← Chapters

ရေကန်မြို့တော်၊ ယန်းကျစ်လမ်းကြား

Vol. 14 Ch. 199

ရေကန်မြို့တော်၊ ယန်းကျစ်လမ်းကြား

Vol. 14 Ch. 199

ချန်ရှီသည် ဟေးကော်ကို ခေါ်ကာ မြို့ထဲသို့ ဝင်ရောက်ခဲ့ပြီး လူအများ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။ သူ့အဝတ်အစားများက ပုံမှန်ဖြစ်သော်လည်း ဟေးကော်ကတော့ အလွန်စွဲမက်ဖွယ်ကောင်းနေ၏။ ရေကန်မြို့တော်က လူများသည် အနီရောင်အဝတ်အစားနှင့် ဘောင်းဘီအနီ ဝတ်ထားသော ခွေးတစ်ကောင်ကို မြင်ခဲလှသည်။

အထူးသဖြင့် လူလို မတ်တပ်ရပ်ပြီး ခြေနှစ်ချောင်းနဲ့ လမ်းလျှောက်နေတဲ့ ခွေးမျိုးပင်။

ချန်ရှီ ချောင်းဆိုးပြီး ဟေးကော်ကို အမြန်တွန်းထုတ်ကာ လူအုပ်ကို ကြည့်လိုက်သည်။ လမ်းပေါ်ရှိလူများကတော့ အရာရာတိုင်းကို သာမန်ပဲဟုထင်မြင်ကြပြီး ဟန်မဆောင်ဘဲ ရပ်လိုက်ကြသည်။

"ဟေးကော် မြို့ထဲမှာ ပုံမှန်ပဲ လုပ်စမ်းပါ"

ချန်ရှီ မှိတ်တုတ်မှိတ်တုတ် မျက်လုံးများဖြင့် အမိန့်ပေးလိုက်သည်။ မင်းသားကျန့်အိမ်တော်က ကျွမ်းကျင်သူတစ်ဦး ရှိကာ သူ၏ငှက်အားလုံးကို ထိန်းချုပ်နိုင်စွမ်း မရှိခဲ့ပေ။ ထိုသူ၏ ခွန်အားသည် နားမလည်နိုင်အောင် အစွမ်းထက်တာကြောင့် သူသည် မင်းသားကျန့်အိမ်တောိထဲသို့ အရူးအမူး မ၀င်ရောက်ခဲ့။

သခင်​လေးကို လုပ်ကြံသတ်ဖြတ်ဖို့ မင်းသားကျန့်အိမ်တော်ကို တည့်တည့်သွားတာက သေခြင်းတရားကို ရှာဖွေခြင်းနှင့် တူသည်။ ထိုအိမ်တော်မှာ ဘယ်သူ ရှိသလဲ၊ သခင်ငယ်ရဲ့ ကွပ်ကဲမှုအောက်တွင်ရှိသော တပ်ဖွဲ့များနှင့် ထိုလူရဲ့ ယေဘူယျ ကျင့်ကြံသူမှုအဆင့်ကို သူဦးစွာ နားလည်ထားရမည်။

ဒါတွေကို သေချာနားလည်ပြီးမှသာ လှုပ်ရှားသင့်လေသည်။

ရေကန်မြို့တော်ရဲ့ အပြင်အဆင်ကို ဟွာရှရှန်ကျိုးက ချန်အန်းမြို့အတိုင်း ပုံစံထုတ်ထားသည်။ မြို့တံခါးဆယ်ပေါက်နှင့် အတွင်းပိုင်းဧရိယာ ငါးဆယ်ကို ပိုင်းခြားထားသည်။ ၎င်းသည် စတုရန်းပုံဖြစ်ပြီး ပြည်နယ်ငါးဆယ်ကို အစွဲပြု၍ ချန်အန်းငယ်ဟုလည်း ခေါ်သေး၏။

အစောပိုင်းနှစ်များတွင် အနောက်နွားရှင်းကျိုး၏ မြို့တော်သည် ဖေ့ခရိုင်တွင် ပထမဆုံးဖြစ်ပြီး ထို့နောက် ရှင်းရှန်သို့ ပြောင်းရွှေ့ခဲ့သည်။ တစ်ဖန် ရေကန်မြို့တော်ကို ပြောင်းရွှေ့ခဲ့တယ်လို့လည်း ဆိုကြပြန်သည်။ တစ်ခါတစ်ရံ ရေကန်မြို့တော်ကို ယွိသော သို့မဟုတ် ယွိတူး ဟုလည်း ခေါ်ကြပြန်သေး၏။

ထို့နောက် အကြောင်းတစ်ခုခုကြောင့် ဤနေရာကို စွန့်ခွာပြီး အရှေ့ဘက်ကမ်းရိုးတန်းမှ ဝေးကွာသော ရှီးကျင်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။

​နေရာ ရွေ့သွားသော်လည်း ယွိတူးရဲ့ အတိုင်းအတာက အံ့အားသင့်စရာ ကောင်းနေဆဲဖြစ်သည်။ ဤနေရာသည် ဧကရာဇ်မင်းမြတ်၏ အရိပ်အာဝါသရှိပြီး အနောက်နွားရှင်းကျိုးရဲ့ ဘုရင်သစ်ဖြစ်လာမည့် သူရဲကောင်းဆန်သော အုပ်စိုးရှင်တစ်ဦး အနာဂတ်တွင် မွေးဖွားလာမည်ဟု ဘိုးဘေးများက ပြောလေ့ရှိသည်။

ဒီကောလဟာလဟာ ယွိတူးမှာ ယခုအထိ ပျံ့နှံ့နေဆဲပင်။

မယ်မယ်ရှစ်ကျီက မြို့တွင်းရှိ နတ်ဆိုးစွမ်းအင်ကို ရှူရှိုက်ရင်း ပြောနေသည်။

"ဒီနတ်ဆိုးတွေ ကောင်းကောင်း ကြီးထွားနေကြတာပဲ.. မြို့ပြင်က မြေအောက်ကောင်ကြီးကို အခုနတုန်းက နတ်ဆိုးတွေက ဆွဲဆောင်ထားတာ ဖြစ်မယ် အထဲမှာ နတ်ဆိုးတွေလည်း အများကြီးရှိသေးတယ်"

ချန်ရှီရဲ့နှလုံးက တုန်လှုပ်သွားသည်။

"မယ်မယ် မျိုးစေ့ဘယ်မှာ ရှိတယ်ဆိုတာ သိနိုင်လား..."

မယ်မယ်ရှစ်ကျီက ခေါင်းခါလိုက်ပြီး။

"နတ်ဆိုးမျိုးစေ့ကို ဒီလောက်လွယ်လွယ် ရှာတွေ့နိုင်ရင် ကလေးမလေး ရင့်ရူးမုန့်ကလည်း အဲဒါကို ရှာတွေ့ပြီး စားခဲ့တာ ကြာပြီပေါ့... နတ်ဆိုးမျိုးစေ့တွေက လိမ္မာပါးနပ်တယ် သူတို့ရဲ့ ရောင်ဝါကို ဖုံးကွယ်ရမယ် ဆိုတာ သိတယ် ဘယ်သူမှ ရှာမတွေ့အောင် ကောင်းကောင်း ပုန်းအောင်းနေကြတာ... ရင့်ရူးမုန့်ရဲ့ အငွေ့အသက်ကို မခံစားမိတော့ဘူး... ထူးဆန်းတယ် ဒီကလေးမ ငါ့ကို သတိထားမိသွားတာများလား။"

သူမ တော်တော် အံ့သြသွားသည်။ ပုံမှန်အတိုင်း ပြောရရင် ရင့်ရူးမုန့်ဟာ သူမကို ရှာမတွေ့နိုင်သော်လည်း မြို့ထဲတွင် ရင့်ရူးမုန့်ရဲ့ ခြေရာလက်ရာမရှိပေ။

"မယ်မယ်... နတ်ဆိုးမျိုး​စေ့​တွေကို ဘယ်လိုခွဲခြားသိနိုင်လဲ။"

မယ်မယ်ရှစ်ကျီ: "ပြောရခက်တယ်... မင်မင်းဆက်က လူတွေ ငါ့ကို အနောက်နွားရှင်းကျိုး ကျွန်းကို သယ်လာတော့ နတ်ဆိုးတွေ အများကြီးတွေ့ခဲ့တယ်... တချို့က ရေတွင်းထဲမှာ ကြာပန်းတွေ၊ တချို့က တောင်ပေါ်စမ်းတွေ၊ တချို့က ထူးဆန်းတဲ့ သားရဲတွေ၊ လယ်သမားတွေရဲ့ အသုံးအဆောင်တွေတောင် နတ်ဆိုးတွေ ဖြစ်သွားကြတာ... နောက်တော့ မျိုးစေ့က လူခန္ဓာကိုယ်ထဲမှာ ပုန်းကွယ်နေခဲ့တယ်... အဲဒီနတ်ဆိုးက သာမန်လူအဖြစ် ပြောင်းလဲသွားတဲ့အထိပဲ"

ချန်ရှီ: "လူတစ်ကိုယ်လုံးမှာ ဝှက်ထားတာလား... အဲဒီလူက နတ်ဆိုးလို့ မမြင်ရဘူးလား"

"မမြင်ရဘူးလေ.... နတ်ဆိုးမျိုးစေ့က အိမ်ရှင်ရဲ့ အသိစိတ်ပင်လယ်ထဲမှာပဲ ပုန်းနေတတ်တာ... မြေပြင်က ကွဲထွက်သွားတာကို ခဏစောင့်ရင်း တိတ်တဆိတ် ကြီးထွားနေတတ်တယ်... သူ့ခန္ဓာကိုယ်ထဲမှာ နတ်ဆိုးမျိုးစေ့တွေ ဝှက်ထားတယ်ဆိုတာကို အိမ်ရှင်တောင်မှ မသိဘဲ မပေါက်ကွဲမချင်း နတ်ဆိုးမျိုးစေ့ကို ပြုစုပျိုးထောင်ပေးနေတာ... အရင်က ငါလည်း နတ်ဆိုးမျိုးစေ့က အပင်ပေါက်လာတာနဲ့ ခြေထောက်သုံးချောင်း ပေါက်လာတဲ့ လူကို တွေ့ဖူးတယ်... အဲ့တုန်းက နတ်ဆိုးက အမြစ်တွယ်ပြီး ပေါက်ထွက်နေပြီ.. ပြီးတော့ သူ့ရဲ့ခေါင်းက သစ်ပင်ထိပ်ဖူးတစ်ခုတောင် ဖြစ်သွားပြီ"

သူမက နောင်တရစွာဖြင့် သက်ပြင်းချလေ၏။

"အရင်က ငါ စားပစ်ဖို့စီစဉ်ထားပေမယ့် ငါ့ကို နှိမ်နှင်းတဲ့ ဘုရင်ကျန်းရဲ့ လူတွေက သိမ်းသွားလိမ့်မယ်လို့ မမျှော်လင့်ထားဘူးလေ... ငါက သူတို့နဲ့ တစ်အုပ်စုတည်း နေနေတယ်ဆိုတာ သူတို့မသိဘူးလား မသိဘူး..."

ချန်ရှီ အနည်းငယ် အေးစက်သွားသလို ခံစားလိုက်ရသည်။ မျိုးစေ့ ကွဲသွားသည်အထိ အိမ်ရှင်ဟာ နတ်ဆိုးမျိုးစေ့ရဲ့ ကပ်ပါး ဖြစ်နေခဲ့မှန်း လုံး၀ မသိခဲ့ပေ။ ဒါပေမဲ့ သိလိုက်ရတဲ့ အချိန်ကျတော့ အရမ်းနောက်ကျသွားပြီ။

"အိမ်ရှင်က သူ့ကိုယ်သူ ကပ်ပါးပိုး ရှိနေတဲ့သူလို့ သိလိုက်ရချိန်မှာ ဘယ်လောက်တောင် စိတ်မကောင်းဖြစ်နေလိုက်မလဲ?"

ချန်ရှီ တစ်ယောက်တည်း စဉ်းစားနေသည်။

ဟေးကော်နဲ့ သစ်သားလှည်းက လမ်းကြားထဲသို့ လှည့်သွားသည်။ လမ်းအပြင်ဘက်တွင် "ယန်းကျစ်လမ်းကြား" ဟူသော စာလုံးဖြင့် ဂိတ်ပေါက်တစ်ခု ရှိသည်။ ချန်ရှီသည် မှောင်ခိုလမ်းကြားရှိ လမ်းသွယ်များစွာကို ဖြတ်လျှောက်လျှင် မင်းသားကျန့်အိမ်တော်နှင့် မဝေးလှကြောင်း ရှင်းရှင်းလင်းလင်း သိထားပြီးသား ဖြစ်သည်။

လမ်းကြားတွင် လူအများရဲ့ သွားလာ လည်ပတ်မှုများဖြင့် စည်ကားနေသော်လည်း ဤလမ်းကြားတွင် ဝင်ထွက်သွားလာသူများက များသောအားဖြင့် အမျိုးသားများသာ ဖြစ်ပြီး အမျိုးသမီးများမှာ အလွန်နည်းပါးသည်။

ယန်းကျစ်လမ်းကြားတွင် ပညာရှင်များစွာလည်း ရှိသည်။ တချို့က တာအိုပညာရှင်၏ ၀တ်စုံကို ၀တ်ဆင်ထားကြပြီး တချို့မှာ အပြာရောင် ၀တ်စုံ၊ ခေါက်ယပ်​တောင်နှင့် ပိုးပဝါတို့ကို တွဲဖက် ၀တ်ဆင်ထားကြသည်။ ဇိမ်ခံအဝတ်အစားများ ၀တ်ဆင်ထားသော ကုန်သည်များသည် ၎င်းတို့၏လက်မပေါ်တွင် လက်စွပ်ကြီးများ၊ ကျောက်စိမ်းလက်စွပ်များ ကိုင်ဆောင်ထားကြသည်။ ငွေဝတ်အစောင့် အများအပြားက အနောက်ကလိုက်နေကြ၏။

ယန်းကျစ်လမ်းကြား နှစ်ဘက်စလုံးတွင် ဈေးဆိုင်များ ရှိသည်။ မကြာခဏ ပိတ်လေ့ရှိပုံရကာ ဖွင့်ပါက တံခါးတစ်ချပ်သာ ပွင့်ထားသည်။ သို့သော် အပေါ်ထပ်ရှိ တံခါးများနှင့် ပြတင်းပေါက်များ အားလုံးကတော့ ပွင့်နေပြီး ကြိုးတူရိယာသံများနှင့် သာယာလှပသော မိန်းကလေးများ၏ သီဆိုသံကို ကြားနိုင်သည်။

ချန်ရှီ မျှော်ကြည့်လိုက်တော့ တောက်ပြောင်ပြောင်ပြောင် ဝတ်ထားသော မိန်းကလေးအချို့သည် တံခါးနှင့် ပြတင်းပေါက်များအား မှီနေကြဆာ တွေ့လိုက်ရသည်။ သူမတို့သည် လှပသော မျက်ခုံးမွှေး၊ နူးညံ့သော မိတ်ကပ်များ လိမ်းခြယ်ထားကာ အလွန်ပျင်းရိနေပုံရသည်။

အချို့မိန်းကလေးများသည် စန္ဒယားတီးသံကြောင့် အပေါ်ထပ်တွင် ကခုန်နေကြပြီး ၎င်းတို့၏ ရောင်စုံပိတ်စများက တဖျပ်ဖျပ် ခတ်နေကြသည်။

အဲဒီအချိန်မျိုးမှာ ပညာရှင်တချို့ ဒါမှမဟုတ် စီးပွားရေးသမားတွေက တံခါးလာခေါက်ပြီးရင် တစ်ယောက်ယောက်က တံခါးလာဖွင့်ပေး၏။ ထို့နောက် အပေါ်တက်ပြီး ကောင်မလေးတွေနဲ့ စကားပြောရင်း ရယ်မောနေတဲ့ အဘွားကြီးတစ်ယောက်ကို သွားတွေ့ကြသည်။

အပေါ်ထပ်မှ ပညာရှင်များသည် ကဗျာများကို ရွတ်ဆိုနေကြသည်။ အတွဲအစပ်များကို ကျွမ်းကျင်စွာ ရွတ်ဆိုကြပြီး ဂန္တဝင်စာ​ပေများထံမှ မကြာခဏ ကိုးကားကာ ဂီတ၊ စစ်တုရင်၊ လက်ရေးလှနှင့် ပန်းချီအကြောင်း ဆွေးနွေးကြသည်။ သူတို့သည် အရာရာ၌ ကျွမ်းကျင်သောကြောင့် ချန်ရှီ သူတို့ကို အထင်ကြီးသွားခဲ့သည်။

"စာပေပုံစံက ဒီမှာ တကယ်ကို ထွန်းကားတာပဲ... ဒါက လေ့လာလို့ ကောင်းတဲ့ နေရာပဲ ပညာရှင်တွေ အများကြီး ဒီကို ရောက်လာတာ အံ့သြစရာ မရှိပါဘူး"

"ဒါက ပြည့်တန်ဆာတွေ... ပြည့်တန်ဆာနေရာ ပြည့်တန်ဆာနေရာ"

မယ်မယ်ရှစ်ကျီက အားရပါးရ ရယ်မောလိုက်သည်။ ချန်ရှီ အံ့ဩသွား၏။ သူ့အာရုံတွေ ​ပြန်မရောက်လာခင်မှာ သကြားလုံးတွေ ကိုင်ဆောင်ထားတဲ့ ကလေးမလေးတစ်ယောက်က ဟေးကော်ကို လက်ညှိုးထိုးပြပြီး အော်လိုက်သည်။

"နတ်ဆိုး!"

"အဲဒါ ခွေး!" ချန်ရှီ သူမကို ပြင်​ပေးသည်။

ကလေးမလေးက အရမ်းခေါင်းမာသည်။

"မဟုတ်ဘူး... အဲဒါ နတ်ဆိုးပဲ"

"အဲဒါ ခွေးပဲ!"

"နတ်ဆိုးပါဆို!"

ချန်ရှီ ငြင်းခုံလို့ မပြီးသေးခင် ဟေးကော်သည် သူမဆီက သကြားလုံးကို လုယူကာ ထွက်ပြေးသွားခဲ့သည်။ ကလေးမလေးက ဟေးကော်ကို ပြင်းပြင်းထန်ထန် လိုက်လေ၏။ ချန်ရှီလည်း သူတို့၏ အဓိပ္ပာယ်မဲ့သော ကစားကွက်များကို လျစ်လျူရှုပြီး ရှေ့ကို ဆက်သွားခဲ့သည်။

ရုတ်တရက် လက်တစ်ဖက်က သူ့လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး တစ်ဆင်တည်း အနောက်ကနေ အသံထွက်လာသည်။

"မင်းကို ဖမ်းမိပြီ... မင်း နံ့သာသခင်ချန်ကို တွန်းချလိုက်တာ ငါမြင်တယ်... လူပန်းဂိုဏ်းကို လိုက်ခဲ့... မင်းအသက်နဲ့ ​ပြန်ပေးဆပ်ရမယ်!"

အမျိုးသမီးက သူ့လက်မောင်းကို ဆုပ်ကိုင်ထားစဉ် ချန်ရှီ ထိုအမျိုးသမီးရဲ့ လက်ကောက်ဝတ်ကို နောက်ပြန် ဆွဲကိုင်လိုက်ပြီး တံတောင်ဆစ်ကို ဖိထားလိုက်သည်။ တစ်ချိန်တည်းမှာပင် မိုးကြိုးငါးခု အဆောင်လက်ဖွဲ့ကို သူ့ရဲ့ ကျန်လက်ဖဝါးတွင် အသက်သွင်းလိုက်ရာ လက်ချောင်းများကြားမှ လျှပ်စီးကြောင်းများ ပြေးထွက်သွားသည်။

ဒါကတော့ မကြာသေးမီက သူ လုံ့လစိုက်ထုတ်ပြီး လေ့ကျင့်ခဲ့သော မှော်ပညာတစ်ခု ဖြစ်သည်။ အထူးသဖြင့် ရွှေအမြုတေနဲ့ အခြေတည်ဝိညာဥ် နယ်ပယ်က သခင်တို့ကို ကိုင်တွယ်ဖို့ပင်။

သူ့လက်ငါးချောင်းသည် ကောင်းကင်၊ မြေကြီး၊ ရေ၊ နဂါးနှင့် မိုးခြိမ်းသံငါးခုဖြင့် ဆက်စပ်နေသည်။ လက်ခလယ်နှင့် လက်သူကြွယ်တို့၏ ထိပ်ဖျားများကို လက်မ၏ ပထမအဆစ်တွင် ဖိထားပြီး မြောက်ဧကရာဇ်စည်းတံဆိပ်ဖြင့် လက်သန်းလေးနှင့် လက်ညိုးကို မြှောက်ထားသည်။

မြောက်ဧကရာဇ်စည်းတံဆိပ် ဟုခေါ်တွင်သော အရာသည် မြောက်ဝင်ရိုးစွန်းမှ မိုးကြိုးမှော်စွမ်းအင် ဧကရာဇ်ကြီးရဲ့ ထျန်းဖန်ဖူကို ရည်ညွှန်း​လေသည်။

မိုးကြိုးငါးခု စွမ်းအင်ကို ကျွမ်းကျင်ထားသော်လည်း မစမ်းသပ်ရသေးသောကြောင့် ဘယ်လောက် အစွမ်းထက်မလဲ မသိရသေးပေ။ ဒီပညာကို သူအခုလောလောဆယ် သုံးနေတဲ့အချိန်မှာ ကလေးမလေးဆီကနေ သကြားလုံးတွေ မလုယူမိလို့ တိတ်တိတ်လေး နောင်တရမိသွား၏။ မဟုတ်ရင် သကြားလုံးတွေပေါ်က ဝါးချောင်းတွေက ဒီဧည့်သည်ရဲ့ ခေါင်းပေါ်မှာ ကပ်နေလိမ့်မည်။

မြန်နိုင်သမျှမြန်အောင် အစွမ်းကုန်ကြိုးစားသော်လည်း မှော်ပညာသည် တိုက်ရိုက် လုပ်ဆောင်မှုထက် နှေးကွေးနေသေးသည်။

ထိုအမျိုးသမီးရဲ့ မျက်နှာတွင် ကြီးမားသော အပြုံးတစ်ခု ရှိနေသည်။ သူမသည် အစိမ်းရောင် ဝတ်ရုံ၊ ခါးတစ်ဝိုက်တွင် အနက်ရောင်ပိုးဖဲကြိုးတစ်စနှင့် ခေါင်းပေါ်တွင်တော့ ကျင့်ရှစ် ပဝါတစ်ထည်ကို ဝတ်ဆင်ထားသည်။ ဦးထုပ်က တော်တော်ထူးခြား၏။ အစွန်းနှစ်ဖက်ကို မြှောက်ထားပြီး ခေါင်းနောက်ဘက်တွင် ချိုတစ်ခု ကပ်နေသလိုပင်။ သူမ လမ်းလျှောက်တဲ့အခါ ထိုအရာက လှုပ်ခါသွားတာကြောင့် သူမကို အတော်လေး ကျက်သရေရှိတဲ့ပုံ ပေါက်စေသည်။

"နာတယ်! နာနေပြီ!"

ထိုအမျိုးသမီးရဲ့ မျက်နှာပေါ်ရှိ အပြုံးက မပျောက်ကွယ်သေးပေ။

"အစ်ကိုချန် ရပ်လိုက်ပါတော့ ငါက ဟူဖေးဖေးလေ...ငါ့ကို မမှတ်မိဘူးလား?"

ဤတော့မှ ချန်ရှီလည်း တစ်ဖက်လူရဲ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ​လေသည်။ ဟူဖေးဖေးက ယောက်ျားဝတ်စုံနှင့် ယောက်ျားခေါင်းစွပ်ကို ၀တ်ထားခြင်းသာ။ သူ မိုးကြိုးငါးခုကို ချက်ချင်း ရုတ်သိမ်းကာ ဟူဖေဖေးလက်ကိုလည်း လွှတ်လိုက်သည်။

ဟူဖေးဖေးသည် သူမလက်ကောက်ဝတ်ကို ပွတ်သပ်ရင်း ငြီးလေသည်။ သူမသာ အော်တာ နောက်ကျခဲ့ရင် ကောင်းကင်ဘုံ ရောက်ရှိနေပြီ ဆိုတာကို မသိပေ။ ပြုံးပြီးတောင် ပြောလိုက်သေးသည်။

"အစ်ကိုချန်...နင် တုံ့ပြန်တာ အရမ်းမြန်တာပဲ ငါကစတာကို ငါ့ကို ဒီလိုတုံ့ပြန်တယ်..."

ဟေးကော်က ကလေးမလေးကို တွန်းဖယ်လိုက်ပြီး ချန်ရှီဆီ ပြန်ရောက်လာကာ ဟူဖေးဖေးကို စာနာစိတ်​လေးဖြင့် ကြည့်လိုက်သည်။

အခုလေးတင်ပဲ ဟူမိသားစုရဲ့ ဘိုးဘေးတွေက ငရဲတံခါးဝမှာ ခိုပြီး နဖူးတွေ ပွန်းပဲ့သွားတဲ့အထိ ကြိုးစားခဲ့မှ သူမရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့လေသည်။

ချန်ရှီ စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

"မင်းက ရှင်းရှန်မှာ မဟုတ်ဘူးလား ဘာလို့ ဒီကိုရောက်နေတာလဲ"

ဟူဖေးဖေးက သူ့လက်တွေကို ပွတ်သပ်နေတုန်းပင်။

"နင်က အရမ်းသန်တာပဲ ငါ့လက်ကောက်ဝတ်တောင် ရောင်နေပြီ... ငါလည်း ကျွိရန်ပဲလေ... ကုံကျိုးက နတ်ဆိုးအဖြစ်အပျက်မှာ နတ်ဆိုးက အစိုးရကို သိမ်းပိုက်လိုက်တော့ စာမေးပွဲမဖြေရဘဲ တစ်နည်းနည်းနဲ့ အောင်သွားခဲ့တာလေ...ကုံကျိုးမှာ ပညာတော်သင်တစ်ယောက်လည်း ပါသွားတယ်လို့ ကြားတယ်...သူက ယွိတူးမှာ နတ်ဆိုးတွေကို သုတ်သင်ဖို့နဲ့ တော်ဝင်စာမေးပွဲဖြေဖို့ ရှီးကျင်းကို သွားပြီး ငွေရှာချင်တာ... ငါလည်း သူ့နောက်ကို လိုက်လာခဲ့တာ!"

ချန်ရှီ သူမနှင့် ဘေးချင်းကပ်လျက် "ဘယ်တစ်ယောက်ကို ကြိုက်သွားတာလဲ" ဟု စိတ်ဝင်တစားနဲ့ မေးလိုက်သည်။

"စွင်းကျန့်... နင်တို့နှစ်ယောက်က တစ်ခန်းတည်းနေခဲတာလေ.."

"စွင်းကျန့်?"

ချန်ရှီ ပြန်တွေးကြည့်နေမိသည်။ စွင်းကျန့် ဟုခေါ်သော စာသင်သားတစ်ယောက်သည် ကုံကျိုးက စာတိုက်စခန်းတွင် သူနှင့် တစ်ခန်းတည်း အိပ်ခဲ့ဖူးကြောင်း သိသော်လည်း ထိုအချိန်တွင် ထိုလူကို သိပ်ဂရုမစိုက်ခဲ့ပေ။

ဟူဖေးဖေး: "မကြာသေးမီကာလတွေကမှ ယွိတူးမှာ နတ်ဆိုးတွေ အများကြီး ပေါ်လာတယ်လေ...စွင်းကျန့်က ကျေးလက်မှာ နတ်ဆိုးတွေကို သုတ်သင်ပြီး ငွေအများကြီး ရှာခဲ့တယ် ငါသူ့ကို တိတ်တိတ်လေး စောင့်ကြည့်နေတာ... အသိပညာ၊ အရည်အချင်းရှိပြီး စိတ်အားထက်သန်တယ်လို့ ထင်နေတာ နောက်နှစ်ဆို ဧကရာဇ်စာမေးပွဲကို သေချာပေါက် ဖြေဆိုနိုင်ပါလိမ့်မယ်ပေါ့... သူ ယွိတူးကို ရောက်လာတော့ ငါလည်း သူ့နောက်ကို လိုက်လာခဲ့တာ"

ချန်ရှီ: "စွင်းကျန့် ဘယ်မှာလဲ"

ဟူဖေးဖေးက ဝမ်းနည်းပူဆွေး သောကများဖြင့် ဖြေလာသည်။

"ပြည့်တန်ဆာအိမ် ရောက်သွားပြီ"

ချန်ရှီ အံ့ဩသွားသည်။ ဟူဖေးဖေးက လမ်းပေါ်မှ ကျောက်ခဲတွေကို ကန်ကျောက်ပြီး ပြောပြသည်။

"သူ ဘယ်လောက် ပင်ပန်းနေလဲဆိုတာ ငါမြင်တော့ မြို့ထဲမှာ သူ့ကို တွေ့ဖို့ သတ္တိတွေတောင် စုဆောင်းခဲ့တာ... ဒါပေမယ့် ဒီပညာတော်သင်လေးကို ငါ့မြေခွေးမျိုးနွယ်က အလွယ်တကူ ဖမ်းမိသွားတာပဲ မဟုတ်ဘူးလား.. ပြီးတော့ သူ့ကို ယန်းကျစ်လမ်းကြားထဲ ဝင်သွားတာ တွေ့လိုက်တယ်... ပြန်မထွက်လာတာ ရက်အတော်ကြာနေပြီလေ"

သူမသည် ပို၍ပို၍ ဝမ်းနည်းပူဆွေးလာပြီး "သူ လမ်းပျောက်နေတာများလား" ဟုဆိုသည်။

ချန်ရှီ နောက်ပြန် လှည့်ကြည့်လိုက်တော့ ယန်းကျစ်လမ်းကြားက သူတို့အနောက်မှာ ရှိနေတာကို တွေ့လိုက်ရ၏။

"အဲဒီကနေထွက်သွား" သူမက အပြင်ကို ညွှန်ပြလေသည်။

"အလင်္ကာ... ဥပစာ ယန်းကျစ်လမ်းကြားမှာ လမ်းတွေ အများကြီးရှိတယ် အဲဒါတွေက အပြန်အလှန် ချိတ်ဆက်ပြီး ပြည့်တန်ဆာတွေလည်း အများကြီးရှိ​ကြတယ် သူ ဆုံးသွားတာ ဖြစ်မယ်"

သူမက သက်ပြင်းချလိုက်ပြီး ရုတ်တရက် ရယ်မောလိုက်ပြန်သည်။

"နေမင်းကြီးက ငါ့ပုံစံမဟုတ်ဘူး ငါ သူ့ကို ဂရုမစိုက်​တော့ဘူး! ငါထွက်သွားဖို့ စိတ်ကူးထားပေမယ့် မြို့ပြင်မှာ တံတိုင်းက ဆောက်လို့မရဘူး ဖြစ်နေတယ်လေ... မြေအောက်မှာ နတ်ဆိုးတစ်ကောင် ရှိ​နေတယ်လို့ ငါထင်ခဲ့သားပဲ ငါကြည့်လိုက်တော့ နင်က နံ့သာသခင်ချန်ကို တိုက်ချလိုက်တယ်လေ... အရမ်းမြန်လွန်းလို့ နင့်နောက်ကို လိုက်လာတာတောင် မမှီလိုက်ဘူး... နင် ဒီလမ်းကြားကို လာကြည့်မယ်လို့တောင် မမျှော်လင့်ထားဘူး။"

သူမက ချန်ရှီကို အပြုံးတစ်ဝက်ဖြင့် ကြည့်လိုက်သည်။

"ယောက်ျားတွေလည်း ဈေးဝယ်ထွက်လို့ ရတယ်မလား... ငါတို့လည်း အတူတူပဲ... ငါတို့ ညဈေးကိုတောင် အတူတူ သွားဖူးတယ်၊ ဝမ်ချိုင်ကျောင်းတော်မှာ အတူတူ အိပ်ဖူးတယ်၊ ပညာတော်သင်ဘွဲ့နဲ့ နယ်ချဲ့ စာမေးပွဲတွေ အတူတူဖြေတယ်၊ ​​အတူတူ ပြည့်တန်ဆာအခန်းကို သွားရမယ်လို့ မမျှော်လင့်ထားဘူး... အရမ်းစိတ်ဝင်စားဖို့ ကောင်းတာပဲ..ယ ဘယ်မိန်းကလေး ကြိုက်လဲ ငါ အာမခံပေးမယ် စျေးလည်း လျှော့ပေးမယ်"

ချန်ရှီက ခေါင်းခါလိုက်၏။

"နတ်ဆိုးတွေကို ဖယ်ရှားဖို့ လာတာ"

ဟူဖေးဖေး အံ့သြသွားပြီး :"နတ်ဆိုးတွေလား? မြို့ထဲမှာ နတ်ဆိုးတွေ ဘယ်လိုလုပ်ရှိနိုင်မှာလဲ"

ချန်ရှီ ပြုံးပြလိုက်ပြီး: "ဒီမြို့ မှာ နတ်ဆိုးကြီး ရှိတယ်... "

သူသည် ဤယန်းကျစ်လမ်းသွယ်ကို ဖြတ်လျှောက်ပြီးနောက် အခြား ယန်းကျစ် လမ်းသွယ်ထဲသို့ ဝင်ခဲ့သည်။ နှစ်ဘက်လုံးတွင် တည်းခိုခန်းများ ရှိသည်။ ဟူဖေးဖေး အံအားသင့်သွားရတာက ဒီလမ်းကြောင်းတွေကို ချန်ရှီ အလွန်ရင်းနှီးနေခြင်းပင်။

"အစ်ကိုချန်...နင် ဒီမှာကစားနေတာ ဘယ်နှစ်ရက်ရှိပြီလဲ... ဒီမှာနေနေတာလား ဒီလမ်းတွေကို ဘယ်လိုလုပ် သိတာလဲ"

ချန်ရှီ ရုတ်​တရက်​ ရပ်​ပြီး ခြံဝင်းကြီးဆီသို့ လှမ်းကြည့်​လိုက်​သည်​။ ဟူဖေးဖေးမှာ သူ့နောက်ကျောကို ထိလုနီးပါး ဖြစ်သွားတာမို့ အမြန်ရပ်ကာ သူကြည့်နေသည့် လမ်းကြောင်းဆီသို့ လှမ်းကြည့်လိုက်သည်။ ထိုခြံဝင်းသည် နက်နဲပြီး တိတ်ဆိတ်နေတာ သူမ မြင်လိုက်ရသည်။

၎င်းသည် ယန်းကျစ်လမ်းကြားထဲမှာပဲ ဖြစ်သော်လည်း အနောက်ဘက်လမ်း ဖြစ်သည်။ အဲဒီမှာ တည်းခိုခန်းတွေ မရှိချေ။ ထိုနေရာသည် မိန်းကလေးများ အနားယူ အိပ်စက်သည့်နေရာဖြစ်သည်။ အခုအချိန်မှာတော့ မိန်းကလေးတွေအားလုံးက တခြားလမ်းတွေပေါ်က ပြည့်တန်ဆာခန်းတွေထဲ ရောက်နေတော့ အဲဒီနေရာက ပိုတိတ်ဆိတ်ပြီး နည်းနည်းတော့ ကြောက်စရာကောင်းနေပုံ ပေါ်၏။

ဟူဖေးဖေးသည် ခြံထဲသို့ ကလေးမလေးတစ်ယောက် ပြေးဝင်လာတာ မြင်လိုက်ရတာကြောင့် စိတ်ရှုပ်သွားသည်။

ချန်ရှီ: "ဟေးကော် မင်း အခုနက လူကို လိုက်နေတာလား ဒါမှမဟုတ် တစ္ဆေတစ်ကောင်ကိုများ လိုက်နေတာလား"

ဟေးကော် အမွေးများ ထောင်သွားသည်။

"မင်း အခုနက သကြားလုံးတွေကို စားပြီးပြီလား... မင်း ဘာစားခဲ့တာလဲ"

နက်နဲသော ခြံဝင်းထဲသို့ လျှောက်ဝင်သွား​ကြသည်။ ဟူဖေးဖေးက သူ့နောက်ကို လိုက်လာရင်း လှည့်ပတ်ကြည့်နေ၏။ ကျောက်တိုင်ဘေးမှာ တစ်ယောက်တည်း ကစားနေတဲ့ ကလေးမလေးကလွဲလို့ ခြံထဲမှာ ဘယ်သူ့ကိုမှ မတွေ့ရပါ။ သူမသည် တစ်စုံတစ်ယောက်နှင့် စကားပြောနေသကဲ့သို့ ညည်းတွားနေသည်။

ချန်ရှီရဲ့ မျက်လုံးထဲတွင်တော့ ခြံထဲမှာ လူ​တွေ ပြည့်နေသည်။

မရေတွက်နိုင်သော အမျိုးသမီးများပင်။

တချို့က ရေတွင်းနားမှာ ထိုင်ကာ၊ တချို့က စင်္ကြံဘေးမှာ ထိုင်ကာ၊ တချို့က တံစက်မြိတ်အောက်မှာ ရပ်နေကြသည်၊ တချို့ကလည်း ထောင့်မှာ ကွေးကောက်ပြီး တချို့က သူတို့ဘက်လှည့်လျက်၊ တချို့က အဖြူရောင်နံရံကို မျက်နှာမူပြီး ဇီးသီးပွင့်တွေ ခြယ်သနေကြသည်။

တချို့က နန်းဆောင်အောက်မှာ စောင်းတီးလျက်၊ တချို့က ရေကန်ဘေးမှာ ကလျက်၊ တချို့ မိန်းကလေးတွေက စစ်တုရင်ကစားနည်းကို ခက်ခက်ခဲခဲ တွေးနေကြလျက်၊ တချို့က ကျင့်ဝတ်တွေကို အလေးအနက်ထားပြီး သင်ယူနေကြသည်။

ရံဖန်ရံခါ ပျောက်ကွယ်သွားတတ်သည်။ ရုတ်တရက် ပြန်ပေါ်လာတဲ့အခါ သွေးများစွာ ဖုံးလွှမ်းထားကာ ကြောက်မက်ဖွယ်ကောင်းသော မျက်နှာများဖြင့် ပြန်ပေါ်လာသည်။

သူတို့ရဲ့ အသက်အရွယ်က ကွဲပြားပြီး အသက်အကြီးဆုံးက အသက် ၂၀ ဝန်းကျင်သာရှိပြီး အငယ်ဆုံးက ၁၁ နှစ် ဒါမှမဟုတ် ၁၂ နှစ်ပဲ ရှိပါသေး၏။

ဟေးကော် အခုနက သကြားလုံး လုစားခဲ့တဲ့ ကောင်မလေးက ခေါင်းငုံ့ပြီး သူ့ဘေးနားက အမျိုးသမီးနဲ့ စကားပြောရင်း မြေကြီးပေါ်က ပုရွက်ဆိတ်တွေကို ကျီစားနေသည်။ ထိုအမျိုးသမီးသည် ကိုယ်ဝန်ရှိ​နေသကဲ့သို့ ဗိုက်ကြီးကြီးနှင့် သူမကို ချစ်စဖွယ်​လေး ကြည့်​နေသည်။

"အဒေါ်... အဲ့ခွေးက နတ်ဆိုးပဲ... သူ သမီးသကြားလုံးကို ခိုးသွားတာ!"

ဟေးကော်ကို မြင်သောအခါ ကလေးမလေးက ဒေါသတကြီးနဲ့ တိုင်ပြော​လေသည်။

ကိုယ်ဝန်ဆောင် အမျိုးသမီးသည် ရုတ်တရက် ခေါင်းလှည့်ကာ သူတို့ကို ကြည့်လာ၏။ ခန္ဓာကိုယ်ကလည်း ရုတ်တရက် လူသတ်ချင်လာသော ဆိုးရွားသော ရောင်ဝါတစ်ခု ပေါ်လာသည်။

ဟေးကော်က တစ်ချက် ဟောင်လိုက်တဲ့အခါ ကိုယ်ဝန်ဆောင် အမျိုးသမီးက ကြောက်လန့်သွားပုံဖြင့် တုန်သွား၏။ ခြံထဲမှ သရဲတစ္ဆေတွေ တစ်ဝက်လောက်ကလည်း သေမတတ် ကြောက်သွားကြကာ အားလုံး လူစုခွဲပြီး ပုန်းနေကြတော့သည်။

ဗိုက်ကြီးသည် တစ္ဆေက ကလေးမလေးကို နာကျင်စေမှာကို ကြောက်သောကြောင့် သူမသည် ကလေးမလေး၏ ရှေ့တွင် ဝင်ကာရပ်လိုက်လေသည်။

ချန်ရှီ ရှေ့သို့ လျှောက်သွားကာ လက်ခလယ်ကို လက်မ လက်သည်းဖြင့် ဖိကာ အခြားလက်ချောင်းသုံးချောင်းကို ဒေါင်လိုက် ဆန့်ထုတ်ကာ တစ္ဆေတံဆိပ်တစ်ခု ဖန်တီး၍ ဗိုက်ကြီးသည် တစ္ဆေအမျိုးသမီး၏ မျက်ခုံးအလယ်ကို ဖိလိုက်သည်။

ချန်ရှီရဲ့ အကြည့်ကို သူမတွေ့ရသည်။ လူငယ်လေး၏ မျက်လုံးများသည် ခွေးဆိုး၏ ရက်စက်သော အကြည့်နှင့် မတူဘဲ နူးညံ့သိမ်မွေ့ပြီး အငြိုးအတေးကင်းကြောင်း ခံစားလိုက်ရသည်။

ချန်ရှီ မျက်လုံး မှိတ်ထားလိုက်သည်နှင့် ဗိုက်ကြီးသည် တစ္ဆေ၏ ဘဝအတွေ့အကြုံ အားလုံးက သူ့စိတ်ထဲမှာ တရိပ်ရိပ် ပေါ်လာသည်။

သူမသည် ကောင်းကင်အဘွားအဖွဲ့အစည်းက ဖမ်းဆီးခေါ်ဆောင်သွားသော ကလေးဖြစ်ပြီး အခြားမိန်းကလေးငယ်များနှင့်အတူ ယွိတူး၌ ရောင်းစားခံခဲ့ရသည်။ ယန်းကျစ်လမ်းကြားက မိန်းမကြီးက ၎င်းတို့ကို ဝယ်ယူထား၏။ တူညီသောနောက်ခံရှိ မိန်းကလေးများစွာရှိသည့် ဤဝင်းကျယ်ကြီးတွင် နေထိုင်ရန် စီစဉ်ပေးသည်။

သူတို့သည် ဂီတ၊ စစ်တုရင်၊ လက်ရေးလှနှင့် ပန်းချီပညာကို သင်ယူခဲ့ကြပြီး အမျိုးသားများကို နှစ်သက်အောင် လုပ်နည်းများကိုလည်း သင်ယူခဲ့ကြသည်။ မလုပ်နိုင်ရင် အရိုက်ခံရလိမ့်မည်။ မိန်းကလေးတချို့မှာ ရိုက်နှက်ခံရပြီး အချို့မှာ သည်းမခံနိုင်တာကြောင့် ရေတွင်းထဲသို့ ခုန်ချ သတ်သေကြသည်။

တချို့မှာ နံရံနှင့် ခေါင်းချင်းဆောင့်ကာ သေဆုံးကြပြီး အချို့မှာ တံစက်မြိတ်အောက်တွင် ကြိုးဆွဲချ သေဆုံးခဲ့ကြသည်။

သူမသည် အသက်ရှင်ချင်တာကြောင့် ဧည့်သည်များကို ဖျော်ဖြေရန် ရွေးချယ်ခဲ့သည်။ တစ်ကြိမ်တွင် ကိုယ်ဝန်ရှိ၍ ကလေးမီးဖွားစဉ်တွင် ရောဂါဝေဒနာကြောင့် ကွယ်လွန်ခဲ့သည်။ ဒီလိုနဲ့ သူမဟာ ဒီလိုဗိုက်ကြီး​နေတဲ့ အမျိုးသမီးတစ္ဆေ ဖြစ်လာခဲ့သည်။

သူ့ဗိုက်ထဲက ကလေးလေးကတော့ အသက်ရှင်ကျန်ခဲ့သည်။ သေပြီးနောက် မွေးလာတာကြောင့် သူမရဲ့မျက်လုံးတွေက ယင်းယန်ကို ပိုင်းခြားနိုင်ပြီး သရဲတစ္ဆေတွေနဲ့ နတ်တွေကို မြင်နိုင်ပါ၏။

ချန်ရှီ သူ့လက်ကို ရုတ်လိုက်ပြီး ကောင်မလေးကို ကြည့်ကာ ပြုံးပြုံးလေးနဲ့ ပြောလိုက်သည်။

"ညီမလေး မင်းနာမည် ဘယ်လိုခေါ်လဲ"

ကလေးမလေးက ဖြောင့်စင်းနေသော နှာတံဖြင့် မော့ကြည့်ကာ "ရှောင်ကျာကျုံ" ဟု ပြုံးကာ ပြောလိုက်သည်။

"ဒီကိုလာစမ်း! ရှောင်ကျာကျုံ!"

တံခါးအပြင်ဘက်က အမျိုးသမီးတစ်ယောက်ရဲ့ အသံက မိုးခြိမ်းသံကြီးလို ထွက်ပေါ်လာသည်။

"နင်ဘာလို့ ဒီကို ရောက်နေတာလဲ"

ကလေးမလေးက ချန်ရှီ အနီးသို့ အမြန်ပြေးသွားခဲ့သည်။ ချန်ရှီလည်း သူမလက်ကို ဖမ်းဆွဲထားလိုက်ရာ နွေးထွေးသွားတာကြောင့် ဒါဟာ လူ့လက်တစ်စုံမှန်း သဘောပေါက်လိုက်၏။

လှည့်ကြည့်လိုက်တော့ တံခါးအပြင်ဘက်မှာ လူလတ်ပိုင်း အရွယ် အမျိုးသမီးတစ်ယောက် ရပ်နေတာကို တွေ့လိုက်ရသည်။ သူမသည် အရပ်ရှည်ပြီး ချောမောလှပပါသည်။ ပါးစပ်အောက်ထောင့်တွင် သိသိသာသာ မြင်နေရသော မှဲ့နက်တစ်ခုရှိသည်။

ကလေးမလေး: "အမေကြီး!"

အမေကြီး ဆိုတာက သူမရဲ့ အမည်ဖြစ်သည့် ယန်းကျစ်လမ်းကြားက အဒေါ် ဖြစ်သည်။ ဒီမှာရှိတဲ့ ပြည့်တန်ဆာတွေ အားလုံးက သူမကို “အမေကြီး” လို့ ခေါ်ကြပါ၏။

အဘွားကြီးရဲ့ မျက်လုံးများက မှိတ်တုတ်မှိတ်တုတ် အလင်းများဖြင့် ချန်ရှီကို ကြည့်ကာ ပြောလာသည်။

"ချန်ရှီ... သခင်လေးက မင်းကိုတွေ့ရင် သူ့ကိုယ်စား နှုတ်ဆက်​ပေးဖို့ မှာလိုက်ပါတယ်"

All Chapters