← Chapters

လက်မဲကြီးများကိုသိရှိခြင်း

Vol. 17 Ch. 241

လက်မဲကြီးများကိုသိရှိခြင်း

Vol. 17 Ch. 241

စုန့်နန်းတော်အတွင်း၌ စုန့်ဧကရာဇ် အမတ်ချုပ် ကြီးနဲ့ ကျိုးယန်အပါအဝင် စုန့်ပြည်နယ်၏ထိပ် တန်းကျင့်ကြံသူများစွာ စုဝေးနေခဲ့သည်။

အကြောင်းမှာ စိတ်ဝိဉာဥ်ရှာဖွေခြင်းမှတဆင့် ကျိုးယန်သိခဲ့သည့် ကိစ္စရပ်များကြောင့်ဖြစ်ပြီး ထိုကိစ္စက လေးနက်သောကြောင့် လူနည်းစုက သာ စုဝေးမှု၌ ပါရှိခွင့်ရလေသည်။

“ငရဲတမန်တော်တွေက ကျုပ်တို့ထင်ထားတာထ က်ပို စိမ့်ဝင်နေကြတာပဲ ကြောက်ဖို့ကောင်းလို က်တာ”

ဟုန်စစ်သူကြီးက ပြောလာသည်။ ထိုစကားကို အမတ်ချုပ်ကြီးကလည်း ထောက်ခံသည်။

“မှန်တယ် သူတို့ဆီမှာ ဘယ်လိုကြောင့်များ ရင်း တွေပေါနေပြီး ဘယ်ကနေရောက်လာတာဆိုတဲ့ အချက်က အရေးကြီးဆုံးပဲ”

ငရဲတမန်တော်များက ကျင့်ကြံရေးဆိုင်ရာ ကျ င့်စဥ်များ အရင်းအမြစ်များစွာ ထောက်ပံ့ပေး၍ ပြည်နယ်အသီးသီးမှ လေလွင့်ကျင့်ကြံသူများ စွာကို သိမ်းသွင်းနိုင်ခဲ့သည်။ ကျင့်ကြံရေးလော က၌ ဂိုဏ်းကဏ္ဍများ ပေါများသလို တစ်ကိုယ် တော်ကျင့်ကြံသူများ ထပ်တူပေါများနေသော ကြောင့် ထိုလုပ်ရပ်က အတော်လေးထိရောက်မှု ရှိသည်ဟု ဆိုနိုင်သည်။

“ဒါဆို သူတို့ရဲ့ အဓိက လမ်းကြောင်းက ဘယ် ပြည်နယ်ထဲမှာလဲ”

စုန့်ဧကရာဇ်က ကျိုးယန်ကို သိလိုစွာမေးလာသ ည်။ ကျိုးယန်က ခေါင်းခါယမ်း၍

“မသိဘူး သူတို့ရဲ့အထက်မှာ အဆင့်ဆင့်အုပ် ချုပ်တဲ့နည်းလမ်းတွေ ရှိနေပြီး လက်ရှိကျုပ်တို့ ရင်ဆိုင်နေရတာက အောက်ခြေအလွှာပဲရှိနေ သေးတယ်”

“အိုး… အောက်ခြေတဲ့လား”

ဟုတ်ပါသည်။ တကိုယ်တော်ကျင့်ကြံသူများက စစ်တုရင်ကစားကွက်ပေါ်က ပွန်းကလေးများဖြ စ်ပြီး အရေးမပါပေ။ အရေးပါသည့် အဆက်အ စပ်များကို သိလိုပါက ပို၍အတွင်းကျကျရှိသူ ကိုဖမ်းမိရန်လိုသည်။

“ယန်နဲ့ဝူ ပြည်နယ်တွေနဲ့ ပက်သက်မှုရှိတယ်လို့ ညီနောင်ကျိုးထင်လား”

“သိထားတဲ့အချက်တွေအရဆို ယန်နဲ့ဝူ ပြည်န ယ်တွေမှ မဟုတ်ဘူး ပြည်နယ်အများစုမှာ ပုံစံ အမျိုးမျိုးနဲ့ ရှိနေနိုင်တယ်”

ကျိုးယန်ရဲ့စကားက အကုန်လုံးကို သတိပေးသံ ချောင်းခေါက်လိုက်ပုံရပြီး မျက်နှာများမှာလည် ပျက်ယွင်းသွားကြရသည်။ ကျိုးယန်ကဆက်၍

“လက်ရှိ ကျုပ်တို့ထိန်းသိမ်းထားတဲ့သူတွေက အရေးမပါတာမျိုးတော့ မဟုတ်ဘူး ဒါပေမဲ့ သူ တို့ရဲ့နောက်ကွယ်က သူတိူ့ထက်ပိုမြင့်တဲ့အဆင့် တွေ လှုပ်ရှားလာရင်တော့ ဖြေရှင်းရခက်မယ့် သဘောရှိတယ်”

“ကျုပ်တို့ ဘာတွေပြင်ဆင်ထားသင့်သလဲ”

စုန့်ဧကရာဇ်က အထိတ်တလန့်မေးလာသည်။ ပကတိပညာရှင် အထွဋ်အထိပ်အဆင့်ဆိုသည် က ပြည်နယ်များတွင် အရေအတွက်အကန့်အ သတ်ရှိနေသော်လည်း တမန်တော်များအဖွဲ့၌မူ ရာဂဏန်းမှ ထောင်ဂဏန်းထိ ရှိနေသည်အား ကျိုးယန်တယောက် စိတ်ဝိဉာဥ်ရှာဖွေခြင်းမှတ ဆင့် သိလိုက်ရသည် မဟုတ်လော။

ထို့အပြင် အသွင်ပြောင်းခြင်း အဆင့်များစွာရှိ နေသေးပြီး ထိုသူများအထက်၌ အမှန်တကယ် ကြောက်စရာကောင်းသည့် ပညာရှင်များကျန်ရှိ နေသေးသည်။ ထိုအရာများကို မဖော်ထုတ်နိုင် ပါက မလွယ်ကူတော့ပေ။

ကျိုးယန်စိတ်ထဲထင့်နေတာက ထိုအဓိကလူမျာ လက်ရှိအချိန်၌ ၎င်းတို့၏အရေးပါအရာရောက် မှုကို ပြည်နယ်များက အားကိုးနေရပြီး မတော် တဆ သာဖြစ်ပွားခဲ့ပါက ထိုသူများကိုရင်ဆိုင်ရ န် ကိုယ့်အသားကိုကိုယ် ပြန်လှီးထုတ်ရမည့်လ က္ခဏာဖြစ်နေသည်။

ဥပမာ.. ပြည်နယ်တခု၏ ဧကရာဇ် သို့မဟုတ် အာဏာပြင်းသည့် အမတ်ချုပ်ကြီးများ စစ်သူ ကြီးများသာ ထိုအရာများထဲ၌ ရှိနေခဲ့သော်မည် သို့ ကိုင်တွယ်ရမည်နည်း။ ထို့အပြင် ကျိုးယန် အဓိကသိလိုနေတာက ငရဲတမန်တော်အစစ်အ မှန်များ ဤလောက၌ ရှိနေသည်လား ထိုသို့မဟု တ်လျင် မည်ကဲ့သို့ အရင်းအမြစ်များ ထောက်ပံ့ နေနိုင်သနည်း။ သူမသိတဲ့ လေဟာနယ်လမ်း ကြောင်းတခုခုများ…..။

ကျိုးယန်တယောက် တုန်လှုပ်သွားတော့သည်။ သူမစဥ်းစားရဲသည့် ပြဿနာက ထိုအရာဖြစ်ပြီး နောက်ထပ်ကူးပြောင်းရေး လမ်းကြောင်းတခုခု ရှိနေမှာကို စိုးရိမ်မိသည်။ ထိုစဥ်

“ခုတလော ကျုပ်သတိထားမိနေတာ တခုရှိတ ယ် ကျုပ်တို့ရဲ့ လောကစည်းမျဥ်းတွေ နိမ့်ကျနေ ပြီး ကျင့်ကြံဆင့် အကန့်အသတ်ဖြစ်သွားတာကို အားလုံး သိကြမှာပါ အခုနောက်ပိုင်းနှစ်တွေမှာ ချီဓာတ်စွမ်းအင် ပိုသိပ်သည်းလာပြီး နိယာမသ ဘောတရားတွေကို လေ့လာရာမှာ ပိုလွယ်ကူနေ တယ်လို့ ကျုပ်ထင်နေမိတယ် ဒါက ကောင်းတာ လား ဆိုးတာလား ကျုပ်လည်းမပြောတတ်ဘူး”

အမတ်ချုပ်ကြီးက ကျိုးယန်ကို ပြောလာသည်။ ကျိုးယန်ကဲ့သို့ ထိပ်သီးပညာရှင် ပါရမီရှင်လူင ယ်အနေဖြင့် ထိုအချက်အား သတိပြုမိနိုင်ပေ သည်။ ကျိုးယန်က ခေါင်းညိတ်၍

“အင်း.. ကျုပ်လည်း အပြောင်းအလဲကို နည်း နည်း ခံစားမိပေမယ့် အရမ်းသိသာနေတာတော့ မဟုတ်သေးဘူး ဒါပေမဲ့ အမတ်ချုပ်ကြီးရဲ့ပြော စကားကလည်း သတိထားရမယ့် အချက်ပဲ”

ကျိုးယန်ရဲ့စကားကို နားမလည်နိုင်တဲ့ အမတ် တဦးက မေးလာသည်။

“ဘာအတွက် သတိထားဖို့လိုတာလဲ”

ကျိုးယန်က

“ကျုပ်ဖတ်ဖူးတဲ့မှတ်တမ်းတွေအရ လောကတ ခုရဲ့ နိယာမတွေအားပြန်ကောင်းလာတဲ့အချက် မှာ အခြေအနေနှစ်ခုရှိတယ် ပထမတခုက ပြုပြ င်ပေးနေတဲ့ ပညာရှင်ရှိလို့ နောက်တခုကတော့ တခြားအားကောင်းတဲ့ လောကတွေနဲ့ နီးကပ်နေ လို့ နိယာမစွမ်းအင်တွေ ဆက်စပ်ပြီးတိုးတက် လာတဲ့သဘောတရားပဲ”

လက်ရှိ ကျင့်ကြံရေးလောက၌ နိယာမများ လောကစည်းမျဥ်းများ ပြုပြင်နိုင်သည်အထိ အားကောင်းတဲ့ ကျင့်ကြံသူမရှိသေးပေ။ ကျိုး ယန်လည်း မလုပ်နိုင်ပေ။ ထိုသို့ဆိုလျှင် ဒုတိယ အချက်သာ ဖြစ်နိုင်ပြီး ထိုအချက်ဟုတ်မဟုတ် ဆိုတာက အချိန်တခုစောင့်ကြည့်ရဦးမည်။

“ညီနောင်ကျိုး ပြောလိုတာက…”

“နောင်တော်စုန့် ထင်တဲ့အတိုင်းဖြစ်ဖို့ များတယ် တခြားလောကတွေ နီးကပ်လာတာက သဘာဝ အတိုင်း ဖြစ်တာလား ဒါမှမဟုတ်..”

ကျိုးယန်က ဆက်မပြောလိုက်ပေ။ အရင်ရက် များက နန်းတွင်းစာကြည့်တိုက်ရှိ စာအုပ်အချို့ ကိုဖတ်ခဲ့ပြီး မှတ်တမ်းများ၌ လောကများဆက် စပ်သည်ဟု မဖော်ပြထားသော်လည်း လောက အချင်းချင်းနီးကပ်သွားသည့် အခြေအနေမှတ ဆင့် နိယာမစွမ်းအင်များ ရှုပ်ထွေးကုန်သည်ဟု ဖော်ပြထားသည်။

ထိုသို့ဆိုလျှင် ငရဲတမန်တော်ကဲ့ ထိပ်သီးလော က တခုနဲ့ လက်ရှိလောကမှာ နီးကပ်နေသည် လား။ ဖြစ်နိုင်ချေမရှိသော်လဲ ထည့်သွင်းစဥ်း စားရန်တော့ လိုသည်။

………………………………………………….

All Chapters