← Chapters

အခန်း (၂၄၈)

Vol. 17 Ch. 248

အခန်း (၂၄၈)

Vol. 17 Ch. 248

“ယန်သခင်မလေး ရောက်နေတာလား”

“နေပါဦး ယန်သခင်မလေးနဲ့ အတူထိုင်နေတဲ့ တယောက်ကဘယ်သူလဲ”

“ကျန့်သခင်လေးက ယန်သခင်မလေးကိုသ ဘောကျနေတာလေ ဒီလူတော့မလွယ်ဘူး”

အမျိုးသမီးများက အမျိုးမျိုးထင်ကြေးဖြင့်ဝေ ဖန်ပြောဆိုနေကြပြီး အမျိုးသားများကတော့ သေးသွယ်သည့် ကိုင်ရီရီ၏ ပုံစံအား အမြင်ဆ န်းနေပုံဖြင့် တီးတိုးပြောဆိုနေကြသည်။

ယန်ချင်းချင်း၏ ပုံစံကတော့ ကျန့်သခင်လေးရဲ အခေါ်အဝေါ်အား ကျေနပ်ပုံမပေါ်ချေ။ မျက် မှောင်ကြုတ်ထားပြီး သူမရဲ့အကြည့်များက စူး ရှနေခဲ့သည်။ တခဏအကြာတွင် ယန်ချင်းချင်း တယောက် အမူအရာကို ပြန်ထိန်းလိုက်သည်။ ပြီးနောက်

“ကျန့်သခင်လေး ဒါက ကျမအဖိုးရဲ့အထူးဧည့် သည်တော်တွေပါ သူ့ရဲ့အထောက်အထားက တော့ တော်ရုံလူသိဖို့ မထိုက်တန်ပါဘူး”

သောက်ကျိုးနည်း..။ဒီကောင်မလေး.. အဆုံးထိ မီးရှို့နေတာဟ။

ကျန့်သခင်လေးရဲ့ မျက်နှာက မဲမှောင်သွားသ ည်။ မည်သည့်အထောက်အထားမို့ သိဖို့တောင် မထိုက်တန်ရသနည်း။

“ချင်းအာ.. မင်းအဖိုးရဲ့အထူး ဧည့်သည်တော် ကြီးကို ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ဆန္ဒရှိမရှိ မေးပေး လို့ရမလား”

ကျန့်သခင်လေးက ပေါ်ပေါ်တင်တင်ပဲ စိန်ခေါ် လာသည်။ သူသဘောကျနေသည့် အမျိုးသမီး က တဖက်လူအပေါ် လုံးဝအထင်ကြီးနေသည့် အမူအရာပြနေခြင်းအား မခံမရပ်နိုင်ဖြစ်နေသ ည့်ဟန်ရှိသည်။ ထို့ကြောင့်လည်း သူ့အစွမ်းအစ အား ပြသလို၍ ယဥ်ကျေးတဲ့စကားလုံးများအ တတ်နိုင်ဆုံး ရွေးသုံးကာ စိတ်ခေါ်လိုက်ခြင်းဖြ စ်သည်။

ကျိုးယန်တယောက် မျက်ခုံးများ တွန့်ချိုးလိုက် သည်။ ကိုယ့်အတွက် အရေးမပါသည့် မိန်းမ တယောက်ကြောင့် အကြောင်းမဲ့ တိုက်ခိုက်နေရ ခြင်းအား သူစိတ်မဝင်စားပေ။ သို့သော်လည်း မိမိမှာ လက်ရှိဧည့်သည်ဖြစ်သည်ကို သိပါလျ က် ဆက်၍စိန်ခေါ်နေတာကတော့ နည်းလမ်းမ ကျတော့ဟု ကျိုးယန်ခံစားလိုက်ရသည်။

တဖက်တွင် ကိုင်ရီရီက ဆတ်ခနဲ ထရပ်လိုက်ပြီး ယန်ချင်းချင်းအား စူးရှစွာကြည့်လိုက်သည်။ ဒီ ပြဿနာများမှာ နတ်ဆိုးမလေး စတင်လိုက်သ ည့် ကိစ္စဖြစ်ကြောင်း သူမ အသေအချာသိထား သည် မဟုတ်လော။ ကျိုးယန်နဲ့သူမကြားမည် သည့် ပြဿနာဖြစ်ပွားထား၍ ဒီလိုလုပ်ရလည်း သူမ မသိပေ။ သေချာသည်က ကျိုးယန်အနေ ဖြင့် လွန်လွန်ကျူးကျူးတော့ လုပ်မည့်ပုံမရှိပါ။

ထိုသို့ဆိုလျှင် အနှီကလေးဆန်သည့် မိန်းကလေ က မည်သို့ဖြစ်နေသနည်း။ ကိုင်ရီရီ၏ စူးရှရှအ ကြည့်အား ခံစားမိလျင် ယန်ချင်းချင်းတယော က် မလုံမလဲ ဖြစ်သွားသည်။ သို့သော်လည်း တ ခဏ အတွင်း အမူအရာကိုပြန်ထိန်း၍ ကျိုးယန် ဘက် စကားလှည့်ပြောလာသည်။

“စိန်ခေါ်တဲ့သူ ရှိထားပြီးဆိုတော့ ဘယ်လိုလဲရှင် လက်ခံဖို့ ဆန္ဒရှိလား”

သူမအနေဖြင့် ပြဿနာလမ်းကြောင်း စထားခဲ့ ပြီးဖြစ်၍ နောက်ဆုတ်မရတော့ပေ။ ကျိုးယန် ကိုအားနာသလို ခံစားရသော်လည်း ကျိုးယန်အ နိုင်ရပါက တောက်တဲ့လိုကပ်တွယ်နေသည့် ကျ န့်သခင်လေးအား အချိန်တခုထိတော့ ဖယ်ထား နိုင်ပြီး ကျိုးယန်သာ ရှုံးသွားရင်ကော….။

သူမ၌ ကျိုးယန်အပေါ် မကျေနပ်စရာဘာများရှိ သနည်း။ အနည်းငယ် တွေဝေသွားရသည်။ စ ဆုံချိန်တုန်းက ကျိုးယန်ရဲ့အကြည့်မှာ ရိုင်းပြ ခြင်းမရှိပဲ သူမရဲ့ထူးဆန်းတဲ့အသွင်ပြင်နဲ့ မြင့် မားတဲ့ အရပ်အမောင်းအပေါ် မှင်သက်သွားရ တဲ့ အမူအရာမျိုးသာ ဖြစ်သည်။

ထိုအရာအတွက်နဲ့ ယခုလိုလုပ်စရာတော့ မလို အပ်ပေ။ ကျိုးယန်က မျက်နှာကိုအတတ်နိုင်ဆုံး ပြုံးထားသော်လည်း သူ့ရဲ့လက်ချောင်းထိပ်က လေးများက ထိုင်ခုံလက်ရန်းအား တတောက် တောက် ခေါက်နေသည်။ တခါတရံ ဒေါသအ လွန်ထွက်နေသည့်အခါ စိတ်ကိုထိန်းချုပ်သည့် နည်းလမ်းတခုဖြစ်ကြောင်း ကိုင်ရီရီကသိထား ၍ ကျိုးယန်ကို စိုးရိမ်တကြီး ကြည့်လာသည်။

“ကောင်းပြီ ယန်သခင်မလေးက တိုက်ခိုက်စေ ချင်ပုံရတယ် ဒါပေမဲ့ ဒီအတိုင်းကတော့ သိပ်မ ကောင်းဘူး အလောင်းအစားလေးတခုတော့ ထ ပ်ထည့်ရအောင် ဘယ်လိုလဲ”

“အလောင်းအစားဟုတ်လား ပြောကြည့်လေ”

ယန်ချင်းချင်းက ဂရုမထားဟန်ဖြင့် ပြန်ပြော လာသည်။ ကျိုးယန်ကအသာပြုံး၍

“ကျုပ်နိုင်ခဲ့ရင် မင်းဘက်က ကျုပ်ဒီမှာရှိနေတဲ့ ကာလပတ်လုံး ကျုပ်စိတ်တိုင်းကျ တာဝန်ယူ ဧည့်ခံပေးရမယ် တကယ်လို့ ကျုပ်ရှုံးခဲ့ရင်တော့ တောင်းဆိုမှုတစ်ခု မင်းစိတ်ကြိုက် တောင်းဆိုမှု တခုလုပ်လို့ရမယ် ဘယ်လိုလဲ”

ယန်ချင်းချင်း၏ မျက်လုံးများက အရောင်လ က်သွားသည်။ ချက်ချင်းပင်

“တောင်းဆိုမှုက ဘာဖြစ်ဖြစ်ရလား အဲ ရှင့်သိ က္ခာကိုထိပါးစေတာမျိုးတော့ ကျမ မတောင်းပါ ဘူး”

“ရတယ်..”

ကျိုးယန်နဲ့ ယန်ချင်းချင်းတို့ အပြန်အလှန်ညှိနှို င်းနေစဥ် စင်ပေါ်ရှိ ကျန့်သခင်လေးကတော့ အ မြီး မီးလောင်ထားသကဲ့သို့ စွေ့စွေ့ခုန်နေလေသ ည်။ တခဏအကြာ၌ လူအုပ်ရဲ့ ပြောဆိုသံများ ကျယ်လောင်စွာ ထွက်ပေါ်နေချိန်မှာပဲ ကျိုးယန် က အထူးအခန်းမှ စင်မြင်ပေါ်သို့ အသာအယာ ခုန်ထွက်လိုက်သည်။

စင်မြင်နဲ့ အထူးအခန်းမှာ မီတာ ၁၀၀ နီးပါးဝေး ကွာသော်လည်း ထိုလောက်ကတော့ ကျင့်ကြံသူ များအတွက် သာမန်ပင်ဖြစ်သည်။ ကျိုးယန်လို ပညာရှင်အနေဖြင့် တချက်ခုန်ရုံ မီတာ ၅၀၀ အ ထိ အသာအယာရောက်နိုင်သည် မဟုတ်လား။

ကျိုးယန်စင်မြင့်ပေါ် ရောက်ရှိသွားချိန်၌ လူအုပ် ကြီးက ပို၍ဆူညံလာပြန်သည်။

“ဟေး ဒီလူကပြင်ပကျင့်ကြံသူလား”

“ဖြူဖြူချောချောလေးပဲ သနားဖို့ကောင်းလိုက် တာ သိပ်မကြာခင်သူက အရိုက်ခံရတော့မယ်”

“ယန်သခင်မလေးရဲ့အကြိုက်က ဒီလိုဖြူဖျော့ ဖျော့တဲ့လား”

“ကျန့်သခင်လေး မညှာနဲ့အသေရိုက်ပစ်”

ကျန့်သခင်လေးက ကျိုးယန်ကို စူးစိုက်ကြည့် နေပြီး သူ့ပုံစံက ရန်လိုနေမှန်း သိသာနေသည်။ ထို့အပြင် ပတ်ပတ်လည်ရှိ လူအုပ်ကြီးရဲ့စ ကားသံများကလည်း မီးလောင်ရာလေပင့်နေသ ည့်နှယ်။

………………………………………………..

All Chapters