← Chapters

အခန်း (၁၁၄၆)

Vol. 77 Ch. 1146

အခန်း (၁၁၄၆)

Vol. 77 Ch. 1146

ကျွင်းချောင်ရှောင်းသည် အလွန်အံ့အားသင့်လို့နေ၏။ သူသည် ပထမ၊ ဒုတိယ၊ နှင့် တတိယ ကျမ်းစာတို့အား ထုတ်ယူပြသခဲ့ပြီး ဖြစ်၏။ သူသည် တစ်ဖက်လူအား ဖြစ်နိုင်သည့် နည်းလမ်းများကို သုံးကာ လှည့်ဖြားပြောဆိုခဲ့၏။ သို့သော် အဖြူရောင်နှင့် အမဲရောင်လူတို့ ပြန်ပြောသည်မှာ ‘စဉ်းစားလိုက်အုံးမယ်’ ဟူ၍သာ ဖြစ်၏။

ငါ့အနေနဲ့ ပြိုင်စံရှားဂိုဏ်းထဲကို ဝင်ဖို့ အတင်း တွန်းအားမပေးပါဘူး။ သွေးသောက်ညီအစ်ကိုဖွဲ့ဖို့ပဲပြောတာပါ။ ဘာတွေစဉ်းစားနေတာလဲ။

ကျွင်းချောင်ရှောင်းသည် အကျဉ်းထောင်မှ ထွက်ပြီး ခေါင်းကို ငြင်သာစွာ ရမ်းလိုက်၏။ "ကျင်ကြံခြင်းမြင့်လာလေ အရူးလုပ်ဖို့ ခက်ခဲလေပါလား"

"ပေါက်ကရ..."

စနစ်သည် ပြောလိုက်၏။ "သူတို့တွေက တစ်ကယ့်ကို ကျင့်ကြံခြင်းအဆင့် မြင့်မားတဲ့သူတွေလေ။ လက်ခံသူအနေနဲ့ အရူးလုပ်လို့ ရတယ်ဆိုရင်တောင်မှ သူတို့က အကျိုးအမြတ်ရှိလို့ အရူးလုပ်ခံတာပဲ ဖြစ်ရမယ်"

စနစ်သည် ရင်နာရမည့် ကိစ္စများ ဖြစ်လာမည် ဆိုးသဖြင့် ဆက်မပြောဘဲ ရပ်ထားလိုက်သည်။

"ပထမ ၊ ဒုတိယနဲ့ တတိယကျမ်းစာက မလုံလောက်သေးဖူးလား"

အဖြူရောင်နှင့် အမဲရောင်တို့သည် သွေးသောက်ညီအစ်ကို ဖွဲ့ရန် သဘောမတူသေးသော်လည်း ကုန်းရှန့် အနေဖြင့် ကိစ္စကြီးတစ်ခုကို သိရှိလိုက်ရ၏။ သူတို့သည် သက်တန့်ရောင်စဉ်ကျမ်း အတွက် အထက်နယ်မြေမှ ဆင်းသက်လာကြခြင်းပင် ဖြစ်တော့၏။

ကျမ်းစာကို ခိုးယူခဲ့သည်မှာ သူမှန်းသိရှိသွားပါက ကမ္ဘာမြေအဆုံးထိ လိုက်သတ်မည်မှာ အသေအချာပင် ဖြစ်၏။ သူသည် စဉ်းစားနေတုန်းမှာပဲ အိပ်ခန်းဆီသို့ ပြန်လာလိုက်သည်။

သူသည် မှတ်တမ်းမှတ်ရာများကို ဖတ်ရှုနေသော နှင်းဆီဧကရီအား ကြည့်ကာ ပြောလိုက်၏။ "သူတို့နှစ်ယောက်ကို လွှတ်ပေးလိုက်တော့"

"သူတို့ ရှင့်ကို လာသတ်မှာ မကြောက်ဖူးလား"

ကျွင်းချောင်ရှောင်းသည် အနက်ရောင် အကောင်ကြီး အဖြစ် ပြောင်းလဲသွားတုန်းက အမဲနှင့်အဖြူရောင်လူတို့ အား ရိုက်နှက်ခဲ့သည်ကို သူမမြင်တွေ့ခဲ့ရ၏။ ဤမျှဆိုးရွားစွာ ရိုက်နှက်ခံရပြီးသည့်နောက် သူမသာဆိုပါက လွယ်လွယ်နှင့် ပြီးဆုံးလိမ့်မည် မဟုတ်ချေ။

"ဒါက နားလည်မှု လွဲတာပဲလေ ။ ကျုပ် သူတို့ကို ရှင်းပြပြီးပါပြီ"

"ဒါဆိုလည်း ကောင်းပြီလေ"

နှင်းဆီဧကရီသည် အမိန့်ပေးပြီးနောက် မှတ်တမ်းမှတ်ရာများကို ပြန်လည် ဖတ်ရှုနေတော့၏။

ကျွင်းချောင်ရှောင်း သည် သူမကို မနှောင့်ယှက်တော့ပေ။ သို့ပေမဲ့ မေးမြန်းလိုက်မိသည်။ "တစ်နေကုန်လုံး ဒီလောကကြီး မှာ ဖြစ်နေတဲ့ အကြောင်းအရာတွေကို ဖတ်နေရတာ မပျင်းဘူးလား"

"ဒါက ကျွန်မရဲ့တာဝန်ပဲလေ ။ အလုပ်များတယ်ဆိုရင်တောင်မှ လုပ်ကိုလုပ်ရမှာပဲမဟုတ်လား"

"ခင်ဗျား ယုံကြည်ရတဲ့လူကို ခေါ်ပြီး လုပ်ခိုင်းလိုက်လေ။ စိတ်ချရတဲ့ စီမံ ခန့်ခွဲသူကို ရှာနိုင်ပြီ ဆိုရင် သက်တောင့်သက်သာ ဘေးကနေ ကြည့်နေရုံပဲ မဟုတ်လား။"

ကျွင်းချောင်ရှောင်းသည် ပုခုံးကို တွန့်ကာ ပြောလိုက်၏။ သူသည် ထိုသို့ ပြုလုပ်ခဲ့ပြီး ဖြစ်၏။ ဂိုဏ်းအတွက် လိုအပ်သော သိုင်းပညာအရင်းအမြစ်များ ထောက်ပံ့ခြင်းကိုသာ သူ တာဝန်ယူထားခဲ့၏။ ကျန်တာမှန်သမျှကို ဒုဂိုဏ်းချုပ် ဖြစ်သော ယွမ်သခင်လေးအား လွဲထားခဲ့၏။

နှင်းဆီဧကရီသည် ပြောလိုက်သည်။ "ဂြိုလ်တစ်ခုကို အုပ်ချုပ်ရတာနဲ့ ဂိုဏ်းတစ်ခုကို အုပ်ချုပ်ရတာ မတူဘူးလေ ။ နောက်ကျောကို ဓားနဲ့ ထိုးမဲ့သူတွေကိုလည်း စောင့်ကြည့်နေရသေးတယ်"

ကျွင်းချောင်ရှောင်း၏ ဂိုဏ်းတွင် တပည့်ခုနှစ်သောင်းကျော်ရှိ၏။ ဤဂြိုလ်ပေါ်တွင်တော့ လူသန်းပေါင်းများစွာရှိ၏။ ဤသည်မှာ မတူညီသော ကွာခြားချက်ကြီးပင် ဖြစ်လေ၏။

"ဒါကတော့ အမှန်ပဲ"

သူသည် အခြားကမ္ဘာသို့ ဝိညာဉ်ကူးပြောင်းလာပြီးနောက် စနစ်က ပြိုင်စံရှားဂိုဏ်းကြီးတစ်ခု တည်ထောင်ရန် တာဝန်ပေးခဲ့၏။ ကံကောင်းသည်မှာ စကြဝဠာကြီး တစ်ခုလုံးတွင် အားအကောင်းဆုံးဂြိုဟ်မြပြုလုပ်ခိုင်းသည်က တော်သေးသည် ဆိုရမည်။ မဟုတ်ပါက သူ့ကိုယ်သူသတ်သေဖို့ နည်းလမ်းကိုသာ တွေးတောရပေလိမ့်မည်။

ကျွင်းချောင်းရှောင်းသည် လက်ထပ်ပြီးနောက် စီစဉ်ထားသည့် သူ၏ ကိုယ်ပိုင်နန်းတော်တွင်သာ သွားရောက်နေထိုင်ခဲ့၏။ သူသည် ဤအတောအတွင်း ပန်းများကို ကြည့်ရှုလိုက်၊ ငါးမျှားလိုက်၊ အမဲရောင်နှင့် အဖြူရောင်လူတို့အား စကားပြောလိုက်သာ ပြုလုပ်နေခဲ့၏။

သူတို့သုံးယောက်တွင် တူညီသည့် အချက်မှာ သုံးယောက်လုံး အားနည်းနေခြင်းသာ ဖြစ်၏။

တစ်ရက် အလွန်လှပသည့် ဥယျာဉ်အတွင်းမှာတော့ ကျွင်းချောင်ရှောင်းသည် လက်သီးကိုဆုပ်ကာ ပြောလိုက်သည်။ "အစ်ကိုကြီးတို့ ဒီနေ့ဆို ကျုပ်က နှစ်ဆယ့်လေးနှစ် ပြည့်ပြီလေ"

အဖြူရောင်နှင့် အမဲရောင်လူတို့သည် မယုံကြည်နိုင်လောက်အောင် ဖြစ်မိနေ၏။ ဤကောင်လေးမှာ အသက်နှစ်ဆယ်မတိုင်ခင်ပင် သိုင်းအင်ပါယာနီးပါးကျင့်ကြံခြင်းကို ပိုင်ဆိုင်နေ၏။ ဤသည်မှာ ဒဏ္ဍာရီလာ ပါရမီရှင်ပင် ဖြစ်နေသည်လား။

၎င်းတို့သည် ငယ်ရွယ်စဉ်က သိုင်းပညာလမ်းကြောင်းပေါ်ကို မည်ကဲ့သို့ လျှောက်လမ်းခဲ့ရကြောင်း ပြန်လည် စဉ်းစားလိုက်မိသည်။ ငယ်ရွယ်စဉ်က ဂူထဲတွင် ပုန်းအောင်းကာ ကျင့်ကြံခဲ့ရပြီး အခြား စွမ်းအားမြင့်ကျင့်ကြံသူများ လာရောက်ရိုက်နှက်မည်ကို စိုးရိမ်ခဲ့ရ၏။

"အစ်ကိုကြီးတို့ အသက်ဘယ်လောက်ရှိပြီလဲ" ကျွင်းချောင်ရှောင်းသည် မေးမြန်းလိုက်သည်။

အဖြူရောင်နှင့် လူသည် ပြောလိုက်၏။ "ငါက ၁၂၃၅၀"

အမဲရောင်နှင့်လူက ပြောလိုက်သည် "ငါကတော့ ၁၂၃၅၁"

"ချီးတဲ့မှ"

အဖြူရောင်နှင့်လူသည် ပြောလိုက်၏။ "မင်းက ငါ့ထက် တစ်နှစ်ငယ်တာပါ"

"ငါက မင်းထက် တစ်နှစ်ကြီးတယ်ကွ" အမဲရောင်နှင့်လူက ပြောလိုက်၏။

"ကဲ … ဒါဆိုရင် အင်မော်တယ်ကိုးမြို့က မှတ်ပုံတင်ထုတ်လိုက် ။ ငါမယုံဘူး"

"ငါက ပိုကြီးတာကွ "

"မဟုတ်ဖူး။ ငါကပိုကြီးတာ မှတ်ပုံတင်ထုတ်လိုက်စမ်းပါ"

အမဲရောင်နှင့်လူသည် အနည်းငယ် တုံ့ဆိုင်းသွား၏။ သို့သော် သူသည် တည်ငြိမ်စွာပင် ပြောလိုက်၏။ "အသက်ကို မယှဉ်နဲ့ မင်းယှဉ်ချင်ရင် ဟိုဟာ ယှဉ်မလား"

"မင်း"

"ထားလိုက်ကြပါတော့"

ဤနှစ်ယောက်သည် အစစ်အမှန် မွန်းစတားအိုကြီးများဖြစ်လို့နေ၏။

"ဒါက တစ်ကယ့်ကို သဘာဝကျတယ်လေ"

စနစ်ကပြောလိုက်၏။ "ကျင့်ကြံခြင်း အဆင့်မြင့်လာတာနဲ့ အသက်တွေအကြာကြီး နေနိုင်ပြီလေ"

"ဒါဆို ငါကော ဘယ်လောက်ကြာကြာ နေနိုင်မလဲ" ကျွင်းချောင်ရှောင်းသည် မေးမြန်းလိုက်၏။

စနစ်သည် ပြောလိုက်၏။ "နှစ်တစ်ထောင်လိပ် ….. နှစ်တစ်သောင်းလိပ်ဆိုပြီး ရှိတယ်လေ။ လက်ခံသူက အဲထက်ပိုပြီးကြာနိုင်ပါတယ်"

"မင်းငါ့ကို လိပ် လို့ဆဲနေတာလား"

"မဟုတ်ပါဘူး။ ချီးကျူးနေတာပါ"

အဖြူနှင့်အမဲသည် နေ့စဉ်တိုင်း ရန်ဖြစ်နေကြသလို ကျွင်းချောင်ရှောင်းသည်လည်း စနစ်နှင့်ရန်သတ်လျက်ရှိ၏။ သူတို့သုံးယောက်သည် အနည်းငယ်ကြာပြီးသည့် နောက်မှာတော့ လေးနက်စွာ ပြောဆိုကြတော့၏။

"ညီငယ်သေးလေး အကြွင်းအကျန်ကျမ်း သုံးပိုင်းလုံးကိုသာ ပေးမယ်ဆိုရင် ဒီအစ်ကိုကြီးတွေက မင်းနဲ့ သွေးသောက်လုပ်မယ်"

ထင်မှတ်ထားသည့် အတိုင်းပင် သူတို့သည် အကျိုးကျေးဇူး အတွက် သွေးသောက်လုပ်ရန်ပင် ပြောဆိုကြတော့၏။

သို့သော် ကျွင်းချောင်းရှောင်းသည် ဂရုမစိုက်ပေ။ ၎င်းတို့ကိုကိုသာ ထိန်းသိမ်းထားနိုင်ပါက အနာဂတ်တွင် ဂိုဏ်း အတွင်းသို့ ခေါ်ဆောင်ရန် နည်းလမ်းကို ရှာဖွေနိုင်မည် ဖြစ်သည်။

အစ်ကိုကြီး နှစ်ယောက် … ကျုပ်ဂိုဏ်းက ကာကွယ်စောင့်ရှောက်သူတွေ လိုအပ်တယ်။ ပြီးတော့ ခင်ဗျားတို့က ကျုပ်ရဲ့ ပစ်မှတ်ထားခံရပြီဆိုရင် ထွက်သွားဖို့ မစဉ်းစားနဲ့တော့။

ကျွင်းချောင်ရှောင်းသည် အကြွင်းအကျန် ကျမ်း သုံးခုလုံးကို စားပွဲပေါ်သို့တင်လိုက်၏။

ဘုတ် … ဘုတ် …

ပြီးသည့်နောက်မှာတော့ သူတို့သည် ဒူးထောက်လိုက်ကြ၏။

"ယနေ့ ဒီနေရာမှာ ကောင်းကင်နဲ့မြေကြီးကို သက်သေပြုပြီး ကျုပ် အမဲ(အဖြူ)နတ်ဆိုး ၊ ကျွင်းချောင်ရှောင်းတို့က သွေးသောက်ညီအစ်ကိုများအဖြစ် အသိအမှတ်ပြုခဲ့ကြသည်။ တူညီတဲ့အသက်၊ တူညီတဲ့ နှစ်၊ တူညီတဲ့ အချိန်မှာ မမွေးဖွားခဲ့ပေမဲ့ တူညီတဲ့နှစ် ၊ တူညီတဲ့ရက်မှာ အတူတူ သေဆုံးကြမယ်"

“………” ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ကျမိသွား၏။

ကျုပ်က အခုမှ အသက်နှစ်ဆယ်ကျော်ပဲ ရှိသေးတာလေ။ အတူတူသေကြမယ်ဆိုတော့ ကျိန်စာ တိုက်နေတာနဲ့မတူဘူးလား။

ကျွင်းချောင်ရှောင်းသည် သက်ပြင်းကြိတ်ကာ ချလိုက်မိ၏။ သူ၏ ဂိုဏ်းအနာဂတ်အတွက် ကြိတ်ကာ ဆုံးဖြတ်ချက်ချလိုက်တော့၏။

ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် လက်သီးဆုပ်ကာ ပြောလိုက်၏။ "အကိုကြီးတို့ ….. အနာဂတ်မှာ အစ်ကိုကြီးတို့ကိုပဲ အားကိုးရတော့မှာပဲ"

၎င်းတို့သည် အထက်နယ်မြေမှ ဆင်းသက်လာကြသော ရွှေပေါင်ကြီး နှစ်ချောင်းပင် ဖြစ်၏။ သူသည် အစကတည်းကပင် ထိုရွှေပေါင်ကြီးနှစ်ချောင်းကို ဖက်တွယ်ထားရန် ဆုံးဖြတ်ပြီးဖြစ်၏။

အဖြူရောင်သည် သူ၏ ပုခုံးပေါ်အား လက်တင်ကာ ပြောလိုက်၏။ "ညီငယ်သေးလေး ဒီနေ့ကစပြီး တစ်စုံတစ်ယောက်က မင်းကို အနိုင်ကျင့်ရဲတယ်ဆိုရင် ငါ့ကို အနိုင်ကျင့်တာနဲ့ အတူတူပဲ "

"ကျေးဇူးပါပဲ … အစ်ကိုကြီးတို့ …. ဒါနဲ့"

ကျွင်းချောင်ရှောင်သည် ဆက်ကာပြောလိုက်၏။ "သေး ဆိုတာကို ဖြုတ်ပေးလို့ရမလား၊ ညီငယ်လေးဆိုရပါပြီ"

"ကောင်းပြီ ကောင်းပြီ"

"အစ်ကိုကြီးတို့အတွက် စားသောက်ပွဲပြင်ခိုင်းထားတယ်။ ဒီနေ့ ကျုပ်တို့ မူးအောင် သောက်ကြတာပေါ့"

ရှေးယခင် ကတည်းက သွေးသောက်ညီအစ်ကို ဖွဲ့ပြီးလျင် စားသောက်ပွဲပြုလုပ်ရသည့် အထိမ်းအမှတ်ကလည်း တည်ရှိနေ၏။ ထို့ကြောင့် ယနေ့တွင် ပွဲကျင်းပမှ ဖြစ်ပေလိမ့်မည်။

"သူတို့က ဒီလိုပဲ သွေးသောက် ဖြစ်သွားတာလား"

အိပ်ခန်းအပြင်ဖက်တွင်တော့ နှင်းဆီဧကရီသည် အံ့အားသင့်လျက်ရှိ၏။ သူမသည် သောက်စားပျော်ရွှင်နေကြသော လူသုံးယောက်အား စိတ်ဝိညာဉ် အာရုံ ဖြန့်ကြည့်ပြီးနောက် ပြောလိုက်၏။ "ငါ့ယောက်ျားက သိမ်းသွင်းတဲ့နေရာမှာ ပြောစရာမလိုလောက်အောင် တော်တာပဲ"

"ညီငယ်လေး .. လာ .. လာ"

ပန်းချီကား တစ်ချပ်လို လှပျသာ ဥယျာဉ်အတွင်း၌ အဖြူရောင်လူသည် ဝိုင်တစ်ခွက်ကို ကိုင်ထား၏။ သူ၏ အလွန်ပင် မူးနေပြီဖြစ်၏။

ကျွင်းချောင်းရှောင်းသည် ဝိုင်ခွက်ကို မြှောက်ရင်းမှ သက်ပြင်းကို အသာချလိုက်၏။

"ညီငယ်လေး ဒီနေ့က ပျော်ရမယ့်နေ့လေ။ ဘာလို့ မပျော်မရွှင် ဖြစ်နေရတာလဲ " အဖြူရောင်လူသည် ဇဝေဇဝါဖြင့် မေးလိုက်၏။

ကျွင်းချောင်ရှောင်းသည် ဝိုင်ခွက်ကို အသာချကာ ပြောလိုက်၏။ "အရိုးသားဆုံးပြောရရင် ကျုပ်က အန္တရာယ်တစ်ခုနဲ့တွေ့နေရတာ။ ရှင်းရှင်းပြောရရင် အနိုင်ကျင့်ခံရတာမျိုးပေါ့”

"ဘုန်း"

အဖြူရောင်နှင့်လူသည် စားပွဲကို ထုရိုက်ကာ ပြောလိုက်သည်။ "ဘယ်ကောင် လုပ်တာလဲကွ"

ကျွင်းချောင်ရှောင်းသည် ဝိုင်ခွက်ကို အသာမြောက်ကာ ပြောလိုက်၏။ "ဒါက ညီလေးရဲ့ ကိစ္စပါ။ အစ်ကိုကြီးတို့နဲ့တော့မဆိုင်ပါဘူးလေ။ သောက်ကြရအောင်"

အဖြူရောင်နှင့်လူသည် အမှန်ပင် မူးနေပြီဖြစ်သည်။ သူသည် ကျယ်လောင်စွာ ပြောလိုက်၏။ "မင်းရဲ့ကိစ္စက ငါ့ကိစ္စပဲ ပြော ။ ဘယ်ကောင်လုပ်တာလဲ။ အခုချက်ချင်းသွားရင်ဆိုင်ပစ်မယ်"

အမဲရောင်နှင့်လူသည် ပြောလိုက်၏။ "မင်းက အကြွင်းအကျန်ကျမ်း သုံးခုလုံးကို ပေးထားတာ ဆိုတော့ ငါတို့ ကူညီပေးရမှာပေါ့ "

"အစ်ကိုကြီးတို့"

ကျွင်းချောင်ရှောင်းသည် အပိုတွေ မပြောတော့ချေ။ လိုရင်းကိုသာ ပြောလိုက်၏။ "ကျုပ်ကို အနိုင်ကျင့်ခဲ့သူကကြယ်နှင်ဘုရင်လို့ခေါ်တယ်လေ သူ့ရဲ့မျက်နှာပေါ်မှာ ချောမောသူ ဆိုတဲ့ စာလုံးကို ရေးထားသေးတယ်"

စနစ်ကပြောလိုက်၏။ “ဒီကောင်ကတော့ လှည့်ပတ်ပြီး ကြံစည်ပြီ"

All Chapters