အခန်း (၂၄၆)
Vol. 17 Ch. 246
ခန်းမအတွင်း အပ်ကျသံပင် မကြားရလောက် အောင် တိတ်ဆိတ်နေပြီး ကိုယ်စီအတွေးလွန်နေ ကြကာ မျိုးနွယ်စုမှလူများ မည်သည့်အရာကို တွေးနေမှန်း မသိသော်လည်း ကျိုးယန်ကတော့ ရှေးဟောင်းခန္ဓာကျင့်စဥ်ကို စိတ်ဝင်စားနေမိ ကာ ထိုအရာကိုလေ့လာလိုနေခဲ့ပြီး မိမိသာထို ကျင့်စဥ်ကို ကျင့်ကြံပါက အဆိုပါမျိုးနွယ်စုကဲ့ သို့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲသွားမလားဟု တွေးနေမိသည်။
ထိုစဥ် ကျယ်လောင်သည့် စကားသံတခု ခန်းမ အတွင်းသို့ရောက်လာသည်။ ထိုအသံနဲ့အတူ မြင့်မားသည့် လူရိပ်တခုပါ ပါလာပြီးထိုလူရိပ် မှာ ကျိုးယန်ကို ရန်စခဲ့သည့် သခင်မလေးဆိုသူ ဖြစ်နေသည်။
“အဖိုး.. သမီးလေ့ကျင့်လို့ပြီးပြီ”
သူမက ကလေးပေါက်လေးနှယ် ခန္ဓာကိုယ်နဲ့မှ မလိုက်ခုန်ပေါက်နေသော်လည်း ပုံစံကငှက်မွှေး တခုနှယ် ပေါ့ပါးနေသည်။ ကြည့်ရသည်မှာသာ မန်မိန်းကလေးများ၏ အသွင်သဏ္ဍန်ပင်ဖြစ်သ ည်။
အနှီသခင်မလေးဆိုသူက ကျိုးယန်ကိုတွေ့သ ည်နှင့် တခဏမျှ တုန့်ဆိုင်းသွားပြီး ချက်ချင်းပ င် ဘိုးဘေးယန်မင်အနား ပြေးကပ်သွားကာအရု ပ်မလေးနှယ် ကပ်ချွဲနေတော့သည်။
“ဟုတ်ပြီ ဟုတ်ပြီ ဒီမှာဧည့်သည်ရှိနေတယ်လေ သတိထားဦးမှပေါ့ ငါ့မြေးရဲ့”
ဘိုးဘေးယန်မင်က မြေးမလေး၏ ဆံပင်ကိုခပ် ဖွဖွ ပွတ်သပ်ကာ ကြင်နာစွာပြောသည်။ သူမက မိဘနှစ်ပါးဘက် ကြည့်၍ မေးခွန်းထုတ်လာသ ည်။
“ဖေဖေနဲ့မေမေတို့ အရေးကြီးကိစ္စ ပြောဆိုနေ တာ သမီးကြောင့် အနှောင့်ယှက် ဖြစ်သွားလား”
သူမရဲ့စကားကို ယန်သခင်မကြီးက ပြုံး၍
“မဖြစ်ပါဘူး ဒါပေမယ့်နောက်ဆို အစောင့်တွေ ကနေတဆင့် အရင်အကြောင်းကြားပြီးမှ အထဲ ဝင်ရမယ်နော်”
ယန်သခင်မကြီးပုံစံက အသက်အရွယ်ကြီးရင့်မှ သားသမီးရလာ၍ အလွန်ချစ်မြတ်နိုးနေသည့်ပုံ ဖြစ်ပြီး ခေါင်းဆောင်ယန်ချန်းကလည်း သမီးဖြ စ်သူအား မြတ်နိုးစွာ ကြည့်၍ ပြုံးနေလေသည်။
“ဒါနဲ့ ခုနက သမီး ဒီကောင်လေးနဲ့ ပြဿနာဖြစ် သေးတယ်ဆို ဟုတ်လား”
ဘိုးဘေးယန်မင်က မေးသည်။ သူမက နှုတ်ခ မ်းကိုစူလိုက်ပြီး
“ဒါ အကြီးအကဲကျန်း အဘိုးကိုပြန်ပြောတာမ ဟုတ်လား အဲ့ဒီအကြီးအကဲကျန်းကတော့လေ”
သူမပုံစံက အကြီးအကဲကျန်းဆိုသူကို ဒေါသထွ က်နေဟန်ရှိပြီး ထိုအမူအရာကိုကပင် တမူဆွဲ ဆောင်မှု ဖြစ်နေစေသည်။
“မဟုတ်တာ ဒီမြို့တော်တခုလုံး ဘယ်နေရာက များ အဖိုးရဲ့မျက်စိအောက်က လွတ်လို့လဲ”
“ဟုတ်ပါပြီ ဟုတ်ပါပြီ”
မြေးအဖို့နှစ်ဦး အပြန်အလှန်စကားပြောနေစဥ် ယန်သခင်မကြီးက ပြုံး၍ ကျိုးယန်ကိုပြောသ ည်။
“မင်းလည်း ခရီးပန်းလာတယ် မဟုတ်လားဒီမှာ ရက်နည်းနည်းနေလိုက်ပါ မင်းကိစ္စကိုတော့ ငါ တို့အလေးအနက် ပြန်စဥ်းစားဖို့လိုနေတယ်”
“ကောင်းပါပြီ ကျုပ်ဘက်က မလောပါဘူး ဒါ ပေမဲ့ အရမ်းလည်း အချိန်မဆွဲဖို့ မျှော်လင့်ပါ တယ် နောက်ပြီးအဆင်ပြေမယ်ဆိုရင် ကျုပ်နဲ့ သခင်မကြီးတို့ မျိုးနွယ်စုကြား နည်းပညာနဲ့ကုန် သွယ်ရေး အခန်းကဏ္ဍအချို့ လုပ်ဆောင်လိုပါ တယ်”
ကျိုးယန်က အဓိကလိုရင်းကို အချိန်စောင့်ရမ ည်ဖြစ်သောကြောင့် တခြားကိစ္စကိုသာ ဦးတည် လိုက်ပြီး ဆက်ဆံရေးတခု တည်ဆောက်နိုင်မ ည့်လမ်းစအား ဖော်ထုတ်နေခြင်းဖြစ်သည်။ ထို စကားကိုကြားလျင် ဘိုးဘေးယန်မင်က ပြုံးလို က်ပြီးနောက်..
“စိတ်ချပါ ငါတို့အတွင်းစုဝေးပြီးရင် မင်းအနေ နဲ့ အဖြေတခုသိရဖို့ရှိပါတယ် ဒါက မင်းပြောတဲ့ ကုန်သွယ်ရေးကော နည်းပညာပိုင်းကော ပါဝင် လိမ့်မယ်လို့ ငါပြောနိုင်ပါတယ် ကောင်လေး”
ကျိုးယန်က ခေါင်းညိတ်ပြလိုက်သည်။ ထိုစဥ် မည်သည့်အချိန်ကတည်းက ခေါ်ထားမှန်းမသိ တဲ့ အစေခံနှစ်ဦးရောက်လာပြီး သူမတို့က ကျိုး ယန်အတွက် နားနေဆောင်အား လမ်းပြပေးမ ည်ဖြစ်သည်။
မကြာမီ အမြွာအစေခံနှစ်ယောက်၏ လမ်းပြမှု ဖြင့် အဆောက်အုံငယ်တခုဆီ ရောက်ရှိသွားပြီး သူ့ဘေးကပ်လျက် အဆောက်အုံတွင်တော့ ကိုင် ရီရီတို့ကို ဧည့်ခံထားကြောင်း ထိုအတွက်စိတ်ပူ စရာမလိုအပ်ကြောင်း သူမတို့က ယဥ်ကျေးစွာ အသိပေးလာသည်။ ကျိုးယန်က ပြုံးပြလိုက်ပြီ ထိုအစေခံမလေးများမှာလည်း ရုပ်ပိုင်းဆိုင်ရာ ကျင့်စဥ်ကို ကျင့်ကြံထားပုံရသည်။ သွင်ပြင်မျာ က မြင့်မားသည့်အရပ်အမောင်းရှိကာ သာမန် အမျိုးသား ၃ဦးလောက်အား အသာအယာလှဲ သိပ်နိုင်လောက်သည့် ခွန်အားအရှိန်အဝါကိုလဲ ပိုင်ဆိုင်ထားလေသည်။
ကျိုးယန်ကို အကြောင်းအရာအချို့ ပြောဆိုပြီး နောက် သူမတို့က ရိုရိုကျိုးကျိုး ဦးညွတ်နှုတ် ဆက်၍ ပြန်လည်ထွက်ခွာသွားသည်။ လက်ရှိ ကျိုးယန်ကို နေရာချပေးသည့် အခန်းက ကျယ် ဝန်းပြီး အခင်းအကျင်းကလည်း သာမန်ဧည့်သ ည်များနဲ့ မတူညီအောင် ပြုလုပ်ထားပုံရသည်။ အခန်းအတွင်း စာအုပ်စင်များ ရှေးလက်ရာပန်း ချီကားများ ရှိနေပြီး ပြတင်းပေါက်မှတဆင့် ကြ ည့်လိုက်လျင် ကျယ်ဝန်းသည့် ရေကန်ကြီးကိုလဲ တွေ့မြင်နိုင်သည်။
ထိုသို့ဆိုလျှင် လက်ရှိအဆောက်အုံက မြေရိုင်း ဒေသ၏ တကယ့်အတွင်းနေရာ၌ ရှိနေသလား ကျိုးယန်က ပတ်ဝန်းကျင်ကို စိတ်စွမ်းအင်ဖြင့် အချိန်အနည်းငယ် စစ်ဆေးလိုက်ပြီး မည်သူမှ ထောက်လှမ်းနေသည်ကို မတွေ့ကာမှ စနစ်နဲ့စ ကားပြောရန် ခေါ်လိုက်တော့သည်။
“စနစ် ရှေးဟောင်းခန္ဓာကျင့်စဥ် အကြောင်းရှင်း ပြပေးလို့ရမလား”
ကျိုးယန်ရဲ့အမေးကို စနစ်မှ
“ ရှေးဟောင်းခန္ဓာကျင့်စဥ်ဆိုတာ ရှေးကမ္ဘာဦး သားရဲတွေရဲ့ ရုပ်ပိုင်းဆိုင်ရာကျင့်စဥ်တမျိုးဖြစ် ပြီး သူတို့ကဗာဂျာရာ ကျင့်စဥ် မပျက်စီးနိုင်တဲ့ ရွှေခန္ဓာကိုယ်ကျင့်စဥ် တို့နောက် ခေတ်အနည်း ငယ်စောနိုင်တယ်”
“ဒါဆို အဲ့ကျင့်စဥ်က ပိုစွမ်းထက်တဲ့ သဘောပဲ လား”
ကျိုးယန်က အံ့သြသင့်သွားရသည်။ သားရဲကျ င့်စဥ်တမျိုးက လူသားတို့ဖန်တီးထားတဲ့ ကျင့်စ ဥ်များထက် သာလွန်နေသည်က ယုတ္တိမရှိပေ။
“အဲ့လိုလည်း ပြောမရဘူး ကျင့်စဥ်တခုရဲ့ခွန် အားအစစ်မှန်က ကျင့်ကြံသူအပေါ်မူတည်တယ် နောက်တခုက ရှေးဟောင်းခန္ဓာကျင့်စဥ်က အ ရင်သားရဲတွေက ဆင်းသက်လာတော့ သားရဲ မျိုးဆက်သွေးသာမရှိရင် မကျင့်ကြံနိုင်ဘူး ဒါ့ အပြင်သူတို့က အကန့်အသတ်တခုရှိထားသေး တယ်”
စနစ်က အလေးအနက်ရှင်းပြနေသည်။ အကန့် အသတ်ရှိတယ် ဟူသည့်စကားကို ကျိုးယန်တ ယောက် စိတ်ဝင်စားသွားခဲ့ပြီး ထိုအရာကမည် သည်ကို ကန့်သတ်ထားသနည်း သိချင်သွားမိ သည်။
“ဘယ်လိုကန့်သတ်မှုမျိုးလဲ”
စနစ်မှ…
“သားရဲတွေ အမြင့်ဆုံးရောက်နိုင်တဲ့အဆင့်က နတ်ဘုရားတဝက်အဆင့်ပဲ အဲ့ထက်ပိုပြီးအစစ် အမှန်နတ်ဘုရားနဲ့ သူ့အထက်ကိုရောက်ဖို့ကမ လွယ်ကူသလို ဖြစ်လည်းမဖြစ်နိုင်ဘူး”
အစစ်မှန်တတ်ဘုရားနဲ့အထက်အဆင့် သောက် ကျိုးနည်း နတ်ဘုရားဖြစ်သွားတာတောင် ကျင့် ကြံရေးက လမ်းမဆုံးသေးဘူးလား။
ကျိုးယန်၏ အတွေးကိုသိနေသည့် စနစ်မှထေ့ ငေါ့၍ ပြောလာသည်။
“စနစ်ရှင်က အပေါ်ယံတွေးနေတာပဲ အင်မော်တ ယ်အစစ်မှန်ဖြစ်ဖို့ အင်မော်တယ်လောကရောက် ဖို့လိုတယ် ဒါ့အပြင် အစစ်မှန်နတ်ဘုရားတပါး ဖြစ်ဖို့ကလည်း နတ်ဘုရားကမ္ဘာကို ရောက်မှဖြ စ်လိမ့်မယ် အဲ့အထက်အဆင့်တွေကတော့ စနစ် ရှင်အတွက် မထိုက်တန်သေးဘူး အရင်ဆုံးအင် မော်တယ်တပါးဖြစ်အောင်ပဲ လုပ်ပါဦး”
စနစ်ရဲ့စကားက ဓားပါးပါးဖြင့် ထိုးမွှေနေသည့် နှယ် ခံစားရစေပြီး ကျိုးယန်တယောက် ရှုံ့မဲ့ သွားရသည်။
“ဒါက မင်းငါ့ကို ဘာတာဝန်မှ ထပ်မပေးလို့လေ တာဝန်မရှိတော့ ဘယ်လိုလုပ်အဆင့်တက်နိုင် မှာလဲ”
ကျိုးယန်ရဲ့ မကျေမနပ်စကားကို ကြားလျင် စနစ်မှ
“စနစ်ရှင်က အုပ်ချုပ်သူဟောင်းရဲ့ အင်မော်တ ယ်ချီတွေကို ဒန်တျန်ထဲ ဘယ်အချိန်ထိသိမ်းဖို့ တွေးနေတာလဲ ဒုတိယအသွင်ပြောင်းခြင်းက ချီဓာတ်အသွင်ပြောင်းခြင်းဆိုတာကို မေ့နေတာ လား တာဝန်အတွက်ကတော့ မကြာတော့ပါဘူး စနစ်ရှင်အတွက် ခက်ခဲကြမ်းတမ်းတဲ့ နေ့ရက် တွေ ရောက်လာတော့မှာပါ”
စနစ်ရဲ့ လေသံက လုံးဝ လှောင်ပြောင်နေပုံရှိပြီး စနစ်သတိပေးကာမှ ဒန်တျန်ထဲ ဖိသိပ်ထားခဲ့သ ည့် အင်မော်တယ်ချီများကို အသုံးပြုကာ ဒုတိ ယအသွင်ပြောင်းခြင်း အဆင့်ကိုဖြတ်ကျော်နိုင် ကြောင်း သတိရသွားခဲ့သည်။ ထိုသို့ဆိုလျှင် နောက်ထပ် ဗာဂျာရာကျင့်စဥ် အဆင့်သစ်တစ် ခုအား လေ့ကျင့်နိုင်တော့မည် မဟုတ်လား။
…………………………………………………