ဇနီးလေး၊ ကိုယ်ရှင်းပြပါရစေ
Vol. 7 Ch. 88
"သေစမ်း!"
ချန်ကျီရဲ့ ပြောင်လှောင်သည့်အကြည့်ကို မြင်သောအခါ ကျောက်ယာသည် သူမ လှည့်စားခံလိုက်ရကြောင်း နားလည်သွားခဲ့သည်။ သူမ၏ရှေ့က ထိုလူသည် သူမကို စနောက်နေခြင်းဖြစ်လေရာ မိန်းကလေးမှာ ဒေါသထွက်နေတော့သည်။ သူမသည် လက်ထဲမှ ရေဘူးဖြင့် ချန်ကျဲ့ကို ပစ်ပေါက်လိုက်သည်။
သူမ၏ရှေ့မှ လူသည် သူမကို ရုတ်တရက် နာကျင်အောင်လုပ်လိမ့်မည်ကို သူမ မကြောက်ပေ။ အဘယ်ကြောင့်ဆိုသော် သူမ၏သရုပ်မှန်သည် သူမကို ကာကွယ်ပေးထားသောကြောင့် ဖြစ်သည်။ နီမန့်ဇစ်ပင်လျှင် သူမ၏ သရုပ်မှန်ကို သိသွားခဲ့ပါက သူမကို သတ်ဖြတ်ရန် မဝံ့ရဲဘဲ ဖမ်းဆီးထားရန်သာ ပြုလုပ်ဝံ့လိမ့်မည်။
ဒီလူက နီမန့်ဇစ်ရဲ့ လက်ပါးစေတစ်ယောက်ပဲ။ သူက ဘယ်လိုလုပ်ပြီး ငါ့ကို သတ်ရဲမှာတဲ့လဲ။
ချန်ကျဲ့သည်လည်း တကယ်တမ်းတွင် မိန်းကလေးကို ဘာမှ လုပ်ဖို့ အစီအစဉ် မရှိပေ။ သူမကို အနည်းငယ် စနောက်၍ အရမ်းကြီး ဉာဏ်ထုတ်မသုံးနေရန် ထိန်းထားလိုခြင်းသာ ဖြစ်ပါသည်။
အချိန်ခဏမျှ စမ်းသပ်ပြီးနောက် နှစ်ဦးစလုံးသည် သူတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး လွယ်လွယ်ကူကူ လှည့်စားနိုင်လိမ့်မည်မဟုတ်ကြောင်း နားလည်သွားခဲ့သည်။ သူတို့နှစ်ဦးစလုံး တိတ်ဆိတ်နေကြသည်။ ကျောက်ယာသည် ချန်ကျဲ့ကို စူးစူးရဲရဲ စိုက်ကြည့်နေခဲ့သည်။
…
ချန်ကျဲ့သည် စိုက်ကြည့်ခံရခြင်းအား ဂရုမစိုက်ပေ။
နည်းနည်းပါးပါး စိုက်ကြည့်ခံရတာလောက်နဲ့ အသက်သေသွားမှာလည်း မဟုတ်ဘူး။ ပြီးတော့ မိန်းကလေးက တကယ့်ကို အရမ်းချောမောလှပတယ်လေ။
"ဟေး မင်း စားမှာလား၊ မစားဘူးလား။ အချိန်ပြည့်ပြီနော်။ မင်း အိတ်ထဲ ပြန်ဝင်ရတော့မှာ"
ချန်ကျဲ့သည် သူ၏လက်ဖမိုးမှ သွေးများကို သုတ်လိုက်ပြီး မိန်းကလေးကို ပြောလိုက်သည်။ ချန်ကျဲ့၏စကားကြောင့် မိန်းကလေးသည် လန့်သွားပြီး အော်ပြောလာသည်။
"ခဏလောက် အပြင်မှာနေပါရစေဦး။ ကျွန်မ အိတ်ထဲ ပြန်မဝင်ချင်ဘူး"
ချန်ကျဲ့မှ ထရပ်လိုက်သည်။
"မင်းမှာ ရွေးချယ်ခွင့် မရှိဘူး!"
မိန်းကလေးသည် ထိုအခါမှ အလောတကြီးဖြင့် ပြောသည်။
"ခဏလေးစောင့်ပါဦး၊ ကျွန်မ ပေါက်စီတောင် မစားရသေးဘူး"
မိန်းကလေးသည် မြေကြီးပေါ်ရှိ ပေါက်စီကို ကြည့်လျက် ပြောသည်။
"ဒီပေါက်စီက ဘာလို့ ဒီလောက် မည်းနေရတာလဲ။ ရှင် အဆိပ်ခတ်ထားတာလား”
ချန်ကျဲ့ သူမကို ကြည့်လိုက်သည်။
"မင်း ပြောင်းဆန် မစားဖူးဘူးလား?"
စမိန်းကလေးသည် ပေါက်စီတစ်ပိုင်းကို ယူပြီး ဖြည်းဖြည်းချင်း ဝါးစားသည်။ သူမသည် အရသာဆိုးရွားမည်ဟု ထင်ထားခဲ့သော်ငြား နှစ်ခါ၊သုံးခါ ဝါးပြီးနောက်တွင် အရသာ အလွန်ကောင်းမွန်သည်၊ ၊ ပေါက်စီဖြူထက်ပင် ပိုကောင်းသေးသည်ဟု မှတ်ချက်ချလိုက်သည်။
ချန်ကျဲ့ ဘာမှ ပြန်မပြောပေ။
အစားအသောက်တစ်နပ်သည် အရသာကောင်းမွန်နိုင်ပါ၏။ သို့သော် အမြဲစားနေရပါက ပေါက်စီဖြူ၏ အထိအတွေ့အရသာနှင့် မယှဉ်နိုင်ကြောင်းကို နားလည်လာလိမ့်မည်ပင်။
ထို့အပြင် လူတိုင်းသည် ပြောင်းဆန်ကိုလည်း နပ်မှန်အောင် စားနိုင်ကြသည် မဟုတ်ပေ။ ချန်ကျဲ့သည်လည်း သူ၏မိသားစုအနေဖြင့် နပ်မှန်အောင်စားနိုင်သည်ဟု ပြောနိုင်သည့်အဆင့်ကို ရောက်ရှိရန် အများကြီး ကြိုးစားခဲ့ရပေသည်။
သို့သော် သူမကဲ့သို့ အထက်တန်းစားတစ်ယောက်အတွက်မူ ပေါက်စီဖြူသည် သာမန်ဖြစ်ပြီး ဤအရောင်ပိုရင့်သည့် ပြောင်းဆန်သည် ထူးဆန်းနေပုံရ၏။
စဉ်းစားကြည့်လိုက်သော် ဤကမ္ဘာသည် သူ၏ အတိတ်ဘဝနှင့် အတော်လေး ဆင်တူသည်ဟု ချန်ကျဲ့ ခံစားမိသည်။
မျက်မှောက်ခေတ်တွင်လည်း ဆင်းရဲသားများအတွက် သာမန်အရာများသည် ချမ်းသာကြွယ်ဝသူများအတွက် ထူးဆန်းနေနိုင်သေးပေသည်။ ဥပမာ ချန်ကျဲ့သည် ငယ်စဉ်က တောဟင်းရွက်များအား ဝက်များကို အစာကျွေးခဲ့ဖူးသည်။ နောက်ပိုင်း၌မူ မြို့ပေါ်လူများသည် ၎င်းတောဟင်းရွက်များကို အထူးတလည်စားေကာင်းသော အစားအစာအဖြစ် သတ်မှတ်ပြီး ဝယ်ယူကြသည်ကဲ့သို့ပင်။ နောက်ပိုင်း သူ ကျေးလက်မှ ထွက်လာသောအခါမှသာ ထိုတောဟင်းရွက်များသည် ပိုပြီး တန်ဖိုးရှိနေကြောင်း သိခဲ့ရသည်…
ထိုအကြောင်းကို ပြန်တွေးနေစဉ် ချန်ကျဲ့သည် မိန်းကလေးမှာ ပေါက်စီများကို အတုံးသေးလေးတွေ ဖဲ့ပြီး ဖြည်းဖြည်းချင်း စားေနသည်ကို သတိထားမိခဲ့သည်— ဒီလိုစားရင်တော့ တစ်သက်ကြာတော့မှာပဲ။ ငါ့မှာ လုပ်စရာတွေ အများကြီး ကျန်သေးတယ်ဟ။
ထို့သို့တွေးလျက် ချန်ကျဲ့ပြောလိုက်သည်။
"ငါ မင်းကို လက်ဖက်ရည်တစ်ခွက်သောက်စာ အချိန်ထပ်ပေးမယ်။ အဲဒါမှ မင်း စားလို့ မပြီးသေးလည်း အိတ်ထဲ ပြန်ဝင်ရမှာပဲ!"
"အာ ရှင်တို့ကတော့ လူတစ်ယောက်ကို အေးအေးဆေးဆေး စားခွင့်လေးတောင် မပေးနိုင်ကြဘူးလား”
ချန်ကျဲ့မှ ပြောသည်။
"စကားပြောနေတာလည်း အချိန်ထည့်တွက်မှာနော်”
"ရှင်!"
ထိုအခါ မိန်းကလေးသည် ဒေါသတကြီးဖြင့် ပေါက်စီများကို ပါးစပ်ထဲ ထိုးထည့်ပြီး ချန်ကျဲ့ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။
ရှင် စောင့်နေလိုက်။ ရှင့်ကိုယ်ရှင် ဒီခရိုင်မင်းသမီးရဲ့ လက်ထဲ မရောက်စေဖို့ ဆုတောင်းနေတာ ကောင်းလိမ့်မယ်။ မဟုတ်လို့ကတော့ ရှင့်ရဲ့ ဒီနေ့ လုပ်ရပ်တွေအတွက် ဆယ်ဆ ပြန်ဆပ်ခိုင်းပစ်မယ် လူယုတ်မာကောင်!
မိန်းကလေးသည် ဒေါသများကို ဖွင့်ထုတ်သည့်အေနဖြင့် ပေါက်စီကို အားဖြင့်ကိုက်ဝါးနေသည်။ သူမ၏ မျက်လုံးများသည် ချန်ကျဲ့ကိုဦးတည်သည့် အမျက်ဒေါသများဖြင့် တောက်လောင်နေခဲ့သည်။
ချန်ကျဲ့သည် ဂရုမစိုက်ပေ…
"ကောင်းပြီ၊ အချိန်ပြည့်ပြီ!”
ချန်ကျဲ့ ထရပ်ပြီး ကြိုးတစ်ချောင်းကို ဆွဲယူကာ လက်ဟန်ပြလိုက်သည်။
“လာ”
မိန်းကလေးသည် ဒေါသတကြီးဖြင့် လျှောက်လာပြီး ခြိမ်းခြောက်ပြောဆိုသည်။
"ရှင် ဒီခရိုင်မင်းသမီးရဲ့ လက်ထဲ ဘယ်တော့မှ ရောက်မလာရင် ကောင်းလိမ့်မယ်။ ဒီနေ့ ရှင့်ရဲ့ အရှက်ရစေတဲ့ လုပ်ရပ်အတွက် ဆယ်ဆ ပြန်ပေးဆပ်ခိုင်းမယ်လို့ ကျွန်မ ကတိပေးတယ်”
ချန်ကျဲ့မှ ပြောသည်။
"ကောင်းပြီ ကောင်းပြီ၊ မင်းလက်တွေကို ဆန့်ထုတ်လိုက်"
ချန်ကျဲ့သည် မိန်းကလေးကို ကြိုးချည်နှောင်ပြီး ပါးစပ်ထဲ အဝတ်စထိုးထည့်ကာ အိတ်ထဲထည့်ပြီး ထောင့်တစ်နေရာ၌ ပစ်ချလိုက်သည်။
ချန်ကျဲ့မှ ပြောသည်။
"ငါ သွားပြီ"
အဟင့် ဟင့်…
ထိုစဉ် အိတ်ထဲက ငိုရှိုက်သံ ထွက်လာခဲ့သည်။ ချန်ကျဲ့မှ နားထောင်လိုက်ပြီး မေးလိုက်သည်။
"ဘာလဲ?"
အဟင့် ဟင့်…
ချန်ကျဲ့သည် အိတ်ကို ဖြည်ပြီး အဝတ်စကို ဆွဲထုတ်လိုက်သည်။ ထိုအခါ မိန်းကလေးသည် အသက်ရှူမဝသည့်အလား ချောင်းဆိုး၍ မျက်ရည်များ စီးကျလာသည်။
"စောစော ပြန်လာနော်၊ ကျွန်မ... ကျွန်မ အမှောင်ကြောက်တယ်”
ထိုစကားကို ကြားသော် ချန်ကျဲ့မှ ပြောလိုက်သည်။
"မင်းလို သူရဲကောင်းဆန်တဲ့ ပုံရိပ်ရှိတဲ့သူက အမှောင်ကို ကြောက်တယ်ပေါ့လေ”
မိန်းကလေးမှ ခေါင်းမာမာနှင့် ပြန်ပြောသည်။
"ဟုတ်တယ်၊ ကျွန်မ ကြောက်တယ် အဲ့တော့ဘာဖြစ်လဲ။ ကြောက်လို့ မရဘူးလား”
ချန်ကျဲ့မှ ပြောသည်။
"ကောင်းပြီ၊ ငါအခြေအနေကြည့်ဦးမယ်။ အပြင်မှာ အခု အရမ်းရှုပ်ထွေးနေတယ်။ ဘာပြဿနာမှ မရှာနဲ့။ မကောင်းတဲ့လူတွေ မင်းကို ရှာတွေ့ပြီး မတော်မလျော်တဲ့ ရည်ရွယ်ချက်တွေ ထားမှာကို သတိထား၊ သိတယ်မလား။ ငါတို့ရွာမှာ လူဆိုးတွေ အတော်များတယ်။ သူတို့သာ မင်းလို ချစ်စရာကောင်းတဲ့ မိန်းကလေးကို မြင်သွားရင် သူတို့တွေက ငါ့လို ဂုဏ်သိက္ခာရှိရှိ ပြုမူနေကြမှာ မဟုတ်ဘူး*
ထိုအခါ မိန်းကလေးသည် ပို၍ကြောက်လန့်သွား၏။
သူမ၏ ယခုကဲ့သို့ အားနည်းပြီး အင်အားမရှိသည့်အချိန်တွင် အကယ်၍များ လူဆိုးလူမိုက်များနှင့် တွေ့ခဲ့လျှင် မည်သို့အခြေအနေမျိုး ဖြစ်လာလိမ့်မည်ကို မသိနိုင်ပေ။
ထိုသို့အတွေးဖြင့် သူမ တိတ်ဆိတ်သွားခဲ့သည်။ နောက်ဆုံး၌မူ ချန်ကျဲ့ ကြည့်၍ ပြောလာ၏။
"ကျွန်မမှာ မကောင်းတဲ့ကိစ္စတစ်ခုခု ဖြစ်သွားခဲ့ရင် ကျွန်မ ရှင့်ကို သရဲဘဝရောက်သွားတောင် အလွတ်ပေးမှာ မဟုတ်ဘူး!"
"ဟေ့ အဲဒါ ငါ့အလုပ် မဟုတ်ဘူးလေ!"
"ဒါဆို ကျွန်မကို လွှတ်ပေးလိုက်လေ"
ထိုအခါ ချန်ကျဲ့မှ ပြန်ပြောသည်။
"ထားလိုက်တော့။ မင်းကတော့ သရဲဖြစ်သွားတာပဲ ကောင်းပါလိမ့်မယ်။ ငါတော့ သရဲမဖြစ်ချင်ဘူး"
"ရှင်!"
မိန်းကလေးသည် ဤလျှာထက်သောအကောင်နီမန့်ဇစ်ကို သူမ တကယ် မနိုင်နိုင်ကြောင်း နားလည်လိုက်သည်။
ဒီလူယုတ်မာ တစ်နေ့ကျရင် ကျွန်မ ရှင့်ရဲ့မျက်နှာဖုံးကို ချွတ်ပြီး ရှင် တကယ် ဘယ်သူလဲဆိုတာ ကြည့်ဦးမယ်။ စောင့်နေလိုက်!
"လာစမ်းပါ ပါးစပ်ဖွင့်”
ချန်ကျဲ့သည် အဝတ်စကို ကောက်ယူလိုက်သည်။ မိန်းကလေးသည် ဒေါသတကြီးဖြင့် ပြောသည်။
"ဒီအဝတ်က အရမ်းညစ်ပတ်တယ်။ နောက်တစ်ခါကျ ပိုသန့်ရှင်းတဲ့ဟာ ယူလာပေးလို့ရမလား”
"အဖမ်းခံထားရတဲ့သူကလည်း တောင်းဆိုချက်တွေ များလိုက်တာ။ နောက်မှ ပြောကြတာပေါ့”
သို့ဖြင့် ချန်ကျဲ့သည် သူမ၏ပါးစပ်ထဲသို့ အဝတ်စကို ပြန်ထိုးထည့်လိုက်သည်။
ထို့နောက် အိတ်ကို ချည်နှောင်ပြီး နောက်ဘက်မှ အသံတွေကို လျစ်လျူရှုကာ ခြေသံဖွဖွဖြင့် မြေအောက်ခန်းတံခါးဆီ ခုန်တက်လိုက်သည်။ ထို့နောက် သစ်သားပြားဖြင့် အုပ်ပြီး လေဝင်ပေါက်ချန်ထားခဲ့ကာ အရာဝတ္ထုတချို့ကိုပါ တင်ထားလိုက်သည်။
ထို့နောက် ပျက်စီးယိုယွင်းနေသော ခြံဝင်းထဲမှ ထွက်လာခဲ့သည်။
ချန်ကျဲ့ အိမ်ပြန်ဖို့ အလျင်မလိုပါ။ သို့ဖြင့် ချန်ကျဲ့သည် နောက်မှလိုက်လာသူ ရှိ၊မရှိ သေချာစေရန် မြို့ထဲသို့ လျှောက်ပတ်သွားကြည့်ခဲ့သည်။ မည်သူ့ကိုမှ မတွေ့သောအခါ ကြက်ကင်နှစ်ကောင် ဝယ်ယူ၍ အိမ်ပြန်ခဲ့သည်။
ချန်ကျဲ့သည် သူ၏အိမ်ခြံဝင်းထဲကို ပြန်ရောက်သည်နှင့် နံရံထောင့်၌ ပုရွက်ဆိတ်များ သွားလာနေခြင်းကို ကြည့်နေသည့် ကလေးမလေးကို မြင်လိုက်ရသည်။
၎င်းအပြုအမူလေးသည် ကလေးဆန်ကာ ချစ်စရာကောင်းသည်ဟု ခံစားရပေသည်။
သို့သော် ကလေးမလေး တီးတိုးရေရွတ်နေသည့် စကားများကို သူ မကြားရပေ။
“ဒီနေ့ ဘာလို့ တစ်ကောင်မှ လမ်းလွဲကျန်ရစ်ခဲ့တာ မရှိရတာလဲ"
ထိုစဉ် ချန်ကျဲ့သည် ခြံတံခါးကို ဖွင့်ဝင်လိုက်ရာ ကလေးမလေး လန့်သွားခဲ့သည်။ ကလေးမလေးသည် ရုတ်တရက် ချန်ကျဲ့ကို မြင်လိုက်ရပြီးနောက် ချန်ကျဲ့ထံ အပြေးလာ၏။
"အစ်ကိုကြီး!”
ချန်ကျဲ့မှ ပြုံးလျက် မေးလိုက်သည်။ "ဘာလုပ်နေတာလဲ”
"ပုရွက်ဆိတ်တွေ အိမ်ပြောင်းတာကို ကြည့်နေတာ"
ကလေးမလေးမှ ပြန်ဖြေသည်။ ချန်ကျဲ့သည် ကြက်ကင်တွေကို ထုတ်ယူလိုက်ပြီး ပြောသည်။
"မင်းရဲ့ အစ်ကိုကြီးက ဘာတွေ ယူလာပေးလဲ ကြည့်ပါဦး”
"ဝိုး ကြက်ကင်အကြီးကြီးတွေ!”
ကလေးမလေးသည် စိတ်လှုပ်ရှားတက်ကြွစွာဖြင့် ခုန်ပေါက်နေသည်။
ချန်ကျဲ့ မေးလိုက်သည်။
"မင်းမမ ဘယ်မှာလဲ”