← Chapters

အခန်း (၂၄၄)

Vol. 17 Ch. 244

အခန်း (၂၄၄)

Vol. 17 Ch. 244

မြေရိုင်းဒေသအဝင်ခရီးက ပုံမှန်ပင်ရှိနေပြီး စောင့်ကြည့်နေသူ အနည်းငယ်ကို သတိထားမိ သော်လည်း ထိုအရာက ဒေသခံအဖွဲ့အချို့မှ လူ စိမ်းများ ဝင်ကောက်လာသည့်အပေါ် စောင့်ကြ ည့်သည့် သဘောတရား ဖြစ်ပုံရသည်။ ညအချိ န်ရောက်သည်အထိ မည်သည့် အနှောင့်အယှက် မှ မတွေ့ခဲ့ရပေ။

နောက်တနေ့မနက်၌ မနက်စာစားသောက်ပြီး နောက် မြေရိုင်းဒေသ၏ အဓိကမြို့တော်ကိုဝင် ရောက်ကြတော့သည်။ မြေရိုင်းဒေသမှာ သာမန် မြို့တော်များနဲ့ မတူညီသည့် ယဥ်ကျေးမှုများရှိ ပြီး ထူးခြားသည့်အချက်က ကျားမ မရွေး၎င်း တို့ရဲ့ ခန္ဓာကိုယ်များက သန်မာထွားကြိုင်းနေပုံ ရှိသည်။

သာမန်မိန်းကလေးတဦး အရွယ်ရောက်ချိန် ရှိ နိုင်သည့် အရပ်မှာ ၁၇၀ စင်တီမီတာ ဖြစ်နိုင်ပေ မဲ့ မြေရိုင်းဒေသရှိ မိန်းကလေးများမှာတော့ ၁၉၀ စင်တီမီတာပင် ကျော်နိုင်သည်။ ထိုအရာ က ၎င်းတို့၏ ခန္ဓာကိုယ်ကျင့်စဥ်ကြောင့်များ ဖြ စ်နေမလားဟု ကျိုးယန်တွေးမိသည်။

မကြာမီ မြေရိုင်းဒေသကိုရောက်ရှိ သွားပြီးနော က် မြို့တော်ကဲ့အလယ်ရှိ မြို့တော်ခန်းမကိုတို က်ရိုက်သွားလိုက်သည်။ ရန်စကျူးကျော်သူ မ ဟုတ်သည်ကို တဖက်သူများသိစေရန် တိုက်ရို က်ဆက်သွယ်ခြင်းက အကောင်းဆုံးနည်းလမ်း ဖြစ်သည်။

ခန်းမအဝင်အထွက်၌ ရှေးဟောင်းမျိုးနွယ်စု၏ ပါရမီရှင်ဟု ထင်ရသည့် လူငယ်များဝင်ထွက် နေကြပြီး ၎င်းတို့ပြောစကားအရ မကြာမီရက်ပို င်းအတွင်း ပွဲတော်တခုရှိကာ ပြင်းထန်တဲ့ပြိုင်ပွဲ တခုလည်း ပါဝင်မည်ဟု ကြားသိလိုက်ရသည်။

ကျိုးယန်တယောက် စိတ်ဝင်စားသွားခဲ့သော်လဲ လာရင်းကိစကြောင့် ထိုအရာကိုလျစ်လျူရှုလိ​ု က်ပြီး ခန်းမထဲတိုက်ရိုက် ဝင်သွားတော့သည်။ ခန်းမထဲ၌ အသက်လတ်ပိုင်းအရွယ် အမျိုးသား နှစ်ဦး ရှိနေပြီး ထိုသူများက ကျိုးယန်တို့ဝင်လာ သည်ကို တွေ့လျင် ပြုံးရွှင်စွာ ကြိုဆိုနှုတ်ဆက် လာကြသည်။

“ တွေ့ရတာဝမ်းသာပါတယ် အရှင်နဲ့အရှင်မ”

ထိုစကားက ကျိုးယန်ကို တိုက်ရိုက်ရည်ရွယ်ပုံရ ပြီး တဖက်သူများက မိမိကို ကျိုးဧကရာဇ်မှန်း သိနေပုံရှိသည်။ ကျိုးယန်က မချိတင်ကဲပြုံး၍

“ တွေ့ရတာဝမ်းသာပါတယ် ကျုပ် ခင်ဗျားတို့ရဲ့ မျိုးနွယ်စုခေါင်းဆောင်နဲ့ တွေ့ချင်လို့ပါ”

ကျိုးယန်စကားဆုံးချိန်၌ ထိုသူနှစ်ဦးက လက် ဟန်ပြ၍

“အရှင့်ကို ကျတော်တို့စောင့်နေတာပါ အနောက် ကလိုက်ခဲ့ပေးပါ တခုတော့ရှိတယ် အရှင်တစ် ယောက်တည်းပါပဲ”

ကိုင်ရီရီတယောက် မျက်မှောက်ကြုတ်သွားခဲ့ သည်။ တဖက်သူမှာ မိမိတို့၏ အထောက်ထား ကိုသိနေပြီး အရေးကြီးဆုံးလူဖြစ်သည့် ကျိုး ယန်ကိုသာ ဖိတ်ကြားခြင်းက စိုးရိမ်စရာပင်။ ကျိုးယန်က လက်ကာပြလိုက်ပြီး

“ကိစ္စမရှိပါဘူး ဒါနဲ့ ကျုပ်လူတွေကို ဂရုစိုက်ပေ ဖို့ ဒုက္ခပေးရတော့မယ်”

“ကိစ္စမရှိပါဘူး..ကိစ္စမရှိပါဘူး”

မကြာမီ ထိုသူနှစ်ဥိီးထဲမှ တဦးက ကိုင်ရီရီတို့အ နားယူရန် ခေါ်ဆောင်သွားပြီး ကျန်တစ်ဦးက တော့ ခေါင်းဆောင်နဲ့တွေ့ဆုံရန် ခေါ်ဆောင်သွား လေသည်။

လမ်းတလျှောက် ခန်းမများစွာကို ဖြတ်သန်းခဲ့ ပြီး ထိုခန်းမများက လေ့ကျင့်ရေးခန်းမ ဖြစ်ပုံရ သည်။ လေ့ကျင့်ရေးခန်းမတခုအနား ဖြတ်သန်း သွားချိန် အထဲမှ စကားသံတခုထွက်ပေါ်လာသ ည်။

“အကြီးအကဲ ကျန်း ဧည့်သည့်ခေါ်လာတာလား”

စကားသံက မိန်းမတဦးရဲ့အသံ ဖြစ်သော်လည်း အနည်းငယ် ရှတတဖြစ်နေကာ အသံရှင်ကိုတွေ့ လိုက်ရချိန်မှာတော့ ကျိုးယန်တယောက် အ ကြောင်းရင်းကို သိသွားရတော့သည်။ တဖက်မိ န်းကလေးမှာ အသက်၂၀ ပင်မပြည့်လောက်ပုံရ သည့် နုနယ်သည့် မျက်နှာလေးနဲ့မလိုက်အောင် ပင် ခန္ဓာကိုယ်က ထွားကြိုင်းနေပြီး အရပ်ကလဲ ကျိုးယန်ထက်ပင် အနည်းငယ် မြင့်နေနိုင်သည် ကျိုးယန်တယောက် ဆွံ့အနေပြီး သူမရဲ့ခန္ဓာကို ယ်ဆီက ပြင်းထန်တဲ့ တိုက်ပွဲဆာလောင်စိတ် တမျိုးကိုလည်း ခံစားနေရသည် မဟုတ်လား။

“ရှင့်အကြည့်တွေကို မပြင်ရင် ရှင့်မျက်လုံးတွေ ကိုဖောက်ထုတ်ပစ်မယ်”

မိန်းကလေးရဲ့အသံက ခပ်မာမာထွက်ပေါ်လာ ပြီး ထိုစကားကိုကြားချိန်မှာတော့ အကြီးအကဲ ကျန်းဆိုသူက ထိတ်လန့်သွားပြီး ချက်ချင်းပင် သူမကို တားဆီးလိုက်သည်။

“သခင်မလေး ဒီပုဂ္ဂိုလ်က အရှင့်ရဲ့အထူးဧည့် သည်ပါ ရိုင်းပြလို့မရပါဘူး”

သခင်မလေးတဲ့လား။ မျိုးနွယ်စုခေါင်းဆောင်နဲ့ ဘယ်လိုပက်သက်တာလဲ။ ကျိုးယန်က သူ့ရဲ့အ ကြည့်မှာ စူးစမ်းလိုစိတ်သာရှိပြီး ရိုင်းပြသည်ဟု မခံစားရသောကြောင့် မည်သို့မှ မဖြစ်ချေ။ သို့ သော်လည်း ထိုဆယ်ကျော်သက်မလေးက မိဘ များအလိုလိုက်ခံထားရသည့် ဆိုးရွားသည့်က လေးမလေးနဲ့ တူနေသည်။

“ဟမ့်… အဖိုးရဲ့ဧည့်သည့်ဆိုပြီး သည်းခံရမှာတဲ့ လား… ဒီမယ်..ရှင့်ကိုဒီတကြိမ်တော့ အဖိုးမျက် နှာထောက်ပြီး ခွင့်လွှတ်ပေးလိုက်မယ် နောက် တကြိမ်ကတော့ ဟင်းဟင်း”

သူမလေးက လက်သီးနှစ်ဖက်ကို ဆုပ်၍အချင်း ချင်းထိုးနှက်ဟန်ပြကာ မကျေမနပ်ဖြင့် ထွက် ခွာသွားသည်။ ကျိုးယန်တယောက် ရယ်ကျဲကျဲ အမူအရာဖြစ်သွားခဲ့ပြီး အဆိုပါမိန်းကလေးသာ သူ့ရဲ့ညီမဆိုပါက မည်မျှပျော်စရာကောင်းလိုက် မည်နည်း။ တနေကုန်စနောက်နေလို့ရသည်။

“ဧည့်သည်တော် စိတ်ထဲမထားပါနဲ့ သခင်မလေ က ဒီရက်ပိုင်း စိတ်ရှုပ်နေလို့ပါ”

အကြီးအကဲကျန်း၏ တောင်းပန်စကားကို ကျိုး ယန်က ပြုံး၍ သူ့အနေဖြင့်မည်သို့မှ မခံစားရ ကြောင်း အသိပေးလိုက်သည်။

“ကိစ္စမရှိပါဘူး ဒီအရွယ်တွေက ဖြစ်တတ်ပါတ ယ် ဒါနဲ့ ကျုပ်တို့ ဆက်သွားရဦးမှာလား”

ကျိုးယန်ရဲ့အမေးကို အကြီးအကဲကျန်းက ယဥ် ကျေးစွာဖြင့်

“ ရှေ့က အဆောက်အုံဆိုရောက်ပါပြီ ဧည့်သည် တော်ဆက်သွားလိုက်ပါ”

အကြီးအကဲကျန်းက ရှေ့ဆက်မပို့တော့ပေ။ ကျိုးယန်တယောက် ဆွံ့အသွားသော်လည်း အမူအရာ မပျက်စေပဲ တယောက်တည်းရှေ့ဆ က်သွားကာ အကြီးအကဲ ညွှန်ပြသည့် ၅ထပ်အ ဆောက်အုံကြီးထဲ ဝင်သွားလိုက်သည်။

အထဲ၌ သလင်းကျောက်အမျိုးအစားတူ ကျော က်တမျိုးကို ကြမ်းခင်းအဖြစ်သုံးထားပြီး အ ဆောက်အုံပုံစံက နန်းမြို့တော်ရှိ နန်းတော်ထက် ပင် ခမ်းနားနေသည်။ ကျိုးယန်က မျက်စိမက စားတော့ပဲ ရှေ့တူတူကိုကြည့်ကာ ခန်းမကျယ် တခုထဲ လှမ်းဝင်လိုက်သည်။

ခန်းမကျယ်ထဲ၌ ဧည့်သည်များ ဧည့်ခံရန်ပြင် ဆင်ထားပုံရပြီး အထဲတွင် လူများများစားစားမ ရှိပဲ အမျိုးသား ၃ဦးနဲ့ အမျိုးသမီး တဦးသာရှိ နေသည်။ အမျိုးသားသုံးဦး၌ တစ်ဦးမှာ အသ က်ကြီးပိုင်းအရွယ်ဖြစ်ပြီး ကျန်နှစ်ဦးက သက် လတ်ပိုင်းအရွယ် ဖြစ်သည်။ ကျန်အမျိုးသမီး မှာ သက်လတ်ပိုင်းအရွယ်ဖြစ်ပြီး မဆီမဆိုင် ကျောက်သခင်မကြီးကိုပင် သတိရမိသွားသော ကြောင့် ထိုအတွေးအား အလျင်အမြန်မောင်း ထုတ်လိုက်ရသေးသည်။

အမျိုးသမီး၏ ပုံပန်းသွင်ပြင်က ခုနကတွေ့ခဲ့သ ည့် ဆယ်ကျော်သက်မလေးနဲ့တူပြီး ခန္ဓာကိုယ် ထွားကြိုင်းသော်လည်း အသွင်ပြင်မှာမူ မြင့်မြ တ်တဲ့ အရှိန်အဝါ လွင့်ထုတ်ထားသည်။ ကျိုးယ န်ကို တွေ့သည်နှင့် ထိုသူလေးဦးက ပြုံးပြလာခဲ့ ပြီး ကျိုးယန်ကို ထိုင်ခုံတခု၌ ထိုင်ရန်ညွှန်ပြလာ သည်။

“မင်းရောက်လာပြီပဲ… လမ်းခရီးအဆင်ပြေရဲ့ လား ကောင်လေး”

ထိုစကားသံက အသက်ကြီးပိုင်း အဘိုးအိုမှ မေးခွန်းထုတ်လိုက်ခြင်းဖြစ်သည်။ ကျိုးယန်က ခေါင်းညိတ်ပြလိုက်ပြီး မိမိတို့ကို မည်ကဲ့သို့သိ သွားကြောင်းအား ထုတ်မမေးတော့ပေ။

“အဆင်ပြေပါတယ် မြို့တော်ကလည်း စည်ကာ နေတော့ ကျုပ်တောင်အံ့သြနေရတယ်”

ကျိုးယန်စကားအဆုံး၌ သက်လတ်ပိုင်းလူတစ် ဦးက ကျယ်လောင်စွာရယ်မောကာ..

“ဟားးး မင်းရဲ့ မြို့တော်အသစ်ကိုတော့ မယှဥ် နိုင်သေးပါဘူးကွာ ဒါနဲ့ မိတ်ဆက်ပေးရဦးမယ် ဒီဘက်က ငါ့ဇနီး ယန်ယန် ဒါက ငါ့ညီတော် ယန် ကျန့်ထန်း ဒီဘက်ကတော့ ငါ့အဖေတဖြစ်လည် ငါတို့ရဲ့ဘိုးဘေးယန်မင် ပြီးတော့ ငါက ရှေး ဟောင်းမျိုးနွယ်စုရဲ့ လက်ရှိခေါင်းဆောင် ယန် ချန်းပဲ”

ယန်ချန်းဆိုသူက အလေးအနက်မိတ်ဆက်ပေး နေသောကြောင့် ကျိုးယန်က ထိုသူအားလုံးကို ရိုသေစွာ ဦးညွတ်လိုက်ပြီး သူကိုယ်သူကတော့ အထူးတလည်မိတ်ဆက်နေဖို့ မလိုလောက်ဟု တွေးမိသောကြောင့် မည်သည့်စကားမှ ပြန်မ ပြောလိုက်ပေ။

………………………………………………..

All Chapters