← Chapters

အခန်း (၂၅၅)

Vol. 17 Ch. 255

အခန်း (၂၅၅)

Vol. 17 Ch. 255

ကိုင်ရီရီကတော့ ကျိုးယန်ရဲ့အတွေးကိုမရိပ်မိ ပေ။ လက်ဖဝါးမှနွေးထွေးမှုကိုသာ တိတ်တဆိ တ်ခံစားနေခဲ့ပြီး ဆန့်ကျင်ဘက်လိင်ဖြင့် အထိ အတွေ့မရှိခဲ့သူဖြစ်၍ တုန်ယင်နေသည်။

ကျိုးယန်မှာ ကျိုးယင်ချင်း လင်းယုယန်တို့နဲ့အ တွေ့အကြုံရှိထားသောကြောင့် ကိုင်ရီရီ၏အ ခြေနေကို တွက်ဆနိုင်ကာ လက်ရှိက နေရာစိမ်း တခုကိုရောက်နေသောကြောင့် သူ့စိတ်ကိုပြန်လ ည်ထိန်းချုပ်လိုက်သည်။ သို့သော်လည်း သေး သွယ်သည့် ခါးအား ပွေ့ဖက်လိုက်သေးပြီး သူမ အား ရင်ခွင်ထဲထည့်ဖက်ကာ အချိန်အတော်ကြ သည်အထိ ထိုအတိုင်းနေ နေခဲ့သည်။

ကိုင်ရီရီသည် သူနဲ့အချိန်အများစု ရှိနေခဲ့ပြီး သူ နဲ့အတူသေရေးရှင်ရေးများ ဖြတ်သန်းခဲ့သူဖြစ် သည်။ အနောက်ပိုင်းဒေသအား သိမ်းပိုက်ခြင်း မှစ၍ ဧကရာဇ်ဖြစ်လာသည်အထိ သူမကဘေး ၌ ရှိနေခဲ့ပြီး သူ့စကားနဲ့သူ့ဆုံးဖြတ်ချက်များအ ပေါ် မေးခွန်းပြန်မထုတ်ခဲ့ပေ။

ထိုအတွက် ကျိုးယန်မှာစိတ်ကျေနပ်နေခဲ့ပြီး ရုပ်ရည်အရသာမက စိတ်ဓာတ်အရပါ ကိုင်ရီရီ သည် သူ့စံနှုန်းများနဲ့ ပြည့်မီသူဖြစ်သည်။ ကျိုး ယန်က ကိုင်ရီရီ၏ ကျောပြင်အား ညင်သာစွာပွ တ်သပ်နေခဲ့ပြီး မွှေးပျံ့သည့်ကိုယ်သင်းရနံ့အား ခံစားနေသည်။ မြွေမျိုးနွယ် မိန်းကလေးများက သေးသွယ်သည့် ခါးများပိုင်ဆိုင်ထားပြီး ရုပ်ရ ည်မှာလည်း နတ်သူငယ်များထက်မနိမ့်ပေ။

နတ်သူငယ်ဆိုရာ၌ နတ်သူငယ်မျိုးနွယ်လည်း မည်သို့ရှိနေမည်နည်း။ သစ်သန္ဓေသားပြဿနာ ကိုဖြေရှင်းရန် နည်းလမ်းရှာတွေ့သွား၍မြန်း သူ့ ထံရောက်မလာသည်လား။ ဒါမှမဟုတ်…

ကျိုးယန်ထိုအကြောင်းအရာကို ဆက်မတွေးလို တော့ပေ။ လက်ရှိ၌ မြွေမျိုးနွယ်ဖြစ်သည့် ကိုင် ရီရီအနေဖြင့် ရှေးဟောင်းခန္ဓာကျင့်စဥ် ကျင့်လို့ ရမရ သိလိုနေပြီး ထိုကျင့်စဥ်ကို မည်ကဲ့သို့ရ နိုင်မည်အား တွေးဆနေလေသည်။

ကိုင်ရီရီကမူ ကျိုးယန်၏ရင်ခွင်ထဲ တိတ်တဆိ တ်ရှိနေပြီး နွေးထွေးလုံခြုံသည့် ခံစားမှုက သူမ သာကျိုးယန်နဲ့ မတွေ့ဆုံခဲ့ပါက မျိုးနွယ်စုပျက် သုန်းလေမလား သို့မဟုတ် တောပုန်းဟွမ်ရဲ့သ ခင်လေးထံ ခစားနေရမည်လား မပြောတတ်ပေ ယခုတော့ ကိုင်ရီရီမှာ ကျိုးယန်၏တရားဝင်ကို ယ်လုပ်တော်ဖြစ်လာပြီး ကျိုးပြည်နယ်အတွင်း သူမရဲ့နေရာကြောင့် မြွေမျိုးနွယ်စုမှာလည်း အ ထိုက်အလျောက်နေရာရလာခဲ့သည်။

ထိုအတွက်ကြောင့်များ မြွေမျိုးနွယ်ဘိုးဘေးက သူမအား ကျိုးယန်ကိုကူညီစေခဲ့သည်လား။ မ ပြောတတ်တော့ပေ။ လက်ရှိမှာတော့ ရှုပ်ထွေး သည့် ပြဿနာများစွာရှိသော်လည်း သူမမှာအ နည်းငယ်ကျေနပ်သလို ခံစားနေရပြီး သားရဲမျို နွယ်ဖြစ်နေ၍ တရားဝင်မိဖုရားတပါးတော့မဖြ စ်နိုင်တော့ပေ။

“ရီရီ”

“ဟမ်”

ကျိုးယန်က သူမအားအသာလွှတ်ပေးလိုက်ပြီး

“မနက်ဖန် ပြန်ဖို့ပြင်ဆင်တော့ ကျိုးလီတို့အတွ က်စိတ်မပူနဲ့ ဒါပေမယ့် လီနန်းတွင်းကိုအရင်သွာ ပြီး ကျိုးစုလင်းကို အချိန်နည်းနည်းဂရုစိုက်ပေး ဖို့မှာလိုက်ပါ ကျိုးယွမ်ရဲ့ အရှေ့ပိုင်းကိုတော့ ချီ သခင်မလေးနဲ့ ယင်ချင်းတို့တာဝန်ယူလိမ့်မယ် မင်းက ပြန်ရောက်တာနဲ့ မြို့တော်အသစ်ကိုပြန် ပြီး အင်အားကိုရသလောက်စုပါ စုန့် ဟုန် တို့ကို အကြောင်းကြားပြီး ငရဲတမန်တော်တွေရဲ့လှုပ် ရှားမှုကို မျက်ခြေမပြတ်စေနဲ့ ငါမိုးကြိုးအမ တေဂူထဲက ထွက်လာရင် အရှုပ်တွေကိုအမြစ် ကနေပြီး မြေလှန်ကြတာပေါ့”

ကျိုးယန်က ထောင့်စေ့အောင်မှာကြားနေပြီး သူ သာမိုးကြိုးအမတေဂူထဲမှာ အချို့တလေရပြီး ပါက ကျင့်ကြံဆင့်ကို စနစ်အကူညီဖြင့်တိုးမြင့် ပြီး ငရဲတမန်တော်နဲ့အပေါင်းအပါများကို ဖြေရှ င်းမည်ဖြစ်သည်။

“အဖိုး တကယ်ပဲဆုံးဖြတ်ပြီးပြီလား ဝင်ခွင့်နေ ရာက တန်ဖိုးကြီးတယ်နော်”

ယန်ချင်းချင်းက ဘိုးဘေးယန်မင်ကိုမေးခွန်းပြ န်ထုတ်နေသည်။ သူမက ကျိုးယန်ရဲ့ခွန်အားကို ယုံသော်လည်း မျိုးနွယ်စု၌ အရည်အချင်းရှိသ ည့် လူငယ်များက ထိုအချက်ကိုလက်ခံမည်မ ဟုတ်ပေ။

“မျိုးနွယ်စုခေါင်းဆောင်အနေနဲ့ နေရာလေးတခု တောင်မဖန်တီးပေးနိုင်ရင် ဘယ်နားသွားသုံးစား တော့မလဲ မြေးရဲ့”

ဘိုးဘေးယန်မင်က ပြန်ပြောလိုက်သည်။ ယန် သခင်မကြီးက ပြုံး၍ ဝင်ပြောလာသည်။

“ကျိုးဧကရာဇ်က ငယ်ရွယ်ပေမယ့် ထက်မြတ် လွန်းတာသမီးအသိပဲ နောက်ပြီးသူက အရှင်မရဲ ရွေးချယ်သူပဲ ဒီတော့ အမေတို့သူကိုယုံကြည်ရ မယ် ဒီတကြိမ် သူ့ကိုဝင်ပါစေတာက မျိုးနွယ်စု အတွက် အနည်းငယ်ရှုပ်ထွေးစေပေမဲ့ တဖက် မှာလည်း မျက်နှာဖုံးတွေကို ခွာချနိုင်လိမ့်မယ် အဓိက သမီးလေးဂရုစိုက်ပါ ကျန့်သခင်လေး ဆိုတဲ့လူငယ်က သူ့အဖေလိုပဲ ကောက်ကျစ်ပြီး ရည်မှန်းချက်ကြီးတယ် ဂူထဲရောက်ရင်သမီးကို မနှောင့်ယှက်ဘူးလို့ မပြောနိုင်ဘူး ဒီအတွက်အ ကူညီလည်းရအောင် ကျိုးဧကရာဇ်ကိုထည့်ပေး ရတာပဲ အမေပြောတာကို သမီးနားလည်လား”

ယန်သခင်မကြီးက ရှည်လျားစွာရှင်းပြသည်။ ကျိုးယန်ကိုရှုံးနိမ့်သွားသည့်အတွက် ကျိုးယန် အကာကွယ်ရှိနေသည့် ယန်ချင်းချင်းအားနှောင့် ယှက်ရန် နှစ်ကြိမ်ပြန်စဥ်းစားရမည်ဖြစ်သည်။ ယန်ချင်းချင်းတယောက် ခေါင်းညိတ်ပြလိုက်ပြီ စိတ်ရှုပ်ထွေးစွာဖြင့် ပြန်သွားတော့သည်။ သူမ က ဂူထဲဝင်သည်မှာ ယခုအကြိမ်နဲ့ဆို တတိယ အကြိမ်ဖြစ်ပြီး ယခင်အကြိမ်များတုန်းက ရတ နာအချို့ရကာ သူမရဲ့ကျင့်ကြံမှုကိုအကူအညီ ဖြစ်စေခဲ့၍ မဝင်ရောက်၍လည်း မဖြစ်ပေ။

မဟုတ်ပါက မျိုးနွယ်စုလူငယ်များကြား သူမ သာနိမ့်ကျသွားပါက သူမရဲ့မိဘများမှာ မျက်နှာ ပျက်ရမည်ဖြစ်သည်။ ထို့ကြောင့် လွတ်လွတ်လ ပ်လပ်နေလိုသော်လည်း ကြိတ်မှိတ်၍ ကျင့်ကြံ နေခဲ့ရသည် မဟုတ်လား။

တဖက်တွင် ကျိုးလီ ကျိုးယွမ်တို့မှာမူ အမြွာအ စေခံမလေးများနဲ့အတူ လည်ပတ်နေပြီး ပျော် ရွှင်နေသည်။ လူဖြောင့်စိတ်တို ကျိုးလီမှာအချ စ်ကိုစတင်ခံစားတတ်သူတဦးနှယ် ဖြစ်နေခဲ့ပြီး ကျိုးယွမ်မှာလည်း ထိုနည်းတူပင်။ ထိုအရာအာ ဘိုးဘေးယန်မင်မှာ သတိပြုမိသော်လည်း လွှ တ်ထားပေးလိုက်ပြီး သာမန်အစေခံမလေးအ တွက် အလေးအနက်မထားတော့ပေ။

တဖက်တွင် ကျိုးလီ ကျိုးယွမ်၏အဆင့်တန်း မှာ မနိမ့်ကျသောကြောင့် အမြွာနှစ်ဦးသာလက် ခံခဲ့ပါက သူမတို့အတွက် မူလနေရာအားပြန်ပို့ မည့်ကိစ္စကို ဖြေရှင်းပြီးသားဖြစ်ပြီး ထိုအစေခံ မလေးနဲ့ရင်းနီးသည့် ယန်ချင်းချင်းကိုလည်းနှစ် သိမ့်ပေးရာ ရောက်သည်။

ထိုအချက်ကိုသတိမထားမိသည့် ယန်ချင်းချင်း ကတော့ ရင်ဖွင့်ရန် အစေခံမလေးနှစ်ဦးအား လို က်ရှာသော်လည်း မတွေ့သောကြောင့် ဒေါသထွ က်ကာ ကျိုးယန်ခိုင်းစေမှုဟု တွေးမိ၍ ကျိုးယ န်ဆီ ရောက်ချလာတော့သည်။

ဒေါက် ဒေါက် ဒေါက်

“ဝင်ခဲ့လေ”

ကျိုးယန်ကစိတ်စွမ်းအင်ဖြင့် ထောက်လှမ်းလို က်လျင်ယန်ချင်းချင်းကို တွေ့လိုက်ရ၍ အံ့သြမိ သွားသော်လည်း အရင်ဆုံးအထဲဝင်ခွင့်ပြုလိုက် သည်။

“ဘာကိစ္စလဲ”

“ကျမရဲ့ အမြွာညီအစ်မကိုရှင်ဘာခိုင်းထားလဲ ကျမရှာနေတာ နှံ့နေပြီ မတွေ့ဘူး”

သူမက ရောက်ရောက်ချင်းပင် တည့်တိုးမေး လာသည်။ ကျိုးယန်က ခေါင်းယမ်းပြလိုက်ပြီး

“သတိမထားမိဘူး ငါကသူမတို့ကိုဝေယျာဝိစ္စအ တွက်နဲ့ မခေါ်ထားမိပါဘူး”

မည်သည့်အတွက်ကြောင့် ယန်ချင်းချင်းရှာမ တွေ့မှန်းရိပ်မိသော်လည်း မပြောပြလိုက်ပေ။ ထိုဒေါသကြီးသည့် သခင်မလေးက ဦးလေးဖြစ် သူ၏ စိတ်ကိုအမွေရထားပုံပေါ်သည်။ တခုခုမ ကျေနပ်ပါက ကျိုးလီ ကျိုးယွမ်တို့ကို မရိုက်နှ က်ဟု မပြောနိုင်ပေ။

…………………………………………………

စာစဥ် ၁၇ ပြီး၏။

All Chapters