← Chapters

နှလုံးသားက ချောင်းမြောင်းနေတဲ့ ကျားတစ်ကောင်လိုပဲ၊ နိုးလာတဲ့အခါ လူတွေကို နာကျင်စေမယ့် ခြေသည်းတွေ၊ အစွယ်တွေကို ထုတ်ပြလိမ့်မယ်

Vol. 14 Ch. 200

နှလုံးသားက ချောင်းမြောင်းနေတဲ့ ကျားတစ်ကောင်လိုပဲ၊ နိုးလာတဲ့အခါ လူတွေကို နာကျင်စေမယ့် ခြေသည်းတွေ၊ အစွယ်တွေကို ထုတ်ပြလိမ့်မယ်

Vol. 14 Ch. 200

ချန်ရှီရဲ့ မျက်လုံးများက အမေကြီးအပေါ် ကျရောက်လာစဥ် မျက်ခုံးများ အနည်းငယ် ကြွလာပြီး သူ့အင်္ကျီလက်များက တဖြည်းဖြည်း တဖျပ်ဖျပ် လွင့်လာသည်။ နက်နဲသော ဤ​ခြံဝင်းထဲတွင် လေမရှိသော်လည်း ချီစွမ်းအင်များကြောင့် လေအေးစီးကြောင်းများက စီးဆင်းနေသည်။

ကောင်လေးရဲ့ အဝတ်တွေကို လေတိုက်သလိုမျိုး လွင့်လူးနေစေ၏။

အဘွားအိုသည် ယောက်ျားတိုင်းကို မြင်နိုင်ဖူးသောကြောင့် ယောက်ျားတွေနဲ့ ပတ်သက်ရင် ဉာဏ်ပညာက ရင့်ကျက်နေပြီ။ သို့သော် ကြည်လင်သော မျက်လုံးများနှင့် လိင်ဆန္ဒမရှိသော ချန်ရှီလို ကလေးတစ်ယောက်ကတော့ သူမကို အနည်းငယ် ထူးဆန်းစေသည်။

သူမသည် အသက် ၄၀ ကျော်​နေသော်လည်း သူ့ကိုယ်သူ ကောင်းမွန်စွာ ဂရုစိုက်ထားတာကြောင့် အသက် ၃၀ အစောပိုင်း အရွယ်လေးလိုပင်။ အသားအရေက ချောမွတ်ပြီး နူးညံ့သည်။ ခန္ဓာကိုယ်တွင် အဆီပိုမရှိသလို ပျောက်နေသောအသားလည်း မရှိပါ။

ရှိသင့်တဲ့နေရာမှာ ရှိသင့်တာတွေ ရှိသည်။

သူမရဲ့ စိတ်နေစိတ်ထားက တခြားကမ္ဘာမှဖြစ်ပြီး တခြားသူများထက်စာရင် မြင့်မြတ်သော နတ်သမီးတစ်ဦးရဲ့ ခံစားချက်ကို ပေးစွမ်းနိုင်သော်လည်း တစ်ချိန်တည်းတွင် သူမသည် တပ်မက်မှုအပြည့်ရှိကာ ဆန့်ကျင်ဘက် အနေဖြင့် အလွန်ပြင်းထန်သည်။

ဒါက မွေးမြူရခက်တဲ့ စိတ်ထားတစ်ခုပင်။

စိတ်နေစိတ်ထားကို မွေးမြူထားရသလို ဂီတ၊ စစ်တုရင်၊ လက်ရေးလှနှင့် ပန်းချီကစားခြင်းသည် မြင့်မြတ်သော မိသားစုမှ အမျိုးသမီးတစ်ဦးရဲ့ ပုံပန်းသဏ္ဌာန်အတိုင်း လေ့ကျင့်ထားခဲ့လေ၏။ တရားထိုင်တာက နတ်သမီးရဲ့ အခြားလောကီစိတ်ထားကို မမွေးမြူစေနိုင်ပေ။

လူအများကြားတွင် လှည့်ပတ် သွားလာနေရတာက ဇာတိဆန္ဒကို မွေးမြူနိုင်သည်။ ပြီးရင် ဒီစိတ်နေစိတ်ထားတွေကို ပေါင်းစပ်ပြီး သင့်ကိုယ်သင် အလှတရားအဖြစ် ပြောင်းလဲနိုင်ပါ၏။ တချို့ ယောက်ျားများသည် သူမအား ထိန်းမနိုင်သိမ်းမရ တပ်မက်စိတ်များ အပြည့်ဖြင့် ထိုမိန်းကလေးငယ်များထက်ပင် ပို၍ စိတ်အားထက်သန်စွာ ကြည့်နေတတ်ကြသည်။

ဟူဖေးဖေးတောင် သူမကို မြင်သောအခါ သူမကိုယ်သူမ ​ပြန်ရှက်သွားရသည်။ သူမရဲ့ နည်းလမ်းတွေက ဒီအမျိုးသမီးနဲ့ ယှဉ်ရင် ဘာမှကို မဟုတ်တော့ချေ။ စွင်းကျန့် ယန်းကျစ်လမ်းကြားမှာ အဆုံးသတ်သွားတာ အံ့သြစရာတော့ မရှိပါ။

သို့သော် သူမရဲ့ ကျက်သရေနဲ့ ဆွဲဆောင်မှုတွေက ချန်ရှီရဲ့ လိင်ဆန္ဒကို အနည်းငယ်မျှပင် မနှိုးဆွနိုင်ပေ။

အမေကြီးကလည်း ချန်ရှီရဲ့ အမူအရာကို မြင်သောအခါ သူမသည် သံမဏိဖြင့် ပြုလုပ်ထားသော လူငယ်တစ်ဦးအား စိတ်ထဲကနေ သူ့ကို ချီးမကျူးဘဲကို မနေနိုင်ပေ။

အစိုင်အခဲ တစ်မျိုးပဲ!

ချန်ရှီက ဟိုဟိုဒီဒီ ကြည့်လိုက်သည်။

"ယန်းကျစ်လမ်းကြားက သခင်​လေးရဲ့ ပိုင်ဆိုင်မှုပေါ့လေ...အဲ့သခင်လေး ဘယ်မှာလဲ သူ့ကို တွေ့ကြည့်ချင်လို့..."

ဒီအိမ်ကြီးထဲမှာ အသုံးတည့်တဲ့ အရာတွေ အများကြီးရှိနေတာကို သူ သတိထားမိသည်။

စင်္ကြံလမ်းက ထင်းဟာ လူကိုသေစေနိုင်သည်။ ထောင့်ရှိ ပန်းများအတွက် အသုံးဝင်သော ကြွေပန်းအိုးကလည်း ကျိုးသွားပါက အလွန်စူးရှသည်။ ရေတွင်းလည်း အရမ်းကောင်း၏။ လူတစ်ဦးကို ရေတွင်းထဲသို့ ဦးစွာပစ်ချထားပြီး မိုးကြိုးငါးလုံးအဆောင်လက်ဖွဲ့ကို ရေတွင်းထဲ ပစ်ချလိုက်ရင် ရေတွင်းအတွင်း ပေါက်ကွဲမှုကြီး ဖြစ်သွားလိမ့်မည်။

တံခါးရှေ့မှာ ကျောက်ခြင်္သေ့ နှစ်ကောင်ရှိသည်။ သူတို့ခေါင်းကို ရိုက်မိတဲ့အခါ ဦးခေါင်းကွဲသွားမလား၊ ကျောက်ခြင်္သေ့တွေကပဲ အရင်ကွဲသွားမလား မသိနိုင်ပါ။ သို့သော်လည်း ချန်ရှီရဲ့ မျက်လုံးများကို အဖမ်းဆုပ်နိုင်ဆုံးအရာမှာ ​ခြံထောင့်ရှိ ကွေ့ဖေးဝါးပင်ပဲ ဖြစ်သည်။ ဤဝါးမျိုးက မာကျောတာကြောင့် အလျင်စလို ပစ်နိုင်သည်။

သူအသုံးပြုဖူးသမျှ အထိရောက်ဆုံး လက်နက်ပင်။

"ချန်ရှီ မင်းက ကောင်းတာထက် ပိုဆိုးတာက ပိုများနေတာပဲ... မင်းရဲ့တပ်တွေကို မင်း မြို့ထဲကို မဝင်ခင်မှာ ငှက်တွေအဖြစ် ပြောင်းလဲပြီး စူးစမ်းဖို့ မြို့ထဲကို ဝင်လာလိုက်တယ်... မင်းက ရန်သူကို သတိပေးလိုက်ပြီလို့ ပြောလို့ရတယ်"

အဲဒီအမျိုးသမီးက ပြုံးပြီး ပြော၏။

“မင်း မြို့ထဲကို ဝင်ပြီးကတည်းက မင်းရဲ့ တည်နေရာတွေ မှန်သမျှက သခင်လေးရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီးပြီ”

ချန်ရှီ ခြေသံများကို ဆက်တိုက် ကြားလိုက်ရပြီး နက်နဲသော ဝင်းအပြင်ဘက်မှ အမျိုးသမီးငယ် ငါးဦး လျှောက်လာနေတာ တွေ့လိုက်ရသည်။ သူတို့တစ်ဦးစီသည် နတ်ကွန်းထဲတွင် နတ်သန္ဓေသားတစ်ဦးစီနှင့် ၎င်းတို့၏ လက်ဖဝါးထဲ၌ အခြေတည်ဝိညာဉ်များကို အသင့်ထုတ်ထားကြသည်။

သူတို့က ချန်ရှီနဲ့ နှစ်မီတာလောက်ဝေးတဲ့ တံတိုင်းတစ်လျှောက် သတိထားပြီး လျှောက်လာနေကြသည်။ အကွာအဝေးက အလွန်ပါးနပ်မှန်း သိသာ၏။

ချန်ရှီရဲ့ ရုပ်ပိုင်းဆိုင်ရာ အောင်မြင်မှုများက ပိုမိုအားကောင်းလာပြီ။ ယခုဆို ပိုလို့တောင် သန်မာလာကာ သူ့ခန္ဓာကိုယ်သည် တာအိုခန္ဓာအဖြစ် ပြောင်းလဲသွားသည်။ သူ့ရဲ့ တိုက်ခိုက်မှုများက ပြင်းထန်ပြီး လွှမ်းမိုးချုပ်ကိုင်ထားနိုင်ရာ ခြေတစ်လှမ်းသာသာဖြင့် တခဏအတွင်း နှစ်မီတာအတွင်းပင် ရောက်ရှိနိုင်သည်။ လက်သီးတစ်ချက်က အခြေတည်ဝိညာဥ်ရဲ့ စွမ်းအားနယ်မြေကို ထိုးဖောက် ဝင်ရောက်သွားနိုင်သည်။

ဒါပေမဲ့ အကွာအဝေး နှစ်မီတာထက် ကျော်လွန်တဲ့အခါ ခွန်အားတွေ၊ လက်သီးနဲ့ ကန်ချက်တွေက သိပ်မမြန်နိုင်တော့ပါ။ အကွာအဝေး နှစ်မီတာထက် ပိုနေရင် အဆောင်လက်ဖွဲ့ စွမ်းအင်ကသာ ပိုမြန်ပါလိမ့်မည်။

သူတို့ရဲ့ ခြေလှမ်းတစ်ခုစီသည် နှစ်မီတာတိတိ ရှည်လျားသည်။ ချန်ရှီရဲ့ နှစ်မီတာအကွာကို မလှမ်းဖို့ တစ်စုံတစ်ယောက်က သတိပေးခဲ့တာ ထင်ရှားသည်။

"သခင်လေးက မင်း ဟွမ်ဖောရွာမှာ ကျောက်မိသားစုဝင်တွေကို သတ်ပြီးကတည်းက မင်းရဲ့တိုက်ပွဲတွေကို လေ့လာခဲ့တာ... ငယ်ငယ်က တိုက်ပွဲတိုင်းကို လေ့လာတယ်"

အမေကြီးက ပြုံးနေ၏။

"မင်းရဲ့ အသန်မာဆုံးအချက်တွေက မင်းရဲ့ရုပ်ခန္ဓာနဲ့ တိုက်ခိုက်ရေးအသိပဲလို့ ပြောတယ်... ရွှေကိုယ်ထည်ကျင့်စဥ်ကို မလေ့ကျင့်ဖူးပေမယ့် မင်းရဲ့ခန္ဓာကိုယ်က တကယ့်ရွှေကိုယ်ခန္ဓာနဲ့ ယှဉ်နိုင်တယ်... မင်းရဲ့ လေ့ကျင့်မှုအရတော့ မင်းရဲ့တိုက်ပွဲအကွာအဝေးက နှစ်မီတာလို့ သတ်မှတ်နိုင်တယ်.. နှစ်မီတာကျော်ရင် မင်း အကူအညီမဲ့ဖြစ်ပြီး အ​ဆောင်လက်ဖွဲ့ စွမ်းအင်တွေကိုပဲ သုံးနိုင်တော့မှာ"

သူမ လက်ခုပ်တီးလိုက်တဲ့အခါ ချောမောလှပသော မိန်းမပျိုငါးဦးက အသီးသီး အပ်ချုပ်သေတ္တာကို ထုတ်ကာ လက်ဖဝါးထဲ​တွင် ကိုင်ထားကြတာ တွေ့လိုက်ရသည်။ အပ်ချုပ်ပုံးကို ဖွင့်လိုက်တဲ့အခါ အထဲမှာ ငွေအပ်တွေ ရှိနေတာ တွေ့လိုက်ရသည်။

အပ်က ခြောက်လက်မရှည်ပြီး ဖိနပ်ချုပ်ရန်အသုံးပြုသည့် အပ်ကြီးထက် ပိုရှည်သော်လည်း နွားမွေးကဲ့သို့ ပါးလွှာသည်။

"ဒီအပ်မျိုးက ဖုန့်ဖေးဟွားရဲ့ လက်ထဲက ရွှေအပ်ကို အတုယူလုပ်ထားတာလေ... သခင်လေးက ဖုန့်ဖေးဟွားနဲ့ တွေ့ဖူးတယ် သူက သူ့ရွှေအပ်ကို သုံးရက်လောက် ငှားပြီး ရွှေကိုယ်ထည်ကို ဖောက်ထွင်းဖို့ အထူး နည်းလမ်းတွေသုံးပြီး ဒီငွေအပ်ကို လုပ်ခဲ့တာ"

ချန်ရှီရဲ့ မျက်လုံးထောင့်များ တုန်လှုပ်သွားသည်။ ထိုအမျိုးသမီးများရဲ့ အပ်ချုပ်သေတ္တာများပေါ် သူ့အကြည့်များ ပြုတ်ကျသွားသည်။ ပန်းနီရောင်ပန်းပွင့်နဲ့ အမျိုးသမီးငယ်တစ်ဦးက ငွေအပ်တစ်ချောင်းကို ဂရုတစိုက် ကောက်နေတာကို သူတွေ့လိုက်သည်။ အပ်သည် အလွန်ပါးလွှာတာကြောင့် အင်အား အနည်းငယ် သုံးလိုက်ရုံဖြင့် ကွေးသွားသကဲ့သို့ အနည်းငယ် တုန်ခါသွားသည်။

သို့သော် ဤပျော့ပျောင်းသော အပ်တစ်ချောင်းက သူ့ကို ကြီးစွာသော ဖိအားကို ဖြစ်​ပေါ်လာစေခဲ့သည်။

"ဒီအပ်က အရမ်းပါးလွှာတယ်... ဒါပေမဲ့ သခင်လေးက အပ်တစ်ချောင်းရဲ့ ထိပ်ဖျားမှာ အဆောင်စာလုံး သုံးမျိုး ထွင်းခိုင်းဖို့ ဆရာတော်က ပင့်ခဲ့ဖူးတယ်...အပ်ပေါ်မှာ အဆောင်စာလုံး ၄၆ မျိုးကိုလည်း ရေးထားသေးတယ်... ”

အဘွားကြီးက ရတနာတွေအားလုံးကို စာရင်းပြုစုပြနေသည်။

“အပ်တစ်ချောင်းစီက ငွေတစ်ထောင်လောက် ကုန်ကျတယ်”

အနီရောင်ပန်းပွင့်နှင့် အမျိုးသမီးက သူ့လက်ထဲတွင် ငွေအပ်ကို တိုက်တွန်းလိုက်တဲ့အခါ ငွေအပ်က တိတ်တဆိတ် ပျံသန်းသွားသည်။ ချန်ရှီ မျက်လုံးများသည် ငွေအပ်ရဲ့ ရွေ့လျားမှုနောက်သို့ လိုက်သွားသော်လည်း ငွေအပ် ဦးတည်ရာကိုသာ မဖမ်းဆုပ်နိုင်ခဲ့။ လျင်မြန်စွာဖြတ်သွားသော အရိပ်သေးသေးလေးကိုသာ သူမြင်လိုက်ရသည်။

အမျိုးသမီးက သူ့လက်ကို မြှောက်ပြီး ငွေအပ်ကို ပြန်ဖမ်းထားလိုက်သည်။ ဤအခိုက်အတန့်လေးတွင် ငွေအပ်သည် နက်နဲသော ဝင်းအတွင်း ပျံဝဲနေပြီ ဖြစ်သည်။

“ဒီငွေအပ်တွေက စုစုပေါင်း ၄၅ ချောင်းရှိတယ်...အပ် ၄၅ ချောင်း... အခြေတည်ဝိညာဥ် နယ်ပယ်က လူလေးယောက်နဲ့ဆို မင်းကို ဒီမှာသတ်ဖို့ လုံလောက်ပြီလား"

ချန်ရှီက လေးနက်တဲ့ အမူအရာနဲ့ ပြန်ပြောလေ၏။

"သခင်လေးက ငါ့ကို ကောင်းကောင်း သိနေတာပဲ... ငါသူ့ကို တွေ့လို့ရမလား"

အမေကြီးက ပြုံးပြီး။

"သခင်ငယ်က အခု မြို့ထဲမှာမရှိလို့ သူ့ကို မတွေ့ရတော့တာပါ... ချန်ရှီ ဖီးနစ်တောင်ထွတ်မှာ ရလိုက်တဲ့ အကျိုးအမြတ်တွေကြောင့် မင်းရဲ့အခြေခံမူတွေကို မေ့သွားပြီလား... ဝိညာဥ်ပြန်ကြာပန်းကို လိုချင်တပ်မက်ပြီး ထိုက်ဖျင်ဂိုဏ်း တစ်ခုလုံးကို သတ်ပစ်လိုက်တယ်ပေါ့... မင်းရဲ့ရာဇ၀တ်မှုက အရမ်းမိုက်မဲတယ်... သခင်လေးက အရမ်းဒေါသကြီးတယ်ရယ်... မင်းကို လိုက်ရှာဖို့ အမိန့်ပေးခဲ့ပေမယ့် မင်းက သတ်ပစ်တယ် ဖေရှူးရှန်းပဲ အသက်ရှင်လျက် လွတ်မြောက်လာခဲ့တယ်... ဒါတွေအားလုံး မင်းလုပ်ခဲ့တာတွေ ငါ မင်းကို မတရားစွပ်စွဲခဲ့တာ မဟုတ်ဘူးနော်"

သူမ စကားဆိုပြီးသည်နှင့် အမျိုးသမီးတစ်ဦးသည် ရုတ်တရက် လက်ကိုဝှေ့ယမ်းလိုက်ရာ သူမ၏ အခြေတည်ဝိညာဉ်သည် မီးလုံးတစ်လုံးကို ပစ်လွှတ်ကာ ခြံဝန်း ထောင့်စွန်းရှိဝါးကို ပြာကျသွားစေခဲ့သည်။

ချန်ရှီရဲ့ မျက်လုံးထောင့်များ တုန်လှုပ်သွားပြန်သည်။ သာမန်လူတစ်ယောက်က ဤဝါးများကို ဂရုမစိုက်သော်လည်း သခင်လေးရဲ့ အမိန့်အရ ဧကရာဇ်ကိုယ်လုပ်တော်လို မိန်းကလေးကတော့ ဝါးကို ဖျက်ဆီးပစ်ခဲ့သည်။

သခင်လေးက သူ့ကို ကောင်းကောင်း သိနေတာပဲ။

"ကျွန်တော်လုပ်တာပါ..."

ချန်ရှီ ဝန်ခံလိုက်သည်။

အမျိုးသမီးက: "သခင်လေးက အခင်းဖြစ်တဲ့ နေရာကို စုံစမ်းဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်ပေမယ့် သူ အသတ်ခံလိုက်ရတယ်... သခင်လေး အဲဒါကို လေ့လာပြီး မင်းလုပ်ခဲ့တာ မဟုတ်ဘူး ဆိုတာကို တွေ့လိုက်ရတယ်... အဲဒီဟာကို လုပ်တဲ့သူက မင်းထက် ပိုအားသန်တယ်၊ ဉာဏ်ပိုကြီးတယ်... ဘယ်သူလဲဆိုတာ သိလိမ့်မယ် ထင်တယ်"

ချန်ရှီ အနည်းငယ် ခေါင်းညိတ်​ပြလိုက်သည်။ ယွိထျန်းချန်က နတ်ပြောင်းလဲခြင်းနယ်ပယ်က သခင်ဖြစ်သည်။ သူ့ရဲ့ စိုက်ထုတ်စွမ်းအားက မိမိထက် အများကြီး ပိုမြင့်ပေ၏။

အမေကြီးက ဆက်ပြောပြန်သည်။

"ဝိညာဥ်ပြန်ကြာပန်းကို ဝိညာဥ်ရှင်ပြန်ဆေး သန့်စင်ပြီး ကျွိရှန်အဆောက်အအုံမှာ ရောင်းနေတာသိလို့ လူလွှတ်လိုက်တယ်... လူ၇ယောက်မှာ တစ်ယောက်တည်းပဲ အသက်ရှင်လျက် ပြန်လာတယ်.. လူခြောက်ယောက် သေသွားတယ်"

"ဒါလည်း ငါလုပ်ခဲ့တာပဲ" ချန်ရှီက အလွယ်တကူပဲ ဝန်ခံခဲ့သည်။

အမေကြီးက သက်ပြင်းချလိုက်ပြီး "မိတ်ဆွေက ကြီးလေးတဲ့ ရာဇ၀တ်မှုတွေကို သေသေချာချာကို ကျူးလွန်ခဲ့တာပဲ...ဒါပေမဲ့ သခင်လေးက ပြောတယ်.. မင်းက အရည်အချင်းရှိပြီး ကုံကျိုးနဲ့ ရှင်းရှန်မှာ ကျဲယွမ်ဘွဲ့ကို ရထားတာမလို့ အခွင့်အရေး ပေးချင်သေးတယ်တဲ့"

"ကျဲယွမ်ဘွဲ့?"

ဟူဖေးဖေးမှာ ထိုစကားကို ကြားသောအခါ သူမ ချန်ရှီကို မျက်လုံးပြူးကျယ်ကျယ်​လေးဖြင့် ကြည့်ကာ အံ့သြသွားသည်။ ဘယ်သူကမှ စာမေးပွဲ မဖြေရဘူးဆိုတော့ သူက ကျဲယွမ်ဘွဲ့ကို ဘယ်လိုဖြစ်လို့ ရသွားတာလဲ။

ချန်ရှီ: "ဘာအခွင့်အရေးလဲ?"

"ထိုက်ဖျင်ဂိုဏ်းကို ပြန်တည်ဆောက်ပေးပါ... မင်းက ထိုက်ဖျင်ဂိုဏ်းရဲ့ သခင်ဖြစ်လိမ့်မယ်... သခင်လေးက အရည်အချင်း​တွေကို တန်ဖိုးထားတယ် အရည်အချင်းရှိတဲ့သူတိုင်းကို အရေးကြီးတဲ့ အလုပ်တွေကို အပ်လိမ့်မယ်... ကုသိုလ်ကောင်းမှုတွေလုပ်ရင် သခင်ငယ်က ဆုပေးလိမ့်မယ်... ပြင်ပလူမတတ်နိုင်တဲ့ ကိုယ်ခံပညာနဲ့ မိသားစုရဲ့ လျှို့ဝှက်ချက်တွေကို သင်ပေးနိုင်တယ်... မင်းကြိုက်တဲ့မိန်းမရှိရင် လက်ထပ်ပေးလိမ့်မယ်... မင်းကြိုက်တဲ့ မိန်းမရှိပေမယ့် မင်းလက်ထပ်ဖို့ မတောင်းဝံ့ဘူးဆိုရင် သခင်လေးက တံခါးဝအထိ သွားတောင်းရမ်း​ပေးလိမ့်မယ်... သခင်လေးက မင်းကိုတရားဝင်ရာထူး တစ်ခုဝယ်ပေးနိုင်တယ်.. သူဌေးဖြစ်ချင်ရင် ဖြစ်နိုင်တယ်"

ခေတ္တရပ်ပြီး သူမ မျက်နှာလေးက ပျော့ပြောင်းလာသည်။

"ချန်ရှီ... မင်းက စာကျက်တယ်၊ လုံ့လစိုက်ထုတ်ပြီး နောက်ဆုံးတော့ ပညာရှင်တစ်ယောက်ဖြစ်ဖို့ စာမေးပွဲတွေ ဖြေရတယ်... ကျဲယွမ်ဘွဲ့ ရပြီးရင် တရားဝင်ရာထူးရဖို့ စောင့်နေလို့ရပြီ... ဒါပေမဲ့ ဘယ်လောက်ကြာကြာ စောင့်မှာလဲ၊ တစ်နှစ်၊ နှစ်နှစ် ဒါမှမဟုတ် ဆယ်နှစ်တောင်လား... တချို့ ကျဲယွမ်တွေဆို တစ်သက်လုံး စောင့်ဆိုင်းခဲ့ရပေမယ့် တရားဝင်ရာထူးကို မရခဲ့ကြဘူး... ပင်ပန်းဆင်းရဲစွာနဲ့ သူဌေးအဖြစ်နဲ့ပဲ ရပ်တည်နေကြရတယ်... မင်း အိပ်မက်မက်နေတာတွေကို မင်းအတွက်ငါ အတတ်နိုင်ဆုံး စီစဉ်ပေးမယ်"

မိသားစုကြီး တစ်ခုအတွက် ဘယ်လောက်ပဲ လုပ်ပေးပါစေ အသက်ပေးရင်တောင် မိသားစုကြီးတွေက ကိုယ့်ရဲ့အရည်အချင်းတွေနဲ့ ဇွဲကို အသိအမှတ် မပြုဘဲ ဆုမချရင် အရာရှိဖြစ်လာဖို့နေနေသာသာ သူဌေး ဖြစ်ဖို့တောင် မလွယ်ပေ။

သခင်လေးက ဆုလာဘ်များနှင့် ပြစ်ဒဏ်များကို ရှင်းလင်းစွာ သိသည်။ အလှူငွေ ထည့်ဝင်ထားသရွေ့ သူက လုံလောက်သော ဆုလာဘ်များ ပေးလိမ့်မည်။ အလှူငွေများလေလေ ဆုလာဘ်ကြီးလေ ဖြစ်သည်။

အရေးကြီးဆုံး အချက်မှာ သခင်​လေးထံမှလာသော ဆုလာဘ်သည် အလိုချင်ဆုံးအရာ ဖြစ်သည်။ အာဏာကို လိုချင်ရင် အာဏာကို ပေးလိမ့်မယ်။ ငွေလိုချင်ရင် သူပေးမည်။ မိန်းမလိုချင်ရင် မိန်းမကိုပေးလိမ့်မည်။

ယနေ့ကမ္ဘာကြီးထဲတွင် ထိုသို့သော သခင်လေးကို ရှာတွေ့ဖို့က အလွန်ရှားပါးသွားပြီ။

ချန်ရှီရဲ့ မျက်လုံးများသည် ကြိုးတစ်စပေါ် ပြုတ်ကျကာ အဝေးကို လှမ်းကြည့်လိုက်သည်။

လည်ပင်းညှစ်သတ်ရတာက နှေးကွေးလွန်းပြီး မသေနိုင်သူများကို ချည်နှောင်ရန် ကြိုးတစ်ချောင်းအဖြစ် မွမ်းမံပြင်ဆင်ထားခြင်း မရှိပါက ကိုယ့်ကို ပြန်သတ်ပစ်ဖို့ လွယ်ကူသည်။

သူ့မျက်လုံးများက ဟူဖေးဖေးရဲ့ ဦးထုပ်ကို စိုက်ကြည့်လိုက်ပြန်သည်။ အစွန်းနှစ်ဖက်ကို မြှင့်ထားသော ဦးထုပ်၏ နောက်ဘက်ထောင့်များက ကောင်းမွန်လှသည်။

အမေကြီးက လက်ကိုမြှောက်ပြီး ဆံပင်တွေကို အသာအယာ ပင့်တင်ကာ ပြုံးပြလိုက်သည်။

"မင်းက ဆယ်ကျော်သက်အရွယ်ပဲ ရှိသေးတာ မဟုတ်လား.. အလုပ်ရဖို့ နောက်ထပ် ဆယ်နှစ် နှစ်ဆယ်လောက် စောင့်ချင်လို့လား မင်းက အရည်အချင်းရှိလို့ မင်း ဆယ်ကျော်သက်အရွယ်မှာ နယ်ချဲ့စာမေးပွဲ အောင်ပြီးပြီ... မင်းအရင်ကလူတွေလို ဆံပင်နဲ့ မုတ်ဆိတ်မွေး ဖြူတဲ့အထိ စောင့်ချင်လား"

ချန်ရှီက အကြောင်းအရာပြောင်းပြီး "အဒေါ်က ဘာလို့ သူမကို ခွေးကောင်မလေးလို့ ခေါ်တာလဲ"

အဘွားကြီးသည် အနည်းငယ် လန့်ဖျပ်သွားပြီး ကလေးမလေးရဲ့ ခေါင်းကို ထိကာ ပြုံးပြုံးလေးနဲ့ ပြောလိုက်သည်။

"သူ့အဖေက ဘယ်သူလဲဆိုတာ သိလား"

ချန်ရှီ ခေါင်းခါလိုက်ပြီး "မသိဘူး"

အမေကြီးက ညင်သာစွာပြုံးပြီး ကလေးမလေးရဲ့ခေါင်းကို ပွတ်သပ်လိုက်သည်။

“သူ့အမေက နေ့တိုင်းဖောက်သည်တွေ အများကြီးလက်ခံတယ် ဘယ်ယောက်ျားရဲ့ကလေးလဲဆိုတာ သူမ မသိတော့ဘူး... ဒါပေမယ့် ကံမကောင်းစွာပဲ ဒီမိန်းကလေးက ပညာရှင်တစ်ယောက်ကို ချစ်မိသွားတယ်.. ငါတို့လုပ်ငန်းမှာ ယောက်ျားတွေ အများကြီးတွေ့ပြီး လွယ်လွယ်နဲ့ မချစ်သင့်ဘူးဆိုတာ မင်းသိမှာပါ... အကြင်သူက ပြည့်တန်ဆာဖြစ်တယ်... ဘာကြောင့် သီလကို ဆောက်နေရမှာလဲ? ပြီးတော့ ပညာရှင်ကလေးနဲ့ ကိုယ်ဝန်ရသွားတယ်... ပညာရှင်က သူမနဲ့ အတူအိပ်သွားပေမယ့် ပိုက်ဆံမပေးဘူးလေ... သူက လူရိုင်းတစ်ယောက်ပဲ မဟုတ်လား”

သူမက ပြုံးပြီး "လူရိုင်းက မွေးလာတဲ့ ကလေးက လူယုတ်မာပဲလေ မဟုတ်ဘူးလား"

"အဲ့လိုကိုး..."

ချန်ရှီက သူမလက်တွေကို စိုက်ကြည့်နေခဲ့သည်။ အမျိုးသမီးက သူမလက်ကို ကလေးမလေးရဲ့ဘေးကနေ ဘယ်တုန်းကမှ ဖယ်ထုတ်မသွားပေ။

အဘွားအိုက ပြုံးပြီးပြော၏။

"ပုံပြင်လေး ကြားဖူးချင်တာလား... ရှေးခေတ်ကတည်းက အရည်အချင်းရှိတဲ့ အမျိုးသားတွေနဲ့ ချောမောလှပတဲ့ အမျိုးသမီးငယ်တွေအကြောင်း သိချင်တာပေါ့... ဆင်းရဲတဲ့ ပညာရှင်တွေက လူအများစုကို လိမ်လည်လှည့်ဖြားဖို့ လုပ်ကြတယ်... အရည်အချင်းရှိတဲ့ ယောက်ျားလေးတွေမှာ ချောမောလှပတဲ့ မိန်းမတွေရှိပေမယ့် အဆုံးအစကတော့ ဘယ်တော့မှ မကောင်းပါဘူး... ချောမောလှပတဲ့ အမျိုးသမီးတွေ အသက်ကြီးလာရင် ထက်မြက်တဲ့ အမျိုးသားတွေက သမာဓိပျက်လာတတ်တယ်..."

သူမသည် ကလေးမလေးရဲ့ ခေါင်းကို ကိုင်ကာ ခြံဝင်းကျယ်ကြီးဆီသို့ လျှောက်သွားသည်။

အိမ်ရဲ့ ဆန့်ကျင်ဘက် တံခါးက ပွင့်သွား၏။ ဤအိမ်ကတော့ နေရာတိုင်းတွင် လူဆိတ်ညံနေလေသည်။ စောစောက နေရာတိုင်းတွင် သရဲတစ္ဆေအမျိုးသမီးများ ရှိနေသော်လည်း အိမ်၏ ဆန့်ကျင်ဘက်တွင်တော့ နွေဦးရာသီရှုခင်းများနှင့် ပြည့်နှက်နေပြီး ခမ်းနားသည်။

မိန်းကလေးအများစုသည် လက်ရန်းပေါ်တွင်ထိုင်လျက် စောင်းတီးခြင်း၊ တေးဆိုခြင်း၊ မြက်ခင်းစိမ်းပေါ်တွင် လဲလျောင်းခြင်း၊ ခြေကန်ခြင်း၊ ဆန့်ကျင်ဘက် မိန်းကလေးနှင့် စစ်တုရင်ကစားခြင်း သို့မဟုတ် အဖြူရောင်ဝတ်စုံဝတ်ထားသော ကျောက်တုံးကြီးအောက်တွင် ထိုင်ကာ စာဖတ်ကြခြင်း စသဖြင့်။

သို့မဟုတ် သူတို့သည် လှပသော ကိုယ်ဟန်ဖြင့် ရေတိမ်ထဲတွင် ခြေထောက်ဗလာဖြင့် ကပြနေကြကာ ခြေဗလာကို မြှောက်လိုက်သောအခါတွင် ရေဖြူများ ပက်ဖြန်းသွားသည်။

တီးမှုတ်ချိန်ညှိရန် ကြိုးများကို ညှိနေသည့် မိန်းကလေးတစ်ဦးလည်း ရှိနေသည်။ သူမ ခေါင်းကို ငုံ့ထားတာကြောင့် သူမရဲ့ အနက်ရောင် ဆံပင်ရှည်များက ရေတံခွန်ကဲ့သို့ စီးကျလာသည်။ သူမရဲ့ လေးနက်နေတဲ့ အမူအရာက ဖော်မပြနိုင်လောက်အောင် ချစ်စရာကောင်းသည်။

မိန်းကလေးတစ်ဦးစီ၏ ဘေးတွင် ဝါးကြာပွတ်ကို ကိုင်ကာ သူတို့၏ ကိုယ်ဟန်အနေအထားကို ဂရုတစိုက် ပြင်ဆင်ပေးနေသည့် မိန်းမကြီး တစ်ဦးလည်း ရှိသည်။ ကိုယ်ဟန်အနေအထားက သပ်သပ်ရပ်ရပ် မရှိရင် မကြာခဏ အရိုက်ခံရတတ်သည်။

ဒါပေမယ့် ကြာပွတ်နဲ့ အရိုက်ခံပြီးရင်တောင် မငိုဘဲ မျက်နှာပေါ်မှာ အပြုံးတွေ ရှိနေကြသည်။

ပြီးတော့ ပြုံးဖို့ စည်းမျဉ်းတွေလည်း ရှိပါသေးသည်။ သွားတွေ​မပေါ်ဘဲ ပြုံးနေသင့်သည်။ သွားများကို ပြသသောအခါတွင်လည်း သွားရှစ်ချောင်းထက် မပိုစေရပါ။

ဟူဖေးဖေးမှာ သူမရဲ့ အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး ဆန့်ကျင်ဘက်ခြံမှ မိန်းကလေးများကို ကြည့်လိုက်သည်။ သူမက မြေခွေးဖြစ်ပေမယ့် သရဲတစ်ကောင်လိုတောင် ဆွဲဆောင်မှု မရှိတာကြောင့် စိတ်ဆိုးသွားသည်။

ဒီလောကမှာ တရားမျှတမှု ရှိသေးရဲ့လား။

အမေကြီးက ရပ်လိုက်ပြီး ချန်ရှီကို လှည့်ကြည့်လိုက့သည်။

"ပညာရှင်က သူမ ကိုယ်ဝန်ရှိနေတာကို တွေ့လိုက်ရတော့ ပြည့်တန်ဆာနဲ့ လက်မထပ်ချင်သလို ကလေးလည်း မလိုချင်ဘူး.. ပြည့်တန်ဆာကလေးလည်း မမွေးချင်ဘူးတဲ့... သူလည်း စာသင်သားတစ်ယောက် ဆိုတော့ နယ်ချဲ့စာမေးပွဲကို ဖြေဆိုရမှာ... သူသာ အိမ်ထောင်ကျသွားရင် ရယ်စရာ မိခင်တစ်ယောက်လို ဖြစ်နေမှာ မဟုတ်ဘူးလား။ ချစ်ခြင်းမေတ္တာ ကတိကဝတ်တွေက အသုံးဝင်မယ်လို့ ထင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ အားလုံးက အချည်းနှီးကပဲ.. သူမ သေဆုံးသွားပေမယ့်လည်း ခွေးမလေးတစ်ကောင်က နောက်မှာ ကျန်ရစ်ခဲ့တယ်...."

(ရှောင်ဝုကျုံ - ခွေးမလေး သို့မဟုတ် ဘယ်မျိုးစေ့မှန်းမသိဘဲ မွေးလာသူ)

ဒီလိုပြောပြီးတော့ သူမက ကျယ်လောင်စွာ ရယ်မောချလိုက်သည်။

"နေ့တိုင်း ယောက်ျားတွေ အများကြီးနဲ့ အိပ်နေတဲ့ ပြည့်တန်ဆာမတစ်ယောက်က ယောက်ျားတွေရဲ့ မေတ္တာကတိကို တကယ် ယုံကြည်သွားတယ်လေ... တကယ်ကို သေလောက်အောင် ရယ်ရတယ်"

ခဏတာ ရယ်မောလိုက်ပြီး :“ချန်ရှီ သခင်လေးက မင်းက အရည်အချင်းရှိလို့ ရွေးချယ်စရာ နှစ်ခုပေးထားတယ်... တစ်ခုက ဒီကိုလာနေလိုက်... ဒီခြံကို လာပြီး သခင်ငယ်လေးနဲ့ ခိုလှုံလိုက်... ဒီဝင်းထဲက မိန်းကလေးတွေက မင်းအတွက် ပျော်ရွှင်စရာတွေ ဖြစ်လာမယ် သခင်လေးက မင်းကို စည်းစိမ်ဥစ္စာတွေ အားလုံးကို ပေးစွမ်းနိုင်တယ် ရာထူးကြီးကြီးနဲ့ လစာတွေလည်း ပေးမယ်...မင်းရဲ့ နတ်သန္ဓေသားကို ဘယ်သူ တူးယူသွားလဲ ဆိုတာပါ ပြောပြနိုင်တယ်တဲ့ ”

ချန်ရှီ အံ့သြသွားပြီး သူမကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။ သခင်လေးက သူ့အကြောင်းကို အမှန်တကယ် စေ့စေ့စပ်စပ် စုံစမ်းခဲ့ပြီး ဤကိစ္စကိုပင် သိနေခဲ့သည်။ ဤအဆိုပြုချက်သည် အမှန်တကယ်ပင် သူ့အတွက် ကြီးမားသော သွေးဆောင်မှု တစ်ခုပင်။

အဖိုးတောင် သူ့နတ်သန္ဓေသားကို ခိုးယူတဲ့လူကို ရှာမတွေ့ပေမယ့် ဒီသခင်ငယ်က အဲဒါကို တကယ်သိနေ၏။ သူက တကယ်ကို အစွမ်းထက်ပေသည်။

သူ အနည်းငယ် ချီတုံချတုံ ဖြစ်နေသည်။ သခင်လေးရဲ့ သွေးဆောင်မှုက သူရဲ့ နာကျင်သောနေရာကို အမှန်တကယ် ထိမှန်သွားပြီး ခံနိုင်ရည်မရှိစေခဲ့ပေ။

ချန်ရှီက ငြိမ်သက်သွားပြီး "ဒုတိယရွေးချယ်စရာက ဘာလဲ?"

"ဒုတိယ အခွင့်အရေး မင်းကို ပိုက်ဆံ လွှဲပေးလိုက်မယ် ကျန်တဲ့ ဝိညာဥ်ရှင်ပြန်ဆေးတွေကို လွှဲပေးလိုက်ပါ တောင်းပန်ပြီးရင် မင်းထွက်သွားနိုင်တယ်"

ချန်ရှီ အံ့ဩသွားသည်။ သူ့ပတ်ဝန်းကျင်က မိန်းမပျိုငါးယောက်နဲ့ လက်ထဲမှ ငွေအပ်တွေကို ကြည့်လိုက်သည်။

"ငါ ပိုက်ဆံနဲ့ ဝိညာဉ်ရှင်ပြန်ဆေးတွေကို လွှဲပေးလိုက်ပြီ... တောင်းပန်ပြီးရင် ထွက်သွားလို့ ရပြီတဲ့ပေါ့... မင်းက ငါ့ကို တောင်းပန်ခိုင်းဖို့ ဒီလောက်ကြီး လုပ်နေခဲ့တာလား"

"သခင်လေးဟာ မင်းကို သတ်ချင်ရင် မင်းကိုသတ်ဖို့ လွယ်လွယ်လေးပဲလို့ ပြော​တယ်.."

ဟူဖေးဖေး: "အစ်ကိုချန် ငါတို့ ဘာလုပ်သင့်လဲ"

ချန်ရှီ ခဏတုံ့ဆိုင်းသွားပြီး "ဟေးကော်... ပိုက်ဆံယူ၊ စုတ်တံနဲ့ စာရွက်ကိုလည်း ယူခဲ့ ငါ သခင်လေးဆီကို တောင်းပန်စာတစ်စောင် ရေးလိုက်မယ်"

ဟေးကော် မတ်တပ်ထရပ်ပြီး သစ်သားတွန်းလှည်းထဲမှ ငွေရှင်းသေတ္တာကို ထုတ်ကာ စာရွက်နှင့် စုတ်တံကိုလည်း ထုတ်ယူလိုက်သည်။ ထို့နောက် မှင်ကို စတင် သွေးပေးလေ၏။

အမေကြီးက ပြုံးပြီး :"ချန်ရှီ မင်းက တကယ်ခေတ်နဲ့ လိုက်လျောညီထွေဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ ကောင်းကောင်းသိတဲ့လူပဲ... အနာဂတ်မှာ ကြီးမြတ်တဲ့လူ ဖြစ်လာမှာပါ..."

ချန်ရှီ :"ဒါက သခင်လေးက အစွမ်းထက်လွန်းတာကြောင့်ပါ သူက ကျွန်တော့်ကို ဒီအချက်ကို တွန်းအားပေးလာတော့ လက်နက်ချဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ဘူးလေ..."

အမေကြီးက ရယ်မောပြီး "တကယ်တော့ မင်းမှာ ပိုကောင်းတဲ့ ရွေးချယ်မှုတစ်ခု ရှိတယ်... မင်းငါ့နဲ့ ပေါင်းရင် ငါ့နောက်က ခြံထဲက မိန်းကလေးတွေအားလုံး မင်းပိုင်လိမ့်မယ်... သူတို့အားလုံးက အပျိုတွေပဲ"

ချန်ရှီ ဟစ်အော်ရင်း အရမ်းမပျော်သလို ခံစားလိုက်ရသည်။ သူ့မှာ ဒေါသတွေ ထွက်စရာရှိပေမယ့် မထွက်နိုင်ပေ။ ဟေးကော်ကလည်း မှင်တွေကို ကြိတ်ပြီး အသံပေးနေ၏။ ချန်ရှီ စုတ်တံကို ကောက်ကိုင်လိုက်ပြီး မှင်ထဲနစ်ကာ တောင်းပန်စာတစ်စောင် ရေးဖို့ ခေါင်းငုံ့လိုက်သည်။

သူလမ်းလျှောက်လာချိန် မိန်းမပျိုငါးယောက်က သူ့နောက်ကနေ နှစ်မီတာအကွာမှာ အမြဲရှိနေကြလေသည်။ ငွေအပ်များ ပျံတက်လာပြီး ချန်ရှီဆီသို့ ဦးတည်သွားသည်။

အပ်က မလှုပ်ရှားသော်လည်း ဖိအားခံစားမှုသည် ချန်ရှီဆီ ရောက်ရှိနေပြီဖြစ်ပြီး သူ့အရေပြား မျက်နှာပြင်ပေါ်တွင် အပေါက်ငယ်များ ပေါ်လာသည်။

"စိတ်ရင်းမှန်နဲ့ ဖောက်ပြန်လို့မရတဲ့ နှလုံးသားရှိတဲ့ ယောက်ျားပဲ... ဒီမိန်းကလေးတွေဆီကတောင် သွေးဆောင်မှုကို လုံးဝ မခံစားရဘူး..."

အမေကြီးက ချီးမွှမ်းပြီး ငုတ်တုတ်ထိုင်ကာ ကလေးမလေးရဲ့ မျက်နှာကိုထိ၍ ပြုံးလိုက်သည်။

"ရှောင်ဝုကျုံလေး... ငါ မင်းကို အကြင်နာတရားနဲ့ မွေးစားပြီး မြန်မြန် ကြီးပြင်းလာမယ်လို့ မျှော်လင့်တယ်... ငါမင်းကို တစ်နေ့ ထမင်းသုံးနပ် ကျွေးထားတယ်... မင်း ကြီးပြင်းလာတဲ့အခါ ဖောက်သည်တွေ လက်ခံပြီး မင်းအတွက် နှစ်ဆသုံးထားတဲ့ ပိုက်ဆံတွေ ပြန်ရှာပေးရမယ်နော်..."

ချန်ရှီမှာ "ငါမှားတယ်" ဆိုတဲ့ စကားလုံးကို ရေးထားပြီးသား ဒီစကားကြားတော့ သူ့သွားတွေကို တင်းတင်း စေ့ထား၏။

"ဘာမှမတတ်နိုင်ပါဘူး သခင်လေးက ငါ့အကြောင်းကို သေသေချာချာ လေ့လာထားတာ...ငါ သိတာထက် သူ ပိုသိတယ်... ဒီငွေအပ်တွေကို ငါ မကိုင်တွယ်နိုင်ဘူး..."

ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ချန်ရှီရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ ဟေးကော်ရဲ့ အမွေးများ လွင့်ပျံသွားကာ ဟူဖေးဖေးရဲ့ ဦးထုပ်လည်း လွင့်ထွက်သွားသည်။

ဟေးကော် သူ့မျက်မှန်ကို ဖမ်းဖို့ သူ့လက်ကို မြှောက်လိုက်ပြီး ဟူဖေးဖေးကလည်း ဦးထုပ်ကို လှမ်းဆွဲလိုက်သည်။

တစ်ချိန်တည်းမှာပင် ချန်ရှီသည် မြေပြင်ပေါ်သို့ ခြေတစ်လှမ်းလှမ်းကာ နှစ်မီတာအကွာအဝေးကို ဖြတ်၍ အခြေတည်ဝိညာဥ်ကို ဘယ်ဘက်လက်၌ ဆုပ်ထားသည့် အမျိုးသမီးတစ်ဦးရဲ့ လည်ချောင်းကို ထိသွားခဲ့သည်။ ကလစ်တစ်ချက်နှိပ်ရုံဖြင့် အသံအိုးကွဲသွားကာ လည်ပင်းနောက်ဘက်က ကျောရိုးခုနစ်ချောင်းပါ ကျိုးသွားခဲ့သည်။

သူ့ညာလက်မှ စုတ်တံ လွင့်ထွက်သွားပြီး ညာဘက်ရှိ အမျိုးသမီးတစ်ဦး၏ မျက်ခုံးအလယ်သို့ ဓားသွားကဲ့သို့ ပေါက်သွားသည်။ ကြီးမားသောအင်အားသည် သူမဦးခေါင်းကိုဖြတ်၍ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အနောက်ဘက်နံရံဆီသို့ လွင့်သွားပြီး သူမ ဦးနှောက်များသည် နံရံပေါ်တွင် ပေကျံသွားခဲ့သည်။

"သောက်ကျိုးနည်း သခင်လေးဆီပဲ သွားလိုက်!"

All Chapters