ဒီပန်းချီကားနှစ်ချပ်က ဘာလို့ဒီရောက်? မြက်စားရတာ ဘာလို့ကြိုက်? ၃
Vol. 54 Ch. 797
ရုတ်ချည်းဆိုသလို လေးစားသောအကြည့်များနှင့် ချင်လင်ကိုငေးကြည့်လိုက်သည်။ ချင်းလင်ကုမ္ပဏီသူဌေးက အရမ်းခန့်တယ်၊ မြင်းစီးအရမ်းတော်တယ်၊ ဟင်းချက်အရမ်းကောင်းတယ်လို့ ဘယ်သူထင်မလဲ?
ဒီလောက်အရသာရှိတာမျိုး အရင်ကလုံးဝမစားဖူး။
ရိုးရိုးရှင်းရှင်းဘဲဥထမင်းကြော်က စားဖူးသမျှနိုင်ငံခြားအစားအစာများထက်တောင်အရသာရှိနေသည်။
ဒီလိုပြောရင် သူမကိုအတွေးလွန်နေပြီလို့ထင်ကြမလား?
ဒီလိုအရသာရှိတဲ့ဘဲဥထမင်းကြော်မျိုးလုပ်နိုင်တာ ဝူခိုင်မယုံနိုင်သော်လည်း လက်တွေ့စားနေရပြီ။ ထို့နောက် ဆေးစွပ်ပြုတ်ကိုမြည်းကြည့်သည်။ ဆေးစွပ်ပြုတ်အရသာကလည်း သူ့ကိုအံ့ဩစေပြန်သည်။
သူကအရွယ်ရနေပြီဖြစ်ပြီး ငယ်ငယ်ကတည်းက ပန်းချီလောကမှာနာမည်ကျော်ခဲ့သည်။ ဘာမဆိုအကုန်စားဖူးသည်။ စားဖိုမှူးအတော်များများ၏လက်ရာကိုလည်း စားဖူးသည်။ သို့သော် သူတစ်သက်လုံးစားခဲ့သမျှက သူ့ရှေ့ကဟာလောက်မကောင်း။
ထို့နောက် ချင်းလင်ဆေးဖက်ဝင်ဝိုင်ကိုတွေးမိပြီး တစ်ခွက်ငှဲ့လိုက်သည်။
ဝိုင်နှင့်အစားအစာက လိုက်ဖက်သည်။

စားပြီးနောက် ဝူခိုင်ကမချီးကျူးဘဲမနေနိုင်တော့_
"သူဌေးချင်... မင်းကတကယ်အံ့ဩဖို့ကောင်းတာပဲ... ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ သာမန်လူတွေမဖြစ်နိုင်တာမျိုးအောင်မြင်ထားတာ... မင်းလက်ရာကထိပ်တန်းဖြစ်နေမယ်လို့ ဘယ်ထင်မလဲ? ကမ္ဘာပေါ်မှာ မင်းလက်ရာကိုမီတဲ့သူမရှိလောက်ဘူးထင်တယ်''
ချင်လင်ကလည်း အခွင့်အရေးကိုအမိအရယူပြီး_
"ဆရာကြီးဝူ... ကျွန်တော်ကသာ လေးစားရမှာပါ... ဘာပဲဖြစ်ဖြစ် ခင်ဗျားရဲ့ပန်းချီကားတွေက ပြည်တွင်းမှာအကောင်းဆုံးပဲ... ခင်ဗျားရဲ့လက်ရာမြောက်ပန်းချီကားတစ်ချပ်ကို ယွမ်သန်း ၃၀၀ ကျော်နဲ့တောင်ရောင်းရတယ်''
သူတို့နှစ်ဦးအပြန်အလှန်ချီးကျူးနေကြစဉ် တော်ဝင်ပညာရှင်လီတို့က ချက်ချင်းစိတ်ဝင်စားသွားကြသည်။ ဒီပုဂ္ဂိုလ်ဘယ်သူလဲနားစွင့်နေကြ၍ အခုတော့သိရပြီ။
ပြည်တွင်းထိပ်တန်းပန်းချီဆရာဆိုသောစကားရော၊ ယွမ်သန်း ၃၀၀ ကျော်နှင့်ရောင်းရသည်ဆိုသောစကားပါ အံ့ဩစရာအောင်မြင်မှုကိုရထားသူပင်။
"ဆရာကြီးဝူက ပန်းချီပညာရှင်ဆိုတော့ ပန်းချီကားအကဲဖြတ်တာလည်း အတွေ့အကြုံရှိမှာပေါ့''
ချင်လင်ကဆက်ပြောသည်။
"ငါလေ့လာထားပါတယ်''
ဝူခိုင်ကခေါင်းညိမ့်တုံ့ပြန်လိုက်သော်လည်း သူ့စိတ်ထဲမှာ အတွေးများနေသည်။
အပန်းဖြေစံအိမ်ထဲမှာပုံဆွဲခွင့်ရအောင် သူဌေးချင်ကိုဘယ်လိုပြောရပါ့။

ဝူခိုင်စကားနားထောင်ပြီး ချင်လင်က သံပူတုန်းနှက်လိုက်သည်_
"ဆရာကြီးဝူ... ကျွန်တော်အမှတ်မထင်ရထားတဲ့ပန်းချီကားနှစ်ချပ်ရှိပါတယ်... ကျွန်တော့်ကိုကြည့်ပေးနိုင်မလားမသိဘူး?''
ထိုအချိန်တွင် အမျိုးသမီးသုံးဦးနှင့်တော်ဝင်ပညာရှင်များက လူကြီးမင်းဝူရောက်ရောက်ချင်း သူဌေးချင်ဘာလို့ချက်ကျွေးကြောင်း သဘောပေါက်သွားကြသည်။
"ရတာပေါ့... ဘယ်လိုပန်းချီကားမျိုးကိုကြည့်ပေးစေချင်တာလဲ သူဌေးချင်?''
ဝူခိုင်ကသိပ်တွေးမနေ။ သူစိတ်ထဲရှိတာက 'အပန်းဖြေစံအိမ်ထဲမှာပုံဆွဲခွင့်ရအောင် သူဌေးချင်ကိုဘယ်လိုပြောရမလဲ'။
ချင်လင်ကတောင်းဆိုသောကြောင့် ပထမဆုံးသူတွေးမိသည်မှာ_
'သူဌေးချင်ကိုပန်းချီကားအကဲဖြတ်ပေးရင် သူဌေးချင်နဲ့ပြောရဆိုရ ပိုအဆင်ပြေသွားမယ်' ဟုသာ။
ချင်လင်လည်း_
"ဗန်ဂိုးရဲ့'ပင်လယ်ထဲကနေကြာ'နဲ့ ပီကာဆိုရဲ့'ရွှေဗုံနဲ့အမျိုးသမီး'ပါ! ဒီပန်းချီကားနှစ်ချပ်က အတုလား အစစ်လားမသိလို့ ဆရာကြီးဝူကိုအကဲဖြတ်ပေးစေချင်တာပါ''
"ဘာလို့အဲဒီနှစ်ချပ်ဖြစ်နေတာလဲ?''
သူ့စကားကြောင့် ဝူခိုင်အံ့အားသင့်သွားသည်။
ဒီပန်းချီကားနှစ်ချပ်က ပန်းချီတစ်လောကလုံးသိသောပန်းချီကားပင်။ နောက်ပြီး နှစ်ချပ်စလုံး ပင်လယ်ထဲပျောက်သွားသည်ဟုလည်း ကောလာဟလရှိသည်။
ကောလာဟလကမမှန်နိုင်သော်လည်း ပန်းချီကားနှစ်ချပ်ထဲမှတစ်ချပ်က လူချမ်းသာတစ်ယောက်ယောက်ရဲ့စုဆောင်းခန်းထဲရောက်နေလောက်ပြီ။
ဒါပေမဲ့ သူဌေးချင်လက်ထဲမှာလည်း ဒီပန်းချီကားရှိတယ်ဆိုတော့ အတုဖြစ်ဖို့များသည်။
သူဝေခွဲမရဖြစ်နေ၏။
သူဌေးချင်ရဲ့ပန်းချီကားနှစ်ချပ်ကအတုဆိုတာ ပါးပါးနပ်နပ်နဲ့ဘယ်လိုပြောရမလဲ?