← Chapters

ဂျင်ဆင်းငယ်

Vol. 3 Ch. 32

ဂျင်ဆင်းငယ်

Vol. 3 Ch. 32

အမှန်အတိုင်းပြောရလျှင် ဆေးစိုက်ခင်းမြေဆွသည့်အလုပ်က တကယ်ကောင်းပါသည်။ မြေလျှိုးပညာကိုလေ့ကျင့်ရင်း ဆေးပညာအသိဗဟုသုတများကိုလည်း လက်တွေ့လေ့လာနိုင်သည်။ ဆေးပညာနယ်တွင် သူဗဟုသုတနည်းသေးသည်။ နှစ်ဦးနှစ်ဘက် အကျိုးရှိသည်။

စီနီယာယွမ်ကျိက သူ့အကျိုးအတွက် စဉ်းစားပေးခြင်းဖြစ်သည်။

စီနီယာယွမ်ကျိက သူ့အကျိုးအတွက် စဉ်းစားပေးခြင်းဖြစ်သည်။

စီနီယာယွမ်ကျိက သူ့အကျိုးအတွက် စဉ်းစားပေးခြင်းဖြစ်သည်။

စီနီယာယွမ်ကျိက သူ့အကျိုးရှိဖို့အတွက် အကောင်းဆုံးကြိုးစားပေးခြင်းဖြစ်သည်ဟု ယုံကြည်နေအောင် သူစိတ်သွင်းထားရသည်။

အလုပ်ကိုလက်ခံပြီးမှ ပြန်စဉ်းစားရင်း အချက်တစ်ချက်ကို သတိရလာသည်။ ပုံမှန်တီကောင်များသည် အဖိုအမဟူ၍ ရှိသည်မဟုတ်။ ဘာကြောင့် “တီကောင်လင်မယား”ဟု လောင်ပါးကပြောခဲ့သည်မသိ။

လောင်ပါးက ရှင်းပြပါသည်။

“သာမန်တီကောင်တွေမှာတော့ အဖိုအမ မရှိပါဘူး။ အဆင့်နိမ့်သက်ရှိပုံစံတွေပဲလေ။..အဲ...အဲလိုပြောတာ နှိမ့်ချတဲ့သဘောမပါပါဘူး။ ဉာဏ်ရည်မြင့်ပြီး အသွင်ပြောင်းလာတဲ့ တီကောင်တွေကျတော့ အဖိုအမရှိတယ်။ အထူးသဖြင့် ငွေလက်စွပ်ကောင်းကင်ဘုရင်တီကောင်မျိုးပေါ့။ တီကောင်အားလုံးရဲဘုရင်လေ။ တစ်ခြားတီကောင်မျိုးနွယ်အားလုံးထက်သာလွန်တဲ့ သွေးဆက်မျိုးပိုင်ဆိုင်တယ်”

“ကျုပ်နားလည်ပါပြီ။ ဆက်ပြောပါဦး”

လောင်ပါး ဆက်ပြောသည်။

“တီကောင်လင်မယား မြေဆွတဲ့အလုပ်လုပ်တာက ဘာမှပြဿနာမရှိပါဘူး။ ဒါပေမယ့် တစ်နေ့မှာ ငါက အမှုမဲ့အမှတ်မဲ့နဲ့ တီကောင်မကို သွားမေးမိတယ်။ တီကောင်တွေက ဆစ်ပိုင်းမျိုးပွားနည်းနဲ့ နှစ်ပိုင်းဖြတ်ပြီး မျိုးပွားနိုင်သလားလို့ပေါ့။ အဲလိုလုပ်နိုင်ရင် အသစ်ဖြစ်လာတဲ့တီကောင်နဲ့သူနဲ့ မြေဆွတဲ့အလုပ်ကို တစ်လှည့်စီ လုပ်လို့ရတယ်လေ။

“သူကငါ့စကားကို တကယ်စိတ်ဝင်စားသွားပြီး ခန္ဓာကိုယ်ကို တကယ်နှစ်ပိုင်းဖြတ်လိုက်တယ်။ ဒီတော့ တီကောင်မ နှစ်ကောင်ဖြစ်လာတယ်။

“သူတို့က အမွှာတွေလိုပဲ။...အဲ..မဟုတ်သေးဘူး။ ပုံတူပွားထားတာနဲ့ ပိုတူတယ်။ လူတစ်ယောက်ကနေ နှစ်ယောက်ဖြစ်သွားတာမျိုးပေါ့။ ဘယ်သူက မူလလူဆိုတာ မသိနိုင်တော့ဘူး။

“ဒါပေမယ့် သူတို့အချင်းချင်းတော့ ခွဲခြားနိုင်တယ်တယ်တဲ့။ တီကောင်ထီး အိမ်ပြန်လာတဲ့အချိန်ကျတော့ မယားနှစ်ယောက်ကိုတွေ့ပြီး မှင်သက်မိသွားတယ်။ တီကောင်မနှစ်ယောက်က ဘယ်သူကို ပိုသဘောကျလဲဆိုပြီး သူ့ကိုမေးတယ်။ တီကောင်ထီးက ရိုးရိုးဖြောင့်ဖြောင့်သမားဆိုတော့ နှစ်ယောက်လုံးသဘောကျတယ်လို့ ဖြေလိုက်တယ်လေ။

“အဲဒီမှာ ပြဿနာစတက်တာပဲ။ သုံးပွင့်ဆိုင် အချစ်အမုန်းဇာတ်လမ်းတွေ ဖြစ်လာတယ်။ အဲဒီကတည်းက သူတို့ အလုပ်လုပ်ချင်စိတ် ကုန်သွားကြတာပါပဲ”

လောင်ပါးလေသံက ဝမ်းနည်းရိပ်အတော်သန်းနေသည်။

လုယန် ပါးစပ်အဟောင်းသားဖြစ်သွားသည်။

တကယ့်အရူးအုပ်စုဖြစ်သည်။

“မြေဆွတာက ဘယ်လိုဆွရတာလဲ”

လုယန် ကျင့်ကြံသူတစ်ယောက်၏ စိတ်ဓာတ်မျိုးသွင်း၍ တီကောင်ပြဿနာကို အသေးအဖွဲကိစ္စဟု သဘောထားလိုက်သည်။

လောင်ပါး မုတ်ဆိတ်ဖြူကိုသပ်ရင်း ပြုံးနေသည်။

“မြေထဲအောင်းရုံပါပဲ။ မင်းကို သင်ပြပေးမယ့်လူ ရှိပြီးသားပါ။ ဒါပေမယ့် ငါသတိပေးလိုက်မယ်နော်။ ဆေးစိုက်ခင်းထဲ မင်းဝင်တာဟာ မြေဆွဖို့ပဲ။ ဆေးပင်တစ်ခုခု တူးရင်တော့ စီလုတောင်ထိပ်က မင်းကိုအရေးယူလိမ့်မယ်”

ပထမအကြီးအကဲ အုပ်ချုပ်နေသည့် စီလုတောင်ထိပ်သည် တရားမျှတမှု၊ ဘက်မလိုက်မှုတို့ကြောင့် နာမည်ကျော်သည်။

လောင်ပါးကို ကျေးဇူးတင်စကားဆိုပြီးနောက် လုယန် စိုက်ခင်းထဲဝင်သည်။

အထဲဝင်လိုက်သည်နှင့် အပြင်ဘက်ထက် ဆယ်ဆပိုသိပ်သည်းသည့် ဆေးနံ့များက ရိုက်ခတ်လာသည်။

ခြေလေးငါးလှမ်းစာကွာခြားရုံနှင့် ရနံ့က ထိုမျှမကွာခြားသင့်။

လုယန် နားလည်လိုက်သည်။ လောင်ပါးတစ်ယောက်တည်း စိုက်ခင်းကို စောင့်ကြပ်နေပုံရသည်။ ဆေးစိုက်ခင်းကို တစ်ခြားလူများမဝင်နိုင်‌‌‌အောင် မှော်စက်ဝန်းတစ်ခုဖြင့် ကာထားခြင်းဖြစ်မည်။

မှော်စက်ဝန်းဖြင့် စိုက်ခင်း၏ အနံ့အသက်များကို ကာကွယ်ထားသည်။ သို့‌သော် ဆေးစိုက်ခင်းမှ ဆေးပင်များ၏ရနံ့က သိပ်သည်းလွန်းဖြင့် အပြည်အဝလုံခြုံအောင် မကာကွယ်နိုင်ဖြင့် အနည်းအကျဉ်း ယိုစိမ့်ထွက်နေခြင်းဖြစ်လိမ့်မည်။

စိမ့်ထွက်လာသည့်ရနံ့သည်ပင် သေမျိုးများအတွက် အသက်ရှည်၍ ရောဂါကင်းစေနိုင်သည်။ ထိုအချက်ကိုကြည့်ရုံဖြင့် ဆေးစိုက်ခင်း၏ အာနိသင်ကို ခန့်မှန်းနိုင်ပေသည်။

ရနံ့အပြင် နောက်ထပ်ထူးခြားချက်က ဝိညာဉ်စွမ်းအင်ဖြစ်သည်။ မယုံနိုင်လောက်အောင် ထူထပ်သိပ်သည်းသည်။ ဆေးပင်များပေါ်ရှိနေသည့် ရေစက်များသည် နှင်းစက်မဟုတ်လောက်။ ဝိညာဉ်စွမ်းအင် အရည်စုဖွဲ့ခြင်းဖြစ်မည်။ ဝိညာဉ်ရည်တစ်စက်သည် အဆင့်နိမ့်ဝိညာဉ်ကျောက်တစ်ခုနှင့် အာနိသင်ညီမျှမည်ထင်သည်။

လုယန်မျက်စိတစ်ဆုံး သူမသိသည့် မကြားဖူးသည့် ဆေးပင်များအပြည့်ရှိသည်။ အတန်းလိုက်စိုက်ထားသည်။ မျိုးစိတ်အလိုက် နေရာခွဲထားသည်။

ခြေလှမ်းလှမ်းသည်ပင် အရမ်းကာရော မလှမ်းရဲ။ ရှားပါးမျိုးစိတ်တစ်ခုအပေါ် နင်းမိမည်စိုးသည်။

ဆောင့်ကြောင့်ထိုင်၍ ဆေးမြစ်အတော်များများကို လေ့လာကြည့်သည်။ နောက်ဆုံးတွင် ဆေးပင်တစ်ခုကို သတိထားမိသည်။ အရွက်သုံးရွက်ပါသည်။ အရွက်ပေါ်မှ အကြောများက ထူးခြားသည်။ ရေခဲသားကဲ့သို့ရှိသည်။ အေးစိမ့်သည့် အငွေ့အသက်တစ်ခု ထွက်ပေါ်နေသည်။

“ရေခဲမြက်...ဒီဆေးပင်က ရေခဲဓာတ်ကျင့်စဉ်တွေအတွက် အကျိုးပြုပြီး ဝိညာဉ်စွမ်းအင် စုပ်ယူနှုန်းကို တိုးတက်စေတဲ့အပင်ဖြစ်မယ်”

ရေခဲမြက်၏အပွင့်များက တစ်ခုနှင့်တစ်ခု အတော်‌ဝေးဝေးခြားထားသည်။ အေးစိမ့်သည့်စွမ်းအင်ရောင်များ တစ်ခုနှင့်တစ်ခုပေါင်းစပ်ပြီး ပတ်ဝန်းကျင်တစ်ခုလုံး အေးခဲမသွားအောင် တားဆီးထားခြင်းဖြစ်သည်။

လုယန် ရုပ်သေးတစ်ခုနှင့် တိုက်ခိုက်ခဲ့ဖူးသည်။ အပြတ်အသတ်ရှုံးနိမ့်ခဲ့ဖူးသည်။ ရုပ်သေးက ရေခဲမြက်ပန်းပွင့်ဖြင့် သူ့ဒဏ်ရာများကို ကုသပေးခဲ့သည်။ ထို့ကြောင့် ကောင်းကောင်းမှတ်မိနေသည်။

တစ်ခြားအပင်များကိုတော့ သူမသိ။

“ဟေး..မင်းကဘယ်သူလဲ”

ခပ်ရိုင်းရိုင်းစကားသံတစ်ခု ပေါ်လာသည်။ လုယန် ဘေးပတ်လည်ကိုလှည့်ကြည့်သည်။ လူတစ်ယောက်မှ မတွေ့။

“ဘယ်သူပြောနေတာလဲကွ”

“ဟေ့ကောင်၊ အောက်ကို ငုံ့ကြည့်ကွ”

လုယန် အောက်သို့ငုံ့ကြည့်သည်။ သုံးလက်မအရွယ် ဂျင်ဆင်းငယ်တစ်ခု သူ့ခြေထောက်ပေါ် ခုန်တက်လာသည်။ လုယန်သူ့ကို သတိမထားမိသည့်အဖြစ်ကို မကျေမနပ်ဖြစ်နေဟန်ဖြင့်

“မင်းအတော်တုံးတာပဲ။ ဘာလို့အစကတည်းက ငုံ့မကြည့်တာလဲ။ ငါမင်းကို အော်ပြီးပြောနေရတယ်”

ဂျင်ဆင်းငယ်က ဝဝကစ်ကစ်ဖြစ်သည်။ ခြေထောက်များတုတ်ခိုင်သန်မာသည်။ လုယန်ဘေးပတ်လည်တွင် ခုန်ပေါက်ပြေးလွှားနေသည်။ အမြစ်များက လက်တံလိုကဲ့သို့ ပြေးလွှားချိန်တွင် ရှေ့နောက်လှုပ်ယမ်းနေသည်။ ကိုယ်ထည်ပေါ်တွင် မျက်နှာပုံစံပါသည်။ လူသားကဲ့သို့ စိတ်ခံစားချက်အမူအရာများ ပေါ်နေသည်။

“ကောင်လေး၊ မင်းဘယ်သူလဲ”

ဂျင်ဆင်းငယ်က လူကြီးတစ်ယောက်လေသံဖြင့် မေးသည်။

အသိဉာဏ်ရှိသည့် ဂျင်ဆင်းဖြစ်၍ သက်တမ်းတော့ နည်းမည်မဟုတ်။ ထို့ကြောင့် လုယန် မလေးမစားမလုပ်ရဲဘဲ ဦးညွှတ်အရိုအသေပေးလိုက်သည်။

“ကျုပ်နာမည် လုယန်ပါ။ ဒီဆေးစိုက်ခင်းမှာ မြေဆွဖို့လာတာပါ”

“မြေဆွဖို့သက်သက်ပေါ့”

ဂျင်ဆင်းငယ် စိတ်သက်သာရာရသွားသည်။ နောက်ထပ်မုန်းတီးစရာလူသားတစ်ယောက် ရောက်လာပြီး သူတို့ကိုနှုတ်ယူမည်ကို စိုးရိမ်နေသည်။

စိုက်ခင်းထဲမှ ဆေးပင်အားလုံးကို သူစောင့်ရှောက်ခဲ့ခြင်းဖြစ်သည်။

“မင်းကို ရှောင်ပါးကဝင်ခွင့်ပေးလိုက်တာဖြစ်မယ်။ သူနဲ့ ဟိုနတ်ဆိုးမိန်းကလွဲလို့ အပြင်လူတွေကို ငါမမြင်ရတာ အတော်ကြာပြီ”

သက်တမ်းရင့်ဂျင်ဆင်းအတွက် လောင်ပါးသည်ပင် ဂျူနီယာတစ်ယောက်ဖြစ်သည်။

သူတို့ဆေးပင်များကြားတွင် ကျင့်စဉ်စွမ်းအားမြင့်သည်က အရေးမကြီး။ သက်တမ်းသည်သာ အရေးကြီးသည်။ ထို့ကြောင့် ဂျင်ဆင်းငယ်က တာအိုလမ်းစဉ်ဂိုဏ်းမှ လူအားလုံးကို ဂျူနီယာဟုသဘောထားသည်။

ဆေးစိုက်ခင်းစည်းမျဉ်းများကို လုယန်နားလည်သည်။ ဆေးပင်များသည် တန်ဖိုးကြီးသည်။ ဆေးပင်တစ်ခုခု လိုချင်လျှင် စိုက်ခင်းစောင့်ရှောက်သူကို တောင်းဆိုရသည်။ မြေဆွသည့်တာဝန်ကြောင့်သာမဟုတ်လျှင် ဝင်ခွင့်ရမည်မဟုတ်။

ဂျင်ဆင်းပြောသည့် နတ်ဆိုးမသည် ဘယ်သူ့ကိုရည်ညွှန်းမှန်းသူမသိ။ နောက်ထပ် စိုက်ခင်းစောင့်တစ်ယောက်ဖြစ်လိမ့်မည်။

ငုံ့၍စကားပြောရသည်မှာ အဆင်မပြေသဖြင့် ဂျင်ဆင်းနှင့် အရပ်ချင်းညီအောင် ကိုယ်ချုံ့ပညာဖြင့် သုံးလက်မအရွယ်အစားသို့ လုယန် ချုံ့လိုက်သည်။

“အား...မင်းက အတော်စွမ်းတာပဲ။ ရှောင်ပါးထက် ပိုတော်တယ်”

ဂျင်ဆင်းငယ် အံ့အားသင့်သွားသည်။ သူနှင့်အရွယ်တူ လူသားတစ်ယောက်ကို မြင်ရသဖြင့် ကျေနပ်နေဟန်ရှိသည်။ လူသားများကို မော့ကြည့်ရသည့်အဖြစ်ကို သူအမြဲအလိုမကျဖြစ်ခဲ့သည်။

ဂျင်ဆင်းက ခန္ဓာကိုယ်နှင့်မျက်နှာ တစ်ဆက်တည်းရှိသည်။ လည်တိုင်မပါ။

“အခုချိန်ကစလို့ ဒီစိုက်ခင်းထဲသွားရင် ငါ့နောက်ကပဲ လိုက်ခဲ့ပါ”

ဂျင်ဆင်းက ယုံကြည်ချက်အပြည့်ရှိသည့်လေသံဖြင့် ပြောသည်။ လုယန်ကို သဘောကျသွားဟန်ဖြင့် ပုခုံးကိုပုတ်သည်။

“ငါ့မှာ လုပ်စရာတွေ ရှိသေးတယ်။ ဒါပေမယ့် ငါ့ကိစ္စတွေပြီးရင် တစ်ခြားဆေးဘုရင်တွေနဲ့တွေ့ဖို့ ခေါ်သွားပေးပါ့မယ်”

ဆေးဘုရင်တို့သည် တန်ဖိုးအကြီးဆုံး ဉာဏ်ရည်အမြင့်ဆုံး ဆေးပင်များဖြစ်သည်။ အင်အားကြီးဂိုဏ်းများပင် ဆေးဘုရင်တစ်ပင် ပိုင်ဆိုင်နိုင်ရန် ခဲယဉ်သည်။ ဆေးဘုရင်တစ်ပင်ရှိလျှင် ဘိုးဘေးတစ်ယောက်လို အလေးထားဆက်ဆံကြရသည်။

ဂျင်ဆင်းငယ်၏စကားအရ ဤစိုက်ခင်းထဲတွင် ဆေးဘုရင်အတော်များများရှိဟန်တူသည်။

တာအိုလမ်းစဉ်ဂိုဏ်း၏ ကြွယ်ဝမှုကို လုယန်ကျိတ်၍အံ့ဩမိလေသည်။

**********************************************

All Chapters