← Chapters

မရောင်းနိုင်! ခြိမ်းခြောက်လည်းမထူး! ၃

Vol. 54 Ch. 803

မရောင်းနိုင်! ခြိမ်းခြောက်လည်းမထူး! ၃

Vol. 54 Ch. 803

ဒီလူတွေဘယ်သူဖြစ်ဖြစ်၊ ဘာတွေဖြစ်နေဖြစ်နေ၊ ဒါမှမဟုတ် ပြဿနာကောင်တွေပဲဖြစ်ဖြစ် သူတို့ဂရုမစိုက်။ သူတို့လူတွေအများကြီးရှိ၍ ကြိုတင်ကာကွယ်ရမည်။ ဒါသူတို့ယဉ်ကျေးမှုဖြစ်သလို သူတို့တာဝန်လည်းဖြစ်သည်။

လင်းလန်ဇီလည်း အဆီရွှဲရွှဲနှင့်သက်လတ်ပိုင်းလူကိုညွှန်ပြပြီး_

"သူဌေး... သူက ရှင့်ကိုတွေ့ချင်တဲ့လူကြီးမင်းရွှီဝေပါ''

ထိုအချိန်တွင် ရွှီဝေကလည်း ချင်လင်ကိုကြည့်လိုက်သည်။ ချင်လင်၏အရွယ်ကြောင့် သူနည်းနည်းအံ့ဩသွားသော်လည်း အဓိကကိစ္စကိုမမေ့။ ချင်လင်ကိုမြင်မြင်ချင်း သူက_

"သူဌေးချင်... ကျုပ်ကရွှီဝေပါ... ယဉ်ကျေးမှုအမွေအနှစ်ဌာနညွှန်မှူးပါ... လာအနှောင့်အယှက်ပေးရတာ အားနာတယ်ဗျာ... ဒါပေမဲ့ အကြောင်းအရင်းမရှိလာတာတော့ မဟုတ်ပါဘူး''

"ဒီနိုင်ငံခြားသားနှစ်ယောက်က ဟော်လန်က အမ်စတာဒန်အမျိုးသားပြတိုက်မှူး မစ္စတာ Arsda နဲ့ ရှီပန်းယအမျိုးသားပြတိုက်မှူး မစ္စတာ Delis ပါ''

"သူတို့က မင်းဆီမှာ ဗန်ဂိုးရဲ့'ပင်လယ်ထဲကနေကြာ' နဲ့ ပီကာဆိုရဲ့'ရွှေဗုံနဲ့အမျိုးသမီး' ရှိတယ်ကြားလို့ မင်းဆီကနေဝယ်ချင်တာ... ဘာပဲဖြစ်ဖြစ် ဒီပန်းချီကားနှစ်ချပ်က သူတို့နိုင်ငံရဲ့အမွေအနှစ်ဆိုတော့ သူတို့ဆန္ဒပြည့်အောင်လုပ်ပေးစေချင်တယ်တဲ့ သူဌေးချင်''

အမှန်ပင် ပန်းချီကားနှစ်ချပ်ကြောင့်လာခြင်းဖြစ်၍ ချင်လင်ကမျက်မှောင်ကြုတ်ပြီး ရွှီဝေအား_

"ဒါရိုက်တာရွှီ... ကျွန်တော် ဒီပန်းချီကားနှစ်ချပ်ကိုရောင်းဖို့အစီအစဉ်မရှိလို့ သူတို့ဆန္ဒကိုမဖြည့်ပေးနိုင်ပါဘူး''

ရွှီဝေက မျက်နှာပျက်သွား၏။

သို့သော် ချင်းလင်ကုမ္ပဏီကို အထက်လူများအာရုံစိုက်မှန်းသိသောကြောင့် တဲ့တိုးမပြောရဲ။ သူက နည်းနည်းခြောက်သံထည့်ပြီး_

"သူဌေးချင်... ဟော်လန်နဲ့ရှီပန်းယက အနောက်တိုင်းမှာအင်အားကြီးမှန်းသိမှာပါ... ဒီပန်းချီကားနှစ်ချပ်က သူတို့အမွေအနှစ်တွေ... မင်းဆက်တင်းထားရင် နိုင်ငံတကာဖိအားတွေဖြစ်လာလိမ့်မယ်... အမြော်အမြင်ရှိပါ''

Arsda နှင့် Delis က သူ့စကားကိုထောက်ခံသည်။

Arsda: "ဆက်ဆံရေးအခြေအနေက မလွဲမသွေတင်းမာလာမယ်... ဘယ်လိုနည်းနည်းနဲ့ဖြစ်ဖြစ် ကျုပ်တို့အမွေအနှစ်ကိုပြန်သိမ်းပါမယ်''

Delis: ''ကျုပ်တို့အမွေအနှစ်ကိုမဖြစ်မနေပြန်ဝယ်ရမယ်... ဘယ်လောက်ပဲဖြစ်ဖြစ်''

လူဖြူနှစ်ယောက်က ခြိမ်းခြောက်သည်။ ချင်လင်ကိုလက်လျှော့ပြီး ပန်းချီကားနှစ်ချပ်အကြောင်း သူတို့နှင့်ဆွေးနွေးစေချင်သည်။

"သူဌေးချင်... ဒီကိစ္စသေချာစဉ်းစားစေချင်တယ်... နိုင်ငံတကာဆက်ဆံရေးကိုဖျက်ဆီးတဲ့အပြစ်သားမလုပ်ချင်ပါနဲ့''

"အဟက်!''

သူ့စကားကြောင့် ချင်လင်ရယ်လိုက်သည်။ နောက်ဆုံးတော့ ယဉ်ကျေးမှုအမွေအနှစ်ညွှန်မှူးက ခေါင်းဘယ်ဘက်လှည့်လဲသိလိုက်ပြီ။



အုပ်ချုပ်ရေးဌာနမှာ ဒီလိုလူမျိုးရှိမည်ဟုမထင်မိ။

"ဒါရိုက်တာရွှီ... ချင်မင်းဆက်ကုန်တာကြာပြီထင်တယ်''

ချင်လင်ကရုတ်တရက် အဓိပ္ပါယ်နှင့်ပြောလိုက်သည်။

ချင်လင်ဘာကိုဆိုလိုကြောင်း ရွှီဝေကသဘောပေါက်ပြီးဒေါသထွက်သွားကာ_

"သူဌေးချင်... စကားကိုကြည့်ပြောပါ... ဟာသပြောနေတာမဟုတ်ဘူး''

ချင်လင်က ရွှီဝေကိုမျက်နှာလွဲလိုက်သည်။

သူက ယဉ်ကျေးမှုအမွေအနှစ်ဌာနမှူးလောက်ပဲ။

သူဘယ်လိုထင်ထင်။ နိုင်ငံခြားသားနှစ်ယောက်ခေါ်လာပြီး ပန်းချီကားလာဝယ်ကတည်းက သူ့ကိုစိတ်ကူးထဲမထည့်တော့။ သူ့ရှေ့တင် ဝန်ကြီးလုကိုဖုန်းဆက်လိုက်သည်။

ဖုန်းဝင်ဝင်ချင်း ဝန်ကြီးလုရယ်သံကိုကြားရသည်_

"သူဌေးချင်... ရုတ်တရက်ကြီး ဖုန်းတွေဆက်လို့?''

"ဝန်ကြီးလုအကူအညီလိုလို့ပါ... ယဉ်ကျေးမှုအမွေအနှစ်ဌာနက ရွှီဝေဆိုတဲ့တစ်ယောက်က နိုင်ငံခြားသားနှစ်ယောက်နဲ့ရောက်လာတယ်''

အဖြစ်အပျက်အစုံကို ချင်လင်ကဝန်ကြီးလုအားရှင်းပြသည်။

သူပြောပြီးပြီးချင်း ဝန်ကြီးလု၏ဒေါသသံကိုကြားရသည်_

"ဘယ်ခေတ်ရောက်နေပြီလဲ? ဒီလိုအသားထဲကလောက်ရှိသေးတာလား? သူဌေးချင် အားနာတယ်ကွာ... ငါ့တာဝန်ထားလိုက်... သူကယဉ်ကျေးမှုအမွေအနှစ်ဌာနမှာတာဝန်ခံလောက်ပဲ... ပြီးတော့ ဟော်လန်ဖြစ်ဖြစ် အနောက်တိုင်းအမျိုးသားပြတိုက်မှူးဖြစ်ဖြစ် ဘာမှစိုးရိမ်စရာမလိုဘူး... အခုဘယ်ခေတ်မှာနေတာလဲ? သူတို့နိုင်ငံလောက်ကိုကြောက်စရာလိုသေးလား?''

ထိုစကားများက အားပါသည်။

ချင်လင်ကဖုန်းချပြီး ရွှီဝေကိုသရော်သလိုကြည့်လိုက်သည်။ တစ်ဖက်က ချက်ချင်းမျက်နှာပျက်သွား၏။ ချင်လင်တို့ပြောနေတာ ပြဿနာရှိကြောင်းသူခန့်မှန်းမိပုံရသည်။ အထက်ကသူ့ကိုမျက်နှာသာပေးတာ ထင်တာထက်ပိုလိမ့်မည်။

ရွှီဝေတွေးတောနေစဉ် သူ့ဖုန်းမြည်လာသည်။ နံပါတ်ကိုကြည့်ပြီး သူလန့်သွား၏။ သူ့အထက်လူကြီးပင်။

ရွှီဝေက အချိန်မဆိုင်းဘဲချက်ချင်းဖုန်းကိုင်လိုက်သည်။ သို့သော် ဖုန်းကိုင်ကိုင်ချင်း တစ်ဖက်မှဆဲသံတသီကြီးထွက်လာ၏။

ခဏအကြာ သူ့မျက်နှာအတော်ပျက်သွားပြီး ပြန်တောင်မဖြေရဲတော့။ ဖုန်းချပြီးနောက် ချင်လင်ကိုမျက်နှာငယ်လေးနှင့်ကြည့်လိုက်ပြီး_

"သူဌေးချင်... တကယ်တောင်းပန်ပါတယ်... ငါ့အမှားပါ... ငါအခုချက်ချင်းထွက်သွားပါ့မယ်''



ရွှီဝေကပြောရင်း သွေးပျက်နေသည်။ ချင်းလင်အပန်းဖြေစံအိမ်ကိုလာမိတာ နောင်တရလာသည်။

သူဖုန်းတစ်ချက်ဆက်တာနဲ့ အထက်လူကြီးကတန်းဆူတော့တာပဲ။ ဒီတော့ သူ့ကိုအထက်လူတွေက ထင်တာထက်ပိုပြီး မျက်နှာသာပေးတဲ့ပုံပဲ။

ရွှီဝေထွက်သွားသည်နှင့် Arsda နှင့် Delis မျက်နှာပျက်သွားသည်။ ရွှီဝေဘာကြောင့်ပြန်သွားမှန်း သူတို့မသိ။

ချင်လင်က သူတို့နှစ်ယောက်ကိုကြည့်ပြီး အေးတိအေးစက်နှင့်_

"ခင်ဗျားတို့နှစ်ယောက်... ကြွတော့!''

Arsda က လက်မခံချင်သောကြောင့် ထပ်ခြိမ်းခြောက်မည်အပြုတွင် အငြိမ်းစားစစ်သားများရှေ့တိုးလာပြီး သူ့ကိုလမ်းပိတ်ထားကာ 'ကြွ'ဟူသောခြေဟန်လက်ဟန်လုပ်ပြသည်။

သက်တော်စောင့်နှစ်ဦးကရှေ့တိုးချင်သော်လည်း အငြိမ်းစားစစ်သားနှစ်ဦးက သူတို့ကိုချုပ်ထားသည်။ သူတို့လုံးဝမလှုပ်နိုင်၍ အလန့်တကြားသာကြည့်ပြီး မလှုပ်ရဲချေ။

"မစ္စတာချင်... မင်း ဒုက္ခရောက်မှာမကြောက်ဘူးလား?''

Arsda ကမေးသည်။

"ဟုတ်တယ်... နိုင်ငံရေးတင်းမာသွားမှာ မစိုးရိမ်ဘူးလား?''

Delis ကလည်းမေးသည်။

ဒီလိုအချိန်မျိုးမှာ ဒီနှစ်ယောက်ကခြိမ်းခြောက်ဦးမည်မထင်၍ ချင်လင်ကတဲ့ပြောလိုက်သည်_

"လုံးဝမစိုးရိမ်ပါဘူး... ကမ္ဘာပျက်အောင်လုပ်နိုင်ရင် လုပ်လိုက်လေ... ဒီပန်းချီကားကို ဘယ်တော့မှဝယ်နိုင်မှာမဟုတ်ဘူး''

ဝန်ကြီးလုစကားခံထားမှတော့ သူဘာစိုးရိမ်နေဦးမလဲ?

သူကပြောပြီးပြီးချင်း အငြိမ်းစားစစ်သားများကိုလက်ယမ်းပြလိုက်သည်။

အငြိမ်းစားစစ်သားများကလည်း လက်မနှေးဘဲ ချက်ချင်းမောင်းထုတ်လိုက်သည်။

Arsda နှင့် Delis မှာ ရုပ်ပျက်ဆင်းပျက်ဖြစ်သွား၏။

ဒီတစ်ခါ ပန်းချီကားနှစ်ချပ်ကိုအသာတကြည်ဝယ်နိုင်မည်ထင်ခဲ့သော်လည်း ဒီလိုအဆုံးသတ်ရမည်ဟုမထင်မိ။

ဒီနိုင်ငံမှာ ဖိအားပေးတဲ့နည်းက ဘာလို့အလုပ်မဖြစ်တာလဲ?

သူတို့နှစ်ဦးမှာ ချင်းလင်အပန်းဖြေစံအိမ်အပြင်ထုတ်ခံရသည်။ ထို့ကြောင့် မရေးချင်ရေးချင်နှင့် ကန့်ကွက်စာရေးရ၏။ ဖြစ်ချင်တော့ သူတို့ရေးသောကန့်ကွက်စာကိုအဖက်မလုပ်ကြ။ လျစ်လျူရှုခံရသည်။

ဒီတော့မှသာ ဒီနိုင်ငံကတယ်မတူမှန်း သဘောပေါက်သွားသည်။

ထို့ကြောင့် စိတ်ပျက်လက်ပျက်နှင့်ထွက်လာပြီး သူတို့နိုင်ငံပြန်ရတော့သည်။

All Chapters