Chapters

အခန်း (၂၄၃)

Vol. 17 Ch. 243

အခန်း (၂၄၃)

Vol. 17 Ch. 243

လီပြည်ထောင်စု မြေရိုင်းဒေသ..

ကျိုးယန်တို့အဖွဲ့သည် ရက်သတ္တပတ်ခန့် ထွက် ခွာလာပြီးနောက် မြေရိုင်းဒေသနဲ့ အနီးဆုံးနေရာ တခုကို ရောက်ရှိလာသည်။

မြေရိုင်းဒေသဆိုသည်ကား တောနက်တခုကဲ့သို့ သစ်ပင်ပေါများခြင်း မဟုတ်သလို လွင်တီးခေါ င်နယ်မြေ တခုလည်းမဟုတ်ပေ။ အများအားဖြ င့် မြေရိုင်းဒေသက စိုက်ပျိုးရေးခက်ခဲပြီး သ ဘာဝအားဖြင့် မြစ်ချောင်းများမှ ငါးများသားရဲ များကိုသာ အမိပြုစားသောက်ရသည်ဟု ကျိုး ယန်ဖတ်ဖူးသည်။

သို့သော် လက်ရှိမြေရိုင်းဒေသနဲ့ နီးစပ်ချိန်မှာ တော့ ထိုသို့မဟုတ်ပဲ ပုံမှန်လူနေမြို့များကဲ့သို့ စ ည်ကားပြီး အဆောက်အုံများ လမ်းများကလဲ မ ထင်မှတ်ထားစွာ ခေတ်မီနေပြန်သည်။

ခန့်မှန်းခြေအရ မြေရိုင်းဒေသ၌ လူဦးရေ တသ န်းခန်းရှိနိုင်သည်ဟု ထင်ရသည်။ ဒါတောင်ကျိုး ယန်တို့ မြေရိုင်းဒေသ၏ အဓိကနေရာသို့ မရော က်သေးပေ။ လက်ရှိရောက်နေသည့် နေရာက မြေရိုင်းဒေသနဲ့ မြေပြန့်ဒေသကြား ထိစပ်နေရာ လေး တခုသာဖြစ်သည်။

“လီနန်းတွင်းမှတ်တမ်း တွေထဲမှာတော့ မြေရိုင်း ဒေသက မျိုးနွယ်စုကို ရှေးဟောင်းမျိုးနွယ်စုလို့ မှတ်တမ်းတင်ထားတယ်”

ကျိုးလီက နန်းတွင်းစာကြည့်တိုက်မှ သူသိခဲ့ရ တဲ့ အချက်အလက်အချို့ကို ရှင်းပြလာသည်။

“သူ တို့မျိုးနွယ်စုရဲ့ အဓိက ကျင့်စဥ်က ခန္ဓာကို ယ်ကျင့်စဥ်တွေ ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာခွန်အား ကိုအလေးထားကြသေးတယ်”

ကျိုးလီ၏ နောက်ဆက်တွဲစကားကြောင့် ကျိုး ယန်တယောက် မျက်လုံးများ အရောင်လက်သွာ ခဲ့သည်။ ခန္ဓာကိုယ်ကျင့်ကြံသူ ဆိုသည်ကားသူ နဲ့ နီးစပ်ပြီး လက်ရှိကျိုးယန်၏ ရုပ်ပိုင်းဆိုင်ရာ ကလည်း သန်မာပြီး ဗာဂျာရာကျင့်စဥ်ကြောင့် အဆင့်တူများထက် ပိုစွမ်းသည်ဟုဆိုနိုင်သည်။

“ ရှေးဟောင်းမျိုးနွယ် ခန္ဓာကိုယ်ကျင့်စဥ် ဟုတ် လား စိတ်ဝင်စားစရာပဲ”

ကျိုးယန်က ပြတင်းပေါက်မှ တဆင့် အပြင်ဘ က်ကို ကြည့်ရင်းတီးတိုးရေရွတ်လိုက်သည်။ အ ပြင်ဘက်၌ ပြည်သူများ ကျိုးတိုကျဲတဲသွားလာ နေကြပြီး ကျိုးယန်တို့အဖွဲ့က မျိုးနွယ်စုကိုတို က်ခိုက်ရန်ထက် ညှိနှိုင်းရန် ဦးတည်ထားသော ကြောင့် လူအနည်းငယ်သာ ပါလာပြီး အသွင်ပြ င်ကို ပြောင်းလဲထား၍ သတိမပြုမိကြချေ။

ဟုတ်ပေသည်။ ကျိုးယန် ကျိုးလီ ကိုင်ရီရီ ကျိုး ယွမ်နဲ့ လီပြည်နယ်မှ စစ်သူကြီးနှစ်ဦး တို့ဖြစ် ကာထို နှစ်ဦးထဲမှ တဦးမှာနတ်ဓားဂိုဏ်းအကြီး အကဲဟောင်း ပိုင်ဖုန်းဖြစ်သည်။ အကြီးအကဲ ဟောင်းဟု ခေါ်ရသည်က လက်ရှိ၌ နန်းတွင်းသို့ ဝင်ရောက်အမှုထမ်းနေသောကြောင့်ဖြစ်သည်။

“ဒီဒေသလေးသာ ဒီထက်ပိုတိုးတက်လာမယ်ဆို ရင် ကျုပ်တို့နဲ့ မြေရိုင်းဒေသက မျိုးနွယ်စုကြား ဆက်ဆံရေးက နီးကပ်သွားမလားပဲ”

ကျိုးယွမ်က တွေးတွေးဆဆဟန်ဖြင့် ပြောလာ သည်။ ကိုင်ရီရီကလည်း

“ကျမအထင်တော့ ပြည်နယ်တိုးတက်ခြင်းရှိမရှိ ကိုသူတို့ စိတ်ဝင်စားပုံမပေါ်လောက်ဘူး အခုအု ပ်ချုပ်ရေးစနစ်နဲ့ အုပ်ချုပ်သူပြောင်းနေတာကို တောင် သူတို့ဘက်က တုန့်ပြန်မှု မပြုခဲ့ဘူးလေ ဒါက သူတို့နဲ့ဆက်ဆံရေး နီးကပ်ဖို့က ထင်ထား တာထက်ပိုခက်မယ့် သဘောပဲ”

ကျိုးယန်က ကိုင်ရီရီ၏စကားကို ထောက်ခံဟန် ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူမ တွက်ဆမှု က ယုတ္တိရှိပေသည်။ မည်သည့်အင်အားစုမဆို အုပ်ချုပ်သူ အပြောင်းအလဲက လှုပ်ခတ်ရန်လုံ လောက်သော်လည်း ထိုမျိုးနွယ်စုကတော့ လုံးဝ တည်ငြိမ်နေသည်က အံ့သြစရာပင်။

ကျိုးယန်တယောက် ပတ်ဝန်းကျင်ကို တချက် ဝေ့ကြည့်လိုက်စဥ် သူ့ရဲ့စိတ်စွမ်းအင် စက်ကွင်း ထဲ ကျင့်ကြံသူအချို့ကို သတိပြုမိလိုက်သည်။ သို့သော်လည်း တခဏမျှသာဖြစ်ပြီး ကျိုးယန် သတိပြုမိသွားသည်ကို တဖက်သူက ရိပ်မိသွား သောကြောင့် အမြန်ဆုတ်ခွာသွားပုံရသည်။ ကျိုးယန်တယောက် နှုတ်ခမ်းထောင့်များ တွန့် ကွေးသွားရသည်။ နယ်မြေအသစ်တခုကို ခြေ ချရာ၌ ဒေသခံများ၏ စူးစမ်းမှုကို ခံရသည်က သဘာဝပင်။

ကျိုးယန်၏ အမူအရာအပြောင်းအလဲကို စက္ကန့် နဲ့အမျှ သတိပြုမိတတ်သည့် ကိုင်ရီရီက ပြုံး၍ ကြည့်လာသည်။ သူမ၏မျက်လုံးထဲ၌ မေးခွန်း များစွာရှိနေသော်လည်း ထုတ်မပေးပေ။ အပြင် ဘက်ခရီးများသွားချိန်ဆိုလျင် ကျိုးယန်ကသူမ ကိုအနီးကပ်ဆုံး ခေါ်ထားတတ်ပြီး အမြင်အရ ဆိုလျှင်လည်း ချစ်သူ ဇနီးမယားဟုထင်ရစေသ ည်။ ထိုအရာက သူနဲ့ပက်သက်၍ ကောင်းသည် ဆိုးသည် တခွန်းတပါဒမှ မပြောခဲ့သည့် မင်းသ မီးလေးအား ကျိုးယန်ဘက်မှ အတတ်နိုင်ဆုံး ဂ ရုစိုက်ပေးသည့် သဘောဖြစ်ပြီး သူ့အနေဖြင့် သူမကို ဇနီးမယားနေရာ အတိအလင်းသွားရန် ကတော့ အချိန်ယူရပါဦးမည်။

………………………………………………….