← Chapters

မရောင်းနိုင်! ခြိမ်းခြောက်လည်းမထူး!

Vol. 54 Ch. 801

မရောင်းနိုင်! ခြိမ်းခြောက်လည်းမထူး!

Vol. 54 Ch. 801

အနောက်တိုင်းအကဲဖြတ်သူလည်း ငြိမ်မနေနိုင်တော့ဘဲ စပိန်အမျိုးသားပြတိုက်ကိုစတင်ဆက်သွယ်သည်။

ပီကာဆိုရဲ့'ရွှေဗုံနဲ့အမျိုးသမီး'ကလည်း နိုင်ငံ့ရတနာ။

နောက်ပြီး ဒီပန်းချီကားက ပီကာဆိုရဲ့လက်ရာအမြောက်ဆုံးပန်းချီကားတစ်ချပ်ပင်။

ဒီပန်းချီကားကိုသူပြန်ဝယ်ရမည်။ အရှေ့တိုင်းသားတွေရဲ့လက်ထဲချန်ခဲ့လို့မဖြစ်။

"ကြည့်ရတာ ဒီပန်းချီကားနှစ်ချပ်ကအစစ်ထင်တယ်''

ဝူခိုင်ကအဖြေသိပြီး အံ့ဩနေဆဲ။

"အမှန်ပဲ!''

ကျန်းယွမ်ကျစ်လည်း အံ့ဩနေသည်။

"နည်းနည်းတော့ မယုံချင်စရာကောင်းတယ်''

ပန်းချီကားအကဲဖြတ်အဖွဲ့ဥက္ကဌကျူစန်းချင်းက အံ့အားသင့်နေသည်။

တခြားအကဲဖြတ်သူများလည်း တည်ငြိမ်မနေ။

အနောက်တိုင်းသမိုင်းမှာ ပင်လယ်ထဲမြှုပ်သွားတဲ့နာမည်ကျော်ပန်းချီကားနှစ်ချပ်က တပြိုင်နက်တည်းသူတို့ရှေ့ပေါ်လာသည်တဲ့။

ပြီးတော့ ချင်းလင်ကုမ္ပဏီသူဌေးက ဒီပန်းချီကားနှစ်ချပ်လုံးကိုဘယ်လိုလုပ်ယူနိုင်တာလဲ?

အံ့ရော!

ပန်းချီကားနှစ်ချပ် ပင်လယ်ထဲမြှုပ်သွားတဲ့ကောလာဟလကမှားရင်တောင် ဒီလောက်ကောင်းကောင်းမွန်မွန်ထိန်းထားတာ အစုအဆောင်းကောင်းသူရဲ့စုဆောင်းခန်းထဲမှာရှိနေတယ်ဆိုတဲ့သဘော။

ဒီတော့ ဒီပန်းချီကားနှစ်ချပ်ကိုလိုချင်ရင် ဩဇာမရှိဘဲဘယ်လိုလုပ်ရနိုင်မလဲ?

အခုတော့ ပန်းချီကားနှစ်ချပ်ကအစစ်မှန်း ချင်လင်သိပြီ။

သူကရေကန်သတ္တုတွင်းမှပိုပြီးမျှော်လင့်မိသည်။

ရေကန်သတ္တုတွင်း ၂၅၅ လွှာကနေ ထိပ်တန်းနိုင်ငံတကာပြတိုက်ဖြစ်လာနိုင်သည်။

ရေကန်သတ္တုတွင်းကအနောက်နိုင်ငံရတနာတွေတူးဖော်ရပြီး ချင်းလင်အပန်းဖြေစံအိမ်ပြတိုက်မှာထားလိုက်ရရင် ဘယ်လောက်အံ့ဩစရာကောင်းလိုက်မလဲ?

အနောက်နိုင်ငံတွေ ဒေါသထွက်သေကုန်မလား? ၈ နိုင်ငံမဟာမိတ် နွေရာသီနန်းတော်ဟောင်းလုယူခံရတဲ့အတွက် လက်စားချေသင့်တယ်မလား?

ချင်လင်က ချန်တပေကိုအချက်ပြလိုက်သည်။

ချန်တပေကချက်ချင်းပင် ပန်းချီကားများကိုပြန်သိမ်းလိုက်သည်။

ထို့ကြောင့် ဟော်လန်နှင့်ရှီပန်းယမှအကဲဖြတ်သူနှစ်ဦးစိတ်ပူသွားသည်။ သူတို့ရှေ့တိုးချင်သော်လည်း အငြိမ်းစားစစ်သားနှစ်ဦးကတားထားသည်။ ချန်တပေတို့က ပန်းချီကားများသိမ်းပြီး ချင်လင်နှင့်ထွက်သွားသည်ကိုသာကြည့်နေရလေသည်။

အခုဒီသတင်းက သူတို့နိုင်ငံကိုအမြန်ဆုံးပြန့်သွားဖို့သာရှိတော့သည်။

ဗန်ဂိုးနှင့်ပီကာဆိုက သူတို့နိုင်ငံနှင့်ကမ္ဘာမှာအကြီးမြတ်ဆုံးအနုပညာရှင်များဖြစ်သည်။

အခုသူတို့ရဲ့အထင်ရှားဆုံးလက်ရာနှစ်ခုက ကမ္ဘာမှာပေါ်လာပြီး သူတို့ကမမြင်ရဘဲ အရှေ့တိုင်းသားများကြည့်ဖို့ ပြတိုက်မှာချိတ်ဆွဲထားရင် အုတ်အော်သောင်းတင်းဖြစ်ကုန်လိမ့်မည်။

သို့ဖြစ်၍ သူတို့နိုင်ငံပြတိုက်များတွင် အရှေ့တိုင်းနိုင်ငံ့ရတနာများပြရန်သီးသန့်နေရာထားရမည်။

ဤသည်က ယဉ်ကျေးမှုထိပါးခြင်းပင်။

ဝူခိုင်ကအကဲဖြတ်သူများဘက်လှည့်ပြီး_

"အားလုံးပဲ... ချင်းလင်စံအိမ်စားသောက်ဆိုင်ကိုသွားရအောင်... ချင်းလင်ကုမ္ပဏီသူဌေးက အကြီးအကဲစားပွဲပြင်ပေးထားတယ်... ငါပြောတာယုံ... အဲဒီစားပွဲကို အားလုံးစိတ်ကျေနပ်ကြလိမ့်မယ်''

ထိုအကဲဖြတ်သူများကို ချင်လင်ကိုယ်တိုင်ဧည့်ခံစရာမလို။ အကြီးအကဲစားပွဲစီစဉ်ပေးထားခြင်းက ဧည့်ခံစရာဖြစ်နေပြီ။

အကြီးအကဲစားပွဲအကြောင်းကြားပြီး အကဲဖြတ်သူများမျက်လုံးအရောင်တောက်သွားကြ၏။

ဘာပဲဖြစ်ဖြစ် အကြီးအကဲစားပွဲက အင်တာနက်ပေါ်တွင်အလွန်နာမည်ကြီးသည်။ လူချမ်းသာများတောင် လက်လှမ်းမမီသောစားကောင်းသောက်ဖွယ်ဖြစ်လေသည်။

အမ်စတာဒန်အမျိုးသားပြတိုက်မှာ ဟော်လန်တွင်အကြီးဆုံးပြတိုက်ဖြစ်ပြီး ပြတိုက်မှူးက Arsda ဆိုသူဖြစ်သည်။

ရုံးခန်းထဲ၌_

အကဲဖြတ်သူဆီမှအီးမေးလ်ရရချင်း ဖွင့်ကြည့်လိုက်သည်။

ဟော်လန်မှာအတော်ဆုံးအကဲဖြတ်သူဖြစ်ပြီး ဗန်ဂိုး၏ပန်းချီကားများကိုအကဲဖြတ်ရာတွင်အထူးကျွမ်းကျင်သည်။

အီးမေးလ်ဖွင့်လိုက်သောအခါ ရုတ်တရက်သူအံ့အားသင့်သွားသည်။ သူ့မျက်နှာမှာ မယုံနိုင်ပုံနှင့်။

ဗန်ဂိုးရဲ့'ပင်လယ်ထဲမှနေကြာ'က အရှေ့တိုင်းရဲ့သူဌေးတစ်ယောက်လက်ထဲမှာပေါ်လာတယ်တဲ့လား?

ဒီပန်းချီကား ကမ္ဘာမှာရှိနေတာမဖြစ်နိုင်။

တစ်ဖက်တွင်_

ရှီပန်းယ၏အမျိုးသားပြတိုက်တွင်လည်း ဒီအတိုင်းဖြစ်သွားသည်။ ပီကာဆို၏'ရွှေဗုံနှင့်အမျိုးသမီး'သတင်းကို သူတို့လည်းရသည်။

အချိန်တိုအတွင်း ထိုသတင်းက နှစ်နိုင်ငံလုံး၏ပန်းချီလောကတွင်ပြန့်သွားပြီး အုတ်အော်သောင်းတင်းဖြစ်သွားလေသည်။

နောက်ပြီး တရုတ်ပြည်တွင်လည်းအတူတူပင်။ ထိုအကဲဖြတ်သူများ ရုံချန်းမှထွက်သွားပြီးရက်ပိုင်းအတွင်း ချင်းလင်ကုမ္ပဏီသူဌေးတွင် ဗန်ဂိုး၏'ပင်လယ်ထဲမှနေကြာ'နှင့်ပီကာဆို၏'ရွှေဗုံနှင့်အမျိုးသမီး'ပန်းချီကားနှစ်ချပ်ရှိကြောင်းသတင်းက တစ်နိုင်ငံလုံးပြန့်သွားသည်။ အင်တာနက်ပေါ်တွင် ရုတ်ချည်းဆိုသလို လှုပ်လှုပ်ရွရွဖြစ်သွားလေသည်။

ဤသည်က မော်ဒန်ခေတ်သတင်းအချက်အလက်ကွန်ရက်၏စွမ်းအားပင်။

…

တစ်ပတ်ကုန်လွန်သွားသည်။

ချင်လင်က ထိုကိစ္စအပေါ်အာရုံမထားတော့။

ဂိမ်းထဲကရသမျှပစ္စည်းတိုင်း လက်တွေ့လောကမှာအစစ်ဖြစ်ရင်ကောင်းမည်မှန်း သူသိသည်။

နည်းနည်းတော့ ထူးဆန်းသည်။

ဘာပဲဖြစ်ဖြစ် လက်တွေ့ဘဝမှာပင်လယ်ထဲမြှုပ်သွားတဲ့ပစ္စည်းက ဂိမ်းထဲကတူးပြီးရသတဲ့။

ဒီလိုဆိုရင် လက်တွေ့လောကမှာ ပင်လယ်ထဲပျောက်သွားတဲ့ပစ္စည်းတွေမှအများကြီး။ ဒါတွေကို ရေကန်သတ္တုတွင်းမှာတွေ့နိုင်ပြီပေါ့။

ရုံးခန်းထဲ၌_

ချင်လင်က နေ့စဉ်တာဝန်များပြီးသည်နှင့် ဂိမ်းဖန်သားပြင်မှမျက်နှာလွှဲလိုက်သည်။ သူဒီနေ့သိပ်ကံမကောင်း၍ ဘာမှမရချေ။

သို့ရာတွင် ရေစီးတစ်ခါရေသာတလှည့်ဖြစ်၍ အမြဲတမ်းကံကောင်းနေဖို့မဖြစ်နိုင်။

သူကမတ်တပ်ထရပ်ပြီး ရုံးခန်းထဲမှထွက်ကာ ချင်းလင်အစားအသောက်ကုမ္ပဏီစက်ရုံဝန်းဘက်ဦးတည်လိုက်သည်။

အရင်က ရေပူစမ်းဆေးမှုန့်နှင့်မျက်စိကြည်ဂျင်ဆင်းထုတ်ရန် ကုမ္ပဏီခွဲသီးခြားဖွင့်ပြီး ချူယွဲ့နှင့်ခုံးလင်ကိုတောင်ပြင်ဆင်ခိုင်းခဲ့သည်။

ဒီအတောအတွင်း သူတို့နှစ်ဦးမှာ ချင်းလင်ကုမ္ပဏီခွဲအတွက်ပြင်ဆင်ပြီးလုပြီ။ ကုမ္ပဏီခွဲကို ချင်းလင်ဆေးဝါးကုမ္ပဏီလီမိတက်ဟုနာမည်ပေးမည်။

ဆေးဝါးကုမ္ပဏီမှဆေးဝါးထုတ်ရန် အထူးလိုင်စင်လိုပြီး ချင်းလင်အစားအသောက်ကုမ္ပဏီမှာလိုင်စင်ရှိရမည်။ အားဖြည့်ဆေးရည်အတွက်လျှောက်လွှာကို ဝန်ကြီးလုကစီစဉ်ပေးသည်။

All Chapters