← Chapters

အရှုံးကိုဝန်ခံ! ကြောက်စရာအချက်အလက်! ၃

Vol. 54 Ch. 809

အရှုံးကိုဝန်ခံ! ကြောက်စရာအချက်အလက်! ၃

Vol. 54 Ch. 809

ဓာတ်ပုံအများစုက ၁၀ နှစ်ကျော်ပြီဖြစ်၍ ဝါရင့်ထိပ်ပြောင်များဆိုသည့်သဘောပင်။ ချင်းလင်စံအိမ်ကလူတွေမှာ လုံးဝဆံပင်ပြဿနာတက်နေပြီး အတုအယောင်တစ်ယောက်မှမပါ။

ချင်းလင်စံအိမ်က live လွှင့်ရဲမှတော့ သူတို့ထုတ်ကုန်သူတို့ယုံကြည်၍ဖြစ်မည်။ ထို့ကြောင့် အတော်များများက မျှော်လင့်နေကြသည်။

ချင်းလင်စံအိမ် live ကိုကြည့်သူက တက်နေဆဲပင်။ ကြည့်သူများသည်နှင့် လူမြင်နှုန်းများပြီး တစ်ယောက်ပြီးတစ်ယောက်ဝင်လာကြသည်။

မကြာမီ live တစ်ခုလုံးကြည့်သူအရေအတွက်က တစ်သန်းကျော်သွား၏။ ကြောက်စရာကောင်းသောပမာဏပင်။

ချင်းလင်စံအိမ်က အကြံအဖန်ဟုဆိုသောစက်ပစ္စည်းများဝယ်ထားခြင်းမဟုတ်။ တကယ့်အွန်လိုင်းပရိသတ်များဖြစ်သောကြောင့်ပင်။

ချင်းလင်စံအိမ်ကိုစောင့်ကြည့်နေသောပရိသတ်အင်အားအတော်တောင့်မှန်း သက်သေပြနေသည်။ ဆံပင်ပြဿနာရှိသူအတော်များကြောင်းလည်းသက်သေပြနေ၏။

ထိုအချိန်တွင် ဆံပင်ပြဿနာရှိသူတစ်ပုံကြီး ချင်းလင်စံအိမ် live ထဲဝင်လာကြသည်။

လူဝင်နှုန်းတက်သည်နှင့် တန်ဖိုးကမြင့်မြင့်လာသည်။

ထိုပမာဏက ရုပ်သံဌာနအရာရှိများကိုလန့်သွားစေသည်။

ချူလဲ့မှာ ရုပ်သံလွှင့်ဌာနတစ်ခု၏ အချက်အလက်ဆိုင်ရာညွှန်မှူးဖြစ်သည်။ အစိုးရ၏ပြုပြင်မှုတချို့ကြောင့် ရုပ်သံလွှင့်ဌာနမှာ အတော်အဆင်မပြေဖြစ်နေသည်။ ပထမဆုံးအနေနှင့် အွန်လိုင်းကြည့်ရှုသူအရေအတွက်ကိုအကြံအဖန်လုပ်ခွင့်မပြုတော့။ အနည်းဆုံး တကယ်မရှိသောကြည့်ရှုသူများကို လိုင်းပြင်ပဟုထားရမည်။

နောက်ပြီး live လွှင့်သည့်အကြောင်းအရာကိုကန့်သတ်ချက်များရှိသည်။ PK live နှင့်ဟာသလို ရိုးရာအသံလွှင့်ဌာနများအပေါ်လည်း ကန့်သတ်ထားရှိသည်။ ထို့ကြောင့် အရင်လို live လွှင့်သည့်အချက်အလက်မျိုးရဖို့ အတော်ခက်သွားသည်။

အကန့်အသတ်မရှိခင်က အင်တာနက်ဆယ်လီများ၏ live မှာ တစ်ခါတည်းကြည့်ရှုသူ ၅၀၀၀၀၀+ အထိရှိသွားနိုင်သည်။ ထိပ်တန်းအင်တာနက်ဆယ်လီတချို့မှာ ကြည့်ရှုသူ ၁.၅ သန်း+ အထိတောင်ရှိတတ်သည်။



ထိုအရေအတွက်က အကြံအဖန်ဖြစ်၍ အများစုကမအောင်မြင်သော်လည်း အချက်အလက်ဖန်တီးကြ၏။ နောက်ပြီး တိုက်ရိုက်ရုပ်သံလွှင့်ခြင်းမှရသောဝင်ငွေကလည်း ကြောက်စရာကောင်းသည်။

ဤသည်က သူတို့ကြော်ငြာထားသောအရေအတွက်ပင်။

အခု အားလုံးကိုလမ်းကြောင်းလိုက်ပြီးနောက် ချီးကျူးခံရသော ထို PK လွှင့်သူများမှာ အချက်အလက်ကိုလွယ်လွယ်မလုပ်နိုင်တော့။

ချူလဲ့တွေးတောနေစဉ် သူ့လက်ထောက်က ရုံးခန်းအပြင်မှပြေးဝင်လာပြီး_

"ဒါရိုက်တာချူ... ကြည့်ရှုသူတစ်သန်းကျော်တဲ့ live ရှိပြန်ပြီ''

ချူလဲ့အံ့ဩသွားပြီး_

"ဘယ်ကလုပ်တာလဲ? ဝူ*လား လင်း*လား? လီကျစ်ချီလား လျိုကန်းဟုန်လား?''

"တစ်ခုမှမဟုတ်ပါဘူး''

လက်ထောက်ကအမြန်ပြောသည်_

"ချင်းလင်စံအိမ်တရားဝင်အကောင့်ပါ''

"ချင်းလင်စံအိမ်?''

ချူလဲ့အံ့အားသင့်သွားသည်။

ချင်းလင်စံအိမ်အကြောင်း သူသိသည်။ အလွန်ရေပန်းစားသောကြောင့်ပင်။ သူတို့ဖန်တီးသမျှက ရေပန်းစားစားလာသည်။

ရေပန်းစားသောနာမည်ဖြစ်၍ ချင်းလင်စံအိမ်လူဝင်နှုန်းက အတိုင်းအတာတစ်ခုအထိရှိလိမ့်မည်။

ချင်းလင်စံအိမ်က live လွှင့်ခဲသောကြောင့် live စလွှင့်လွှင့်ချင်း အွန်လိုင်းကြည့်သူအရေအတွက်တစ်သန်းအထိရောက်မည်ဟု မထင်မိပေ။

"သတ္တုဘယ်နှစ်တုံးဆွဲထားလဲ?''

ချူလဲ့ကအလောတကြီးမေးသည်။



"အကြံအဖန်မရှိပါဘူး... အားလုံးလိုင်းသုံးနေတဲ့သူတွေပါ''

လက်ထောက်က အမြန်ပြောပြသည်။

"သွားကြည့်ရအောင်''

ချူလဲ့က မယုံ။

အရင်က အွန်လိုင်းကြည့်ရှုသူတစ်သန်းကျော်သော live လွှင့်သူတွေ အများကြီးပါကုန်သည်။

အခု live လွှင့်နေကျမဟုတ်တဲ့ချင်းလင်စံအိမ်က အွန်လိုင်းကြည့်ရှုသူတစ်သန်းကျော်တဲ့။ သူကျမပါဘူးလား?

ချင်းလင်စံအိမ်ရဲ့ပရိသတ်တွေက ဒီလောက်ကောင်းလား?

ချူလဲ့က လက်ထောက်နှင့်အတူ မာတီမီဒီယာဌာနတွင် အချက်အလက်များလိုက်ကြည့်သည်။ သို့ရာတွင် ချင်းလင်စံအိမ်၏အွန်လိုင်းပရိသတ်အရေအတွက်ကိုမြင်ပြီး သူလန့်သွားသည်။

အွန်လိုင်းသုံးနေတဲ့သူ ၃ သန်းကျော်သွားပြီ။ အားလုံးက လက်ရှိလိုင်းသုံးနေသူတွေတဲ့။

မယုံချင်စရာ!

ချူလဲ့မယုံနိုင်!

သို့ရာတွင် လူမှုရေးဖိအားများမြင့်တက်နေသည်ကို သူမသိတတ်။ ဆံပင်ပြဿနာကြုံနေရသောလူက သန်း ၄၆၀ ရှိပြီး ထိပ်ပြောင်နေသူ သန်း ၅၀ ကျော်နေပြီ။

ဒီတော့ ဒီလူတွေက ချင်းလင်စံအိမ် live အကြောင်းအရာကိုမြင်ပြီး မဝင်ဘဲနေမလား?

ဒီလိုပြဿနာမျိုးဖြစ်လာရင် တည်တည်ငြိမ်ငြိမ်နဲ့ အဖြေမရှာဘဲနေသူရောရှိမလား?

ပြီးတော့ ချင်လင်စံအိမ်၏လုပ်ပုံလုပ်နည်းကိုမြင်ပြီး အခြေအနေစောင့်ကြည့်ရမည်။

သို့ဖြစ်၍ ချင်းလင်စံအိမ် live မှာ ၃ သန်းကျော်ပြီး ဆက်တက်နေဆဲပင်။

မော့ရင်ကိုယ်တိုင်တောင် ဒီအချက်အလက်ကိုလန့်မိသည်။ ဒီလိုပမာဏရအောင် live လွှင့်နိုင်သူကို ထိုင်ရှိခိုးချင်စိတ်တောင်ပေါက်လာသည်။

မယုံနိုင်စရာကောင်းလိုက်တာ!

All Chapters