← Chapters

အခန်း (၂၄၂)

Vol. 17 Ch. 242

အခန်း (၂၄၂)

Vol. 17 Ch. 242

“ဖြစ်နိုင်တာက လောကနှစ်ခု ပေါင်းစပ်သွားမဲ့ လက္ခဏာဖြစ်နိုင်ပြီးတော့ အဲ့လိုသာဖြစ်သွားခဲ့ ရင် ကျုပ်တို့လောကရဲ့ ကျင့်ကြံဆင့်ကန့်သတ် ခံရမှုက ပြေလျော့သွားနိုင်တယ် မဟုတ်လား”

ချီအမတ်ကြီးက ထောက်ပြလာသည်။ ၎င်းမှာ ပထမအသွင်ပြောင်းခြင်း၌ တစ်ဆို့နေပြီးနော က်တဆင့်သာ မတက်ရောက်နိုင်ပါက သက်တ မ်းအားဖြင့် ဆယ်စုနှစ်အနည်းငယ်သာ နေထိုင် နိုင်တော့မည်ဖြစ်သည်။

“ချီအမတ်ကြီးပြောတာက မှန်သင့်သလောက် တော့ မှန်ပါတယ် ဒါပေမဲ့ ပေါင်းစပ်လာတဲ့လော က ကဘယ်လိုအခြေနေက ကောင်းလားဆိုးမ လား မသိရသေးဘူးလေ တကယ်လို့များ ပိုမြင့် တဲ့လောကတခုကသာ ပေါင်းစပ်လာမယ်ဆိုရင် ကျုပ်တို့လောကက ကျင့်ကြံသူတွေအနေနဲ့ အနှိ မ်ခံ အနိုင်ကျင့်ခံရမှာကိုလည်း ထည့်တွက်သင့် တယ်”

ကျိုးယန်က ချက်ကျလက်ကျ တွက်ပြလိုက်ပြီး ကျင့်ကြံဆင့် ပြေလျော့တာက အချိန်တခုထိကျ င့်ကြံရဦးမည်ဖြစ်ပြီး တဖက်လောကမှ ကျင့်ကြံ သူများကတော့ ရှိရင်းစွဲ ကျင့်ကြံဆင့်များဖြင့် လက်ရှိလောကမှ ကျင့်ကြံသူများကို အသာအ ယာ ဖိနှိပ်နိုင်ပေသည်။

“ဒါလည်း ထည့်စဥ်းစားရမယ့် ကိစ္စပဲ”

ကျိုးယန်ကဆက်၍ ပြောသည်။

“အရမ်းလည်းမစိုးရိမ်ကြပါနဲ့ လောကနှစ်ခုပေါ င်းစပ်တဲ့ ကိစ္စက ထင်သလောက်မလွယ်ကူနေ တော့ ဖြစ်နိုင်ချေလည်းနည်းပါတယ် လက်ရှိအ ကောင်းဆုံးလုပ်ရမှာက တမန်တော်များအဖွဲ့ကို ဆက်စောင့်ကြည့်နေပြီး မကြာခင်ထုတ်ပြန်လာ မယ့် ပူးပေါင်းအသိပေးစာကို ဂရုစိုက်ရလိမ့်မ ယ်လို့ ကျုပ်မြင်မိတယ်”

ကျိုးယန်ကဲ့စကားကို အကုန်လုံးက လက်ခံကြ ပြီး ပြင်းထန်သည့် စုန့်ပြည်နယ်အတွင်းတိုက်ပွဲ များကို အများကစောင့်ကြည့်နေပြီး လက်နက် ဆန်းများရဲ့ အခန်းကဏ္ဍမှာ တိုးမြင့်လာနေသ ည်။ ထိုအတွက် ယန် ဝူ ကဲ့သို့ ပြည်ထောင်စုမျာ က အစွမ်းကုန်ဖိနှိပ်လာနိုင်ပြီး စုန့်ပြည်နယ်ကဲ့ သို့ အခြေနေများ မည်သည့်ပြည်နယ်များ၌ ဖြစ် ပွားမည်ကို မခန့်မှန်းနိုင်ချေ။

ထိုအရာက မမြင်နိုင်တဲ့ အန္တရာယ်ဖြစ်နေသည်။ ကျိုးယန်က အလေးအနက်ထားရမည့် ကိစ္စများ အား ပြောပြလိုက်ပြီး တိုက်ပွဲအဆုံးသတ်၌ ရရှိ လာမည့် အကျိုးအမြတ်များအား အကျိုးရှိရှိအ သုံးချရန်လိုကြောင်း အကြံပေးခဲ့သည်။

ထိုသို့ဖြင့် စုန့်ပြည်နယ်ဂယက်က ရက်အနည်း ငယ်အကြာ၌ ငြိမ်သက်သွားခဲ့ပြီး ကျိုးယန်ထံ ရောက်ရှိလာသည့် ဘုရင်သုံးပါးမှာ ကျိုးယန်ရဲ့ တောင်းဆိုချက်ကို ယေဘုယျအားဖြင့် သဘော တူညီခဲ့သည်။

ထိုအတွက် ကျိုးယန်က ဘုရင်နယ်မြေသုံးခုကို သွားရောက်ခဲ့ရပြီး အဆိုပါနယ်မြေများက ယန် ဝူ ပြည်နယ်များနဲ့ ထိစပ်နေသောကြောင့် အလွန် အလေးအနက်ထားရမည်ကို သတိပြုမိကာ အ ထူးတပ်ဖွဲ့ဝင်များကို စေလွှတ်၍ ဒေသလုံခြုံရေ ကို အာရုံစိုက်စေသည်။

တဖက်တွင် ကျိုးယန်တို့ စက်ရုံများဝင်ရောက် လာခြင်းက အစပိုင်း၌ ဒေသခံများက ပြင်းပြင်း ထန်ထန်ငြင်းပယ်သော်လည်း များပြားသည့်လု ပ်အားခနဲ့ အကျိုးခံစားခွင့်တို့ကြောင့် ငြိမ်သက် သွားခဲ့ရသည်။ ထိုသို့တည်ငြိမ်မှုကို ဂယက်ထ စေသည့် ကိစ္စက ရက်အနည်းငယ်အကြာ၌ ပေါ် လာပြန်သည်။

စုပေါင်းအသိပေးစာဖြစ်သည်။ ထိုစာ၌ ယန် ဝူ ဧကရာဇ်နှစ်ပါးမှ ဦးဆောင်၍ ကြောက်မက်ဖွ ယ်ကောင်းသည့် လက်နက်များ ပိုင်ဆိုင်ထားမှု အပေါ် ပြင်းပြင်းထန်ထန် ရှုံ့ချကာ အနာဂတ်၌ ပြည်နယ်များ၏ ငြိမ်းချမ်းရေးအား စိုးရိမ်ရသ ည်ဟု အသံထုတ်လာကြသည်။ နောက်ဆက်တွဲ ၌လည်း လက်ရှိ ပူးပေါင်းနေသည့် ပြည်နယ်မျာ မှာ ကျိုးဧကရာဇ်၏ ပွန်းရုပ်ကလေးများဖြစ်နေ မည်ကို မိမိတို့စိုးရိမ်ကြောင်းလည်း ပါရှိကာထို အရာက သိသိသာသာပင် ဝင်ရောက်စွတ်ဖက် လိုက်ခြင်း ဖြစ်သည်။

ကျိုးယန်ကမူ ထိုစာကိုလျစ်လျူရှုလိုက်ပြီး နယ် စပ်ဒေသနဲ့ ပူးပေါင်းနယ်မြေများကိုသာ အလေး အနက်ထားနေပြီး မတော်တဆမဖြစ်ပွားစေရန် အလေးအနက်ထားရတော့သည်။

နည်းပညာပူးပေါင်းခြင်းက အဘယ်နည်း။ အ နည်းငယ်ရှင်းပြမည်။ ကျိုးယန်က ၎င်းရဲ့နည်း ပညာကို ရယူလိုသည့် ပြည်နယ်အနေဖြင့် မြေ စက်ရုံ အလုပ်သမား ကုန်ကျစရိတ် စသည်တို့ ကိုစိုက်ထုတ်ရပြီး ရရှိလာသည့် အကျိုးအမြတ် ၏ ၇၀ ၃၀ ကိုခွဲဝေယူမည်ဖြစ်သည်။

ကျိုးယန်ဘက်က လိုအပ်သည်က စက်ရုံများ၌ ဒေသခံများနဲ့ ပြည်နယ်မှပညာရှင်များကို နည်း ပညာဆိုင်ရာကို သင်ကြားပေးပြီး သက်မှတ်အ ချိန်ကာလ၌ တတ်ကျွမ်းသည်အထိ သို့မဟုတ် ၎င်းတို့ကိုယ်တိုင် ထုတ်လုပ်လာနိုင်သည်အထိ ကူညီပေးရမည်ဖြစ်သည်။ အများအားဖြင့် စာ ချုပ်ကာလမှာ နှစ်၅၀ မှ နှစ်၁၀၀၀ အထိရှိတတ် ပြီး နယ်မြေငြိမ်းချမ်းမှုအပေါ် မူတည်၍ နှစ်ဖ က်သဘောတူညီမှုဖြင့် စာချုပ်ကိုပြင်ဆင်နိုင်သ ည်။

စန်းဘုရင် ဖန်းဘုရင်နဲ့ ဒေါင်ဘုရင်တို့၏ နယ် မြေများမှာ နိမ့်ကျတဲ့အခြေနေကြောင့် ကျိုးယ န်က ရာနှုန်းပြည့်မစွန့်စားသေးဘဲ နှစ်အနည်းင ယ်စောင့်ကြည့်ပြီးမှ စာချုပ်ကို နှစ်ရှည်ချုပ်ဆို မည်ဟု ပြောကြားလိုက်သည်။

ထိုသို့ဖြင့် သက်မှတ်ကာလတနှစ်ရဲ့ နှစ်ဝက်ကု န်ဆုံးသွားခဲ့ပြီး ထိုအချိန်၌ ပြည်နယ်ငယ်များတွ င် ပုန်ကန်မှုများ ဂယက်ထလာကြသည်။ ထို့အ ပြင် နိယာမများကလည်း သိသာစွာအားကောင် လာက ကျိုးယန်ကထိုအခြေနေကို စိတ်ထဲထင့် နေသောကြောင့် နီးစပ်ရာပြည်နယ်များအပါအ ဝင် နေရာအများစု၌ လေဟာနယ်လမ်းကြောင်း တခုရှိမရှိအား စစ်ဆေးစေသည်။

သူကိုယ်တိုင်လည်း လီနဲ့လင်း ပြည်နယ်များကို သွားရောက်ပြီး လေဟာနယ်လမ်းကြောင်းတ ခုခု ရှိမရှိ ရှာဖွေလိုနေသောကြောင့် နောက်ထပ် ရက်အနည်းငယ်အကြာ၌ လီပြည်နယ်သို့ ကိုင်ရီ ရီနဲ့အတူ ထွက်ခွာသွားတော့သည်။

ထိုသို့ သွားရခြင်းမှာ လေဟာနယ်လမ်းကြောင်း ရှာခြင်းအပြင် မြေရိုင်းဒေသကို ကိုင်တွယ်ရာ၌ ကျိုးလီကို ကူညီပေးရန်လည်း ပါဝင်ပေသည်။ မြေရိုင်းဒေသဆိုသည်မှာ ထူးဆန်းသည့်နေရာ တခုမဟုတ်ပဲ ပြည်နယ်အများစု၌ ရှိတတ်ကြ ကာ တွင်းအောင်းသားရဲများ ကြီးစိုးတတ်ပြီး သစ်ပင်မိစ္ဆာအချို့ ရှိတတ်သည်။

သို့သော်လည်း ထိုအရာက ပကတိပညာရှင်များ ကို အဟန့်အတားမဖြစ်စေပဲ အဓိက စိုးရိမ်ရမှာ က မြေရိုင်းဒေသ၏ အင်အားကြီးမျိုးနွယ်စုပင် ဖြစ်သည်။ ထိုသူများကို ကိုင်တွယ်နိုင်ရန် အစစ အရာရာပြင်ဆင်ရန် လိုအပ်သည်မဟုတ်လား။

………………………………………………….

All Chapters