← Chapters

အခန်း (၂၅၂)

Vol. 17 Ch. 252

အခန်း (၂၅၂)

Vol. 17 Ch. 252

ရှေးဟောင်းမျိုးနွယ်စုခန်းမ…

ခန်းမထဲ၌ ရှေးဟောင်းမြို့တော်ရဲ့ ထိပ်တန်းအ င်အားစု ခေါင်းဆောင်အကြီးအကဲများ ဘိုးဘေ ယန်မင်တို့ တွေ့ဆုံနေကြသည်။ အကြောင်းမှာ ကျိုးယန်ရဲ့ အကြံပြုချက်ကို ဆွေးနွေးနေ​ခြင်း ဖြစ်ပြီး ဘိုးဘေးယန်မင်က လောကစစ်ပွဲပြန်လ ည်အစပြုလာနိုင်သည့် အခြေနေများကို ရှင်းပြ နေခဲ့သည်။

တွေ့ဆုံမှု၌ ကျန့် တု ကဲ့သို့ အင်အားကြီးမိသားစု ခေါင်းဆောင်များ အပါအဝင် ကျန်းအကြီးအ ကဲနှင့် အခြား ပညာရှင်များလည်း ရှိနေသည်။ တုမိသားစု၏ ခေါင်းဆောင်မှာ တုစစ်၏အစ်ကို ဖြစ်သူ တုလင်​ဖြစ်သည်။ ကျန့်မိသားစုရဲ့လက် ရှိခေါင်းကတော့ ကျန့်သခင်လေးဆိုသူ၏ ဖခင် ကျန့်လောင် ဖြစ်နေသည်။

ကျန်အကြီးအကဲများမှာ မျိုးနွယ်စု၏ အကြီးအ ကဲရာထူးကို နှစ်ပေါင်းများစွာ ရယူထားကြသ ည့် အဘိုးအိုကြီးများ ဖြစ်ကြသည်။ ဘိုးဘေး ယန်မင်က

“ကျုပ်တို့မူလ လောကရဲ့အခြေနေကို ခင်ဗျား တို့လည်း သိကြမှာပါ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံ သူတွေဖြစ်လို့ ချီဓာတ်နဲ့ နိယာမသဘောတရား တွေက အရေးမပါဘူးလို့ ထင်ရပေမဲ့ လုံးဝပစ် ပယ်ထားလို့ရတဲ့ အရာတွေမဟုတ်နေဘူး”

ဘိုးဘေးယန်မင်ရဲ့ စကားအဆုံး၌ တုလင်က

“အဲ့အချက်ကို ကျုပ်တို့နားလည်ပါတယ် အဓိ က သိချင်တာက ငရဲတမန်တော်တွေ တကယ်ပဲ စိမ့်ဝင်နေခဲ့တာလား ဒါကိုဒီဧကရာဇ်တွေအနေနဲ့ အချိန်အတော်ကြာမှ သတိပြုမိတယ်ဆိုတာက ကော ဖြစ်နိုင်ရဲ့လား”

တုလင်က ငရဲတမန်တော်များနဲ့ပက်သက်ပြီး ယုံ ကြည်ဟန်မတူချေ။ သူ့စိတ်ထဲ၌ ကျိုးယန်က င ရဲတမန်တော်ကို အကြောင်းပြပြီး ရှေးဟောင်း မျိုးနွယ်စုအား သိမ်းသွင်းလိုနေသည်ဟု ထင် နေခြင်းဖြစ်သည်။ သူ့အထင်ကလည်း တဝက် တော့မှန်သည်။ အလုံးစုံမဟုတ်ပေ။

“ခင်ဗျားပြောချင်တာက ငရဲတမန်တော်ကိစ္စက ကျိုးဧကရာဇ်ရဲ့ လုပ်ကြံဖန်တီးထားတဲ့ ဇာတ် လမ်းပေါ့ အဲ့လိုလား တုခေါင်းဆောင်ကြီး”

အကြီးအကဲကျန်းက မေးခွန်းပြန်ထုတ်သည်။ သူက ကျိုးယန်နဲ့ အနည်းငယ်စကားပြောရာမှ ကျိုးယန်သည် အဓိပ္ပါယ်မရှိသည့် စကားများ ကို ပြောဆိုမည့်သူမဟုတ်ဟု ယုံကြည်နေခဲ့သ ည်။

“ခင်ဗျားအထင်လွဲနေပြီ ဒီလောကကြီးမှာ ပြည် ထောင်စုတွေ မရေမတွက်နိုင်အောင် ရှိနေခဲ့တာ ကျိုးဧကရာဇ်တယောက်ပဲ ငရဲတမန်တော်ကိစ္စ ကိုသိနေတာက တဖက်က စဥ်းစားကြည့်ရင် ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး ငရဲတမန်တော် တွေ ဘယ်လောက်ထိ စိမ့်ဝင်နေပြီလဲ အဲ့ဒါကို ဖြေရှင်းဖို့ ဘယ်လောက်ခက်ခဲနေပြီလဲ အဲ့အချ က်ကို ကျုပ်ကပြောချင်တာပါ”

တုလင်က အကျိုးအကြောင်းသင့် ရှင်းပြလိုက် သည့်အချိန်မှာတော့ အကုန်လုံးက အလေးအန က်ဖြစ်သွားရပြန်သည်။ ငရဲတမန်တော်များက မည်သည့်အတိုင်းအတာထိ ချုပ်ကိုင်နေပြီလဲ သူတို့မသိနိုင်ပေ။

“ကျုပ်ကတော့ ပြဿနာကို အသေအချာမသိရ သေးပဲ ရှေးဟောင်းမျိုးနွယ်စု ပါဝင်ဖို့သဘောမ တူနိုင်ဘူး ဒီလောကရဲ့ကျင့်ကြံသူတွေက လော ဘကြီးပြီး ကောက်ကျစ်လွန်းတယ်”

ကျန့်လောင်က မကျေမနပ်ပြောလိုက်ခြင်းဖြစ် သည်။

“ဟားး ကျန့်လောင် မင်းကပဲဒီစကားပြောရတ ယ်လို့ကွာ မင်းနေနေတာ သူတို့လောကထဲမှာ နော် သူများအိမ်တက်နေပြီး အိမ်ရှင်ကိုစော်ကာ နေတာက ကောင်းတဲ့အမူအကျင့်မဟုတ်ဘူး”

တုလင်က အခွင့်သင့်တုန်း ဝင်ဖဲ့သည်။ ထိုအင် အားစုကြီးနှစ်ခုက မတည့်အတူနေများဖြစ်ပြီး အပြိုင်အဆိုင်ဖြစ်လာသည်မှာ တုလင်တို့ရဲ့ဘိုး ဘေးများကအစပင်။ လက်ရှိ၌ တုမိသားစုမှာ အနည်းငယ် နိမ့်ကျနေသော်လည်း နှစ်ပေါင်းမျာ စွာ တည်ရှိလာသည့် မိသားစုမို့ အထင်သေးလို့ တော့မရပေ။

“အဲ့ဒါမင်းနဲ့ဘာဆိုင်လဲ ငါကလက်ရှိငါတို့ရဲ့အ နေထားအရ ငရဲတမန်တော်ကိစ္စကို ဝင်စွတ်ဖက် ဖို့မသင့်ဘူးလို့ပဲ ပြောချင်တာ ဧည့်သည် အိမ်ရှ င် ကိစ္စကို မရည်ရွယ်ဘူး”

ဘိုးဘေးယန်မင်က ထိုခေါင်းဆောင်နှစ်ဦးအချ င်းများစ ပြုလာသည်ကိုကြည့်၍ ခေါင်းယမ်း နေလိုက်သည်။ ထိုအတွက် တခါတရံ အရေး ပေါ်အတွက် စုဝေးရမည်ကို သူစိတ်ရှုပ်မိခြင်းဖြ စ်သည်။

ထိုစဥ် ယန်ချန်းက ဝင်ပြောလာသည်။

“ငြင်းခုန်နေတာတွေ ဖယ်ပြီး အဓိကပြဿနာကို ဆက်သွားကြရအောင် လက်ရှိလောကသာ သိမ် ပိုက်ခံရရင် ကျုပ်တို့လည်း မလွတ်ကင်းဘူးဒီ တော့ ငရဲတမန်တော်ကို ဖြေရှင်းဖို့ ပူးပေါင်းလို တဲ့သူတွေက ကျုပ်အဖေနဲ့အတူ ဒီနေရာမှာကျန် နေနိုင်တယ် မပူးပေါင်းချင်တဲ့သူကတော့ မူလ လောက ကိုပြန်တာအကောင်းဆုံးပဲ ဘာလို့လဲ ဆိုတော့ မကြာခင်မှာ ပြင်းထန်တဲ့ တိုက်ပွဲတွေရှိ လာနိုင်တယ်”

ယန်ချန်းရဲ့စကားက တိကျသည်။ ကူညီချင်ရင် ကူညီ မကူညီချင်ရင် မူလနေရာကိုပြန်။ အရှင်မ ပိုင်ဆိုင်သည့် လောကအား အတတ်နိုင်ဆုံးကာ ကွယ်ပေးမည့် ဘိုးဘေးယန်မင်ရဲ့ စိတ်ကူးကို တဖက်လှည့်ဖြင့် အသိပေးလိုက်ခြင်းဖြစ်သည်။

“ဟမ့်.. ကျုပ်တို့မျိုးနွယ်အတွက် အကျိုးမရှိပဲ ကူညီရတာမျိုးတော့ မဖြစ်ချင်ဘူး”

ကျန့်လောင်က အဆုံးထိ ခုခံနေဆဲဖြစ်သည်။

“မင်း လက်ရှိနေနေတာ ဘယ်နေရာလဲဆိုတာကို ထည့်စဥ်းစားလိုက်ဦး”

အကြီးအကဲကျန်းက ဒေါသတကြီးအော်ငေါက် တော့သည်။ အရှင်မကြောင့် နိမ့်ကျသည့်လော ကမှ ရောက်ရှိလာကာ လူတလုံးသူတလုံးဖြစ်ခဲ့ သူတွေက ယခုကျ ကျေးဇူးကန်းချင်နေသည်။

“တော်ကြတော့.. ဘယ်သူ့ကိုမှအတင်းမတိုက် တွန်းဘူး ဆန္ဒရှိတဲ့သူတွေနေခဲ့ ဒါပေမယ့်ကူညီ ဖို့လည်း ဆန္ဒမရှိဘူး နေလည်းနေချင်တယ်ဆိုရ င်တော့ ပြဿနာတစုံတခုဖြစ်လာတဲ့အခါ ကိုယ့် ဘာသာကို ဖြေရှင်းရလိမ့်မယ် ကျုပ်ပြောချင် တာ ဒါပဲ”

ယန်ကျန့်ထန်းက တင်းမာစွာ ဝင်ရောက်ပြောဆို လိုက်သည်။ သူက စကားနည်းပြီး အနေအေး သော်လည်း သူပြောတဲ့စကားတိုင်းက တခွန်းဆို တခွန်းထိရောက်သည်။ ထိုစကားကြောင့် ကျန့် လောင်မှာ တွန့်ခနဲဖြစ်သွားရပြီး သေချာသည် မှာ ဒေါသကြီးသည့် ကျန့်လောင်ကို ခွန်းတုန့်မ ပြန်ဝံ့ပေ။

ထိုစဥ် ကျန့်လောင်၏ သတင်းပေးပို့သည့် ကျောက်စိမ်းပြားမှ အချက်အလက်အချို့ စီးဝ င်လာသည်။ ကျန့်လောင်တယောက် သတင်းအ ချက်အလက်များကို ဖတ်ရှုလိုက်သည့်အခါမှာ တော့ မျက်နှာပျက်သွားရသည်။

ထိုအရာက ကျန့်သခင်လေးတစ်ယောက် တိုက် ပွဲကွင်းပြင်၌ ရှုံးနိမ့်သွားသည့် သတင်းဖြစ်ပြီး ဒဏ်ရာကအနည်းငယ် ပြင်းထန်နေသည်ဟုအ ကြောင်းကြားလာခြင်းဖြစ်သည်။ ကျန့်လောင် တယောက် မိသားစုပိုင်စီးပွားရေးကိစ္စများအား လုံးပန်းနေခဲ့သောကြောင့် မိသားစုဆီမပြန်ဖြစ် သေးချေ။ ထိုအတောအတွင်း၌ သူ့သားမှာအ ပြင်လူ၏ အရိုက်အနှက်ခံလိုက်ရသည်တဲ့လား။

“သိပ်ကောင်းတယ် ကျုပ်တို့ဆီအကူညီလာ တောင်းတဲ့သူက ကျုပ်သားကိုရိုက်နှက်သွားတ ယ် အတော်လေးကူညီချင်စရာပဲ”

ကျန့်လောင်က ရှုံ့မဲ့ကာပြောလာသည်။ထိုစကာ ကိုကြားလျင် တုလင်က ပြုံး၍ ခနဲ့လိုက်သည်။

“ဒါကတော့ မင်းသားက အပြင်လူထက်ညံ့လို့ ပေါ့ ဒါပေမယ့်ဝမ်းနည်းစရာမရှိပါဘူး သူရှုံးခဲ့ တာက ကျိုးဧကရာဇ်ပဲလေ ဟားး”

တုလင်ရဲ့စကားက အရှိုက်တည့်တည့်အား လ က်သီးဖြင့် ထိုးလိုက်သည့်နှယ် ကျန့်လောင်တစ် ယောက်အကြီးအကျယ် မျက်နှာပျက်သွားရ တော့သည်။

……………………………………………….

All Chapters