← Chapters

အနစ်နာခံ ပူ​ဇော်ခြင်း

Vol. 14 Ch. 198

အနစ်နာခံ ပူ​ဇော်ခြင်း

Vol. 14 Ch. 198

ချန်ရှီ အဝတ်အစား အသစ်တစ်စုံ ပြောင်းဝတ်ထားသည်။ အတွင်းပိုင်း အဖြူရောင်အင်္ကျီ နှင့် အပြင်ဘက်တွင် ခရမ်းရောင်၊ အစိမ်းရောင်စပ် လည်ပင်းဝိုင်း ရှပ်အင်္ကျီ နှင့် ခရမ်းရောင်ဖျော့ဖျော့ ၀တ်စုံကို ပြောင်းလဲထားခဲ့သည်။ သူသည် အောက်ပိုင်းတွင် ခြေချောင်းချွန် အနက်ရောင် ဘွတ်ဖိနပ်တစ်ရံနှင့် ခေါင်းပေါ်တွင် ရွှေသရဖူလေးကို ၀တ်ထားသည်။

ထို့အပြင် သူ့တွင် အနီရောင်နှင့် အနက်ရောင် ငါးပျံဝတ်စုံ နှစ်စုံအပါအဝင် အရောင်မျိုးစုံ အတောင်ပံများဖြင့် လိုက်ဖက်သည့် ဝတ်စုံများ၊ အနီရောင်ဖျော့ဖျော့တစ်ထည်နှင့် အစိမ်းဖျော့ရောင် တာအိုဝတ်ရုံ တစ်စုံအပြင် ခါးစည်း၊ ခေါင်းစည်းငါးခု အပါအဝင် အခြားအဝတ်အစားများစွာလည်း ပါရှိသည်။

ခွေးလေးသည် မက်မွန်ပွင့်များနှင့် အစိမ်းရောင်အရွက်များကို ရွှေချည်ဖြင့် ချယ်လှယ်ထားသော အနီရောင်ဘောင်းဘီကို ၀တ်ဆင်ထားပြီး နောက်ကျောတွင် သံချပ်ကာမြင်းအဆောင်လက်ဖွဲ့ ပါသော အနီရောင်ခါးပတ်အင်္ကျီကို ဝတ်ဆင်ထားသည်။ အတော်လေး ချောင်နေပြီး မတ်တပ်ရပ်လိုက်တဲ့အခါ လူနဲ့​တောင် တူလေ၏။

ချန်ရှီ ခွေးအတွက် မျက်မှန်တစ်ရံလည်း ဝယ်ခဲ့လိုက်​သေးသည်။ ဘောင်ကို လိပ်ခွံဖြင့် ပြုလုပ်ထားပြီး နက်ပြာရောင် မှန်ဘီလူးနှစ်ချောင်းပါရှိသည်။ သူက ဖဲကြိုးဘောင်ကို ဖြတ်ပြီး ခွေးနားရွက်နောက်မှာ တွဲချည်​ပေးထားလိုက်သည်။

ဤနည်းဖြင့် နေရောင်ခြည်ကို တိုက်ရိုက် ကြည့်လျှင် အလွန်တောက်ပနေ​တော့မည် မဟုတ်ပေ။

"အိုး... စကားမစပ် တစ်ယောက်ယောက်က ရောင်စုံတိမ်ရထားလုံးကို ပေးထား​သေးတယ်လေ... သစ်သားလှည်းစီးတာက ရထားလုံး စီးရတာလောက် ကြီးကျယ်ခမ်းနားတာတော့ မဟုတ်ဘူး... ရေကန်မြို့တော်ကို ရောင်စုံတိမ်ရထားလုံး စီးသွားတာ ပိုကောင်းပါတယ်...."

ချန်ရှီ ရထားလုံးပြောင်းရန် စီစဉ်နေသော်လည်း ရုတ်တရက် သစ်သားလှည်းက သွေးထွက်နေသော ပါးစပ်ကို ဖွင့်ဟလိုက်ပြီး အရောင်အသွေးစုံသော တိမ်တိုက်ရထားလုံးကြီး တစ်ခုလုံးကို မျိုချပစ်လိုက်လေသည်။ သို့နှင့် ချန်ရှီလည်း အရှုံးပေးကာ သစ်သားလှည်းဖြင့် ခရီးဆက်ခဲ့ရသည်။

သစ်သားတွန်းလှည်းက စတင်ရွေ့လျားပြီး ချန်အိမ်၏ ခပ်မြင့်​မြင့် တံခါးခုံမှ ထွက်ကာ လှေကားထစ်များကို ကျော်၍ အပြင်သို့ ထွက်လာခဲ့သည်။

ချင်အာ: "သခင်ကြီး... ကျွန်မအတူ လိုက်ခဲ့မယ်... သခင်ကြီးရဲ့ အစားအသောက်နဲ့ နေ့စဥ်ကိစ္စတွေကို ဂရုစိုက်​ပေးပါ့မယ်"

ချန်ရှီက ခေါင်းယမ်းပြီး :"မင်းလိုက်လည်း အသုံးမဝင်ဘူး... အိမ်မှာပဲနေ"

"သခင်ကြီး ရေကန်မြို့တော်မှာ အကြာကြီး မနေပါနဲ့... နောက်နှစ် ဧပြီလမှာ ဧကရာဇ်စာမေးပွဲဖြေဖို့ ရှီးကျင်းကို သွားရမှာမလား... ရှီးကျင်း ခရီးက အရှည်ကြီးမို့ မနှောင့်နှေးပါနဲ့"

ချန်ရှီက ခေါင်းညိတ်ပြီး "ရှီးကျင်း မသွားခင် ငါ ပြန်လာခဲ့မယ်" လို့ ပြောခဲ့လိုက်သည်။

သစ်သားလှည်းပေါ် တက်ပြီး လှိမ့်ထွက်သွားတော့သည်။ ထို့နောက် ဟေးကော်ဘက်ကို လှည့်ပြောလိုက်၏။

"အိမ်ကြီးထဲမှာနေရတာက တကယ်ကို ဒုက္ခများတယ်... ချုပ်ကိုင်ထားချင်တဲ့ မိန်းမတွေကလည်း ရှိသေးတယ်...ဟွမ်ဖောရွာမှာ လွတ်လွတ်လပ်လပ် နေရတာပဲ ပိုကောင်းတယ်..."

ရေကန်မြို့တော်သည် ရှင်းရှန်၏ အနောက်တောင်ဘက်နှင့် ကုံကျိုးကနေ တောင်ဘက် အကွာအဝေးတွင် တည်ရှိသည်။

သူတို့သည် ပြည်နယ်စာတိုက် လမ်းတစ်လျှောက် ထွက်ခွာလာခဲ့ပြီး ပထမနေ့ညနေပိုင်းတွင် ရှင်းရှန်ပြည်နယ်မှ ထွက်ခွာကာ ကမ်းရိုးတန်း စစ်စာတိုက်သို့ ရောက်လာခဲ့ကြသည်။ ကမ်းရိုးတန်း တစ်လျှောက်တွင် ကြီးမားသော တံတိုင်းကြီးများကို မြင်တွေ့ခဲ့ရ၏။ တစ်မိုင်တိုင်းတွင် နယ်ခြားစောင့်တပ်တစ်ခုရှိကာ မြို့ရိုးပေါ်တွင် တည်ဆောက်ထားသော ခံတပ်တစ်ခုရှိသည်။

အပေါ်ထပ်တွင် ဧရာမကြေးမှန်တစ်ချပ်စီ ရှိတတ်ပြီး ပင်လယ်ပြင်ရှိ ဘီလူးများကို မောင်းထုတ်ရန်အတွက် နယ်ခြားစောင့်တပ်သား ခြောက်ဦး သို့မဟုတ် ခုနစ်ဦးတို့က စောင့်ကြပ်လျက်ရှိသည်။

ချန်ရှီသည် နယ်ခြားစောင့်တပ်တွင် တစ်ညတာ တည်းခိုခဲ့သည်။ ညဘက်တွင် တံတိုင်း၏ တစ်ဖက်ကမ်း၌ မိုးခြိမ်းသံတွေလို ပင်လယ်ဘီလူးများ၏ ကြွေးကြော်သံများကို ကြားနေရ၏။ အသံက ကြောက်စရာကောင်းပြီး လူတွေကိုလည်း ထိတ်လန့်စေသည်။ သူတို့သည် ဘီလူးများ မြေပြင်ပေါ် တွားသွားတက်လာမှာကို အမြဲစိုးရိမ်နေခဲ့သည်။

ဒါပေမဲ့ ကံကောင်းထောက်မစွာပဲ ထိုညတာဟာ အေးချမ်းခဲ့သည်။

နောက်တစ်နေ့တွင် ချန်ရှီသည် ပြည်နယ်စာတိုက်တစ်ခု၏ လမ်းမကြီးအတိုင်း မောင်းနှင်သွားသော်လည်း လမ်းပေါ်တွင် ဘီလူးများစွာ သိမ်းပိုက် ဖျက်စီးထားခဲ့တာ တွေ့လိုက်ရသည်။ မြို့စောင့်တပ်က ပျက်စီး၊ ကြေးမှန်က ကွဲသွား၏။ ထိုတိုက်ပွဲတွင် စစ်သည်များ ကျဆုံးသလား သို့မဟုတ် ပြန်လည် ဆုတ်ခွာသွားကြသလားတော့ မသိရပေ။

အခုဆို ညသည် အချိန်အနည်းငယ်စောပြီး ရောက်လာသဖြင့် ပင်လယ်သားရဲများကလည်း ယခင်ကထက် ပိုမိုအားကောင်းလာပြီး မြို့စောင့်တပ်၏ ခံစစ်ကိုပင် ဖြတ်ကျော်သွားကြသည်။

ရှေ့ကို ဆက်သွားတော့ မြို့ရိုးပြိုကျတဲ့ အပိုင်းအစတစ်ခု ရှိနေ၏။ အပျက်အစီးတွေပေါ်မှာ ဘီလူးတွေ တွယ်တက်သွား​ကြလို့ စေးကပ်တဲ့ ခြေရာလက်ရာတွေ ကျန်ခဲ့သည်။ မနီးမဝေးမှာတော့ သားရဲတွေရဲ့ အလောင်းတွေ ရှိလေသည်။ ၎င်းတို့သည် အလွန်ကြီးမားပြီး အရိုးစုတစ်ခုကတင် လမ်းကို ဖုံးအုပ်ထားနိုင်သည်။

သစ်သားလှည်းသည် အရိုးစုအောက်က ဖြတ်သွားတဲ့အခါ ကျင့်ကြံသူတချို့က အရိုးများကို လွှနှင့် ဖြတ်နေကြ၏။ ချန်ရှီ လှည်းရပ်ကာ မေးလိုက်တော့ လူတစ်ယောက်က ပြန်ဖြေသည်။

"အရိုးတွေက ရတနာတစ်ခု ပြန်သန့်စင်လို့ရတယ်"

"ဒီကောင်က ဘယ်လိုသေသွားတာလဲ" ချန်ရှီ မေးလိုက်သည်။

“မသိဘူး...သားရဲတွေ မြို့ရိုးကို သိမ်းပိုက်လိုက်တုန်းက မီးနီကြီးတစ်စင်းက ကမ်းရိုးတန်းတစ်လျှောက် ပျံသန်းလာတယ်တဲ့... အဲဒါကြောင့် သားရဲတွေ သေသွားတယ်လို့ ကြားတယ်...."

ချန်ရှီ သူ့ကို ကျေးဇူးတင်စကား ဆိုပြီး သစ်သားတွန်းလှည်းကို ထားသွားဖို့ တိုက်တွန်းလိုက်သည်။

"သူ့ကို ဘိုးဘေးမိခင်က သွေးလင်ဇီ သုံးပြီး ရိုက်ပစ်တာ ဖြစ်မယ်"

ထိုစဥ် ရုတ်တရက် သားရဲ၏ အရိုးစုများက ပြိုကျသွားလေသည်။ ထိုလူတွေလည်း မြေပြင်ပေါ်သို့ လဲကျသွား​ကြကာ တင်ပါးများကို ပွတ်သပ်ရင်း နာနာကျင်ကျင် အော်ဟစ်နေကြသည်။

သားရဒကြီးသည် အရွယ်အစား ကြီးမားသော်လည်း အရိုးထဲရှိ စွမ်းအင်များက လျင်မြန်စွာ ဆုံးရှုံးသွားခဲ့ရသည်။ စွမ်းအင်ဆုံးရှုံးပြီးနောက် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားပြီး မြေပေါ်သို့ လဲကျသွားသည်။ ခဏကြာတော့ အလောင်းတစ်ခုလုံး အမှုန့်ဖြစ်သွားလေ၏။

ထိုကျင့်ကြံသူများသည် နာကျင်နေတဲ့ ဝေဒနာကို လျစ်လျူရှုကာ စစ်ဆေးဖို့ ရှေ့သို့ တိုးသွားခဲ့ကြသည်။

“သူ့ရဲ့ အရေးကြီးတဲ့ စွမ်းအင်ကို တစ်ခုခုက စုပ်ယူပစ်တာ!”

"ဒီအနီးအနားမှာ နတ်ဆိုးတစ်ကောင်ရှိတယ်!"

ချန်ရှီရဲ့ နှလုံးသားက အနည်းငယ် လှုပ်ရှားသွားသည်။

"ဒါက မယ်မယ်ရှစ်ကျီ လုပ်လိုက်တာ ဖြစ်မယ်!"

ဘုံကျောင်းငယ်လေးတွင် မယ်မယ်ရှစ်ကျီက ကျေနပ်စွာ သက်ပြင်းချနေ၏။

ဒီရက်ပိုင်းမှာ ချန်ရှီဟာ ကျင့်ကြံဖို့ကိုပဲ အာရုံစိုက်ခဲ့ရာ သူမသည် ချန်ရှီ၏ ချီစွမ်းအင်နဲ့ သွေးကို ထိန်းညှိပေးပြီး ရွှေအမြုတေကို သန့်စင်နိုင်အောင် ကူညီပေးခဲ့သည်။ ၎င်းမှလည်း များစွာအကျိုး ရရှိခဲ့သည်။

သို့သော် သူမသည် နတ်ဆိုးတစ်ကောင် ဖြစ်ပြီး အရိုးများမှ ကျောက်သဘာဝကို စုပ်ယူရတာက သူမရဲ့ခွန်အား ဖြစ်သည်။ သူမသည် သားရဲ အရိုးစုကို မြင်သောအခါတွင် ဝမ်းသာမဆုံးနိုင်တော့ဘဲ မိစ္ဆာကောင်ရဲ့ အလောင်းကို ရိုးရှင်းစွာစုပ်ယူပစ်လိုက်သည်။

"ကျွန်မ အရိုးစုတောင်မှာ နတ်ဆိုးဖြစ်ခဲ့တုန်းက အသက်ရှုကြပ်လာပြီဆို မိုင်အနည်းငယ်အတွင်းက လူတွေနဲ့ တိရစ္ဆာန်တွေရဲ့ အရိုးတွေမှာရှိတဲ့ ကျောက်တုံးသဘာဝကို စုပ်ယူပစ်တာ!"

မယ်မယ်ရှစ်ကျီက မကျေနပ်သေးပေ။

"လူတွေနဲ့ တိရိစ္ဆာန်တွေ မသေနိုင်ပါဘူး... သူတို့ အသက်ရှင်နေသေးပြီး လှုပ်ရုံလေးပဲ လှုပ်နိုင်တော့တာ.... နောက်ပိုင်းမှာ သေတဲ့အထိ အရိုက်ခံရပြီး နတ်ဘုရား မဖြစ်လာရတော့ အရိုးတွေရဲ့ သဘာဝ ကျောက်တုံးစွမ်းအင်ကို မစုပ်ယူနိုင်တော့ဘူး"

ချန်ရှီ: "မယ်မယ် ခင်ဗျား အမှားတစ်ခုခု လုပ်မိလို့ အဲ့ဆရာတပည့်ဆီက ရိုက်နှက်ခံရတယ်လို့ မထင်ဘူးလား"

"ကျွန်မက နတ်အဖြစ်ပြောင်းသွားတဲ့ ကျောက်နတ်တစ်ရုပ်... လူသားတွေလို အမှားအမှန်ကို ခွဲခြားနိုင်တဲ့ အသိဥာဏ်မရှိဘူး လူ့အရိုးတွေကို သန့်စင်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာပဲ သိတယ်... ကျွန်မရဲ့ ကျင့်ကြံမှု အရှိန်က အရမ်းမြန်တယ်လေ... နောက်ပိုင်းမှာ ကျွန်မကို နတ်ဆိုးလို့ထင်ပြီး အဲ့ဆရာတပည့်က ရိုက်တော့တာ... သူတို့လောက် မကျွမ်းကျင်တာ ကျွန်မအမှားပါ"

ချန်ရှီ ခဏလောက် စဉ်းစားပြီး ထပ်ပြောလိုက်သည်။

"ခင်ဗျားက ကျွန်တော့်တံခါးအောက်မှာ... အဲဒါကြောင့် ခင်ဗျားရဲ့ စိတ်ဆန္ဒနဲ့ တခြားသူတွေကို ထိခိုက်အောင် မလုပ်ရဘူး"

မယ်မယ်ရှစ်ကျီက ပြုံးပြီး ပြောသည်။

"ကျွန်မကို သေတဲ့အထိ ရိုက်လိုက်မှ သူများတွေ ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ သိလိုက်ရတာ...ကျွန်မ တခြားသူတွေကို မနာကျင်အောင် မလုပ်ရဲတော့ပါဘူး... နောက်ပြီး ကျွန်မကို လကြယ်အရှင်လို့ နာမည်ပေးထားတယ်မလား... အဲဒါကြောင့် ကျွန်မက ဖြောင့်မတ်တဲ့ နတ်ဘုရားပဲ"

ချန်ရှီ စိတ်ထဲကနေ "မသန်စွမ်းသော ဖြောင့်မတ်သူ နတ်ဘုရား" ဟူသာ ရေရွတ်လိုက်သည်။

သူတို့သည် ဖေ့ခရိုင်တွင် အခြေချကာ တစ်ညတာ အနားယူပြီးနောက် ခရီးဆက်ခဲ့ကြသည်။

ကုံကျိုးကို ဘိုးဘေးမိခင်က စောင့်ကြပ်ထားသောကြောင့် နယ်စပ်တပ်များ၏ ပိတ်ဆို့ခြင်းကို ဖြတ်ကျော်လာသော ပင်လယ်သားရဲများ ရှိနေလျှင်ပင် ၎င်းတို့အားလုံးသည် သွေးလင်ဇီ အောက်တွင် သေဆုံးသွားကြပြီး အရိုးစုကြီးများသာ ကျန်ခဲ့လိမ့်မည်။ မယ်မယ်ရှစ်ကျီမှာ အလွန်စိတ်လှုပ်ရှားနေပြီး သူမကိုယ်သူမ သန်မာလာအောင် လုပ်ဖို့ လမ်းတစ်လျှောက်က အရိုးများကို စုပ်ယူ​နေလိုက်သည်။

သို့သော် သူမသည် ဒါဇင်ပေါင်းများစွာသော သားရဲများ၏ အရိုးစုများကို စုပ်ယူနိုင်ခဲ့သော်လည်း ၎င်းသည် သူမရဲ့ ဆံပင်ကိုသာ ပိုထူလာစေခဲ့သည်။ ခန္ဓာကိုယ်ကြီးထွားလာဖို့ မပြောနဲ့ လည်ပင်းကြီးထွားဖို့တောင် ခက်ခဲနေ၏။

"ကျွန်မ နတ်ဆိုးကို စုပ်ရမယ်"

မယ်မယ်ရှစ်ကျီဟာ မကျေမနပ် ဖြစ်လာပြီး ချန်ရှီကို ပြောလိုက်သည်။

"နတ်ဆိုးမျိုးစေ့ဆို အကောင်းဆုံးပဲ.. နတ်ဆိုးက အရမ်းပြင်းထန်ရင် ကျွန်မပါ ပျက်စီးသွားမှာ ကြောက်ရတယ်... ဟိုကလေးမလေး ရင့်ရူးမုန့်က မဆိုးဘူး... ဒါပေမယ့် သူမရဲ့ ခွန်အားလည်း မပျော့ဘူး ကျွန်မရဲ့ စွမ်းအားက ပြန်ကောင်းမလာသေးတော့ အစာမကြေနိုင်သေးဘူး ဒါပေမယ့် နတ်ဆိုးအရိုးတွေကို ရှာရတာ အရမ်းလွယ်ပါတယ်... အဲ့အရိုးတွေကို ကျွန်မ စုပ်ယူပြီးရင် ပြင်းထန်တဲ့ နတ်ဆိုးစွမ်းအင်ရှိတဲ့ နေရာကို သွားပြီး ခွန်အားကို မြန်မြန်ပြန်ရအောင် လုပ်လို့ရပြီ!"

ချန်ရှီကလည်း ပြုံးပြီး ပြန်ပြောလိုက်သည်။

"ခင်ဗျား ပြောခဲ့တဲ့နေရာတွေကို ကျွန်တော်က ဘယ်လိုရှာရမလဲ... နတ်ဆိုးတစ်ကောင် တစ်ခါနှစ်ခါ ပေါ်လာဖို့ဆို နှစ်ပေါင်းများစွာ အချိန်ယူရတယ်... ရင့်ရူးမုန့်က နေရာတိုင်းကို ပတ်ပြေးနေတာ ​​ဒီတော့ ကျွန်တော်က သူမကို ဘယ်လိုလုပ် လွယ်လွယ်ကူကူနဲ့ ရှာတွေ့နိုင်မှာလဲ.. ပြီးတော့ နတ်ဆိုးတွေရဲ့ စွမ်းအင်ရှိတဲ့ နေရာ... နတ်အရိုးနဲ့ နတ်ဆိုးအရိုးတွေ အဲဒါကိုရော ဘယ်လိုလုပ် ရှာတွေ့နိုင်မှာလဲ"

မယ်မယ်ရှစ်ကျီလည်း သူပြောတာ မှန်ကြောင်းသိတာကြောင့် သက်ပြင်းသာ ချလိုက်တော့သည်။

သစ်သားလှည်းက ကုံကျိုးမှ မောင်းထွက်ပြီး ရေကန်မြို့တော်ထဲ ဝင်ရောက်ခဲ့သည်။ ထိုစဥ် မယ်မယ်ရှစ်ကျီက ရုတ်တရက် ထအော်လိုက်၏။

"အရှင်...အရှင်... ဟိုနတ်ဆိုးမလေးရဲ့ အသက်ရှုသံကို ကျွန်မ ခံစားမိတယ်"

သူမ အလွန်အံ့သြပြီး သံသယဝင်သွားကာ “နတ်ဆိုးမျိုးစိတ်တွေရဲ့ အငွေ့အသက်တွေကိုလည်း ခံစားနိုင်နေရသလိုပဲ” ဟု တဖြည်းဖြည်း တိုးသွားသော အသံဖြင့် ပြောလိုက်သည်။

ချန်ရှီ အံ့ဩသွားသည်။ ဒီလို တိုက်ဆိုင်မှုမျိုးလည်း ရှိနေသေးတာလား။

သူမက ဘာမှ ဆက်ပြန်မပြောခင် ခဏလောက် တိတ်ဆိတ်သွားသေးသည်။

"ဒီမှာ နတ်ဆိုးက အရမ်းသန်မာတယ်... ဝင်လာလေ ပိုအားကောင်းလေလေပဲ... ထူးဆန်းတယ် တကယ်ကို ထူးဆန်းတယ်... ဒီနေရာက ကျွန်မပြောခဲ့တဲ့ နတ်ဆိုးတွေ ပြင်းထန်တဲ့ နေရာပဲ သံတမန်.....ကျွန်မတို့ နေရာမှန်ကို ရောက်လာပြီ!"

သူမက စိတ်လှုပ်ရှားစွာနဲ့ :"ဒီနတ်ဆိုးက နတ်ဆိုးတွေ အများကြီးကို ဆွဲဆောင်နေတာ.. ကြီးကျယ်လိုက်တာ ဒီတစ်ခါတော့ ကြီးကျယ်ခမ်းနားတဲ့ ကိစ္စတစ်ခု ဖြစ်တော့မယ်...ကျွန်မရဲ့ ကျင့်ကြံမှု အားလုံးကို ပြန်ရနိုင်ရုံတင်မကဘူး ကိုယ်ခန္ဓာအစစ်ကလည်း ပြန်ကောင်းလာနိုင

တယ်!"

ချန်ရှီ အဝေးကို မော့ကြည့်လိုက်သည်။

ဒါ ရေကန်မြို့တော်ကို သွားမယ့် ဦးတည်ချက်ပဲ။

ရေကန်မြို့တော် ယွိသောက နတ်ဆိုးစွမ်းအင်တွေ ပြည့်နေတဲ့ နေရာတစ်နေရာ ဖြစ်နေတာလား။

မယ်မယ်ရှစ်ကျီသည် ရင့်ရူးမုန့် လွတ်သွားမှာကို စိုးတာကြောင့် မြန်မြန်သွားဖို့ တိုက်တွန်းနေသည်။

"ဒီမိန်းကလေးက နတ်ဆိုးမျိုးစေ့အတွက် ဒီကိုလာရမှာ.. သူမက လမစေ့ဘဲ မွေးပြီး အရွယ်မရောက်သေးဘူး သူ့ကိုယ်သူ ကြီးထွားဖို့အတွက် နတ်ဆိုးစွမ်းအင်ကို စုပ်ယူချင်တာ... ဒီမိန်းကလေးက ချောပေမယ့် ရက်စက်တယ် ဒီတစ်ခါတော့ ကျွန်မရဲ့ ကျင့်ကြံမှုကလည်း နည်းနည်းတော့ ပြန်ကောင်းလာပြီ...သူမကို အလွတ်ပေးမှာ မဟုတ်ဘူး!"

ချန်ရှီ သစ်သားလှည်းကို ကမ်းရိုးတန်းတစ်လျှောက် မောင်းနှင်စေလိုက်ပြီး သောချိုက်ခရိုင်၌ ရပ်လိုက်သည်။

ချန်ရှီသည် ခရိုင်မြို့သို့သွားကာ တစ်ပေကျော်ရှိ ဓားရှည်နှင့် ဓားတိုများစွာကို ဝယ်ယူခဲ့သည်။ ထိုညတွင် သူသည် ထုံးစံအတိုင်း တစ်ခုခု ပြုလုပ်​နေခဲ့ပြီး ဓားများသည် ပျံသန်းနေသောငှက်များ အဖြစ် ပြောင်းလဲကာ ရေကန်မြို့တော်ဆီ တိတ်တဆိတ် ပျံသန်းသွားခဲ့သည်။

သူသည် ရေကန်မြို့တော်ထဲကို ချက်ချင်းအလျင်စလို ဝင်သွားဖို့ မလုပ်ဘဲ ငှက်များကို အစောင့်အကြပ် အဖြစ်ထားကာ သောချိုက်ခရိုင်တွင် အနားယူခဲ့သည်။ ထို့နောက် သူသည် ရေကန်မြို့တော်ရဲ့ ပထဝီဝင်အနေအထား၊ လမ်းများနှင့် ကြီးမားသော အဆောက်အအုံငယ်များ၏ အပြင်အဆင်ကို ကြည့်ရှု လေ့လာ​နေခဲ့သည်။

သူသည် မင်းသားကျန့်အိမ်တော်ကြီးကို ရှာဖွေရန် ဤငှက်များကို ထိန်းချုပ်ကာ အိမ်တော်ထဲသို့ ပြေးဝင်လိုက်သည်။ ငှက်ကို သစ်ပင်များပေါ် ဆင်းသက်စေကာ အိမ်ကြီးအတွင်းရှိ လူများကို စောင့်ကြည့်​နေခဲ့သည်။

သောချိုက်ခရိုင်မှာ နှစ်ရက်နေခဲ့သော်လည်း ရေကန်မြို့တော်ကို ခရီးမထွက်သွားခဲ့ပါ။ မယ်မယ်ရှစ်ကျီဟာ စိတ်တိုလာပြီး မြန်မြန်ထွက်သွားဖို့ တိုက်တွန်းလိုက်ပါ၏။ ချန်ရှီသည် လှုပ်ရှားရန် ရည်ရွယ်ချက် မရှိသေးဘဲ ဆက်လက် စောင့်ကြည့်နေခဲ့သည်။

ရုတ်တရက်ဆိုသလိုပင် ဖေရှူးရှန်းက ခေါင်းမော့ပြီး သစ်ပင်ပေါ်က ငှက်တွေကို ကြည့်နေတာ တွေ့လိုက်ရသည်။

"သခင်လေးက ဖေရှူးရှန်းကို အပြစ်ဒဏ်မပေးခဲ့ဘူး... မင်း တကယ်ကို ရက်ရောတာပဲ"

ဒါကို သူတွေးနေချိန်မှာပဲ ဖေရှူးရှန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်လေသည်။ ဓားစွမ်းအင်တစ်ခုက သူထိန်းချုပ်ထားတဲ့ ငှက်ကို ပစ်ချလိုက်၏။ ချန်ရှီ ရုတ်တရက် အမြင်အာရုံ ဆုံးရှုံးသွားသော်လည်း အခြားငှက်များက ရှိသေးသည်။

ဖေရှူးရှန်း: "မြန်မြန်! မြန်မြန်... ဒီငှက်တွေကို ပစ်ချလိုက်!"

ချန်ရှီရဲ့နှလုံးက အနည်းငယ် လှုပ်ရှားသွားပြီး အတောင်ပံခတ်ကာ ငှက်များကို ထိန်းချုပ်လိုက်သည်။ ရုတ်တရက် ငှက်ကလေးတွေ ထိန်းမနိုင်သိမ်းမရ ဖြစ်နေပုံရပြီး သူ့ရဲ့ ထိန်းချုပ်မှုကနေ ရုန်းထွက်ပြီး လဲကျသွားတော့သည်။ ချန်ရှီ အကြီးအကျယ် အံ့သြသွားတာကြောင့် ဝုန်းကနဲ ထရပ်လိုက်မိသည်။

ရေကန်မြို့တော်တွင် မျက်စိတစ်မှိတ်အတွင်း သူ၏ ပျံသန်းနေသော ဓားများကို ချိုးဖျက်နိုင်သော အလွန်အစွမ်းထက် သခင်တစ်ဦး ရှိနေခဲ့သည်။

မင်းသားကျန့် အိမ်ကြီးထဲက သန်မာတဲ့လူလား၊ ဒါမှမဟုတ် ကိုယ်တိုင်ကိုယ်ကျ အရေးယူဆောင်ရွက်တဲ့ သခင်ငယ်လား။

ချန်ရှီရဲ့ မျက်နှာထားလည်း အနည်းငယ် မှောင်သွားသည်။ သူ သောချိုက်ခရိုင်မှာ နောက်ထပ်တစ်ရက် နေခဲ့ပြီး နောက်ဆုံးတွင် ရွှေအမြုတေနယ်ပယ် အဆင့်ကိုးအထိ ရောက်သွားသည်။ ထို့နောက် ဟေးကော်ကို ခေါ်ပြီး ရေကန်မြို့တော်သို့ မောင်းထွက်သွားခဲ့သည်။

မွန်းတည့်အချိန်၌ ရေကန်မြို့တော်က သူ့မြင်ကွင်းထဲ ဝင်လာခဲ့သည်။

မြို့အပြင်ဘက်တွင် မြို့ရိုးတစ်ခု တည်ဆောက်နေသည်။ တံတိုင်းကြီးကို ပင်လယ်သားရဲတွေက ဖျက်စီးခဲ့တာကြောင့် ဆယ်မိုင်ကျော်ကျော်အထိ ပြိုကျသွား၏။ ချန်ရှီ ဖြတ်သွားသောအခါတွင် လူတွေအများကြီးဟာ မြို့ရိုးများကို ပြုပြင်ရန်အတွက် အစိုးရ အမိန့်အတိုင်း စစ်မှုထမ်း​နေခဲ့ကြသည်။ အနံ ဆယ်ပေကျော်၊ သုံးဆယ့်လေးပေနက်သော၊ အလွန်ကြီးမားသော အုတ်မြစ်ကို လူများစွာက တူး​နေကြသည်။

မယ်မယ်ရှစ်ကျီ: "မြို့ရိုးရဲ့ ဒီအပိုင်းအောက်မှာ နတ်ဆိုးစွမ်းအင်တွေ အများကြီးရှိတယ်... မြေအောက်တစ်ခုခုတော့ ရှိရမယ်!"

ချန်ရှီ လှည်းပေါ်မှ ဆင်းလိုက်သည်။ မြေအောက်လည်း တူးနေသော လူ​တွေအများကြီးကို တွေ့ရ၏။ ရုတ်တရက် မြေပြင်မှ သွေးများ ပန်းထွက်လာရာ ထိုလူများလည်း အလွန်ကြောက်လန့်သွားတာကြောင့် ပေါက်တူးနှင့် ပေါက်ချွန်းများကို ပစ်ချကာ အော်ဟစ်ရင်း အထက်ကို ပြေးတက်လာကြ​လေသည်။

ထိုစဥ် ဝတ်ကောင်းစားလှနဲ့ လက်သမားဆရာတွေရဲ့ လေးစားအားကျရတဲ့ ဝတ်စားဆင်ယင်မှုနဲ့ လူတော်တော်များများ ရောက်လာကြသည်။ သူတို့ကို ဦးဆောင်သူက တခြားသူတွေကို ကြင်နာတတ်တဲ့ အပြုံးတစ်ခု ဆင်မြန်းထား၏။

လူတစ်ယောက်က ဟစ်အော်လိုက်သည်။

"နံ့သာသခင်ချန် လာပြီ!"

ချန်ရှီလည်း လက်သမားဆရာ တစ်ယောက်ကို ပြေးမေးလိုက်သည်။

"ဒီနံ့သာသခင်ချန်က ဘယ်သူလဲ... သူက လူတိုင်းနဲ့ အရမ်းရင်းနှီးနေသလိုပဲ"

"လူပန်းဂိုဏ်းက နံ့သာသခင်ချန်က စေတနာအရှိဆုံးနဲ့ ပရဟိတသမားလေ..."

လက်သမားဆရာသည် လူပန်းဂိုဏ်းမှ ဖြစ်နိုင်သည်။ သူက ရင်ဘတ်ကို ခပ်ဖွဖွပုတ်​ပြရင်း။

"ငါတို့ လူပန်းဂိုဏ်းရဲ့ ကျွမ်းကျင်တဲ့ လက်သမားဆရာတွေက ဒီမြို့ရိုးကို ​ပြန်တည်ဆောက်ဖို့ တာဝန်ရှိတယ်... အခု ငါတို့ အခက်အခဲတွေ ကြုံလာရလို့ ကူညီဖို့ နံ့သာသခင်ချန် ရောက်လာတာ!"

ချန်ရှီ ထိုကဲ့သို့သော လက်သမားဆရာများကို အမြဲလေးစားသည်။ သူသည် အဆောင်ဆွဲ မှော်ဆရာနှင့် လက်သမားဆရာ ဖြစ်သည်။

နံ့သာသခင်ချန်က ဝသော်လည်း လေကို မျိုချ​နေကဲ့သို့ ပေါ့ပါးပြီး အလွန်သွက်လက်သည်။ သူက ပျံသန်းသွားသလိုမျိုး ခုန်ပြီး မကြာခင် အုတ်မြစ်ရဲ့ နက်နဲတဲ့ အပိုင်းကို ရောက်သွား၏။ သွေးကန်ဘေးတွင် ရပ်ကာ သူ၏ အခြေတည်ဝိညာဉ်ကို ထုတ်လိုက်သည်။

အခြေတည်ဝိညာဥ်သည် သွေးကန်၏ အရွယ်အစားကို တိုင်းတာပြီး ရုတ်တရက် သွေးကန်ထဲသို့ ခုန်ဆင်းကာ သွေးကန်၏ အတိမ်အနက်ကို တိုင်းတာရန် မြေကြီးထဲသို့ ထိုးဆင်းသွားသည်။

နံ့သာသခင်ချန်သည် သွေးကန်ဘေးတွင် ရပ်နေ၏။ သူ၏ အခြေတည်ဝိညာဉ်သည် ပျံတက်သွားပြီး တစ်စုံတစ်ယောက်နှင့် စကားပြောနေသကဲ့သို့ ထူးဆန်းသော စကားများကို လျင်မြန်စွာနှင့် အရေးတကြီး ပြောလိုက်သည်။

သိပ်မကြာခင်မှာပဲ သူက လူတွေကို အမွှေးတိုင်တွေ မီးရှို့ပြီး ယဇ်ပူဇော်ဖို့ အမိန့်ပေးလိုက်လေသည်။ သို့သော် အမွှေးတိုင်များ ထွန်းညှိပြီးနောက် လေအေးက ရုတ်တရက် တိုက်ခတ်လာရာ အမွှေးတိုင်များ ပြုတ်ကျကာ ဖယောင်းတိုင်များ မီး​ငြိမ်းကုန်သည်။

နံ့သာသခင်ချန်လည်း မှိုင်းညို့နေသော မျက်နှာထားဖြင့် အမွှေးတိုင်များနှင့် ဖယောင်းတိုင်များရှေ့တွင် အခမ်းအနားတစ်ခုကို ပြုလုပ်ခဲ့သည်။ ရုတ်တရက် တိမ်မည်းတွေက သွေးကန်အထက်က ကောင်းကင်ကို ဖုံးလွှမ်းသွား၏။ မိုးခြိမ်းသံများ တဟုန်းဟုန်း မြည်ကာ သွေးအိုင်ထဲ ထိမှန်သွားသည်။ သွေးအိုင်များကလည်း တုန်ခါကာ မိုးကြိုး​တွေ ပစ်ချ​​နေသည်။

ခဏကြာတော့ သွေးအိုင်က မြေပြင်ပေါ် တဖြည်းဖြည်း စိမ့်ထွက်လာသည်။ နံ့သာသခင်ချန်လည်း စွမ်းအင်အလွန်အကျွံ သုံးစွဲနေပုံရပြီး မြေ​ကျွင်းထဲက ပြန်တက်လာဖို့ တစ်စုံတစ်ယောက်ရဲ့ အကူအညီကိုတောင် လိုအပ်နေသည်။

“မြေအောက်က နတ်ဆိုးတွေကို သုတ်သင်ပြီးပြီ... ခဏနေဦး လောင်လျောင် မင်းနဲ့အတူ အလုပ်ကြိုးစားတဲ့ ညီအစ်ကို ဆယ်ယောက်ကို ခေါ်သွားလိုက်ပါ... သွေးစွန်းနေတဲ့ မြေက သုံးလို့မဖြစ်ဘူး”

ချန်ရှီ အနားက လက်သမားဆရာက လောင်လျောင်ဖြစ်သည်။ သူကက သဘောတူပြီး လူငယ်တစ်ဒါဇင်ကျော်ကို အမြန်ခေါ်ပြီး လှေကားအတိုင်း ဆင်းလိုက်ကြသည်။ ချန်ရှီ ထွက်ခွာခါနီးတွင် မယ်မယ်ရှစ်ကျီက ပြောလာ၏။

"လရောင်ကို စုပ်ယူထားတဲ့ နတ်ဆိုးကြီးတစ်ကောင် မြေအောက်ထဲမှာ ရှိနေတယ်... အဲ့ဖက်တီးက ဒီကောင်ကြီးနဲ့ ဆွေးနွေးပြီးပြီ...နတ်ဆိုးက အဲဒီအမွှေးနံ့သာကို လက်မခံဘူး ဘာမှမတတ်နိုင်လို့ သက်ရှိနဲ့ပဲ လောင်းကြေးထပ်လိုက်တာ။"

ချန်ရှီ: "ဘာကိုဆိုလိုတာလဲ"

"အသက်စွန့်ခိုင်းတာ!... မြေအောက်မှာရှိတဲ့ အကောင်ဆီ ဒီသက်ရှိလူတွေကို ယဇ်ပူဇော်လိုက်တာ... အဲဒီအရာ ပြည့်သွားတဲ့အခါ ဘာမှ ထူးထူးခြားခြား ဖြစ်လာမှာ မဟုတ်ဘူး။ အခု ဒီကောင်က တန်ခိုးကြီးလာပြီ သူတို့က အသက်မွေးဝမ်းကျောင်းတွေကို ဂရုမစိုက်ဘူးဆိုရင် ဒီမြို့ရိုးကို သူတို့ တည်ဆောက်နိုင်မှာ မဟုတ်ဘူး... ဒီဒါဇင်နဲ့ချီတဲ့ လူတွေက အဲဒီအရာအတွက် ဖက်တီးချန်ပေးတဲ့ ယဇ်ကောင်တွေပဲ"

ချန်ရှီ သူ့အဖိုးထံမှ အလားတူအချက်များကို ကြားခဲ့ဖူးသည်။

အရင်တုန်းက မြို့ရိုးတွေ ဆောက်တဲ့အခါ လူတွေက ရန်သူရဲ့ မှော်တွေကို ကာကွယ်ဖို့ လုပ်ပေးရသည်။ ခွေးနက်ပေါင်းများစွာကို သတ်ပြီး ခွေးနက်သွေးကို ကောက်ညှင်းဆန်နဲ့ ရောစပ်ပြီး မြို့တံတိုင်းတွေ ဆောက်ခဲ့ကြသည်။ လူအများအပြားကို သတ်ပစ်ပြီး မှော်ခတ်ခံရသောအခါ တံတိုင်း ပြိုမကျစေရန်အတွက် မြို့ရိုးကို တည်ဆောက်ရန် လိုအပ်သည်။

သို့သော် ထိုအချိန်က အသတ်ခံခဲ့ရသူများသည် ကြိုးတိုက်အကျဉ်းသားများ ဖြစ်လေ့ရှိသည်။

ကိုယ့်လူမျိုးကို အသက် ပြန်စတေးခိုင်းတာက ဘယ်လိုလုပ် တရားမျှတနိုင်မလဲ။

ချန်ရှီ ထွက်သွားပြီး ရုတ်တရက် နောက်ပြန်ဆုတ်သွားသည်။ သူသည် နံ့သာသခင်ချန်နှင့် ၁၀ပေ ပေနှစ်ဆယ်ခန့် အကွာတွင်သာ ရှိနေသည်။ သူ နောက်ပြန်ဆုတ်ကာ နံ့သာသခင်ချန် ရှေ့သို့ လှမ်းလာခဲ့သည်။

ထိုလူသာ် အခြေတည်ဝိညာဥ် အဆင့်အထိ ကျင့်ကြံထားပြီး ချန်ရှီထက် မြင့်မားသောအဆင့်တွင် ရှိနေသော်လည်း သူ့ကိုယ်သူ မကာကွယ်နိုင်သေးပေ။ ခဏအတွင်း ချန်ရှီက သူ့အနား ရောက်သွားကာ သူ့ကို ဝင်တိုက်ပစ်သည်။

ဘောလုံးကဲ့သို့ အဆီပိတ်နေသော ခန္ဓာကိုယ်သည် ရုတ်တရက် မြေကြီးထဲသို့ ပြုတ်ကျသွားသည်။

နံ့သာသခင်ချန်လည်း ထိတ်လန့်ကာ ဒေါသတကြီးဖြင့် သူ့လေ့ကျင့်မှုကို အားကောင်းအောင် ကြိုးစားခဲ့သည်။ သို့သော်လည်း ချန်ရှီ ဝင်တိုက်လိုက်စဥ် သူ့ချီသွေးနှင့် စွမ်းအင်များ ပြန့်ကျဲသွားကာ ဘယ်ညာ တဟုန်ထိုး ပြေးလွှားသွားနေတာကြောင့် မစုစည်းနိုင်တော့ပေ။

သူသည် သူ၏ အခြေတည်ဝိညာဉ်ကို အသက်သွင်းကာ မှော်စွမ်းအားများ ပေါက်ကွဲထွက်လာစေသည်။ သူ့ခန္ဓာကိုယ်ကို ဖမ်းခါနီးမှာ ချန်ရှီဟာ အုတ်မြစ်အစွန်းမှာ ရပ်နေပြီး အောက်ကိုငုံ့ကြည့်ကာ သူ့လက်ဖဝါးကို ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မရည်ရွယ်ဘဲ အောက်ကို ဖိချနေတာကို တွေ့လိုက်ရပါ၏။

နံ့သာသခင်ချန်လည်း သူ့အပေါ်ကို တောင်ကုန်းတစ်ခုလို တွန်းအားတစ်ခု ကျလာနေတာ ခံစားလိုက်ရသည်။ သူ၏ အခြေတည် ဝိညာဉ်သည် သူ့ခန္ဓာကိုယ်ကို မထောက်ပံ့နိုင်တော့ဘဲ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မြေကျွင်းထဲက အုတ်မြစ်ပေါ်သို့ ပျက်ကျသွားသည်။

သူက ကြောက်ရွံ့သော အကြည့်များကို ပြသလာသည်။

"ငါ့ကို ဖယ်ပေး! ငါ့ကို ဆွဲထုတ်စမ်း!"

လောင်လျောင်နဲ့ အခြားသူများက လှေကားမှ ဆင်းလာကြသည်။ နံ့သာသခင်ချန် မြေပြင်ပေါ် လဲကျသွားတာ တွေ့လိုက်ရသောအခါ အရှိန်ပြင်းပြင်းနှင့် ကယ်တင်ရန် အသင့်ပြင်ထားကြသည်။

မမျှော်လင့်ဘဲ နံ့သာသခင်ချန်သည် မြေကြီးထဲတွင် မြှပ်နေပုံရပြီး လုံးဝ မလှုပ်ရှားနိုင်ပေ။ သူ၏အဆီများသည် လျင်မြန်စွာ အရည်ပျော်သွားပြီး မကြာမီတွင် အရိုးစုတစ်ခုသာ ကျန်ရှိတော့၏။ မရေမတွက်နိုင်သော အဖြူရောင်သန်ကောင်နှင့်တူသော အမွှေးအမျှင် ထူထူများက သူ့အလောင်းထဲတွင် ပျံဝဲနေပြီး မကျေမနပ် ဖြစ်နေဆဲအသံများကို ထုတ်နေသည်။

ဒီအခြေအနေကို မြင်လိုက်တဲ့ လောင်လျောင်နဲ့ အခြားသူများမှာ ဘယ်လိုမှ မဆင်းရဲတော့ချေ။

"လောင်းကြေးတွေကို မောင်းထုတ်လိုက်ပြီ"

မယ်မယ်ရှစ်ကျီက တခစ်ခစ်ရယ်လိုက်သည်။ သူမက နံ့သာသခင်ချန် အလောင်းထဲရှိ ကျောက်တုံးသဘာဝကို စုပ်ယူလိုက်သည်။ ကျယ်လောင်သော အသံနှင့်အတူ နံ့သာသခင်ချန်ရဲ့ အလောင်းသည်လည်း အမှုန့်ဖြစ်ကာ ရုတ်တရက် ကွဲအက်သွားသည်။

ထိုဖြူဖြူ ပိုးမျှင်များနှင့်တူသော အကောင်ငယ်များက ထိတ်လန့်သွားပုံရပြီး မြေကြီးထဲသို့ လျင်မြန်စွာ ကျုံ့ဝင်သွားကြသည်။

မယ်မယ်ရှစ်ကျီသည် အရိုးများထဲ သဘာဝကျောက်တုံးကို စုပ်ယူခဲ့ပြီးနောက် မြေကြီးထဲက နတ်ဆိုးသည် အဆတစ်ထောင် ပို၍ကြောက်စရာ ကောင်းသော ဧရာမသတ္တဝါကြီး ရောက်လာကြောင်း သိရှိသွားသဖြင့် ကမောက်ကမ ပြုမူဝံ့ခြင်းမရှိတော့ပေ။

ချန်ရှီက မထူးခြားသော အမူအရာဖြင့် အခြေခံအုတ်မြစ်ထဲသို့ နက်နဲစွာ စိုက်ကြည့်လိုက်သည်။ ထို့နောက် လူအုပ်ထဲမှ ရုန်းထွက်ကာ ရေကန်မြို့တော်ဆီ လျှောက်သွားလိုက်သည်။

ရေကန်မြို့တော်ထဲတွင်တော့ နတ်ဆိုးမ ရင့်ရူးမုန့်ရဲ့ မျက်နှာသည် ရုတ်တရက် အနည်းငယ် ပြောင်းလဲသွားပြီး အစာ အလှူခံနေသော ဘုန်းကြီးဝူချန်ကို လှမ်းတားလိုက်သည်။

"အစာမတောင်းနဲ့တော့ ရေကန်မြို့တော်က မြန်မြန် ထွက်သွားရအောင်!"

ဘုန်းကြီး ဝူချန်က :"ဒီနေရာက အရမ်းဆိုးညစ်ပြီး ဗုဒ္ဓဘာသာကို ကျင့်ဖို့ကောင်းတဲ့ နေရာလို့ ဆရာတူဦးလေးပဲ ပြောခဲ့ဘူးတာ မဟုတ်လား... အခု မကောင်းမှု အရိပ်အယောင် မပျောက်သေးဘူးလေ... ဘာလို့ ဒီလောက် မြန်မြန် ထွက်သွားချင်ရတာလဲ"

"ရန်​သူ​ရောက်​လာပြီ!.. ငါ့ရန်သူ ရှိနေတာကို ငါမြင်နေရတယ် သူလည်း မြို့ထဲကို ဝင်လာပြီ... ငါတို့အခု မထွက်သွားရင် ဘယ်တော့မှ ထွက်သွားလို့ မရတော့မှာ ကြောက်ရတယ်"

ဘုန်းကြီးဝူချန်က သူ့နောက်ကို အမြန်လိုက်သွားသည်။

"ဦးလေး အရှင်ဘုရား... ကျွန်​တော်တို့က နတ်ဆိုးတွေကို သုတ်သင်ဖို့ ဒီမှာနေမနေဘူးဆိုရင် ဘယ်မှာ လေ့ကျင့်ရမှာလဲ"

"ဒီနေရာက နတ်ဆိုးစွမ်းအင်ထက် အဆတစ်ရာပိုလေးတဲ့ အရမ်းပြင်းထန်တဲ့ နတ်ဆိုးစွမ်းအင်ရှိတဲ့ တခြားနေရာကို ငါ သတိထားမိတယ်... အဲဒီကို သွားကြရအောင်"

ရင့်ရူးမုန့်က အနောက်ဘက်သို့ လှမ်းမျှော်ကြည့်လိုက်သည်။

"ရှီး....ကျင်း!"

All Chapters