အခန်း (၂၅၄)
Vol. 17 Ch. 254
နောက်တနေ့မနက်၌ ကျိုးယန်နဲ့ကိုင်ရီရီတို့ကို ဘိုးဘေးယန်မင်က ခေါ်ယူတွေ့ဆုံပြီး ထိုရက်အ တွင်း ကျိုးလီနဲ့ ကျိုးယွမ်မှာ အံ့သြစရာကောင်း အောင်တည်ငြိမ်နေသည်။ ကျိုးယန်မသိသည် က ထိုမင်းသားနှစ်ပါးမှာ အမြွာမလေးနှစ်ဦးကို သဘောကျနေခဲ့ပြီး ကျိုးလီမှာ လီပြည်နယ်၏ ဘုရင်ခံဖြစ်လာသော်လည်း မိဖုရားတပါးပင်မ ယူရသေးသလို ကျိုးယွမ်ကလည်း အရှေ့ပိုင်း ဒေသ၏ မြို့စားဖြစ်သည်။ သူသည်လည်း ထို နည်းတူ ရှိနေပြီးကာမှ အမြွာအစေခံမလေးများ အား တွေ့ချိန်၌ ပြောင်းလဲသွားကြပုံရသည်။
ကျိုးယန်တို့ ဘိုးဘေးယန်မင်နဲ့ မဆုံခင် ကျိုးလီ တယောက်အသည်းအသန် ရောက်လာခဲ့ပြီး ရှေးဟောင်းမျိုးနွယ်စု၌ ရက်အနည်းငယ်ထပ်မံ နေပေးရန် တောင်းဆိုလာသည်။ ကျိုးယန်ကမ ည်သည့်အတွက်ကြောင့် တောင်းဆိုမှန်းမသိခဲ့ သော်လည်း အချို့တလေရိပ်စားမိသည့် ကိုင်ရီ ရီက ပြုံးနေခဲ့သည်။
“ရီရီ မင်းတခုခုသိထားတာလား”
ကျိုးယန်က ကိုင်ရီရီကို ဇနီးအဖြစ်တရားဝင် မိတ်ဆက်ပေးပြီးနောက်ပိုင်း ရီရီဟုသာခေါ်ဆို နေခဲ့သည်။ ကိုင်ရီရီက အနည်းငယ်ရှက်သွေး ဖြန်းသွားခဲ့သော်လည်း ချက်ချင်းပင်တည်ငြိမ် သွားကာ ပြုံး၍ပြောလိုက်သည်။
“သူ တို့က တစုံတခုကို စိတ်ဝင်စားနေကြပုံရှိပါ တယ်အရှင်”
“တ စုံတခုဟုတ်လား ဘာများလဲ”
ကျိုးယန်ရဲ့အမေးစကားကိုကြားချိန်၌ ကျိုးလီ တယောက်မျက်နှာပျက်သွားခဲ့ပြီး သူအဓိက တောင်းဆိုသည်ကို သဘောတူမတူ အဖြေပြန် ပေးရန် တောင်းဆိုတော့သည်။
“ဟုတ်ပြီ ဟုတ်ပြီ အစ်ကိုတော်လည်းမငယ်နေ တော့ဘူး နေချင်သပဆို ရက်နည်းနည်းထပ်နေ လို့ရတယ် ဒါပေမဲ့ ပြဿနာတော့မရှာကြနဲ့ပေါ့”
“ေကာင်းပြီ”
ကျိုးလီတယောက် ဝမ်းသာအားရဖြင့် ပြန်လည် ထွက်ခွာသွားတော့သည်။ ကျိုးယန်တယောက် ဦးခေါင်းကိုသာခါယမ်းလိုက်ပြီး ဘိုးဘေးယန်မ င်နဲ့ တွေ့ဆုံရန် သွားလိုက်သည်။
ထိုတွေ့ဆုံမှုမှ ဘိုးဘေးယန်မင်က ကူညီရန်သ ဘောတူညီခဲ့ပြီး အချို့တဝက်ကိုတော့ မူလနေ ရာကိုပြန်ပို့မည်ဖြစ်ကြောင်း အသိပေးလာသည်
“ကိစ္စမရှိပါဘူး အကုန်လုံးဖြေရှင်းပြီးတဲ့အခါ အချိန်မရွေး ပြန်လာလို့ရပါတယ်”
ကျိုးယန်က ပြောပြလိုက်သည်။ တချို့တဝက် အကူညီကလည်း အင်အားတခုဖြစ်စေပြီး အထူ သဖြင့်ဘိုးဘေးယန်မင်တို့မိသားစုက အရှင်မရဲ့ မျက်နှာကြောင့် ကူညီမည်ကို တွက်ဆထားပြီး ဖြစ်သည်။
မထင်မှတ်ထားသည်က အကြီးအကဲကျန်း၏ မိသားစုနဲ့ တုမိသားစုတို့ ပါဝင်လာခြင်းဖြစ်သ ည်။ တုမိသားစုအကြောင်းကို သူသိပ်မသိပေ။ သို့သော်လည်း တုစစ်၏ အမူအကျင့်အရ တုမိ သားစုခေါင်းဆောင်မှာလည်း သဘောဖြောင့်မ ည့်သူ ဟု ကျိုးယန်တွက်ဆလိုက်သည်။
“ဒါနဲ့ မကြာခင်မှာ ရှေးဟောင်းမျိုးနွယ်စုရဲ့ နှစ် စဥ် ပြိုင်ပွဲတခုရှိတယ် အဲ့ဒါက မိုးကြိုးအမတေ ဂူထဲဝင်ရောက်ပြီး ရတနာရှာဖွေတာပဲ”
“မိုးကြိုအမတေဂူ ပြီးတော့ ရတနာရှာဖွေတာ ဘယ်လိုမျိုးလဲ”
ကျိုးယန်တယောက် စိတ်ဝင်စားသွားခဲ့သည်။ မိုးကြိုးအမတေမှာ မီးနဲ့သစ် သန္ဓေသားကဲ့သို့အ ရာများဖြစ်ပြီး မိုးကြိုးနိယာမကို လေ့လာရာ၌ အကူညီဖြစ်စေသည်။ တဖက်တွင်ဘိုးဘေးယန် မင်က အသေအချာ ရှင်းပြလာသည်။
မိုးကြိုးအမတေဂူမှာ လောကငယ်တခုဖြစ်ပြီး ဂူဟုဆိုသော်လည်း အထဲ၌ ပြည်နယ်တခုနီးပါး ကျယ်ဝန်းသည်။ ၎င်းအမည်အတိုင်း အထဲ၌ မိုး ကြိုးဓာတ်များပေါကြွယ်ဝကာ ရုပ်ပိုင်းဆိုင်ရာ ခွန်အားမကောင်းမွန်ပါက အထဲဝင်ရောက်ခြင်း က အန္တရာယ်များပေသည်။ ထို့အပြင် မိုးကြိုး အမတေဂူကို ရှေးဟောင်းမျိုးနွယ်စုမှ မူလနေ ရာမှ သယ်ဆေင်လာခြင်းဖြစ်ကာ ထိုဂူ၏လျှို့ ဝှက်ချက်ကို ဖော်ထုတ်ရန်ကြိုးစားသော်လည်း ယခုထိမအောင်မြင်သေးချေ။
“အထဲမှာ ရတနာအချို့ရှိနေတာတော့ သေချာ တယ် အထဲဝင်ရောက်ခွင့်ရသူတွေက ရရှိလာ တဲ့ ရတနာရဲ့၃၀ ရာခိုင်နှုန်းကို မျိုးနွယ်စုကိုအပ် နှံရုံပဲ ကျန်တာက ကာယကံရှင်အပိုင်ပေါ့”
ကျိုးယန်က ခေါင်းညိတ်ပြလိုက်သည်။ မူလက ကျိုးလီတို့ကိစ္စအတွက် ခေါင်းခဲနေသော်လည်း ယခုတော့ပြေလည်သွားပြီဖြစ်ကာ သူသာထိုဂူ ကိုဝင်ရောက်ပါက ရက်အနည်းငယ်အချိန်ထပ် မံရနိုင်သည်။
“အဲ့ဂူကို ကျတော်ဝင်ခွင့်ရှိလား”
ကျိုးယန်ရဲ့အမေးကို ဘိုးဘေးယန်မင်ကပြုံး၍
“ရှိတာပေါ့ မင်းက ရုပ်ပိုင်းဆိုင်ရာကျင့်ကြံသူလဲ ဖြစ်နေပြီး ခွန်အားကလည်း ထိပ်တန်းအဆင့်ရှိ နေတော့ ဝင်လို့ရတယ် တခုပဲ ဝင်ခွင့်အတွက်ငါ တို့ မျိုးနွယ်ခေါင်းဆောင်တွေမှာတောင် နေရာ အရေအတွက်အရမ်းနည်းနေတယ် ဒီအတွက် ပြိုင်ဆိုင်မှူလေးနည်းနည်းတော့ လုပ်ရမှာပေါ့”
“ထပ်ပြီး တိုက်ခိုက်ရဦးမှာလား”
ကျိုးယန်တယောက် စိတ်ရှုပ်ထွေးသွားသည်။
“မလိုအပ်လောက်ပါဘူး ဒီတကြိမ်အတွက်နေ ရာတခု မင်းအတွက်စီစဥ်ပေးပါ့မယ် တခုတော့ သတိထားပါ ကျန့်သခင်လေးကိုရိုက်နှက်လိုက် တာတွေအတွက် ကျန့်လောင်က အငြိုးထားနိုင် တယ်”
ဘိုးဘေးယန်မင်က အသိပေးလာသည်။ ဆွေး နွေးပွဲ၌ ကျန့်လောင်တယောက် ဖြစ်ပျက်သွား သည့်အမူအရာကို မှတ်မိနေပြီး သူ့အရှိန်ကြော င့်သာ နှုတ်ဆိတ်နေတာကိုလည်း သတိပြုမိ၍ ကျိုးယန်သာ မိုးကြိုးအမတေဂူထဲဝင်ပါက တစ် စုံတစ်ခုမပြုလုပ်ဟု မပြောနိုင်ချေ။ အနည်းဆုံး တော့ ပြန်လည်ရိုကိနှက်မည်ဖြစ်ပြီး အဆိုးဆုံး မှာ အသက်ကိုပင်ခြိမ်းခြောက်လာနိုင်သည်။
“ဟားးး ဒီအတွက်စိုးရိမ်စရာမလိုပါဘူး ကျတော့်မှာ အစီစဥ်တွေရှိပါတယ် သတင်းအ ချို့သာလိုတာပါ”
ကျိုးယန်က ပေါ့ပေါ့ပါးပါးပင် ပြန်လည်ပြောဆို လိုက်သည်။ ကျန့်လောင်ကိုယ်တိုင် ပါလာရင် တောင်သူက ဂရုမစိုက်ချေ။ သူအမုန်းဆုံးက မိန်းမတယောက်အတွက် အသားလွတ်ရန်လိုနေ တတ်သည့် ကျန့်သခင်လေးလို လူစားမျိုးဖြစ် သည်။
ကျိုးယန်နဲ့ အချိန်အနည်းငယ် ပြောဆိုပြီးနော က်ဘိုးဘေးယန်မင် ပြန်လည်ထွက်ခွာသွားကာ ပြင်ဆင်ရန် တလကျော်ရှိသေးသောကြောင့် ဒီ နေရာ၌ ဆက်နေလိုပါက နေနိုင်သည်ဟု အသိ ပေးလိုက်သည်။
ကျိုးယန်က သဘောတူလိုက်ပြီး တဖက်တွင် ကိုင်ရီရီအား ပြန်လွှတ်ပြီး စုန့် ဟုန် ဘုရင်သုံးပါး နဲ့တွေ့ဆုံကာ ပြင်ဆင်ရမည့်ကိစ္စအား မှာကြား နေသည်။
“ကျမကော အထဲဝင်လို့မရဘူး”
ကိုင်ရီရီက တွန့်ဆုတ်စွာမေးလာသည်။ သူမပုံစံ က ကျိုးယန်အတွက်စိတ်ပူနေပြီး ကျန့်မိသားစု မှာ နှောင့်ယှက်လာမည်ကို စိုးရိမ်နေခြင်းဖြစ်သ ည်။
“မရဘူး ဒီမှာနောက်ထပ် တလကျော်ထပ်နေဖို့ ရှိနေတာက ပြဿနာဖြစ်နေတယ် တဖက်မှာလဲ ကိစ္စတွေက လွှတ်ထားလို့မရဘူးလေ ရီရီမင်းပဲ ငါ့ကိုကူညီနိုင်တာပါ”
ကျိုးယန်က ကိုင်ရီရီကိုစေ့စေ့ကြည့်၍ ညင်သာ စွာတောင်းဆိုလိုက်သည်။ ကိုင်ရီရီတယောက် မျက်လွှာချကာ ခေါင်းညိတ်လိုက်သည်။ သူမ အနေဖြင့် ငြင်းဆန်စရာအကြောင်းမရှိပေ။ ကျို ယန်မှာ ဧကရာဇ်ဖြစ်ပြီး ခင်ပွန်းသည်လည်းဖြစ် နေသည်မဟုတ်လား။
ကျိုးယန်က ကိုင်ရီရီကို စူးစိုက်ကြည့်နေပြီး အ ချိန်အနည်းငယ်အကြာ၌ သူမရဲ့လက်ကလေး အား ဆုပ်ကိုင်လိုက်သည်။ ပြီးနောက်
“ ဒီကိစ္စတွေအားလုံးပြီးသွားရင် မင်းတို့ညီအစ် မကို တရားဝင်မဂ်လာပွဲလုပ်ပေးမှာပါ”
ကိုင်ရီရီတယောက်မှင်သက်သွားသည်။ ကျိုး ယန်ဆိုလိုသည်က ကိုင်လီလီကိုလား။ ကျိုးယန် ကထိုစကားကိုပြန်မရှင်းလိုက်ပေ။ သူ့အနေဖြင့် မိဖုရားဘယ်လောက်ယူယူ ပြဿနာမရှိသော ကြောင့် သူ့မျိုးဆက်များ ရလာရန်သင့်လျော် သည့် မိဖုရားတွေ့ပါက လက်ထပ်ယူမည်ဟု တွေးထားသည်။
ထိုအတွေးက ငရဲတမန်တော်ကိစ္စပြီးနောက် သူ့ ကျင့်ကြံမှုသာ အင်မော်တယ်လောကကိုသွားရန် လုံလောက်ပါက သူတည်ဆောက်ခဲ့သည်အရာ များအား သူ့သားသမီးများထံ ပေးခဲ့လိုခြင်းဖြစ် သည်။
…………………………………………………