သန့်စင်ခန်းပေါက်မှာနောက်တစ်ခါချိတ်! ဆံပင်ပေါက်ဆေး! ၂
Vol. 54 Ch. 806
ဗီဒီယိုက ထုတ်ကုန်ကြော်ငြာမဟုတ်။ သာမန်စကားပြောမျှသာ:
အားလုံးကိုသတင်းကောင်းပြောပါရစေ... မကြာခင် ကျွန်မတို့ထုတ်ကုန်အသစ်ထွက်ပါမယ်... ပြီးတော့ အရမ်းထူးဆန်းတဲ့ထုတ်ကုန်ပါ!
ချင်းလင်စံအိမ်တွင် ပရိသတ်အများကြီးရှိ၍ လူသိများသည်။ ရိုးရိုးရှင်းရှင်းစကားပြောတောင် အာရုံစိုက်ခံရသည်။
အစပိုင်းက ဆေးဖက်ဝင်ပျားရည်၊ SMA ကုသနိုင်သော ဒိုနာစီမြက်ရင်း၊ ဒါမှမဟုတ် အလှအပဥဖြစ်စေ၊ အလှအပသခွားသီးဖြစ်စေ၊ ချင်းလင်အားဖြည့်လက်ဖက်ရည်ဖြစ်စေ ချင်းလင်စံအိမ်ထုတ်ကုန်တိုင်းကအံ့ဩစရာကောင်းခဲ့သည်။
ထွက်သမျှထုတ်ကုန်တိုင်း အုတ်အော်သောင်းတင်းဖြစ်ပြီး အာနိသင်ကို အင်တာနက်တစ်ခုလုံးဩချရသည်။
သို့ရာတွင် ထုတ်ကုန်များထွက်သည့်အကြောင်းကိုကြေညာရန် ချင်းလင်စံအိမ်တရားဝင်အကောင့်က ဒီလိုသိချင်အောင်လုပ်သောနည်းမသုံးခဲ့ပေ။
ထို့ကြောင့် အာရုံမစိုက်ဘဲမနေနိုင်။ ဒီထုတ်ကုန်က အရင်ဟာတွေထက်ပိုထူးဆန်းမည်ဟုတွေးမိပြီး မျှော်လင့်စောင့်စားနေကြသည်။
လင်းလန်ဇီလည်း ချင်းလင်စံအိမ်မှရလာသောထုတ်ကုန်များနှင့် အိမ်ပြန်ရောက်လာသည်။ သူမမိဘများက ဧည့်ခန်းထဲတွင် TV ကြည့်နေကြ၏။
"လန်ဇီ ပြန်လာပြီလား... ဒီနေ့ အလုပ်ကဘယ်လိုလဲ?''
သူမအမေချန်မေ့က ချက်ချင်းမတ်တပ်ထပြီးမေးသည်။ နေ့စဉ်မေးနေကျအတိုင်းမေးပြီး ထပ်မေးပြန်သည်_
"ဒါနဲ့... ဒီအပတ်အားလား? မင်းဦးလေးက သုတေသနလုပ်နေတဲ့ PhD တစ်ယောက်နဲ့သိတယ်''
သမီးဖြစ်သူ မြို့ကြီးကနေစိတ်ထိခိုက်ပြီး ပြန်လာကတည်းက သမီးကိုစိတ်ပူနေခဲ့သည်။ ဘာပဲဖြစ်ဖြစ် သမီးကအသက် ၃၀ ကျော် အရွယ်ရလာပြီ။
အထူးသဖြင့် သမီးဖြစ်သူကအလွန်လှပြီး အလုပ်ကောင်းကောင်းလည်းရှိသည်။
ချင်းလင်စံအိမ်မှာမန်နေဂျာလုပ်ပြီး တစ်လသောင်းချီဝင်နေတော့ အားမကျတဲ့သူရှိမလား?
သို့သော် သူမသမီးကအလုပ်ပိုလုပ်လေလေ၊ ရုံချန်းတွင်လက်တွဲဖော်ရှာဖို့ပိုခက်လေလေပင်။
မိတ်ဆွေမိသားစုဝင်များက မထိုက်တန်၍မဟုတ်ဘဲ သူမသမီးကစိတ်မဝင်စားခြင်းသာ။ သူမတကယ်ခေါင်းကိုက်ရသည်။
လင်းလန်ဇီက သူမအမေစကားကြောင့် ချက်ချင်းစကားလမ်းလွှဲလိုက်သည်_
"အမေ... ကျွန်မ စနေတနင်္ဂနွေအချိန်ပိုဆင်းရမယ်... ကုမ္ပဏီက ထုတ်ကုန်အသစ်ထွက်ခါစဆိုတော့ ကျွန်မတို့ဌာနကအချိန်ပိုလုပ်ရမှာ!''

ဘလိုင်းဒိတ်တွေလည်း သူမကြောက်သည်။
ပွင့်ပွင့်လင်းလင်းပြောရရင် သူမအမေမိတ်ဆက်ပေးတဲ့ယောက်ျားတွေက မြင်မြင်ချင်း တစ်ကိုယ်လုံးသိမ်းကြုံးကြည့်လိုကြည့်၊ ချစ်ကြောင်းပြောရင်ပြော၊ မဟုတ်ရင် ကြွားဝါကြသည်။
သူမကဒုက္ခမျိုးစုံကြုံလာသူဖြစ်၍ ကြွားမကြွားချက်ချင်းသိသည်။
အိမ်ကစီစဉ်ပေးသောယောက်ျားတစ်ဦးနှင့်ဘလိုင်းဒိတ်တွေ့ခဲ့ဖူးသည်။ ချန်မျိုးရိုးဖြစ်ပြီး တောက်လျှောက်ညစာစားခေါ်ကာ ယွမ်သိန်းချီသန်းချီသောလုပ်ငန်းအော်ဒါများရှိကြောင်းပြောသည်။
သို့သော် အဆင်မြင့်စားသောက်ဆိုင်မှာစားပြီး ပိုက်ဆံရှင်းချိန်ရောက်လျှင် လုံးဝမရှင်းနိုင်။ ဘေးနားသွားဖုန်းဆက်ကာ ပိုက်ဆံရှင်းဖို့အတော်အချိန်ယူရသည်။
စောစောကလေလုံးထွားလာသမျှ အပြင်ထွက်လည်ပတ်ဖို့တောင်မလောက်။ ဖုန်းဆက်ခေါ်ပြီးပိုက်ဆံရှင်းခိုင်းရသည်။
ဒီနေ့ခေတ်တွင် ဒီလိုပါးစပ်ပြောနှင့်ယောက်ျားအတော်များနေသည်။ အပြောကမိုးပေါ်ကမဆင်းဘဲ တစ်ကမ္ဘာလုံးကိုငတုံးမှတ်နေကြသည်။
အမှန်အတိုင်းဆိုရရင် လက်ရှိသူမအခြေအနေအရ ယောက်ျားတစ်ယောက်ပိုက်ဆံဘယ်လောက်ရှာနိုင်သည်ကိုဂရုမစိုက်။ ဒီလိုယောက်ျားမျိုးကို လုံးဝရွံသည်။
ပြီးတော့ သိန်းချီသန်းချီရှာနိုင်တဲ့ယောက်ျားဆိုရင်ရော ဘာဖြစ်လဲ?
သူလုပ်ပုံကိုင်ပုံနဲ့ ဘေရှင်းဖို့နေ့ဝက်လောက်ကြာပုံနဲ့တင် အတော်များများကယုံရခက်ခက်။ ယောက်ျားဆိုမပြောနဲ့တော့။
သူမတိုင်ခင် ချန်မျိုးရိုးတစ်ယောက်ရှိသေးသည်။ ညစာထွက်စားရင်း စကားများပြီး သူ့လူကိုဖုန်းဆက်ကာ ရန်ဖြစ်ချင်ကြောင်းပြောသည်။ သူ့ကိုယ်သူဩဇာရှိသောအစ်ကိုကြီးပုံဖမ်း၏။
ဒီလိုလူမျိုးက အသိသာဆုံးပင်။ မိန်းမများလည်း ဒီလိုလူမျိုးအကြောင်းသိသည်။
ဒါဘယ်လိုလူ့အဖွဲ့အစည်းမျိုးလဲ? လူကိုထိုးပြီး မြေပေါ်လဲသွားရင် ယွမ်သောင်းချီပေးရမည်။
ဒီကိစ္စပြီးအောင်ဘယ်လိုလုပ်ကြမလဲ?

မဆင်မခြင်လူသတ်မိရင် တစ်သက်လုံးထောင်ထဲမှာနေရမယ်မလား?
ဦးနှောက်ရှိသောအမျိုးသမီးတိုင်း ဒီလိုလူမျိုးကိုအထင်မကြီး။
လင်းလန်ဇီကချက်ချင်းစကားလမ်းကြောင်းပြောင်းပြီး သူမအဖေလင်းဟိုင်ကျွင်းအား_
"အဖေ... အဖေ့အတွက်လက်ဆောင်ပါတယ်... ဒီဟာ''
လင်းဟိုင်ကျွင်းကရေပူစမ်းဆေးမှုန့်ကိုယူပြီး ဇဝေဇဝါနှင့်မေးသည်_
"လန်ဇီ... ဒါကဘာလဲ?''
လင်းလန်ဇီကအမြန်ရှင်းပြသည်_
"အဖေ... ဒါချင်းလင်ကုမ္ပဏီရဲ့ထုတ်ကုန်အသစ်... ဆံပင်ပြန်ပေါက်တယ်... ပြီးတော့ အရမ်းထိရောက်တာ''
သူမစကားကြောင့် လင်းဟိုင်ကျွင်းက_
"အဲဒါလား? ဘယ်ဟာမှမကောင်းပါဘူး''
သူကမျက်မှောင်ကြုတ်နေသည်။ အမှန်အတိုင်းပြောရရင် ဒီလိုထုတ်ကုန်မျိုးကိုသူစိတ်ဝင်စားဆဲပင်။ အထူးသဖြင့် သူကအလုပ်မှာမျက်နှာပြရသည်။
သို့ရာတွင် သူနည်းအမျိုးမျိုးနှင့်စမ်းသပ်ခဲ့သော်လည်း ပြန်ကောင်းမလာ။ ဒီလိုအာနိသင်နှင့်ထုတ်ကုန်များက အလိမ်အညာများသည်။
ထို့ကြောင့် သူ့သမီးပေးသောပစ္စည်းကိုသိပ်မျှော်လင့်မထားပေ။
အဖေပြောချင်တာ လင်းလန်ဇီကသဘောပေါက်၍ ချက်ချင်းပင်_
"အဖေ... ဒီထုတ်ကုန်ကမတူဘူး... ဒါပါမောက္ခလီခိုင်ရဲ့ထုတ်ကုန်အသစ်''
"ပါမောက္ခလီခိုင်?''
လင်းဟိုင်ကျွင်းမျက်လုံးများအရောင်တောက်သွားသည်။ ပါမောက္ခလီခိုင်ကိုသူသိသည်။ အံ့ဩစရာကောင်းသောသိပ္ပံပညာရှင်တစ်ဦးပင်။
အထင်ကြီးစရာသိပ္ပံရလဒ်များထွက်ထားသည်။
ပါမောက္ခလီခိုင်ရဲ့သုတေသနကရတဲ့ထုတ်ကုန်ဆို မျှော်လင့်စရာ။
"သမီး... ဒါဘယ်လိုသုံးရမှာလဲ?''
လင်းဟိုင်ကျွင်းက အလောတကြီးမေးသည်။
လင်းလန်ဇီကချက်ချင်းဖြည့်ပြော၏_
"အဖေ... ရေချိုးဇလုံထဲသာလောင်းထည့်လိုက်... အပူချိန်ကို ၄၀ ဒီဂရီလောက်ထား... ဘယ်လိုနေလဲ ပြန်ပြောဦးနော်''
ဒီလောက်လွယ်မှန်းသိပြီး လင်းဟိုင်ကျွင်းကညတွင်းချင်းစစမ်းသပ်သည်။ သူကရေပူစမ်းဆေးမှုန့်ကို ရေချိုးဇလုံထဲလောင်းချပြီး ရေချိုးသည်။
နောက်ပြီး လင်းလန်ဇီယူလာသောရေပူစမ်းဆေးမှုန့်မှာ အာနိသင်အလွန်ကောင်းသော အရည်အသွေး ၂ ဖြစ်လေသည်။