← Chapters

ချန်မင်လမ်းတို့ဟူးဆိုင်

Vol. 6 Ch. 84

ချန်မင်လမ်းတို့ဟူးဆိုင်

Vol. 6 Ch. 84

လုယန်က အရိပ်တုလက်သီးပညာဖြင့် အရိုးရိုင်းအဖြစ် အသွင်ပြောင်းလိုက်သည် လက်တွေ့မြင်ရပြီးနောက် ဘာမှမပြောဘဲ အဝါရောင်မှော်စက္ကူတစ်ခု ဆွဲထုတ်လိုက်သည်။ သူ့

ဘာသာ မှော်အဆောင်ဖြင့်အသွင်ပြောင်းသည်က ပိုကောင်းသည်။

ပုံရိပ်တုနှင့်‌မှော်ပညာတွင် နာမည်ကျော်သည့် ဂိုဏ်းတစ်ဂိုဏ်းပီသပေသည်။ သိုင်းပညာကို အသွင်ပြောင်းမှော်ပညာအဖြစ် သုံးနိုင်သည်။ ထိုသိုလုပ်နိုင်ဖို့ နက်ရှိုင်းသည့် မှော်ပညာနားလည်နိုင်စွမ်းမျိုး လိုအပ်သည်။

လုယန်က မှော်ပညာတို့၏ အပေါ်ယံသဘောကိုကျော်လွန်၍ ထိုးထွင်းနားလည်နိုင်သည့်အဆင့်သို့ ရောက်နေပုံရသည်။ မှော်ပညာအနှစ်သဘောကို တိုက်ရိုက်ဖမ်းဆုပ်နိုင်သည်။ သက်တူရွယ်တူများကြားတွင် လုယန်ထက် မှော်ပညာကျွမ်းကျင်သူမျိုး တစ်ယောက်မှရှိမည်ဟူ သူမထင်။

လုယန် ပြန်တွေးမိလာသည်။ လန်ထင်ကလည်း မှော်အဆောင်ရေးဆွဲဖို့ ကျားရေခွံများကို တောင်းခဲ့သည်။ မှော်အဆောင်ပညာနယ်ပယ်တွင် သူကျွမ်းကျင်ကြောင်း ထင်ရှားနေသည်။

လန်ထင်သူ့မျက်လုံးသူ လက်ညှိုးထိုးပြ၍ ပြောသည်။

“ကျွန်မမျက်လုံးတွေက နည်းနည်းထူးဆန်းတယ်။ မှော်သင်္ကေတတွေကို အာရုံခံနိုင်တယ်။ မှော်အဆောင်တွေရဲ့ဗဟိုချက်နဲ့ မှော်စက်ဝန်းတွေရဲ့ အရေးကြီးအစိတ်အပိုင်းတွေကို အလိုလိုခွဲခြားနိုင်တယ်။ မှော်အဆောင်ရေးဆွဲတာနဲ့ မှော်စက်ဝန်းတည်ဆောက်တာကို ကျွန်မကျွမ်းကျင်တယ်။ ဒါပေမယ့် ကျွန်မက မှော်အဆောင်ဖန်တီးတာကိုပဲ အဓိကအာရုံစိုက်တယ်။ မှော်စက်ဝန်းနဲ့ပတ်သက်တဲ့ ဗဟုသုတကတော့ အပေါ်ယံလောက်ပါပဲ”

လန်ထင်က ထူးခြားသည့်သူ့ပါရီကို မယုတ်မလွန်ပြောပြသည်။ မှော်အဆောင်နှင့်မှော်စက်ဝန်းပညာတွင် များစွာထူးချွန်လာမည့် ပါရမီမျိုးဖြစ်သည်။ ထိုနယ်ပယ်မှ ပညာရှင်အတော်များများ အားကျကြပေလိမ့်မည်။

မကြာမီ လန်ထင် အသွင်ပြောင်းမှော်အဆောင်တစ်ခု ရေးဆွဲပြီးစီသွားသည်။ သူ့ကိုယ်သူ ကပ်လိုက်သည်။ ထူးခြားသည့်အလှပိုင်အဖြစ်မှ သာမန်ရွက်ကြမ်းရေကျိုမိန်းကလေးအသ္ငင်ဖြစ်လာသည်။ တကယ်အံ့ဩစရာအပြောင်းအလဲဖြစ်သည်။

ဤသို့ဖြင့် အသားကင်ဆိုင်မှ အဖွဲ့ဝင်အသစ်ကို ကြိုဆိုလိုက်ကြသည်။

............

လန်ထင်ရောက်လာပြီး နှစ်ရက်အကြာတွင်ဖြစ်သည်။ ဆိုင်က ခါတိုင်းလိုပင် လူစည်နေသည်။ လူသစ်တစ်ယောက်တိုးလာသဖြင့် လုယန်တို့သုံးယောက် နည်းနည်းဝန်ပေါ့သွားသည်။

အရိုးရိုင်းမျက်နှာ မရွှင်မပျဖြစ်နေသည်ကို လုယန်သတိထားမိသည်။ ထို့နေကြာင့် ဖောက်သည်များကို အစားအသောက်ချပေးရင်း သိစိတ်အာရုံမှ သူလှမ်းမေးသည်။

“ဘာဖြစ်တာလည်း။ မင်းနည်းနည်းစိတ်ညစ်နေသလိုပဲ”

အရိုးရိုင်းခေါင်းငြိမ့်သည်။

“မင်းသတိထားမိမလားမပြောတတ်ဘူး။ ဒီရက်ပိုင်း ငါတို့ရဲ့ဖောက်သည်အရေအတွက် လျော့သွားတယ်ကွ။ ရောင်းရငွေကို ငါတွက်ကြည့်ပြီးပြီ။ တကယ်ရောင်းအားကျသွားတာ”

လုယန် အံ့အားသင့်သွားသည်။ ထိုအဖြစ်ကို သူသတိမထားမိ။

“လန်ထင်ကြောင့်များလား”

ပုံမှန်ဆိုလျှင် မိန်းကလေးဆိုင်ဝန်ထမ်းတစ်ယောက် တိုးလာလျှင် ဆိုင်ရောင်းအား ပိုတက်လာရမည်။

“မဟုတ်ဘူး။ လန်ထင်မရောက်ခင်ကတည်းက စဖြစ်နေတာ။ ဘာကြောင့်လည်း ငါတွေးမရဘူး။ တစ်ခုခုတော့ မှားနေပြီ”

အရိုးရိုင်း စဉ်းစားနေသည်။

လုယန် သိပ်အရေးမစိုက်။ အသားကင်ဆိုင် လူနည်းလေ သူပိုသဘောကျလေဖြစ်သည်။

“အင်း..ငါစဉ်းစားကြည့်ပါဦးမယ်။ အခုငါ အကင်မှာထားတာတွေ သွားပို့လိုက်ဦးမယ်”

လွန်ခဲ့သည့်တစ်လကတည်းက မုန်ကျင်းကျိုးအကြုံပြုချက်ကြောင့် အော်ဒါပို့သည့်စနစ်ကို စတင်ခဲ့သည်။ ဆိုင်တံခါးဝတွင် မှာယူသည့်စာရင်းကိုလက်ခံရန် သေတ္တာတစ်လုံးထားသည်။ မှာချင်သည့်အကင်၊ ပို့ရမည့်အချိန်နှင့် အိမ်လိပ်စာများကို ဖော်သည်များ ရေးထည့်ခဲ့ရသည်။ လုယန်တို့သုံးယောက် ညပိုင်းတွင် အလှည့်ကျ အော်ဒါပို့သည်။

ယနေ့ လုယန်အလှည့်ဖြစ်သည်။

ညဘက်အပြင်မထွက်ဖြစ်သည်မှ သုံးလေးရက်ရှိပြီဖြစ်သည်။ လမ်းပေါ်တွင် သွားလာနေသူများ အရင်ထက်ပိုနည်းနေသည်ကို သတိထားမိသည်။

သူတို့ဆိုင်၏ ဖောက်သည်အရေအတွက် ကျသွားသောကြောင့်လည်း ဖြစ်နိုင်သည်။

“တစ်ခါပို့ရမယ့်လိပ်စာက ဘယ်နေရာလဲကြည့်လိုက်ဦးမယ်။... ချင်မန်လမ်းက တို့ဟူးဆိုင်လား”

..............

ဝမ်ရှန်ယု နာမည်ကျော်အသားကင်အကြောင်း ကြားခဲ့သည့်မှာ အတော်ကြာပြီဖြစ်သည်။ ပြောကြသလောက်ကောင်းမကောင်း သွားစားကြည့်ရန် စိတ်အားထက်သန်နေသည်။ သို့သော် သူ့ခင်ပွန်းသေပြီးနောက် တို့ဟူးဆိုင်ကို သူအမွေခံရသည်။ ညဘက်တွင် သိပ်အပြင်မထွက်ဖြစ်။

ကိုယ့်ကိုယ်ကို ကြွားပြောခြင်းမဟုတ်။ သူ့အသားအရေနှင့်အလှအပက နာမည်ကျော်သည်။ အတော်များများက မျက်စိကျကြသည်။ ညဘက် တစ်ယောက်တည်းအပြင်သွားလျှင် သူ့အတွက် အန္တရာယ်များသည်။

နောက်ပိုင်းတွင် အသားကင်ဆိုင်က အိမ်အရောက်ပို့ဝန်ဆောင်မှုပေးကြောင်း သူသိရသည်။ သူ့အော်ဒါကို စာရွက်တစ်ခုပေါ်ချရေး၍ ဆိုင်အပြင်ဘက်မှ သေတ္တာထဲသို့ထည့်ခဲ့သည်။

အသားကင်ဆိုင်ဝန်ထမ်းများရောက်လျှင် သူ့ကိုနှိုးကြမည်ထင်ပါသည်။

...............

အခုရက်ပိုင်း လုကျစ်ကြောင့် နယ်ခံအရာရှိများကြောင့် အတော်ခေါင်းခဲနေသည်။ ညဘက်တွင် အိမ်များကို ဖောက်ထွင်း၍ အိမ်သားများအိပ်နေချိန် အဖိုးတန်ပစ္စည်းများယူပြီးနောက် သဲလွန်စမကျန်အောင် ခြေရာဖျောက်သွားတတ်သည့် သူခိုးဖြစ်သည်။ အရာရှိများ အိမ်နီးချင်းများကို စုံစမ်းကြည့်သည်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသဖြင့် ဘာအသံမှမကြားမိဟု ဆိုကြသည်။

လုကျစ် ယနေ့ည် ချင်မန်လမ်းတို့ဟူးဆိုင်ကို ပစ်မှတ်ထားသည်။ ဆိုင်ရှင်က နာမည်ကျော်အလှပိုင်ရှင် မုဆိုးမဖြစ်သည်။ သူ့တို့ဟူးကလည်း နာမည်ကြီးသည်။ နှစ်တိုင်း အမြတ်အစွန်းများစွာရသည်။ ဘေးပတ်လည်မှဆိုင်များ အားကျကြရသည်။

လုကျစ် မျောက်တစ်ကောင်လို ပေါ့ပါးစွာ ခေါင်းမိုးထိပ်သို့ တွယ်တက်သွားသည်။ ခန္ဓာကိုယ်ကို ကွေးညွှတ်၍ ဒုတိယထပ်ပြတင်းတစ်ပေါက်ကိုဖွင့်သည်။

“အခုချိန်ဆီု သူအိပ်နေလောက်ပါပြီ”

သူအစွမ်းသူ ယုံကြည်သည်။ သိပ်မကြာသေးခင်က အိပ်မောကျစေသည် အဝါရောင်မှော်စက္ကူတစ်ခု သူရခဲ့သည်။ အိမ်အပြင်တွင်ကပ်ထားလျှင် မီတာငါးဆယ်ပတ်လယ်မှ လူအားလုံးကို နှစ်ခြိုက်စွာ အိပ်ပျော်စေသည်။ အမှားအယွင်းတစ်ခါမှ မရှိခဲ့။

အသက်ရှူသံထိန်း၍ ခြေဖျားထောက်ပြီး သူဝင်သွားသည်။ အိပ်ယာပေါ်လဲလျောင်းနေသည့် မိန်းမလှကိုကြည့်၍ ဝင့်ကြွားစွာ ပြုံးလိုက်သည်။ သူ့အစီအစဉ် အောင်မြင်တော့မည်။

ဗီရိုများကိုဖွင့်၍ တန်ဖိုးကြီးပစ္စည်းများ ရှာဖွေသည်။ မိန်းမများသည် ရတနာများကို ထိုနေရာမျိုးတွင် ထားလေ့ရှိကြောင်း သူ့အတွေ့အကြုံအရ သိနေသည်။

“ဘာမှမရှိပါလား”

လုကျစ် မျက်မှောာင်ကျုံ့သွားပြီး ကုတင်ဆီလှည့်ကြည့်သည်။ ဗီရိုထဲတွင်မရှိလျှင် ကုတင်အောက်တွင် ရှိရမည်။

သူသေချာလေးဖက်ထောက်၍ ကုတင်အောက်သို့ ဝင်လိုက်သည်။ သူရင်ထဲ ထိတ်ခနဲဖြစ်သွားသည်။

ကုတင်အောက်တွင် မျက်နှာတစ်ခုရှိနေသည်။

“သရဲ”

...........

ကွင်းဆက်မုဒိန်းသမား ကျန်းရှိုဟဲသည် အရာရှိများကို အတော်ကြာအောင် ဒုက္ခပေးနေခဲ့သည်။ တစ်ကိုယ်တည်းနေသည့် မိန်းကလေးများ၏ ကုတင်အောက်တွဲ ပုန်းခို၍ ညအချိန်ရောက်အောင်စောင့်ပြီးမှ အနိုင်ကျင့်လေ့ရှိသည်။

တစ်ခါတစ်လေ ဖောက်ပြန်သည့်မိန်းမများနှင့် ကြုံရသေးသည်။ ထိုအချိန်မျိုးဆိုလျှင် ပြန်ထွက်ဖို့အတွက် ကုတင်အောက်တွင်သာပုန်း၍ စောင့်နေရသည်။

ဤတစ်ကြိမ် သူ့ပစ်မှတ်က ချင်မန်လမ်း တို့ဟူးဆိုင်ရှင်ဖြစ်သည်။ ပုရိသအတော်များများကို ညှို့ငင်ဖမ်းစားနိုင်သည့် မုဆိုးမ မိန်းမလှဖြစ်သည်။

ခါတိုင်းလိုပင် ကုတင်အောက်တွင် သူစောစောဝင်ပုန်းသည်။ ညအချိန်ရောက်အောင် စောင့်နေသည်။

“အိပ်ချင်လိုက်တာကွာ”

ယနေ့လို အလွန်အမင်းအိပ်ချင်သည့်အဖြစ်မျိး သူတစ်ခါမှ မကြုံဖူး။ ပုံမှန်ဆိုလျှင် သူစောင့်လေလေ ပိုစိတ်အားတက်ကြွလေဖြစ်သည်။ ယနေ့ ထိုသို့မဟုတ်။ အိပ်ချင်စိတ်ကို ထိန်းမရတော့။ သူအိပ်ပျော်သွားသည်။

“သရဲ”ဟူသည့် အော်သံတစ်ခုကြောင့် သူနိုးလာသည်။

သူမျက်လုံးပွင့်သည်နှင့် ကုတင်အောက်တွင် မှောက်ခုံဝပ်ရင်း သူ့ကိုထိတ်လန့်စွာစိုက်ကြည့်နေသည့် လုကျစ်ကို တွေ့လိုက်ရသည်။ လုကျစ်ပါးစပ်ကို သူချက်ချင်းပိတ်၍ ကုတင်အောက်မှ လျှောထွက်လိုက်သည်။ ဓားမြှောင်ကိုထုတ်၍ လုကျစ်လည်ပင်းပေါ် ဖိကပ်ထားသည်။

ကုတင်ပေါ်မှ ဝမ်ရှန်ယုလည်း ကြောက်လန့်တုန်ရင်နေသည်ကို မြင်လိုက်ရသည်။

လုကျစ်အောက်သံကြောင့် ဝမ်ရှန်ယု နိုးလာခြင်းဖြစ်မည်။

“အတော်ကံဆိုးတဲ့နေ့ပါလား”

ကျန်းရှုဟဲ ကျိန်ဆဲရင်း ကြိုးတစ်ချောင်းရှာ၍ လုကျစ်ကို ကြိုးတုပ်သည်။ ဝမ်ရှန်ယုနှင့်ပျော်ပါးပြီးလျှင် နှစ်ယောက်လုံးကိုသတ်ပစ်ဖို့ ဆုံးဖြတ်ထားသည်။

ထိုစဉ် အောက်ထပ်မှ တံခါးခေါက်သံပေါ်လာသည်။

“အိမ်ထဲမှာလူရှိလားဗျ။ မှာထားတဲ့အသားကင်တွေ လာပို့တာပါ”

ကျန်းရှိုဟဲ တောက်တစ်ချက်ခေါက်လိုက်သည်။ ဆိုးဝါးသည့်သူ့ကံကြမ္မာကို နာကျည်းနေသည်။ လုကျစ်ကို ကြိုးတုပ်ထားခဲ့ပြီးနောက် ဝမ်ရှန်ယုကို သူနှင့်အတူ အောက်ထပ်သို့ ဆွဲခေါ်လာသည်။

ဓား‌မြှောင်ဖြင့်ခြိမ်းခြောက်၍ တိုးတိုးကပ်ပြောသည်။

“အပြင်ကလူကို မောင်းထုတ်လိုက်”

ချန်မင်လမ်းမှလူအားလုံး ဝမ်ရှန်ယု တစ်ယောက်တည်းနေမှန်း သိကြသည်။ အပြင်ဘက်မှလူက အိမ်ထဲမှ ယောက်ျားသံကြားလျှင် သေချာပေါက်သံသယဝင်ပေလိမ့်မည်။

“တံခါးဝမှာပဲ အစားအသောက်တွေ ထားခဲ့ပါ။ ခဏနေမှ ကျွန်မ လာယူမယ်”

ဝမ်ရှန်ယု ပုံမှန်လေသံဖြင့် လှမ်းပြောသည်။

“အဲလိုတော့မဖြစ်ဘူးဗျ။ ခင်ဗျား ပိုက်ဆံမပေးရသေးဘူးလေ”

အပြင်လူက ပြန်ပြောသည်။

ကျန်းရှိုဟဲ မျက်နှာတင်းသွားသည်။ ထိုလူတကယ်သေချင်နေလျှင် သူ့ကိုအပြစ်မတင်သင့်တော့။

***********************************************

All Chapters