← Chapters

တားမြစ်ပိတ်ပင်ချက်နဲ့ တားမြစ်ပိတ်ပင်ထားသူ

Vol. 14 Ch. 197

တားမြစ်ပိတ်ပင်ချက်နဲ့ တားမြစ်ပိတ်ပင်ထားသူ

Vol. 14 Ch. 197

တစ်နှစ်အတွင်း ခရိုင်မှူးနှစ်ဦး ဆက်တိုက် သေဆုံးသွားသော်လည်း ရွှီကျန်းသည် ရှင်းရှန်ဘုရင်ခံ ဟူသော အန္တရာယ်ရှိသည့် အလုပ်ကို ထမ်းဆောင်ရန် သတ္တိရှိခဲ့သည်။ ဒါကြောင့် ထုံးစံအတိုင်း သူ့လက်ထဲမှာလည်း လှည့်ကွက်တချို့ ရှိပေသည်။

အစောကတင် ချန်ရှီဟာ ဖေရှူးရှန်းနဲ့ စကားပြောနေခဲ့ပြီး သူ့မျက်လုံးများနှင့် နားများကို ဖုံးကွယ်ထားခြင်းမရှိပေ။ ရေကန်မြို့တော်က လူငယ်တစ်ယောက်အကြောင်း သူတို့ပြောနေတာကိုလည်း သူ ကြားသည်။

"ဒီသခင်ငယ်လေးရဲ့ နာမည်ကို ငါ တစ်ခါမှ မကြားဖူးပေမယ့် မင်းအတွက် တစ်ခုခုတော့ ရှာ​ပေးနိုင်မှာပါ...အဲ့သခင်ငယ်က မင်းသားကျန့်အိမ်တော်မှာ နေတာ သူ့နောက်ခံကိုရှာဖို့ မခက်ပါဘူး နောက်ဆုံးတော့ မင်းသားကျန့်အိမ်တော်က ရေကန်မြို့တော်မှာ ရှိတယ်။ ဒီလိုကြီးမားတဲ့ ပစ်မှတ်ကို ရွှေ့လို့မရပါဘူး"

ချန်ရှီနှလုံးက အနည်းငယ် လှုပ်ရှားသွားပြီး မေးခွန်း ထပ်ထုတ်လိုက်သည်။

"မင်းသားကျန့်အိမ်တော်က ဘာလဲ"

"အဲဒါက စန်းပေါင်ရဲ့ အိမ်ဟောင်းပါ... ဧကရာဇ်ချန်ကျူက သူ့ကို ကျန့်ဆိုတဲ့ မျိုးရိုးအမည်ကို ပေးခဲ့တာ... နောက်ပိုင်းမှာ မိန်းမစိုး စန်းပေါင်က အနောက်နွားရှင်းကျိုး ကျွန်းကို ရှာတွေ့ခဲ့တယ်... အနောက်နွားရှင်းကျိုး ကျွန်းနဲ့ သူ့ရဲ့ ဘိုးဘွားပိုင်မြေ ရှန်ကျိုးကြားမှာ အကြိမ်ပေါင်းများစွာ ခရီးထွက်ခဲ့ဖူးတယ်... သူက ရွှေ့ပြောင်းနေထိုင်သူတွေကို နောက်ဆုံးအကြိမ်အဖြစ် ရှင်းကျိုးကျွန်းကို ပို့ဆောင်ခဲ့တယ်လို့ ကြားသိရတယ်... သတင်းအရ သူ့ကို ဘုရင်ကျန့်လို့ အမည်ပေးထားပြီး သူ့ရဲ့ ယခင်နေထိုင်တဲ့ နေရာကတော့ မင်းသားကျန့်အိမ်တော်ပေါ့"

ချန်ရှီ အံ့သြပြီး မခံမရပ်နိုင် ဖြစ်သွားသည်။

ကျန့်စန်းပေါင်သည် မိန်းမစိုးတစ်ဦး ဖြစ်သော်လည်း သန်မာသော လူတစ်ဦးတစ်ယောက်မျှ မလုပ်ဆောင်နိုင်သည့် ကြီးကျယ်သော အရာများကို ပြီးမြောက်အောင်မြင်ကာ နောက်ပိုင်းမျိုးဆက်များရဲ့ အထင်ကြီးလေးစားမှုကို ခံခဲ့ရသည်။

"ကျန့်စန်းပေါင်မှာ တိုက်ရိုက်မျိုးရိုး မရှိပေမယ့် သူ့မှာ မွေးစားထားတဲ့ သားတစ်ယောက်ရှိတယ်... မိန်းမစိုးတွေက သူတို့ရဲ့ မိသားစုမျိုးရိုးကို ဆက်ခံဖို့ မွေးစားသားတွေကို မွေးစားရတာကို နှစ်သက်တယ်လေ..."

ရွှီကျန်းလည်း မသေချာတော့သလို ဖြစ်လာသည်။

"သခင်လေးက ကျန့်အိမ်တော်ရဲ့ ဆင်းသက်လာသူ ဖြစ်နိုင်တယ် ဒါပေမယ့် မကြာသေးမီနှစ်တွေမှာတော့ မင်းသားကျန့်အိမ်တော်က ကျဆင်းသွားပြီး ကြီးကျယ်ခမ်းနားတဲ့ ကိန်းဂဏန်းတွေ ပေါ်ထွက်မလာဘူး... ဒီကိစ္စကို မေးမြန်းဖို့ ရွှီမိသားစုရဲ့ အကြီးအကဲတွေကို ငါ ဆက်သွယ်လိုက်မယ်... မင်း ငါ့သတင်းကို စောင့်နေလိုက်ပါ"

သူ မတ်တပ်ထရပ်လိုက်တော့ ချန်ရှီက ထမင်းဖိုး ထုတ်ရှင်းဖို့ ပြင်လိုက်သည်။ သို့သော် ရွှီကျန်းက သူ့လက်ကို ကာထားပြီး။

"မင်း ငါ့ကို ဘယ်လို ဆက်ဆံခွင့် ပေးချင်တာလဲ... မင်း ငါ့ကို အဲ့လိုဆက်ဆံရင် လာဘ်ယူသလို ဖြစ်သွားမယ်လေ...ငါ ရိုးရိုးသားသား အရာရှိဖြစ်ချင်တယ်... ဒါကြောင့် မင်းကို ကျွေးပါ့မယ်... စားပွဲထိုး ပြေစာထုတ်ပေးပါ... အဲဒါကို အစိုးရရုံးရဲ့ နာမည်နဲ့ မှတ်ထားလိုက်.... လာရှင်းမယ်"

စားပွဲထိုးက :"ကောင်းပါပြီ လူကြီးမင်းရွှီ ဂရုစိုက်ပါ!"

ရွှီကျန်း ထွက်သွားသည်။

ချန်ရှီလည်းထပြီး ချန်အိမ်ဆီ ပြန်သွားခဲ့သည်။

အိမ်အကူ ချင်အာသည် တံတိုင်းကို ပြုပြင်ရန် အုတ်သမားအများအပြားကို ညွှန်ကြားထားပြီး ခြံကို သေချာရှင်းဖို့လည်း ဥယျာဉ်မှူးအချို့ကိုလည်း ငှားရမ်းထားခဲ့သည်။ သူမက အရာအားလုံးကို စနစ်တကျ စီစဉ်ပေးခဲ့သည်။

ချင်အာသည် မူလက ဗိုလ်ချုပ်ကြီး ချွေးကျန့်က ပေးအပ်သော ကိုယ်ရေးကိုယ်တာ အစေခံ ဖြစ်သည်။ သို့သော်လည်း သူမသည် ချန်အိမ်တွင် အချိန်အတော်ကြာ နေခဲ့တာတောင် ချန်ရှီနဲ့ နီးစပ်ရန် အခွင့်မသာခဲ့ဘဲ လျစ်လျူရှုခံခဲ့ရသည်။

သို့သော်လည်း သူမသည် အလုပ်တွင် စေ့စေ့စပ်စပ်နှင့် သတိရှိကာ ချန်အိမ်ကို ပြီးပြည့်စုံအောင် ထိန်းသိမ်းနိုင်ခဲ့သည်။

"ထမင်းချက်ကောင်းသူက ထမင်းမပါဘဲ မချက်နိုင်ပါဘူး"

ချန်ရှီ လာနေတာမြင်တော့ ကျားသွားနှစ်ချောင်းကို ပြပြီး ပြုံးလိုက်သည်။

"သခင်ကြီး.. အိမ်ကြီးမှာ ပိုက်ဆံမရှိ​တော့ဘူး လယ်ကရတဲ့ငွေက ကျွန်မတို့နေ့စဉ် စားရိတ်အတွက် လုံလောက်ပေမယ့် ကျွန်မတို့က ဆင်းရဲလွန်းလို့ အိမ်ပြင်ဖို့တောင် မတတ်နိုင်ဘူးလေ ခုတလော ပိုက်ဆံတွေ အရမ်း သုံးနေရတယ်"

ချန်ရှီက ထောင်သောင်းချီသော ငွေစက္ကူများကို သူ့အင်္ကျီအိတ်ကပ်ထဲမှ ထုတ်ယူလိုက်သည်။ ၎င်းတို့အားလုံးသည် ဝမ့်စန်းငွေစံအိမ်က ငွေလက်မှတ်များ ဖြစ်​လေသည်။ သူက ချမ်းသာမှုကို ပြသရန် လက်ဖြင့် ပုတ်ပြီး။

“မင်း ဘယ်လောက်လိုချင်လဲ”

ချင်အာ လန့်ဖျပ်သွားပြီး :"သခင်ကြီး ကျေးလက်က အဆောင်ဆွဲဆရာ မဟုတ်ဘူးလား... မိန်းမနဲ့ ပိုက်ဆံဆိုတာ တစ်ခါမှ မမြင်ဖူးဘူးရင် လွယ်လွယ်နဲ့ လှည့်စားခံရနိုင်တယ်.. သူက ဘယ်လိုလုပ် ဒီလောက် ရက်ရောနိုင်တာလဲ၊ ယုတ်ညံ့တဲ့ မိန်းမတွေ ငါတို့ကို နှိမ့်ချနေတာ မဆန်းပါဘူး...သူက အိမ်မှာနေတာ ရက်အတော်ကြာပြီး ငါ့လက်ကိုတောင် မကိုင်ဘူး" ဟု တွေးနေမိ၏။

"သခင်ကြီး ခြံကို ပြုပြင်ပြီး ပြန်​ဆောက်ဖို့က အများကြီး မလိုပါဘူး"

ချင်အာက သူ့လက်ထဲက ငွေစက္ကူနှစ်ခုကို ယူလိုက်ပြီး "ဒါဆို လုံလောက်ပြီ" လို့ ပြုံးပြုံးလေး ပြောလိုက်သည်။

ချန်ရှီ နောက်ထပ် ငွေစက္ကူတွေကို ထုတ်ပြီး :"ဒါတွေကို ယူသွားပြီး မင်းတို့ရဲ့ အလုပ်အတွက် လုပ်ခအဖြစ် သုံးလိုက်ပါ... ငါ အိမ်မှာ အမြဲတမ်းနေမှာ မဟုတ်ဘူး မင်းတို့​ကို မတရား မဆက်ဆံကြအောင် တစ်ခါတလေတော့ ဒီကို လာခဲ့မယ်"

ချင်အာက ခေါင်းခါပြီး "သခင်ကြီး လယ်က ပိုက်ဆံရပါတယ်.. အဲဒါက နေ့စဥ်စားရိတ်နဲ့ လုပ်အားခကို ပေးနိုင်တယ် အဲဒါတွေ ထပ်မလိုအပ်ပါဘူး"

"ဒါဆို ငါ မင်းတို့ကို အဝတ်အစားအသစ် ပေးမယ်..."

ချန်ရှီက ခဏလောက် စဉ်းစားပြီး "ငါလည်း အဝတ်အသစ်ဝယ်ဖို့ လိုတယ်...ငါ မကြာသေးခင်ကမှ အရပ်မြင့်လာတာ အဝတ်ဟောင်းတွေက နည်းနည်းတိုလာပြီ... မြို့ထဲမှာ ဘယ်အထည်ဆိုင်က စက်ချုပ်ကျွမ်းကျင်လဲ"

ချင်အာက ပြုံးပြီးပြောလေ၏။

"သခင်ကြီးက ဘာလို့ အထည်ဆိုင်ကို သွား​နေရမှာလဲ... ဘယ်သူက အကောင်းဆုံး လက်မှုပညာရှင်လဲ ရှာပြီး အပ်ချုပ်သမားကို အိမ်ကို လာခိုင်းလို့ရတယ်လေ..."

ချန်ရှီ ကြည့်လိုက်တော့ သူ့အဝတ်အစားက နည်းနည်းတိုနေတာ တွေ့ရသည်။ လူငယ်တွေရဲ့ ကြီးထွားလာချိန်က ဖြစ်တာကြောင့် အရပ်ကလည်း အလွန်လျင်မြန်စွာ တိုးလာသည်။

ထိုမှသာလျှင် သခင်ကြီးသည် တစ်ဆယ့်နှစ်နှစ် သို့မဟုတ် ဆယ့်သုံးနှစ်ခန့်သာရှိသေးပြီး ကလေးဆန်သော မျက်နှာဖြင့် သူ့ပါးစပ်ထောင့်မှ အမှုန်အမွှားအချို့ ပေါက်ထွက်နေပြီး နှုတ်ခမ်းများက ဖောက်ထွင်းမြင်ရကာ နူးညံ့ကာ အနီရောင်တောက်တောက်နှင့် ပါးလွှာနေတာ သူမ သတိပြုမိလိုက်သည်။

သူသည် သူမထက် အရပ်ရှည်သော ယောက်ျားလေးတစ်ယောက်မျှသာ ဖြစ်သော်လည်း အလွန်ပင် အရွယ်မရောက်သေးပေ။

ချင်အာ ရှက်ပြီး "လူကြီးမင်းချွေးက လူယုတ်မာပဲ... ဒီသခင်ငယ်က ကလေးပဲရှိသေးတယ် ဒါပေမယ့် သူက လှည့်ဖြားခိုင်း​နေတယ်... တခြားသူတွေရဲ့ ပရောပရီလုပ်တဲ့ လှည့်ကွက်တွေက သူ့အပေါ် ဘယ်လိုလုပ် အသုံးချနိုင်မှာလဲ" ဟု တွေးနေပြန်သည်။

ချန်ရှီ: "ဟေးကော်တဲ့... သူက ငါ့ညီ မင်းတို့ သူ့ကို ကောင်းကောင်း ဝတ်စားပေးရမယ်... ဟေးကော် မင်းရော အဝတ်အသစ် လိုချင်လား"

"ဝုတ်!"

"ဟေးကော်က သူ့အတွက် ခါးပတ်အင်္ကျီနဲ့ ဘောင်းဘီတို အစုံလုပ်ခိုင်းတယ်...လက်ရာ ဆန်းပြီး အနက်ရောင်မဟုတ်ရဘူး"

ချင်အာသည် ဟေးကော်ကို အံ့အားသင့်စွာ ကြည့်ပြီးနောက် ချန်ရှီကိုလည်း ကြည့်လိုက်သည်။

"သခင်ကြီးက ခွေး ပြောတာကို ဘယ်လို နားလည်လိုက်တာလဲ?"

ချန်ရှီ အိမ်နောက်ဖေးသို့ အမြန်လာကာ ပွစိပွစိ လုပ်လိုက်သည်။

"မြို့က ရေလိုငွေတွေ ကုန်တယ်...တစ်နေ့သုံးတဲ့ငွေက ဟွမ်​ဖောရွာမှာ တစ်နှစ်သုံးတဲ့ငွေနဲ့ သွားညီနေပြီ... ငါ့အမြင်အရတော့ အိမ်ကို ပြန်တာပဲ ကောင်းတယ်... အရာရှိတွေက ငါ့မြေဧကတစ်ထောင်ပေးရင်တောင် ငါ့ရွာကို မမှီသေးဘူး... ရွာမှာက ကန့်ညောင် ရှိတယ်...ကျူးရှို့ချိုင်၊ အဘွားရှားနဲ့ တခြားသူတွေလည်း ရှိတယ် စရိတ်စက သက်သာတယ်"

ဟေးကော်က သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေ၏။

ချန်ရှီ: "ငါ့မှာ ငွေထောင်ပေါင်းများစွာ ရှိပေမယ့် ငါ့အဘိုးက ပြောတယ် ငွေက နတ်တစ်ပါး၊ နတ်ဆိုးဆိုလည်း ဟုတ်တယ်.. ကိုယ့်မှာ အသိဥာဏ်ရှိရင် ငွေက သူ့သခင်ကို ရွေးလိမ့်မယ်... တချို့လူတွေက ငွေအများကြီးရှာပေမယ့် မထိန်းနိုင်တော့ ငွေက ထွက်ပြေးသွားရောတဲ့ ငွေကို ထိန်းချုပ်ချင်ရင် ပညာရှိရမယ်။"

သူက သက်ပြင်းချကာ သူ၏ ထောင်ပေါင်းများစွာသော ငွေစက္ကူများ အချိန်မရွေး လွင့်ထွက်သွားမည်ကို စိုးရိမ်သဖြင့် မြို့ထဲတွင် ဆက်လက် မနေထိုင်ရဲတော့ပေ။

“ငါ့အဖိုးက ဒီနယ်ပယ်မှာ အသိပညာမရှိလို့ လစာမဲ့နေတာ... သူ့နောက်လိုက်ရင် ပိုက်ဆံမတတ်နိုင်သလို ကိုယ့်ဘာသာကိုယ် တစ်ပြားတစ်ချပ်မှ မတတ်နိုင်တော့မှာတောင် စိုးရိမ်မိတယ်”

ဟေးကော်က သူ့ကို ဂရုမစိုက်ပေ။ ၎င်းသည် ပါးစပ်ကိုဖွင့်ကာ တစ္ဆေစာအုပ် တစ်အုပ်ကို တံတွေးထွေးထုတ်ရင်း ထိုင်ခုံပေါ်တွင် စာထိုင်ဖတ်နေသည်။ တကယ်တော့ ဒါက သူဌေးတွေရဲ့ ဒုက္ခဖြစ်ပြီး ခွေးနဲ့ ဘာမှ မဆိုင်ချေ။

ထိုင်ပြီးတာနဲ့ အိမ်အကူတစ်ယောက်က သစ်သီးတွေကို ယူလာပြီး ခွေးဘေးမှာ ထားလိုက်သည်။ ဟေးကော်က ပါးစပ်ကို ဖွင့်လိုက်ရာ အိမ်အကူက သူ့ဘေးမှာ ငုတ်တုတ်ထိုင်တဝက်နဲ့ ဒူးထောက်တဝက် နေလျက် သစ်သီးကို ကောက်ယူပြီး ပါးစပ်ထဲကို ထည့်ပေးလိုက်လေသည်။

ဟေးကော် ဖြည်းညှင်းစွာ ဝါးစားကာ တစ်ဖက်ကလည်း စာဖတ်နေပါသည်။ သက်တောင့်သက်သာ ရှိတဲ့ဘဝကို ပိုက်ဆံနဲ့ တည်ဆောက်ထားပုံရတယ် လို့ ရုတ်တရက် တွေးမိရာ သခင်ကြီးချန်က ပိုက်ဆံမရှိရင် သူ့ဘဝကလည်း ပြီးသွားလိမ့်မယ်ဟု တွေးမိပြန်၏။

သို့သော် ငွေရှာရာတွင် ခွေးက အဆင်မပြေသောကြောင့် ချန်ရှီကိုပဲ စိတ်ပူခိုင်းလိုက်သည်။ ချန်ရှီသည် ငယ်ရွယ်နုပျိုသော စိတ်နှလုံးရှိသောကြောင့် စိတ်ပူပင်သောကကို ချန်ထားခဲ့ကာ အစွန်းရှစ်ပါး ရွှေနန်းတော်ကို ဆက်လက်လေ့ကျင့်​နေခဲ့သည်။

အစွန်းရှစ်ပါးရွှေနန်းတော်တွင် အလင်းသုံးပါးကျင့်စဥ်ထက် များစွာ သာလွန်သော အကြောင်းအရာ ပါရှိပါသည်။ အထူးသဖြင့် ချန်ရှီ ယခုတစ်ကြိမ် ဖေရှူးရှန်းနဲ့ တိုက်ခိုက်ပြီး ဤနည်းကို အသက်သွင်းလိုက်သောအခါ ဤနည်းလမ်းကို စွမ်းအားနယ်ပယ်တွင် ရွှေနန်းတော် ရှစ်ခုကို စိုက်ထူထားနိုင်တာ တွေ့ရှိခဲ့သည်။

ပဏာမစကြာဝဠာမှာ ဘယ်အရာမှ မရှိ၊ ခပ်သိမ်းသော အရာတို့က သဘာဝအရ ဖြစ်ပေါ်လာပြီး ဒြပ်စင်ငါးပါးလည်း ထိုနည်းတူပင်။

အသက်ရှင်နေသမျှတော့ ကန့်သတ်ချက်ဆိုတာ ရှိမည်။ ပြီးမြောက်နိုင်သမျှဟာလည်း အကန့်အသတ် ရှိမည်။ သို့သော် ဘဝက ဆက်လက်ကြီးထွား​နေပြီး ပြီးမြောက်တဲ့အထိ မပြောင်းလဲပါ။

ရွှေအမြုတေ စွမ်းအားနယ်ပယ် ပျံ့နှံ့သွားသောအခါ စကြာဝဠာရှိ အရာခပ်သိမ်း၊ မျိုးဆက်တစ်ခုပြီးတစ်ခု၊ ပွင့်လင်း မြင်သာမှုနှင့် တိတ်ဆိတ်မှုကို ခံစားရသည်။ အစွန်းရှစ်ခုထဲတွင် တံခါးရှစ်ပေါက် ရှိနေကဲ့သို့ ရွှေနန်း​တော်ရှစ်ခု တည်ရှိ​နေပြီး တံခါးရှစ်ပေါက် ခွဲ၍ ဖွဲ့စည်းထားသည်။

တံခါးရှစ်ပေါက်၏ ပုံသဏ္ဌာန်သည် တံစက်မြိတ်နှင့် ထောင့်များပါရှိသော တံခါးကြီးနှင့် တူလေသည်။ တံခါးချပ်များ၊ ထွင်းထားသော နဂါးများ၊ ပန်းချီဆွဲထားသော ဖီးနစ်ပုံများ၊ ခေါင်မိုးပေါ်ရှိ မသေမျိုး တိရစ္ဆာန်များနှင့် အမျိုးမျိုးသော ကောင်းချီးမင်္ဂလာများကို လမ်းညွှန်ထားသည်။

မုခ်ဦးသည် ရွှေရောင်အလင်းတန်းများဖြင့် ထွန်းလင်းနေ၏။ မုခ်ဦးအတွင်းမှ နတ်တန်ခိုးသည် တဟုန်ထိုး ကြီးထွားလာပြီး မုခ်ပေါက်မှ ဆွဲယူလိုက်သလို ရွှေစက်လုံးတစ်ခုထဲသို့ စုစည်းလာသည်။

ချန်ရှီ သူ့စွမ်းရည်ကို မြှင့်တင်လိုက်သောအခါ ရွှေနန်းတော်ရှစ်ခုမှ ရွှေရောင်အလင်းတန်းများသည် ရွှေအမြုတေထဲ သွန်းလောင်းလာကာ စိတ်ကို အေးချမ်းသွားစေခဲ့သည်။ တစ်ချိန်တည်းမှာပင် ရွှေအမြုတေသည် သူ့ခန္ဓာကိုယ်တစ်ဝိုက်သို့ ရွေ့လျားသွားပြီး ဆံပင်နှင့် အသားအရေတို့ကို တင်းမာလာစေသည်။ ရုတ်တရက် ခေါင်းပေါ်က ကောင်းကင်တံခါးကနေ ပြုတ်ကျပြီး ကောင်းကင်တံခါး၊ ယွိကျန်၊ တကျွေး၊ ရှန်းကျူ၊ ကျစ်ယန်၊ ယောင်းယန်နဲ့ ဟွေလွီ တစ်လျှောက် သူ့ခန္ဓာကိုယ်ထဲကို တိုးဝင်သွား၏။

ထို့နောက် ကွမ်းယွမ်၊ ဟွေ့ယင်၊ ရှန်ချွဲး၊ ကျုံးထင်သို့ ဝင်သွားသည်။ တစ်ဖန် လည်ချောင်းတစ်လျှောက်တက်ကာ ဆယ့်နှစ်ထပ် အထပ်ပေါ်မှ ခုန်ဆင်းကာ နှာခေါင်းတွင်းနက်ကြီးထဲ ဝင်သည်။ လျှာဖျားဖြင့် အပေါ်ကိုတက်ကာ ကောင်းကင်တံခါးမှ ခုန်ထွက်လာသည်။

ရွှေအမြုတေကို ခန္ဓာကိုယ်တစ်ဝိုက်တွင် ပြေးလွှားစေပြီး ကောင်းကင်တံခါးထဲသို့ ဝင်သွားစေသောအခါ ၎င်း၏ စီးဆင်းမှုလမ်းကြောင်းသည် ဤတစ်ကြိမ်တွင် ကွဲပြားလာသည်။ ထူးကဲသော သွေးကြော ရှစ်ခုကို လျှောက်သွားကာ လက်ခြေများဆီသို့ ပြန်သွားသည်။

တံခါးရှစ်ပေါက် ရွှေနန်းတော်သည် ဒြပ်စင်ကြီးငါးပါးနှင့် ဒြပ်စင်ငါးပါးငယ်တို့၏ ကျင့်စဉ်လမ်းကြောင်းများကို လိုက်ကာ အတွင်းနှင့် အပြင်ပိုင်းကို ပိုင်းခြားထားသည်။

သေးငယ်သော ဒြပ်စင်ငါးပါးသည် အတွင်းအင်္ဂါ ​ဖြစ်ပြီး ကြီးမားသော ဒြပ်စင်ငါးပါးမှာ ခြေလက် လေးဖက်နှင့် ဦးခေါင်း ဖြစ်သည်။ အတွင်းစက်ဝိုင်းသည် ခန္ဓာကိုယ်အတွင်း၌ လည်ပတ်နေပြီး အပြင်စက်ဝိုင်းသည် ခန္ဓာကိုယ်အတွင်းရော အပြင်ဘက်ပါ လည်ပတ်နေသည်။

တံခါးရှစ်ပေါက်က အလင်းသုံးပါးကျင့်စဥ်ထက် များစွာမြန်ပြီး ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို များစွာ တိုးတက်စေနိုင်သည်။

ချန်ရှီသည် သူ၏ ခွန်အား၊ သွေး၊ အရွတ်များနှင့် အရိုးများ လျင်မြန်စွာ တိုးများလာ​နေကြောင်းကို သဘောပေါက်လိုက်သည်။ ရွှေအမြုတေမှ ကြီးမားသော စွမ်းအားသည် သူ၏ ခန္ဓာကိုယ် အတွင်းမှ ဆံပင်များ အတွင်းသို့ပင် သန့်စင်သွားသည်။

သူ့ဆံပင်ကြိုးမျှင်သည် သံမဏိထက် ပိုမာကြောလာပြီး အရေပြားက နွားအရွတ်ထက် ပိုမာလာသည်။ ချွန်ထက်သော ဓားနဲ့ လာခုတ်လျှင်ပင် တစ်ချက်နှစ်ချက်လောက်ဖြင့် ဖြတ်နိုင်မည်မဟုတ်ချေ။

"ရွှေအမြုတေကို အခြေတည်ဝိညာဉ်အဖြစ် သန့်စင်ဖို့ ရက်ပေါင်းတစ်ရာလောက် အချိန်ယူရမယ်လို့ ပြောထားတာ အံ့သြစရာ မရှိပါဘူး.... ငါ့ ရွှေအမြုတေကို သန့်စင်ဖို့ တစ်လခွဲကျော်လောက် ကြာလိမ့်မယ် ထင်တယ်!"

မှန်ကန်သော နည်းလမ်းကို ရွေးချယ်ခြင်းသည် ဝိညာဥ်အလေ့အကျင့်အတွက် အရေးကြီးပါသည်။ ပထမအချက် ၎င်းသည် အလေ့အကျင့်ကို အရှိန်မြှင့်ပေးမည် ဖြစ်ပြီး ဒုတိယအချက်က ခိုင်မာသော အခြေခံအုတ်မြစ်ကို ပံ့ပိုးပေးလိမ့်မည်ဖြစ်သည်။

ချန်ရှီ ဒါကို လေးလေးနက်နက် နားလည်ထားသည်။

သူသည် ဘုရင်ကျန်း၏ ဂူဗိမာန်တွင် ကျင့်စဥ်ရတနာသိုက်ကို ပိုင်ဆိုင်ထားလျှင်ပင် မယ်မယ်ရှစ်ကျီလို တစ်စုံတစ်ယောက်ရဲ့ လမ်းညွှန်မှုမပါဘဲ သူ့လေ့ကျင့်မှုတွင် လမ်းလွှဲများစွာကို ဖြတ်သန်းနေရမှာ ဖြစ်သည်။

ချန်ရှီသည် လုံ့လစိုက်ထုတ် လေ့ကျင့်ခဲ့ရာ ရှစ်ရက်အကြာတွင် သူ့ရဲ့ရွှေအမြုတေသည် နန်းတော်အလယ်ဗဟိုရှိ ဟွမ်ထင် နန်းတော်သို့ အောင်မြင်စွာ ဝင်ရောက်သွားခဲ့ပြီး အစိမ်းမှအပြာသို့ ပြောင်းလဲကာ အဆင့်၈ အသွင်ပြောင်းမှုကို ပြီးမြောက်ခဲ့သည်။

နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် သူသည် ရွှေအမြုတေ နဝမအဆင့်သို့ ရောက်ရှိသွားမည် ဖြစ်သည်။

ခုနစ်ချက်တုံ့ပြန်၊ ရှစ်ကြိမ်ပြောင်းလဲ၊ ကိုးကြိမ်ပြန်လာ နည်းလမ်းဖြင့် ကျင့်ကြံခဲ့ရာ သူ့ခန္ဓာကိုယ်သည် သူတော်စင် နတ်သန္ဓေသား ခန္ဓာအဖြစ်သို့ ပြုပြင်ထားပြီ ဖြစ်သည်။ ရွှေအမြုတေကို သန့်စင်ခြင်းနှင့် အဝါရောင်အဖူး စိုက်ပျိုးခြင်းက ကျင့်ကြံခြင်းရဲ့ သဘာဝဖြစ်စဉ်များ ဖြစ်သည်။

သူသည် တခြား ကျင့်ကြံသူများကဲ့သို့ အဂ္ဂိရတ်ဆေးများကို စုဆောင်းပြီး သန့်စင်ရန် မလိုအပ်ပေ။ ပြင်ပဆေးများကို အသုံးပြုကာ ရွှေအမြုတေကို ဖန်တီးဖို့လည်း မလိုအပ်ချေ။ သူ့ရဲ့ ရွှေအမြုတေ၊ ချီစွမ်းအင်၊ ချီသွေးနှင့် သူ့ခန္ဓာကိုယ်သည် အကောင်းဆုံး ဆေးဖြစ်သည်။

"ငါတို့က မူလရင်းမြစ်ထဲ ပြန်သွားရင် နတ်စွမ်းအားတွေကို စုဝေးပြီး အခြေတည်ဝိညာဥ် အဖြစ် ပြောင်းလဲလိုက်ရင် တာအိုနဲ့ တစ်သားတည်း ဖြစ်မယ်လို့ နတ်အခန်းထဲမှာ ပြောထားတယ်... တာအိုနဲ့ တစ်သားတည်းဖြစ်သွားပြီးရင် တာအိုက ငါတို့ခန္ဓာကိုယ်ထဲမှာ တည်ရှိတယ်... တာအိုခန္ဓာကိုယ်အဖြစ် မွေးမြူသွားမယ်"

ချန်ရှီ နေ့ခင်း အိပ်မက်ကို နည်းနည်း မက်ကြည့်နေသည်။ နတ်အခန်းတွင် ကိုယ်ခန္ဓာအသုံးပြုပုံနှင့် နည်းလမ်းတို့ကို ပြောဆိုထားသည်။ အမူအရာတိုင်းက မှော်ပညာနှင့် သဘာဝလွန်စွမ်းအားတွေ ပါဝင်လေသည်။

"အခြေတည်ဝိညာဉ်အဆင့်အထိ ကျင့်ကြံပြီးရင် တာအို ခန္ဓာကိုယ်ကို အမှန်တကယ် မွေးမြူနိုင်မှာလား"

သူငုံ့ကြည့်လိုက်ပြီး ဥယျာဉ်ထဲမှာ ညှိုးနွမ်းနေတဲ့ ပန်းတစ်ပွင့်ကို ကောက်ကိုင်လိုက်သည်။

"ဘယ်ဟာက ပိုသန်မာလဲ တာအိုခန္ဓာကိုယ်လား ဒါမှမဟုတ် မွေးရာပါ တာအိုသန္ဓေသားလား"

ညှိုးနွမ်းနေသော ပန်းသည် ပြန်လည် မွေးဖွားလာသကဲ့သို့ သူ့လက်ထဲတွင် တဖြည်းဖြည်း တောက်ပလာပြီး ပွင့်လန်း လန်းဆန်းလာသည်။

အစေ့များကို ပန်းများကြားတွင် အမှန်တကယ် ထုတ်ပေးခဲ့သည်။ ၎င်းတို့သည် လျင်မြန်စွာ အမြစ်စွဲ၍ အညှောက်ပေါက်ကာ အကိုင်းအခက်များစွာဖြင့် ကြီးထွားလာကြသည်။ မကြာခင်မှာပဲ ၎င်းတို့ဟာ ပန်းသုံးပွင့် ပွင့်လာကာ လူတစ်ဝက်လောက်ရှိတဲ့ စိမ်းလန်းစိုပြေတဲ့ ဆေးပင်တွေအဖြစ် ပေါက်ဖွားလာကြပေ၏။

အပွင့် ပွင့်လာသောအခါ ပန်းပွင့်များသည် အနီရောင်ငှက်ငယ် သုံးကောင်အဖြစ် ပြောင်းလဲကာ အတောင်ပံခတ်လျက် ပျံသန်းသွားကြသည်။ ထို့နောက် ချန်ရှီရဲ့လက်ရှိ ချီစွမ်းအင် ကုန်သွားသကဲ့သို့ လျင်မြန်စွာ ညှိုးနွမ်းသွား​တော့သည်။

အနီရောင်ငှက်ငယ် သုံးကောင်သည် ချုံပုတ်များကြားတွင် ပျံဝဲကာ ခုန်ပေါက်နေကြ၏။ ရုတ်တရက် သူတို့ထဲက တစ်ယောက်က ခေါင်းကို ပြင်းပြင်းထန်ထန် ခါလိုက်ပြီး သူတို့ဆီ လျှောက်သွားနေတဲ့ တောင်ကုန်းလောက်ရှိတဲ့ အိမ်အကူ ချင်အာကြောင့် ထိတ်လန့်သွားပြီး ရုတ်တရက် တုံ့ပြန်သည့်အနေဖြင့် တစ်ကျိုက်တည်း မျိုချလုနီးပါး ဖြစ်သွားလေသည်။

ချင်အာမှာ အလွန်ထိတ်လန့်သွားပြီး သူမရဲ့ ဝိညာဉ် လွင့်စင်လုနီးပါး ဖြစ်သွားခဲ့သည်။ ရုတ်တရက် သူမကို တိုက်ခိုက်လာသော အနီရောင် ငှက်ငယ်လေးက ရုတ်ချည်း သေဆုံးသွား၏။ ၎င်းရဲ့ ခန္ဓာကိုယ်သည် လျင်မြန်စွာ ပုပ်ပွသွားကာ လွင့်မျောနေသော ပန်းပွင့်များအဖြစ် ပြောင်းလဲသွားသည်။

အခြားအနီရောင် ငှက်နှစ်ကောင်ကတော့ ချန်ရှီဆီသို့ ပျံသန်းသွားကာ သူ့လက်ထဲ နားလိုက်သည်။ ထိုစဥ် ၎င်းတို့ရဲ့ ခန္ဓာကိုယ်များက ပြိုကွဲသွားပြီး ပန်းနှစ်ပွင့်အဖြစ် ပြောင်းလဲသွားသည်။

ချန်ရှီလည်း ကြောက်ရွံ့နေသော ချင်အာထံသို့ ပန်းနှစ်ပွင့်ကို တိတ်တဆိတ် ပေးလိုက်သည်။

"ငါ့ရဲ့ မှော်ပညာက လိုချင်တဲ့ အကျိုးသက်ရောက်မှုကို မရရှိနိုင်သေးဘူးပဲ... ငါ အသွင်ပြောင်းတဲ့ အရာတွေက မလွဲမသွေ ရှဲ့၊ ဆွေ့တွေ ဖြစ်သွားလိမ့်မယ်"

ချင်အာ ခဏ ငြိမ်သက်သွားပြီးနောက် သူဆိုလိုတာကို သဘောပေါက်သွား၏။

"သခင်ကြီး... ဘုရင်ခံရွှီက တွေ့ချင်ပါတယ်တဲ့... သူက အိမ်ရှေ့ခန်းမှာ လက်ဖက်ရည် သောက်နေပါတယ်"

ချန်ရှီရဲ့ နှလုံးသားက အနည်းငယ် လှုပ်ရှားသွားကာ အိမ်ရှေ့ခန်းဆီသို့ လျှောက်သွားလိုက်သည်။

ဧည့်ခန်းမဆောင်သည် ဧည့်သည်များအား ဧည့်ခံတွေ့ဆုံမည့် နေရာဖြစ်သည်။ ချင်အာမှာ ပန်းနှစ်ကို ကိုင်ဆောင်ပြီး ရှေ့က လျှောက်နေရာမှ ဤပန်းပွင့်များသည် အနီရောင် ငှက်ကလေးများမှ အသွင်ပြောင်းသွားပြီး သူမကို ကိုက်သတ်လုနီးနီး ဖြစ်ခဲ့ကြောင်း ရုတ်တရက် သတိရမိသွားသဖြင့် ထောင့်စွန်းရှိ ပန်းအိုးထဲ ကမန်းကတန်း ပစ်ထားခဲ့လိုက်သည်။

ပန်းအိုးထဲသို့ ပန်းများ ထည့်လိုက်စဉ်တွင် ၎င်းတို့က လျင်မြန်စွာ ညှိုးနွမ်းသွားကာ လေထဲတွင် လွင့်မျောနေသော ဝိညာဉ်စွမ်းအင် အနည်းငယ်အဖြစ် ပြောင်းလဲသွားတာ သူမ မြင်လိုက်ရသည်။

ချင်အာ အံ့ဩသွားပြီး ဘာတွေဖြစ်နေလဲ နားမလည်လိုက်။

ဒါကိုမြင်တော့ ချန်ရှီက ဆိုသည်။

"ငါက တာအိုဝါဒီတစ်ယောက်အဖြစ် မမွေးမြူသေးဘူး... အမှားတွေကို အမှန်အဖြစ် မပြောင်းနိုင်သေးဘူး..."

သူသည် လက်ဖက်ရည်သောက်ရင်း ထိုင်စောင့်နေသော ဘုရင်ခံ ရွှီကျန်းရှိရာ အိမ်ရှေ့ခန်းမထဲသို့ လျှောက်ဝင်သွားခဲ့သည်။ သူဝင်လာတာကိုမြင်တော့ တစ်ဖက်လူက အမြန် ထရပ်လိုက်၏။ ချန်ရှီက ပြုံးပြီး။

"လူကြီးမင်းရွှီ ကျေးဇူးပြုပြီး ထိုင်ပါဗျ..."

ချင်အာက ဘေးနားရှိ အစေခံမိန်းကလေးထံမှ လက်ဖက်ရည်အသစ်ကို ယူပြီး ချန်ရှီအတွက် ယူဆောင်လာခဲ့သည်။

ချန်ရှီ: "လူကြီးမင်းမှာ သတင်းရှိလား"

ရွှီကျန်း ခဏတုံ့ဆိုင်းသွားပြီး :"ညီလေးချန်နဲ့ အရင်တစ်ခေါက် လမ်းခွဲတုန်းက အစိုးရရုံးကို ပြန်ရောက်တော့ အဖွဲ့၂ဖွဲ့ကို လွှတ်လိုက်တယ်... တစ်ဖွဲ့က သခင်ငယ်လေးရဲ့ ဇစ်မြစ်နဲ့ သတင်းတွေကို မေးမြန်းဖို့ လိမ္မာပါးနပ်တဲ့ ကျင့်ကြံသူတချို့ကို စေလွှတ်လိုက်တာ... ကျန်တဲ့တစ်ဖွဲ့က မျိုးနွယ်စုရဲ့ အကြီးအကဲတွေကို ဆက်သွယ်မေးမြန်းဖို့ မိုင်တစ်ထောင် အသံပို့အဆောင်လက်ဖွဲ့ သုံးခိုင်းတယ်... ငါ့လက်အောက်က လူတွေက အလုပ်လုပ်တာ သေသပ်တယ်... မင်း တစ်နေ့ သုံးနပ် ဘာနဲ့စားသလဲ ငါသိတယ် ဘယ်အိမ်ဖော်ကို ဘာပြောနေတာလဲ ငါသိတယ်..."

ချန်ရှီ အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။

"ခင်ဗျားက ကျွန်တော့်အိမ်အပြင်က ကောင်းကင်နားစွင့်သူတွေထက်ကို ပိုသိပါတယ်"

ရွှီကျန်းက သူ့စကားတွေကို နားမလည်သလိုဘဲ သူ့ဘာသာ ဆက်ပြောသည်။

"ငါစေလွှတ်လိုက်တဲ့ လူတွေက အရည်အချင်းရှိတဲ့ သူတွေပဲ... ကောင်းကင်နားစွင့်သူလို လှည့်ကွက်တွေ အများကြီးကို သိကြတယ်... ရေကန်မြို့တော်ကိုရောက်ပြီး သိပ်မကြာခင်မှာပဲ ငါနဲ့ အဆက်အသွယ် ပြတ်​သွား​ကြတယ်"

ချန်ရှီ မျက်ခုံးပင့်လိုက်သည်။

"ငါ အစိုးရရုံးမှာရှိတဲ့ အဆောင်ဆွဲဆရာကို သူတို့ရဲ့ ဝိညာဉ်တွေကို ပြန်ခေါ်ခိုင်းပြီး ဘာဖြစ်သွားတာလဲလို့ မေးခိုင်းလိုက်တယ်"

ချန်ရှီ: "ဝိညာဉ်ကိုတောင် ခေါ်လို့မရ​တော့ဘူးလား?"

ရွှီကျန်း အနည်းငယ် ခေါင်းညိတ်​ပြလိုက်သည်။ ချန်ရှီက လက်ဖက်ရည် စားပွဲကို လက်ညိုးနဲ့တောက်ရင်း ခဏအကြာတွင်တော့ ထပ်မေးလိုက်၏။

"ရွှီမိသားစုရဲ့ အကြီးအကဲကရော ဘာပြောလဲ"

"ငါ ဆက်သွယ်ခဲ့တဲ့သူက ငါ့ရဲ့ ဦးလေးငါး ရွှီပုဖန်က ငါတို့ ရွှီမိသားစုမှာ ရာထူးကြီးတယ် တစ်ချိန်က မင်မင်းဆက်ရဲ့ ငွေကြေးကို တာဝန်ခံတဲ့ အခွန်ဝန်ကြီးဌာနမှာ လက်ထောက်ဝန်ကြီးအဖြစ် လုပ်ခဲ့ဖူးတယ်...အဆက်အသွယ် ကောင်းကောင်းရှိပြီး ငါနဲ့ ဆက်ဆံရေးလည်း ကောင်းပါတယ် မင်းသားကျန့် အိမ်တော်မှာ နေထိုင်တဲ့ လူငယ်လေးအကြောင်း ရုတ်တရက် မေးလိုက်တော့"

သူက ချန်ရှီရဲ့ မျက်လုံးတွေကို ​သေချာ စိုက်ကြည့်ပြီး ဆိုလိုက်သည်။

"ဦးလေးငါးက ငါ့ကို ထပ်မမေးဖို့ ပြောခဲ့တယ်"

ချန်ရှီမှာ သူ့ရဲ့ နှလုံးခုန်သံဟာ လည်ချောင်းထဲကနေ ခုန်ထွက်သွားတော့မလို ခံစားနေရသည်။

"ရွှီမိသားစုတောင် ကြောက်တယ်ပေါ့?"

"ငါ့မှာလည်း မင်းလို မေးခွန်းရှိလို့ ဦးလေးငါးကို မေးခဲ့ပါတယ်...ဦးလေးငါးက ရွှီမိသားစုက သခင်ငယ်ရဲ့ တန်ခိုးကို မကြောက်ဘူးလို့ ပြောတယ် ဒါပေမယ့် သူတို့ကို မနှိုးဆော်ချင်ဘူးတဲ့... သခင်ငယ်ရဲ့ ကိစ္စတွေက များလွန်းတော့ ငါ့လိုလူကတောင် မေးလို့ ရမှာ မဟုတ်ဘူးလို့ ပြောတယ်... သူက ငါဘာလို့ သခင်ငယ်အကြောင်း ရုတ်တရက် မေးရတာလဲလို့ မေးခွန်း ပြန်ထုတ်တယ်.... ညီလေးချန်"

ခဏ ငြိမ်သက်သွားကာ လက်ဖက်ရည် သောက်လိုက်သည်။ ထို့နောက် လက်ဖက်ရည်ပန်းကန်ကို ချလိုက်ကာ မတ်တပ်ထရပ်လိုက်၏။

"ဒီလောကမှာ တားမြစ်ပိတ်ပင်လို့ မရနိုင်တဲ့ လူတချို့ ရှိတယ်...ညီလေးချန် မင်းက တားမြစ်သူဖြစ်ပြီး သခင်ငယ်လေးလည်း အဲ့လိုပဲ.. မင်းတို့ကြားက ဖြစ်ပျက်ခဲ့တာက မင်းကိစ္စပဲ၊ ငါ မင်းကို နှိုးဆော်ဖို့ မတတ်နိုင်ဘူးလေ... ကျေးဇူးပြုပြီး နှုတ်ဆက်ပါတယ်"

ချန်ရှီ သူ့ကို နှုတ်ဆက်မှာကိုတောင် မစောင့်ဘဲ အမြန်ထွက်သွားတော့သည်။

"တားမြစ်ပိတ်ပင်တယ်? အဲဒါက ဘယ်တုန်းက ပြောလို့တောင် မရနိုင်တဲ့ တားမြစ်ချက် ဖြစ်လာခဲ့တာလဲ"

ချန်ရှီ အံ့သြသွားပြီး။

"အဲ့သခင်ငယ်က ဘယ်အဆင့်လဲ သူက ငါ့လိုပဲ တားမြစ်ခံထားရသူတဲ့လား... ဒီကိစ္စမှာ... ငါတော့ ရေကန်မြို့တော်ကို ကိုယ်တိုင် သွားရတော့မယ့်ပုံပဲ!"

All Chapters