ဒီပန်းချီကားနှစ်ချပ်က ဘာလို့ဒီရောက်? မြက်စားရတာ ဘာလို့ကြိုက်? ၂
Vol. 54 Ch. 796
ချင်လင်လည်း ဝန်ဆောင်ရေးမန်နေဂျာအား_
"အတွင်းဘက်ဝန်းထဲသွားပြီး ကြက်သွန်မြိတ်ခူးခဲ့... ရေဆေးခဲ့နော်''
ဝန်ဆောင်ရေးမန်နေဂျာက ကြက်သွန်မြိတ်အကြောင်းမသိသော်လည်း သူဌေးခိုင်း၍ခပ်သုတ်သုတ်ထွက်သွားသည်။
ချင်လင်က ဆရာကြီးဝူကိုအမူးပြေအောင်လုပ်ပေးချင်သည်။ သူ့အတွက်နေ့လယ်စာအထူးချက်ပြုတ်ထားသော်လည်း သူကဝိုင်နှင့်ပွဲသိမ်းတော့မည်။
အရက်မူးပြေရင် စားကောင်းသောက်ဖွယ်နှင့်ဧည့်ခံမည်။ ပြီးရင် အခြေအနေကိုအခွင့်ကောင်းယူပြီးပြောမည်။
မကြာမီ ဝန်ဆောင်ရေးမန်နေဂျာက ရေဆေးထားသောကြက်သွန်မြိတ်နှင့်ပြန်လာပြီး ချင်လင်ကိုပေးသည်။
ချင်လင်က ကြက်သွန်မြိတ်ကိုဝူခိုင်ဆီလှမ်းပေးကာ_
"ဆရာကြီး ဒီကြက်သွန်မြိတ်စားကြည့်... ကျွန်တော်တို့ရဲ့အထူးကြက်သွန်မြိတ်က အရက်မူးပြေတယ်... အရမ်းထိရောက်တာ... အစိမ်းစားလည်းအရသာရှိတယ်''
“???”
ဝူခိုင်နည်းနည်းကြောင်သွားသည်။ ဘာပဲဖြစ်ဖြစ် တစ်ယောက်ယောက်ကရုတ်တရက်ကြီးလာပြီး ကြက်သွန်မြိတ်အစိမ်းစားခိုင်းရင် ရူးနေတာလားဟုထင်ချင်ထင်မည်။
သို့သော် သူ့အနေအထားနှင့် နောက်မည်မဟုတ်မှန်းသေချာသိသည်။ ဒီမလာခင် ချင်းလင်ကုမ္ပဏီအကြောင်းအကုန်သိသောလူကိုလည်း သတိရမိသည်။ ဒီမှာပါမောက္ခလီခိုင်ရှိသည်ဟုသူသိထားသည်။
ပါမောက္ခလီခိုင်က ချင်းလင်ကုမ္ပဏီသူဌေးလေးထက်ပိုနာမည်ကြီးပြီး သတင်းထဲတစ်ခါမကပါဖူးသည်။
အားလုံးကပါမောက္ခလီခိုင်ကို မင်းမျိုးမင်းနွယ်လိုသတ်မှတ်ပြီး ဉာဏ်ကြီးရှင်ဟုသဘောထားကြသည်။
သူဌေးချင်က စီးပွားရေးသရဲဆိုရင် ပါမောက္ခလီခိုင်က သိပ္ပံသုတေသနသရဲဖြစ်မည်။
ထို့ကြောင့် ဆရာကြီးဝူခိုင်လည်း ကြက်သွန်မြိတ်နှစ်ပင်ကိုစမ်းကြည့်ရန် ပါးစပ်ထဲထည့်လိုက်သည်။
ဝါးဝါးချင်း အမှန်ပင်အရသာရှိသောကြောင့် သူ့မျက်လုံးများဝင်းလက်သွား၏။
လုံးဝအထူးအဆန်း!
ဝူခိုင်ကမနေနိုင်ဘဲ နောက်ထပ်နှစ်ပင်ကိုပါးစပ်ထဲထိုးသိပ်လိုက်သည်။
ဝူချန်ကစူးစမ်းနေသည်။ သူမက ဘာမဆိုစမ်းသပ်ကြည့်ချင်သောအရွယ်ဖြစ်၍ ကြက်သွန်မြိတ်ယူပြီး ပါးစပ်ထဲထည့်လိုက်သည်။
ထို့နောက် သူမကရေရွတ်လိုက်၏_
"အရသာရှိလိုက်တာ... ဘုရားစူး ကြက်သွန်မြိတ်ပါလား?''
အရသာကကောင်းလွန်းသည်။
အရင်ကစားဖူးတဲ့ကြက်သွန်မြိတ်တွေနဲ့ လုံးဝတခြားစီ။
ကိုယ်တိုင်သာမစားဖူးရင် ကြက်သွန်မြိတ်အစိမ်းစားတာဒီလောက်အရသာရှိမှန်းသိမှာမဟုတ်?
အသီးအနှံတွေမျက်နှာငယ်ကုန်ပြီ။
ဝူခိုင်က အခုမှပိုအံ့ဩသွားသည်။
ကြက်သွန်မြိတ်စားရင်း အရက်မူးပြေပြီး သူ့ခန္ဓာကိုယ်ကပူနွေးလာသည်။
ခဏအကြာ လုံးဝအမူးပြေသွား၏။ ဝိုင်လုံးဝမသောက်ထားသလိုပင်။
"ဒါ...''
ဝူခိုင်ကမယုံနိုင်ပုံနှင့် ကြက်သွန်မြိတ်အကျန်များကိုကြည့်ရင်း တအံ့တဩပြောသည်_
"ဒါပါမောက္ခလီခိုင်ဖန်တီးထားတဲ့မျိုးစိတ်အသစ်မလား?''
လီခိုင်က နာမည်ခံရပြန်ပြီ။ သူနာမည်ကြီးလာသည်နှင့် လူတိုင်းကအရင်ဆုံးသူ့ကိုတွေးမိပုံရသည်။
ချင်လင်ကဒီလိုထင်စေချင်သောကြောင့် ဘာမှမရှင်းပြချေ။
ဝူချန်ကကြက်သွန်မြိတ်များကိုလက်ထဲဆုပ်ပြီး တစ်ပင်ချင်းကိုက်ဝါးနေသည်။
သူမကကြက်သွန်မြိတ်ကို သရေစာလိုစားနေခြင်းပင်။ အကြောင်းမသိသူက တစ်မျိုးထင်ကြလိမ့်မည်။
ဒီကောင်မလေး ချောကချောနဲ့၊ ဘာလို့မြက်တွေစားနေပါလိမ့်?
ထို့နောက် ဝန်ဆောင်ရေးမန်နေဂျာလည်းရှေ့တိုးလာပြီး ဝူခိုင်တို့မြေးအဘိုးကိုစားသောက်ခန်းထဲလိုက်ပို့သည်။
စားသောက်ခန်းထဲတွင် အမျိုးသမီးသုံးဦးနှင့်တော်ဝင်ပညာရှင်များစားနေကြသည်။ ဒီနေ့က အကြီးအကဲစားပွဲနေ့ပင်။
တကယ်တော့ ဘေးစားပွဲပေါ်ကဟင်းပွဲများကို သူတို့မြင်သည်။ ဘဲဥထမင်းကြော်နှင့်ဆေးဖက်ဝင်စွပ်ပြုတ်အနံ့ရပြီး သူဌေးချင်ကိုယ်တိုင်ချက်ထားမှန်းသိသည်။
ခဏခဏစားဖူးသောကြောင့် အနံ့ရရုံနှင့်တန်းပြောနိုင်သည်။
ဒါကြောင့်လည်း အပန်းဖြေစံအိမ်ထဲလူထပ်ရောက်လာမှန်းသိလိုက်သည်။ တစ်ချိန်တည်းမှာ ရောက်ရောက်ချင်း သူဌေးချင်ကိုယ်တိုင်ချက်ပေးရအောင် ဘယ်သူများလဲဟုစူးစမ်းမိကြသည်။
ထို့ကြောင့် ဝူခိုင်နှင့်ဝူချန်ဝင်လာသောအခါ အမျိုးသမီးသုံးဦးနှင့်တော်ဝင်ပညာရှင်များက ဝူခိုင်ကိုလှမ်းကြည့်ကြသည်။
ဝူခိုင်မှာ အမြင်ကျယ်သူဖြစ်၍ လူအာရုံစိုက်ခြင်းကိုအသားကျနေပြီ။ ဒါကလည်း လူအပေါ်မူတည်သည်။ လင်းလျိုတို့က ကိစ္စမရှိသော်လည်း တရုတ်သိပ္ပံအကယ်ဒမီမှသုံးဦးကမတူ။
ထို့ကြောင့် သူဝင်ဝင်လာချင်း ချိုချိုသာသာပြုံးပြီး တော်ဝင်ပညာရှင်သုံးဦးကိုခေါင်းညိမ့်ပြသည်။
တော်ဝင်ပညာရှင်လီ၊ တော်ဝင်ပညာရှင်ဟောင်နှင့် တော်ဝင်ပညာရှင်လင်းတို့က ဘယ်သူလာသလဲစူးစမ်းနေသည်ဖြစ်၍ ဝူခိုင်ကိုကြည့်ပြီး ခေါင်းညိမ့်ပြုံးပြကြသည်။
သူဘယ်သူပဲဖြစ်ဖြစ် သူဌေးချင်ကတည်းခိုခွင့်ပေးမှတော့ သူဌေးချင်က ဒီလူကိုအသိအမှတ်ပြုထားခြင်းဖြစ်မည်။ တစ်ဖက်ကခေါင်းညိမ့်နှုတ်ဆက်ပြ၍ သူတို့ကလည်းယဉ်ယဉ်ကျေးကျေးတုံ့ပြန်ရမည်။
သူဌေးချင်မျက်နှာကိုထောက်ရမည်။
တစ်ချိန်တည်းမှာ ဝန်ဆောင်ရေးမန်နေဂျာက ဝူခိုင်တို့မြေးအဘိုးကိုနေရာချပေးရင်း_
"လူကြီးမင်းဝူ... ဒါကျွန်တော်တို့သူဌေးကိုယ်တိုင်ပြင်ဆင်ပေးတဲ့ဆေးဖက်ဝင်နေ့လယ်စာပါ... မြည်းကြည့်ပါဦး''
သူကပြောရင်းဆိုရင်း သူတို့နှစ်ဦးအတွက်ဘဲဥထမင်းကြော်ပန်းကန်မှာပေးသည်။
ဝူခိုင်နှင့်ဝူချန် နည်းနည်းအံ့ဩသွားသည်။ သူဌေးချင်ကချက်ပေးမည်ဟုထင်မထားသောကြောင့် မျက်နှာပူမိသည်။
စားပွဲပေါ်မှဟင်းပွဲများကြည့်ရတာ အနံ့၊အရသာကောင်းမည့်ပုံပင်။ ထူးထူးခြားခြားရသောဆေးနံ့က အတော်လေးဆွဲဆောင်နေသည်။ ဆေးဖက်ဝင်စွပ်ပြုတ်က သေချာပေါက်အရသာရှိလိမ့်မည်။
ဝူချန်က ဘဲဥထမင်းကြော်ကိုစမြည်းနေပြီ။
စားကောင်းခြင်း +၃၊ အတွေ့အထိ +၃ ရှိသောဘဲဥထမင်းကြော်ကြောင့် သူမအိန္ဒြေပျက်သွားပြီး_
"ဒီဘဲဥထမင်းကြော်က ဘာလဲဟ?''