အခန်း (၈၉)
Vol. 7 Ch. 89
"မမက အိမ်မှာ ကြက်ဥတွေ သားဖောက်နေတယ်"
"ဟင်?”
ချန်ကျဲ့ ရှုပ်ထွေးသွားသည်။
ငါထင်ထားသလိုများလား။
ထို့နောက် ကလေးမလေးသည် ချန်ကျဲ့လက်ထဲမှ ကြက်ကင်များကို ယူရန်ပြင်သည်။
ထိုအခါ ချန်ကျဲ့၏လက်ရှိ ကိုက်ရာများကို သတိထားမိသွားလေသည်။
"အစ်ကိုကြီး ထိခိုက်မိထားတာလား”
ချန်ကျဲ့ ရယ်မောလိုက်ပြီး လက်ကို ပြန်ရုတ်လိုက်သည်။
"ဘာမှ မဟုတ်ပါဘူး"
ကလေးမလေးသည် ခဏမျှ စဉ်းစားပြီးနောက် ဘာမှ မပြောဘဲ ကြက်ကင်နဲ့အတူ အထဲဝင်သွားခဲ့သည်။
ချန်ကျဲ့ အထဲဝင်လိုက်သောအခါ သစ်သားဇလုံတစ်လုံးကို ကိုင်တွယ်နေသည့် စူးယွင်ကျင်းကို တွေ့သည်။ သစ်သားဇလုံထဲ၌ မြက်ခြောက်နှင့် အခြားအပူကာကွယ်သည့်အရာများ ပြည့်နှက်နေသည့် မြေအိုးတစ်လုံးရှိနေပြီး ထိုအထဲ၌ ဥများကို ထည့်ထားသည်။ သစ်သားဇလုံထဲကို သင့်တော်သော အပူချိန်ရှိသည့် ရေနွေးကိုထည့်ပြီး အပူထိန်းရန်အတွက် သေးငယ်သော ဝါဂွမ်းစောင်ဖြင့် အုပ်ထားသည်။
ထိုအရာများကို လုပ်ကိုင်ပြီးနောက် စူးယွင်ကျင်းသည် ေခါင်းမော့ကြည့်လာသည်။ ထိုအခါ ချန်ကျဲ့ ပြန်ရောက်နေကြောင်း တွေ့လိုက်ရသည်။
သူမသည် ထရပ်ပြီး ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်ရာ အနည်းငယ် နာကျင်သွား၏။ သို့သော် ပြုံးရယ်လိုက်သည်။
"ယောက်ျား ပြန်လာပြီလား"
ချန်ကျဲ့မှ မေးသည်
"ဒါက ဘာလဲ?"
"ဪ ကျွန်မ တစ်နေ့က ကြက်နဲ့ ဘဲလေးတွေ မွေးချင်တယ်လို့ ပြောခဲ့တယ်မဟုတ်လား။ ကျွန်မကိုယ်တိုင် မြို့ကို မသွားနိုင်တော့ဘူးဆိုတော့ ကိုယ့်ဘာသာ သားဖောက်ကြည့်မယ်လို့ စဉ်းစားလိုက်တာ"
"အဒေါ်အာ့ပါးက ကျွန်မကို ဥနည်းနည်း ဝယ်ပေးခဲ့တယ်လေ”
ချန်ကျဲ့မှ ပြောသည်။
"ဒီလိုက မင်းအတွက် အရမ်းဒုက္ခမများဘူးလား"
စူးယွင်ကျင်းမှ ပြောသည်။
"မများပါဘူး။ ရေနွေးကို ပုံမှန် လဲပေးပြီး မအေးအောင် ထိန်းထားရုံပါပဲ။ အဒေါ်အာ့ပါးပြောတာတော့ ကြက်ဥတွေကို သားဖောက်တာက နှစ်ဆယ့်တစ်ရက်ပဲ ကြာတယ်တဲ့”
ထိုအခါ ချန်ကျဲ့ ပြုံးလိုက်သည်။
"ဒါက အရမ်းပင်ပန်းမှာပဲ"
"ဘာများ ပင်ပန်းစရာရှိလို့လဲ။ ကျွန်မမှာ တခြား ဘာမှလည်း လုပ်စရာ မရှိဘူးလေ။ ဒီလိုက ကျွန်မ အလုပ်ရှုပ်နေစေဖို့ တစ်ခုခုဖန်တီးပေးနိုင်တာပေါ့”
စူးယွင်ကျင်းမှ ချိုသာစွာ ပြုံးလျက် ပြောခဲ့သည်။
သူမသည် ချန်ကျဲ့၏ လက်ကိုဆုပ်ကိုင်ဖို့ လက်လှမ်းလိုက်သည်။ သို့သော် ချန်ကျဲ့၏လက်ကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် သူမ၏မျက်နှာလေးမှာ အံ့အားသင့်သွားခဲ့သည်။ ထို့နောက် ဝမ်းနည်းသည့် မျက်နှာအမူအရာသို့ ပြောင်းလဲသွားခဲ့သည်။
ချန်ကျဲ့သည် စူးယွင်ကျင်း၏မျက်နှာအမူအရာကို မြင်သွားပြီးနောက် သူ၏လက်ဖမိုးရှိ သွားရာတန်းကိုလည်း မြင်လိုက်ရသည်။
သေစမ်း၊ ငါ အဲဒီမိန်းမ ပြဿနာရှာမယ်ဆိုတာ သိနေတယ်!
ချန်ကျဲ့ စူးယွင်ကျင်းကို ကြည့်လိုက်သည်။ သူမသည် ခက်ခက်ခဲခဲဖြင့် အပြုံးတစ်ခုကို လုပ်ယူနေပေသည်။
"ယောက်ျား ရှင် အပြင်မှာ အလုပ်တွေပင်ပန်းခဲ့ပြီ။ ကျွန်မ ရှင့်အတွက် ချက်ပြုတ်ပေးမယ်"
ထိုသို့ပြောပြီးနောက် စူးယွင်ကျင်းသည် အတွင်းခန်းထဲသို့ လှည့်ဝင်သွားခဲ့ပြီး ပြောင်းဆန်ထည့်ရန် ပန်းကန်လုံးတစ်လုံးကို ယူလာသည်။
သို့သော် ပြန်လှည့်လာချိန်တွင်မူ သူမ၏မျက်နှာလေးမှာ မျက်ရည်များဖြင့် ပြည့်နေခဲ့လေပြီ။
တောက် တောက်…
သူမသည် မျက်ရည်များ မထိန်းချုပ်နိုင်စွာ ကျဆင်းနေခဲ့သည်။ သူမသည် အခုအချိန်မှစ၍ သူမ၏ခင်ပွန်းဖြစ်သူနှင့် အဆင်ပြေပြေနေနိုင်တော့မည်၊ သာယာသည့် အိမ်ထောင်ရေးနေ့ရက်များကို ဖြတ်သန်းနိုင်တော့မည်ဟု ယုံကြည်ထားသော်ငြား ကောင်းမွန်သည့်နေ့ရက်များမှာ မရောက်ရှိခဲ့သေးပေ။
မမျှော်လင့်ဘဲနှင့် သူမ၏ ခင်ပွန်း၌ အပြင်တွင် တခြားမိန်းမတစ်ယောက် ရှိနေပေသည်။
သူ၏ လက်ဖဝါးထက်ရှိ ကိုက်ရာ.. ၎င်းကို သူမ အဘယ်သို့များ မသိပါအံ့နည်း— ၎င်းမှာ မိန်းမတစ်ယောက်၏ လက်ချက်ဖြစ်ကြောင်း သိသာလှပေသည်။
စူးယွင်ကျင်း ဪ စူးယွင်ကျင်း၊ နင့်ရဲ့ ကံကြမ္မာက ဘာလို့ဒီလောက်တောင် ခါးသီးနေရတာလဲ…
ထိုအခိုက်အတန့်၌ သူမသည် အလွန်တရာ ဝမ်းနည်းသွားခဲ့သည်။
သူမ တိတ်တဆိတ် ငိုကြွေးနေစဉ် သူမ၏နောက်ဘက်မှ သန်မာသည့် လက်တစ်စုံမှ သူမကို ပွေ့ဖက်လိုက်သည်။
တစ်ချိန်တည်းမှာပင် ထိုအမျိုးသား၏ လေးနက်တဲ့ အသက်ရှူသံကိုလည်း ကြားနေရသည်။
"ငိုနေတာလား”
"မဟုတ်ပါဘူး"
စူးယွင်ကျင်းသည် ငိုသံဖြင့် ငြင်းဆန်သည်။
"မင်းရဲ့ယောက်ျားက သစ္စာမရှိဘဲ မင်းရဲ့ကိုယ်ခန္ဓာကို ပိုင်ဆိုင်ပြီးသွားတာနဲ့ အပြင်မှာ လျှောက်သွားပျော်ပါးနေတယ်လို့ ထင်နေတာလား”
"မဟုတ်ဘူး၊ အဲဒီလို မဟုတ်..."
စူးယွင်ကျင်း၏ အသံသည် ပြောလေလေ ပို၍ ဝမ်းနည်းလာလေ ဖြစ်နေခဲ့သည်။
"မင်း မတရားခံရတယ်လို့ ခံစားနေရတာလား"
"ကျွန်မ မတရားဘူးလို့ မခံစားရပါဘူး။ ဘယ်ယောက်ျားက မိန်းမတွေ အများကြီးနဲ့ အငယ်အနှောင်းတွေ မရှိလို့လဲ။ ခုနက မျက်လုံးထဲ ဖုန်မှုန့်ဝင်သွားလို့ပါ”
ထိုအခါ ချန်ကျဲ့ သက်ပြင်းချလိုက်သည်။
"မင်း စိတ်ထဲရှိတဲ့အတိုင်း ပြောနေတာ မဟုတ်ဘူး ဟုတ်တယ်မလား”
တောက် တောက်…
သူမ၏ မျက်ရည်များသည် ချန်ကျဲ့၏လက်မောင်းပေါ်သို့ ကျဆင်းလာခဲ့သည်။
ချန်ကျဲ့ သူမ၏ကိုယ်လေးကို ဖြည်းညှင်းစွာ ဆွဲလှည့်လိုက်ရာ သူ၏ဇနီးလေးသည် မျက်ရည်များ တသွင်သွင် စီးကျနေသည်ကို မြင်တွေ့လိုက်ရသည်။
ချန်ကျဲ့ သူမ၏မျက်ရည်များကို သုတ်ပေးလိုက်ပြီး ကိုယ်ကိုကိုင်းညွှတ်ကာ သူမ၏နားနားကို တိုးတိုးလေး ကပ်ပြောလိုက်သည်။
"ဟင်?!"
ချန်ကျဲ့၏ စကားများကို နားထောင်ပြီးနောက် စူးယွင်ကျင်း၏ မျက်လုံးများ ပြူးကျယ်သွားကာ စိုးရိမ်တကြီးဖြင့် ခင်ပွန်းဖြစ်သူအား ကြည့်လာခဲ့သည်။
"ယောက်ျား ရှင် သူပုန်တွေနဲ့ ပတ်သက်နေတာလား..."
"ရှူး!"
ချန်ကျဲ့ တိတ်တိတ်နေရန် လက်ဟန်ပြလိုက်သည်။
"ဒီကိစ္စကို အသံကျယ်ကျယ် ပြောလို့မဖြစ်ဘူး။ အခု ကိုယ့်အသက်က မင်းလက်ထဲမှာ ရှိနေပြီ”
"အွန်း စိတ်မပူပါနဲ့ ယောက်ျား၊ ကျွန်မ ဘာမှ မကြားခဲ့ပါဘူး”
စူးယွင်ကျင်းသည် ပြောပြီးနောက် ပြောင်းဆန်မှုန့်များကို ထပ်ခပ်လိုက်သည်။
"ယောက်ျား၊ ကျွန်မ ပေါက်စီတွေ ထပ်လုပ်ပေးမယ်။ အခုကစပြီး အပြင်က အစားအစာတွေ မဝယ်တာ အကောင်းဆုံးပဲ။ ရည်ရွယ်ချက်ရှိတဲ့သူတွေ သတိထားမိသွားနိုင်တယ်”
"အင်း ကိုယ်သိပြီ"
ချန်ကျဲ့ ခေါင်းညိတ်သည်။ စူးယွင်ကျင်းမှ ဆက်ပြောသည်။
“ယောက်ျား ရှင် အဲဒီလို လျှို့ဝှက်ချက်တွေကို ကျွန်မကို မပြောပြသင့်ဘူး"
ချန်ကျဲ့ : "မင်းက ကိုယ့်ရဲ့ ဇနီးပဲ။ ကိုယ်တို့ကြားမှာ အထင်လွဲမှုတွေကြောင့် ဝေးကွာသွားရတာမျိုး မဖြစ်စေချင်ဘူး”
"ယောက်ျား ရှင့်ကို မယုံကြည်ခဲ့တာ ကျွန်မ မှားတာပါ..."
"တော်ပြီ၊ ကိုယ်တို့ ဒါကို ထပ်မပြောကြရအောင်"
စူးယွင်ကျင်း ခေါင်းညိတ်သည်။ ခဏမျှ စဉ်းစားပြီးနောက် ချန်ကျဲ့ကို ပြောသည်။
“ယောက်ျား၊ ရှင့်မှာ ကြီးကျယ်တဲ့ အနာဂတ် ရှိလိမ့်မယ်ဆိုတာ ကျွန်မ သိတယ်။ ရှင့်တစ်သက်လုံးမှ ကျွန်မ တစ်ယောက်တည်းကိုပဲ ချစ်ဖို့ ကျွန်မ မတောင်းဆိုပါဘူး။ ဒီတိုင်း အိမ်မှာ ရှင့်ကို စောင့်နေတဲ့ လူနှစ်ယောက် အမြဲ ရှိနေမယ်ဆိုတာကိုပဲ မှတ်ထားပေးပါ"
နှလုံးသားကို ထိရှသွားသည့် ချန်ကျဲ့သည် သူမ၏ခါးလေးကို ပွေ့ဖက်လိုက်သည်။
ထိုအခိုက်အတန့်၌ တိတ်ဆိတ်ခြင်းသည် စကားလုံးများထက် ပို၍ အဓိပ္ပာယ်ရှိနေခဲ့သည်။ အရာအားလုံးဟာ ထုတ်မပြောပါဘဲနှင့် နားလည်နေခဲ့သည်။
နေ့လည်စာသည် ပေါက်စီ၊ ကြက်ကင်၊ အိမ်လုပ်ဟင်းရွက်ချဉ်တို့ဖြင့် အားရစရာ ကောင်းလှသည်။
ကလေးမလေး၏ မျက်နှာမှာ အစားအသောက်မှ ဆီများဖြင့် ပေကျံနေသည်။
စားသောက်ပြီးနောက် ချန်ကျဲ့သည် ပေါက်စီနှင့် ကြက်ကင်အနည်းငယ် ယူပြီး ထွက်သွားခဲ့သည်။
"မိန်းမ ကိုယ် အလုပ်သွားတော့မယ်"
ထိုအခါ စူးယွင်ကျင်းမှ ပြောသည်။
"ယောက်ျား ကျွန်မ လိုက်ပို့ပေးမယ်"
ချန်ကျဲ့ ထွက်သွားပြီးနောက် စူးယွင်ကျင်းသည် တံခါးဝတွင် ရပ်၍ ချန်ကျဲ့ ထွက်သွားသည်ကို ကြည့်နေခဲ့သည်။
သူမ ပြန်လှည့်လိုက်သောအခါ ကြက်တောင်ပံကို ကိုက်စားနေသည့် ကလေးမလေးကို မြင်တွေ့လိုက်ရသည်။ ကလေးမလေးမှ အော်ခေါ်၏။
"မမ”
"ဟင်?"
စူးယွင်ကျင်းသည် ကလေးမလေးမှာ သူမကို ဘာကြောင့် ခေါ်နေသည် မသိပေ။
ကလေးမလေးသည် ကြက်တောင်ပံကို ဝါးစားနေရင်း ပါးစပ်မှာလည်း ဆီများပေကျံနေလျက် မေးလာသည်။
"မမနဲ့ အစ်ကိုကြီးတို့ ရန်ဖြစ်ထားကြတာလား"
"ဟင်? ဘယ်သူပြောတာလဲ"
စူးယွင်ကျင်းသည် မျက်မှောင်ကြုတ်၍ စိတ်မသက်မသာဖြင့် တွေးနေသည်။
ကလေးမလေးမှ ပြောသည်။
"ဘယ်သူက ပြောမှာလဲ။ ရွေ့ရွေ့ မနေ့ညက အကုန်ကြားခဲ့တာ"
မနေ့ညက?!
စူးယွင်ကျင်း လန့်သွား၏။ မနေ့ညက ဘာတွေဖြစ်ခဲ့လဲဆိုတာကို သူမ အသိဆုံးဖြစ်သည်။ ရူးသွပ်မှုများကိုလည်း အမှတ်ရနေဆဲပင်။ လမ်းလျှောက်ရသည်မှာလည်း မသက်မသာ ခံစားနေရဆဲဖြစ်၏!
ကလေးမလေးမှ ဆက်ပြောသည်။
"ဟုတ်တယ်၊ မနေ့ညကလေ။ မမက သနားစရာကောင်းလောက်အောင် တောင်းပန်ပြီး ငိုနေတာကို ကြားခဲ့တယ်။ ပြီးတော့ အစ်ကိုကြီးကို ပိုညင်သာပေးဖို့ တစ်ချိန်လုံး တောင်းဆိုနေတာကိုလည်း ကြားခဲ့တယ်..."
ကလေးမလေး၏စကားကြောင့် စူးယွင်ကျင်းမှာ ခေါင်းပေါက်ထွက်လုမတတ် ခံစားလိုက်ရသည်။
ရွေ့ရွေ့ အဲဒါတွေ အကုန်လုံးကို ကြားခဲ့တာလား။
မနေ့က ငါ တကယ်ပဲ အဲဒီလောက် အသံကျယ်ခဲ့တာလား။