← Chapters

အခန်း (၂၅၃)

Vol. 17 Ch. 253

အခန်း (၂၅၃)

Vol. 17 Ch. 253

ဘိုးဘေးယန်မင်က ကျိတ်၍ သက်ပြင်းချနေခဲ့ ပြီး သူ့အနေဖြင့် ကျိုးယန်တို့၏တိုက်ပွဲကိုစောင့် ကြည့်နေခဲ့သောကြောင့် ပြဿနာရဲ့အရင်းခံမှာ သူ့မြေးဖြစ်မှန်း သိထားသည်။ မြေးမလေးမှာ တခါတရံ စိတ်ထင်ရာလုပ်တတ်ပြီး ထိုမြေးမ လေးကို တဖက်သတ်သဘောကျနေသည့် ကျန့် သခင်လေးဆိုသူကြောင့် ယခုလိုပြဿနာများခ နခန ဖြစ်ပွားလေ့ရှိသည်မှာ မထူးဆန်းပေ။

ယခုလည်း သူ့မြေးမလေးဘေး၌ ကျိုးယန်ကို သတိပြုမိသွား၍ ကျန့်သခင်လေးဘက်မှစတင် စိန်ခေါ်ရာမှ စတင်ခဲ့ပုံရသည်။ အဆုံးမှာတော့ လူရည်လည်ကာ ပါးနပ်သည့် ဧကရာဇ်ငယ်က မထင်မှတ်စွာ လက်စွမ်းပြသွားခဲ့လေသည်။

“တိုက်ပွဲကွင်းပြင်က ရလာဒ်ကိုအပြင်ထိသယ် ထုတ်ချင်နေတာလား ဒါတိုငါ့တူအပေါ်မင့်သား လုပ်ရက်အတွက်ကော မင်းဘာပြောမလဲ”

တုလင်က တုထုနန်ကိစ္စနဲ့ပက်သက်၍ မေးလိုက် ခြင်းဖြစ်သည်။ တုလင်ရဲ့စကားအဆုံး၌ ကျန့် လောင်က ခွန်းတုန့်ပြန်ချင်သော်လည်း ဘိုးဘေ ယန်မင်က တားလိုက်ပြီး

“တော်လောက်ပြီ ခုနကပြောတဲ့အချက်ကိုပဲ အ ချိန်ယူပြီး ဆွေးနွေးလိုက်ကြ သက်ဆိုင်ရာမိသာ စုတွေထဲမှာ ကျန်နေခဲ့လိုသူတွေ ကျုပ်ဆီစာရင် ပို့ပြီး မတိုက်ခိုက်နိုင်တဲ့သူတွေ မတိုက်ခိုက်ချင် တဲ့သူတွေကတော့ မူလလောကကိုပြန်ဖို့စာရင်း ပေးပေါ့ ကျုပ်တို့စုပေါင်းပြီး လေဟာနယ်လမ်း ကြောင်းတခု ဖန်တီးပေးမယ်”

ဘိုးဘေးယန်မင်က ပြတ်သားစွာပြောလိုက်သ ည်။ ကျန့်လောင်က

“မကူညီတဲ့သူတွေကော မပြန်လို့မရဘူးလား”

ကျန့်လောင်ရဲ့စကားအဆုံး၌ ကျန်ထန့်ယန်းမှ

“မင်းက အရှင်မရဲ့နေရာမှာနေပြီး အရှင်မပိုင်ဆို င်တဲ့အရာအဖျက်စီးခံရတာကို ကြည့်နေမယ့်သ ဘောလား ဘယ်လိုတောင်ကျေးဇူးကန်းလိုက် လဲ”

ကျန်ထန့်ယန်းရဲ့စကားက ပြင်းထန်ပြီးထိရော က်သည်။ ကျန့်လောင်မှာ ခွန်းတုံ့မပြန်နိုင်တော့ ပေ။ သို့သော်လည်း သူကတော့ နိမ့်ကျနေသည့် မူလလောကအား ပြန်မည်မဟုတ်ပဲ ငရဲတမန် တော်များဖြေရှင်းရန် ကိစ္စကိုမူ စိတ်မဝင်စားပဲ နေမြဲအတိုင်းသာ နေမည်ဟု တွေးထားသည်။

ထိုစဥ် ကျန့်ချန်းက ဘိုးဘေးယန်မင်ကိုအသံပို့ လွှတ်၍ ပြောလိုက်သည်။

“အဖေ. ကျန့်လောင်ကိုသတိထားရမယ် သူက မူလလောကကိုပြန်မယ့်ပုံလည်းမရှိ ကူညီမယ့် လက္ခဏာလည်း မပြဘူး”

“ကိစ္စမရှိဘူး ငါတို့အပေါ်မထိခိုက်ရင်ရပြီ မဟု တ်ရင်တော့ ငါ့အကြောင်းသိသွားစေရမယ်”

ဘိုးဘေးယန်မင်ရဲ့ စကားကြောင့် ယန်ချန်းလဲ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ နှစ်ပေါင်းများစွာ အတူတွဲနေလာခဲ့သူများဖြစ်၍ တဖက်သူ၏အတွေးကို အနည်းငယ်ရိပ်စားမိသ ည်က မဆန်းပေ။ တုလင်လည်း တုစစ်၏သတ င်းပေးပို့မှုကတဆင့် ကျိုးယန်ရဲ့အရည်အချင်း ကို သဘောကျနေခဲ့ပြီး ဘိုးဘေးယန်မင်ကပင် ချီးကျူးနေသူဖြစ်၍ သဘောကျစရာကောင်းမ ည်မှာ သေချာသည်။

အဘယ့်ကြောင့်ဆိုသော် သူ့တု တုထုနန်နဲ့ကျန့် သခင်လေးကိုပင် ဘိုးဘေးယန်မင်က မျက်နှာ သာမပေးခဲ့ဖူးပေ။ လူငယ်များထဲ၌ ကျိုးယန်ရဲ့ ပါရမီက ထိပ်ဆုံးပင်ဖြစ်နေလောက်သည်။

မကြာမီ မျိုးနွယ်စုအတွင်း စီးပွားရေး အုပ်ချုပ် ရေးဆိုင်ရာ ကိစ္စများဆွေးနွေးပြီးနောက် နေ့တ ဝက်အကုန်၌ ပြီးဆုံးကာ အသီးသီးပြန်လည်ထွ က်ခွာသွားတော့သည်။ ထိုအချိန်၌ ကျိုးယန်က နားနေရာသို့ ပြန်ရောက်နေပြီး အခန်းထဲ၌အနား ယူမည်ဟု အကြောင်းပြကာ စနစ်နဲ့စကားပြော နေခဲ့သည်။

“စနစ် ရှေးဟောင်းခန္ဓာကျင့်စဥ်ကို ငါကျင့်ကြံ ချင်တယ်ဆိုရင် ဘာလိုအပ်လဲ သားရဲသွေး မျိုးဆက်ဖြစ်ရမှာလား တခြားဘာရှိလဲ”

ကျိုးယန်ရဲ့အမေးကိုစနစ်မှ

“မရှိဘူး သားရဲမျိုးဆက်တခုခုနဲ့တော့ ပက်သ က်မှုရှိဖို့လိုတယ် ဒါပေမယ့်စနစ်ရှင်ရဲ့ လက်ရှိရု ပ်ပိုင်းဆိုင်ရာအရ အဲ့ကျင့်စဥ်ကို မလိုအပ်ပါဘူး ဘာအတွက် ကျင့်ကြံနေတော့မှာလဲ စနစ်ရှင်ကို လက်ရှိအကျိုးပြုနိုင်ဖို့ ကျင့်ကြံဆင့်ကို မြင့်တင် နေသင့်တယ်”

စနစ်ရဲ့စကားကို သဘောမကျသော်လည်း မှန် နေသောကြောင့် ပြန်မငြင်းတော့ပေ။ ထို့ကြောင့် အုပ်ချုပ်သူဟောင်းမှ ပေးထားသည့်အင်မော် တယ်ချီများအား ခန္ဓာကိုယ်တွင်း ဖြန့်ကျက်လို က်ပြီး တိုက်ခိုက်မှုကြောင့် ခန္ဓာကိုယ်အနည်းင ယ်ပင်ပန်းနေခြင်းအား ကုသလိုက်သည်။

အင်မော်တယ်ချီများ သာမန်ချီများထက် သုံးဆ သိပ်သည်းပြီး ထိုချီများကို အပြည့်အဝ သန့်စင်နိုင်ပါက အင်မော်တယ်ခန္ဓာကိုယ်ကို ပိုင် ဆိုင်နေမည်ဖြစ်ကာ ထိုအရာက မသေမျိုးလမ်း စဥ်ရဲ့ တကယ့်အစဖြစ်သည်။ ကျိုးယန်ကဒန် တျန်ထဲရှိ အင်မော်တယ်ချီများကို သွေးကြော များတောက်လျှောက် စီးဆင်းစေသည်။

ထိုကဲ့သို့ဖြစ်စဥ်မှာ အလွန်သာမန်ဆန်သော်လဲ အကျိုးရလာဒ်ကတော့ ထူးခြားပေသည်။ ကျိုး ယန်ရဲ့ အရိုးနဲ့သွေးကြောများမှာ မိုးကြိုးအပစ် ဒဏ်ကြောင်း ပြောင်းလဲထား၍ အင်မော်တယ် ချီစီးဆင်းမှုအား ပိုကောင်းမွန်စေကာ ကျင့်ကြံ ဆင့်မှာလည်း အချိန်အနည်းငယ်ဖြင့် သိသိသာ သာ တိုးလာသည်။

ကျိုးယန်တယောက် စိတ်ကျေနပ်သွားသည်။ ရုပ်ပိုင်းဆိုင်ရာ သန်မာမှုက အင်မော်တယ်တပို င်းဖြစ်နေသောကြောင့် ကျန့်သခင်လေးဆိုသူ အား အနိုင်ရခဲ့ခြင်းဖြစ်ပြီး သူသာပထမအသွင် ပြောင်းခြင်းအဆင့် မဟုတ်ပါက ဗာဂျာရာစတု တ္ထအဆင့်နဲ့ပင် ကျန့်သခင်လေးကိုမနိုင်လောက် ဟု ခံစားလိုက်ရသည်။

…………………………………………………

All Chapters