အရှုံးကိုဝန်ခံ! ကြောက်စရာအချက်အလက်!
Vol. 54 Ch. 807
နယ်သာလန်_
အမ်စတာဒန်အမျိုးသားပြတိုက်တွင် Arsda တစ်ယောက် ပြန်ရောက်လာပြီးကတည်းက ဂနာမငြိမ်ဖြစ်နေသည်။ ဗန်ဂိုးရဲ့'ပင်လယ်ထဲကနေကြာ'ကိုသာပြန်မရရင် ရင်ထဲမှာဆူးငြောင့်လိုစိုက်နေတော့မည်။
"ကန့်ကွက်တာဘယ်လိုဖြစ်သွားပြီလဲ?''
Arsda က သူ့အတွင်းရေးမှူးကိုလောလောနှင့်မေးသည်။
အတွင်းရေးမှူးကခေါင်းခါပြီး_
"လောလောဆယ် ဘာသတင်းမှမရှိပါဘူး... ကျွန်မတို့ဆန္ဒပြတာကို လျစ်လျူရှုထားပြန်ပြီထင်တယ်''
ထိုစကားကြောင့် Arsda မျက်နှာပျက်သွားပြီး_
"နောက်ထပ်ကန့်ကွက်စာပို့!''
သူနည်းနည်းစိတ်ရှုပ်နေပြီ။
သူတို့ရဲ့ကန့်ကွက်စာက ဘယ်တုန်းကစပြီး အရှေ့တိုင်းမှာအသုံးမဝင်ဖြစ်သွားတာလဲ?
အရင်ကဒီလိုအခြေအနေမျိုးကြုံရင် တစ်ဖက်ကစိုးရိမ်နေကြသည်။ သူတို့ကန့်ကွက်စာကို အကြီးအကျယ်ထည့်စဉ်းစားကြလိမ့်မည်။
လုပ်နေကျနည်းအလုပ်မဖြစ်သောကြောင့် ရုတ်တရက် အောင့်သီးအောင့်သက်ဖြစ်ရလေသည်။
အတွင်းရေးမှူးက အချိန်မဆိုင်းဘဲ သံတမန်ရေးရာကို ချက်ချင်းကန့်ကွက်စာပို့လိုက်သည်။
သံတမန်ရေးရာက သူ့ကန့်ကွက်စာကို တစ်ဖက်နိုင်ငံပို့ပေးလိမ့်မည်။
ဒီတစ်ကြိမ်တွင် ကန့်ကွက်စာပို့ပြီးမကြာမီ သံတမန်ရေးရာဘက်ကပြန်ဖြေမှန်း အတွင်းရေးမှူးတွေ့လိုက်ရသည်။ တစ်ဖက်နိုင်ငံကတုံ့ပြန်ထားပြီ။
"ညွှန်မှူး... သံတမန်အဖွဲ့ကပြန်ဖြေထားတယ်''
အတွင်းရေးမှူးက လောလောနှင့် Arsda ကိုပြောလိုက်သည်။
ထိုစကားကြောင့် Arsda ပြုံးလိုက်သည်။
အမြဲတမ်းလျစ်လျူမရှုနိုင်ဘူးဆိုတာ သိသားပဲ။ အခုမအောင့်နိုင်တော့ တုံ့ပြန်လာပြီပေါ့။

အရင်အတွေ့အကြုံအရ မျက်နှာကြီးဘက်လှည့်ပြီး ပန်းချီကားပြန်ဝယ်ခိုင်းတာဖြစ်မည်။
Arsda က Email ဖွင့်ပြီးပြီးချင်း အကြောင်းအရာကိုဖတ်လိုက်သည်။
သို့သော် အကြောင်းအရာမြင်မှ ပြုံးရွှင်နေသောသူ့မျက်နှာက မှုန်မှိုင်းသွား၏။
တစ်ဖက်က သူတို့ကန့်ကွက်စာကို ဘာမှမလှုပ်ရှားဘဲ စာပြန်ထားသည်။
သဘောက သူတို့ဆန္ဒကိုလျစ်လျူရှုသည်ပေါ့။
နောက်ပြီး တစ်ဖက်ကစကားပါးလိုက်သေးသည်။ ဗန်ဂိုးပန်းချီကားပိုင်ရှင်သူဌေးက ပန်းချီကားကိုသန့်စင်ခန်းပေါက်မှာချိတ်ဆွဲပြီး အားလုံးကြည့်ရအောင်ထားချင်သတဲ့။
"သူလုပ်ရဲလား?''
Arsda ကချက်ချင်းမျက်နှာပျက်သွားပြီး စားပွဲကိုဖြန်းခနဲရိုက်လိုက်သည်။
သူ့လက်နီရဲပြီးရောင်သွားသော်လည်း ဂရုမစိုက်အား။
ဗန်ဂိုးပန်းချီကားကိုသန့်စင်ခန်းပေါက်မှာတကယ်ချိတ်ဆွဲထားရင် သူတို့နိုင်ငံရဲ့အနုပညာနဲ့သူတို့ယဉ်ကျေးမှုကိုစော်ကားခြင်းတာပဲ။
ဒါမျိုးအဖြစ်မခံနိုင်။
Arsda ဒေါသငယ်ထိပ်ရောက်နေစဉ် email အဆုံး၌နောက်ထပ်သတင်းတစ်ခုကိုတွေ့ရသည်။
ထိုအကြောင်းဖတ်ပြီး သူ့မျက်နှာပြောင်းသွားပြန်သည်။
သတင်းက ဟိုရှီနိုအကြောင်းပင်။
ဟိုအရှေ့တိုင်းသူဌေးမှာ ရှင်းကျန့်တယ်ရဲ့မြို့စားနှင်းဆီတောင်ရှိသတဲ့။

မြို့စားနှင်းဆီက ရှင်းကျန့်တယ်ကိုကိုယ်စားပြုမှန်း Arsda သိသည်။ ဂုဏ်ကျက်သရေနှင့်သစ္စာတရားကိုကိုယ်စားပြုထားသည်။
ဒါပေမဲ့ ဒီထဲမှာ ဟိုအရှေ့တိုင်းသူဌေးက မြို့စားနှင်းဆီကိုအားလုံးကြည့်ရအောင် သန့်စင်ခန်းပေါက်မှာချထားသတဲ့။
ဒီလုပ်ရပ်က ရှင်းကျန့်တယ်ကိုလုံးဝစော်ကားပြီး ရန်စခြင်းပင်။
သို့သော် မြို့စားနှင်းဆီက အရှေ့တိုင်းသူဌေးလက်ထဲတွင်ရှိနေဆဲဖြစ်၍ ရှင်းကျန့်တယ်၏ကန့်ကွက်ခြင်းက အသုံးမဝင်ခဲ့။ သန့်စင်ခန်းတံခါးပေါက်မှ ဥယျာဉ်ထဲရွှေ့ဖို့သာတတ်နိုင်ခဲ့သည်။
သတင်းဖတ်ပြီး Arsda ချက်ချင်းအသံတိတ်သွားသည်။
ရှင်းကျန့်တယ်ဖြစ်နေသောကြောင့်ပင်။
ရှင်းကျန့်တယ်နဲ့ သူတို့ဘယ်လိုယှဉ်နိုင်မလဲ?
ရှင်းကျန့်တယ်ကအပေးအယူလုပ်ပြီးပြီ၊ သူတို့ကဘာတတ်နိုင်ဦးမလဲ?
ရုတ်ချည်းဆိုသလို Arsda အားယုတ်သွားသည်။ ဒီအရှေ့တိုင်းနိုင်ငံက တကယ်မတူဘူးပဲ။
"ဆက်ကန့်ကွက်!''
ခဏအကြာ Arsda က ဆက်ပြောသည်။
"ဟုတ်ကဲ့''
အတွင်းရေးမှူးကပြန်ဖြေ၏_
"နောက်ထပ်ပို့လိုက်ပါမယ်''
"မခြောက်နဲ့''
Arsda က အလောတကြီးပြောသည်_
"ကန့်ကွက်တဲ့အကြောင်းအရာပြောင်းလိုက်... ဗန်ဂိုးပန်းချီကားကို သန့်စင်ခန်းပေါက်မှာချိတ်တာ အပြင်းအထန်ကန့်ကွက်ပါတယ်လို့''
“???”
အတွင်းရေးမှူးကြောင်သွားသည်။
…
ချင်လင်က ဒါတွေမသိ။ သူက လင်းလန်ဇီပို့လိုက်သောနာမည်နှင့်အချက်အလက်များကိုကြည့်နေသည်။
ရေပူစမ်းဆေးမှုန့်အစမ်းသပ်ခံရန် လင်းလန်ဇီရွေးချယ်ထားသောလူများပင်။
သေသေချာချာရွေးချယ်ထားသောလူများဖြစ်၍ အားလုံးကထိပ်တော်တော်ပြောင်နေကြသည်။
Live တလျှောက်လုံးတွင်ပါဝင်ရန် လင်းလန်ဇီအကြံပြုထားသောပရိသတ်များကို သူအပြည့်အဝထောက်ခံသည်။ ဒါက အာနိသင်ကိုအသိသာဆုံးဖြစ်မည်။
ရေပူစမ်းဆေးမှုန့်အာနိသင်ကို အားလုံးသေချာသိသွားလိမ့်မည်။ ဒီနောက်ပိုင်း ထပ်ကြော်ငြာစရာမလိုတော့။ ဆံပင်ပြဿနာရှိသူများက ထုတ်ကုန်ကိုအပြေးအလွှားဝယ်ကြလိမ့်မည်။
"မန်နေဂျာလင်း... ဒီအစီအစဉ်အတိုင်းဆက်လုပ်ပါ!''
ချင်လင်လည်း ကြော်ငြာအစီအစဉ်ကိုဖတ်ပြီး စာဖိုင်တွင်လက်မှတ်ထိုးကာ လင်းလန်ဇီကိုပြန်ပေးလိုက်သည်။
"ကောင်းပါပြီ သူဌေး!''
လင်းလန်ဇီက စာဖိုင်ယူပြီး အပန်းဖြေစံအိမ်မှထွက်လာသည်။ မာတီမီဒီယာဌာနရုံးခန်းထဲပြန်လာကာ ရွေးချယ်ထားသောပရိသတ်များကိုအသိပေးရန်စီစဉ်သည်။
…
ပေဟိုင် နံပါတ် ၁ အထက်တန်းကျောင်း_
ရန်ကျန်းဖန်က ခါတိုင်းလို ပထမနှစ်ကျောင်းသားများကိုပတ်ကြည့်သည်။ ဒါကလည်း သူ့နေ့စဉ်တာဝန်တစ်ခုပင်။ အတန်းပိုင်ဆရာအနေနှင့် ကျောင်းသားများ၏သွားလာလှုပ်ရှားမှုများကို လိုက်ကြည့်ပြီးကြီးကြပ်ရသည်။
ကျောင်းသားများတစ်စုံတရာဖြစ်ပါက အချိန်မီတားမြစ်ရမည်။
ထောင့်ချိုးအကွေ့တစ်ခုတွင် ကျီစားရင်းလမ်းလျှောက်လာသော ကျောင်းသားကျောင်းသူစုံတွဲတစ်တွဲကိုတွေ့ရသည်။ လက်ချင်းတောင်တွဲထားကြသည်။ သူတို့ပုံစံအရ စိတ်ကစားသောစုံတွဲမှန်း သူသိလိုက်သည်။
ထို့ကြောင့် သူ့မျက်နှာမှုန်မှိုင်းသွား၏။
သူက ချစ်ခြင်းကိုဆန့်ကျင်သူမဟုတ်။ ဘာပဲဖြစ်ဖြစ် သူ့သားကအခုမိန်းကလေးမရှာနိုင်သေးတာ သူသေမလောက်စိုးရိမ်သည်။
သို့သော် စိတ်ကစားသောအချစ်မျိုးကို အားမပေးနိုင်။ ပထမအနေနှင့် ကျောင်းစာကိုထိခိုက်မည်။ ဒုတိယအနေနှင့် အချစ်အကြောင်းသိဖို့ငယ်လွန်းသေး၏။
ကျောင်းသားစုံတွဲက ရန်ကျန်းဖန်ကိုမြင်သောခဏတွင် သူခိုးလူမိသလို မျက်နှာချက်ချင်းပြောင်းပြီး လက်လွှတ်လိုက်ကြသည်။
ရန်ကျန်းဖန်က မှုန်မှိုင်းနေသောမျက်နှာနှင့်လျှောက်လာပြီး သူတို့နှစ်ဦးကိုခဏစိုက်ကြည့်ကာ ကျောင်းသားအား_
"ပြန်သွားပြီး ကိုယ့်ကိုယ်ကိုယ်ဝေဖန်တဲ့အကြောင်းစာလုံး ၅၀၀၀ ရေးခဲ့''