အခန်း (၂၄၉)
Vol. 17 Ch. 249
ရှေးဟောင်းမျိုးနွယ်စု လျှို့ဝှက်တည်နေရာ…
အတွင်းမှာတော့ ဘိုးဘေးယန်မင် ခေါင်းဆောင် ယန်ချန် ဒုတိယခေါင်းဆောင် ယန်ကျန့်ထန်းအ ပါအဝင် အဓိက ကျသည့် လူများစုဝေးနေကြ သည်။
အကြောင်းမှာ ကျိုးယန်ပြောပြသွားသည့် ငရဲ တမန်တော်များနဲ့ ဆက်စပ်ပြီး ငရဲတမန်တော် များပြန်လည် ထွက်ပေါ်လာသည်က လောက စစ်ပွဲတခု ပြန်လည်စတင်နိုင်သည့် လက္ခဏာဖြ စ်၍ စိုးရိမ်နေကြသည်။ ဘိုးဘေးယန်မင်ကလဲ ကျိုးယန်ထောက်ပြသွားသည့် အချက်များမှာ သင့်လျော်နေသောကြောင့် ယတိပြတ်ငြင်းဆိုရ န်ခက်ခဲနေပြီး ပူးပေါင်းခြင်းကလည်း လက်ရှိနိ မ့်ဆင်းစပြုနေသည့် မျိုးနွယ်စုအတွက် အလား အလာကောင်းများ ပိတ်ဆို့သွားနိုင်မလား တွေး ပူနေရသေးသည်။
ဟုတ်ပေသည်။ လက်ရှိလောက၏ နိယာမများ နိမ့်ဆင်းလာပြီး ဘိုးဘေးယန်မင်တို့ မူလလော ကအား ပြန်ရင်တွေးနေစဥ်၌ နိယာမများပြန်လ ည်အားကောင်းလာသည်ကို သတိပြုမိခဲ့သော ကြောင့် ခတ္တခဏ စောင့်ကြည့်နေခြင်းဖြစ်သည် ယခု ကျိုးယန်ရဲ့စကားအရ ထိုအရာမှာလောက များ ဆက်စပ်သွား၍ ဖြစ်လာသည့်နောက်ဆက် တွဲသာ သေချာပါက သိပ်မကြာမီ၌ အခြားအ ဆင့်မြင့်လောက သို့မဟုတ် ကြောက်စရာကော င်းသည့် ငရဲတမန်တော်များ ရောက်လာခြင်းဖြ စ်နေနိုင်သည်။
ထိုသို့ဆိုလျှင် ရှေးဟောင်းမျိုးနွယ်စုအနေဖြင့် ရွေးချယ်စရာက လက်ရှိလောကမှ ထွက်ခွာမ လား ဒါမှမဟုတ် အရှင်မရဲ့ပိုင်တိုင်မှုဖြစ်သည့် လက်ရှိလောကကို ကူညီမလား နှစ်ခုသာရွေး ချယ်စရာ ရှိသည်။ ဘိုးဘေးယန်မင်က သက်ပြ င်းချလိုက်သည်။ မျိုးနွယ်စု၌ လူပေါင်းသိန်းချီ ရှိနေသောကြောင့် ထိုအရာများ၏ တာဝန်ကသူ့ ပုခုံးပေါ် ကျောက်တုံးကြီးနှယ် ဖိစီးထားသည်မ ဟုတ်လား။
“ယန်ချန်း.. မင်းအနေနဲ့ ဘယ်လိုအတွေးရှိလဲ”
ဘိုးဘေးယန်မင်က သမက်ဖြစ်သူကိုမေးလိုက် သည်။ ယန်ချင်းမှာ သူ့ခေတ်သူ့အခါက ပါရမီရှ င်တဦးဖြစ်ပြီး ဘိုးဘေးယန်မင်ကိုယ်တိုင် နှစ် သက်သောကြောင့် သူ့ရဲ့တဦးတည်းသော သမီး ယန်ယန်နဲ့ လက်ထပ်စေခဲ့သူဖြစ်သည်။ ထိုသို့ လက်ထပ်ပြီးနောက် ယန်ချန်းကလည်း ယန်မျိုး နွယ်၏ မျိုးရိုးအမည်ကိုပြောင်းလဲကာ ခေါင်း ဆောင်တာဝန် ယူခဲ့ရသည်။
“အဖေ… ကျတော့်အထင်တော့ ဒီကိစ္စကသာမန် အတွေးနဲ့ ဆုံးဖြတ်လို့မရနိုင်ဘူး ဘာလို့လဲဆို တော့ ကျတော်တို့မျိုးနွယ်မှာ အသက်ပေါင်း၆ သိန်းကျော်ရှိနေတယ် အဲ့ဒီထဲမှာ တဝက်ကျော် က ကလေးငယ်တွေနဲ့ မတိုက်ခိုက်နိုင်တော့တဲ့ ကျင့်ကြံသူလူအိုတွေကြီးပဲ”
ယန်ချန်းက ဆက်၍ ပြောပြန်သည်။
“ငရဲတမန်တော်ရဲ့ လက်အောက်ခံအဖွဲ့တွေလှုပ် ရှားမှုကို ကျတော်သေချာစုံစမ်းဖို့ လူလွှတ်ထား တယ် အဖြေတခုခုရလာမှ ဆုံးဖြတ်ချက်ချကြ ရင်ကောင်းမလားလို့ တွေးနေမိပါတယ်”
“မင်းဆိုလိုတာက တကယ်လို့ငါတို့အပေါ်ထိခို ကိမှုမဖြစ်နိုင်ဘူးဆိုရင် ကျိုးကောင်လေးရဲ့စ ကားကို ငြင်းဆန်မယ်ပေါ့”
ဘိုးဘေးယန်မင်ရဲ့အမေးကို ယန်ချန်းက တွန့် ဆုတ်စွာ ခေါင်းညိတ်လိုက်သည်။
“ဟုတ်ပါတယ်”
“အင်း…. မင်းဘာကိုတွေးနေလဲ ငါသိပါတယ် ဒါပေမဲ့ လက်ရှိငါတို့ပိုင်ဆိုင်ထားသမျှ အရာအ ကုန်လုံးနီးပါး အရှင်မပေးထားတာဆိုတာကို မ င်း မမေ့သင့်ဘူး အခုပြဿနာကြောင့် အရှင်မ ပိုင်ဆိုင်တဲ့ လောကသာပျက်စီးသွားခဲ့ရင် ငါတ မလွန်လမ်းကြောင်းမှာ ငါ့အဖေကိုဘယ်လိုမျက် နှာပြရမလဲ”
ဘိုးဘေးယန်မင်က စိတ်ဓာတ်ကျစွာဆိုသည်။ အသက်သိန်းချီနဲ့ သက်ဆိုင်သည့်ကိစ္စက ပေါ့ ပေါ့ဆဆ ဆုံးဖြတ်လို့မရပေ။ ထို့အပြင် ယခုကိ စ္စမှာလည်း ရွေးချယ်ပြီးပါက နောက်ပြန်ဆုတ် လို့လည်း မရပြန်။ ကျဥ်းထဲကြပ်ထဲ အခြေနေ တစ်ခုဟု ဆိုနိုင်သည်။
စကားဝိုင်းက တိတ်ဆိတ်သွားပြီး အတန်ကြာမှ တချိန်လုံး စကားတခွန်းမှမဆိုသည့် ယန်ကျန့် ထန်းက ဝင်ရောက်ပြောဆိုလာသည်။ သူသည် လည်း ယန်ချန်းရဲ့ညီဖြစ်ပေမဲ့ ယန်ချန်းကဲ့သို့ ယန်မျိုးရိုးအမည် ခံယူထားသူဖြစ်သည်။
“ကျတော်တို့ အချို့တဝက်ကို စေလွှတ်ပြီး ဆန္ဒ ရှိသူတွေပဲ ပူးပေါင်းခိုင်းမယ်ဆိုရင်ကော”
ယန့်ကျန့်ထန်းရဲ့ ရည်ရွယ်ချက်က အရှင်မရဲ့ ပိုင်ဆိိုင်မှုကို သစ္စာစောင့်သိချင်တဲ့ လူများရှိပါ က လက်ရှိလောကရဲ့ ပြဿနာကိုကူညီဖြေရှင်း ရန် ကျိုးယန်နဲ့ပူးပေါင်းနိုင်ပြီး ကျန်သူများက တော့ ယာယီရှောင်ရှားသည့် အနေဖြင့်မူလ နေ ထိုင်ခဲ့ရာ လောကအဟောင်းကို ပြန်နိုင်သည်။
ဘိုးဘေးယန်မင်ရဲ့ မျက်လုံးများ အရောင်လက် သွားခဲ့သည်။ တခဏအကြာ၌ တစုံတခုအား တွေးမိသည်အလား ငြိမ်ကျသွားပြန်သည်။ ပြီး နောက် သက်ပြင်းချ၍
“အင်း… မင်းပြောတဲ့နည်းလမ်းကလည်း နည်း နည်းတော့ ထည့်စဥ်းစားစရာပဲ ငါစိုးရိမ်တာက ငါတို့မျိုးနွယ်စုရဲ့ နေ့ရက်ကောင်းတွေ ကုန်ဆုံး သွားမှာကိုပဲ ထားပါ ယန်အာ ယန်ချန်း မင်းတို့ ကော ဘယ်လိုမြင်လဲ”
ဘိုးဘေးယန်မင်က ယန်ချန်းတို့လင်မယားအား မေးသည်။ ယန်ချန်းက တခဏတုန့်ဆိုင်းပြီး နောက်…
“ညီလေးပြောတဲ့ နည်းလမ်းက လက်ရှိမှာအသ င့်တော်ဆုံး ဖြစ်နေတယ် အဲ့ကိစ္စနဲ့ပက်သက်ပြီး အခြားအကြီးအကဲတွေရဲ့ ဆန္ဒကိုမေးကြည့်ပါ ဦးမယ် ယန်အာ မင်းသဘောကကော”
ယန်ချန်းက ဘိုးဘေးယန်မင်ကိုအသိပေးရင်း ဇနီးဖြစ်သူအား မေးလိုက်သည်။
“ကျမလည်း အစ်ကိုကျန့်ထန်းနဲ့ အတွေးတူတ ယ် ဘာပဲဖြစ်ဖြစ် လုံးဝရှောင်လွှဲတာထက် နည်း နည်းအကူညီပေးတာက အရှင်မကိုနောင်တချိန် မျက်နှာပူစရာ မလိုတော့ဘူးပေါ့ နောက်ပြီး ကျမ သတိထားရသလောက် ကျိုးဧကရာဇ်က ထင်ထားတာထက် ပိုစွမ်းအားရှိမယ့်ပုံပါ သူ့အ ကူညီနဲ့ဆို ဖြစ်နိုင်လောက်ပါတယ်”
ယန်သခင်မကြီးက အလေးအနက်တွက်ဆပြ သည်။ သူမရဲ့စကားအဆုံး၌ ဘိုးဘေးယန်မင် က ခေါင်းတဆတ်ဆတ်ငြိတ်ကာ လက်ခံလိုက် ပြီး အကြီးအကဲအချို့ အင်အားစုခေါင်းဆောင် အချို့နဲ့ ဆက်လက်တိုင်ပင်စေရန် ယန်ချန်းအား အမိန့်ပေးလိုက်သည်။ ထိုစဥ် ဘိုးဘေးယန်မင်ရဲ အကြည့်က ပြိုင်ပွဲကွင်းပြင်ရှိရာ ဖျတ်ခနဲရော က်သွားသည်။
မျက်ခုံးများ တွန့်ကုတ်သွားပြီး တခဏကြာလျ င် မချိတင်ကဲ လေသံဖြင့် တီးတိုးရေရွတ်လိုက် တော့သည်။
“ယန်အာ မင့်သမီးကတော့ ပြဿနာရှာပြန်ပြီ”
ယန်သခင်မကြီးကလည်း ဘိုးဘေးယန်မင်အ ကြည့်ရောက်ရာ ဘက်သို့ တချက်ကြည့်လိုက် ပြီးနောက် မျက်စိမျက်နှာပျက်သွားခဲ့ပြီး ဤသ မီးဆိုးအား မည်ကဲ့သို့ဆုံးမရမည်မှန်း သူမ မသိ နိုင်တော့ပေ။
ထိုအချိန် စင်မြင့်ပေါ်မှာတော့ ကျန့်သခင်လေး က ကျိုးယန်ကို အထင်မြင်သေးစွာပြောလာသ ည်။
“မင်းက ချင်းအာရဲ့ဧည့်သည်ဆိုမှတော့ ငါ့ဘက် က ညှာတာပေးမှာပါ”
ကျိုးယန်က နှုတ်ခမ်းထောင့်များတွန့်ကွေးကာ ဂရုမစိုက်ဟန်ဖြင့် ပြန်ပြောလိုက်သည်။
“မလိုဘူး မင်းအစွမ်းကုန်ထုတ်လို့ရတယ် မဟု တ်ရင် ငါက အိမ်ရှင်ကိုမျက်နှယမထောက်ရာ ကျသွားလိမ့်မယ်”
ဟမ့်…။ ဒါကဘယ်လိုစကားကြီးလဲ။
“မောက်မာလှချည်လားကွ.. ကျန့်သခင်လေးကို မင်းကဘာထင်နေတာလဲ ပိုးဟပ်ကောင်ရဲ့”
“ဟားးးး ဒီလိုလေသံနဲ့ကောင်တွေပဲ ကျန့်သခင် လေးက ရွေးရိုက်လာတာ မနည်းတော့ဘူး”
“ကျန့်သခင်လေး လူပါးဝတဲ့ ဧည့်သည်ဆိုတဲ့ငနဲ ကို ပညာပြပေးပါ”
ကျိုးယန်ရဲ့စကားကြောင့် လူအုပ်မှ ဆူပွက်လာ ပြီး ယန်ချင်းချင်းတယောက် နှာခေါင်းရှုံ့လိုက် မိသည်။ ဤလူက နည်းနည်းတော့ လေကြီးလွ န်းနေသည် မဟုတ်လား။ တဖက်တွင် ကိုင်ရီရီ တစ်ယောက် အသာပြုံးလိုက်ပြီး အရှင့်ရဲ့တိုက် ခိုက်ရေးနည်းလမ်းများ၌ ထိပ်တန်းရုပ်ပိုင်းဆိုင် ရာကျင့်စဥ် တခုရှိထားကြောင်း သူမကသိထား ပြီး ထိုကျင့်စဥ်က ရှေးဟောင်းခန္ဓာကျင့်စဥ်ထ က် မနိမ့်ကျကြောင်းလည်း သူမကတွက်ဆနိုင် သည်။
ဟမ့်… အပြောကတော့ ကောင်းတယ်။ ဒါဆိုရင်… …
ကျန့်သခင်လေးက ရှေးဟောင်းခန္ဓာကျင့်စဥ်ကို အသက်သွင်းလိုက်သည်။ ချက်ချင်းပင် သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲသွားပြီး ပြင်းထန်တဲ့ အရှိန်အဝါက ခန္ဓာကိုယ်အတွင်းမှ တိုးထွက်လာ ကာ ပထမတိုက်ပွဲအပြီး လျော့ကျသွားသည့် သူ့ ခန္ဓာကိုယ်က ပြန်လည်ထွားကြိုင်းလာပြီး လက် မောင်းနဲ့ ခြေထောက်များ ဖောင်းကြွလာသည်။
………………………………………………..