← Chapters

မရောင်းနိုင်! ခြိမ်းခြောက်လည်းမထူး! ၂

Vol. 54 Ch. 802

မရောင်းနိုင်! ခြိမ်းခြောက်လည်းမထူး! ၂

Vol. 54 Ch. 802

အထက်လူများကိုအားဖြည့်ဆေးရည်တိုက်ရိုက်လှူဒါန်းထားသော်လည်း နောက်ပိုင်း လုပ်ငန်းမှတ်တမ်းများကျန်ခဲ့သည်။ ထို့ကြောင့် ကုမ္ပဏီခွဲကဖွင့်ပြီး ဒီလိုထုတ်ကုန်မျိုးစီစဉ်နိုင်ခဲ့သည်။

ရေပူစမ်းဆေးမှုန့်ဖြစ်စေ၊ မျက်စိကြည်ဂျင်ဆင်းဖြစ်စေ၊ နှစ်မျိုးလုံးက ဆေးဝါးထုတ်ကုန်ဖြစ်နေသည်။ ရှေ့လျှောက်ဒီလိုထုတ်ကုန်မျိုးကို ချင်းလင်ဆေးဝါးကုမ္ပဏီခွဲထဲထည့်လိုက်ရုံပင်။

ချင်လင်က ချင်းလင်စက်ရုံဝန်းထဲရောက်ပြီး အသစ်ဆောက်ထားသောစက်ရုံဆီတန်းသွားလိုက်သည်။

ချင်းလင်ဆေးဝါးကုမ္ပဏီခွဲအတွက်ပေးထားသောစက်ရုံကို ရေပူစမ်းဆေးမှုန့်ထုတ်လုပ်ရန်သုံးသည်။

ချူယွဲ့နှင့်ခုံးလင်က ဆေးမှုန့်အတွက်ထုတ်လုပ်ရေးလိုင်းဝယ်ထားသည်။ ဒီနေ့ ပစ္စည်းတချို့ဝယ်ပြီး ရေပူစမ်းဆေးမှုန့်ထုတ်လုပ်ရန်အသင့်ဖြစ်နေပြီ။

ထို့ကြောင့် သူလာကြည့်ရမည်။

ဒီထုတ်လုပ်ရေးလိုင်းမှာ စက်ပိုင်း၊ထုတ်လုပ်ရေးပိုင်းပြဿနာမရှိရင် တစ်သုတ်ချင်းဝယ်ပြီးထုတ်လုပ်နိုင်ပြီ။

ချင်လင်စက်ရုံထဲဝင်လာသောအခါ ချူယွဲ့နှင့်ခုံးလင်က ထုတ်လုပ်ရေးလိုင်းတွင်အလုပ်သမားများအား စီစဉ်ညွှန်ကြားနေသည်ကိုတွေ့ရသည်။ ထုတ်လုပ်ရေးလိုင်း၏နည်းပညာပိုင်းဝန်ထမ်းများကလည်း လေ့လာကြည့်ရှုနေကြသည်။ ပြဿနာရှိလျှင် ချက်ချင်းပြင်ဆင်ပေးကြလိမ့်မည်။

တန့်ကွမ်းရောက်နေတာကြာပြီဖြစ်သော်လည်း ဘေးမှသာကြည့်နေ၏။ ဘာပဲဖြစ်ဖြစ် ကုမ္ပဏီခွဲကိုပြင်ဆင်ရန် ချူယွဲ့နှင့်ခုံးလင်ကိုလက်လွှဲပေးထားပြီဖြစ်၍ ဒီလိုကိစ္စမျိုးအတွက်စိတ်ပူစရာမလိုပေ။

"ဥက္ကဌချင် ရောက်လာပြီလား''

တန့်ကွမ်းက ချင်လင်ကိုမြင်လျှင်နှုတ်ဆက်သည်။

ချူယွဲ့နှင့်ခုံးလင်လည်း ချင်လင်ကိုမြင်လျှင် လာရောက်နှုတ်ဆက်သည်_

"ဥက္ကဌချင်!''

"ထုတ်လုပ်ရေးလိုင်းစမ်းသပ်တာဘယ်လိုလဲ?''

ချင်လင်လည်းမေးလိုက်သည်။

"ရတော့မှာပါ''

ချူယွဲ့ကချက်ချင်းပြန်ဖြေသည်_

"အခုချက်ချင်းစမ်းထုတ်နိုင်ပါတယ်''



"အင်း!"

ချင်လင်ခေါင်းညိမ့်လိုက်သည်။

ခဏအကြာ ထုတ်လုပ်ရေးလိုင်းတပ်ဆင်သူကလျှောက်လာပြီး_

"ဒါရိုက်တာချူ ဒါရိုက်တာခုံး... ထုတ်လုပ်ရေးလိုင်းရပါပြီ... ပစ္စည်းတွေနဲ့စထုတ်နိုင်ပါတယ်''

ချူယွဲ့ကအချိန်ဆွဲမနေဘဲ ထုတ်လုပ်ရေးလိုင်းတာဝန်ခံကိုလက်ယပ်ခေါ်ပြီး ညွှန်ကြားလိုက်သည်_

"အစမ်းထုတ်ဖို့ ပစ္စည်းတွေယူလိုက်ပါ''

ထုတ်လုပ်ရေးလိုင်းတာဝန်ခံကခေါင်းညိမ့်ပြီး ထုတ်လုပ်ရေးလိုင်းဆီပစ္စည်းများယူလာခိုင်းကာ စတင်ထုတ်လုပ်သည်။

ရေပူစမ်းဆေးမှုန့်ထုတ်လုပ်ရေးက ဆော့ထက်ပိုရှုပ်ထွေးသော်လည်း အချိန်တိုတောင်း၍ ပထမဆုံးထုတ်ကုန် မြန်မြန်ဆန်ဆန်ထွက်လာသည်။

ချူယွဲ့နှင့်ခုံးလင်က လာကြည့်ပြီး ဆေးမှုန့်ကိုအနံ့ခံသည်။ ထို့နောက် ချူယွဲ့က ချင်လင်နှင့်တန့်ကွမ်းအား_

"ဥက္ကဌချင် ဥက္ကဌတန့်... ထုတ်ကုန်ရပြီ... ဒါပေမဲ့ ချင်လင်ဓာတ်ခွဲခန်းကိုပို့ပြီး စမ်းသပ်ကြည့်ရပါဦးမယ်''

အရင်က ရေပူစမ်းဆေးမှုန့်ကို ချင်းလင်ဓာတ်ခွဲခန်းတွင်စမ်းသပ်ခဲ့ဖူးသည်။ စနစ်မှတ်ချက်မပါဘဲ ပစ္စည်းပါဝင်နှုန်းတူမတူကို ချင်းလင်ဓာတ်ခွဲခန်းစမ်းသပ်ချက်ပေါ်မူတည်ပြီးသာ ကုမ္ပဏီခွဲကသိနိုင်သည်။ နောက်ပိုင်း အာနိသင်ကိုသိရန် စမ်းသပ်ကြည့်နိုင်သည်။

ချင်လင်က မတူ။ သူကအပြီးသတ်ထုတ်ကုန်ကို ဂိမ်းထဲတန်းယူသွားနိုင်သောကြောင့်_

"ကျွန်တော့်အတွက်လည်း တစ်ထုပ်ထုပ်ပေးပါ... ပြန်ရင်ဖတ်ကြည့်မလို့''

ချင်လင်ကညွှန်ကြား၍ တခြားသူများလည်းဘာမှမမေးဘဲ ရေပူစမ်းဆေးမှုန့်ကိုတန်းထုပ်ပိုးပေးလိုက်သည်။ ချင်လင်ကရေပူစမ်းဆေးမှုန့်ရပြီးနောက် အပန်းဖြေစံအိမ်ချက်ချင်းပြန်သည်။ သူ့ရုံးခန်းထဲပြန်ရောက်သောအခါ ထုတ်လုပ်ရေးလိုင်းမှထုတ်ထားသောရေပူစမ်းဆေးမှုန့်မှတ်ချက်ကိုကြည့်လိုက်သည်:

(ရေပူစမ်းဆေးမှုန့်: အရည်အသွေး ၁)

(ရှေးခေတ်က တော်ဝင်မျိုးနွယ်များကိုအထူးဆက်သသောဆေးမှုန့်ဖြစ်သည်။ ရေအပူချိန် ၃၀-၃၆ ဒီဂရီတွင်ထားလျှင် အထူးအာနိသင်ရှိသည်။

ကျန်းမာရေး +၁၊ ဦးရေကောင်းစေခြင်း +၁၊ ဆံပင်ပြန်ပေါက်ခြင်း +၁!)

အစမ်းထုတ်လုပ်ရေးအောင်မြင်ပြီ!



သို့ရာတွင် အရည်အသွေး ၂ ဆေးပင်များနှင့်လုပ်သောရေပူစမ်းဆေးမှုန့်ထက် သာမန်ဆေးပင်များနှင့်လုပ်သောရေပူစမ်းဆေးမှုန့်ကပိုညံ့သည်။ အာနိသင်က အရည်အသွေး ၁ သာရှိသည်။

သို့သော် ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဖြူးရန်အတွက် အရည်အသွေး ၁ ဆို တော်လောက်ပြီ။

အရည်အသွေး ၁ ၏ပြန်ကောင်းနိုင်စွမ်းက အလွန်ကောင်းမည်ဟုသူထင်သည်။

ကျွတ်လွယ်တဲ့ဆံပင်တွေကို ဘယ်လိုတန်ဖိုးထားမလဲ?

ပိုက်ဆံများများသုံး၊ အချိန်ယူပြုစုပြီး ပြန်ပေါက်လာတဲ့ဆံပင်မှသာ တန်ဖိုးထားကြမည်။

ထို့ကြောင့် အာနိသင်ကိုလျှော့ချနိုင်မည့်နည်းရှိမရှိ အစ်ကိုလီကိုမေးရမည်။

ထုတ်လုပ်ရေးလိုင်းမှထုတ်သောရေပူစမ်းဆေးမှုန့်၏မှတ်ချက်ကိုကြည့်ပြီးနောက် ချင်လင်ကဂိမ်းထဲမှပြန်ထွက်လာသည်။ သူ့ရုံးခန်းထဲပြန်ထိုင်ရုံရှိသေး လင်းလန်ဇီကဖုန်းဆက်လာ၏။ သူမက နည်းနည်းစိတ်လောသံနှင့်_

"သူဌေး... ယဉ်ကျေးမှုအမွေအနှစ်ဌာနကဆိုတဲ့တစ်ယောက်က ရှင်နဲ့အရေးတကြီးဆွေးနွေးစရာရှိလို့တဲ့... နိုင်ငံတကာချစ်ကြည်ရေးနဲ့ပတ်သက်တဲ့ကိစ္စလို့လည်းပြောတယ်... နိုင်ငံခြားဧည့်သည်နှစ်ယောက်ကိုခေါ်လာပြီး စကားပြောချင်တယ်တဲ့''

"ဘာလဲဟ?''

ချင်လင်ကမျက်မှောင်နည်းနည်းကြုတ်လိုက်ပြီးမှ_

"အရင် ခေါ်လာခဲ့လိုက်ပါ!''

ယဉ်ကျေးမှုအမွေအနှစ်ဌာနဆိုတော့ကာ ရုံးအဖွဲ့အစည်းတစ်ခုပေါ့။

ဒါပေမဲ့ ယဉ်ကျေးမှုအမွေအနှစ်ဌာနက ဘာလို့သူ့ကိုရှာရတာလဲ? ပြီးတော့ နိုင်ငံတကာချစ်ကြည်ရေးတဲ့?

'ပင်လယ်ထဲကနေကြာ'နဲ့'ရွှေဗုံနဲ့အမျိုးသမီး' ပန်းချီကားနှစ်ချပ်ကြောင့် ရောက်လာတာများလား?

ဒါကလည်း သူစဉ်းစားမိတဲ့ဖြစ်နိုင်ခြေတစ်ခု။

မကြာမီ လင်းလန်ဇီက လူတချို့နှင့်ရောက်လာသည်။ ထိပ်ဆုံးကလူမှာ သက်လတ်ပိုင်းအရွယ်ရှိပြီး အဆီရွှဲရွှဲဗိုက်ပြဲပြဲနှင့် အရာရှိတစ်ယောက်ဟန်ပန်မျိုးရှိလေသည်။ သူ့နောက်တွင် အိတ်တစ်လုံးသယ်လာသောလူငယ်တစ်ယောက်ပါသည်။

ယဉ်ကျေးမှုအမွေအနှစ်ဌာနမှူးနှင့်သူ့အတွင်းရေးမှူးဖြစ်မည်။

သူတို့နှစ်ယောက်နောက်တွင် သက်တော်စောင့်တစ်ဦးစီစောင့်ကြပ်လာသော သက်လတ်ပိုင်းလူဖြူနှစ်ယောက်ပါလာသည်။ သူတို့ဝင်လာပြီးနောက် အပန်းဖြေစံအိမ်လုံခြုံရေးခေါင်းဆောင်ကလည်း လူတချို့နှင့်လိုက်ဝင်လာသည်။

အားလုံး အငြိမ်းစားစစ်သားများဖြစ်ပြီး ချင်လင်က ဝန်ကြီးလုအဆက်အသွယ်နှင့်ရှာထားခြင်းဖြစ်သည်။ ဘာပဲဖြစ်ဖြစ် တော်ဝင်ပညာရှင်များအားဖြည့်နေသောကြောင့် ဝန်ကြီးလုကလည်း အပန်းဖြေစံအိမ်လုံခြုံရေးကိုဂရုစိုက်ထားသည်။

အငြိမ်းစားစစ်သားတချို့ကဝင်လာပြီးနောက် အသီးသီးနေရာယူလိုက်ကြသည်။ သူတို့လှုပ်ရှားသည်နှင့် လူဖြူနှစ်ယောက်၏သက်တော်စောင့်များချက်ချင်းငြိမ်ကျသွားလိမ့်မည်။

All Chapters