ပန်းချီကားနှစ်ချပ်က အစစ်! ၃
Vol. 54 Ch. 800
ဒီကိစ္စ သူတို့လုံးဝမယုံနိုင်။ ဒီလူတွေပြောနေတဲ့ပန်းချီကားနှစ်ချပ်ကို မဟုတ်ကဟုတ်ကဟုတောင်ထင်မိသည်။
သူတို့ရောက်လာရတဲ့အကြောင်းရင်းက ဒီကောင်တွေဒီလိုမဟုတ်တရုတ်တွေပြောနေတာရပ်ဖို့၊ ဖော်ကောင်လုပ်ဖို့ပင်။
အကဲဖြတ်သူများပြောနေကြစဉ် ဧည့်ခန်းတံခါးပွင့်လာပြီး လူတချို့ဝင်လာသည်။
ကျန်းယွမ်ကျစ်၊ကျူစန်းချင်းတို့အကဲဖြတ်သူများက အမှတ်တမဲ့လှမ်းကြည့်လိုက်ရာ ဆရာကြီးဝူခိုင်လျှောက်လာသည်ကိုတွေ့ရသည်။ သူ့ဘေးတွင် လူငယ်လေးတစ်ယောက်နှင့်သန်သန်မာမာလူတချို့လည်းပါသည်။
လူငယ်လေးက ချင်လင်။ သန်သန်မာမာလူများက ချန်တပေခေါ်လာသောအငြိမ်းစားစစ်သားများဖြစ်သည်။
ကျန်းယွမ်ကျစ်၊ကျူစန်းချင်းတို့က ဝူခိုင်ကိုမြင်မြင်ချင်း ရှေ့တိုးသွားကြသည်။
"ဆရာကြီးဝုခိုင် ရောက်လာပြီပေါ့... ပန်းချီကားနှစ်ချပ်ရော?''
"ဆရာကြီးဝူခိုင်... မြန်မြန်လေး.. ပန်းချီကားနှစ်ချပ်ပြပါဦး!''
“…”
ချင်လင်ကိုမူ လျစ်လျူရှုထားကြ၏။ လျစ်လျူရှုသည်ထက် ချင်းလင်ကုမ္ပဏီသူဌေးဟူ၍စိတ်ကူးတောင်မရှိကြ။
ဒီလိုအချိန်မျိုးတွင် သူ့အသက်ကအကောင်းဆုံးအဖုံးအကွယ်ပင်။ သူကချန်တပေကိုတစ်ချက်ကြည့်လိုက်ရာ ချန်တပေကသေတ္တာရှည်နှစ်လုံးကိုအလယ်ရှိစားပွဲပေါ်ယူလာပြီး ဖွင့်လိုက်သည်။ အထဲတွင် ဗန်ဂိုးနှင့်ပီကာဆို၏ပန်းချီကားနှစ်ချပ်ပါသည်။

ထိုမြင်ကွင်းကြောင့် အကဲဖြတ်သူများစိတ်ဝင်စားလာကြသည်။ သူတို့အားလုံးရှေ့တိုးပြီး ဝိုင်းကြည့်ကြ၏။ ဟိုပန်းချီကားနှစ်ချပ်မှန်း သူတို့သိသည်။
ထို့ကြောင့် ဝူခိုင်ကချင်လင်နှင့်မိတ်ဆက်မပေးတော့ဘဲ စားပွဲဆီလျှောက်လာကာ ပန်းချီကားတစ်ချပ်ကိုကိုင်ပြီး ဖြည်းဖြည်းချင်းဖွင့်ပြလိုက်သည်။ ဗန်ဂိုး၏'ပင်လယ်ထဲမှနေကြာ'ပန်းချီကားက အားလုံးမျက်စိရှေ့ပေါ်လာ၏။
ထို့နောက် ပီကာဆို၏'ရွှေဗုံနှင့်အမျိုးသမီး'ပန်းချီကားကိုဖွင့်ပြသည်။
"အားလုံးပဲ... ဒီပန်းချီကားနှစ်ချပ်ကိုအကဲဖြတ်ပေးကြပါဦး''
ဝူခိုင်ကပြောလိုက်သည်။
အကဲဖြတ်သူများမှာ ဒီပန်းချီကားနှစ်ချပ်ကြောင့်လာခြင်းဖြစ်၍ ချက်ချင်းဝိုင်းပြီးခေါင်းငုံ့ကာသေချာကြည့်ရှုကြသည်။
ရိုးရိုးပုံတူကူးနည်းပညာကိုကျွမ်းကျင်သူများဖြစ်၍ တခြားအကဲဖြတ်သူများလို ပန်းချီကားသက်တမ်းကိုခွဲခြားရန် ခေတ်ပေါ်ကိရိယာများသုံးစရာမလို။ ထို့ကြောင့် ခဏအကြာတွင် ကြည့်ရင်းကြည့်ရင်းနှင့် မယုံနိုင်ပုံပေါက်လာကြသည်။
"ဒီပန်းချီကားပစ္စည်းကမမှားနိုင်ဘူး... ဆရာကြီးဝူခိုင်ပြောတဲ့အချိန်ပဲ... နောက်ပြီး ပန်းချီဆွဲနည်းကအံ့ဩစရာကောင်းတယ်''
"သူ့လက်ရာက ထိပ်တန်းပဲ... ဒီ'ရွှေဗုံနှင့်အမျိုးသမီး'က တကယ်ဆရာကြီးဝူခိုင်ထက်သာတယ်!''
အထူးသဖြင့် ပန်းချီကားထဲမှခြေရာလက်ရာနှင့်ဆွဲပုံဆွဲနည်းက ဗန်ဂိုး၊ပီကာဆို၏လက်ရာနှင့်အလွန်တူသည်။
"ကြည့်ရတာ အစစ်ထင်တယ်''

နိုင်ငံခြားအကဲဖြတ်သူနှစ်ဦးမှာ တဖြည်းဖြည်းမျက်နှာပျက်လာပြီး မျက်နှာမကောင်းတော့။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?!''
"ဒီပန်းချီကားနှစ်ချပ်က ဘာလို့ဒီရောက်လာတာလဲ?''
သူတို့လုံးဝမယုံနိုင်။
သူတို့အတွေ့အကြုံအရ ပန်းချီကားကအစစ်မှန်းသိသည်။
ဒါပေမဲ့ သမိုင်းမှတ်တမ်းထဲမှာ သင်္ဘောနဲ့ပင်လယ်ထဲမြှုပ်သွားပြီတဲ့။ ဘာလို့ဒီပန်းချီကားနှစ်ချပ်လုံး ဒီမှာလာတွေ့ရတာလဲ?
သူတို့သမိုင်းက သူတို့အားလုံးကိုလှည့်စားထားတာလား?
ဟော်လန်အကဲဖြတ်သူကချက်ချင်းပင်_
"ပန်းချီကားပိုင်ရှင်က ဘယ်သူလဲ? ဒီဗန်ဂိုးပန်းချီကားကို သူ့ဆီကဝယ်ချင်လို့ ဆက်သွယ်ပေးပါလား''
သူ့စကားကြောင့် ပန်းချီကားကအစစ်ဖြစ်ကြောင်း သေချာသွားသည်။
ဝူခိုင်က ချင်လင်ကိုလှမ်းကြည့်ရာ ခေါင်းခါပြသည်။
ဟာသပဲ။ ဘာလို့ရောင်းရမှာလဲ? သူတို့နိုင်ငံတော်ရတနာနဲ့လဲရင်လဲ၊ မလဲရင် ချင်းလင်အပန်းဖြေစံအိမ်မှာပြတိုက်ဆောက်ပြီး အားလုံးကြည့်ရအောင်ချိတ်ဆွဲထားမည်။ သူတို့ဒေါသထွက်ပါစေ။
ဘာပဲဖြစ်ဖြစ် ဟော်လန်နဲ့ရှီပန်းယက မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေ။ ပြဿနာကောင်တွေပဲ။
ဝူခိုင်က ဟော်လန်အကဲဖြတ်သူဘက်လှည့်ပြီး တောင်းပန်လိုက်သည်_
"လူကြီးမင်း အားနာလိုက်တာ... ဒီပန်းချီကားပိုင်ရှင်ကရောင်းမယ်မထင်ဘူး... တွေ့လည်းမတွေ့ချင်လောက်ဘူး''
သူ့စကားကြောင့် ဟော်လန်အကဲဖြတ်သူမျက်နှာပျက်သွားသည်။ သူတို့ကချက်ချင်းဖုန်းနှင့်ဗီဒီယိုရိုက်ယူကြ၏။
ထို့နောက် အမ်စတာဒန်ပြတိုက်မှူးဆီ ဗီဒီယိုပို့လိုက်သည်။
ဗန်ဂိုးပန်းချီကားက သူတို့နိုင်ငံတော်ရတနာဖြစ်သည်။
အမ်စတာဒန်ပြတိုက်မှူးက အစိုးရအဆက်အသွယ်များမှတဆင့် ပန်းချီကားနှစ်ချပ်ကိုပြန်ဝယ်ရန် နည်းလမ်းရှာနိုင်လိမ့်မည်။