← Chapters

ဉာဏ်မကောင်းသူ နတ်ဆိုးဂိုဏ်းမဝင်သင့်

Vol. 5 Ch. 66

ဉာဏ်မကောင်းသူ နတ်ဆိုးဂိုဏ်းမဝင်သင့်

Vol. 5 Ch. 66

အကဲဖြတ်ဒိုင်များ အမိန့်ပေးနေခြင်းဖြစ်သည်။ ချီရှုလုံဖြစ်ဖြစ် ဘယ်သူဖြစ်ဖြစ် အရေးမကြီး။ အမိန့်နာခံ၍ တန်းစီရမည်။

အကဲဖြတ်ဒိုင်များကို ဒေါသထွက်အောင်လုပ်လျှင် နတ်ဆိုးဂိုဏ်းသို့ ဝင်ခွင့်ပိတ်သွားမည်။ အပြင်လောကတွင် မည်မျှနာမည်ကျော်သည်ဖြစ်စေ နတ်ဆိုးဂိုဏ်းထက် ပိုစွမ်းအားကြီးသည်ဟု ဘယ်သူမှမကြေငြာရဲကြ။

နတ်ဆိုးဂိုဏ်းက လျှို့ဝှက်ပြီး အဆင့်အတန်းမြင့်သည့်ခေါင်းဆောင်များ အင်အားကြီးဂိုဏ်းဝင်များ မွေးထုတ်ပေးနိုင်သည်။ သူတို့က တစ်ကိုယ်တော်ဖြစ်သည်။ သူတို့ထဲတွင် စွမ်းအားအကြီးဆုံးလူပင် အခြေတည်နောက်ဆုံးအဆင့်သာရှိသည်။

အကဲဖြတ်ဒိုင်သုံးယောက်သည် သူတို့အတွက် မျက်နှာစိမ်းများဖြစ်သည်။ ထိုသို့ဖြစ်နေသည်မှာလည်း အဓိပ္ပါယ်ရှိပါသည်။ နတ်ဆိုးဂိုဏ်းသည် တစ်ကိုယ်တော်ကျင့်ကြံသူများထက်ပင် ပို၍လျှို့ဝှက်ကြသည်။ လူရှေ့သူရှေ့တွင် ရုပ်လုံးပြခဲသည်။

လူရွေးပွဲက ကြေငြာထားသည်ထက် တစ်နာရီပိုစော၍ စတင်သော်လည်း ဘယ်သူမှ မေးခွန်းမထုတ်ကြ။ ထိုကိစ္စသည် ဂိုဏ်း၏စမ်းသပ်ချက်တစ်ခုဖြစ်နိုင်သည်။ စောစောကြိုရောက်သူများက ဂိုဏ်းအပေါ် အလေးထားသည့်သဘောဖြစ်မည်။ အချိန်မီရုံရောက်လာသူများက ဂိုဏ်းဝင်ခွင့်ရချင်မှရမည်။

လုယန် အေးအေးလူလူ ခြေတစ်ဘက်ချိတ်၍ ထိုင်သည်။ မင်တံနှင့်စာရွက်ကိုထုတ်သည်။ လူတန်း၏ရှေ့ဆုံးမှလူကို တိုက်ရိုက်မေးသည်။

“ပြောပါဦး။ မင်းဘာလို့ နတ်ဆိုးဂိုဏ်းကိုဝင်ဖို့ ရွေးချယ်တာလဲ။ မင်း ငါတို့အတွက် ဘာလုပ်ပေးနိုင်လဲ။ မင်းအနာဂတ်အတွက် မင်းမှာဘယ်လိုအစီအစဉ်တွေရှိလဲ။ မျှော်မှန်းလစာကရော ဘယ်လောက်လဲ”

မေးခွန်းဆက်တိုက်ကျလာသဖြင့် ထိုလူ မင်သက်မိသွားသည်။ ဂိုဏ်းဝင်ခွင့်ရဖို့ ထိုသို့စစ်ဆေးမည်ဟု ထင်မထား။ သူတို့ကျင့်စဉ်အဆင့်၊ ကျင့်ကြံသည့်နည်းလမ်း သို့မဟုတ် သူတို့လုပ်ခဲ့သည့် ပြစ်မှုများအကြောင်းသာ မေးမည်ထင်ခဲ့သည်။

ထိုလူပြန်မဖြေနိုင်သဖြင့် လုယန် စိတ်မရှည်ဟန်ဖြင့် လက်ဝှေ့ယမ်းလိုက်ပြီး ပြောသည်။

“မင်းဘာတွေတုံ့ဆိုင်းနေတာလဲ။ ငါတို့မေးတာကိုတောင် မင်းဒီလိုတုံ့ဆိုင်းနေရင် အာဏာပိုင်တွေလက်ထဲ မင်းအဖမ်းခံရတဲ့အခါ ဘယ်လိုဖြစ်လာမလဲ။ ဂိုဏ်းရဲ့လျှို့ဝှက်ချက်တွေအားလုံး ထုတ်ပြောလိုက်မှာလား။...မင်းကို ပယ်လိုက်ပြီ။ ပြန်တော့”

ဒုတိယလူက လူမိုက်အဖွဲ့တစ်ခု၏ ခေါင်းဆောင်ဟောင်းဖြစ်သည်။ ထောင်အတွေ့အကြုံများစွာရှိသည်။ သစ္စာဖောက်ခံရပြီးနောက် သူ့လက်အောက်ခံများထံမှ သူ့မိန်းမနှင့်သူ့လူယုံများကို ပြန်ကယ်ထုတ်ခဲ့သည်။ ထူးခြားသည့်ဘဝအတွေ့အကြုံမျိုး ရှိခဲ့သည်။

“ကျုပ်နာမည် နွီမန်ပါ။ နဂါးစိမ်းအဖွဲ့ရဲ့ ခေါင်းဆောင်ပါ။ ပိုကောင်းတဲ့အခွင့်အလမ်းတွေရှာဖွေဖို့ နတ်ဆိုးဂိုဏ်းကို ရွေးချယ်ခဲ့တာပါ။ နတ်ဆိုးလမ်းစဉ်ဝါဒနဲ့ ကျုပ်တို့အဖွဲ့ရဲ့အမြင်ဟာ အတော်လေးတူညီပါတယ်။ နတ်ဆိုးဂိုဏ်းနှင့် အဆင်ပြေပြေပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ ကျုပ်ယုံကြည်ပါတယ်။ ဒုစရိုက်မှုတွေကို စိတ်နှစ်ကိုယ်နှစ်လုပ်ပြီး ဂိုဏ်းအတွက် ပိုအောင်မြင်မှုရအောင် လက်တွဲလုပ်ပါ့မယ်။ ကျုပ်အစီအစဉ်ကတော့ ဂိုဏ်းကလိုအပ်တာမှန်သမျှ မညည်းမညူလုပ်ဖို့ပါပဲ။ ဘာပဲပြောပြော ကျုပ်အင်အားလည်း ဂိုဏ်းရဲ့စွမ်းအားနဲ့အတူ တိုးတက်လာမှာပဲလေ။

“ဂိုဏ်းကကျုပ်ကို ခြေချခွင့်ပေးတာဆိုတော့ လစာအတွက် ကျုပ်တောင်းဆိုရဲပါဘူး။ ကျုပ်ကပဲ ဂိုဏ်းအတွက် ကျေးဇူးပြုသင့်တာပါ”

နွီမန်၏ လက်သီးလက်မောင်းတန်း၍ မန်ပါပါပြောသည်။ အခက်အခဲများကျော်လွှား၍ တောက်ပသည့်အနာဂတ်ကိုရယူရန် ဆုံးဖြတ်ထားကြောင်း သက်သေပြသည်။ သူ့လူမိုက်အဖွဲ့တွင် သူပြောလေ့ရှိသည့် စကားများဖြစ်သည်။

“မင်းကိုပယ်လိုက်ပြီ။ ပြန်တော့”

“ဘာလို့လဲ”

နွီမန် ပြန်မေးခွန်းထုတ်သည်။ သူ့အဖြေစကားက ပြည့်စုံသည်ဟု ယုံကြည်ထားသည်။

လုယန်က ခပ်တင်းတင်းလေသံဖြင့် နတ်ဆိုးလမ်းစဉ်အပေါ် နားလည်မှုလွဲနေသည့် နွီမန်၏ကို ဝေဖန်ထောက်ပြသည်။

“နတ်ဆိုးလမ်းစဉ်ဆိုတာဘာလဲ။ အတ္တစိတ်နဲ့ ကိုယ့်အကျိုးစီးပွားအတွက် ကြည့်ဖို့ပဲလေ။ ဂိုဏ်းကနေ ကိုယ့်အတွက်ဘာမှပြန်မမျှော်လင့်ဘဲ ဒီလောက်စိတ်နှစ်ကိုယ်နှစ် တာဝန်ထမ်းဆောင်နိုင်တဲ့လူက ဘယ်လိုလုပ် စစ်မှန်တဲ့နတ်ဆိုးလမ်းစဉ်ကျင့်ကြံသူ ဖြစ်နိုင်မှာလဲ။ နတ်ဆိုးဂိုဏ်းတစ်ယောက်ဟာ ဩဇာရဖို့ အမြဲတမ်းအစီအစဉ်ချနေရမယ်။ အတွင်းပိုင်းပဋိပက္ခဖြစ်အောင် သွေးထိုးလှုံ့ဆော်နေရမယ်ကွ။..ခုနက မင်းပြောတယ်မဟုတ်လား။ ဂိုဏ်းကဖြစ်စေချင်တာမှန်သမျှ မင်းလုပ်ပေးမယ်လို့လေ။ အခု ဂိုဏ်းက မင်းကို ထွက်သွားစေချင်တယ်။ မင်းထွက်သွားလိုက်တော့”

နွီမန် ခေါင်းငိုက်စိုက်ကျ၍ ထွက်သွားသည်။ သူ့နောက်မှလူများ သူတို့ပြောနေသည့်စကားကို နားထောင်ပြီးနောက် အမြင်ပွင့်သွားသလို ခံစားကြရသည်။ ထိုအချက်သည် နတ်ဆိုးဂိုဏ်း၏အတွေးအခေါ်ဖြစ်မည်။ မှန်သည်။ ထိုလူသုံးယောက်သည် အကဲဖြတ်ဒိုင်များဖြစ်သည်။ နတ်ဆိုးလမ်းစဉ်အပေါ် သူတို့နားလည်မှုက တကယ်ပင်နက်ရှိုင်းလှသည်။

“နောက်တစ်ယောက်”

မုန်ကျင်းကျိုး အော်ခေါ်လိုက်သည်။

“ကျုပ်က ချီရှုလုံပါ။ အခြေတည်အဆင့်ပါ”

ချီရှုလုံ သူ့ကျင့်စဉ်အဆင့်ကို အသားပေး၍ပြောသည်။ အကဲဖြတ်ဒိုင်များ၏ အာရုံစိုက်မှုကို လိုချင်သောကြောင့်ဖြစ်သည်။

“ပြောပါဦး။ မင်းဘယ်လိုပြစ်မှုတွေ လုပ်ခဲ့ဖူးလဲ”

ချီရှုလုံ သူ့အလှည့်ရောက်လာချိန်တွင် ပြောစရာစကား များစွာရှိနေသည်။

“ကျုပ်ကလေးဘဝတုန်းက တောင်တန်းပေါ်ကဝံပုလွေတွေ ကျုပ်ကိုခေါ်သွားပြီး မွေးစားခဲ့တယ်။ ကျုပ်ဆယ်နှစ်သားမှာ ကျုပ်ကိုခေါ်လာတဲ့ဝံပုလွေကို အရိုးဓားနဲ့သတ်ပြီး တောင်တန်းပေါ်ကဆင်းခဲ့တယ်။ တောင်တန်းပေါ်မှာတုန်းက ကျုပ်လိုချင်တာမှန်သမျှ အကြမ်းနည်းနဲ့ပဲယူတယ်။ အဲဒီ့အကျင့်ကမြို့တဲ့အထိ ပါလာတယ်။ ကျုပ်ငွေပြတ်တဲ့အချိန်တိုင်း ဓားပြတိုက်တယ်။ အရာရှိစစ်သားတွေ ကျုပ်ကိုလိုက်ဖမ်းတဘ်။ သူတို့လိုက်ဖမ်းတာတောင် ကျုပ်ဓားပြတိုက်တုန်းပဲ။ ကျုပ်ရဲ့အမြန်နှုန်းက ပြိုင်ဘက်ကင်းတယ်။ ဘယ်သူမှ ကျုပ်ကိုမဖမ်းနိုင်ဘူး။ ဓားပြတိုက်တဲ့အချိန်မှာလည်း ဓားစားခံတွေ ကျုပ်ခေါ်တယ်။ ကျုပ်ရှေ့မှာ ပိတ်ရပ်လာတဲ့လူတွေကိုလည်း သတ်ပစ်ခဲ့တယ်”

ချီရှုလုံ ဝင့်ကြွားသည့်လေသံဖြင့် ပြောပြနေသည်။ ထိုမျှများပြားသည့် ဒုစရိုက်မှတ်တမ်းလောက်ဆိုလျှင် နတ်ဆိုးဂိုဏ်းသို့ သေချာပေါက်ဝင်ခွင့်ရမည်ဟု ယုံကြည်သည်။

မုန်ကျင်းကျိုးက ခေါင်းခါသည်။

“ဒီနေ့ခေတ်မှာ လမ်းမှန်ဂိုဏ်းကလူတွေ ခြေချင်းလိမ်နေတာ။ ငါတို့နတ်ဆိုးလမ်းစဉ်သမားတွေက သိုသိုသိပ်သိပ် လုပ်တတ်ဖို့လိုတယ်။ မင်းလုပ်တဲ့ပုံစံက မြင်သာထင်သာရှိလွန်းတဲ့။ အဲဒါကြောင့်ပဲ မင်းဒုက္ခရောက်လိမ့်မယ်။ မင်းကိုယ်မင်း ပြန်တွေးကြည့်ပါ။ မင်းမျက်နှာကို မှတ်မိတဲ့လူတွေ ဘယ်လောက်များမယ်ထင်လဲ။ ပြီးရင် ငါတို့သုံးယောက်ကိုကြည့်ပါ။ ငါတို့ကို ဘယ်သူသိလဲ။ ကွာခြားချက်က အဲဒါပဲ။ အမှောင်ထဲမှာကုပ်နေရမယ်လို ပြောတာမဟုတ်ဘူး။ ဗျူဟာကျကျနဲ့ မင်သေသေလှုပ်ရှားတာကို ပြောတာ။ အဲဒါ လူမြင်ကွင်းမှာရှောင်ပုန်းနိုင်တဲ့ ပညာဉာဏ်ပဲ”

အရိုးရိုင်း လုယန်နှင့်မုန်ကျင်းကျိုးကို စိတ်ဝင်တစားကြည့်နေသည်။ ထိုနှစ်ယောက် နတ်ဆိုးလမ်းစဉ်၏နည်းဗျူဟာများနှင့် ဘာကြောင့်ထိုမျှရင်းနှီးကျွမ်းဝင်သလိုဖြစ်နေသည်ကို သူစဉ်းစားမရ။

ချီရှုလုံ ပေးသည့်အကြံကို စိတ်ထဲတွင်စွဲနေအောင် မှတ်ထားလိုက်သည်။ နတ်ဆိုးလမ်းစဉ်ကို သူလျှော့တွက်မိသည်ဟု ယူဆပြီး သူ့ဘာသာထွက်သွားသည်။

“ကျုပ်က ရှန်ကျင်းယိပါ”

အသားဖြူဖြူနှင့် စာပေသမားက ပြုံး၍မိတ်ဆက်သည်။ သူ့ရှေ့တွင် နှစ်ယောက်လစ်သွားပြီးဖြစ်၍ အကဲဖြတ်ဒိုင်များ၏ မေးမြန်းစိစစ်ပုံကို သူနားလည်လာသလို ခံစားရသည်။

ရှန်ကျင်းယိက စာပေသမားဝတ်စုံဝတ်ထားသဖြင့် ကွန်ဖြူးရှပ်ဝါဒကျင့်ကြံသူဖြစ်ကြောင်း အရိုးရိုင်း ရိပ်မိသည်။ ထို့ကြောင့် သူအတော်ကြာအောင် တွေးမရခဲ့သည့် အကြီးအကဲလေးယောက်ပင် အဖြေရှာမရသည့် မေးခွန်းတစ်ခုကို စိတ်အားထက်သန်စွာ မေးလိုက်သည်။

“”နျန်း”နဲ့ “မား”ဆိုတာ နှစ်ခုလုံးက “မိခင်”ကို ရည်ညွှန်းတယ်။ ဒါဆို ကုနျန်း(မိန်းမငယ်)ကို ကုမား(အဒေါ်)လို့ ခေါ်လိုမရနိုင်ဘူးလား”

ရှန်ကျင်းယိ ပက်လက်လန်မတတ်ဖြစ်သွားသည်။ သက်တမ်းလေးဆယ်ဘဝအတွေ့အကြုံဖြင့်ပင် ထိုမေးခွန်းကို ဘယ်လိုပြန်ဖြေရမှန်းမသိ။

ရိုးရိုးရှင်းရှင်းပုံစံဖြစ်သည် ဤအကဲဖြတ်ဒိုင်ကို ရင်ဆိုင်ရလွယ်လိမ့်မည်ဟု သူထင်ခဲ့သည်။ သို့သော် မထင်မှတ်ဘဲ နက်နဲသည့်မေးခွန်းတစ်ခုဖြင့် ကြုံရသည်။

သို့သော် သူမသိပါဟု တိုက်ရိုက်မဖြေ။

“ကျုပ်က လုပ်ကြံရေးသမားပါ။ စာပေပညာရှင်မဟုတ်ပါဘူး”

“လုပ်ကြံရေးသမားလား။ ဒါဆို ရာဇဝတ်ဥပဒေကို လေ့လာဖူးသလား”

လုယန် စိတ်ဝင်တစားမေးလိုက်သည်။

“နည်းနည်းတော့ လေ့လာဖူးပါတယ်”

ရှန်ကျင်းယိ မယုတ်မလွန် ပြန်ဖြေသည်။ အမှန်တော့ ရာဇဝတ်ဥပဒေကို သူကောင်းကောင်းကျွမ်းကျင်သည်။ လူသတ်သမားတစ်ယောက်အနေဖြင့် ပြစ်ဒဏ်ရှောင်ရှားနိုင်မည့် နည်းလမ်းများကို မဖြစ်မနေသိထားဖို့လိုသည်။

“ဒါဆို မေးမယ်။ ရည်ရွယ်ချက်ရှိရှိ လူသတ်တာနဲ့ ပတ်သက်ပြီး ရာဇဝတ်ဥပဒေက ဒီလိုသတ်မှတ်ထားတယ်။ “တမင်တကာရည်ရွယ်၍ လူတစ်ယောက်၏အသက်အား ဆုံးရှုံးစေခဲ့လျှင် ဤပြစ်မှုနှင့် အကျုံးဝင်သည်”တဲ့။ ဒီတော့ ကိုယ့်ကိုယ်ကိုသတ်သေတာရော ဒီထဲမှာအကျုံးဝင်လား”

ရှန်ကျင်းယိ နောက်တစ်ကြိမ် အရှိုက်ထိသွားပြန်သည်။

သူပြန်မဖြေနိုင်သဖြင့် လုယန် စိတ်ပျက်လက်ပျက် လက်ဝှေ့ယမ်းပြလိုက်သည်။

“ကိုယ်ကျွမ်းကျင်တဲ့နယ်ပယ်က မေးခွန်းကိုတောင် မဖြေနိုင်ဘူး။ ပြန်လိုက်တော့”

ငါးမိနစ်အတွင်း ဘဝတစ်သက်တာတွင် အကြီးမားဆုံးအခက်အခဲကို ရှန်ကျင်းယိ ရင်ဆိုင်ခဲ့ရသည်။ ထိုမေးခွန်းများသည် သာမန်လူတစ်ယောက် မေးလေ့ရှိသည့်မေးခွန်းမျိုး ဟုတ်ပါလေစဟု သူတွေးနေသည်။

‘-သမရိုးကျမဟုတ်တဲ့ အတွေးအမြင်မျိုး ရှိတဲ့လူတွေပဲ နတ်ဆိုးဂိုဏ်းကို ဝင်နိုင်တာများလား-‘

…

ဤဂိုဏ်းဝင်ခွင့်ရွေးချယ်ပွဲက အလွန်တရာအရေးကြီးသည်။ ထိုကြောင့် ဂိုဏ်းချုပ်က စိတ်မချသဖြင့် ကိုယ်တိုင် ကြီးကြပ်ချင်သည်။

ကြိုတင်ပြင်ဆင်ချိန်ရအောင် နာရီဝက်စော၍ သူထွက်လာခဲ့သည်။

လူရွေးပွဲကျင်းပသည့်နေရာသို့ လာသည့်လမ်းတစ်လျှောက် လူဆိုးလူယုတ်အသွင်အပြင်ရှိသူ အတော်များများ တစ်ယောက်ပြီးတစ်ယောက် လှည့်ပြန်လာသည်ကို သူမြင်ရသည်။ ပါးစပ်မှလည်း တီးတိုးတီးတိုးရေရွတ်နေကြသည်။

“သူတို့မေးတဲ့ မေးခွန်းတွေက တကယ်ခက်တာပဲ”

“နတ်ဆိုးဂိုဏ်းကိုဝင်ဖို့ အတော်ခက်ပါလား”

“ဒါဆို...ဒါက နတ်ဆိုးလမ်းစဉ်ရဲ့ အနှစ်သာရအစစ်ပေါ့”

“နှစ်သုံးဆယ်ကြာရင် ငါနောက်တစ်ကြိမ် ပြန်လာမယ်”

သူတို့အမူအရာကက ဉာဏ်အလင်းရ၍ တစ်ခုခုကို ‌လေးလေးနက်နက်သဘောပေါက်ခဲ့သည့် ပုံစံမျိုး ဖြစ်သည်။

ဂိုဏ်းချုပ် အတွေးနက်သွားသည်။

သူပင်မရောက်သေး။ ဘယ်သူက စမ်းသပ်ပွဲကို ဦးဆောင်နေသည်မသိ။

ထို့နောက်တွင် လုယန်နှင့် သူ့အဖော်နှစ်ယောက် ဇာတ်လမ်းရှုပ်ပြီး မဟာဆုံးဖြတ်ချက်များ ချနေသည်ကို သူမြင်ရသည်။

****************************************************

All Chapters