← Chapters

အခန်း (၂၄၅)

Vol. 17 Ch. 245

အခန်း (၂၄၅)

Vol. 17 Ch. 245

ကျိုးယန်တို့စကားဝိုင်းက တခဏမျှ တိတ်ဆိတ် သွားပြီး ထိုအရာကို ဖြိုခွဲလိုက်သူက မျိုးနွယ်စု သခင်မကြီး ဖြစ်သည်။

“မင်းရဲ့ အောင်မြင်မှုတွေကို ငါကြားမိပါတယ် ဒါနဲ့ မင်းကိုတခုလောက်မေးလို့ရမလား”

သူမရဲ့အသံက ပုံစံနဲ့မလိုက်အောင်ပင် နူးညံ့နေ ပြီး တဖက်သူကို လွှမ်းမိုးနိုင်သည့် သံလိုက်ဓာ တ်တမျိုးကိုပင် ကျိုးယန်တယောက် ခံစားမိလို က်သည်။

“သခင်မ ချီးကျူးလွန်းနေပါပြီ သခင်မသိလိုသ မျှမေးလို့ရပါတယ်”

ကျိုးယန်စကားအဆုံး၌ သူမက ချက်ချင်းပင် မထိန်းချုပ်နိုင်ဟန်ဖြင့်

“မင်းဆီမှာ လောကအုပ်ချုပ်သူဟောင်းရဲ့ အ ငွေ့အသက်ရှိနေတာ သတိထားမိတယ် သူနဲ့ဘ ယ်လိုပက်သက်လဲ”

ကျိုးယန်တယောက် ထိတ်လန့်သွားပြီး နေမီး ကျင့်စဥ်ကို ကျင့်ကြံခဲ့သောကြောင့် အုပ်ချုပ်သူ ဟောင်းရဲ့ အငွေ့အသက်အချို့ ထွက်နေပုံရသ ည်။ ကျိုးယန်ရဲ့ပုံစံကို ကြည့်၍ ဘိုးဘေးယန် မင်က အသာပြုံးလိုက်ပြီး ညင်သာစွာပြောလာ သည်။

“မစိုးရိမ်ပါနဲ့ ငါတို့က အန္တရာယ်ပေးဖို့မဟုတ်ပါ ဘူး”

ကျိုးယန်က သက်ပြင်းချလိုက်ပြီးနောက် အုပ် ချုပ်သူဟောင်းနဲ့ တွေ့ဆုံရပုံကို ဝန်ခံလိုက်တော့ သည်။

“မထူးဆန်းတော့ဘူး အရှင်မကရွေးချယ်ပြီးပြီပဲ ဒါကြောင့် ဟိုကောင်လေးက အမွေအနှစ်ကိုလ က်ခံလို့မရတာကိုး”

ဘိုးဘေးယန်မင်တယောက် ကျိုးယန်၏စကား အဆုံး၌ တီးတိုးရေရွတ်လိုက်သည်။ ပြီးနောက်

“ငါတို့က ဘာလို့အဲ့လိုမေးတာလဲမင်းသိချင်နေ လား”

“ဟုတ်ကဲ့”

ဘိုးဘေးယန်မင်က အတိတ်ကိုလွမ်းဆွတ်ဟန် ဖြင့် ညှိုးရော်သွားခဲ့ပြီး သူ့စကားသံက ဝမ်းနည် နေပုံရသည်။

“အမှန်တော့ ငါတို့နဲ့ လောကအုပ်ချုပ်သူအရှင်မ တို့က ဆက်စပ်နေတယ်လို့ ပြောနိုင်တယ် ငါ့အ ဖေက အရှင်မရဲ့ကိုယ်ရံတော်၃ပါးထဲက တပါး ဖြစ်ဖူးပြီး ငါတို့ရဲ့အမွေအနှစ်အားလုံးနီးပါးက လည်း အရှင်မပေးသနားထားတဲ့ အရာတွေချ ည်းပဲ”

အုပ်ချုပ်သူဟောင်းနဲ့ ဆက်စပ်နေတာလား။ ဒါ တော့ ကျိုးယန်မထင်ထားမိပေ။ အဓိက ကိုယ် ရံတော်ပင် ဖြစ်ခဲ့၍ အရှင်မနဲ့ နီးကပ်နေမည်ကို တော့ ပြောစရာပင်မလိုချေ။ ဘိုးဘေးယန်မင် က ဆက်ပြောလာပြန်သည်။

“လွန်ခဲ့တဲ့နှစ်၅၀၀၀ လောကစစ်ပွဲကြီးမဖြစ်ခင် တုန်းက ငါတို့က ဒီလောကမှာရှိနေသေးတာမ ဟုတ်ဘူး ဒီထက်နိမ့်ကျတဲ့ လောကငယ်လေးတ ခုကပဲ ငါ့အဖေက ပါရမီမြင့်လွန်းတာကို သတိ ထားမိတဲ့အရှင်မက လောကစစ်ပွဲ ပထမအကြိ မ့်ပြီးမှာပဲ သူ့ရဲ့တပည့်အနေနဲ့ကော အစောင့်အ ရှောက်အနေနဲ့ကော ခေါ်ဆောင်သွားလို့ ငါတို့ဒီ လောကကို ရောက်လာရတာ”

လောကစစ်ပွဲဟုတ်လား။ ငရဲတမန်တော်များနဲ့ ဖြစ်သည့် စစ်ပွဲကြီးကိုများ ဆိုလိုနေတာလား။ ကျိုးယန်တယောက် အတွေးနက်နေစဥ်မှာပဲ ဘိုးဘေးယန်မင်က

“မင်းဆီမှာ အရှင်မရဲ့ အမွေအနှစ်ဖြစ်တဲ့နေမီး ကျင့်စဥ်ကို အာရုံခ့မိလို့ မင်းကိုဒီထိ အသာတ ကြည်ဝင်ခွင့်ပြုလိုက်တာ မဟုတ်ရင် မင်းငါတို့ ကိုတွေ့မှာတောင် မဟုတ်ဘူး”

ကျိုးယန်တယောက် စိတ်ထဲတွန့်ခနဲဖြစ်သွားခဲ့ ပြီး သူ့ခွန်အားအရ ထိုကဲ့သို့အပြောမျိုးက အန ည်းငယ် စော်ကားရာတော့ ရောက်နေပေသည်။

“အုပ်ချုပ်သူဟောင်းက နေမီးကျင့်စဥ်နဲ့ အင် မော်တယ်စွမ်းအင် အချို့ပေးခဲ့ပေမယ့် နေမီး ကျင့်စဥ်က ကျုပ်နဲ့မလိုက်ဖတ်လို့ အစပိုင်းပဲ ကျင့်ရပါသေးတယ်”

ကျိုးယန်က နေမီးကျင့်စဥ်အကြောင်း ထုတ် ပြောလိုက်သည်။ သူ့၌ ထိုအရာနှင့်ပက်သက်၍ ကွယ်ဝှက်ထားစရာ မရှိချေ။ ထိုကျင့်စဥ်ကလဲ စနစ်ရှိသည့် သူ့အတွက် မက်မောလောက်စရာ မဟုတ်သေး။ အသူရာဓားကျင့်စဥ် ဒုတိယအ တွဲသာရပါက ထိုအရာကိုဆက်မကျင့်တော့ဟု တောင် တွေးနေသည်မဟုတ်လား။

“ဟုတ်တယ် နေမီးကျင့်စဥ်က အမျိုးသမီးတွေ အတွက် သင့်လျော်တယ် ခက်တာကငါတို့ကလဲ ရုပ်ပိုင်းဆိုင်ရာကျင့်ကြံသူတွေ ဆို​တော့အရှင်မ ရဲ့ နေမီးကျင့်စဥ်ကို လက်ခံလို့မရခဲ့ဘူး”

မျိုးနွယ်စုသခင်မကြီးက ဝင်ရောက်ပြောဆိုလာ သည်။

“ဟုတ်ကဲ့… ကျတော့်ရဲ့လာရင်းကိစ္စကိုဆွေးနွေ လို့ရမလား”

ကျိုးယန်က တိုက်ရိုက်ပင် ပြောလိုက်သည်။သူ့ တွင် အချိန်မရှိပေ။ တမန်တော်များအဖွဲ့က ပြ ည်ထောင်စုငယ်များ၌ စတင်လှုပ်ရှားနေပြီး ထို မီးပွှားက လီပြည်နယ်ကိုအချိန်မရွေးရောက်နိုင် ကာ ထိုမှတဆင့် ကျိုးပြည်နယ်ထိ ကူးစက်နိုင် သည်မဟုတ်လား။

“ပြောပါ ကောင်လေး မင်းဒီကိုဘာအတွက်လာ တာလဲ လက်ရှိမင်းရဲ့အစ်ကိုဘုရင်ခံနဲ့ ပူးပေါင်း ဖို့ဆိုရင်တော့ ငါတို့သဘောမတူနိုင်ဘူး”

ယန်ချန်းက ပြတ်ပြတ်သားသားပင် ပြောလာ သည်။ ကြည့်ရသည်က ရှေးဟောင်းမျိုးနွယ်စု မှာ သီးသန့်နေထိုင်လိုပုံရှိသည်။ ကျိုးယန်က

“စောနတုန်းက အုပ်ချုပ်သူဟောင်းနဲ့ တွေ့ရတဲ့ အကြောင်းအရင်းကို ခင်ဗျားတို့သိကြလား”

ကျိုးယန်ရဲ့မေးခွန်းကြားချိန်၌ ထို၄ဦးမှာငြိမ်သ က်သွားပြီး ယန်ချန်းက မေးခွနိးထုတ်လာသည်

“ဘယ်လိုများလဲကွ”

ကျိုးယန်က လောကကူးပြောင်းအစီအရင်မှတ ဆင့် သားရဲတောင်ကြောသို့ဝင်ရောက်ပုံ အုပ်ချု ပ်သူဟောင်းနဲ့ တွေ့ဆုံပုံအပြင် ငရဲတမန်တော် များ၏ လက်အောက်ခံ တမန်တော်များအဖွဲ့ရဲ့ လက်ရှိ ပြည်ထောင်စုအချို့ပေါ် ချုပ်ကိုင်ထား မှုအခြေနေများအား ပြောပြလိုက်ပြီး ၎င်းတို့ရဲ့ ခြေလှမ်းမှာ လောကတခုလုံး ဝါးမြို့မယ့်အလာ အလာရှိနေကြောင်း ပြောပြလိုက်သည်။

ကျိုးယန်ရဲ့စကားအဆုံး၌ ထိုသူအားလုံးနောက် တဖန်ငြိမ်သက်သွားခဲ့ပြီး ထိုကိစ္စနဲ့ပက်သက်၍ အလေးအနက်ရှိသွားပုံပေါ်သည်။ ဟုတ်ပေသ ည် အုပ်ချုပ်သူဟောင်းရဲ့ အဆက်နွယ်ဖြစ်ခဲ့သ ည့် ရှေးဟောင်းမျိုးနွယ်စုအနေဖြင့် အုပ်ချုပ်သူ အရှင်မပိုင်ဆိုင်ခဲ့သည့် လောကအားပျက်စီးခံ မည်မဟုတ်ဟု ကျိုးယန်ထင်သည်။

“ငရဲတမန်တော်တွေ နောက်တကြိမ်ထပ်လှုပ်ရှား လာပြန်ပြီပေါ့ ဒါပေမယ့် အဲ့ဒါက ငါတို့နဲ့ဘာဆို င်လို့လဲ”

ယန်ချန်းရဲ့စကားအဆုံး၌ ကျိုးယန်တယောက် ဆွံ့အသွားသည်။ သို့သော်လည်း ချက်ချင်းပင် အမူအရာကိုထိန်းသိမ်းကာ ပြောလိုက်သည်။

“အခုတော့ မဆိုင်သေးဘူး ဒါပေမဲ့ ကျုပ်တို့ပြ ည်ထောင်စုတွေသာ သူတို့ကိုမထိန်းချုပ်နိုင်ခဲ့ရ င် ခင်ဗျားတို့က အရှင်မရဲ့ အဆက်နွယ်မဟုတ် သည်ကိုထားတော့ အကုန်လုံးလွတ်မြောက်မယ် လို့ထင်လား”

“ဒါကို ငါတို့တွက်ဆမိပါတယ် မင်းသိထားဖို့က ငါတို့ရဲ့မူလ လောကကို အချိန်မရွေးပြန်သွားလို့ ရတယ်ဆိုတာပဲ”

ဘိုးဘေးယန်မင်က ညင်သာစွာပြောလာသည်။ ကျိုးယန်က ပြုံး၍

“ဟုတ်တာပေါ့ ခင်ဗျားတို့မှာ မူလလောကတခုရှိ နေတာပဲ ဒါပေမယ့် အဲ့ကိုပြန်လို့ရပါလျက်မပြန် ပဲနေနေတာက အရှင်မကြောင့်လို့တော့ ကျုပ်ကို အကြောင်းပြချက်မပေးနဲ့ပေါ့ ဘာအတွက်မပြန် လဲ ခင်ဗျားတို့အသိဆုံးဖြစ်မှာပါ နောက်ပြီးစစ် ပွဲကြီးပြန်စခဲ့ရင် ခင်ဗျားတို့ရဲ့လောကအဟောင် ဆိုတာလည်း မလွတ်မြောက်နိုင်ဘူး ဒီတော့ ပြ ဿနာကို မကြီးထွားခင် ထိန်းချုပ်မလား ဒါမှမ ဟုတ်…”

ကျိုးယန်က ဆက်မပြောပဲ ထိုသူအားလုံးကိုစူး စိုက်ကြည့်လိုက်ပြီး ခဏအကြာမှ..

“ ဒီလောကက အရှင်မရဲ့အိမ်ပါ ကျုပ်လိုသေးင ယ်တဲ့ အမွေအနှစ်လေးရထားသူတောင် စွန့်စား ဖို့တွေးရင် ခင်ဗျားတို့က ပိုတောင်အလေးအန က်ထားသင့်သေးတယ်”

ကျိုးယန်ရဲ့စကားအဆုံး၌ ယန်ချန်းကတင်းမာ စွာကြည့်၍ ပြောလာသည်။

“ကောင်လေး အဲ့ကိစ္စနဲ့ငါတို့ကို မချည်နှောင်နဲ့”

“မဟုတ်တာပဲ ကျုပ်မှာအဲ့လိုအတွေးမရှိထားပါ ဘူး ခုပြဿနာက တမိုးအောက်ကလူအားလုံးနဲ့ ဆိုင်တာကို သိစေချင်တာ ကျုပ်ဒီကိုလာရတာ ကလည်း ကျုပ်အစ်ကိုတော်နဲ့ပူးပေါင်းဖို့ဆိုတာ ထက် မကြာခင်မီးစကူးလာမယ့် လီပြည်နယ်ရဲ့ အခြေနေကို ပူးပေါင်းကာကွယ်စေချင်တာ ဒီ လောက်ပဲ ကျန်တာကိုတော့ ကျုပ်အကောင်းဆုံ ဖြေရှင်းမှာပါ”

ကျိုးယန်စကားကြောင့် တင်းမာနေသည့်ယန်ချ န်းတယောက် ငြိမ်ကျသွားရသည်။ ထိုစကားက အဓိပ္ပါယ်ရှိပြီး မိုးပြိုအများမဟုတ်လား။ လီပြ ည်နယ်သာ လွှမ်းမိုးခံရပါက သူတို့လည်းထိုအ ခြေနေကို ရင်ဆိုင်ရပေမည်။

…………………………………………………

All Chapters