← Chapters

အခန်း (၂၅၁)

Vol. 17 Ch. 251

အခန်း (၂၅၁)

Vol. 17 Ch. 251

တိုက်ပွဲအရှိန်က မြင့်တက်လာသည်။ ကျန့်သခ င်လေးမှာ သူ့ရဲ့လက်သီးချက်များအား ကျိုးယ န်တယောက် ခုခံနိုင်နေသည်ကိုတွေ့လျင် ဒေါသ အကြီးအကျယ်ထွက်လာပြီး သူ့ရဲ့ခွန်အားအကု န်အစင် ထုတ်သုံးလာတော့သည်။

စင်မြင့်ပေါ်၌ လူသန်ကြီးနဲ့လူပုလေး တိုက်ခိုက် နေသည့်နှယ် မြင်တွေ့နိုင်သော်လည်း ပညာရှင် များသာ ကြည့်ပါက မည်သူအသာစီးကနေသ ည်ကို ပြောနိုင်သည်။ ကျိုးယန်က လက်သီးချ က်အများစုကို ရှောင်တိမ်းနေပြီး ဗာဂျာရာကျင့် စဥ် စတုတ္ထအဆင့်ထိ မမြင့်သေးချေ။

တိုက်ပွဲမှတဆင့် ရှေးဟောင်းခန္ဓာကျင့်စဥ်မှာ နတ်ဘုရားအဆင့် ကျင့်စဥ်တခုမှန်း နားလည် လာပြီး သားရဲများသာ ကျင့်ကြံပါက မည်မျှ အစွမ်းထက်မည်ကို မပြောနိုင်ချေ။ အထူးသ ဖြင့် စိန်မျောက်ဝံ ကဲ့သို့ရုပ်ပိုင်းဆိုင်ရာ အသား ပေးကျင့်ကြံသည့် အဆင့်မြင့်သားရဲများမှာ ပို သင့်လျော်သည်။

တုထုနန်က တိုက်ပွဲကို အကဲခတ်နေပြီး ကျိုးယ န်ရဲ့အစွမ်းအစမှာ အကုန်အစင်မဟုတ်သေးဟု ခံစားနေရသည်။ မည်သူက ရုပ်ပိုင်းဆိုင်ရာကျ င့်ကြံရာ၌ ရှေးဟောင်းမျိုးနွယ်ကို ယှဥ်ပြိုင်နိုင် နေသနည်း။ စိတ်ဝင်စားစရာပင်။

ဝုန်း…

ကျန့်သခင်လေးရဲ့ လက်သီးချက်ကြောင့် ကျိုး ယန်တယောက် လွင့်စင်သွားသည်။ ထို့အတူ သွေးတပွက်အန်ထုတ်လိုက်ရကာ သစ်သန္ဓေ သားရဲ့ကုသနိုင်စွမ်းက ချက်ချင်းပင် ဒဏ်ရာ များကို သက်သာသွားစေသည်။

“ဟေး… ကျန့်သခင်လေးကွ”

အော်ဟစ်အားပေးသံများ ဆူညံလာပြီး ကျိုးယ န်ကို ကြည့်မရသူများက အကျယ်လောင်ဆုံးဖြ စ်သည်။ ထိုအထဲ၌ ယန်ချင်းချင်းတော့ မပါပေ သူမစိတ်ထဲ ကျိုးယန်တယောက် ကျန့်သခင် လေးကို ဆော့ကစားနေသည်ဟု ထင်မြင်နေပြီး ကျိုးယန်သာ အစွမ်းကုန်ထုတ်ပါက လက်သီး ချက်တချက်နဲ့ပင် ကျန့်သခင်လေးကို အမှောက် သိပ်နိုင်သည်ဟု သူယုံကြည်သည်။

ကျိုးယန်တယောက် ပြုံးလိုက်သည်။ ကျန့်သ ခင်လေးရဲ့ ပုံစံက ကျိုးယန်ကိုလွင့်စင်သွား အောင် ထိုးလိုက်နိုင်သည့်အတွက် ဂုဏ်ယူနေပုံ ရပြီး ကျိုးယန်ကို မထီမဲ့မြင်ဟန်ဖြင့် ကြည့်လာ သည်။

“ဒါပဲလားကွ..”

“အင်း… ပြောဖို့စောပါသေးတယ် ငါဒီလိုသွေး မထွက်ရတာ အတော်ကြာနေပြီ မဆိုးပါဘူး”

ကျိုးယန်က နှုတ်ခမ်းထောင့်က သွေးများကို ကုန်စင်အောင်သုတ်လိုက်ပြီး မတ်တပ်ထရပ် လိုက်သည်။ ပြီးနောက် ဗာဂျရာကျင့်စဥ် စတု တ္ထအဆင့်အား ခန္ဓာကိုယ်တခုလုံး လည်ပတ်စေ ကာ ရုပ်ပိုင်းဆိုင်ရာခွန်အားများကို အဆုံးထိနှိုး ဆွလိုက်တော့သည်။

“ကောင်လေး.. မင်းတော့နာပြီကွ”

ကျိုးယန်က စကားဆုံးသည်နှင့် ကျန့်သခင်လေ ဆိုသူထံ ပြေးဝင်သွားကာ လက်သီးချက်များ ဒူး တံတောင်ရိုက်ချက်များဖြင့် ထူးဆန်းတဲ့တို က်ကွက်များသုံးကာ ထိုးနှက်တော့သည်။ ထိုအ ရာများက ကမ္ဘာမြေရှိ MMA ဖိုက်တာများသုံး သည့် တိုက်ခိုက်ရေးပုံစံဖြစ်ကာ ကျိုးယန်အနေ ဖြင့် တခဏမျှ ပြန်စဥ်းစားရုံဖြင့် အခြေခံတိုက် ကွက်များ အသုံးပြုတတ်သွားလေသည်။

မြန်ဆန်သည့် တိုက်ခိုက်ချက်များကိုကြည့်၍ ကျန့်သခင်လေးတယောက် ထိတ်ပြာသွားကာ လက်သီးချင်းဆိုင်ထိုးရာမှ ခွန်အားကိုခံစားမိ လိုက်၍လည်း ဖြစ်သည်။ ဒီကောင် ဘယ်လိုလု ပ် ဒီလိုဖြစ်သွားတာလဲ။

ကျိုးယန်ရဲ့လက်သီးချက်များက ကျန့်သခင် လေးရဲ့ မျက်နှာဘေးဘယ်ညာနှစ်ဖက်ကို ပိတ် ၍ ထိုးနှက်နေပြီး ထိုအရာက ဟန်ပြသာဖြစ်ကာ အဓိက တိုက်ခိုက်မှုက တံတောင်ရိုက်ချက်များ ဖြစ်သည်။ ကျန့်သခင်လေးက ကျိုးယန်ရဲ့အ ယောင်ပြ ညာလက်သီးချက်ကို ရှောင်လိုက်စဥ် ဘယ်ဘက်က လက်သီးတလုံးပြေးဝင်လာသည် ထိုအတွက် အထိတ်တလန့် ထပ်ရှောင်လိုက်ရ ပြန်သည်။

“မင်းဘယ်လောက် ရှောင်နိုင်မှာလဲ”

ကျိုးယန်က ညာတံတောင်ဖြင့် ကျန့်သခင်လေး ရဲ့မျက်နှာကို ဖြတ်ရိုက်လိုက်သည်။ ရိုက်ချက် က လျင်မြန်ပြီး အားပါသောကြောင့် ကျန့်သခင် လေးတယောက် ဦးခေါင်းလည်ထွက်သွားကာ မူးဝေနေချိန် နောက်ထပ် တံ​တောင်ရိုက်ချက် များ အဆက်မပြတ်တိုးဝင်လာတော့သည်။

“ဒါ ဘယ်လိုတိုက်ခိုက်ရေးနည်းလမ်းကြီးလဲ”

“သူ့လက်တချောင်းလုံးက တိုက်ခိုက်လို့ရနေခဲ့ တာလား”

“ဟုတ်တယ်ဟ တံတောင်ဆစ်နဲ့တောင် ရိုက်တာ အတော်ထူးဆန်းတဲ့ တိုက်ခိုက်ရေးနည်းပဲ”

လူအုပ်ကြီးက ကျိုးယန်ရဲ့တိုက်ခိုက်ရေးနည်း လမ်းများကို အကြေအလည်ပြောဆိုနေစဥ် ကျို ယန်ကတော့ ကျန့်သခင်လေးဆိုသည့် လူငယ် လေးအား အသေအချာ ထုထောင်းနေတော့သ ည်။ ဟုတ်ပေသည့် ဤကဲ့သို့သခင်လေးများ အ ပိုးကျိုးစေမည့်နည်းလမ်းက ခွန်အားဖြင့်ဖိနှိပ် သည့်နည်းလမ်းသာ ရှိသည်မဟုတ်လား။

ခွပ်…

အင့်….

တံတောင်ရိုက်ချက်များကို အသည်းအသန်ကာ နေစဥ်မှာပဲ ကျိုးယန်ရဲ့ဘယ်ဝိုက်လက်သီးက အောက်မေးရိုးမှတဆင့် အပေါ်သို့ပင့်ထိုးလိုက် ကာ ထိုလက်သီးချက်က ကြိုးဝိုင်းအတွင်းဆို ရင်တော့ ပွဲသိမ်းထိုးချက်ဖြစ်သည်။ ယခုလည်း ထိုအတိုင်းပင်ဖြစ်နေပြီး ကျန့်သခင်လေးတစ် ယောက် စင်မြင့်အပြင်ထိ လွင့်စင်သွားကာ ပြန် ထမလာတော့ပေ။

ကြီးမားသည့်ခန္ဓာကိုယ် တခုလုံးသွေးများမြင်မ ကောင်းအောင် ပြန့်ကျဲနေပြီး မျက်နှာကလည်း ဖူးယောင်နေသည်။ ထိုစဥ် စင်မြင့်တခုလုံးအသံ ပျောက်သွားခဲ့ပြီး ပထမဆုံးလက်ခုပ်တီးသူမှာ ကိုင်ရီရီဖြစ်နေသည်။ ပြီးနောက် တုထုနန်တို့ သားအဖနှစ်ဦးဖြစ်ပြီး အဆုံးတွင်တော့ လူအုပ် ကြီးက ကျယ်လောင်စွာ အားပေးတော့သည်။

ကျိုးယန်က ယန်ချင်းချင်းရှိရာ အထူးအခန်းကို စူးစိုက်ကြည့်လိုက်ပြီး ကျန့်သခင်လေးနေရာ၌ သူမသာဆိုလျှင်လည်း သူ့အနေဖြင့်အသာယာ အမှောက်သိပ်နိုင်သည်ကို မျက်လုံးများဖြင့်အ သိပေးလိုက်တော့သည်။ ယန်ချင်းချင်းတစ် ယောက် ကျိုးယန်ရဲ့အကြည့်ကို သိနေခဲ့၍ နှာ ခေါင်းရှုံ့လိုက်ကာ ကျိုးယန်နဲ့အလောင်းအစား ကို သတိရသွားသည့်အခါမှာတော့ သူမစိတ်ရှုပ် ထွေးသွားတော့သည်။

ခဏအကြာတွင် စင်မြင့်အစောင့်များက ကျန့် သခင်လေးကို သယ်မသွားပြီး ကျိုးယန်ကလဲ အထူးအခန်းသို့ ပြန်သွားတော့သည်။

“ကဲ.. ကောင်မလေး မင်းရှုံးပြီး ကတိတော့တည် မယ်မဟုတ်လား”

“ဟမ့်.. ကျမက မျိုးနွယ်စုခေါင်းဆောင်ရဲ့သမီး ပဲ ဘာမဟုတ်တဲ့ကိစ္စလေးကို ကတိဖျက်မှာမဟု တ်ဘူး”

သူမရဲ့စကားအဆုံး၌ ကျိုးယန်က ပြုံးလိုက်သ ည်။

“ကောင်းတယ် ငါလည်းမင်းကတိမဖျက်ဖို့ပဲ မျှော်လင့်တယ်”

ကိုင်ရီရီက ကျိုးယန်အတွက် လက်ဖက်ရည်တ ခွက်ငှဲ့ပေးလိုက်ပြီး သူမအနေဖြင့် ကျိုးယန်တစ် ယောက် ကျန့်သခင်လေးအား အနိုင်ယူနိုင်သည် ကိုခန့်မှန်းထားသောကြောင့် အထူးတလည်မခံ စားရပေ။

ထိုစဥ် အထူးအခန်းထဲသို့ လူနှစ်ဦးဝင်ရောက် လာသည်။ အခန်းထဲရောက်ရောက်ချင်းပင် ထို သူနှစ်ဦးက ယန်ချင်းချင်းအား နှုတ်ဆက်သည်

“ တွေ့ရတာဝမ်းသာပါတယ် ယန်သခင်မလေး”

ယန်ချင်းချင်းက ထိုနှစ်ဦးကို သိပေသည်။ တုမိ သားစု၏ သားအဖဖြစ်ပြီး တုထုနန်မှာသူမနဲ့ အ နည်းငယ် ရင်းနီးသည်။ ထို့အပြင် တုစစ်မှာလဲ အကြီးအကဲအဖွဲ့ဝင်၌ မပါသော်လည်း သူမဖခ င်ကိုယ်တိုင် ချီးကျူးရသည့် တိုက်ခိုက်ရေးသ မားတဦးဖြစ်ကာ ၎င်းတို့မိသားစုမှာ ဖြောင့်မတ် သည့် မိသားစုတခုဖြစ်သည်။

ယန်ချင်းချင်းအား နှုတ်ဆက်ပြီးနောက် တုစစ် မှ ကျိုးယန်ဘက်လှည့်၍ နှုတ်ဆက်လာသည်။

“ဒီကညီငယ်လေးက ဘယ်သူများလဲ ကျုပ်က တုမိသားစုရဲ့ ဒုခေါင်းဆောင်တုစစ်ပါ ဒီဘက် ကတော့ ကျုပ်ရဲ့သား တထုနန်လို့ခေါ်ပါတယ်”

ကျိုးယန်က ပြုံးလိုက်ပြီး ပြန်လည်နှုတ်ဆက်စ ကားဆိုသည်။

“ကျုပ်က ကျိုးပြည်နယ်ရဲ့ဧကရာဇ် ကျိုးယန်ပါ ဒါကတော့ ကျုပ်ရဲ့ဇနီး ကိုင်ရီရီလို့ခေါ်တယ်”

ဇနီး…။ ကိုင်ရီရီတယောက် ကျိုးယန်ရဲ့မိတ်ဆ က်မှုကို ကြားချိန်၌ အနည်းငယ်ရှက်သွားပြီး အ နည်းငယ်ကျေနပ်သလို ခံစားသွားရသည်။ သူ မက ကိုယ်လုပ်တော်တဦးသာ ဖြစ်သောကြောင့် ကျိုးယန်အနေဖြင့် ဇနီးဟု မိတ်ဆက်ပေးစရာမ လိုပေ။

“သြော်.. ဘယ်သူများလဲလို့ ဧကရာဇ်ကျိုးပဲ ညီ ငယ်ရဲ့ ဂုဏ်သတင်းတွေကို ကြားမိပေမယ့် လူ ချင်းကတော့ အခုမှဆုံဖူးတော့တယ် ဒါနဲ့ဧကရာ ဇ်တပါးကို ညီငယ်လို့ခေါ်မိတာ စိတ်မဆိုးဘူးမ ဟုတ်လား”

တုစစ်က ကျိုးယန်ကိုပြုံး၍မေးလာသည်။ ထို သူ၏ ပုံစံက တဲ့တိုးဆန်ပြီး စိတ်ရင်းကောင်းသူ ဖြစ်မှန်း ခံစားလိုက်ရသောကြောင့် ထိုသူမျိုးနဲ့ မိတ်ဆွေ့ဖွဲ့ရန် ထိုက်တန်သည်ဟု တွေးလိုက်သ ည်။

“မဟုတ်တာ ဒီနေရာမှာတော့ ကျုပ်ကဧကရာဇ် မဟုတ်ပါဘူး သာမန်ကျင့်ကြံသူပါပဲ”

ကျိုးယန်စကားကြားချိန်၌ တုထုနန်တို့သားအဖ နှစ်ဦးစလုံးကျေနပ်သွားပြီး ကျိုးယန်ကမောက် မာတဲ့ဟန်ပန်မျိုး မရှိတာက သူတို့အတွက်ပို၍ စိတ်ကျေနပ်စေပုံရသည်။

“ကောင်းပြီ ညီငယ်ကျိုးက အခုပဲတိုက်ခိုက်ခဲ့ တာဆိုတော့ အနားယူလိုက်ပါ မနှောင့်ယှက် တော့ဘူး တကယ်လို့ မပြန်ဖြစ်သေးရင်တော့ တုမိသားစုဆီလာလည်ပါ သေချာပေါက်ကြိုဆို နေပါတယ်”

တုစစ်က ဖိတ်ခေါ်လာသည်။

“စိတ်ချပါ မပြန်ခင် တရက်လာလည်ပါ့မယ်”

ကျိုးယန်က ကတိပေးလိုက်ပြီးနောက် တုထုနန် တို့သားအဖ ပြန်ထွက်သွားသည်။ ကျိုးယန်လ ည်း အနည်းငယ်ပင်ပန်းနေသလို ခံစားလာရ၍ ပြန်ရန် ဆုံးဖြတ်ကာ တိုက်ပွဲကွင်းပြင်မှ ထွက်ခဲ့ တော့သည်။

………………………………………………….

All Chapters