ထားခဲ့တဲ့ ကံကြမ္မာရေစက်ပဲလေ။ ဒီလိုမျိုးတွေ့ဆုံနေကြပြီဆိုမှတော့ ဘိုးဘေးအကြီးအကဲ တွေရဲ့ သိုင်းနည်းစနစ်ရဲ့ အရှေ့တည့်တည့်မှာပဲ သွေးသောက်ညီအစ်ကိုအဖြစ် ဖွဲ့လိုက်ကြရအောင်။”

All Chapters