အခန်း (၂၅၀)
Vol. 17 Ch. 250
ကျိုးယန်က ကျန့်သခင်လေးရဲ့ ပြောင်းလဲမှုကို ဂရုတစိုက် ကြည့်နေခဲ့ပြီး ရှေးဟောင်းမျိုးနွယ်စု ၏ ရုပ်ပိုင်းဆိုင်ရာ ကျင့်စဥ်အား လေ့လာနိုင် တော့မည်ဖြစ်၍ စိတ်ထဲ ကျေနပ်နေသည်။
ကျန့်သခင်လေး၏ ပြောင်းလဲသွားသည့် အသွ င်ပြင်က တုထုနန်နဲ့ တိုက်ပွဲကထက် ပိုပြင်းထန် မည့်ပုံရှိပြီး ထိုအရာက ကျိုးယန်ကိုတကယ်ရို ကိနှက်လိုခြင်းကြောင့် ဖြစ်မည်။ ကျိုးယန်တစ် ယောက် ဦးခေါင်းကိုခါယမ်းပြီးနောက် သက်ပြ င်းချလိုက်သည်။
“ငါ့အလှည့်မှာလည်း ဒီလိုမောက်မာတဲ့သခင် လေးမျိုးနဲ့ ဆုံရမယ်လို့မထင်ထားမိဘူး”
ကျိုးယန်အတွေးများနေစဥ်မှာပဲ လေထုကိုထိုး ခွဲလိုက်သည့် လက်သီးချက်များ ဆက်တိုက်ပင် ကျိုးယန်ဆီ ရောက်လာသည်။
ဟ..သောက်ကျိုးနည်း ဒိုင်မရှိဘူးလား။ တိုက်ပွဲ စတာကို အသိလည်းမပေးဘူး။
ကျိုးယန်တယောက် ဒေါသထွက်သွားပြီး သူမ သိတာက ကျန့်သခင်လေး၏ အဆင့်တန်းနဲ့အ ရှိန်အဝါကြောင့် စင်မြင့်ထောင့်ရှိ ဒိုင်ကလည်းမ ည်သည့် အရာမှဝင်မပြောရဲပေ။ ကျန့်သခင် လေးတစ်ယောက် အမှန်ပင် ဒေါသထွက်နေသ ည်မဟုတ်လား။
“တိုက်ပွဲစတာကို အသိမပေးဘဲ အလစ်တိုက်ရ လောက်အောင် နှိမ့်ကျလှချည်လား”
ကျိုးယန်ရဲ့စကားက လက်သီးချက်များအဆ က်မပြတ်ထိုးနေသည့် ကျန့်သခင်လေးကို မျက် နှာပျက်သွားစေသည်။ ပုံမှန်အားဖြင့် စတင်တို က်ခိုက်မည်ဆိုပါက တဦးနဲ့တဦး အသိပေးရန် လိုအပ်သည်။ ယခုသူ့အပြုအမူက အဆိုပါစ ည်းမျဥ်းနဲ့ လွဲချော်နေသောကြောင့် မျက်နှာပျ က်သွားကာ လက်သီးချက်များကလည်း အနည် ငယ် ယိမ်းယိုင်သွားသည်။
ကျိုးယန်က ထိုအခွင့်အရေးကို အရယူကာဆ က်တိုက်ရှောင်တိမ်းနေပြီး ဒီကောင်အား မရိုက် နှက်နိုင်ပါက လူမလုပ်တော့ဟုပင် တွေးထားလို က်သည်။ ကျိုးယန်ရဲ့ ရှောင်တိမ်းမှုက ပေါ့ပါး မြန်ဆန်နေပြီး စိတ်စွမ်းအင် သာလွန်မှုကြောင့် မြန်ဆန်သည့် လက်သီးချက်များက ကျိုးယန် အမြင်၌ သာမန်လက်သီးချက်များ ဖြစ်နေသ ည်။
“ဟမ် ကျန့်သခင်လေးရဲ့ တိုက်ခိုက်မှုကို ဒီလူက ရှောင်တိမ်းနိုင်နေတာလား”
“မကြာတော့ပါဘူး ဘယ်လောက်ရှောင်နိုင်မှာမို့ လို့လဲ”
လူအုပ်ကြီးက တအံ့တသြ ပြောဆိုနေပြီး တခန အကြာ၌ ကျန့်သခင်လေးတယောက် ဒေါသထွ က်လာသည်။ ကျိုးယန်က သူ့ရဲ့တိုက်ခိုက်မှာကို အဆက်မပြတ်ရှောင်တိမ်းပြနေကာ ထိပ်တိုက်ရ င်မဆိုင်သောကြောင့် ဖြစ်သည်။
“မင်းက ရှောင်ပဲ ရှောင်တတ်တာလား ယောက်ျာ ပီပီသသ တိုက်ခိုက်စမ်းပါကွ”
ကျန့်သခင်လေးက ဒေါသတကြီး အော်ဟစ် ပြောဆိုလိုက်ပြီး ကျိုးယန်ကထိုစကားကိုကြား လျင် ပြန်လည်ကဲ့ရဲ့လိုက်သည်။
“အသိမပေးပဲ တိုက်ခိုက်တာကလည်း ယောက် ကျားပီသတာပဲလား ကျန့်သခင်လေး”
“မင်း…”
ကျန့်သခင်လေးရဲ့ ဒေါသက အမြင့်ဆုံးရောက် လုနီးနီး ဖြစ်သွားပြီး သူ့အရှိန်အဝါက ပိုပြင်းထ န်လာကာ ခွန်အားတဝက်နီးပါး သုံး၍ ကျိုးယန် ကိုထိုးချလိုက်သည်။ ဤတကြိမ်တွင်တော့ ကျို ယန်က မရှောင်လိုက်ပေ။ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ မည်သည့်အဆင့်ကို ရောက်နေမှန်းသူကိုယ်တိုင် သိသည့်အပြင် ကျင့်စဥ်နှစ်ခုကြား ကွာဟချက် ကိုသိလိုသောကြောင့် ထိပ်တိုက်တွေ့လိုက်ခြင်း ဖြစ်သည်။
ဝုန်း….
ကျယ်လောင်သည့် အသံနဲ့အတူ စင်မြင့်တခုလုံ တုန်ခါသွားပြီး နှစ်ယောက်စလုံး အနောက်သို့ ပေအနည်းငယ်စီ လွင့်သွားလေသည်။ ကျိုးယန် တယောက် ရှေးဟောင်းခန္ဓာကျင့်စဥ်ကို စိတ်ထဲ ကျိတ်၍ ချီးကျူးလိုက်သည်။ ကျန့်သခင်လေး မှာ ကျင့်ကြံမှုက သူ့ထက်အများကြီးနိမ့်ကျနေ သော်လာ်း ရုပ်ပိုင်းဆိုင်ရာခွန်အားကတော့ ကိုင် ရီရီကဲ့သို့ အထွဋ်အထိပ်များနဲ့ ယှဥ်နိုင်သည်။
ကျိုးယန်တယောက် ထိပ်တိုက်ရင်ဆိုင်မှာမှ အ ထိလိုက်မရှိသည်ကို မြင်လျင် လူအုပ်ကြီးနဲ့အ တူ ယန်ချင်းချင်းလည်း မှင်သက်သွားရသည်။ ပိုးဟပ်လိုလူဖျော့လေးက သန်မာနေသည်မဟု တ်လား။ ကျန့်သခင်လေးဆိုသူက ရှေးဟောင်း မျိုးနွယ်စု၏ လူငယ်ပါရမီရှင်များ၌ ထိပ်တန်း ဖြစ်ကာ သူနဲ့ယှဥ်နိုင်သူက ယန်ချင်းချင်းသာရှိ သည်။
ကျန့်သခင်လေးမှာ လက်သီးချင်းရင်ဆိုင်ရာမှ တဆင့် ကျိုးယန်ရဲ့ ခွန်အားကို အသိအမှတ်ပြု လိုက်ရသည်။
“သြော်….မင်းလည်း ခန္ဓာကိုယ်ကျင့်ကြံသူပဲ”
ကျန့်သခင်လေးရဲ့ စကားအဆုံး၌ လူအုပ်ကြီး မှာ ဆူညံသွားပြီး ပိုးသပ်ဖြူလို ကျိုးယန်က မည်သည့်ရုပ်ပိုင်းဆိုင်ရာ ကျင့်စဥ်ကိုကျင့်ကြံပြီ ရှေးဟောင်းမျိုးနွယ်စုမှ ထိပ်သီးပါရမီရှင်ကိုရင် ဆိုင်နေသနည်း။ ကျိုးယန်ရဲ့ ကျင့်စဥ်က ပိုသာ လွန်နေသည်လား။ ယန်ချင်းချင်းတစ်ယောက် ထိုအတွေးဝင်လာသည့်နှင့် ချက်ချင်းပင်ပယ်ထု တ်လိုက်ပြီး ၎င်းတို့၏ကျင့်စဥ်မှာ အရှင်မကိုယ် တိုင်ချီးမြင့်ထားခြင်းဖြစ်ပြီး အရှင်မကမည်သူ နည်း နတ်ဘုရားတပါးဖြစ်သည် မဟုတ်လော။
ယန်ချင်းချင်းနည်းတူ ကျန့်သခင်လေးလည်း အဆိုပါအတွေးအား တွေးမိသည်။ သို့သော်ချ က်ချင်း ပယ်ထုတ်ကာ နောက်တကြိမ်တိုက်ခိုက် ရန်အတွက် ရှေးဟောင်းကျင့်စဥ်အား အပြည့် အဝ အသက်သွင်းလိုက်တော့သည်။
“မင်းမှာ အစွမ်းအစနည်းနည်းတော့ ရှိတယ် ဒါ ပေမဲ့ မလုံလောက်သေးဘူး”
ကျန့်သခင်လေးက နောက်ထပ်တိုက်ခိုက်ရေး ပုံစံတခု ပြောင်းသွားပြန်သည်။ ဒီတကြိမ်၌ သူ့ ပုံစံက ပို၍ လေးနက်သွားပြီး ထွားကြိုင်းလာသ ည့် ရုပ်ပိုင်းဆိုင်ရာ၌ ခွန်အားများစီးဆင်းနေသ ည်ကို ကျိုးယန်ပင် အာရုံခံနိုင်လေသည်။
ကောင်းတယ်..။ ငါလည်းဒီလိုတိုက်ခိုက်ချင်နေ တာ။ လာခဲ့စမ်း…ကောင်လေး။
ကျိုးယန်က ဗာဂျရာကျင့်စဥ်အား အသက်သွင်း လိုက်သည်။ သူ့ရဲ့ပုံစံကတော့ မပြောင်းလဲသွား ပေမဲ့ မမြင်ရသည့်ခွန်အားများ ထွက်ပေါ်နေကာ ကျိုးယန်တကိုယ်လုံး အားအင်များပြည့်နေသ ကဲ့သို့ ခံစားရစေသည်။
“လာပြီ…”
ကျန့်သခင်လေးက လက်သီး လက်ဝါးစောင်း ခြေထောက်ကန်ချက်များ အသုံးပြု၍ စတင်တို က်ခိုက်လာသည်။ ကျိုးယန်ကလည်း ကမ္ဘာမြေ ရှိ MMA တိုက်ခိုက်မှုများကို အနည်းငယ်သိထာ သောကြောင့် ထိုအရာအပေါ် အနည်းငယ်မီငြမ်း ၍ ပြန်လာ်တိုက်ခိုက်တော့သည်။
လေထဲ၌ လက်သီးရိပ်များ ခြေကန်ချက်များ ရောနှောနေပြီး ပြင်းထန်တဲ့ရောင်ဝါက စင်မြင့် တခုလုံး ပိတ်ဖုံးထားကာ တုထုနန်နဲ့တိုက်ပွဲက ထက် လူအုပ်ကြီးအား စိတ်လှုပ်ရှားနေစေသည် ထို့အပြင် ကျိုးယန်ရဲ့ ခံနိုင်ရည်အားကိုလည်း အထင်ကြီးသွားကြပြီး အချို့က သိသာစွာပင် ကျိုးယန်ကို အားပေးနေကြသည်။
ထိုစဥ် ကွင်းပြင်ရဲ့ အခြားအထူးခန်းတခုမှာ တော့ လူနှစ်ယောက်ထိုင်နေပြီး တဦးက ကျန့် သခင်လေးကို ရှုံးနိမ့်သွားသည့် တုထုနန်ဖြစ်၍ ကျန်တဦးမှာ တုထုနန်၏ ဖခင်ဖြစ်သည်။
“အင်း… ဘိုးဘေးယန်မင်ရဲ့ အထူးဧည့်သည် ဆိုမှတော့ သာမန်ဘယ်ဟုတ်ပါ့မလဲ”
တုထုနန်က မချိတင်ကဲ ရေရွတ်လိုက်သည်။ နံ ဘေးရှိ ထုထုနန်၏ ဖခင်ဖြစ်သူမှာတော့ ကျိုးယ န်ကိုသာ အလေးအနက်စောင့်ကြည့်နေပြီး သူ့ မျက်လုံးအတွင်းရှိ အတွေးစများကိုတော့ သူပဲ သိနိုင်ပေမည်။
“ဗာဂျရာကျင့်စဥ် တတိယအဆင့်”
တုထုနန်၏ဖခင်ဖြစ်သူ တုစစ်က တီးတိုးရေရွ တ်လိုက်သည်။ ဟုတ်ပေသည် ထိုအရာက ကျိုး ယန်လက်ရှိ ကျင့်ကြံနေသည့် ရုပ်ပိုင်းဆိုင်ရာ ကျင့်စဥ်ပဲ ဖြစ်ပြီး သူ့တွက်ဆမှုက အနည်းငယ် သာ လွဲပေသည်။ အကြောင်းမှာ ကျိုးယန်က စ တုတ္ထအဆင့်ဖြစ်နေပြီး မကြာခင် ဒုတိယအသွင် ပြောင်းခြင်း ရောက်ပါက ပဥ္စမအဆင့်ကို လေ့ ကျင့်နိုင်မည် မဟုတ်လား။
………………………………………………..