← Chapters

သန့်စင်ခန်းပေါက်မှာနောက်တစ်ခါချိတ်! ဆံပင်ပေါက်ဆေး!

Vol. 54 Ch. 804

သန့်စင်ခန်းပေါက်မှာနောက်တစ်ခါချိတ်! ဆံပင်ပေါက်ဆေး!

Vol. 54 Ch. 804

ချင်းလင်အပန်းဖြေစံအိမ်_

ဝန်ကြီးလုက ချင်လင်ကိုဖုန်းဆက်ပြီး_

"သူဌေးချင်... အရင်ကိစ္စကဖြေရှင်းပြီးပြီ... အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်သူမှမင်းကိုမနှောင့်ယှက်တော့ဘူး... ဒါပေမဲ့ ဟော်လန်နဲ့ရှီပန်းယက ဆန္ဒပြနေတယ်... အဲဒီအတွက်လည်း စိုးရိမ်စရာမလိုပါဘူး... ငါတို့အာရုံမထားလို့ သူတို့ဖိအားပေးလို့မရဘူး''

ဒါကလည်း အာမခံပေးခြင်းတစ်မျိုး။ ချင်လင်လည်း ပိုပြီးယုံကြည်မှုရှိလာပြီး_

"ဝန်ကြီးလု... ကျွန်တော့်ကိုစကားပါးပေးပါလား? ဒီလူတွေထပ်ပြီးဆန္ဒပြနေရင် ပန်းချီကားတွေကိုအားလုံးမြင်ရအောင် သန့်စင်ခန်းအပေါက်ဝမှာချိတ်ဆွဲထားရမလားလို့?''

"သူဌေးချင်... ကောင်းတော့မကောင်းဘူး... ဒါပေမဲ့ ပြောပေးမယ်''

ဝန်ကြီးလုကပြောသည်။

စကားခဏပြောပြီးနောက် နှစ်ယောက်သားဖုန်းချလိုက်သည်။

ချင်လင်ဖုန်းချပြီးသောအခါ တန့်ကွမ်းက ချူယွဲ့နှင့်ခုံးလင်ကိုခေါ်ပြီး သူ့ရုံးခန်းထဲရောက်လာသည်။

"ဥက္ကဌချင်... ထုတ်လုပ်ရေးလိုင်းကထုတ်တဲ့ရေပူစမ်းဆေးမှုန့်အဖြေတွေ ချင်းလင်ဓာတ်ခွဲခန်းကရပါပြီ''

တန့်ကွမ်းက စမ်းသပ်ချက်အဖြေကိုချင်လင်ဆီလှမ်းပေးရင်းရှင်းပြသည်_

"ဒါပေမဲ့ ထုတ်လုပ်ရေးလိုင်းက ရေပူစမ်းဆေးမှုန့်ရဲ့ပါဝင်ပစ္စည်းနဲ့အချက်အလက်တွေက အရင်လောက်အာနိသင်မကောင်းဘူးလို့ပြနေပါတယ်''

"ရတယ်''

ချင်လင်က အရည်အသွေး ၁ နှင့် ၂ ကြားခြားနားချက်ကိုသိပြီးဖြစ်သည်_

"ထုတ်လုပ်ရေးလိုင်းကအာနိသင်ကိုမြင့်လွန်းတယ်လို့တောင်ထင်နေတာ... အာနိသင်လျော့အောင်ဘယ်လိုလုပ်ရမလဲ အစ်ကိုလီကိုမေးရဦးမယ်... မဟုတ်ရင် ဆံပင်ကလွယ်လွယ်နဲ့ပြန်ပေါက်လို့ ဘယ်လောက်တန်ဖိုးရှိလဲမသိဘဲနေမယ်''

ထိုစကားကြောင့် တန့်ကွမ်း၊ ချူယွဲ့နှင့် ခုံးလင်တို့အံ့အားသင့်သွားသော်လည်း ချင်လင်ပြောသည့်အဓိပ္ပါယ်ကို သူတို့သဘောပေါက်သည်။

ချူယွဲ့ကလည်း_

"ဥက္ကဌချင်... ပြီးရင် ကျွန်တော် ချင်းလင်ဓာတ်ခွဲခန်းကိုပြောပြီး ပါမောက္ခလီခိုင်ကိုအကူအညီတောင်းလိုက်ပါမယ်... အာနိသင်ပျော့တာကို ပုံမှန်ထားပြီး လက်ရှိအာနိသင်ကိုအထူးထုတ်အနေနဲ့ရောင်းလို့ရပါတယ်''

"အင်း!"

ချင်လင်ခေါင်းညိမ့်လိုက်သည်။



အကြံကောင်းပဲ!

အရည်အသွေး ၁ ရေပူစမ်းဆေးမှုန့်ကအာနိသင်ထက်လွန်းရင်တောင် အရည်အသွေး ၁ ကိုရောင်းလို့မရတာမဟုတ်။ မည်သည့်ထုတ်ကုန်မဆို ပုံမှန်နှင့်အထူးရှိသည်။

တန့်ကွမ်းကဆက်ပြီး_

"ဥက္ကဌချင်... အခုရေပူစမ်းဆေးမှုန့်ကိုထုတ်လို့ရပါပြီ... ကုမ္ပဏီခွဲကလည်း ထုတ်လုပ်ရေးလိုင်းနဲ့ပစ္စည်းတွေမှာထားပါတယ်... အခုချက်ချင်းထုတ်လို့ရပါတယ်... လိုနေတာက ကြော်ငြာအားပါ... ကြော်ငြာဖို့အတွက် ချင်းလင်စံအိမ်တရားဝင်အကောင့်ကိုအကူအညီတောင်းချင်ပါတယ်''

အင်တာနက်အချက်အလက်ခေတ်တွင် ဆိုရှယ်မီဒီယာအကောင့်များက အကြီးဆုံးကြော်ငြာအဆက်အသွယ်ဖြစ်နေသည်။ မဟုတ်ရင် အင်တာနက်ဆယ်လီများက ထုတ်ကုန်ကို ၁၀ စက္ကန့်လောက်ကြော်ငြာပေးရုံနှင့် ယွမ်တစ်သန်းကျော်တောင်းနိုင်မည်မဟုတ်ပေ။

ချင်းလင်စံအိမ်တရားဝင်အကောင့်မှာ ပရိသတ် ၁၅ သန်းကျော်ရှိပြီး အများစုကအမာခံပရိသတ်များဖြစ်သည်။ ခရီးသွားဧည့်သည်များနှင့်ချင်းလင်ကုမ္ပဏီထုတ်ကုန်အသုံးပြုများပင်။

ရှုခင်းကအရမ်းလှပြီး ထုတ်ကုန်များကလည်းအလွန်အရသာကောင်းသည်။

ချင်းလင်စံအိမ်တရားဝင်အကောင့်မှာ ကိုယ်ပိုင်မီဒီယာအကောင့်များထဲတွင် ကြော်ငြာအားအကောင်းဆုံးဟုဆိုနိုင်သည်။

ကုမ္ပဏီအတော်များများက ချင်းလင်စံအိမ်တရားဝင်အကောင့်ကိုကြော်ငြာငှားချင်သော်လည်း ချင်းလင်စံအိမ်ကဒီငွေကိုမရှာချင်။ ပထမအနေနှင့် သူတို့ငွေမလို။ ဒုတိယအနေနှင့် ဒီကြော်ငြာထုတ်ကုန်တွေကနေ ဘယ်လိုကလေးမျိုးထွက်လာမယ်ဆိုတာ ဘယ်သူသိပါ့?

လက်မခံသင့်သောကြော်ငြာကို လက်ခံသောဆယ်လီများစွာရှိပြီး ထုတ်ကုန်တွင်ပြဿနာတစ်စုံတရာရှိလာပါက ထိုဆယ်လီကိုငြိစွန်းကာ နာမည်ချက်ချင်းပျက်တတ်သည်။

ချင်းလင်စံအိမ်က ဒီထောက်ချောက်ထဲမဝင်ဘဲ သူတို့ကိုယ်ပိုင်ထုတ်ကုန်ကိုသာကြော်ငြာသည်။

"မန်နေဂျာလင်းကိုခေါ်လိုက်မယ်''

ချင်လင်က လင်းလန်ဇီကိုဖုန်းဆက်ခေါ်ကာ တန့်ကွမ်းတို့နှင့်စကားပြောစေသည်။

လက်ရှိချင်းလင်စံအိမ်တရားဝင်အကောင့်တာဝန်ခံက လင်းလန်ဇီပင်။



ချင်လင်ဆီမှဖုန်းရပြီးနောက် လင်းလန်ဇီက ချင်းလင်အပန်းဖြေစံအိမ်ရုံးခန်းသို့အမြန်ရောက်လာသည်။ ချင်လင်ကိုမြင်မြင်ချင်း သူမကမေးသည်_

"ဥက္ကဌချင်... ဘာညွှန်ကြားစရာရှိပါသလဲ?''

ချင်လင်လည်း လင်းလန်ဇီကိုရေပူစမ်းဆေးမှုန့်အကြောင်းပြောပြီး_

"အဲဒါကြောင့် ချင်းလင်အစားအသောက်ကုမ္ပဏီခွဲကိုကူကြော်ငြာပေးရမယ်''

လင်းလန်ဇီက ရေပူစမ်းဆေးမှုန့်၏အာနိသင်ကိုကြားပြီး အံ့ဩသွားသည်_

"ဥက္ကဌချင်... အစားအသောက်ကုမ္ပဏီမှာ ဒီလိုထူးဆန်းတဲ့ထုတ်ကုန်မျိုးရှိလား?''

အခုဆံပင်အတွက်ပူစရာမလိုသေးသော်လည်း အသက်ကြီးလာရင် အနှေးနှင့်အမြန်ပူရတော့မည်။ ဒီပစ္စည်းရှိရင် သူမဆံပင်ကိုထိန်းသိမ်းထားနိုင်ပြီ။

ပြီးတော့ သူမအဖေကနည်းနည်းထိပ်ပြောင်နေပြီ။ နေ့တိုင်း သူ့ကိုယ်သူမှန်ထဲကြည့်ပြီး ဆံပင်တုတပ်တိုင်း စိတ်ပျက်လက်ပျက်ပုံပေါက်နေ၏။

ဒီဆေးမှုန့်နှင့် သူမအဖေကိုစမ်းကြည့်ရမည်။

ထိုအတွေးနှင့် လင်းလန်ဇီကမေးလိုက်သည်_

"ဒါရိုက်တာတန့်... ဒီရေပူစမ်းဆေးမှုန့်ကို ကျွန်မအိမ်အတွက်နည်းနည်းပါးပါးယူသွားလို့ရတယ်မလား?''

"ရပါတယ် မန်နေဂျာလင်း... ကိစ္စမရှိပါဘူး''

တန့်ကွမ်းကခေါင်းခါပြီး အိမ်အတွက်ထုတ်ကုန်တချို့ယူသွားချင်ကြတာ သဘာဝဖြစ်ကြောင်းပြောလိုက်သည်။

ဒီတော့ ဒီထုတ်ကုန်ကတကယ်ကောင်းတယ်ဆိုတဲ့သဘော။

"မန်နေဂျာလင်း... အပန်းဖြေစံအိမ်ကနေ တန်းယူသွားလို့ရပါတယ်''

ချင်လင်ကပြောသည်။

သူ့ဝန်ထမ်းတွေလိုချင်ရင် သူပေးမည်။ နောက်ပြီး ရေပူစမ်းဆေးမှုန့်အာနိသင်ကိုလင်းလန်ဇီသိရင် ကြော်ငြာအစီအစဉ်ဆွဲလို့ပိုကောင်းမည်။

"ကျေးဇူးပါ ဥက္ကဌချင်''

လင်းလန်ဇီကချက်ချင်း ကျေးဇူးတင်စကားပြောလိုက်သည်။

ချင်းလင်အပန်းဖြေစံအိမ်မှာသုံးတဲ့ ချင်းလင်ကုမ္ပဏီရဲ့ပစ္စည်းတိုင်းက အကောင်းဆုံးမှန်းသူမသိသည်။

ထို့နောက် နှစ်ဦးနှစ်ဖက်ပူးပေါင်းဆွေးနွေးကြ၏။

လင်းလန်ဇီက တရားဝင်ဆိုရှယ်မီဒီယာအကောင့်မှာကြော်ငြာရတာ အားရကျေနပ်သူပင်။

ထို့ကြောင့် မကြာမီ ချင်းလင်စံအိမ်တရားဝင်အကောင့်တွင် ဗီဒီယိုတစ်ပုဒ်တက်လာသည်။

All Chapters