← Chapters

ဆေးဘုရင်လေးများ

Vol. 3 Ch. 34

ဆေးဘုရင်လေးများ

Vol. 3 Ch. 34

“တစ်ခါတုန်းက အလယ်ပိုင်းတိုက်နယ်မှာ ငါလှည့်ပတ်သွားခဲ့တယ်။ ငါ့ကိုယ်ငါ နာမည်ကျော်ကြားအောင် လုပ်နိုင်ခဲ့တယ်။ ငါ့အာနိသင်တွေကို လိင်စိတ်ကြွဆေးအဖြစ်သုံးနိုင်တယ်ဆိုပြီး ဖော်ကောင်လုပ်လိုက်တဲ့ကောင်ကြောင့်သာမဟုတ်ရင် ငါအခုထိ ခရီးသွားနေဦးမှာပဲ”

ဂျင်ဆင်းငယ်က အတိတ်ကိုအောက်မေ့တသဟန်ဖြင့်ပြောနေသည်။

“ငါနဲ့အတူ ခရီးထွက်ခဲ့တဲ့လူကလည်း မင်းတို့လူသားမျိုးနွယ်ထဲက နာမည်ကျော်တစ်ယောက်ပါပဲ။ “အိမ်ထောင်ရှင်ရှေးဟောင်းလ”လို့ သိကြတယ်။ သူငါ့ကို တာအိုလမ်းစဉ်ဂိုဏ်းထဲ ခေါ်လာတဲ့အချိန်မှာ သူပြောတယ်။ ငါ့အကြောင်း လူတွေမှတ်မိနေအောင် သူ့စာအုပ်ထဲမှာ ထည့်ရေးမယ်တဲ့”

(**အိမ်ထောင်ရှင်ရှေးဟောင်းလ ဟူသည့်နာမည်အကြောင်း နောက်ပိုင်းတွင် ရှင်းလင်းချက်ပါပါသည်)

အိမ်ထောင်ရှင်ရှေးဟောင်းလသည် အလယ်ပိုင်းတိုက်နယ်တွင် နာမည်ကျော်ကြားသည့် ခရီးသွားတစ်ယောက်ဖြစ်သည်။ အလယ်ပိုင်းတိုက်နယ်၊ နတ်ဆိုးနယ်မြေ၊ ဗုဒ္ဓနယ်မြေစသဖြင့် နေရာစုံတွင် စူးစမ်းလေ့လာ၍ စွန့်စားရသည်ကို သူနှစ်ခြိုက်သည်။ နေရာတိုင်းတွင် သူ့ဇာတ်လမ်းများ ပုံပြင်များ ကျန်ရစ်ခဲ့သည်။

ဒဏ္ဍာရီအရ သူသည် ရှားနိုင်ငံ၏ သမိုင်းရေးဆရာဖြစ်သည်။ အင်ပါယာ၏ အချစ်သရမ်းမှုများ တရားမဝင်သားသမီးများအကြောင်း အသေးစိတ်ရေးသားခဲ့သည်။

နတ်ဆိုးနယ်မြေတွင် သူ့ကို နဂါးမင်းသမီးက ပြန်ပေးဆွဲပြီး အတင်းလက်ထပ်ခဲ့သည်။ ထိုမှ ထွက်ပြေးတိမ်းရှောင်ရင်း ဗုဒ္ဓနယ်မြေသို့ရောက်သည်။

ဗုဒ္ဓနယ်မြေတွင် ဘုန်းကြီးအဖြစ်ဟန်ဆောင်ပြီး လူပေါင်းများစွာကို လှည့်စားခဲ့သည်။ သူမဖြေနိုင်သည့် မဖြေတတ်သည့် မေးခွန်းမျိုးကြုံတိုင်း “ဒါမျိုးကို မပြောအပ်ဘူးလို့ ဗုဒ္ဓကမိန့်ခဲ့တယ်”ဟု ပြောလေ့ရှိသည်။ ထိုစကားက နောက်ပိုင်း ဗုဒ္ဓနယ်မြေ၌ လူသိများကျော်ကြားလာသည်။

အိမ်‌ထောင်ရှင်ရှေးဟောင်းလသည် သူ့လေ့လာတွေ့ရှိချက်များ၊ အတွေ့အကြုံများကို စာအုပ်အဖြစ်ရေးသားသည်။ ကျင့်ကြံသူလောကတွင် အတော်လူကြိုက်များသည်။

သူ့ကျင့်စဉ်စွမ်းအားအဆင့်ကို သေချာမှတ်တမ်းတင်မထားသော်လည်း အတော်အဆင့်မြင့်မည်ဟု လုယန်ခန့်မှန်းသည်။ စွမ်းအားမမြင့်လျှင် အစောကြီးကတည်းက သေသွားခဲ့ပေလိမ့်မည်။

ဂျင်ဆင်းငယ်က အ‌တော်စကားပြောကောင်းသည်။ သူ့အတွေ့အကြုံဇာတ်လမ်းများစွာကို ပြောပြသည်။ ရှေးဟောင်းလနှင့်အတူ ခရီးသွားရင်း တွေ့ခဲ့သည့် ဤစိုက်ခင်းထဲမှ ဆေးပင်အတော်များများအကြောင်းလည်း ပြောပြသည်။ လုယန် စိတ်ဝင်တစားနားထောင်သည်။ ပုံပြင်ဇာတ်လမ်းများကို သူသဘောကျသည်။

အပင်များပန်းများဖြင့် တည်ဆောက်ထားသည့် တဲတစ်လုံးသို့ ရောက်လာချိန်တွင် အစိုင်အခဲဖြစ်လုမတတ် သိပ်သည်းသည့် အသက်ဓာတ်တစ်မျိုး တဲထဲမှ လွင့်ပျံလာသဖြင့် လုယန် ရင်ထိတ်သွားသည်။

“မဟုတ်တော့ဘူး”

လုယန် ရင်ဘတ်ကို လက်ဖြင့်ဖိထားရင်း တစ်ကိုယ်လုံး တုန်ရင်နေသည်။

ရင်ခုန်နှုန်း မြန်သထက်မြန်လာသည်။ သူ့နားထဲတွင် ပိုးကောင်များစွာ အော်မြည်နေသလိုခံစားရသည်။ သေချာနားထောင်ကြည့်သည်။ ပိုးကောင်အော်မြည်သံမဟုတ်။ သူ့ကိုယ်ထဲမှ ရုန်းထွက်ရန် ကြိုးစားနေသည့် အသံများဖြစ်သည်။

သူ့အဖြစ်ကို သတိထားမိသဖြင့် ဂျင်ဆင်းငယ် အော်ဟစ်သတိပေးလိုက်သည်။

“ဟေ့ ဟေ့ ဟေ့...ဒီမှာ အပြင်လူတစ်ယောက် ပါလာတယ်ကွ။ မင်းတို့အသက်ဓာတ်တွေ လျှော့ထားကြ။ မြန်မြန်လုပ်”

လုယန် ကျင့်စဉ်စွမ်းအားဖြင့် ဆူပွက်နေသည့်သွေးများကို တည်ငြိမ်အောင်ထိန်းလိုက်သည်။ အသံများ တဖြေးဖြေးပျောက်ကွယ်သွားသည်။

မြေပေါ်ဒူးထောက်၍ အသက်ကိုမောပန်းစွာ ရှူရှိုက်နေသည်။ သူကြုံလိုက်ရသည်က အာရုံမှားခြင်းမဟုတ်။ အမှန်တကယ် သူ့ကိုယ်ထဲမှ တစ်စုံတစ်ခု ရုန်းကြွလာခြင်းဖြစ်သည်။ ဘာမှန်းတော့ သေချာမသိ။

ဂျင်ဆင်းငယ်က အလင်းကျောက်တစ်လုံးကိုချ၍ လုယန်ကို တောင်းပန်သည်။

“ဆောရီးပါကွာ။ မင်း နတ်ဝိညာဉ်အဆင့် မရောက်သေးဘူးဆိုတာ ငါသတိမထားမိလို့ပါ”

လူသားများနှင့်မတူ။ ဆေးဘုရင်များအတွက် ကျင့်စဉ်အဆင့်သည် အရေးမကြီး။ သက်တမ်းသာ အဓိကဖြစ်သည်။ ဂျင်ဆင်းငယ်သည် လုယန်၏ ကျင့်စဉ်အဆင့်ကို မခွဲခြားနိုင်။ ခင်ဖို့ကောင်းသည်ဟုသာ တွေးခဲ့သည်။

“အဲဒါ ဘာဖြစ်သွားတာလဲ”

လုယန် ငရဲတံခါးမှ ပြန်လာသကဲ့သို့ တုန်ရင်နေဆဲဖြစ်သည်။

“ဟိုမိန်းမနဲ့ လောင်ပါးက ကျင့်စဉ်အဆင့်အရမ်းမြင့်တယ်။ ငါတို့အသက်ဓာတ်တွေ မင်းအပေါ် သက်ရောက်နိုတယ်ဆိုတာကို ငါမတွေးလိုက်မိလိုက်လို့ပါ”

ဂျင်ဆင်းငယ် ရှင်းပြသည်။

“ငါတို့အသက်ဓာတ်က အရမ်းအားကောင်းတယ်။ မင်းရဲ့ကိုယ်တွင်းအင်္ဂါတွေ အလိုလိုသိစိတ်ဝင်လာပြီး ခွဲထွက်ချင်လာအောင် လှုံ့ဆော်နိုင်တယ်။ နတ်ဝိညာဉ်အင့်ရောက်လို့ သွေးကြောဆုံတွေ အပြည့်အဝဖွံ့ဖြိုးပြီး အမာခံရွှေကိုယ်ထည်တစ်ခု ဖြစ်လာပြီဆိုရင်တော့ ငါတို့အသက်ဓာတ်တွေ မင်းအပေါ် မသက်ရောက်နိုင်တော့ပါဘူး”

ဂျင်ဆင်းငယ်စကားသံကြား၍ထင်သည်။ သုံးလက်မအရွယ် ဆေးပင်အတော်များများ လုယန်ဆီ ခုန်ပေါက်၍ရောက်လာသည်။

“ဂျင်ဆင်းဘုရင်၊ ဒါက လူသားလား။ ဘာလို့အဲလောက် သေးနေတာလဲ”

“သေးတယ်ဆိုတာ ဘာကိုပြောတာလဲကွ။ ငါတို့နဲ့ အရပ်ချင်းအတူတူပဲလေ။ ကိုယ့်ကိုယ်ကို သေးတယ်လို့ ပြောနေတာလား”

“နည်းလမ်းတစ်ခုသုံးထားပဲပေါ့။ လူသားတွေရဲ့နည်းလမ်းတွေက အသိခက်တယ်လေ။ အရွယ်အစားပြောင်းလဲတာ ဘာထူးဆန်းလို့လဲ။ ယောက်ျားကနေ မိန်းမအဖြစ် ပြောင်းတဲ့လူတွေ လူကနေ နတ်ဆိုးအဖြစ်ပြောင်းတဲ့လူတွေတောင် ငါမြင်ဖူးတယ်။ မထူးဆန်းပါဘူး။ ငါအကုန်မြင်ဖူးတယ်”

ဂျင်ဆင်းငယ်ကပြောသည်။

“ဒီလူသားက ကျင့်စဉ်အဆင့် သိပ်မြင့်ပုံမရဘူး။ “ကိုယ်ဝန်သည်အဆင့်”တောင် မရောက်သေးဘူး ထင်တယ်”

“ကိုယ်ဝန်သည်အဆင့်မဟုတ်ပါဘူးကွ။...ချီလင်၊ မင်းမှတ်ဉာဏ်က အတော်ဆိုးဝါးတာပဲ။ နတ်ဝိညာဉ်အဆင့်လို့ခေါ်တယ်”

“သူ့ကြည့်ရတာ မတ်တပ်တောင် ကောင်းကောင်းမရပ်နိုင်တောဘူး။ သူ့ကို အိမ်ထဲသယ်သွားကြစို့”

ဆေးဘုရင်လေးများ သူတို့ဘာသာ တီးတိုးဆွေးနွေးကြသံက လုယန်နားထဲတွင် ပျားသံလို တဝီဝီမြည်နေပြီး အတော်နေရခက်သည်။ အားလုံးက လုယန်ကို ဦးခေါင်းထက်သို့မ၍ တဲထဲသို့ သယ်သွားကြသည်။

ဉာဏ်အလင်းသစ်ပင်ဘုရင်က အပြင်ဘက်တွင်ရပ်လျက် သူ့ပင်စည်ကိုယ်ထည်ကို သစ်ကိုင်းများဖြင့် “ကုတ်”နေသည်။ သစ်ရွက်ပွတ်တိုက်သံများ ဆူညံစွာပေါ်ထွက်လာသည်။ သူ့အရွယ်အစားက ကြီးလွန်းသဖြင့် တဲထဲသို့ဝင်၍မရ။

တဲထဲသို့ရောက်ပြီးနောက် ထိုတဲသည် အပြင်ပန်းအမြင်နှင့်မတူဘဲ သက်တမ်းရင့်သစ်သားများဖြင့် တည်ဆောက်ထားခြင်းဖြစ်ကြောင်း လုယန် နားလည်သွားသည်။ ဆေးဘုရင်များ၏ အားကောင်းသည့် အသက်ဓာတ်ကြောင့် ရှေးဟောင်းသစ်သားများမှ အရွက်အပွင့်သစ်များထွက်လာပြီး မူလအသွင် ပျောက်နေခြင်းဖြစ်သည်။

လုယန် နည်းနည်းပိုသက်သာသွားသည်။ ဖြေညှင်းစွာထထိုင်၍ ဘေးပတ်လည်မှ ဆေးဘုရင်များကို အကဲခတ်သည်။

ဘယ်ဆေးပင်ကိုမှ သူမသိ။

“မင်းနာမည်ဘယ်လိုခေါ်လဲ လူသား”

အရွက်သုံးရွက်နှင့် စကြာဝဠာအသေးစားလေးကဲ့သို့ ငွေကြယ်အလင်းစက်များ တောက်ပနေသည့် သစ်ပင်ငယ်က မေးသည်။

“လုယန်ပါ၊ ခင်ဗျားက ဘယ်သူလဲဗျ”

လုယန် ရိုရိုသေသေမေးသည်။ ထိုဆေးဘုရင်လေးများသည် သူ့ထက် စီနီယာကျသည်သာမက။ တာအိုလမ်းစဉ်ဂိုဏ်းမှ လူအားလုံး၏ ဘိုးဘေးများဖြစ်သည်။

“ဒါက သုံးရွက်ကြယ်ဆေးပင်ပါ။ ငါတို့ကတော့ သူ့ကို ကြယ်ဘုရင်လို့ခေါ်တယ်”

တစ်ခြားဆေးဘုရင်က လျင်မြန်စွာ ကြားဖြတ်ပြောလိုက်သည်။ ထိုဆေးဘုရင်က ရောင်စုံပန်းပွင့်တစ်ပွင့်ဖြစ်သည်။ ပွင့်ချပ်ငါးခုက ဓာတ်ငါးမျိုးကို ကိုယ်စားပြုနေသည်။ အလယ်တွင်အဖြူအနက် နှစ်ခုကွဲနေသည်။ မင်ပန်ချီဖြင့် ရေဆွဲထားသည့် ထိုက်ချိသင်္ကေတကဲ့သို့ လှပခံ့ညားသည်။

“ငါက ကမ္ဘာပျက်ပန်းပွင့်ပါ။ အားလုံးက ငါ့ကို အလှဆုံးပန်းလို့ ပြောကြတယ်။ ဒါပေမယ့် ငါ့ဆွဲဆောင်မှုကို မနာလိုဖြစ်လို့ စကားနားထိုးကြတာလို့ပဲ ထင်ပါတယ်။ နှိမ့်ချတတ်တဲ့ ဆေးဘုရင်တစ်ယောက်အနေနဲ့ ပြောရရင် ငါက လောကမှာ ဒုတိယအလှဆုံးပန်းပါ....”

အဆုံးသတ်ပန်းဘုရင်က ကရား‌ရေလွှတ် တတွတ်တွတ်ဆက်ပြောသည်.

လုယန် သူ့ကို ခဏစိုက်ကြည့်၍ မှင်သက်မိနေသည်။ ကမ္ဘာပျက်ပန်းကို တစ်ခါမှ မမြင်ဖူးသော်လည်း ကျော်ကြားသည့် ထိုနာမည်ကို သူကြားဖူးသည်။

“ကမ္ဘာပျက်ပန်းပွင့်...တကယ် ကမ္ဘာပျက်ချိန်ရောက်မှ သူ့အလှနဲ့ အချိန်ကာလကို အေးခဲပစ်တယ်ဆိုတဲ့ ပန်းလား”

လုယန် အံ့ဩမည်ဆိုလည်း အံ့ဩချင်စရာဖြစ်သည်။ ရှေးမှတ်တမ်းများအရ ကမ္ဘာပျက်ပန်းသည် ကမ္ဘာအဆုံးသတ်ကို ရည်ညွှန်းသည့် သင်္ကေတဖြစ်သည်။ အရာအားလုံးကို ပြန်အသစ်စတင်သည်။

သို့သော် သမိုင်းမှတ်တမ်းများတွင် ထိုကပ်ဆိုးမျိုး ကြုံဖူးသည်ဟု လုံးဝဖော်ပြထားခြင်းရှိ။

ကမ္ဘာပျက်ပန်းက ဝတ်ဆံဂလင်းများကိုကုတ်ရင်းမှ

“အင်း တစ်ချို့က အဲလိုပြောကြတာပဲ။ ဒါပေမယ့် ငါငြိမ်းငြိမ်းချမ်းချမ်း ပွင့်ခဲ့တာကိုပဲ မှတ်မိပါတယ်။ ငါ့ဘေးက သက်ရှိအားလုံး ပျော်နေကြတဘ်။ ကပ်ဆိုးရယ်လို့ မမြင်ဖူးပါဘူး။ ငါပွင့်တာကို အပုပ်ချတဲ့ ကောလဟာလပဲ ထင်ပါတယ်”

လုယန် ဆက်မေးရန်ပြင်နေစဉ် နောက်ထပ် ဆေးဘုရင်တစ်ယောက်ကပြောသည်။

“လုယန်၊ မင်းဘာလို့ ဆေးစိုက်ခင်းကိုလာတာလဲ။ လောင်ပါးကမင်းကို ဆေးပင်နှုတ်ခိုင်းတာလား”

မြစိမ်းရောင်ချီလင်ဆေးပင် ဖြစ်သည်။ ကျောက်စိမ်းသားဖြင့် ထုလုပ်ထားသကဲ့သို့ ကြွရွလှပသည်။

လုယန် အံ့ဩရပြန်သည်။

“ချီလင်လား”

ချီလင်။

ဒဏ္ဍာရီအဆန်ဆုံးသားရဲဖြစ်သည်။ ရှားပါးလွန်းသဖြင့် တစ်လောကလုံးတွင် တစ်ကောင်တစ်လေပင် မမြင်ဖူး။ ရှေးမှတ်တမ်းများတွင်သာ သူတို့ရှိကြောင်း ဖော်ပြထားသည်။ ယခု တာအိုလမ်းစဉ်ဂိုဏ်းတွင် တကယ်ရှိနေခြင်းခြင်းလား မသိတော့။

တာအိုလမ်းစဉ်ဂိုဏ်း၏ အမွေအနှစ်များက လုယန်စိတ်ကူးမယဉ်နိုင်လောက်အောင် များပြားလွန်းသည်။

ဂျင်ဆင်းဘုရင်က ရှင်းပြသည်။

“ဒါ ချီလင်မသေမျိုးဆေးပင်ပါ။ သူ့လက်ရှိပုံစံက မှော်စွမ်းအားနဲ့ ဖန်တီးထားတာ။ မင်းရဲ့ လက်ရှိကျင့်စဉ်အဆင့်နဲ့ သူ့ပုံစံအစစ်ကို မမြင်နိုင်သေးဘူး။ နတ်ဝိညာဉ်အဆင့်ရောက်လို့ ကောင်းကင်မျက်လုံးစွမ်းအား ကျင့်ကြံနိုင်ရင် သူ့ခန္ဓာအစစ်ကို မြင်နိုင်လာပါလိမ့်မယ်”

***************************************************

All Chapters