← Chapters

မြင့်မြတ်သောစိတ်ထားနှင့်ရက်စက်ခြင်း

Vol. 1 Ch. 36

မြင့်မြတ်သောစိတ်ထားနှင့်ရက်စက်ခြင်း

Vol. 1 Ch. 36

အခန်း (၃၆) မြင့်မြတ်သောစိတ်ထားနှင့်ရက်စက်ခြင်း

နှင်းကျခြင်းက ရပ်တန့် မသွားပေ။ ဤနေ့တွင်လည်း နှင်းများက ကျဆင်းနေဆဲ ဖြစ်လေသည်။

အန်းရန်ကျယ်က …

"ဝူအဘိုးကြီး တည်းခိုရိပ်သာ တံခါးကို ပြင်သင့်နေပြီ။ ခင်ဗျားတို့ ဆန်းသခင်လေးအတွက် ဒီလောက်ငွေလေးကို နှမြောနေသေးတယ်"

ဟု အိမ်တော်ထိန်း ဝူကို အော်ပြောလိုက်လေသည်။

"အန်းသခင်လေး ဒီတံခါးက နှစ်ပေါင်းတစ်ရာလောက် ရှိနေပြီ။ ဒီတံခါးကို ကျန်းလုန်သစ်သားနဲ့ ထွင်းထုပြီး လုပ်ထားရတာ။ ဒီတံခါးရဲ့ တန်ဖိုးက ရွှေစင်ရွှေသား တစ်ထောင်မက တန်တယ်။ ဒါက ကျုပ်တို့ တည်းခိုရိပ်သာရဲ့ ပြယုဂ်တစ်ခုပဲ"

အိမ်တော်ထိန်းဝူက ဂုဏ်ယူသော မျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။

ဤတံခါးကြီးမှာ နှစ်ပေါင်းများစွာ ကြာနေပြီ ဖြစ်လေသည်။ တည်းခိုရိပ်သာလုပ်ငန်း စတင်လုပ်ကိုင် ကတည်းက ဆန်းသခင်ကြီးက လက်ဆောင်ပေးခဲ့ခြင်း ဖြစ်လေသည်။

တံခါးကြီးမှာ ရွှေစင်ရွှေသား တစ်ထောင်တန်သည် ဆိုသည်ကတော့ အပိုပြောခြင်း ဖြစ်လေသည်။ သို့သော် တကယ်ပင် တန်ဖိုးကြီးမားသည့် တံခါးကြီး ဖြစ်သည်ကိုတော့ ငြင်း၍ မရပေ။

ကျန်းလုန် သစ်သားမှာ သစ်ပင်ကြီးထွားမှုနှုန်းက အလွန် နှေးကွေးလေသည်။ သစ်သားမှာ ခိုင်ခန့်မာကျောပြီး ကျုံ့နိုင် ချဲ့နိုင်စွမ်း ရှိလေသည်။ သစ်သား မျက်နှာပြင်မှာ ချောမွေ့ ကောင်းမွန်ပြီး တော်ရုံနှင့် မပျက်စီးနိုင်ပေ။ အလွန် ပြင်းထန်သည့် အားနှင့် ထိခိုက်မိလျှင်တောင်မှ ကျိုးသွားခြင်းမျိုး မရှိဘဲ ဓားရှည်ကဲ့သို့ ကွေးညွတ်သွားမှာ ဖြစ်လေသည်။ သစ်သား၏ အစွန်းနှစ်ဖက် မှာလည်း ဓားသွားကဲ့သို့ ထက်မြိလေသည်။

ကျန်းလုန်သစ်သား၏ ထူးခြားသည့် အချက်မှာ သစ်သားမှ ရနံ့လေး မွှေးနေပြီး ထိုရနံ့လေးကို အဆိပ်ရှိသည့် ပိုးကောင်များက ကြောက်ကြခြင်း ဖြစ်လေသည်။ မည်သည့် ပိုးမွှားမဆို တံခါးနား ရောက်သည်နှင့် အဝေးသို့ ပြေးကြသည်သာ ဖြစ်လေသည်။

အန်းရန်ကျယ်မှာ မာနကြီးသော်လည်း အသုံးမကျပေ။ သူက ကျန်းလုန်သစ်သား၏ အဖိုးတန်ပုံကို မသိပေ။ သို့သော် အိမ်တော်ထိန်းဝူမှာ လျှောက်ပြီး အာချောင်တတ်သည့် သူတစ်ယောက် မဟုတ်ကြောင်းကိုတော့ သူသိလေသည်။ တံခါးကြီးကို ကြည့်ရသည်မှာ တန်ဖိုးတော့ ရှိမည့်ပုံပဲဟု အန်းရန်ကျယ် တွေးလိုက်မိသည်။

"ဒီတံခါးက ဒီလောက် တန်ဖိုးကြီးနေရင် သူများတွေ ခိုးသွားမှာ မကြောက်ဘူးလား"

အန်းရန်ကျယ်က ရွဲ့ပြီး ပြောလိုက်ခြင် းဖြစ်လေသည်။

"အန်းသခင်လေးကတော့ နောက်နေပြန်ပါပြီ။ ချင်ပြည်နယ်မြို့တော်က ဘယ်သူခိုးက ဆန်းအိမ်တော် ပိုင်ဆိုင်တဲ့ တည်းခိုရိပ်သာက တံခါးကို ခိုးရဲမှာလဲ"

"ဦးလေးဝူတို့နှစ်ယောက် တော်ကြတော့။ တံခါးအပြင်မှာ လူတစ်ယောက် လဲကျနေတယ်။ ဦးလေးဝူ အလုပ်သမား နှစ်ယောက်လောက်လွှတ်ပြီး အဲဒီလူကို သယ်လာ ခိုင်းလိုက်ဦး"

ဆန်းလျန်က မျက်မှောင် အနည်းငယ်ကြုတ်ရင်း ပြောလိုက်သည်။

ပြဿနာဆိုသည်မှာ အချိန်ကိုက် ရောက်လာတတ်သည့် အရာပင် ဖြစ်သေလည်။

ဆန်းလျန်က သွေးနံ့ကို အာရုံခံမိသောကြောင့် ပြောလိုက်ခြင်း ဖြစ်လေသည်။

အိမ်တော်ထိန်းဝူမှာ မြင်ခြင်းကြားခြင်း မရှိပါဘဲ စိတ်အာရုံဖြင့် သိနေတတ်သည့် ဆန်းလျန်၏ စိတ်စွမ်းအားနှင့် အသားကျနေပြီ ဖြစ်လေသည်။ သူက ဆန်းလျန် ပြောသည့်အတိုင်း အလုပ်သမား နှစ်ယောက်ကို ခိုင်းလိုက်လေသည်။  တံခါးနှင့် မနီးမဝေးတွင် လူတစ်ယောက် လဲကျနေသည်ကို တွေ့လိုက် ရလေတော့သည်။

အလုပ်သမား နှစ်ယောက်က ထိုလူကို တည်းခိုးရိပ်သာ အတွင်းသို့ သယ်လာ ကြလေသည်။ ထိုလူက အရာရှိငယ်များ ဝတ်ဆင်လေ့ရှိသည့် အဝတ်အစားကို ဝတ်ဆင် ထားလေသည်။ အသက်နှစ်ဆယ်ခန့်သာ ရှိဦးမည် ဖြစ်ပြီး မျက်လုံးများက မှိတ်နေလေသည်။ သတိလစ်နေသည်မှာ ထင်ရှားလေသည်။

သူဝတ်ဆင်ထားသည့် နှင်းကာအင်္ကျီမှာ အနည်းငယ် စိုနေလေသည်။ သူက ကြမ်းပြင်ပေါ်တွင် သတိမေ့နေလေသည်။ ဆန်းလျန်က အစေခံများကို ရေနွေးဇလုံ တစ်ခု ယူလာခိုင်းလိုက်သည်။

ဆန်းလျန်က ထိုလူငယ်၏ နဖူးကို စမ်းကြည့်လိုက်တော့ ခြစ်ခြစ်တောက် ပူနေလေသည်။

ဆန်းလျန်၏ မျက်လုံးများက ထိုသူ၏ ဝမ်းဗိုက် အောက်ပိုင်းကို ကြည့်လိုက်သည်။ သိပ်ပြီး ထင်ရှားခြင်း မရှိသည့် အပ်ရာ သုံးခုကို ထိုလူငယ်၏ အဝတ်များပေါ်တွင် တွေ့လိုက်ရလေသည်။

သွေးနံ့မှာ ထိုနေရာမှ ထွက်နေခြင်း ဖြစ်လေသည်။

"တကယ်တော်တဲ့ လက်နက်ပုန်းပညာပဲ။ အပ်တွေ အားလုံးက အဓိက သွေးကြောနေရာတွေကို ထိထားတာ။ တစ်နေရာမှတောင် မလွဲဘူး။ တစ်ချက်တည်းနဲ့ ဒီလိုထိအောင် ပစ်နိုင်တာ တကယ့်ကို အထင်ကြီးစရာ ပုဂ္ဂိုလ်ပါပဲ"

ဆန်းလျန်က ပြောလိုက်လေသည်။

သိုင်းလောကမှ အဆင့်မြင့် သိုင်းသမားများသာ ထိုသို့ အဓိက သွေးကြောနေရာများကို တိုက်ခိုက် နိုင်လေသည်။ သို့သော် ထိုသို့သော အဓိက သွေးကြောနေရာများကို လက်နက်ပုန်းဖြင့် ဤမျှလောက် တိတိကျကျ ပစ်ခတ်နိုင်ခြင်းမှာ တကယ့်ကို အရည်အချင်းရှိပြီး လေ့ကျင့်မှုအား ကောင်းမှသာလျှင် ဖြစ်နိုင် ပေလိမ့်မည်။

ထိုသူ၏ ခန္ဓာကိုယ်ထဲတွင်လည်း အတွင်းအားလှိုင်းတစ်ခု စီးဝင်နေလေသည်။ ထို အတွင်းအားလှိုင်းမှာ ထိန်းချုပ်၍မရဘဲ ဖောက်ပြန် နေလေသည်။ ထို အတွင်းအားလှိုင်း မငြိမ်သက်မှုကြောင့် ထိုသူ၏ ကိုယ်မှာ ခြစ်ခြစ်တောက် ပူနေရခြင်း ဖြစ်လေသည်။ ထိုသို့ ပူလောင် နေသည့် အတွက် နှင်းတောထဲတွင် အသက်ရှင်နိုင်ခဲ့ခြင်း ဖြစ်လေသည်။

ဤကဲ့သို့သော ရာသီဥတုမျိုးတွင် ခရီးထွက်မည် ဆိုလျှင် အဆင့်မြင့် သိုင်းသမားများပင် လုံလောက်သည့် အတွင်းအား ရှိရန် လိုအပ်လေသည်။ မည်သူမျှ ရှင်းစစ်စစ်နျန်ကဲ့သို့ နှင်းတောထဲ သာသာယာယာ လမ်းလျှောက်လာနိုင်မည့်သူ မရှိပေ။ သူမက လူသား မဟုတ်သောကြောင့် ထိုသို့ ပြုမူနိုင်ခြင်း ဖြစ်လေသည်။

"သခင်လေး ရေနွေးရပါပြီ"

တည်းခိုရိပ်သာ ခန်းမထဲတွင် ဧည့်သည်များစွာလည်း ရှိနေလေသည်။ ဤ ရာသီဥတုမျိုးတွင် ချက်ချင်းလာပြီး ချက်ချင်း ပြန်သွားရန်မှာလည်း သူတို့မှာ ရှင်းစစ်စစ်နျန်ကဲ့သို့ မဟုတ်ကြပေ။

လူအားလုံးက သူတို့နှစ်ယောက်ကို ဝိုင်းကြည့် နေကြလေသည်။ မည်သို့ ဖြစ်လာမည်လဲဟု သိချင်စိတ်ဖြင့် စောင့်နေကြခြင်း ဖြစ်လေသည်။

"မိတ်ဆွေတို့ ကျုပ် လူအသက်ကယ်မလို့ပါ။ ဝိုင်းကြည့် မနေကြပါနဲ့။ ကျေးဇူးပြုပြီး ကိုယ့်နေရာကိုယ် ပြန်သွားပေးကြ ပါလား"

"ဆန်းသခင်လေး ကျွန်တော်တို့ ကြည့်ရုံပဲ ကြည့်မှာပါ။ မနှောင့်ယှက်ပါဘူး"

"ဟုတ်တယ် ဟုတ်တယ်။ ဆန်းသခင်လေးက ဆေးပညာလည်း သိပ်တော်တယ် ကြားတယ်။ ခုမှပဲ လက်တွေ့မြင်ခွင့် ရတော့မယ်"

ဆန်းလျန်မှာ စိတ်အနှောင့်အယှက် ဖြစ်သည့်ပုံ မပေါ်ပါ။ သူက ပြုံးပင်ပြုံးလိုက် မိလေသည်။ ဆန်းလျန်က လေကဲ့သို့ လျင်မြန်စွာ လှုပ်ရှားလိုက်လေသည်။ သူ၏ လှုပ်ရှားမှုမှာ လျင်မြန် လွန်းသောကြောင့် လူများမှာ အရိပ်မျှသာ မြင်လိုက်ကြရလေသည်။

ဆန်းလျန်၏ အရိပ်မှာ ရပ်ကြည့်နေကြသည့် လူများကို ပတ်ပတ်လည် လှည့်ပတ်သွားပြီး အားလုံးမှာ သူတို့ ရပ်နေသည့် နေရာတွင်ပင် အတောင့်လိုက်ကြီး ဖြစ်နေကြကာ လှုပ်ရှား၍ မရကြတော့ပေ။

ယခုတော့ ဆန်းသခင်လေးမှာ ခေသူမဟုတ်ကြောင်း ဧည့်သည်များအားလုံး သဘောပေါက်သွားကြလေသည်။

"ဧည့်သည်တို့က ကျွန်တော်ပြောတာ နားမထောင်လို့ ဒီလို လုပ်လိုက်ရတာပါ။ ဒီလို ကိုယ်ထိလက်ရောက် လုပ်လိုက်ရတဲ့အတွက် ကျုပ်ကို ခွင့်လွှတ် ပေးကြဖို့လည်း တောင်းပန်ပါတယ်"

ဆန်းလျန်က လက်ခုပ်နှစ်ချက် တီးလိုက်ပြီး အေးအေးဆေးဆေးပင် ပြောလိုက်သည်။ အလွန်ပင် ယဉ်ကျေးသိမ်မွေ့ လှလေသည်။

"အားလုံးပဲ ကျုပ်ပြောတဲ့အတိုင်း လိုက်နာမယ်ဆိုရင် မျက်တောင် ခတ်ပြကြပါ။ ခင်ဗျားတို့ကို အကြော ပြန်ဖွင့်ပေးပါ့မယ်"

ဆန်းလျန်က ဆက်ပြောလိုက်လေသည်။

ထိုသို့ ပြောလိုက်တော့ အားလုံးက မျက်တောင်ခတ်ပြ ကြလေသည်။

"သိပ်ကောင်းတယ်။ ကျုပ် နောက်တစ်ခုပြောဖို့ ကျန်သေးတယ်"

ရပ်နေသူများမှာ ဆန်းလျန်က သူတို့ကို တစ်ခုခု ထပ်လုပ်မည်ကို ကြောက်ရွံ့ နေကြလေသည်။ သို့သော် ယခုအချိန်တွင် သူတို့မှာ စကားလည်း မပြောနိုင်၊ လှုပ်ရှားလို့လည်း မရနိုင်ကြပေ။ သူတို့က အမှားကို ဝန်ခံချင်သော်လည်း မဖြစ်နိုင်ကြပေ။

"ကျုပ် အကြောဖွင့်ပေးပြီးလို့ ဒီကိစ္စအပေါ် မကျေနပ်တဲ့ သူရှိရင် ကျေနပ်တဲ့ သူတွေက သူ့ကို ဝိုင်းအပြစ်တင်လို့ ရပါတယ်။ ဒီကိစ္စကို ခင်ဗျားတို့အားလုံး လက်မခံနိုင်စရာ မရှိဘူးလို့ ထင်ပါတယ်"

ပြောပြီးသည်နှင့် ဆန်းလျန်က ကတိ ပေးထားသည့်အတိုင်း အားလုံးကို အကြောများ ပြန်ဖွင့် ပေးလိုက်လေသည်။

မကျေနပ်သည့်သူ နှစ်ယောက်ခန့် ရှိသော်လည်း အခြားသူများက ဝိုင်းအပြစ်တင်မည်ကို ကြောက်ကြသောကြောင့် ဘာမှမပြောဘဲ ငြိမ်နေကြလေသည်။

အားလုံးမှာ ကိုယ့်နေရာကိုယ် ပြန်သွားကြလေသည်။ အားလုံးမှာ ယခုတော့ ဆန်းလျန်ကို ဖြုံသွားကြပြီး လေးစား သွားကြလေသည်။ သူတို့က ဟင်းလျာများနှင့် အရက်များ မှာယူကြပြီး သူတို့ နေရာတွင်ပင် စားသောက် နေလိုက်ကြလေသည်။

လူ့သဘော သဘာဝအရ အားနည်းသော သူများကို အနိုင် ကျင့်တတ်ကြပြီး အားကြီးသည့် သူများကိုတော့ ကြောက်ရွံ့ တတ်ကြလေသည်။ ဤသည်မှာ အာဏာနှင့် အရှိန်အဝါကိုတော့ ကြောက်ကြပြီး လူလူချင်း တန်းတူ ဆက်ဆံမှုကိုတော့ တန်ဖိုး မထားကြသောကြောင့် ဖြစ်လေသည်။

ဆန်းလျန်မှာ ကြင်နာ သနားတတ်သော နှလုံးသားပိုင်ရှင် တစ်ယောက် ဖြစ်လေသည်။ ထို့ကြောင့် ယခု သူလုပ်လိုက်သည့် လုပ်ရပ်မှာ အနည်းငယ် ပြင်းထန်သွားလေသည်။

ဆန်းလျန်က လူဆိုးတစ်ယောက် မဟုတ်ပါ။ သို့သော် သူက လူပျော့လူညံ့ တစ်ယောက်လည်း မဟုတ်ပါ။  ကွမ်ယင်မယ်တော်ပင်လျှင် ကရုဏာတရား ကြီးမားသော်လည်း အမြဲတမ်းတော့ သဘော ကောင်းနေသည် မဟုတ်ပေ။ သူမက မိစ္ဆာပေါင်း တစ်သောင်းကျော်ကို နှိမ်နင်းခဲ့လေသည်။ သို့သော် ကရုဏာတရား မရှိသောကြောင့်တော့ မဟုတ်ပေ။

ဧည့်သည်များကို ဤသို့ ပြုမူလိုက်ခြင်းအတွက် တည်းခိုရိပ်သာ စီးပွားရေးလုပ်ငန်းကို ထိခိုက် နိုင်လေသည်။ သို့သော် ဆန်းလျန်က ထိုအချက်ကို ထည့်မတွက်ပါ။ သူက တစ်ခါသာ အသက်ရှင်ရသည့် လောကတွင် ချမ်းသာကြွယ်ဝမှုနှင့် ကျော်ကြားမှုများကို ဂရုစိုက်သည့်သူ မဟုတ်ပေ။ ထိုအရာများကို သူ့စိတ်ထဲသို့ပင် ထည့်မထားပေ။

အရာရှိငယ် အဝတ်အစား ဝတ်ဆင်ထားသည့် လူငယ်ဆီသို့ ဆန်းလျန် အာရုံ ပြန်စိုက်လိုက်သည်။ သူ့ကို ကြည့်ရသည်မှာ တကယ့် အရာရှိငယ် တစ်ယောက်တော့ ဟုတ်ပုံမပေါ်ပေ။ ထို့ပြင် သူ့ခန္ဓာကိုယ်တွင် တွေ့ရသော အမှတ်အသားများအရ ထိုလူငယ်မှာ ဝရမ်းပြေး တစ်ယောက် ဖြစ်နိုင်ဖွယ်ရှိလေသည်။

ညာဘက်လက်မနှင့် လက်သူကြွယ်တွင် အသားမာများ တက်နေသည်ကို ကြည့်ခြင်းအားဖြင့် ဓားသိုင်းကို နှစ်ရှည်လများ လေ့ကျင့်ခဲ့ပုံ ရလေသည်။ သို့သော် သူ့ထံတွင် မည်သည့် လက်နက်မျှ မတွေ့ရပေ။ သတိလစ်နေသည့် အချိန်တွင် သူ၏ဓား ပျောက်ဆုံးသွားခြင်းလည်း ဖြစ်နိုင်လေသည်။ ထို့ပြင် သူ့အင်္ကျီစပေါ်တွင်သာ အပ်သုံးချောင်းရာ ရှိခြင်းဖြစ်ပြီး တကယ်တမ်းတွင် မည်သည့်ဒဏ်ရာမှ မရှိချေ။ ကြည့်ရသည်မှာ လက်နက်ပုန်းနှင့် ပစ်ခတ် ခံရပြီးပြီးချင်း ထိုလူငယ်မှာ ထွက်ပြေး လွတ်မြောက်လာခြင်း ဖြစ်ဟန်တူလေသည်။

ထိုလူငယ်၏ဓား ပျောက်ဆုံးသွားရခြင်းမှာ တိုက်ဆိုင်မှုတော့ မဖြစ်နိုင်ပေ။ အပြန်အလှန် တိုက်ခိုက်ကြရင်း သူကလည်း တစ်ဖက်လူကို ဓားဖြင့် ထိုးခဲ့ခြင်း ဖြစ်ဟန်တူလေသည်။ အရာရှိငယ် ဝတ်စုံ ဝတ်ထားသည့် လူငယ်၏ ရန်သူမှာ လျင်မြန်ပြီး တိကျသူတစ်ယောက် ဖြစ်သည်ကိုတော့ မှန်းဆ ကြည့်နိုင်လေသည်။

သိုင်းလောကသားများ အချင်းချင်း ရန်ငြိုးကြောင့် တိုက်ခိုက်ကြသည်ဟု ယူဆ နိုင်ဖွယ်ရာ ရှိလေသည်။ ထို့ပြင် ဤလူငယ်မှာ တခြားနေရာသို့ မသွားဘဲ ဤ တည်းခိုရိပ်သာသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသည်မှာလည်း ဆန်းလျန်ကြောင့်ပင် ဖြစ်နိုင်လေသည်။

ဆန်းလျန်မှာ ယခုအချိန်တွင် သိုင်းလောကတွင် နာမည်တစ်လုံးနှင့် ရပ်တည်နေနိုင်ပြီ မဟုတ်ပါလား။

ဤအချက်များ အားလုံးမှာ ဆန်းလျန်၏ မှန်းဆချက်များသာ ဖြစ်ပြီး အတိအကျတော့ မမှန်ကန်နိုင်ပေ။ ဆန်းလျန်မှာ ထိုလူငယ်အား မကူညီဘဲ သေချင်လည်း သေပါစေဟူ၍ လက်လွတ်စပယ် လုပ်မည် မဟုတ်ပါ။

သူက တာအိုကျင့်စဉ်ကို ကျင့်ကြံသူဖြစ်ပြီး သူ၏ လူသားဆန်မှုများမှာ ပျောက်ဆုံးသွားခြင်း မရှိပါ။ သူ့မျက်စိရှေ့တွင် လူတစ်ယောက် အသက်ဆုံးသည်ကို ထိုင်ကြည့် နေရမည်မှာ သူ့အတွက် အလွန်ပင် ခက်ခဲလေသည်။

ဆန်းလျန်မှာ ဥပေက္ခာလမ်းစဉ်ကို လိုက်နေသည့် သူတစ်ယောက် ဖြစ်သော်လည်း သူက လူသားတစ်ယောက် ဖြစ်လေသည်။ သူက လူသားဆန်လွန်းသော လူသားတစ်ယောက် ဖြစ်လေသည်။

အချိန်ခဏ ကြာသွားသည့် အခါတွင်တော့ လူငယ်က ထထိုင်လိုက်ပြီး ရေဇလုံထဲသို့ သွေးများ အန်ထုတ်လိုက်သည်။ အန်ထုတ်လိုက်သည့် သွေးများမှာ သွေးခဲများ ဖြစ်ပြီး အနက်ရောင်ဘက်သို့ သွားသော ညိုပုပ်ပုပ် အရောင်များ ဖြစ်နေလေသည်။  အဆိပ်မိထားသည့် လက္ခဏာ ဖြစ်သည်။

သွေးများက ရေနွေး ဇလုံထဲသို့ ပျော်ဝင်သွားကြသည်။ သို့သော် လူငယ်ထံမှ သွေးနံ့ ရနေဆဲ ဖြစ်လေသည်။

ထို သွေးနံ့ကြောင့် ဆန်းလျန်မှာ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။

သွေးခဲများမှာ ရေနွေး ဇလုံထဲတွင် ပျော်ဝင်သွားခြင်း မရှိပါက သွေးနံ့က ပိုပြီး ပြင်းထန်လာမည် ဖြစ်ပြီး ထိုသွေးနံ့ကို ရသည့်သူတိုင်း စိတ်မသက်မသာ ခံစားရမည် ဖြစ်လေသည်။

All Chapters