← Chapters

နတ်ဆိုးဂိုဏ်း

Vol. 4 Ch. 49

နတ်ဆိုးဂိုဏ်း

Vol. 4 Ch. 49

“ဘယ်သူက ကျားနတ်ဆိုးဆီ စာရေးမှာလဲ။ ဒီကျားကလည်း သူရှိနေတာ မသိစေချင်လို့ ကျင့်ကြံသူတွေကို အမြဲရှောင်ပုန်းနေတာလေ”

သူတို့သုံးယောက် နားမလည်နိုင်အောင်ဖြစ်နေသည်။ ကျားနတ်ဆိုး၏ သတိကြီးသည့်စရိုက်အရ သူရှိနေသည်ကို တောင်တန်းအပြင်မှလူများ သိစေချင်ပုံမပေါ်။

“ဖတ်ပါဦး။ စာထဲမှာ ဘာပြောထားလဲ”

မုန်ကျင်းကျိုး လှည်ချောင်းတစ်ချက်ရှင်း၍ ခံစားချက်အပြည့်ဖြင့် စဖတ်သည်။

“အကိုကျား၊ ကျုပ်တို့မတွေ့ဖြစ်တာ ရက်အတော်ကြာပြီ။ အခုရက်ပိုင်း အဆင်ပြေရဲလား။

“အကိုကျားက လှုပ်ရှားတဲ့နေရာမှာ သတိထားတယ်။ ပေါ်ပေါ်ထင်ထင် မနေဘူး။ လှမ်းမှန်ကျင့်ကြံသူတွေ သတိမထားမိအောင် ပုန်းလျှို့ကွယ်လျှိုးနေတယ်။ သေမျိုးတွေကိုပဲ ပစ်မှတ်ထားတယ်။ အဲလို တစ်ဆင့်ချင်းကျင့်ကြံတဲ့နည်းကို ကျုပ်လေးစားပါတယ်။ ဒါပေမယ့် ဒီလိုကျင့်ကြံနေရင် အရမ်းနှေးတယ်။ အခု မဟာကပ်က ကျုပ်တို့အတွက် ရောက်လာပြီ။ သူရဲကောင်းတွေ နိုးထလာပြီ။ ဂိုဏ်းမျိုးစုံက အလယ်ပိုင်းတိုက်နယ်ကို မျက်စောင်းထိုးနေကြပြီ။ အကိုလည်း ဒီအခွင့်အရေးကို အသုံးချပြီး ဇာတိမြေကနေ ထွက်လာခဲ့တာမဟုတ်လား။ ချုန်းချီသွေးဆက်ကို ချိုးဖျက်ပြီး နတ်ဆိုးနယ်မြေကနေ စုန့်တောင်တန်းကို ခိုးဝင်လာခဲ့တာမဟုတ်လား”

“ဟေ့ကောင် .. မင်းတို့နှစ်ယောက် သတိလေးဘာလေး ထားစမ်းပါဦး။ ငါ့နားကို အတင်းကပ်မနေကြနဲ့လေ။ ငါဘယ်လိုစာဖတ်လို့ရတော့မှာလဲကွ”

လုယန်နှင့်မုန်ကျင်းကျိုးတို့ အတင်းတိုးကပ်နေသဖြင့် မုန်ကျင်းကျိုး အလယ်တွင် ညပ်နေသည်။

“မင်းဖတ်တာက နှေးလွန်းတယ်”

“မြန်မြန်ဖတ်ပါ့မယ်။ ဘေးဖယ်ကြဦး”

မုန်ကျင်းကျိုး သူတို့နှစ်ယောက်ကို တွန်းဖယ်ပြီး ဆက်ဖတ်သည်။

“သတိထားတတ်တာက မမှားပါဘူး။ ဒါပေမယ့် ဒီလို ပြန်လည်နိုးထလာတဲ့မဟာကပ်မှာ အခွင့်အရေးတွေဆုပ်ကိုင်နိုင်ဖို့ဆို စွန့်စားရဲမှဖြစ်မယ်။ အခွင့်အရေးတစ်ခု ရှာရမယ်။ ဒီခေတ်ကာလမှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့ အကိုကျားရဲ့သွေးဆက်ကို သန့်စင်ပြီး ချုန်းချီစစ်ဖြစ်လာအောင် ကြိုးစားစေချင်တယ်။

ကျုပ်အရဲစွန့်ပြီး အကြံပြုချင်တယ်။ အကိုနဲ့အကို့ဇနီး ကျုပ်တို့ ယန်ကျန်းဂိုဏ်းခွဲကို ဝင်ပါလား။ ကျင့်ကြံသူတွေကို အမဲလိုက်ပြီး ကြီးကျယ်ခမ်းနားတဲ့ အစီအစဉ်တွေ အတူလက်တွဲလုပ်ကြမယ်လေ။

ဒီစာမှာ ကျုပ်ရဲ့တံဆိပ်ပါတယ်။ အကိုကျား ဒီတံဆိပ်ကိုယူပြီး ယန်ကျန်းဂိုဏ်းခွဲ့မှာ ကျုပ်ကိုလာတွေ့လို့ရတယ်။ အကိုကျား ကြီးကြပ်ရာထူးရဖို့ ကျုပ်တိုက်ရိုက်ထောက်ခံပေးနိုင်ပါတယ်။

စိတ်ရင်းစေတနာဖြင့်

ချင်ယွမ်ဟောင်။”

စာကတိုသော်လည်း အချက်အလက်များစွာ သိလိုက်ရသည်။

လုယန် ခွဲခြားသုံးသပ်သည်။

“ကျားနတ်ဆိုးဟာ လမ်းမှန်ကျင့်ကြံသူတွေ အသိမခံဘူးလို့ ဒီစာထဲမှာရေးထားတယ်။ ဒါက ပုံမှန်အသုံးအနှုံးမဟုတ်ဘူး။ စာရေးတဲ့လူဟာ လမ်းမှန်ကို ဆန့်ကျင်တဲ့သူမဟုတ်ရင် “လမ်းမှန်ကျင့်ကြံသူ”ဆိုတဲ့စကားကို တိုက်ရိုက်ရေးလေ့မရှိဘူး။ ဒီချင်ယွမ်ဟောင်ဆိုတာ နတ်ဆိုးကျင့်ကြံသူများလား”

ကျားနတ်ဆိုးအကြောင်း သိနေသော်လည်း ကောင်တီအရာရှိများထံ သူသတင်းမပို့ခဲ့ခြင်းမှာ ဤအကြောင်းကြောင့်ပင်ဖြစ်မည်။

အလယ်ပိုင်းတိုက်နယ်တွင် တော်ဝင်လမ်းစဉ်က အပြည့်အဝ လွှမ်းမိုးထားသည်။ ထို့ကြောင့် နတ်ဆိုးများ မကောင်းဆိုးဝါးများ သရဲများ အချင်းချင်း အလိုလိုမဟာမိတ်ဖြစ်သွားကြသည်။ ဥပမာ ကျားနတ်ဆိုးသည် တိုက်ရိုက်မတိုက်ခိုက်။ လူသားများကို မျှားခေါ်ဖို့ သရဲများကိုအသုံးချသည်။

ကျားနတ်ဆိုးသည် ချုန်းချီသွေးဆက်ပိုင်ဆိုင်သည်။ ရွှေသန္ဓေပုံရိပ်အဆင့်ဖြစ်သည်။ နတ်ဆိုးကျင့်ကြံသူတစ်ယောက်က သူ့ကို စည်းရုံးသိမ်းသွင်းလိုသည်မှာ သဘာဝကျသည်။

“ဒါဆို ယန်ကျန်းဂိုဏ်းခွဲဟာ နတ်ဆိုးဂိုဏ်းရဲ့ အမာခံစခန်းတစ်ခုဖြစ်မယ်”

မုန်ကျင်းကျိုးင်းကျိုး ခေါင်းငြိမ့်သည်။

“နတ်ဆိုးဂိုဏ်းတွေက သူတို့ရဲ့အမာခံဂိုဏ်းခွဲတွေကို ဒေသအစွဲပြုနာမည်တွေ ပေးလေ့ရှိတယ်။ ဒါပေမယ့် ယန်ကျန်းဂိုဏ်းခွဲက ဘယ်နတ်ဆိုးဂိုဏ်းလက်အောက်ကလဲဆိုတာ မသိသေးဘူး”

တော်ဝင်ကျင့်ကြံသူများအတွက် မသေမျိုးဂိုဏ်းငါးဂိုဏ်းရှိသလို နတ်ဆိုးကျင့်ကြံသူများလည်း သက်ဆိုင်ရာကိုယ်ပိုင်ဂိုဏ်းများ ရှိကြသည်။ မဟာနတ်ဆိုးဂိုဏ်းလေးဂိုဏ်းဟု ခေါ်သည်။

နတ်ဆိုးဂိုဏ်းများသည် ဂိုဏ်းအဖွဲ့အစည်းဆိုသည်ထက် ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ဝါဒဂိုဏ်းမျိုးဖြစ်သည်။ သူတို့ယုံကြည်ကိုးကွယ်သည် အင်အားကြီးစွမ်းအားရှင်ပေါ်မူတည်၍ ဂိုဏ်းများကွဲပြားသည်။

မဟာနတ်ဆိုးဂိုဏ်းလေးဂိုဏ်းသည် ယုံကြည်ကိုးကွယ်မှုကွဲပြားသည်။ နတ်ဆိုးမသေမျိုးလေးယောက်ကို ကိုယ်စားပြုသည်ဟု တစ်ချို့ကပြောသည်။ တစ်ချို့ကလည်း ထိုဂိုဏ်းများကိုးကွယ်သည့် စွမ်းအားရှင်များသည် နတ်ဆိုးမသေမျိုးတစ်ယောက်တည်း၏ ကိုယ်ပွားရုပ်ခန္ဓာများဖြစ်ပြီး ဝါဒလမ်းစဉ်အရသာ ကွဲပြားသည်ဟုဆိုသည်။

နတ်ဆိုးဂိုဏ်းများသည် အပြင်လောကတွင် ပေါ်ပေါ်ထင်ထင်နေလေ့မရှိ။ လှုပ်ရှားမှုများက လျှို့ဝှက်သည်။ ရှားနိုင်ငံနှင့်မသေမျိုးဂိုဏ်းငါးဂိုဏ်း ပူးပေါင်းရှာဖွေသည့်တိုင် သူတို့၏ ပင်မအခြေစိုက်စခန်းများကို ရှာမတွေ့။

နတ်ဆိုးဂိုဏ်း၏အမာခံဂိုဏ်းခွဲ အတော်များများကို လမ်းမှန်ကျင့်ကြံသူများ ဖြိုခွင်းခဲ့ကြသည်။ သို့သော် မိုးရွာပြီးနောက် မြေပြင်မှထိုးထွက်လာသည့် မျှစ်စို့များကဲ့သို့ ပြန်ပေါ်လာကြသည်သာဖြစ်သည်။ အမြစ်ပြတ် မချေမှုန်းနိုင်ပေ။

နတ်ဆိုးဂိုဏ်းများက လျှို့ဝှက်သည်။ ကျောရိုးထဲစိမ့်လောက်အောင် ကြောက်စရာကောင်း ထူးဆန်းရက်စက်သည့် နည်းလမ်းများသုံးကြသည်။ အမှန်တော့ ထိုသို့ဖြစ်ရသည်မှာလည်း တော်ဝင်လမ်းစဉ် အားကောင်းလွန်းသောကြောင့်သာဖြစ်သည်။ နတ်ဆိုးဂိုဏ်းများက အမှောင်ထဲမှသာ လှုပ်ရှားရသည်။ လျှို့ဝှက်နည်းလမ်းများ သုံးရသည်။

နတ်ဆိုးဂိုဏ်းများ၏ “ပုန်းခိုကျင်း”များကိုသာ ရှာနိုင်လျှင် မသေမျိုးဂိုဏ်းငါးဂိုဏ်းပင် လှုပ်ရှားဖို့မလို။ ရှားနိုင်ငံက စစ်တပ်များ စေလွှတ်နိုင်သည်။ ငါးရက်အတွင်း ဂိုဏ်းများကို ပြောင်းပြန်လှန်ပစ်နိုင်သည်။ တစ်လအတွင်း သူတို့အသိုက်အမြုံများကို အမြစ်ပြတ်ရှင်းလင်းပစ်နိုင်သည်။

နတ်ဆိုးလမ်းစဉ်များသည် နေ့အလင်းရောင်အောက်တွင် လုံးဝမရပ်နိုင်စေရ။

ထိုအချက်သည် တော်ဝင်လမ်းစဉ်၏ ခံယူချက်ဖြစ်သည်။

လုယန် စာအိတ်ကို လှုပ်ခါလိုက်သည်။ အရိုးတံဆိပ်တစ်ခု ထွက်လာသည်။ နတ်ဆိုးဂိုဏ်းဝင်ချင်ယွမ်ဟောင်၏ ထူးခြားသည့်ချီစွမ်းအင်အမှတ်အသားပါသည်။ အပြင်လူများ အတုလုပ်ဖို့ မဖြစ်နိုင်။

“ဒီတံဆိပ်ကိုသုံးပြီး နတ်ဆိုးဂိုဏ်းကို ငါတို့ဝင်လို့ရနိုင်လား”

အရိုးရိုင်းက မေးသည်။

နတ်ဆိုးဂိုဏ်းတစ်ခု၏ ပုန်းခိုကျင်းကို ရှာတွေ့ခြင်းသည် ကြီးမားသည့် အောင်မြင်မှုဖြစ်သည်။ ကျားနတ်ဆိုးနှစ်ကောင်ကို သတ်ဖြတ်နိုင်သည်ထက် များစွာပိုတန်ဖိုးရှိသည်။

လုယန် ခေါင်းခါသည်။

“မဖြစ်ဘူး။ ဒီတံဆိပ်ကိုသုံးပြီး ယန်ကျန်းဂိုဏ်းခွဲကိုဝင်မယ်ဆိုရင် ချီယွမ်ဟောင်က သေချာပေါက်ရိပ်မိမှာပဲ။ ပြီးတော့အခု ငါတို့က ယန်ကျန်းဂိုဏ်းခွဲ ဘယ်နေရာမှာရှိမှန်းတောင် မသိသေးဘူး။ ဘယ်လို ဝင်မှာလဲ”

“ဒါဆို ဘယ်လိုလုပ်ကြမလဲ”

“ယန်ကျန်းဂိုဏ်းခွဲလို့ ခေါ်တယ်ဆိုတော့ ယန်ကျန်းကောင်တီမှာပဲ ရှိလိမ့်မယ်။ အဲဒီကိုသွားပြီး ချင်ယွမ်ဟောင်အကြောင်း စုံစမ်းမယ်။ သူ့ကိုနောက်ယောင်ခံလိုက်ပြီး ယန်ကျန်းဂိုဏ်းခွဲကို ရှာမယ်။ ကျားနတ်ဆိုးကို”အကို”လို့ခေါ်တယ်ဆိုတော့ သူဟာ ကျားနတ်ဆိုးလောက် ကျင့်စဉ်အဆင့်မမြင့်လောက်ဘူး။ သူ့ကိုရှင်းပစ်ပြီး တံဆိပ်ကို တိုက်ရိုက်သုံးလို့ရတယ်။ ငါတို့က ချင်ယွမ်ဟောင်ရဲ့ မိတ်ဆွေတွေပါလို့ပြောမယ်။ ချင်ယွမ်ဟောင်နဲ့ ပူးပေါင်းဖို့လာတဲ့အချိန် သူသေနေတာတွေ့ခဲ့တာလို့ပြောမယ်”

“အဲဒီ့စိတ်ကူးကောင်းတယ်”

မုန်ကျင်းကျိုးနှင့် အရိုးရိုင်းတို့ မျက်လုံးများ အရောင်လက်လာသည်။

“ဒီထဲမှာ ဆက်ရှာကြစို့။ တစ်ခြားအဖိုတန်တာတစ်ခုခု တွေ့ဦးမလားကြည့်ကြတာပေါ့”

လုယန်က မုန်ကျင်းကျိုးကို ဂူထဲတွင် ဆက်ရှာဖွေရန် စိတ်အားထက်သန်စွာ လောဆော်သည်။

နတ်ဆိုးစွမ်းအင်ရောင် ထွက်ပေါ်နေသည့် လက်ဝါးအရွယ် သွေးနီရောင်မြက်ပင်တစ်ခုကို မုန်ကျင်းကျိုး ခလုတ်တိုက်မိသည်။

“ကျောက်စိမ်းသွေးမြက်ပဲ။ ...ဒါပေမယ့် အရွက်ပေါ်ကအကြောတွေ ဘာလို့အနီရောင်သန်းနေတာလဲ’

မုန်ကျင်းကျိုး အံ့အားသင့်နေသည်။ ကျောက်စိမ်းသွေးမြစ်သည် အဆိပ်ဖြေဆေးဖော်ရာတွင် သုံးလေ့ရှိသည်။ အကြောများက စိမ်းပြာရောင်သန်းနေရမည်။ မြေပြင်ပေါ်ဖြတ်သန်းစီးဆင်းသည့် မြစ်တစ်စင်းလို ဖြစ်နေရမည်။ ဤမြက်ပင်က ဘာကြောင့်အနီရောင်ဖြစ်နေသည်မသိ။

လုယန် ဆောင့်ကြောက်ထိုင်၍ သေချာစစ်ဆေးသည်။

‘မင်းမေ့နေလို့ပါ။ ကျောက်စိမ်းသွေးမြက်ကို အဆိပ်ဖြေဆေးအတွက် အဓိကပါဝင်ပစ္စည်းအဖြစ်သုံးတာက လူသားတွေအတွက်လေ။ နတ်ဆိုးတွေအတွက်ကျတော့ အဲလိုမဟုတ်ဘူး။

“ကျောက်စိမ်းသွေးမြက်ပင်က သွေးဆက်ကိုသန့်စင်နိုင်တယ်။ ကျားနတ်ဆိုးက ချုန်းချီသွေးဆက်နဲ့ ‌ပေါင်းစပ်နိုင်ဖို့ သူ့သွေးကိုလောင်းပြီး ဒီမြက်ပင်ကြီးထွားလာအောင် ပြုစုပျိုးထောင်ထားတာဖြစ်မယ်။ မင်းကြည့်လိုက်ပါ။ နောက်ထပ် သုံးလေးလဆိုရင် ဒီမြက်ပင်က ပြည့်စုံတဲ့အဆင့်ကို ရောက်တော့မယ်။ ဒါကိုစားလိုက်ရင် ချုန်းချီသွေးဆက်ကို သန့်စင်နိုင်မယ်။ ကျားနတ်ဆိုး ရွှေသန္ဓေအစစ်ကို တည်ဆောက်နိုင်မယ်လေ”

ထို့ကြောင့်လည်း ‌‌ကျောက်စိမ်းသွေးမြက်တွင် “သွေး”ဆိုသည့် စကားလုံးပါနေခြင်းဖြစ်သည်။

လုယန် ထိုမြက်ပင်အကြောင်း ဆေးဘုရင်လေးများထံမှ လေ့လာခဲ့ရသည်။

“အခု ဒီကျောက်စိမ်းသွေးမြက်ကို အဆိပ်ဖြေဆေးအဖြစ် သုံးလို့မရတော့ဘူး။ နတ်ဆိုးတွေအတွက် သွေးဆက်သန့်စင်ဖို့ပဲ သုံးလို့ရတော့မယ်”

လုယန် ရှင်းပြသည်။

“ဒါဆို မင်းသိမ်းထားလိုက်ပါ။ ဆယ့်ငါးရက်နေ့ ဂိုဏ်းရဲ့လစဉ်ဈေးပွဲတော်နေ့မှာရောင်းရင် ဈေးကောင်းရနိုင်တယ်”

မုန်ကျင်းကျိုးက ဆေးပင်ကို လုယန်နှင့်အရိုးရိုင်းထံ လှမ်းပေးသည်။

သူတို့ဂိုဏ်းတွင် လူအတော်များများ နတ်ဆိုးသားရဲများ မွေးထားသည်။ သွေးဆက်နိုးထနိုင်သည့် ဆေးပင်သည် ဈေးပွဲတော်နေ့တွင် မျက်နှာပန်းပွင့်ပေလိမ့်မည်။

လုယန်နှင့်အရိုးရိုင်းတို့ သူယူပါငါယူပါ အပြန်အလှန်ထိုးပေးနေကြပြီးနောက် နောက်ဆုံးတွင် အရိုးရိုင်းက လက်ခံလိုက်သည်။

မုန်ကျင်းကျိုးက အရိုးရိုင်းကို သတိပေးသည်။

“ဒီသွေးမြက်ပင်ကို မစားနဲ့နော်။ ရှေးဟောင်းအရိုင်းမျိုးနွယ်က လူသားမျိုးနွယ်ခွဲတစ်ခုပဲ။ ဒီမြက်ပင်က မင်းရဲ့သွေးဆက်အတွက် အကျိုးမရှိနိုင်ဘူး”

အရိုးရိုင်း စိတ်ပျက်သွားဟန်ရှိသည်။

ရှေးဟောင်းအရိုင်းမျိုးနွယ် ပေါ်ပေါက်လာပုံနှင့် ပတ်သက်၍ ရိုဆန်သည့် ဒဏ္ဍာရီတစ်ခုရှိသည်။ ရှေးခေတ်က လူသားမျိုးနွယ်များ ဟိုတစ်စု ဒီတစ်စု ပြန့်ကျဲနေခဲ့သည်။ မျိုးနွယ်များထဲမှ အားအကောင်းဆုံးမျိုးနွယ်များကို စစ်သည်တော်မျိုးနွယ်ဟု ခေါ်သည်။

တစ်နေ့တွင် စစ်သည်တော်မျိုးနွယ်နှစ်ခု ဆုံကြသည်။ တစ်ဘက်မျိုးနွယ်မှ ယောက်ျားစစ်သည်တော်တစ်ယောက်က တစ်ခြားတစ်ဘက်မှ မိန်းမစစ်သည်တော်တစ်ယောက်ကို သဘောကျသဖြင့် စတင်ကမ်းလှမ်းသည်။

“မိန်းကလေး၊ ငါ့ကို ပြုံးပြပါ။ ငါသခင်လေး သဘောကျရင် မင်းကိုလက်ထပ်မယ်”

မိန်းမစစ်သည်တော်က မခိုးမခန့်ပြုံး၍ သူ့ကို ကျောက်တုံးတစ်ခုဖြင့် လွှဲယမ်းပစ်ပေါက်လိုက်သည်။ သူတို့နှစ်ယောက် တိုက်ခိုက်ကြသည်။ နောက်ဆုံးတွင် မိန်းမစစ်သည်တော်က အနိုင်ယူနိုင်ခဲ့သည်။ ယောက်ျားစစ်သည်တော်ကို သူ့တဲထဲသို့ ဒရွတ်တိုက်ဆွဲသွားပြီး တစ်ညလုံးမအိပ်မနေ အဝှာပြုသည်။

နောက်ဆယ်လအကြာတွင် ပထမဆုံးအရိုင်းမျိုးနွယ် မွေးဖွားလာသည်ဟူ၏။

*******************************************************

All Chapters